Monday, March 30, 2015

I Really Love Him




အခုပြောပြမယ့် အကြောင်းအရာက ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းနဲ့ ကျွန်တော့်အကြောင်း….

ကျွန်တော့်နာမည်က လူဇော်ဖြစ်ပြီး ဗမာလူမျိုး အသက် ၁၉နှစ်ပြည့်ထားသလို ထင်းရှူးမြိုင်မြို့လေးစီမှာ မိသားစုနှင့်အတူကြီးပြင်းခဲ့တာ ပါ။ ဟုတ်တယ်….ဟုတ်ပါတယ် ကျွန်တော်သိပါတယ် ခင်ဗျားတို့ တွေးထင်ကြတဲ့အတိုင်းပါပဲ မြို့ကလေးက တောဆန်တယ်ပြောလို့ရ တယ်။ ခေတ်ပေါ်နည်းပညာတွေလည်းသိပ်မဖွံ့ဖြိုးသေးဘူးလို့ပြောရင် ခင်ဗျားတို့က ဒီခေတ်ကြီးမှာ မဟုတ်လောက်ပါဘူးလို့ဆိုကြ မယ်။ ကျွန်တော်ဆိုလိုတာကဗျာ ရှိသင့်တာလောက်ပဲရှိပြီး ပေါ်တာနဲ့ရောက် လူတိုင်းသိဆိုတဲ့ ရေစီးထဲမှာ မရှိတာကိုပြောတာပါ။

ကျွန်တော့်အရပ်က ၅ပေ ၈လက်မရှိပြီး ကြံ့ခိုင်ကျစ်လစ်တဲ့ ကိုယ်လုံးကိုပိုင်ဆိုင်ပါတယ်။ မျက်ဝန်းများကတော့ ခပ်ညိုညိုပေါ့။ ကျွန်တော် မြို့လေးမှာ တစ်ခုတည်းသော gym ကိုသွားရမှာ သဘောကျတယ်ဗျ ကြိုးစားဆော့လိုက်တိုင်း ထူးခြားမှုတွေကို မှန်ထဲမှာပြန်မြင်ရတဲ့ အားကစားကိုလေ။ အရမ်းအထွားကြီးမဟုတ်ပေမဲ့ ကျွန်တော့်ခန္ဓာကိုယ်က ကြည့်ကောင်းတဲ့အဆင့်ကိုရောက်နေပါပြီ။

တစ်ရက်ကဗျာ gym မှာ ကစားနေတုန်း ခြေခြင်းဝတ်က အဆစ်လွဲသွားသလို နာသွားတာကြောင့် အိမ်ကိုပြန်ပြီး တစ်လလောက် နားခဲ့ရသေးတယ်။ အစပိုင်းကတော့ အိမ်မှာနေရတာ တော်တော်ပျင်းဖို့ကောင်းတာပဲလေ။ မေမေက တနေကုန် အလုပ်သွားနေပြီး ဖေဖေက ကျွန်တော်တို့နှင့်အတူနေတာမဟုတ်ဘူးဆိုတော့ အိမ်မှာ ဘယ်သူမှမရှိဘူးဗျ။ ဘာပဲဖြစ်ဖြစ် တစ်ပတ်လောက် အိပ်ရာပေါ် ခွေနေပြီးနောက် ဖုန်း call တစ်ကြိမ်တော့ လက်ခံလိုက်ရတယ်။

“ဟယ်လို…” zombie တစ်ယောက်ထူးတဲ့ အသံမျိုး လေးလေးပင်ပင်နဲ့ ကျွန်တော်ပြန်အသံပြုဖြစ်ပါတယ်။

“ငါ့ကောင်…..ငါတို့ တစ်ယောက်အသံ တစ်ယောက်မကြားရတာ သုံးနှစ်လောက်ရှိနေပြီ….အခု ပြန်ဖြေတဲ့အသံကြီးကလဲ ဒီလိုကြီး လားကွ….ဟား ဟား” 

ကြားရတဲ့အသံက တော်တော့်ကို နားထောင်လို့ကောင်းတဲ့ အသံချိုချိုတစ်သံပါပဲ။ ကြားဖူးနေသလိုပဲ။ (အိုး….ဟုတ်တာပေါ့၊ ကောလိပ် တက်တုန်းက classic piano နဲ့ music composition ဘာသာရပ်တွေကို သင်ခဲ့လေ့လာခဲ့သေးတာဆိုတော့ ဒီလိုအသံမျိုးတွေကြားခဲ့ ဖူးတာ ဖြစ်မှာပါ)

‘ဘယ်သူလဲဗျ?’ ကျွန်တော် ပြန်မေးလိုက်တယ်။

‘ဇော်လေးပါကွ၊ မင်းကြည့်ရတာ ငါ့ကိုမေ့သွားပြီထင်တယ် ဟုတ်လား?’

‘အာ…မဟုတ်ပါဘူးကွာ…..ဘော်ဒါ…မတွေ့တာကြာလှပြီ’

ဇော်လေးက အထက်တန်းကျောင်းတက်တုန်းက သူငယ်ချင်းတစ်ယောက်ပါ။ ရယ်စရာတစ်ခုကောင်းတာက တစ်ယောက်ကို တစ်ယောက် ကျွန်တော်တို့ သတိမပြု အာရုံမစိုက်ဖြစ်ခဲ့ကြတဲ့အချိန်တွေကများပါတယ် အရင်နှစ်မတိုင်ခင်အထိပေါ့။ ကျောင်းချိန်တွေထဲ က ညနေပိုင်းအတန်းချိန်တစ်ခုမှာ hi တစ်ချက်ပြောလိုက်ကြပြီးမှ စကားစမြည်နည်းနည်းလောက်လက်ဆုံကျဖူးတာ။ အဲဒါနောက်တော့ ဂီတနှင့် piano အပေါ်မှာပဲ အာရုံပြန်စိုက်မိသွားတာဆိုတော့ ကျွန်တော်တို့သူငယ်ချင်းသိပ်မဖြစ်လိုက်ကြပါဘူး။(အဲ…စာကြမ်းပိုးပုံစံ ကျွန်တော့်ကို အဲဒီတုန်းက တယောက်မှ အနိုင်ကျင့်စော်ကားတာမျိုးမလုပ်ခဲ့ကြဘူးဆိုတာ မဆီမဆိုင်သတိရမိပါတယ်) ကျွန်တော်တို့ တွေက အချစ်ဆုံးသူငယ်ချင်း အရင်းနှီးဆုံးသူငယ်ချင်းများမဟုတ်ခဲ့ကြပေမယ့် တစ်ယောက်ကိုတစ်ယောက်တော့ ယုံယုံကြည်ကြည်ရှိခဲ့ ကြပါရဲ့။ နှစ်ယောက်သား မတူညီတဲ့ ကောလိပ်က မေဂျာတွေရပြီးနောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် စကားမဆိုဖြစ်ခဲ့ကြတော့ ဘူး။

‘အေး….ငါသိပါတယ်ကွာ…..ဒီနေ့လယ်ပိုင်းလောက် မင်းအားလား?’ သူ စိတ်လိုလက်ရမေးတယ်ဗျ။ ကျွန်တော်တို့တွေ ကိုယ့်ဘ၀ကို ကိုယ် အာရုံစိုက်ဖို့လိုပြီ။

‘အင်း…မသိသေးဘူး….ငါ့ schedule ကိုကြည့်လိုက်ဦးမယ်…..ငါ့ခြေထောက်တစ်ခုလုံးကို ကြပ်စည်းထားရတာကိုကြည့်နေရတာလည်းပါ တယ်…အားမယ်ထင်တယ်…..အိမ်မှာပဲ ငါနေဖို့လိုနေဦးမှာဆိုတော့…..မင်းမလာချင်ဘူးလား ငါ့အိမ်ကို?’

‘လာမယ်လေ….ငါ ညနေ ၅နာရီလောက်ရောက်မယ်’

ကျွန်တော် တော်တော်ပျော်ရွှင်သွားမိတယ်။ နောက်ဆုံးတော့ တစ်ခုခုလုပ်ဖြစ်ပြီပေါ့။ အိမ်တံခါးမကြီးက ဘဲလ်မြည်သံကြားရတော့ အိပ်ရာပေါ်ကနေ ထရပ်လိုက်ကာ ခပ်ဖြေးဖြေးလှမ်းလိုက်တာ ခြေထောက်က နာကျင်မှုလုံးဝမရှိတော့ဘူးဗျ။

ကျွန်တော်တံခါးကို ဖွင့်ဖွင့်ခြင်း မြင်လိုက်ရသော သူ့ကြောင့် အံ့အားသင့်သွားရပါတယ်။ သူ ရုပ်ရည်ချောမောတာကိုတော့ ကျွန်တော် မှတ်မိတယ်။ ကျောင်းမှာ ကောင်မလေးတွေအသဲလိုက်ခွဲတဲ့ အသဲခွဲဘုရင်လေ။ အခုတော့ အဲ့လူက ကျွန်တော့်ရှေ့မှာ တကယ့်ကို hot.

ဇော်လေးရဲ့ အရပ်က ၅ပေ ၉လက်မလောက်ရှိပြီး အသက်က ၂၀၊ နောက်တခါ သူ့ဆံနွယ်တွေက နက်မှောင်သန်စွမ်းလှပြီး မျက်ဝန်းတွေ ကလည်း နက်မှောင်နေတာပဲ။ ကျွန်တော်ကစားနေတဲ့ gym မှာ အတူတူထရိန်နင်ဝင်ထားတဲ့အတိုင်းပဲ ကြံ့ခိုင်သန်စွမ်းပုံပေါ်နေပြီး နည်းနည်းပိုပြီး ထွားတဲ့ကြွက်သားတွေနဲ့ ကိုယ်ခန္ဓာကို သူပိုင်ဆိုင်ပါတယ်။ သူ့အကြည့်တွေ သူဝတ်ဆင်ထားတဲ့အ၀တ်အစားတွေဟာ သပ်သပ်ရပ်ရပ်နဲ့ ကြော့ကြော့မော့မော့ဖြစ်နေသလို သူ့နုပျိုမှုကိုလည်း အထင်းသားမြင်နေရပါတယ်ဗျ။ ဒါပေမဲ့ ကျွန်တော့်ကို သူနှုတ်ဆက်တဲ့အချိန်မှာကြားရသော သူ့အသံက ပိုမိုစွဲဆောင်မှုရှိနေသလိုပါပဲလေ။

‘ညီညီ’ ချိုသာသလိုလိုနဲ့ အသံလှိုင်းထဲမှာ တစ်ခုခုစွဲဆောင်မှုရှိနေသော သူ့ခေါ်သံကိုကြားရတယ်။

‘ဇော်…ဇော်လေး?’

‘ငါ့ကောင် လူကိုမမြင်ဘူးတာကျနေတာပဲ ပါးစပ်ကိုပြန်ပိတ်ပါဦးဟ အဟဲ’ သူ့ကိုစမြင်မြင်ချင်းမှာ ဘယ်လိုမှမထိန်းနိုင် အံ့အားသင့်စွာ ပါးစပ်ကြီးဟ သွားမိတာကိုး ကျွန်တော်က။

‘ဆော…ဆောရီးကွာ…..မင်းက အရမ်းကြည့်ကောင်းနေတာကိုး’

‘မင်းလည်းထွားလာတာပဲလေကွာ….အာ မင်းခြေထောက်ကဘာဖြစ်တာလဲ? ကြည့်ရတာ မသက်မသာနဲ့….ဘာလို့တံခါးဝထိဆင်းလာရ တာလဲကွ…အသံပြုလိုက်ပြီးရော….သွား အသာလှဲနေလိုက်…..ဒါ့ထက် ဘာဖြစ်တာလဲ?’

‘မင်းကလည်း ငါ့အမေကျနေတာပဲ….gym မှာ မတော်တဆဖြစ်တာပါကွာ….ဘာကြောင့်ဖြစ်တာလဲတော့ မင်းရိပ်မိမှာပါ ဟဲ’

‘သိပ်သိတာပေါ့ မင်းက ရှေ့နောက်မကြည့်တတ်ဘူးလေ အမြဲတစ်ခုခုပဲအာရုံစွဲနေတတ်တာ’

‘ဟုတ်ပါပြီ….မင်းကလည်း အမြဲလိုလို အာရုံနှောက်နေတဲ့ကောင်လေးပဲလေ’

ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်မှတ်ချက်စကားဆိုပြီးနောက်မှာ နှစ်နှစ်ခြိုက်ခြိုက်ရယ်မောလိုက်ကြပါတယ်။ ကျွန်တော်တို့နှစ်ယောက် တီဗီကလာတဲ့ အစီအစဉ်တချို့ကြည့်ရင်း စကားတွေအကြာကြီးပြောရင်း ပြီးတော့ အဆာပြေစာတစ်ခုကို အော်ဒါမှာကာ စားသောက်ကြရင်း အချိန်ကောင်းတစ်ခုကို အတူဖြုန်းဖြစ်ခဲ့ကြပါတယ်။ (နှစ်ဦးသားက anime fans တွေဆိုတော့ သိပ်ညှိစရာမလိုပါဘူး။ အဲ့ဒီလိုင်းတွေပဲရှာကြည့်ဖြစ်ကြသလို ကျွန်တော့်အခန်းထဲက ကာတွန်းရုပ်ကလေးတွေ၊ ပိစိသေးသေးလေးတွေနဲ့ ပတ်သက်ပြီးလည်း စကားတင်းဆိုဖြစ်ကြပါတယ်။ ခြုံငုံပြောရရင် သူ့ကြည့်ရတာ အားကစားကိုချစ်တယ် ပြီးတော့ တစ်ဖက်သားကိုအနိုင် ကျင့်တတ်သူတစ်ယောက်မဟုတ်ပါဘူး။)
‘ညီညီ…..ငါ မင်းကိုတစ်ခုခုပြောချင်လို့’ သူကစကားခပ်တိုးတိုးဆိုတယ်ဗျ။

‘အေး..ပြောလေ…..ဘာပြောစရာရှိလို့လဲ’

‘ငါ marketing နဲ့ publicity ကိုလေ့လာနေတာ မင်းသိတယ်ဟုတ်? အဲဒါ ငါ ပရောဂျက်တစ်ချို့လုပ်စရာရှိလို့ကွ…ဂီတပညာရှင် တစ်ယောက်နဲ့အတူ အခြားဘာဘာညာညာလေးတွေ ရှာနေတာ…’

‘အာ…ငါ့ကိုစကားလာပြန်ပြောနေတာတွေ့နေတာက မင်းအတွက် musician တစ်ယောက်လိုနေလို့? ကြားရတာပျော်ဖို့ကောင်းသား’

အဲ့လိုမဟုတ်ပါဘူးငါ့ကောင်ရာ….မင်းကိုငါပြောချင်တဲ့အဓိပ္ပာယ်ကလေ။ မင်းအကြောင်းကို မကြာခဏငါတွေးဖြစ်ပါတယ်….မင်းနဲ့အတူ ပျော်ပျော်ရွှင်ရွှင်အလုပ်လုပ်ချင်တာကော ပြီးတော့ မင်းနဲ့သူငယ်ချင်းပြန်ဖြစ် ရင်းနှီးချင်တာကောကြောင့်ပါ’

သူ့မျက်ဝန်းတွေကိုသေချာစိုက်ကြည့်လိုက်တော့ သူ့စိတ်ပိုင်းဖြတ်ထားပုံရယ် သူဆိုတဲ့စကားအဓိပ္ပာယ်တွေကတကယ်ဆိုတာ သိလိုက်ရ တာကြောင့် ကျွန်တော်အံ့အားသင့်သွားခဲ့သလို ပါးပြင်တွေ ပန်းသီးရောင်ထသွားမိတဲ့အထိ သူ့အကြည့်တွေကစူးတယ်ဗျ။

‘ကောင်း…ကောင်းပြီလေ….အဲတာသေချာတယ်ဆိုရင်လည်း ပျော်စရာပေါ့။ ငါတို့တွေအရင်ကအကြောင်းတွေကို ဟိုသည်ပြောနေကြ တာဆိုတော့ ဒီလိုပဲတွေးထင်လိုက်မိတာပါ’

သူ တော်တော်ပျော်ရွှင်သွားပြီး အားရပါးရပြုံးပါတယ်။ ပြီးတော့ သူ့အပြုံးရဲ့နောက်ကွယ် အခြားသောအကြောင်းတစ်ခုခုရှိဦးမယ်ဆိုတာ ကျွန်တော်မြင်တွေ့လိုက်ရပါရဲ့။

နောက်ပိုင်းရက်တွေမှာတော့ နေ့တိုင်းလိုလို ရယ်မောကြ စကားတင်းဆိုကြ…သူလေ့လာနေတဲ့ course နဲ့ပတ်သက်ပြီး အလုပ်ရှုပ်လိုက် ကြနဲ့ အချိန်ဖြုန်းလိုက်ကြတာ နှစ်ယောက်သားရဲ့ ပေါင်းသင်းဆက်ဆံရေးဟာ ပိုမိုခိုင်မာလာသလိုပါပဲ။
သူက ရုပ်ချောတယ် အပြောကောင်းတယ် ထူးထူးခြားခြားရှိလှတဲ့ ကိုယ်ရေကိုယ်သွေးတွေပိုင်ဆိုင်ထားတာကြောင့် ကျွန်တော်အာရုံငြိမိ တယ်ထင်တယ်။ ဒါပေမဲ့ ကျွန်တော် မိန်းကလေးတွေကိုလဲ သဘောကျကြိုက်မိတာပဲလေ (ကောင်မလေးတစ်ယောက်နဲ့ ချစ်သူဖြစ်နေ ပေမယ့် ကျွန်တော်တို့ ပေါင်းသင်းဆက်နွယ်မှုဟာပြည့်စုံမှုရှိတယ်လို့ မခံစားရဖူးဘူး။) တစ်ရက်ပြီးတစ်ရက် အချိန်တွေကုန်ဆုံးပြီးနောက် မှာတော့ ကျွန်တော့်ခံစားချက်တွေက အရင်နဲ့မတူ ကွဲပြားခြားနားခြင်းတွေဖြစ်ပေါ်လာရပါပြီ။

သူလေ့လာနေတဲ့ ဘာသာရပ်တွေအကြောင်း၊ သူ့ကောလိပ်က ဘော်ဒါတွေအကြောင်း၊ သူ့အတန်းတွင်း ရမှတ်အဆင့်တွေအကြောင်း၊ ပြီးတော့ သူ့မိသားစုရေးရာကိစ္စတွေအကြောင်း စသဖြင့်ပြောပြခဲ့ပါတယ်။ အလုံးစုံခြုံငုံကြည့်လိုက်ပြန်တော့ (သူ့ကို ကျွန်တော် အထင်တကြီး လေးစားစရာအချက်တွေကို မတွေ့ခဲ့ရပါ) သူ့မှာပြဿနာပေါင်းသောင်းခြောက်ထောင်၊ ဒါပေမဲ့ သူကအရာရာကြိုစားလုပ် ကိုင်သလို ကြုံလာရတာတွေနဲ့ပတ်သက်ပြီး ကြံ့ကြံ့ခံရပ်တည်နေဆဲပါ။ သူ့မာမီ (ဘာကြောင့်လဲဆိုတော့ သူ့မိဘတွေကလည်း ကျွန်တော့်မိဘတွေလိုပဲ ကွာရှင်းထားကြတာပါ) က အရာအားလုံး ကျွန်တော့်ကိုပြောပြခဲ့သလို တစ်ခါတလေ ကျွန်တော့်ပခုံးပေါ်မှီတွယ် ငိုချတတ်ခဲ့သေးတာဗျ။ ကျွန်တော်တို့နှစ်ယောက် သူငယ်ချင်းမက ညီအစ်ကိုတွေလိုဖြစ်လာခဲ့ပါတယ်။

တစ်စထက်တစ်စ မြတ်နိုးတွယ်တာလာစေတတ်တဲ့ လေးစားခင်မင်လာတတ်စေတဲ့ တစ်ယောက်ယောက်ကို ကျွန်တော့်ဘ၀မှာ မကြုံဆုံ ခဲ့ဖူးပါဘူး။ အခုတော့ သူ့ကြောင့် ကိုယ့်ဟာကို မယုံနိုင်ရလောက်အောင် သူ့အကြောင်းတွေမတွေး ရပ်တန့်လိုက်တယ်ဆိုတာမရှိခဲ့ တော့။ အရာရာမှာ သူ့ဘက်ကသာရပ်တည်ချင်၊ သူ့အတွက်ဆိုရင် ဘာပဲဖြစ်ဖြစ်ကူညီချင်၊ သူတောက်ပနေတာကိုပဲမြင်ချင်….အဲ သူလည်းပဲ ကျွန်တော့်လိုစိတ်ကူးမျိုးရှိမလားသိချင်မိတဲ့စိတ်လည်းရှိပါရဲ့။ သူ ကျွန်တော်စဉ်းစားတဲ့အတိုင်း ချဉ်းကပ်သည့်အတိုင်း တွေးဆမိမည်ဆိုလျှင်တော့ တဖြေးဖြေးနဲ့ ကျွန်တော့်နားပိုကပ်လာမှာပဲ။

သူပျော်ရွှင်နေတာကိုပဲလိုချင်တယ်….သူပျော်ရွှင်နိုင်တဲ့နည်းလမ်း…ကမ္ဘာပေါ်မှာ ဘယ်လိုဖြစ်တည်နေသလဲ ကျွန်တော့်ဦးခေါင်းထဲ တွေးမိ ဖို့ အဓိက။ သူ ကျွန်တော့်နှုတ်ခမ်းတွေကို နမ်းရှိုက်ခဲ့မယ်ဆိုရင်….အာ….နုညံ့တဲ့သူ့နှုတ်ခမ်းသားတွေဟာ ကျွန်တော့်ကိုတို့ထိနေတော့ မှာ။ အဲ့ဒီအခါကျရင် သူသဘောကျတတ်တဲ့ ကျွန်တော့်မျက်တောင်ရှည်ကြီးတွေနဲ့ မျက်ဝန်းတွေကိုမှေးမှိတ် တို့ထိလာတဲ့ သူ့အထိ အတွေ့ကို ခံစားရင်း ကျွန်တော်တို့နှစ်ဦးရဲ့အသက်ရှူသံငွေ့ငွေ့လေးကို အာရုံစိုက်ကာ ချစ်သူတစ်ယောက်လိုသူ့ အထွေးအဖက်ကို ပိုင်ဆိုင်ရရင်တော့ အ။ နွေးထွေးနေတဲ့ သူ့ကိုယ်လုံးလေးနဲ့ဖက်တွယ်ထားရင်း လှပသော သာယာသောစွဲဆောင်မှုရှိလှတဲ့ သူ့အသံလေး နဲ့ ကျွန်တော့်နားရွက်အနားကပ်ကာ ‘မင်းကို သိပ်ချစ်တယ်….ချစ်တယ် ညီညီ’လို့ ခပ်တိုးတိုးဆိုခဲ့ရင် အဲ့ဒီစကားလေးနဲ့တင် အသက်တစ်ရာမက ရှင်သန်နေထိုင်ဖို့လုံလောက်ပါပြီ။ ကျွန်တော် သူ့ကိုတင်းတင်းကြပ်ကြပ် ဖက်တွယ်ထားချင်တယ် သူလည်း ကျွန်တော့်ကို ထွေးဖက်ထားခဲ့ရင် လုံခြုံနွေးထွေးရမည့်ဘ၀…အိုး။

ကျွန်တော် တွေးမိတဲ့အတွေးစိတ်ခံစားချက်ကို ကြာရှည်မထိန်းနိုင်တော့ပါဘူး။ ကျွန်တော့်နှလုံးသားဟာ ပေါက်ကွဲသွားနိုင်တယ်။ ဒီတော့ အားလုံး အရာအားလုံး ဖွင့်ဟဖို့ ကျွန်တော်ပြင်ဆင်မိပါတယ်။ သူဟာ straight တစ်ယောက်ဆိုတာ ကျွန်တော်သိတယ်။ သိပ်မကြာခင် အထိတော့ ကျွန်တော်လည်းပဲ straight တစ်ယောက်လို့ထင်ခဲ့တာပါပဲ။ ဒါပေမဲ့ ကျွန်တော့်ခံစားချက်အားလုံးကိုပြောပြချင်ခဲ့တယ်..။

‘ဟေး ညီညီ….ဒီနေ့ဘယ်လိုလဲ အဆင်ပြေရဲ့လား’ သူ အမြဲတစေ ပျော်ပျော်ရွှင်ရွှင်နဲ့ ဂရုတစိုက်မေးတယ်။

‘အဆင်ပြေပါတယ်….ဇော်လေး …..ငါ မင်းကို တစ်ခုခုပြောဖို့ လိုနေပြီထင်တယ်’

‘အိုကေလေ…..ငါလည်း မင်းကို တစ်ခုခုပြောမလို့ပါပဲ….ဒါပေမဲ့ မင်းကြည့်ရတာ မင်းပြောမယ့်ဟာက ပိုအရေးကြီးနေပုံပေါ်တယ်…. မင်း အားလုံး အဆင်ပြေရဲ့လား’

‘အေး…မင်းက ငါ့ကို တစ်ခုခု ပြောချင်လို့ ဟုတ်လား?’

‘အေး….ဟေး….မင်းကို တစ်ယောက်ယောက်နဲ့မိတ်ဆက်ပေးမလို့ကွ’ သူ ပြောလည်းပြော ကျွန်တော့်နောက်ကျောဘက်ကလာနေတဲ့ တစ်စုံတစ်ယောက်ကို လက်ဝှေ့ယမ်းပြနေတယ်။ မျက်နှာမှာလည်း ၀မ်းမြောက်ဝမ်းသာနဲ့ပြုံးရွှင်လို့။

‘အို….ငါပြောလိုက်ရင် ဟာသတစ်ခုလို့ထင်တော့မှာ’ ကျွန်တော်ကိုယ့်ဖာသာတွေးမိပါရဲ့။

တော်တော့်ကို လှပချောမွေ့သောကောင်မလေးတစ်ယောက် ကျွန်တော်တို့ထိုင်နေတဲ့နေရာကိုလှမ်းလာနေတယ်။ နက်မှောင်ရှည်လျား သော ဆံနွယ်တွေနဲ့ သမင်မျက်လုံးလေးတွေလို ရွှန်းတောက်နေသော မျက်ဝန်းအစုံပိုင်ရှင်လေး။ ကျွန်တော် စိတ်ထဲကပြောနေမိတယ် မရိုးနိုင်တဲ့အချစ်ဇာတ်လမ်းတစ်ခုကတော့ ဖြစ်လာနေပြီလို့….ပြီးတော့ ကျွန်တော့်အသဲနှလုံးလေးသည်လည်း အစိတ်စိတ်အမွှာမွှာကွဲ ကြေခဲ့ပြီလို့ ခံစားခဲ့ရပါတယ်။

‘ညီညီ….ဒါ ကာရန်တဲ့….ငါတို့နှစ်ယောက်တွေ့ကြတာတော့မကြာသေးဘူး….မင်းနဲ့သူ့ကိုမိတ်ဆက်ပေးမလို့ကွ’ ဇော်လေးက အပြုံးမပျက် စကားဆိုတယ်။

‘တွေ့ရတာဝမ်းသာပါတယ် ညီညီ’ သူမက အပြစ်ကင်းသော အပြုံးချိုချိုလေးနဲ့စတင်နှုတ်ဆက်တယ်။

ကျွန်တော် ကျွန်တော် မယုံနိုင်ဘူးဗျာ….ကျွန်တော့်အသဲတွေ မီလီယံပေါင်းများစွာ အစိတ်စိတ်ကွဲကြေသွားခဲ့ပြီ။ အဆိုးရွားဆုံး အစိတ်အပိုင်းတွေအဖြစ် သူတို့မျက်နှာတွေကိုကြည့်ရတာနဲ့တင် ဟာကနဲဖြစ်သွားတာ။ 
သူတို့တွေအတော်ကို ပျော်ရွှင်နေကြတယ်။ သူ သူ ဇော်လေး ပျော်ရွှင်နေရော။

‘ညီညီ…?’ ဇော်လေး ကျွန်တော် တိတ်ဆိတ်ဆွံ့အသွားတာကို သူသတိပြုမိခဲ့တယ်။

‘အို…အို…ဆောရီး….တွေ့ရတာဝမ်းသာပါတယ်….ငါ့ ငါ့နာမည်က ညီညီ’ ကျွန်တော့်အသံတွေက မထိန်းနိုင်စွာ တုန်ခါနေကြတယ်။ ကျွန်တော် ရှော့ခ်ဖြစ်နေဆဲ။

သူတို့နှစ်ယောက်စလုံး ကျွန်တော်ဖြစ်ပျက်နေတဲ့ အမူအယာတွေကိုကြည့်ပြီး စိုးရိမ်မှုကဲလာကြရော။ ကျွန်တော်ဘယ်လိုမှကို မထိန်းသိမ်း နိုင်ခဲ့တာပါ ကိုယ့်ကိုယ်ကို။ ၀မ်းနည်းပက်လက် ယူကျုံးမရတဲ့စိတ်နဲ့ ခဏငြိမ်နေမိပြီး စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကို ကျိန်ဆဲနေမိပါ တယ်။ ‘သောက်သုံးမကျတာကွာ….ကိုယ့်ကိုယ်ကို 
ထိန်းစမ်းပါ…..ဘယ်လောက်ဆိုးရွားတဲ့မြင်ကွင်းလဲ….ယောက်ျားပီပီ ကြံ့ကြံ့ခံ ရပ်တည်စမ်း’

‘ကျွန်မ ကော်ဖီသွားဝယ်ဦးမယ်….သောက်မယ်မဟုတ်လား ရှင်ကော’ ကာရန်က ဇော်လေးနဲ့ကျွန်တော့်ကိုမေးပြီး ထွက်ခွာသွားပါတယ်။

‘ကျေးဇူး ကာရန်…..’ ဇော်လေးက စကားသံခပ်တင်းတင်းနဲ့ဆိုတယ်။ ကျွန်တော်ကတော့ ဘာလုပ်ဘာပြောရမှန်းမသိ မတုန့်ပြန်မိ။

‘မင်း ငါ့ကိုတစ်ခုခုပြောစရာရှိတယ်ဆို ညီညီ…..အဆင်ပြေတယ်မဟုတ်လား?’

‘ဟင့်အင်…..ဘာမှမဟုတ်ပါဘူး…..ငါ ငါ အခုဘာတွေလုပ်မိတော့မလို့လဲတွေးနေတာ’

ကျွန်တော် လုံးဝတိတ်ဆိတ်ငြိမ်သက်နေမိတယ်…..စကားလည်းမပြောနိုင်သလို ဘာတစ်ခုမှလည်း မလုပ်ကိုင်မိပါဘူး။ ရုတ်တရက် ဆိုသလို ဇော်လေးရဲ့လက်နှစ်ဖက် ကျွန်တော့်ပခုံးပေါ်ရောက်ရှိလာတာကိုခံစားရပြီး ခပ်တင်းတင်းဆုပ်ကိုင်လိုက်တာကိုသိရပါတယ်။

‘ညီညီ ဘာဖြစ်နေတာလဲကွ….မင်းလုပ်နေတာနဲ့ ငါအရမ်းစိုးရိမ်နေပြီ….ဘာဖြစ်နေလဲ ငါ့ကိုပြော’’
‘ငါ ငါ….’ ကျွန်တော် တိတ်ဆိတ်နေတာကို ဖြိုခွင်းပြီးစကားစဆိုလိုက်တာမှာ ဘယ်လိုမှ မထိန်းသိမ်းနိုင်စွာ မျက်ရည်မိုးတွေသွန်းဖြိုးမိပါ တော့တယ်။

ဇော်လေး ကျွန်တော့်ကို စူးစူးစိုက်စိုက်ကြည့်နေတယ်။ သူတစ်ခုခုပြောချင် လုပ်ချင်နေတဲ့ဟန်တော့ပေါက်နေပေမယ့် ဘာလုပ်ရမှန်း သူသိပုံမပေါ်ဘူး။

‘ငါလေ…မင်းကို ပြောမလို့….အဲဒါ…အဲဒါက’ စကားတစ်ခွန်းစလိုက်တိုင်း စလိုက်တိုင်း တဖြည်းဖြည်း တိုးသထက်တိုးသွားတယ်.. နောက်တော့ သူ့ရင်ခွင်ထဲ မှီချလိုက်ကာ ‘ငါ မင်းကိုချစ်တယ်’

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။ ကျွန်တော်ကတော့ အသံတိတ်ရှိုက်ငိုမိဆဲ။ ကျွန်တော်သိတယ် သူ ကျွန်တော့်စကားလုံး တွေကြောင့် ရှော့ခ်ဖြစ်သွားပြီဆိုတာ။ အိ….ကျွန်တော် နောက်တစ်ကြိမ် အံ့အားတသင့်ဖြစ်ရတာက ရုတ်တရက်ဆိုသလို မမျှော်လင့်မိ သော အပွေ့အဖက် တင်းတင်းကြပ်ကြပ်ကို လက်ခံရရှိလိုက်တာကြောင့်ပါပဲ။

‘မင်း အရူးပဲ….ငါ့ကို ဒီလိုလာမကလိနဲ့ကွာ’ သူ အသံခပ်တုန်တုန်နဲ့ စကားခွန်းတုံ့ဆိုသလို ကျွန်တော်ကိုလည်း တင်းကြပ်စွာပွေ့ဖက်ပါ တယ်။

‘ဘာ ဘာလဲဟင်’ ကျွန်တော် မတင်မကျ ပြန်မေးမိပါရဲ့။

ပူနွေးနေတဲ့ သူ့လက်နှစ်ဖက်နဲ့ ကျွန်တော့်မေးအစုံကို ညှပ်ကိုင်လိုက်ကာ အနမ်းတစ်ခု ရုတ်တရက်ဆိုသလိုဆက်တိုက်ပေးပါတယ်။ ဒါဟာလည်း အခြားသောရှော့ခ် တစ်ခုဖြစ်ခဲ့ရပါရဲ့။ ကျွန်တော်မျှော်မှန်းမိသလိုပါပဲ သူ့နှုတ်ခမ်းအစုံဟာ ပူနွေးနုညံ့နေတယ်…အ…အနမ်း ပေးတာ ရုတ်တရက်ရပ်လိုက်ပြီး ကျွန်တော့်ပခုံးကို လက်သီးနဲ့ထိုးတယ်။
‘မင်း ငတုံးပဲ….ငါက တော်တော်ဆိုးတဲ့ အခြားပြဿနာတစ်ခုခုမင်းမှာဖြစ်နေတာလားလို့ အတော်စိတ်ပူသွားခဲ့တာ…. မင်း ဖင်ကို ပိတ်ကန် ပစ်ချင်တယ် ဟွန်း’ သူ အသံခပ်ကျယ်ကျယ်နဲ့ အော်ဟစ်ပြောဆိုသလို ကျွန်တော့်ပခုံးကိုလည်း လက်သီးဆုပ်ဖြင့် ထိုးပါရော..။ အပြင်းအထန်ကြီးတော့မဟုတ်ပါဘူး…. ‘ငါ မင်းကို အတော်စိုးရိမ်သွားခဲ့တာ’ ဆိုတဲ့စကားလေးကိုတော့ ခပ်တိုးတိုးအဖျားခပ်ပြောပါတယ်။

‘ငါလည်း မင်းကို ချစ်တယ် ညီညီ’ ခပ်ဖွဖွလက်သီးဆုပ်တွေနဲ့ထိုးနှက်နေပြီးနောက်မှာ ချစ်စကားကိုဆိုရင်း ကျွန်တော့်ကို ပြန်လည် ထွေး ဖက်ပါတယ်။

ကျွန်တော်လည်း သူ့ကိုပြန်လည်ထွေးဖက်လိုက်ကာ မျက်ဝန်းများကိုတော့ မှေးမှိတ်ထားမိပါတယ်။ အိပ်မက်တစ်ခုများလား? အိပ်မက် တစ်ခုသာဆိုရင် အရာအားလုံး ကြောက်ခမန်းလိလိ စတင်မှုတစ်ခု မှားယွင်းမှုတစ်ခုဖြစ်လာမလား? ဒီတစ်ကြိမ်တော့ အစစ်အမှန်ဖြစ်ပါ စေလို့ ကျွန်တော်တောင်းပန်ပါရစေ ကံတရားရယ်။

သူနောက်တစ်ကြိမ် နုနုညံ့ညံ နမ်းပြန်ပါတယ်။ public drama တွေဘာတွေလာမပြောနဲ့ ဂရုမစိုက်မိတော့ပါဘူး။ ကျွန်တော့်စိတ်ထဲမှာ ဒီအိပ်မက်ကနေ မနိုးထပါရစေနဲ့လို့ ဆုတောင်းပါတယ် ဗျာ။

* * *
ဘယ်လိုလဲ ဘော်ဒါတို့ ကျွန်တော်ရေးခဲ့တဲ့ ၀တ္ထုလေးကိုဖတ်ရတာ သဘောကျကြလိမ့်မယ်လို့ထင်ပါတယ်။ လိင်ကိစ္စတစ်ခုမှ ကျွန်တော် ထည့်မရေးထားပါဘူးနော်။ ဇာတ်လမ်းအဆုံးသတ်ကာနီးအပိုင်းလေးဟာ တကယ့်ကို အိပ်မက်လေးတစ်ခုသာပါပဲ။ သူက ကာရန်နဲ့အတူ ရှိနေပါတယ်။ သူ့အတွက် ကျွန်တော်ပျော်ပါတယ်။ ဘော်ဒါတို့တွေးထင်လောက်မိတာထက် ကျွန်တော်သူ့ကိုချစ်တယ် သူပျော်ရွှင်နေ တာကိုပဲ ကျွန်တော်မြင်ချင်ခဲ့တယ်လေ။ ကျွန်တော်နှင့်မဟုတ်ပေမဲ့ သူပျော်ရွှင်နေတာနဲ့တင်လုံလောက်ပါပြီ။ သူနဲ့ကျွန်တော်ဟာ အရင်းနှီးဆုံးသူငယ်ချင်းတွေအဖြစ် အမြဲနေထိုင်ခွင့်ရနေတာကိုက တကယ့်ဆုလာဘ်တစ်ခုပါ။ ကျွန်တော်သူ့ကိုအရမ်းချစ်မိနေတယ် ဆိုတာ သူလုံးဝမသိပါဘူး။ အခုအချိန်ထိ သူ ကျွန်တော့်ကိုထွေးဖက်ပြီး အနမ်းချွေရင် ဘယ်လိုခံစားရမလဲသိချင်နေတုန်းပါပဲ။ သူ့နှုတ်ခမ်းလေးတွေ တွန့်ကွေးပြီး ပြုံးရယ်လိုက်တာကို သဘောကျတယ်။ သူ့အပြုံးလေးတွေအမြဲပေါ်နေစေဖို့ ကျွန်တော် လုပ်ပေးနိုင်တာမှန်သမျှ ကျွန်တော်လုပ်ပေးမယ် အမြဲ။

ကျွန်တော်သူ့ကိုချစ်တယ်…..အဲ့ဒီအကြောင်းပြချက်လေးအတွက်ပဲ…..ဘာတွေဖြစ်ပျက်ပါစေ ကိစ္စမရှိဘူး….သူပျော်ရွှင်နေတာကိုပဲ ကျွန်တော်လိုချင်ခဲ့တာ…..။ 

Alex Aung (30 March 2015)



စာကြွင်း             ။ သင်္ကြန်ကာလ April လ၀န်းကျင်ရောက်တိုင်း ကျွန်တော် နယ်ပြန်ဖြစ်ပါတယ်။ တစ်လလုံးလိုလို စာမရေးဖြစ်တာ ကြောင့် တစ်နှစ်ကာလအတွင်း (2014 ကနေ 2015 သင်္ကြန်အတွင်း) ရေးသားခဲ့သော ၀တ္ထု၊ဆောင်းပါး များထဲက ငါးပုဒ်ကို ဧပရယ်လ်လအတွက် လက်ရွေးစင် သဘောတင်နေကြပါ။ သူငယ်ချင်းတို့တွေထဲက အမှတ်တရဖတ်ဖူးခဲ့တယ်ဆိုရင် ကိုယ်ကြိုက်တဲ့ ၀တ္ထု၊ဆောင်းပါးတွေထဲ က ခေါင်းစဉ် လေးငါးခုကိုပြောပြကြမယ်ဆိုရင်ဖြင့် ကျေးဇူးတင်မိမှာပါခင်ဗျ။

No comments: