Tuesday, December 16, 2014

ဘာသာရေးအယူအစွဲပြင်းထန်သော မိဘများကို ဘယ်လိုဖွင့်ပြောပြရမလဲ?


 (How to Come Out to Strict Religious Parents When You're Gay)

LGBT (Lesbian, Gay, Bisexual, Trans*) ဆိုတာ သက်တံ့ရောင်စဉ်တန်းတစ်ခုလို့ဆိုရရင် စာဖတ်သူအနေနဲ့ အဲ့ဒီအရောင်တွေထဲ ပါဝင်စီးမျောနေသူ တစ်ယောက်ဖြစ်ကြောင်း သေချာစဉ်းစားဝေဖန်ဆုံးဖြတ်မိကြမယ့်အချိန်အခါတစ်ခုတော့ တစ်နေ့မှာဆိုက်ရောက်လာ နိုင်ပါတယ်။ စာဖတ်သူ့ မိဘများဟာ ဘာသာရေးအယူအစွဲပြင်းထန်သောသူများဖြစ်ခြင်းကြောင့် စာဖတ်သူဖွင့်ဟပြောဆိုမယ့် အကြောင်းအခြင်းရာတစ်ရပ်ဟာ လက်မခံဖို့များတဲ့ ဘာသာရပ်ဖြစ်လို့ သိပ်မပြောချင်တဲ့စိတ်တွေလည်း ဖြစ်တည်နေနိုင်ပါတယ်။ စာဖတ်သူအနေနဲ့ မိမိရဲ့လိင်စိတ်တိမ်းညွှတ်မှုအပေါ် ဆန်းစစ်ချိန်ကာလမှာ စိတ်ရှုပ်ထွေးစရာ၊ကြောက်လန့်စရာ၊ခက်ခဲလွန်းသော အချိန်အခါဖြစ်နေနိုင်ခဲ့သလို စာဖတ်သူမိဘများဟာ ဘာသာရေးအယူအစွဲ ဘာသာရေးအပေါ်ကိုင်းရှိုင်းမှုပြင်းပြလွန်းသောသူများ ဆန့်ကျင်ခြင်းမပြုလုပ်လိုသူများဖြစ်ခြင်းကြောင့် ပိုပြီးတုန့်ဆိုင်းစေပါမယ်။ ဘယ်လိုပဲဖြစ်နေပါစေ စာဖတ်သူအနေနဲ့ မိမိ ပြောဆိုပြုမူ နေထိုင်နေသည့် ကိုယ်စိတ်နှစ်ပါးသည် စာဖတ်သူအမှန်တကယ် ဖြစ်တည်နေမှုနဲ့ထပ်တူမဟုတ်သောကြောင့် ဖွင့်ဟပြောဆိုလိုက်ခြင်း သည် မှန်ကန်တဲ့လုပ်ရပ်တစ်ခုအဖြစ် ခံစားမိတယ်ဆိုရင် မိဘများကိုဖွင့်ဟပြောကိုပြောရပါလိမ့်မယ်။ ဖွင့်ဟပြောဆိုခြင်းဆိုရာမှာလည်း စာဖတ်သူရဲ့ဖြစ်တည်မှုဟာ ဘာသာရေးအပေါ်အလွန်အမင်းကိုင်းရှိုင်းသည့်မိဘများရဲ့အမြင်မှာ အထင်သေးစရာမဖြစ်သည့် ဂုဏ်ဒြပ် တစ်ရပ်နှင့်ပြည့်စုံသည့် အထောက်အထားများရှိနေပိုင်ဆိုင်နေဖို့လည်း လိုအပ်ပါတယ်နော်။ စာရေးသူအနေနဲ့ အခုဘာတွေရေးပြ မလဲဆိုတော့ စာဖတ်သူတို့သိပြီးသားအကြောင်းအရာအချို့ကို နှမ်းဖြူးပေးရင်း နည်းလမ်းလေးအချို့ဝေငှခြင်းဖြစ်ပါတယ်။

(၁) သတိထား (Be Careful)
ပထမအဆင့်တစ်ဆင့်ကို တက်လှမ်းတဲ့ အဦးဆုံးခြေလှမ်းဟာ လုံလောက်သော မြှောက်ပင့်လျှောက်လှမ်းမှု မဖြစ်သေးဘူးဆိုတာလည်း သတိထားရပါမယ်။ ရရှိလာနိုင်တဲ့ လက်တွေ့ကျကျ အမျိုးမျိုးဖြစ်နိုင်သော တုန့်ပြန်ချက်တစ်ရပ်ကိုလည်း တွေးထားပါ။ ပြီးတော့ ဘယ် တစ်ခုကတော့ အဖြစ်နိုင်ဆုံးသောဘယ်လိုတုန့်ပြန်ချက်တစ်ခုဖြစ်လာမယ် အဲ့လိုဖြစ်လာရင် ဘယ်လိုဖြေရှင်းလိုက်မယ်ဆိုတာကိုလည်း ဆုံးဖြတ်ချက်ချထားရပါမယ်။ စာဖတ်သူရဲ့မိဘများဟာ အမှန်တကယ်လက်မခံဘဲ စာဖတ်သူအပေါ် အထင်အမြင်မကြီးတော့မှာသေချာ နေတယ် ပြီးတော့ စာဖတ်သူအနေနှင့် အသက်ရှင်သန်နေထိုင်ဖို့ နေစရာအိမ် စားသောက်ဖို့ဝင်ငွေ ရပ်တည်ဖို့ အလုပ်အကိုင် စတာတွေ မရှိသေးဘူးဆိုရင်တော့ မဖွင့်ဟ မပြောဆိုပါနဲ့ဦး။

*** စာဖတ်သူမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သော အလုပ်အကိုင်လေးလည်းရှိနေ၊ နေထိုင်စားသောက်ဖို့ဝင်ငွေလေး လည်းအတော်အသင့်ဖြစ်တည်နေတယ်ဆိုရင် ရရှိလာမည့် အခြေအနပ်တစ်ရပ်ဟာ ကွဲပြားခြားနားနိုင်ပါတယ်။

(၂) ဘယ်မိဖကို အရင်ဖွင့်ပြောမလဲ စဉ်းစား (Think of which parent to tell first)
အဖေ့ကိုအရင်ဖွင့်ဟပြောမလား အမေ့ကိုပထမဆုံးပြောကြည့်မလား စဉ်းစားပါ။ စာဖတ်သူအနေဖြင့် အမေဖြစ်သူနဲ့ တလျှောက်လုံး နီးနီးကပ်ကပ် အလွမ်းသင့်နေထိုင်လာတယ်ဆိုပါက သူမကိုပဲအရင်ဖွင့်ဟပြောဆိုလိုက်ပါ။ ဥပမာပြောတာနော်။ မိဖတွေနဲ့အေးအေး ဆေးဆေး စကားစမြည်ပြောဆိုလို့ရမယ့် ကိုယ်ပိုင်အချိန်လေးတွေရှိခဲ့မယ်ဆိုရင် စာဖတ်သူအနေနဲ့ အရေးတကြီးဖြစ်နေတဲ့ ကိုယ်ရေး ကိုယ်တာကိစ္စတစ်ခုကို သူတိုနဲ့ပြောဆိုတိုင်ပင်ချင်ကြောင်း အရိုးရှင်းဆုံးပြောလိုက်ရပါမယ်။

(၃) အာရုံထွေပြားစရာမပါဘဲ ပြောဆိုဆွေးနွေးနိုင်မယ့်အချိန်တစ်ချိန်ကို စီစဉ်လိုက်ပါ (Arrange a time to talk without distractions)
စာဖတ်သူအနေဖြင့် မိဘများနဲ့ အခြားသူများမရှိတတ်သည့် ကိုယ်ပိုင်အချိန်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ အကောင်းဆုံးဖြစ်အောင် အချိန်ယူ ပြင်ဆင်ထားရပါလိမ့်မယ်။ အခုစာဖတ်သူဖွင့်ဟပြောဆိုမယ့် အကြောင်းကိစ္စသည် ဆတ်ဆတ်ထိမခံသည့် ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဥပမာ အားဖြင့် တစ်မိသားစုလုံးရှိနေတတ်သည့် ခရစ်စမတ်(စ်) ညစာစားပွဲလို အချိန်ကာလမျိုးကိုတော့ မရွေးချယ် မပြုလုပ်သင့်ပါဘူး။ ကြားရှိ နားထောင်ရမယ့် သတင်းသစ်တစ်ရပ်အပေါ် စာဖတ်သူရဲ့မိဘများအနေဖြင့် နာကြားချိန်၊ တုန့်ပြန်ဖို့၊ အဖြေပေးဖို့ စတာတွေကို လုပ် ဆောင်နိုင်ရန် အခြားသော ပရိသတ် နားထောင်သူမရှိဘဲ ကြားနာရဖို့ အခွင့်အရေးတစ်ခုအနေနဲ့ လိုအပ်ပါတယ်။

(၄) ဖွင့်မပြောခင် စိတ်ငြိမ်အောင်ပြင်ဆင် (Before you tell them, calm down)
အစည်းအဝေးတစ်ခုမှာ မိန့်ခွန်းပြောဖို့၊ အလုပ်အင်တာဗျူးဖြေဖို့ စသဖြင့် တစ်ခုခုသော ရင်ခုန်စိတ်လှုပ်ရှားဖွယ်အကြောင်းအရာများနှင့် ရင်ဆိုင်နေရသူတစ်ယောက်အတွက် စိတ်ခံစားချက်ဘယ်လိုများရှိမလဲ။ ကတုန်ကယင်ဖြစ်မလား ချိတုံချတုံဖြစ်နေမလား ဘာပဲဖြစ်ဖြစ် မိမိစိတ်အနေအထားဟာ အေးဆေးသက်သာဖြစ်နေဖို့လိုတာတော့အမှန်ပဲ။ ကဲ…စာဖတ်သူ လုပ်ဆောင်ရမယ့် ရိုးရှင်းတဲ့နည်းလေးက ခပ်ပြင်းပြင်းလေးတစ်ချက် အသက်ရှူရှိုက်လိုက်ပါ သို့မဟုတ် ဆုတောင်းတစ်ခုရွတ်ဆိုအဓိဌာန်လိုက်ပါ။ ပြောခဲ့တဲ့နည်းနှစ်ခုလုံးလုပ် ဆောင်ရင်း….စာဖတ်သူတွေးဆထားတာတွေ၊ စာဖတ်သူစိတ်သက်သာရာရစေမယ့် အားအင်ဖြစ်စေမယ့် အကြောင်းအရာတွေကိုလည်း အကောင်းဖက်က ယူဆပြင်ဆင်ထားမယ်ဆိုရင် မျှော်လင့်ထားတာရဲ့ဆန့်ကျင်ဖက်နဲ့ကြုံဆုံလာရတဲ့အခါ ခုသာခံသာရှိတာပေါ့နော်။

(၅) ဖွင့်ပြောလိုက်ပါ (Tell them)
မိဘတွေကို ဖွင့်ဟပြောဆိုလိုက်ပါ။ ခြုံပုတ်ပတ်လည်ကို တုတ်နဲ့ခပ်ပြင်းပြင်းလှည့်ပတ်ရိုက်ခတ်နေတာက သူတို့ကို ခြောက်လှန့် သလိုဖြစ် နေတတ်ပါတယ်။ ဒါကြောင့် ‘အမေ…အမေ့ကို သားအရမ်းချစ်တာပဲ။ ပြီးတော့ ကျွန်တော် အမေ့ကိုဖွင့်ပြောချင်တာ တစ်ခုရှိ နေတယ်။ ကျွန်တော်ကလေ bisexual တစ်ယောက်ပါ’ သို့မဟုတ် ‘အဖေ…သမီးက အမျိုးသမီးချင်းကြိုက်နှစ်သက်သူ Lesbian တစ်ယောက်ပါ’ လို့လေးပဲပြောယုံပါပဲ။ ပြောပြခဲ့တဲ့ပုံစံလေးက စာဖတ်သူတို့ပြောဆိုကြတဲ့စကားအများကြီးထဲက စကားရပ်လေး တစ်ခုဖြစ်ကောင်းဖြစ်နိုင် ပါတယ်။ ဒီတော့ ဖွင့်ဟပြောစရာရှိတာပြောပြီးပြီဆိုရင် စာဖတ်သူရဲ့မိ သို့မဟုတ် ဖရဲ့  တုန့်ပြန်ချက် ကိုစောင့်ကြည့်ဖို့ဖြစ်ပါတယ်။

(၆) သူတို့ဘယ်လိုတုန့်ပြန်တာကို ကြည့် (See how they react)
သူတို့ဘယ်လိုတုန့်ပြန်တယ်ဆိုတာကိုအခြေအနေကြည့်ပါ။ လုံးလုံးလျားလျားလက်ခံခြင်းဆိုတဲ့အခြေအနေကနေ ဆန့်ကျင်ဘက် ကန်ထုတ်ခံရတဲ့ အလားအလာလဲကြုံဆုံလိုက်ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေဟာ ဖြစ်စဉ်တစ်ခုရဲ့ လမ်းခုလတ်နေရာတစ်ခုခု ဖြစ်နေနိုင်ပါရော။ ယေဘုယျအားဖြင့် သူတို့လက်ခံသည့်သဘော ငြိမ်သက်ပြီးတွေဝေသလိုဖြစ်သွားကြတယ်ဆိုရင်တော့ ဒါပြဿနာ အကြီးကြီးတစ်ခုကို စတင်ဖြေရှင်းနိုင်တဲ့ မန်နေဂျာတစ်ယောက် စာဖတ်သူဖြစ်သွားပါပြီ။ တကယ်လို့သူတို့အဲ့လို့မဟုတ်ခဲ့ဘူးဆိုရင် အစွန့်ပယ်ခံဖို့ စွန့်ပစ်ဖို့ ကြောက်ရွံ့နောက်တွန့်မနေသင့်ပါဘူး။ စာဖတ်သူ ရပ်တည်ခဲ့တဲ့အခြေအနေအတိုင်း မလဲမယိုင်လျှောက်လှမ်း ရပါမယ်။

(၇) ပေါက်ကွဲသံစဉ်တွေ နားထောင်ဖို့မျှော်လင့်ထား (Expect outbursts)
ပေါက်ကွဲသံစဉ်တွေ ကြားရဖို့မျှော်လင့်ထားစရာမလိုပါဘူး။ ကြားရဖို့များပါတယ်။ သူတို့နဲ့အပြိုင်ပေါက်ကွဲလို့တော့မဖြစ်တာကြောင့် စာဖတ်သူအနေနဲ့ မိမိကိုယ်ကိုထိန်းချုပ်ထား စိတ်ထိန်းထားဖို့လိုမယ်နော်။ စာဖတ်သူအနေနဲ့သိထားပြီးသားဖြစ်မှာပါ သူတို့ဟာ ဘာသာရေးအဆုံးအမအောက်မှာ ယုံကြည်မှုပြင်းစွာလျှောက်လှမ်းခဲ့တဲ့ကာလက ကြာပြီဆိုတာကိုလေ။ သိက္ခာမဲ့တဲ့လုပ်ရပ်၊ သူတကာ လက်ညှိုးထိုးစရာ ကိုယ်ကျင့်တရားချို့ယွင်းမှုတစ်ရပ်၊ အခါတစ်ပါးက မကောင်းမှုပြုခဲ့လို့ ခံစားရတဲ့ စိတ်အခြေအနေယိုင်နဲ့မှုတစ်ရပ် ထားပါတော့ တို့ထိစရာ အသွင်ကွဲအယူအဆများစွာသူတို့အ၀န်းအ၀ိုင်းဝယ် ပေါ်ပေါက်လာတယ်လို့ အဦးဆုံးယူဆထင်မြင်ကြမယ် ဆိုတာ ထင်ရှားပါတယ်။ စာဖတ်သူပြောတဲ့စကားတွေကို အသာငြိမ်နားထောင်တယ် ‘ဒါ အံ့သြစရာကောင်းတဲ့သတင်းပဲ’ ဆိုတဲ့ စကားလေးမျိုး အစပျိုးတယ်ဆိုရင်တော့ အမှောင်တိုက်ထဲက ခပ်သေးသေးအလင်းတန်းတစ်ခုအဖြစ် ရင်ခုန်နိုင်မယ် ခင်ဗျာ့။ ဒီလို အခြေအနေလေးကြုံဆုံခွင့်ရမယ်ဆိုပါက စာဖတ်သူရဲ့မိဘတွေစိတ်ထဲမှာ သိလိုစိတ်ပြင်းပြမှုတွေ အပေးအယူ တောင်းဆိုမှုတွေ ရောပြွမ်းတဲ့ စိတ်ခံစားချက်တွေ ရှိနေမယ်ဆိုတာ သိထားရပါမယ်။ ဒါကြောင့် စိတ်လှုပ်ရှားစွာတုန့်ပြန်လာမယ့် သူတို့တုန့်ပြန်မှုကို ရင်ဆိုင်ဖို့ ဖြေရှင်းဖို့ ကြိုတင်မျှော်လင့်ထားသည့်အတိုင်း စာဖတ်သူရဲ့ စိတ်ကိုလျော့ မျက်နှာကိုမပျက်ယွင်းစေဘဲ တည်ငြိမ်နေလိုက်ပါ။

(၈) သူတို့အတွက် တိုက်ပွဲတစ်ခုရဲ့ ပထမနေ့ရက်ဆိုတာ သတိရပါ (Remember that, for them, this is Day One of the Mission)
မိုးသည်းမုန်တိုင်းတစ်ခုကိုရင်ဆိုင်ရသော ပထမနေ့ရက်ဟာ ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့ ဒေသက လူတွေအတွက် ဘယ်လောက် ရင်ဆိုင်ရခက်သလဲဆိုတာ စဉ်းစားမိရင် စာဖတ်သူမိဘများရဲ့ အခြေအနေတစ်ရပ်ကို စာနာနိုင်မယ်ထင်ပါတယ်။ မိမိရဲ့လိင်စိတ် တိမ်းညွှတ်မှုနဲ့ပတ်သက်ပြီး ရင်ဆိုင်ရတာ ဖြတ်သန်းရတာ  အသိအမှတ်ပြုမိဖို့အတွက် လပေါင်းများစွာ …နှစ်ပေါင်းများစွာလည်း စာဖတ်သူအတွက် ဖြစ်ကောင်းဖြစ်နိုင်ခဲ့တယ်မဟုတ်လား။ ကိုယ့်ကိုယ်တိုင် ရှာဖွေတွေ့ရှိခြင်းတွေ၊ ကိုယ့်ပုံရိပ်ကိုယ်ထိန်းညှိခဲ့ခြင်းတွေ၊ ကိုယ့်ဘ၀အတွက် ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ရှင်သန်နေထိုင်ခဲ့ရတာတွေ၊ ပြီးတော့ ကိုယ်ကိုယ်တိုင်ရဲ့ ပြုမူလုပ်ဆောင်တုန့်ပြန်ချက် တွေအပေါ်သုံးသပ်မိပြီး မိမိဟာ လိင်တူခြင်းကြိုက်နှစ်သက်သူအဖြစ်နားလည်ရတာတွေအတွက်ပေါ့။ စာဖတ်သူရဲ့မိဘများသည်လည်း ထို့အတူ အချိန်အနည်းငယ် အဲ … ဒီထက်ပိုလိုအပ်ချင်လည်းလိုအပ်နိုင်တယ် ဘာကြောင့်လဲဆိုရင်သူတို့ဟာ ဘိုးဘွားဘီဘင်တွေရဲ့ ဘာသာတရားရေးရာ အယူအစွဲတွေအပေါ် လှိုက်လှိုက်လှဲလှဲလက်ခံနေထိုင်တာအသားကျနေပြီဖြစ်တာကြောင့်ပါ။ စာဖတ်သူအတွက် တော့ ဟုတ်ချင်မှလည်းဟုတ်မှာပေါ့နော်။ ဒါပေမဲ့ နားလည်ခြင်း၊ အနည်းဆုံး သည်းခံအောင့်အီးခြင်း၊ နောက်ဆုံးတော့ စာဖတ်သူရဲ့ သတင်းအသစ်အပေါ်လက်ခံခြင်းဆိုတဲ့ ခက်ခဲသောအချိန်တစ်ရပ် နှင့် အခြားတစ်ဘက်ကိုကာရံထားသောစည်းအပေါ် ခပ်တည်းတည်း ရပ်တည်နေရသော စာဖတ်သူ့မိဘများအဖြစ်ပါ။ တနေကုန်တော့ ပါးပြင်ပေါ်က ပန်းသွေးရောင် ပျောက်ပျက်မသွားဖို့မမျှော်လင့်သင့်ဘူး လေ။

(၉) သူတို့အတွက် ပါဝင်နိုင်မယ့် အခန်းကဏ္ဍနဲ့ အစိတ်အပိုင်းတစ်ရပ်ကို ကြိုတင်မျှော်လင့်ထား
 (Be prepared for them to point out chapter and verse)
စာဖတ်သူက သူတို့ရှေ့ဝယ် မတ်တပ်လေးရပ် ‘အဲ့လိုကိစ္စအတွက်ကတော့ ကျွန်တော် ဂရုမစိုက်ဘူး’ သို့မဟုတ် ‘ကျွန်တော်သိသားပဲ’ လို့ပြောရုံလေးနဲ့ မလုံလောက်နိုင်ပါဘူး။ စာဖတ်သူရဲ့မိဘများ အနေနဲ့ကတော့ သူတို့ကိုးကွယ်တဲ့ ဘာသာအပေါ်အခြေခံပြီး ကန့်ကွက်ဖို့သွားနေမှာပဲဆိုတော့ စာဖတ်သူကလည်း သူတို့အခြေခံထားတဲ့အချက်အတွေပေါ်မှာပဲမူတည်ပြီး တုန့်ပြန်ဖို့ အဖြေပေးဖို့ လိုအပ်ပါလိမ့်မယ်။ စာဖတ်သူကို ကိုယ့်ကိုယ်ကိုရေတိမ်နစ်အောင်လုပ်နေတဲ့အဖြစ်ကနေ ဝေးအောင် ပစ်ခွာလိုက်ဖို့ဆိုတဲ့ပုံစံ စာဖတ်သူ့ မိဘများက လုပ်ဆောင်နေမှာဆိုတော့ စာဖတ်သူအနေနဲ့ အချို့သော လေ့လာဆန်းစစ်ချက်တွေလုပ်ရပါမယ်။ စာဖတ်သူ ဖွင့်ဟနေတဲ့ အကြောင်းအရာ ကိစ္စတစ်ရပ်သည် စိတ်လိုက်မာန်ပါ ကမူးရူးထိုး လုပ်နေတဲ့ ၊ ဘာသာရေး ကန့်ကွက်ချက်များကို မလေးမစားလုပ် နေတာမဟုတ်တဲ့၊ သူတို့အတွက် ထင်မြင်ချက်ကောင်းချမှတ်နိုင်မယ့် ပုံစံတွေ ပေးနိုင်ဖို့လိုပါတယ်။

(၁၀) လှုပ်ခါအောင် မလုပ်နဲ့၊ ဒါပေမဲ့ ငြင်သာပါ (Don’t waver, but be kind)
စာဖတ်သူရဲ့ အဖေနဲ့ အမေက စာဖတ်သူစိတ်တွေ လှုပ်ခါသွားအောင်၊ ကြောက်လန့်သွားအောင်၊ သို့မဟုတ် စာဖတ်သူ ဘာဖြစ်တယ် ဆိုတာနဲ့ပတ်သက်ပြီး စိတ်ချောက်ချားကာ ရပိုင်ခွင့်တွေစွန့်လွှတ်စေဖို့ ကြိုးစားမှာကတော့ သေချာသလောက်ပါ။ စာဖတ်သူ့မိဘများ စိတ်ထဲမှာ ကြောက်ရွံ့ အံသြ မယုံကြည်နိုင်မှုတွေ ဖြစ်တည်သွားတော့ အလားတူ စာဖတ်သူလည်း ခံစားမိပြီး လမ်းကြောင်းပြန် ပြောင်းမယ် ထင်တာတွေ သူတို့ စီမံချက်တွေချမှတ်တော့မယ်လေ။ အခုအခြေအနေမှာ စာဖတ်သူအနေနဲ့ ကိုယ့်ရပ်တည်မှုအပေါ် မတ်မတ်ရပ်နိုင်ဖို့ လုပ်ပါ။ အကျယ်အကျယ် ငြင်းခုန်အော်ဟစ်တာတွေ တွန်းထိုးရိုက်ခတ်တာတွေ ကြုံဆုံလာရနိုင်ပါတယ်။ သူတို့အော်ဟစ်ပြောဆိုချင်တာကို နားဆင်ပေး ကိုယ့်ကိုယ်ကိုယ်လဲ တည်ငြိမ်အောင်နေပြီး သူတို့စိတ်ထန်နေတာတွေ ပြေငြိမ်းသွားအောင် ဖျောင်းဖျပြောဆိုပါ။

 “အဖေ၊ အမေ…အဖေတို့စိတ်ရှုတ် ဒေါသဖြစ်ရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဝေခွဲမရ ဖြစ်နေတာ အချိန် အတော် ကြာပါပြီ။ ဒါပေမဲ့ အခု…အခုတော့ ကျွန်တော်ဘာဆိုတာ ကျွန်တော်သိနေပြီ။ အဖေတို့ပြောဆိုကြတဲ့ စိုးရိမ်ကြတဲ့ စကားလုံး တိုင်းကို ဆန့်ကျင်နေတာမဟုတ်ရပါဘူး။ သားကိုယုံပါ။ သားရဲ့ဖြစ်တည်မှု သားရပ်တည်နေထိုင်တဲ့ဘ၀ဟာ အဖေတို့အမေတို့အတွက် အနှောင့်အယှက် မဖြစ်စေရဘူးလို့ ဆုံးဖြတ်ပြီးသားပါ။ ရပိုင်ခွင့်တွေ ဆုံးရှုံးရတာ အသိုင်းအ၀ိုင်းကပစ်ပယ်ခံ ရတာ စတာတွေကြောင့် ကျွန်တော့်လိင်စိတ်ခံယူမှုက ပြန်မပြောင်းနိုင်ပါဘူး (straight ဖြစ်အောင်မလုပ်နိုင်)”

စာဖတ်သူမိဘများရဲ့ သောကတွေအပေါ် စာဖတ်သူ စာနာ နားလည်ပေးလိုက်ပါ။ ယောက်ျားမိန်းမ ဆန့်ကျင်ဘက်လိင်နှစ်ဦးရဲ့ လိင်ကိစ္စ စည်းမစောင့်မှုတွေအပေါ် မထူးဆန်းသောအသွင် သူတို့စိတ်ထားနိုင်ပေမယ့် ပတ်ဝန်းကျင် လူ့လောကထဲဝယ် အထာမကျလောက် အောင်ပဲ ဟိုသည်မျက်စိရှုပ်စေတဲ့ လိင်တူကြိုက် အမျိုးသား သို့မဟုတ် အမျိုးသမီးအချို့တွေကြောင့် မိမိ သားသမီးသည်လည်း သူတို့လိုပဲလားဆိုသည့် သောကပွားများတတ်ကြတာကိုးနော်။
စာဖတ်သူသည် အရွယ်ရောက်ပြီးသူတစ်ယောက်၊ ကိုယ့်ဖြစ်တည်မှုနှင့် ကိုယ့်လုပ်ရပ်တွေအပေါ် တာဝန်ယူနိုင်သူတစ်ယောက်ဆိုတာ သူတို့သေချာနားလည်အောင် လုပ်ဆောင်ပါ။

(၁၁)  ပူလွန်းလျှင် ခဏလွှတ်ထား၊ပြီးမှ ပြန်ကိုင်ပေါ့ (Leave if things get too hot, and return another time)
စာဖတ်သူရဲ့မိဘများဟာ စိတ်ကယောက်ကယက် ဖြစ်သလိုလို…ကယောင်ခြောက်ခြားဖြစ်စွာ……ဆွေးနွေးပြောပြနေသောကိစ္စအပေါ် ဆက်လက်ပြောဆိုခွင့်ပြုခြင်းဆိုတာထက် ညစ်ပတ်ဆိုးရွားစွာ အော်ဟစ်ဆူပူခြင်းတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့ “အဖေတို့ အမေတို့ ပြောစကားအရ သားပြောတဲ့ကိစ္စအပေါ် သဘောတူညီချက်ရဖို့ဆိုတာ ဒီညအတွက် မဖြစ်နိုင်တော့ဘူးဆိုတာ သားသိပါပြီ။ ရပါတယ် အဲဒါလည်း အိုကေပါတယ်။ ဒီအမှန်တရားကို သားအနေနဲ့ဆိုရင်လည်း ညတွင်းချင်း ဘယ်လက်ခံနိုင်ပါ့မလဲ။ အခုတော့ ဒီနေရာက ခဏထွက်သွားဖို့သင့်ပြီထင်ပါရဲ့။ ကျွန်တော် မနက်ဖြန်ညကြရင် ပြန်လာပါဦးမယ် ဒါမှမဟုတ် နောက်ညများမှာပေါ့။ အဖေတို့ သဘောပါပဲဗျာ။ အဖေကော အမေကာ နှစ်ယောက်စလုံးကိုသားချစ်ပါတယ်။ ဒါပေမဲ့ အဖေတို့ စဉ်းစားဖို့ ဆန်းစစ်ဖို့ စုံစမ်းဖို့ အချိန်ပေး ရမှာပေါ့။ နောက်မှ ကျွန်တော်တို့ ပြန်ပြီးဆွေးနွေးကြသေးတာပေါ့နော်”

(၁၂) ညှိနှိုင်းပါ (Negotiate)
စေ့စပ်ဆွေးနွေးပါ။ စာဖတ်သူရဲ့လိင်စိတ်တိမ်းညွှတ်မှုနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်မှာအသားကျနေတဲ့ အခေါ်အဝေါ်အသုံးအနှုန်းတွေ နဲ့ စာဖတ်သူရဲ့မိဘများအတွက် ဘယ်အသုံးအနှုန်းကတော့ဖြင့် သင့်တော်တယ် ဘယ်စကားလုံးကတော့ မူမမှန်ဘူးဆိုတာ တစ်ကြိမ်တစ်ခါ တော့သိဖို့လိုပါတယ် သူတို့ကိုပြောပြရှင်းပြလိုက်ပါ။ စာဖတ်သူရဲ့ ဖြစ်တည်နေမှုအခြေအနေ၊ ပတ်ဝန်းကျင်ရဲ့အသားကျနေမှုတွေနဲ့ ဘယ်ဟာက ဘယ်လို ဘယ်ဒင်းဆိုတာသိသွားကြရင် စာဖတ်သူအနေနဲ့ တစ်စုံတစ်ယောက်နဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ရပ် ထူထောင်ဖြစ်တဲ့အခါ သူတို့အနေနဲ့ ခွင့်ပြုကောင်းခွင့်ပြုနိုင်ပါတယ်။

(၁၃)  အနည်းဆုံးတော့ ခဏဖြစ်ဖြစ် ဝေးဝေးကို လျှောက်လှမ်းဖို့ကြိုတင်မျှော်လင့်ထား
(Be prepared to walk away, at least for a while)
အချို့သောမိဘများဟာ အခြားသောမိဘများထက်စာရင် သတင်းသစ်အပေါ် လက်ခံပါလိမ့်မယ်။ စာဖတ်သူအနေနှင့်ဆိုလျှင်တော့ ယာယီတဲစခန်းတစ်ခုမှာ အိပ်စက်ရသလို ခံစားလိုက်ရရင် ပြီးတော့ စာဖတ်သူရဲ့သတင်းသစ်အပေါ် ပိုပိုကဲကဲ တုန့်ပြန်မှုတွေကြုံဆုံ လိုက်ရရင်ဖြင့် ကာလအတိုင်းအတာတစ်ခု တိတ်တဆိတ်ထွက်ခွာဖို့လိုပါလိမ့်မယ်။ အဲဒါပဲလေ။ သူတို့နဲ့ခဏတာတော့ ခွဲခွာကြရ မယ်ထင်တယ်။ နာကျင်မှုတွေကနေ ထွက်ပြေးဖို့ဆိုရင် တာတိုပြေးတာထက် တာဝေးကို အပြေးအလွှားလုပ်ပစ်လိုက်တာက ပိုကောင်းပါတယ်။ သိသိသာသာအခြေအနေကတော့ ရှိပါတယ် ဒီနေရာမှာ….စွန့်စားမှုတစ်ခုလို့လည်းဆိုကောင်းဆိုနိုင်ပါတယ်။ သတင်းသစ် အယူအဆသစ်တစ်ရပ်ကို လုံးဝလက်ခံလိမ့်မည်မဟုတ် သို့မဟုတ် ညှိနှိုင်းမှုတစ်ခုလောက်တောင်မပေးကြသူ မိဘများ ဖြစ်ခဲ့လျှင်ဖြင့် ရှင်သန်မွေးဖွားရာအရပ် ချစ်ခင်အားကိုးရသောမိသားစု မြင်တွေ့နေရသော မြင်ကွင်းများကို ပြန်လည်ထိတွေ့ခွင့် မရနိုင်သော စွန့်စားမှုတစ်ရပ်ဖြစ်နိုင်ကြောင်းကိုတော့ စာဖတ်သူ သိထားရပါလိမ့်မယ်။ 

အဆုံးသတ်မှာတော့ ဘာပဲဖြစ်ဖြစ် စာဖတ်သူရဲ့ဘ၀ဟာ စာဖတ်သူအပေါ်မှာပဲမူတည်ပါတယ်။ စာဖတ်သူအနေနဲ့ အခြားသောသူများ လျှောက်လှမ်းတဲ့ လမ်းအတိုင်းလျှောက်ဖို့ နေထိုင်ကြည့်ဖို့ကြိုးစားဖြစ်ကောင်း ဖြစ်မှာပါ။ ဒါပေမဲ့ အဲ့လိုလုပ်တာက တော်တော်နည်းပါ တယ်။ ပြီးတော့ မိမိမဟုတ်သည့် မိမိနေထိုင်မှုဖြစ်သည့်အတွက် အထာကတော့ ကျမယ်မထင်ပါဘူး။

ဘာသာရေးအပေါ် လှိုက်လှိုက်လှဲလှဲရှိသူမိဘများရဲ့ သားသမီးများဟာ သူတို့မိဘများရဲ့ ဘာသာရေးစည်းမျဉ်းများနှင့်အတူ အချစ်ခံ ရခြင်း စည်းကြပ်ခံ ရခြင်းတွေဟာ တကယ့်ငရဲလို့ထင်မြင်ကာ ခပ်ဝေးဝေးကိုလျှောက်လှမ်းဖို့ကြံဆောင်တတ်ကြပါတယ်။ အဓိက ရင်ဆိုင်ရတဲ့အချက်က သူတို့သားသမီးတစ်ယောက်ယောက်ဟာ လိင်တူခြင်းကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ခဲ့ရင် လမ်းမှားကို လျှောက်နေသူတစ်ယောက်အသွင် ထင်မြင်ပြီး သူတို့ယုံကြည်ရာနည်းလမ်းများဖြင့် တည့်မတ်ပေးလျှင်ရမည်ဆိုသော အတွေးဖြင့် ချဉ်းကပ်ခံကြရခြင်းကြောင့်ဖြစ် ပါတယ်။ အဲ့လိုနေ့ရက်လေးကိုရဖို့အတွက် ဆုတောင်းရပါမယ်။ စာဖတ်သူရဲ့မိဘများ အဆိုပါ အတွေးမျိုးဖြင့်ချဉ်းကပ်လာတာကိုခွင့်ပြုပေးရပါလိမ့်မယ်။ ဒီအတောအတွင်း သင့်ကိုယ်သင် ရိုးသားစစ်မှန်ဖို့လိုပါတယ်။ တစ်ခုတည်းနှင့် တစ်ဘ၀တာဆိုတာကို သတိရရမယ်၊ အခြားသူများနှင့်မသက်ဆိုင် စာဖတ်သူ တစ်ကိုယ်ရေအတွက်ဖြစ်တယ်၊ ပြီးတော့ အားမာန်ရှိရှိနှင့် ရှင်သန်နေထိုင်ဖို့အတွက် စာဖတ်သူတာဝန်ရှိနေပါတယ်ဆိုတာကိုကောပေါ့။

ပြောစရာ အချို့ (Tips)
-       တကယ်လို့ စာဖတ်သူမှာ ချစ်သူ/ပါတနာ တစ်ယောက်ယောက်ရှိနေမယ်ဆိုရင် သေချာတာကတော့ စာဖတ်သူရဲ့ ချစ်သူ ကောင်လေး/ကောင်မလေးအကြောင်းကို စာဖတ်သူရဲ့မိဘများကို ပြောပြချင်မယ်မထင်ပါဘူး။ အချို့သောမိဘများအနေနဲ့ သူတို့ကြောင့် စာဖတ်သူဟာ ဂေးဖြစ်သွားရတာ ပြောင်းလဲသွားရတာလို့အတွန့်တက်တတ်ကြတာကိုး။ ဒါကြောင့် စာဖတ်သူရဲ့ ချစ်သူရည်းစားအကြောင်း မပြောပြခင်မှာ စာဖတ်သူရဲ့မိဘများကို လိင်စိတ်တိမ်းညွှတ်မှုနဲ့ပတ်သက်ပြီးလက်ခံဖို့အချိန်အနည်း ငယ်ပေးလိုက်ပါဦးလို့။

-       အလုပ်မှာ သို့မဟုတ် ကျောင်းမှာ စာဖတ်သူရဲ့လိင်စိတ်တိမ်းညွှတ်မှုကိစ္စနဲ့ပတ်သက်ပြီး အထူးသတိထားပါ။ မိမိနည်းမိမိဟန်နဲ့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟနေထိုင်ခြင်းဟာ အလုပ်ပတ်ဝန်းကျင် ကျောင်းပတ်ဝန်းကျင်မှာတော့ အလုပ်မဖြစ်ပါဘူး။ အနည်းငယ် တော့ ထိန်ချိန်နေထိုင်မှသာ နာကျင်ခံစားရတာတွေကို လျော့ပါးလက်ခံရရှိနိုင်ပါတယ်။

-       ပေါင်းသင်းဆက်ဆံရေးမှာ အထောက်အပံ့သဘောမျိုးဖြစ်လိမ့်မယ်လို့ထင်ရင်တော့ အယုံကြည်ရဆုံးသူငယ်ချင်းတစ်ယောက် ကိုသာ ပြောဆိုဖွင့်ဟပါ။

-       လိင်တူခြင်းစိတ်ဝင်စားခြင်း လိင်တူခြင်းဆက်ဆံလိုစိတ်ဟာ မကောင်းမှုဒုစရိုက်တစ်ခုဖြစ်တယ်လို့ စာဖတ်သူရဲ့မိဘများက ပြောဆိုခဲ့ရင် မလိုမုန်းထား အမုန်းတရားသည်လည်း မကောင်းမှုဒုစရိုက် အကုသိုလ်တစ်ခုဖြစ်တယ်ဆိုတဲ့ အချက်အလက်များ ကို ထုတ်ဆောင်ပြသနိုင်ပါတယ်။

-       မိမိရဲ့လိင်စိတ်ဖွင့်ဟနေထိုင်မှုနဲ့ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေ မိဘတွေရဲ့လက်ခံနိုင်မှုသဘောထား စတာတွေကို ခဏတာဖုန်းကွယ်ထားမှဖြစ်မယ်ဆိုတာ စာဖတ်သူရဲ့ချစ်သူဖြစ်ဖို့အလားအလာရှိသူကိုပြောပြဆွေးနွေးဖို့ ကြောက်မနေသင့်ပါဘူး။ အဲ့လိုလုပ်ရင် နှစ်ဦးသားအတွက် လုံခြုံအေးဆေးမယ်ဆိုတာ သေချာအောင်တော့ အရင်လုပ်ရမှာ ပေါ့နော်။

-       အကြင်နာမေတ္တာကြီးမားခြင်းရဲ့အခြားတစ်ဖက် စာဖတ်သူ ဂေးဖြစ်ခြင်းအပေါ်မှာ စာဖတ်သူရဲ့မိဘများဟာ လက်ခံ သို့မဟုတ် သည်းခံနိုင်ပေမယ့် သူတို့မျက်စိ မြင်ကွင်း ပတ်ဝန်းကျင်မှာ စာဖတ်သူနဲ့ စာဖတ်သူရဲ့ ချစ်သူ ကောင်လေး/ကောင်မလေး/ ပါတနာတို့ အချစ်သည်းနေတာကိုမြင်ကြည့်ဖို့တော့ သက်သောင့်သက်သာမဖြစ်နိုင်လောက်ပါဘူး။ ပိပိရိရိနဲ့ အသနားပိုအောင် နေသင့်ပါတယ်။ ‘သူငယ်ချင်းတစ်ယောက်ပါ’ ဆိုတဲ့ပုံစံပဲနေဖို့ ဟန်ဆောင်ဖို့ မလိုပါဘူး။ ဒါပေမဲ့ စာဖတ်သူအနေနဲ့ သူ့ပေါင် ပေါ်တက်ထိုင်တာ/ နမ်းရှုံ့တာ/ တစ်ယောက်လည်ပင်းတစ်ယောက် တွဲခိုနေတာ စတာတွေကို မလုပ်ရဘူးနော် စာဖတ်သူ့မိဘ များရှေ့မှာပေါ့။ အချိန်အများကြီးထိန်းသိမ်းစရာမှမလိုတာလေ သူတို့ရှေ့ရှိနေတဲ့ အချိန်အနည်းငယ်လေး အတွင်းပဲဟာကို။

-       စာဖတ်သူနဲ့ စာဖတ်သူမိဘများကြား ရင်ကြားစေ့နိုင်မယ့် မဟာမိတ်တစ်ယောက်တော့ရှာပါ။ စာဖတ်သူမှာ ဂေး အဒေါ် သို့မဟုတ် ဦးလေးတစ်ယောက် သို့မဟုတ် စာဖတ်သူ သင်္ကာမကင်းဖြစ်ခဲ့ရသူ တစ်ယောက်တော့ရှိကောင်းရှိနိုင်ပါတယ်။ ဒါမှမဟုတ် စာဖတ်သူ ဂေးဖြစ်နေခြင်းအပေါ်မှာ အေးဆေးဆိုတဲ့ တူ သို့မဟုတ် တူမတစ်ယောက်တော့ စာဖတ်သူရှိကောင်း ရှိမယ်။ စာဖတ်သူ့မိဘများ စာဖတ်သူအပေါ် ရှောင်ဖယ်ဖယ်လုပ်နေခြင်းတွေ ပစ်ပယ်ခြင်းတွေနည်းပါးသွားအောင်လုပ်ဖို့ ကူညီနိုင်သူများစာရင်းမှာ သူတို့ကိုထည့်ထားနိုင်ပါတယ်။ စာဖတ်သူရဲ့အကြောင်းတွေကို စာဖတ်သူမိဘများကြားချင်တဲ့အခါ သူက စာနာနားလည်အောင်ပြောပေးနိုင်တယ်။ စာဖတ်သူရဲ့အကြောင်းအရာစုံကို စာဖတ်သူ့စီကနေတိုက်ရိုက်ကြားရတာထက် စာရင် သူတို့စီကနေ သိမ်မွေ့သောလမ်းကြောင်းတစ်ခုအသွင်ဖြင့် ကြားစေခြင်းကလည်း တစ်မျိုးတစ်မည်ပါ။ စာဖတ်သူနဲ့ စာဖတ်သူ့မိဘများကြားဝယ် ပြောပြခဲ့တဲ့လူများရဲ့ အကူအညီကိုရယူဖို့အတွက် ကြောက်မနေသင့်ပါဘူး။

-       အကယ်၍ စာဖတ်သူတို့ Church ဟာ လိင်တူခြင်းကြိုက်နှစ်သက်သူများအပေါ် လက်ခံကြိုဆိုခြင်းမရှိတတ်ဘူးဆိုရင်လည်း စာဖတ်သူ လုံးဝဥဿုံ ယုံကြည်သက်ဝင်လာတဲ့ အရာကို အရှုံးမပေးလိုက်ပါနဲ့။ လိင်တူခြင်းကြိုက်နှစ်သက်သူများလို လိင်စိတ်ခံယူမှုကွဲပြားသူများကို လက်ခံပေးတဲ့ Church ကျောင်းတွေ ဂိုဏ်းခွဲတွေအများကြီးပဲရှိပါတယ်။

-       LGBT တွေနဲ့ ရင်းနှီးတဲ့ Church သို့မဟုတ် အစုအဝေး အစည်းဝေးတစ်ခုကို ကြိုးစားရှာဖွေပါ။ သူတို့ဝန်ဆောင်မှုပေးနေတဲ့ ပုံမှန်အခြေခံအကြောင်းခြင်းရာတွေကို စာဖတ်သူတက်ရောက်ခွင့်မရှိပေမယ့် အခြားသောနည်းလမ်းနဲ့ ဖွင့်ဟခွင့် ဆည်းကပ် ပူဇော်ခွင့်တွေအတွက် သူတို့အကူအညီပေးနိုင်ပါတယ်။

-       စာဖတ်သူရဲ့မိဘများ၏တုန့်ပြန်ချက်များကို မခန့်မှန်းနိုင်ပါဘူး။ လိင်တူခြင်းကြိုက်နှစ်သက်သူ/လိင်တူလိင်ကွဲနှစ်မျိုးစလုံးကြိုက် နှစ်သက်သူ/ ဆန့်ကျင်ဘက်လိင်အသွင်ဝတ်ဆင်နေထိုင်သူတွေပေါ်မြင်တဲ့အမြင်အပေါ် ပြန်လည်ဆုံးဖြတ်တွေးဆဖို့ တော် တော် တင်းတင်းကြပ်ကြပ် စေခိုင်းခံရတဲ့အခြေအနေဆိုက်အောင်လုပ်သည့်အသွင်ဖြစ်ခဲ့ရင် သူတို့အနေနဲ့ အမျက်ဒေါသပြင်း ထန်လာမှာတော့သေချာတယ်။

-       ခရစ်ယာန်ဘာသာဝင်အများစုဟာ လိင်တူခြင်းကြိုက်နှစ်သက်သူ သို့မဟုတ် လိင်တူလိင်ကွဲနှစ်မျိုးစလုံးကြိုက်နှစ်သက်သူများ နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လိုမှ မှတ်ချက်မပြုထားခဲ့ပေမယ့် တော်တော်ဆိုးရွားတဲ့ ဘုရားပညတ်တော်ကို မလိုက်နာခြင်း ဒုစရိုက်ပြစ်မှုတစ်ခုဖြစ်နေတယ်လို့ နားလည်မှုလွဲနေတတ်ကြပါတယ်။

သတိပေးချက်များ (Warnings)

-       စာဖတ်သူအနေနဲ့ မိဘတွေကို ဖွင့်ဟပြောဆိုခြင်းမပြုရသေးဘူးဆိုရင်တော့ ပြောစရာလေးနည်းနည်းရှိတယ်။ တကယ်လို့ စာဖတ်သူက ဖွင့်ပြောလိုက်လို့ မိဘတွေက တော်တော်ဆိုးဆိုးရွားရွား တုန့်ပြန်လာမယ်လို့ ထင်ထားတယ်ဆိုရင် ကိုယ့်ခြေ ထောက်ပေါ်ကိုယ်ရပ်လို့ အသက်အရွယ်အရရော ရုပ်ပိုင်းဆိုင်ရာအရပါ ရင့်ကျက်လာမယ့်အရွယ် (ဥပမာ ၁၈နှစ်ပြည့်ချိန်ထိ) အဲ….ငွေကြေးအားဖြင့် သူတို့အပေါ် မှီတွယ်စရာမလိုအပ်တဲ့အချိန်ထိ ဖွင့်ဟဖို့မလုပ်ပါနဲ့ဦးလား။

-       အချို့သော ဘာသာရေးယုံကြည်မှုများအပေါ် ဘယ်သောအခါမှ အနိုင်ရရှိနိုင်တယ်ဆိုတာမရှိပါဘူး။ စာရေးသူရဲ့မိဘများဟာ အရာဝတ္ထုများကိုရွေးချယ်ရာမှာ အဖြူ သို့မဟုတ် အမည်းကိုပဲခွဲခြားလက်ခံတတ်တဲ့ သဘောရှိသူများ ဒါမှမဟုတ် သတင်းသစ် အယူအဆသစ်တွေကို လက်ခံဖို့ အခန်းငယ်တစ်ခု အရံသင့်မထားတတ်သူများ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲ့လိုဆိုရင်တော့ လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုကိုဖွင့်ဟမယ့်ကိစ္စဆိုရင် စာဖတ်သူ့မိဘများဆီက သတင်းကောင်းကြားရဖို့ မြင်ရဖို့အတွက် အချိန်အတိုင်းအတာ တစ်ခုထိ သို့မဟုတ် အမြဲလိုလို စောင့်စားရမယ့်အသွင်ရှိမယ်ထင်ရဲ့။ ၀မ်းနည်းစရာဆိုပေမယ့် သူတို့ ဆုံးဖြတ်ချက်တွေအပေါ် လက်ခံ သို့မဟုတ် လေးစားရပါလိမ့်မယ်။

-       မိဘတွေရဲ့ အမေးထုတ်လာတဲ့မေးခွန်းများထဲမှာ အကြမ်းဖက်ခံရသော အကြမ်းဖက်မှုနဲ့ဆိုင်တဲ့ သမိုင်းအဖြစ်အပျက်တွေပါ လာခဲ့ရင် အချို့သော အတော်ဆိုးရွားသည့် အခြေအနေအချက်အလက်တွေကို မပြောပါနဲ့။ စာဖတ်သူရဲ့လိင်စိတ်တိမ်းညွှတ်မှု ကိစ္စရပ်ဆီ ရောက်ရှိတို့ထိလာတယ်ဆိုရင်တော့ ရိုးရိုးသားသားနဲ့အမှန်ကိုပြောလိုက်ပါ။ နောက်တော့ စကားကြောမရှည်ဘဲ အခြားအကြောင်းအရာတွေကို ဆက်ပြောလိုက်ပါနော်။

-       တကယ်လို့ စာဖတ်သူဟာ ရှေးရိုးစွဲ လူမှုအဖွဲ့အစည်းတစ်ခုမှာ နေထိုင်နေရတယ်ဆိုရင် သို့မဟုတ် စာဖတ်သူဟာ ဖွင့်ဟ ပြောဆိုလိုက်လို့ လုံခြုံစိတ်ချရမယ့်အခြေအနေတစ်ရပ်ကနေ ဘေးအန္တရာယ်ဇုံအတွင်းကျရောက်သွားမယ်လို့ခံစားရရင် ထုတ်ဖော်ပြောဆိုဖို့ဆိုတာ နှောင့်နှေးဖို့ ဖြစ်ကောင်းဖြစ်ရပါ့မယ်။

-       အချို့သော စိတ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်တွေဟာ တစ်စုံတစ်ယောက်ရဲ့ လိင်ပိုင်းဆိုရင် တိမ်းညွှတ်မှုကိစ္စတွေကို “သဘော အယူဝါဒ-ပြောင်းခြင်း-ဖလှယ်ခြင်း ကုထုံး (conversion therapy)” တစ်မျိုးနဲ့ ပြောင်းလဲကြည့်ဖို့ ကမ်းလှမ်းတတ်ကြပါတယ်။ အခြားသောကုထုံးများဟာ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခတ်စေတယ်လို့ ခေတ်သစ် ကုထုံး ပညာရှင်အများစုက ယုံကြည် ကြတာကြောင့် သဘောအယူဝါဒ-ပြောင်းခြင်း-ဖလှယ်ခြင်းကိုအလေးထားတတ်ကြတာမို့ စာဖတ်သူအနေနဲ့ မကြောက်ရွံ့သင့်ပါဘူး။ အနည်းဆုံးတော့ စိတ်ထဲက တင်းကြပ်မှုတွေ အနည်းငယ်တော့ပြေလျော့သွားနိုင် တာပေါ့နော်။

Alex Aung (16 December 2014)

No comments: