Monday, April 1, 2013

ပျော်ရွှင်လှပ ဂေးဘဝ...ကြောင်းပြ ဤ ၁၀ချက်




Top 10 Reasons It's Better To Be A Gay Guy

ကျွန်တော်တို့ Gay အမျိုးသားတွေဟာ straight အမျိုးသမီးတွေကို ချစ်…ချစ်..ချစ်ခင်မိစဉ်မှာ ဘယ်တော့မှ အတွင်းကျကျပတ်သက် ဆက်နွယ်ဖို့ မပြုလုပ်မကြိုးစားတတ်ကျပါဘူး။ ဘာကြောင့်လဲလို့ ခင်ဗျားမေးကောင်းမေးမယ်။ ဟုတ်ပါတယ် gay အမျိုးသားတွေဟာ သီးခြားကမ္ဘာနှစ်ခုရဲ့ကောင်းမွန်တဲ့အရာတွေကိုပိုင်ဆိုင်ထားတာဆိုတော့ သာမန်အမျိုးသားတွေနှင့်ယှဉ်ရင် အပုံကြီးသာပါတယ်။ သန်မာကြံ့ခိုင်ခြင်းဆိုတဲ့ အမျိုးသားကြန်အင်နှင့် နုညံ့သိမ်မွေ့ကြင်နာခြင်းဆိုတဲ့ အမျိုးသမီးလက္ခဏာတွေကိုပိုင်ဆိုင်ထားခြင်းလေ။ ထားပါ ကျွန်တော်ပြောပြချင်တာက Gay တစ်ယောက်ဖြစ်နေရခြင်းက ပိုကောင်းကြောင်းအကြောင်းပြချက် (၁၀)ချက်ကိုပါ။

(၁) လျှက်တပြက်…အဟင့် (Casual Sex)
Casual Sex: ကျွန်တော်ပြောခဲ့ပြီးပါပြီ gay ငနဲတွေဟာ ကံကောင်းကြပါတယ်ဆိုတာလေ။ ကျွန်တော်တို့ရဲ့ straight သူငယ်ချင်း တွေလိုပဲ လိင်ပိုင်းဆိုင်ရာပတ်သက်မှုကို တန်းတူပတ်သက်ဆက်ဆံခွင့်တွေရနေပါရဲ့။ ကျွန်တော်တို့ အမျိုးသမီးမိတ်ဆွေတွေလို လိင်ဆက်ဆံမှုရဲ့နောက်ပိုင်း စိတ်လှုပ်ရှားပူပန်ဖွယ်ခံစားမှုတွေနဲ့ ချိတ်ဆက်နေမှုရှိမှမရှိဘဲ။ ဒါက win-win အခြေအနေတစ်ခုပဲပေါ့။ ကျွန်တော်တို့မှာဖြင့် ခေါင်းခဲတာ စိတ်ပူတာမရှိဘဲ မကြာခဏဆိုသလို ချိတ်ဆက်ပျော်ရွှင်လို့ရတယ်ဗျ ဟုတ်ဖူးလား?

(၂) Our Ma Ma!! (Madonna, Lady Gaga and Cher)
Madonna, Lady Gaga and Cher : အဲ…straight အမျိုးသမီးတွေတော်တော်များများဟာလည်း ဒီအဆိုတော်မသုံးယောက်ရဲ့ ဂီတဖန်တီးမှုတွေကို စုစည်းနှစ်သက်မိနိုင်ပါတယ်။ ဟုတ်ပါတယ်….သူတို့ဟာ straight အမျိုးသမီးတွေပါ။ မည်သို့ပင်ဆိုစေကာမူ သူတို့အပေါ်သိပ်ပြီးသာယာမနေကြနဲ့ဦး။ အဲဒီအမျိုးသမီးသုံးယောက်ဟာ Elton John ထက် gay ပိုဆန်ပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ကျောပြင် (အ၀တ်မဲ့…အရောင်တောက်ပနေသော) တွေလိုပဲ သူတို့အင်ပါယာတွေကို အခိုင်အမာတည်ဆောက်ထားကြပြီးသား။ ပြီးတော့ သူတို့သီချင်း သူတို့ဂီတသံတွေကို နားဆင်မိချိန်ဆို သိသွားပြီ သူတို့က ကျွန်တော်တို့ဆီ ဦးတည်ပြီး သီကျူးနေတယ်ဆိုတာ။ ခင်ဗျားတို့အတွက်မဟုတ်ဘူး။ ပြောပြတာနော်!!!

(၃) sweats ဘောင်းဘီနဲ့လည်းအေးဆေးပဲ (We can wear sweats and still hook up)
We can wear sweats and still hook up: Straight ကောင်မလေးတွေတော်တော်များများဟာ သူတို့ကိုယ်သူတို့လှပဖို့ များပြားစွာ ပြင်ဆင်တတ်ကြပါတယ်။ ကျွန်တော်တို့အတွက်တော့ အဲ့သည်လောက်အပိုတွေလုပ်ဖို့မလိုဘူး၊ မျက်ရစ်တွေကိုနက်နေအောင်ဆွဲဖို့ မလိုဘူး၊ ဒါမှမဟုတ် တင်တွေကို တင်းရင်းနေအောင် အခုအခံတွေထည့်ဝတ်ဖို့မလိုပါဘူး။ ဘေ့စ်ဘော Cap ဦးထုပ်လေးဆောင်း sweats ဘောင်းဘီတစ်ထည်ကောက်စွပ် ခပ်ပါးပါးတီရှပ် သို့မဟုတ် စွပ်ကျယ်လေးတစ်ထည်ဝတ် နာရီဝက်တောင်မကြာ ခပ်ဟော့ဟော့ကိုဖြစ် လို့။ ဘားကိုသွားလို့ sweats ဘောင်းဘီဝတ်မသွားရင်တောင် အာရုံစိုက်မခံရဘူးလိုလို ဖြစ်နိုင်သေးနော်။ ကောင်းပါပြီ….. အဓိက ပြောလိုရင်းက ကရိကထမများ စိတ်နှလုံးရိုးဖြောင့်ခြင်းကို ပိုမိုမြင်သာစေဖို့သာ အဓိကလို့။

(၄) အားကစားခန်းမ (The Gym)
The Gym: အားကစားခန်းမတွေမှာဆို မိန်းကလေးတွေတော်တော်များများဟာ straight ငနဲတွေရဲ့ အငမ်းခံရမှာသေချာတာပေါ့။ အဲဒီကိစ္စဟာ ခြိမ်းခြောက်နေသလိုလို ပြီးတော့ အခက်အခဲတစ်ခုလိုလိုဖြစ်နိုင်ပါတယ်။ ကျွန်တော်သိတဲ့ မိန်းကလေးအများစုဟာ အမျိုးသမီးသီးသန့် အားကစားခန်းမတွေဆီသွားကြတာများပါတယ် (က) သူတို့ခန္ဓာကိုယ်ပေါ်က အသားဆိုင်တွေကို တပါးသူတွေ ကြည့်နေတာကို မလိုချင်ဘူး ပြီးတော့ (ခ) သူတို့ရဲ့အနာဂတ်သတို့သားလောင်းဖြစ်နိုင်သူတို့ရဲ့ရှေ့မှာ ချွေးစေးတွေနှင့် ညစ်ပေနေတဲ့ ပုံစံကို မပြချင်ဘူး မဖြစ်ချင်ဘူးပေါ့။
Gay ငနဲတွေကတော့ အားကစားခန်းမတွေမှာ သူတို့ကို သတိထား၊အာရုံစိုက်ခံရတာကို သဘောကျတတ်ကြပါတယ်။ ဟုတ်တယ်လေ ကြိုက်ပါတယ်….ချွေးတစိုစိုနဲ့ ခန္ဓာကိုယ်အလှကို ပြရတာဘယ်လောက် hot လဲနော်။

(၅) ခရီးတစ်ပတ်သွားကြစို့ (Travel!!)
Travel: တစ်ခါသုံးဝင်ငွေများ။ ဟုတ်တယ်….ကျွန်တော်တို့ ပိုက်ဆံပိုပိုရအောင် လုပ်ကြတယ် ပြီးတော့ လိုအပ်သလိုလှုပ်ရှားကြတဲ့ အတွက် ၀င်ငွေတွေရှိကြတယ်လေ။ ဈေးကွက်လေ့လာမှုအားလုံးက ဒီအချက်ကို ညွှန်ပြနေပါတယ်။ကဲ…စာဖတ်သူရဲ့ Homo သူငယ်ချင်း Facebook Walls ကိုကြည့်ရုံလေးကြည့်ကြည့်ပါ။ မကြာခဏဆိုသလို Speedos လေးတွေနဲ့ အုပ်စုလိုက် ကျွန်တော်တို့တွေ ကမ္ဘာတစ်ပတ် ခရီးထွက်နေတတ်ကြတယ်မဟုတ်လား။ အဲဒါ ကမ္ဘာတစ်ခွင် ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပမှုနှင့် ပျော်ရွှင်မှုတွေ ဖုံးလွှမ်းနေဖို့ ကျွန်တော်တို့ gay တွေရဲ့တာဝန်ပဲဟာ။

(၆) ကလေးမရှိ အေးဆေး (No Kids)
No Kids: ကျွန်တော်တို့အနေနဲ့ ပိုက်ဆံတွေခပ်များများရှိနေ ပိုင်ဆိုင်နေရတာလဲ? အဖြေကရှင်းပါတယ် ကလေးတွေမရှိလို့လေ။ Straight အမျိုးသမီးတွေခမျာ အဲဒီသရဲလေးတွေကိုပြုစုစောင့်ရှောက်ဖို့ ကျွေးမွေးဖို့ ကြိုးစားနေရတာနဲ့ ငွေပိုငွေလျှံကိုမရှိတတ်ကြ ၀န်လေးနေကြရဲ့။ ကျွန်တော်တို့အတွက်တော့ မဟုတ်ဘူး။ ကျွန်တော်တို့အားလုံးအတွက်ဆို ဒီလိုမျိုးကိစ္စအတွက် ၀န်ထုပ်ဝန်ပိုးကိုမရှိ တာနော်။ အင်း…..ကလေးတွေနဲ့ gayအချို့လည်းရှိကြပါတယ်။ သူတို့ကိုတော့ ခြွင်းချက်ပေါ့လေ။ ပုံမှန်အားဖြင့်တော့လေ ကျွန်တော်တို့လိုသာမန် gay တွေဟာ ကလေးတွေအပေါ် တစ်နာရီလောက်တော့ ကောင်းနိုင်ပါရဲ့။ ထားပါ ခင်ဗျားတို့ကလေး ခင်ဗျားတို့ပဲထိန်း။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ပိုက်ဆံတွေကိုပဲ ထိန်းမယ် ဟီး ဟီး။

(၇) လူတွေကိုရယ်မောအောင်လို့… (We make people laugh)
We make people laugh: ကျွန်တော်မကြာခဏဆိုသလိုပြောဖူးပါတယ် gay တွေဟာ ကမ္ဘာမြေပေါ်က angel လေးတွေပါဆိုတာ။ လူတစ်ယောက်ကို အားတက်လာအောင် ရယ်မောပျော်ရွှင်လာအောင် သီချင်းထဆိုချင်လာအောင်ထိ ကျွန်တော်တို့ပြုလုပ်နိုင်စွမ်းပါ တယ်။ ကျွန်တော် အသက်ရှင်သန်ရတဲ့ဘ၀ကို နှစ်သက်တယ်၊ အသစ်အသစ်သော လူတွေနဲ့တွေ့ဆုံရတာကိုနှစ်သက်တယ်၊ ပြီးတော့ ခင်ဗျားကို ရယ်မောဖို့၊ ခင်ဗျားနဲ့အတူ ရယ်မောဖို့၊နောက်တစ်ခါ ကျွန်တော်တို့ကို ကျွန်တော်တို့ ပြန်ပြီးရယ်မောဖို့ ကြိုက်ကြပါတယ်။ straight ကောင်မလေးတွေဟာလည်း ရယ်စရာကောင်း သဘောကျစရာကောင်းပါတယ်။ ဒါပေမဲ့ ဆောရီးပါ ကျွန်တော်တို့က ပိုပြီး ရယ်ရွှင်ဖွယ် ရွှင်ပြုံးချင်စရာပိုကောင်းပါတယ်နော်။ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်များနဲ့လည်း အလွမ်းသင့်မှသင့်။

(၈) ကကြိုးရုပ်များ (We’re dancing machines)
We’re dancing machines: ခင်ဗျားနောက်ဆုံးတက်ဖြစ်ခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲတစ်ခုကိုပဲပြန်တွေးကြည့်။ gay ငနဲတွေဟာ အမြဲတမ်းလိုလို အဦးဆုံး၊ပြီးတော့ နောက်ဆုံးလိုလို ကပွဲကြမ်းပြင်ပေါ်ရှိနေတတ်ကြပါတယ်။ကျွန်တော်တို့သွားတဲ့ ဘယ်နေရာဖြစ်ဖြစ် ပါတီတစ်ခုတော့ ဖြစ်တာပါပဲ။ ကျွန်တော်တို့လို ကြာကြာရှည်ရှည်တော့ ခင်ဗျား ဇွဲမကောင်းနိုင်ပါဘူးလေ။

(၉) အမျိုးသမီးများကို အမုန်းမပွားပါ (We don’t objectify women)
We don’t objectify women: ကျွန်တော်တို့အနေနဲ့ အမျိုးသမီးတွေကို အရုပ်ကလေးတွေလို လှပအောင်၊ စီးကွင့်လေးတွေနဲ့ ၀တ်စုံ လေးတွေကြွရွအောင်ပြုလုပ်ချင်စိတ် ရှိနေနိုင်ပါတယ်။ ကျွန်တော်တို့က ခင်ဗျားတို့လို straight မိန်းကလေးတွေကိုကြည့်တဲ့အခါ ခင်ဗျား တို့ ဘယ်သူဘယ်ဝါဆိုတာကိုပဲကြည့်ပါတယ်။ ခင်ဗျားတို့ကို ကျွန်တော်တို့ဘာလုပ်ချင်တယ်ဆိုတဲ့သဘောနဲ့မကြည့်ပါဘူး ဒါကြောင့် လည်း ခင်ဗျားတို့နေ့စဉ်ဘ၀တွေအတွက် ကျွန်တော်တို့ကိုလိုအပ်ကောင်းလိုအပ်နေမှာပါ။ ကျွန်တော်တို့ အမျိုးသမီးတွေကိုချစ်ပါတယ်။ ကျွန်တော်တို့ မိခင်တွေဟာ ကျွန်တော်တို့ရဲ့အကောင်းဆုံးသူငယ်ချင်းမိတ်ဆွေများပါပဲ။ ခင်ဗျား ဘယ်သူဘယ်ဝါဆိုတာအပေါ် ကျွန်တော်တို့ မေတ္တာထားနိုင်တယ် တန်ဖိုးထားနိုင်ကြပါတယ်။ Straight ငနဲတစ်ပွေ….ထားပါတော့ အကျင့်သိက္ခာကောင်းတဲ့လူတစ်ယောက်ဖြစ်ဦးတော့ ခင်ဗျားရဲ့ တင်တို့ ရင်တို့စီကိုတော့ အကြည့်ရောက်နေတတ်တယ်။ ကျွန်တော်တို့ကတော့ အဲ့လိုမကြည့်ဘူးနော်။ ကျွန်တော်တို့ကို အဲ့လိုကိစ္စအတွက် ယုံကြည်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နှင့် ဆက်ဆံရတာ ပတ်သက်ရတာမှာ လုံခြုံစိတ်ချနွေးနွေးထွေးထွေး ဆက်ဆံနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ခင်ဗျားတို့လို အမျိုးသမီးတွေနဲ့ ပတ်သက်ရာမှာ ဒီလို ဒီလို ကောင်းမွန်စေရပါ့မယ်။

(၁၀) သူငယ်ချင်းကောင်းလုပ်နိုင်တယ် (We make Best Friends)
We make Best Friends: ကျွန်တော်တို့ gay အမျိုးသားတွေဟာ straight အမျိုးသမီးတို့ကို ချစ်…ချစ်…မေတ္တာရှိနေတုန်း ဘယ်တော့မှ အတွင်းကျကျ ပတ်သက်ဆက်နွယ်ဖို့ မပြုလုပ် မကြိုးစားတတ်ကျပါဘူး။ ဘာကြောင့်လဲ ခင်ဗျားမေးကောင်း မေးမယ်။ ဟုတ်ပါတယ် gay အမျိုးသားတွေဟာ သီးခြားကမ္ဘာနှစ်ခုရဲ့ အကောင်းမွန်ဆုံးတွေကို စုစည်းထားတာမှန်တယ်။ ကျွန်တော်တို့ အမျိုးသားကမ္ဘာက ကြံ့ခိုင်သန်စွမ်းမှုနှင့် အမျိုးသမီးကမ္ဘာက နုညံ့လှပကျော့ရှင်းမှုတွေကို ငှားယူနိုင်တယ်။ ဒီဆောင်းပါးမှာ gay တစ်ယောက်ဖြစ်ရတာပိုကောင်းကြောင်း အကြောင်းပြချက် ၁၀ချက်ပြောခဲ့ပါရဲ့။ ကျွန်တော်တို့က မိတ်ဆွေကောင်း သူငယ်ချင်းကောင်း ပိုလုပ်ချင်တာ။ ခင်ဗျားသိပါတယ်လေ။

ကျွန်တော်တို့ အားကိုးအားထားဖြစ်ပေးနိုင်တယ်၊ ရက်စက်ကြမ်းကြုတ်ခံရမှုတွေအတွက် တရားရုံးချုပ်ရှေ့နေများဖြစ်တယ်၊ ခင်ဗျား ပျို့အန်နေသောအချိန် ခင်ဗျားဆံနွယ်တွေကို ထိန်းကိုင်ပေးထားနိုင်တယ်၊ ခင်ဗျားကိုခင်ဗျား ပိန်တယ်လို့အပြောခံချင်တဲ့အခါ ပိန်တယ် ပြောပေးမယ်၊ခင်ဗျားနဲ့အတူကမယ်၊ ခင်ဗျားအတွက် celebrate လုပ်ပေးမယ်၊ ခင်ဗျားအတွက် တိုက်ခိုက်ပေးနိုင်တယ်။ တချို့သော straight ငရှုပ်တွေရဲ့ရန်က ကာကွယ်ပေးမယ်….၀တ်စားပြင်ဆင်…အပြင်ထွက်တဲ့အခါ ကြည့်ကောင်းအောင်လုပ်ဆောင်ပေး နိုင်တယ်လေ။ ပြီးတော့ အရေးအကြီးဆုံး အချိန်တွေမှာ ခင်ဗျားအနားမှာရှိပေးမယ်။ Cher လို Madonna လိုပဲ ကျွန်တော်တို့လည်း ခင်ဗျားနားကနေ 
ဘယ်တော့မှ အဝေးကိုမသွားဘူး။

Alex Aung (31-3-2013)

No comments: