Saturday, March 21, 2015

သတင်းစုံ




မိမိ၏ လိင်စိတ်ခံယူမှုကြောင့် ရုန်းကန်ကြိုးစားနေရသော “လိင်တူ ချစ်သူ” များအတွက် ကမ္ဘာလုံးဆိုင်ရာ ပရဟိတ လုပ်ငန်းတစ်ရပ်ဖြင့် ကူညီရန် စီစဉ်နေသည့် အဆိုတော် Sam Smith

၂၀၁၅ ခုနှစ်၊ မတ်လ ၂ရက်

မိမိ၏ လိင်စိတ်ခံယူမှုကြောင့် ရုန်းကန်ကြိုးစားနေရသော “လိင်တူ ချစ်သူ” များအတွက် ကမ္ဘာလုံးဆိုင်ရာ ပရဟိတလုပ်ငန်းဖြင့် ကူညီရန် အစီအစဉ်ချထားကြောင်း UK အဆိုတော် Grammy များရှင် Sam Smith က ပြောကြားလိုက်သည်။

“ကျွန်တော်ဟာ ဂေးတွေရဲ့ ပြောရေးဆိုခွင့်ရှိသူ မဖြစ်ချင်ပါဘူး” ဟုပြောခဲ့သည့်နောက်ပိုင်းရရှိသည့် အဖျက်သဘော တုန့်ပြန်မှုများ ကြောင့် စိတ်ပျက်ခဲ့ရကြောင်းလည်း LGBTI အခွင့်အရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးစာနေသူ အဆိုတော် Sam Smith ကပြောကြားခဲ့ပါသည်။

အဆိုတော် Sam Smith က “ကျွန်တော့်ကိုယ်အလေးချိန်၊ ကျွန်တော့်ပုံစံကြောင့် သက်တောင့်သက်သာ မဖြစ်ပေမယ့် ကျွန်တော့်ရဲ့ လိင်စိတ်ခံယူမှုကြောင့်တော့ နေသာပါတယ်။ ဒီတစ်ခုကတော့ ကျွန်တော့်ရဲ့ အားသာချက်(ကျွမ်းကျင်မှု) ပေါ့” ဟု The Guardian သို့ ပြောခဲ့ဖူးသည်။

အသက် ၂၂ နှစ် အရွယ် Sam Smith သည် နိုင်ငံပေါင်းများစွာမှ လိင်စိတ်ခံယူမှုနှင့်ဆက်နွယ်ပြီး အရာရာမှာ ရုန်းကန်ကြိုးစား နေရသော “လိင်တူ ချစ်သူ” များအတွက် တည်ထောင်ထားသည့် ပရဟိတ လုပ်ငန်းအတွက် ရန်ပုံငွေများ ပိုမိုရရှိနိုင်ရန် နွေရာသီတွင် ဂီတဖျော်ဖြေ ပွဲများကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။



“တန်းတူညီမျှလက်ထပ်ခွင့်ဟာ အိုင်ရာလန်ရဲ့ အဓိကဥပဒေကြီးဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်” ဟုပြောကြားလိုက်သည့် Dustin Lance Black

၂၀၁၅ခုနှစ် မတ်လ ၆ ရက်

အိုင်ယာလန်အနေဖြင့် အိုင်ယာလန်နိုင်ငံအတွင်း လက်ထပ်ခြင်းဆိုင်ရာ သာတူညီမျှမှုအတွက် မဲပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ဇာတ်ညွှန်းဆိုင်ရာအကယ်ဒမီဆုရှင် Dustin Lance Black က Irish Radio အစီအစဉ်တွင် ပြောကြားခဲ့သည်။ 

“ဒီတန်းတူညီမျှ လက်ထပ်ခွင့်ဆိုတာ ကျွန်တော်တို့မြေရဲ့အဓိက ဥပဒေကြီးအဖြစ် မေလကုန်ပိုင်းလောက်မှာတကယ်ဖြစ်လောက်တယ်။ အရမ်းကို လှပတဲ့အရာပဲ။ ပြီးတော့ Irish ပြည်သူရဲ့ ထူးခြားမှု၊ အံ့သြစရာတွေကို ထုတ်ဖော်နေတဲ့အရာလည်း ဖြစ်မယ်” ဟု Black က ပြောကြားခဲ့သည်။  

“ကျွန်တော့်ယူဆချက်နဲ့ဆိုရင်တော့ ဒီမိုကရေစီရဲ့ အခြေခံအုပ်မြစ်ပဲဆိုတာ လူများစုရဲ့ နိုင်လိုမင်းထက် ပြုမူတဲ့ အမှုတွေကနေ လူနည်းစုကို ကာကွယ်ပေးခြင်းပါပဲ” ဟု အိုလံပစ်အားကစားသမား Tom Daley နှင့် တွဲခုတ်နေသူ Black က ပြောကြားခဲ့သည်။
လိင်တူလက်ထပ်ခြင်းနှင့်ပတ်သက်၍ယခုနှစ် မေလ ၂၂ ရက်နေ့တွင် ပြည်သူ့ဆန္ဒ ခံယူပွဲ ပြုလုပ်မှာဖြစ်ပြီး ယင်း၏ စာသားအပြည့်အစုံမှာ “Marriage may be contracted in accordance with law by two persons without distinction as to their sex.” ဖြစ်သည်။ 

“ဘ၀မှာ အမေ ပြီးတော့ မိသားစုတွေက အချိန်တိုင်းတော့ မကောင်းနိုင်ခဲ့ကြဘူး။ အမေဆို လွယ်လွယ်နားလည်မပေးနိုင်ခဲ့ဘူးလေ။ အဲဒီကာလတွေတော့ မိသားစုမှာ ကြေကွဲစရာ ၀မ်းနည်းစရာတွေ အရမ်းများခဲ့တဲ့ကာလပေါ့” ဟု သူ့အတွေ့အကြုံနှင့် ရင်ဆိုင်ရသော အခက်အခဲများကိုပြောပြခဲ့သည်။
“မှန်ကန်တဲ့ ဆက်သွယ်မှုလမ်းကြောင်းတွေ ဖွင့်ပေးပါ။ ဒီအကြောင်းအရာတွေကို များများပြောပေးပါ။ ဘာလို့လဲဆိုတော့ သတင်းအမှား တွေ အရမ်းများနေတယ်လေ။ အဲဒါကပဲ လိင်တူချစ်ခြင်းကို မုန်းတီးရွံရှာမှု ဆိုတာ ဖြစ်လာတာ။” ဟု Oscar ဆုရှင် Dustin Lance Black ပြောကြားခဲ့သည်။ 


 
Tiffany & Co TV ကြော်ငြာတွင် အမျိုးသားလိင်တူချစ်သူစုံတွဲ (Gay Couple) ပါဝင်
၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်

Tiffany & Co သည် ၄င်းတို့၏ 'Will You' campaign ကို ပုံနှိပ်ကြော်ငြာအပြီးတွင် TV ကြော်ငြာတွင်လည်း အမျိုးသားလိင်တူချစ်သူ (gay) စုံတွဲတစ်တွဲကို ထည့်သွင်းပါဝင်စေခဲ့သည်။ 

ယင်းစုံတွဲကို “နာမည်ကျော်ကုန်ပစ္စည်း အမှတ်တံဆိပ်၏ ပထမဦးဆုံး လိင်တူစုံတွဲကြော်ငြာ” အဖြစ် ဇန်န၀ါရီလထုတ် သတင်းစာများ ၏ခေါင်းကြီးပိုင်းတွင် အများအပြားဖော်ပြခဲ့ကြသည်။ 

ချစ်သူစုံတွဲများစွာနှင့် သူတို့၏ ခေတ်မီသော အချစ်ပုံပြင်များ အကြံပြု ချက်များအပေါ် ချဉ်းကပ်ပြီး Ogilvy နှင့် Mather တို့က အဆိုပါကြော်ငြာကို ဖန်တီးရိုက်ကူးခဲ့ကြသည်။

ပုံနှိပ်ကြော်ငြာကဲ့သို့ပင် TV ကြော်ငြာတွင်လည်း မေးခွန်းများစွာဖြစ်ပေါ်စေခဲ့သည်။
ကြော်ငြာတွင်ပါဝင်သော စုံတွဲသည် အပြင်လောက၌လည်း အမှန်တကယ်ချစ်သူစုံတွဲများဖြစ်ကြပြီး လွန်ခဲ့သော မေလကပင် နယူးယောက်မြို့တွင် လက်ထပ်ခဲ့ကြသည်။

Tiffany & Co ကုမ္ပဏီသည် OUT မဂ္ဂဇင်းတွင်လည်း Ben & Brandon ချစ်သူနှစ်ဦးအတွက် Montana Men in Loveခေါင်းစဉ်ဖြင့် ဓာတ်ပုံရိုက်ကူးမှုများ တင်ဆက်ခဲ့သေးသည်။

www.gaynewsnetwork.au

၂၀၂၀ တိုကျို အိုလံပစ်ကျင်းပချိန်တွင် လိင်တူချစ်များအား ခွဲခြားဆက်ဆံခြင်းကို အဆုံးသတ်မည့် အဖွဲ့အစည်းတစ်ခုကို ဂျပန်နိုင်ငံသား ဥပဒေပြဌာန်းသူများဖွဲ့စည်း

၂၀၁၅ခုနှစ် မတ်လ ၁၇ ရက်
၂၀၂၀ တိုကျို အိုလံပစ်ကျင်းပချိန် နိုင်ငံအတွင်းတွင် လိင်တူချစ်များအား ခွဲခြားဆက်ဆံခြင်းကို အတိုက်အခံလုပ် ကန့်ကွက်သည့် အဖွဲ့အစည်းတစ်ခုအား ဂျပန်နိုင်ငံသား ဥပဒေပြဌာန်းသူများက မတ်လ(၁၇) ရက်နေ့ (အင်္ဂါနေ့) တွင်ဖွဲ့စည်းခဲ့ပါတယ်။
Liberal Democratic Party (LDP) ပါတီဝင်နဲ့ ကော်မတီ ခေါင်းဆောင် Hiroshi Hase က ရုရှားနိုင်ငံရဲ့ လိင်တူဆန့်ကျင်ခြင်းဆိုင်ရာ ဥပဒေကို ဆန့်ကျင်တဲ့ Sochi သပိတ်မျိုး တစ်ကျော့ပြန်လာမှာကို သူတို့ငြင်းဆန်ရှောင်ရှားလိုကြောင်း ပြောခဲ့တာပါ။ 

 “အိုလံပစ်ပွဲတော်ကျင်းပနေသလိုပါပဲ၊ ဂျပန်လူ့အဖွဲ့အစည်းကနေ ဒီလိင်စိတ်ခံစားချက်ရှိကြတဲ့ လူနည်းစုအပေါ်မှာ ဘယ်လိုပြုမှုဆက်ဆံ သလဲ ဆိုတဲ့ မေးခွန်းတွေရှိလာမယ်ဆိုတာ သံသယ၀င်စရာမလိုဘူး။” လို့ ဆိုပါတယ်။
“ဒီအားကစားပြိုင်ပွဲအတွက် အခြေခံစီမံကိန်းနဲ့ ဥပဒေသတွေကို အဆင်သင့်ပြီးပြည့်စုံအောင် လုပ်ဆောင်သလိုပဲ ကျွန်တော်တို့ အခြေခံသဘောတရားတွေ သတ်မှတ်ဖြည့်စည်းထားဖို့လိုမယ်ဗျ” လို့လည်း ထပ်မံဖြည့်စွက်ပြောကြားသွားပါတယ်။

ငြင်းဆန် တောင်းဆိုမှုများနှင့် ကမ္ဘာ့ခေါင်းဆောင်များက Sochi ဆန္ဒပြခြင်းကို စတင်ပြီးနောက် နိုင်ငံတကာ အိုလံပစ်ကော်မတီသည် လိင်စိတ်ခံယူမှုကိုအခြေခံပြီး ခွဲခြားဆက်ဆံခြင်းမပြုရန် ဆိုတဲ့စည်းမျည်းတစ်ခုကို ဒီဇင်ဘာလတွင် ထပ်မံဖြည့်တင်းခဲ့ပါတယ်။
ယင်းအဖွဲ့သည် LGBTI အဖွဲ့အစည်းများ၏ အဖွဲ့ဝင်နှင့် အခြားနိုင်ငံများရှိ လိင်စိတ်ခံယူခြင်းဆိုင်ရာဥပဒေ လေ့လာသူများနှင့် တွေ့ဆုံရန်၊ မူကြမ်းစတင်ရေးဆွဲရန် ပြင်ဆင်လျှက်ရှိသည်။
လက်ရှိအချိန်အထိ ကော်မတီဝင် ဥပဒေပြဌာန်းသူ ၃၈ ယောက်ရှိနေပြီး LDP ပါတီဝင် ၁၃ယောက်နှင့် အခြားအတိုက်အခံမှ ၁၂ ယောက်တို့ ပါဝင်နေပြီဖြစ်သည်။
 

 “လိင်တူကြိုက် ကျောင်းသားလေးတွေ အနိုင်ကျင့်ခံနေရတာက လိင်တူလက်ထပ်ခြင်းနဲ့ပတ်သက်ပြီး ကျွန်တော့်စိတ်အတွေးကို ပြောင်းလဲစေခဲ့တာပါ” ဟု David Cameron ပြော

UK ၀န်ကြိးချုပ် David Cameron သည် LGBTI ကျောင်းသားများ၏ အနိုင်ကျင့်ခံရခြင်းက လိင်တူ လက်ထပ်ခြင်းနှင့် ပတ်သက်၍ စိတ်အပြောင်းအလဲဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ 

ရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံနိုင်ရေးအတွက် ကြိုးစားနေသော ၀န်ကြီးချုပ်က ယင်းအာဏာရရှိချိန်အတွင်း အင်္ဂလန် နှင့် ဝေလပြည်တွင် တန်းတူလက်ထပ်ခွင့်ကို တရားဝင်ပြဌာန်းနိုင်ခဲ့ခြင်းအပေါ် အလွန်ပင်ဂုဏ်ယူကြောင်းပြောခဲ့သည်။ 

ပထမဦးဆုံးလိင်တူကြိုက်နှစ်သက်သူများ ချီတက်လမ်းလျှောက်ခြင်းကို အင်္ဂလန် နှင့် ဝေလတွင် ၂၀၁၄ ခု၊ မတ်လတွင် စတင်ခဲ့ပြီး  ဒီဇင်ဘာ၃၁ ရက်နေ့တွင် စကော့တလန်မှ လိုက်လံလုပ်ဆောင်ခဲ့ကြသည်။ 

ဝန်ကြီးချုပ်သည် Buzzfeed မှ မေးမြန်သော LGBTI ပုဂ္ဂိုလ်များရဲ့ကြုံတွေ့ရမည့် အခက်အခဲများ ဖြစ်လာနိုင်သည့် အခွင့်ရေး ပြောင်းလဲနိုင်မှု၊ ကြမ်းတမ်းခက်ထန်မှုတွေနဲ့ပတ်သက်ပြီး  “ဆန့်ကျင်ဘက်စိတ်နဲ့ လူထု (trans people) တွေ ခွဲခြားဆက်ဆံခံ ရမှုနဲ့အတူ အခြားပြဿနာများ ခံစားနေရခြင်းအတွက် ကျွန်တော်တို့ တိကျတဲ့ငြင်းဆိုမှုတွေ၊ ပြဋ္ဌာန်းချက်တွေ လုပ်ဖို့လိုမယ်။ ဒါအရေကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။” ဟု ဖြေကြားခဲ့သည်။ 
 “ကျွန်တော်တို့ကျောင်းတွေမှာ ဖြစ်ပျက်နေတဲ့ကိစ္စတစ်ရပ်ဟာဆိုရင် အရေးကြီးဆုံးအချက်တစ်ချက်လို့ တွေးကြည့်မြင်ကြည့်လို့ ရပါတယ်။ လိင်တူချစ်သူတွေကို မုန်းတီးရွံရှာသူတွေ၊ လိင်တူလိင်ကွဲနှစ်မျိုးလုံးကြိုက်နှစ်သက်သူများကို မုန်းတီးရွံရှာနေကြတဲ့သူတွေက ပုံစံမျိုးစုံနှင့် အနိုင်ကျင့်ခွဲခြားနေကြတာဟာလက်တွေ့ပါပဲ။ ဒါဟာ ကျွန်တော့်ကို လိင်တူလက်ထပ်ခြင်းနဲ့ ပတ်သက်ပြီး အရေးတယူဖြစ် လာစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ” ဟု ထပ်လောင်းပြောကြားခဲ့သေးသည်။ 

“ကျွန်တော်တို့လူအဖွဲ့အစည်းထဲမှာ လက်ထပ်ခြင်းဆိုတာ လူတိုင်းနဲ့သက်ဆိုင်တယ်လို့ယူဆကြရင် သင့်အနေနဲ့ straight ပဲဖြစ်ဖြစ် gay ပဲဖြစ်ဖြစ် အိမ်ယာထူထောင်ခြင်းဟာ အကျုံးဝင်ရမှာပေါ့လေ။ ကျွန်တော့်အနေနဲ့ လက်ထပ်ပေါင်းသင်းခြင်းကိစ္စရပ်က ကောင်းတယ်လို့ အများကြီးယုံကြည်ထားပါတယ်။ ဒီအချက်ကို သင်တွေးမိလိုက်ရင် သူတို့ရဲ့လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး ဝေဖန်နေတာ ရှုံ့ချနေတာ တွေကို ရပ်တန့်လိုက်ခြင်းဟာ ဘယ်လောက်တောင် တရားမျှတလိုက်သလဲဆိုတာ သတိပြုမိရမှာပါ” ဟုလည်းပြောဆိုခဲ့သည်။

အစောပိုင်းကာလတွင် Cameron သည် လိင်တူချစ် လိင်တူကြိုက်နှစ်သက်သူများကို လက်ခံခွင့်တားမြစ်သည့် ဥပဒေ ပုဒ်မ ၂၈ ပယ်ဖျက်ရန် ငြင်းဆိုခဲ့သူဖြစ်သည်။ ၂၀၀၀ပြည့်နှစ်တွင် ၀န်ကြီး Tony Blair မှာ ပြည်သူ့ ကိုယ်စားလှယ်ဖြစ်ရေးအတွက် တိုက်စစ်ဆင်ရာ တွင်“မိသားစုတန်ဖိုးကို ကျဆင်းစေတဲ့သူ”ဟု ဝေဖန်စွပ်စွဲခဲ့သူလည်းဖြစ် သည်။ ၂၀၀၃ ခုနှစ်အထိ ယင်းပုဒ်မ ၂၈ ကို ပယ်ဖျက်မှုမပြုရန် မဲပေးခဲ့သူဖြစ်သည်။ 

၂၀၀၄ ခုနှစ်တွင်သာ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ခဲ့ပြီ၊ ၂၀၀၉ ခုနှစ်တွင် ပုဒ်မ၂၈အပေါ်ထားရှိသော သဘောထားနှင့် ပတ်သက်၍ တောင်းပန်ခဲ့သည်။ ၂၀၁၁ခုနှစ် Conservative Party ညီလာခံတွင် “ဒါက တန်းတူညီမျှကျမှုအပြင် ကတိက၀တ်ပေး ခြင်းလည်းမည်ပါတယ်” ဟု ၀န်ကြီးချုပ် Cameron က ပြောကြားခဲ့သည်။
Conservative အနေနဲ့ စည်းဘောင်တစ်ခုအတွင်းမှာ နေထိုင်ခြင်းဖြင့် ပြည်သူတွေအတွက် ထူးခြားသော တိုးတက်မှု ကူညီမှုတစ်ရပ် ဆောင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ Conservative တစ်ယောက်ဖြစ်နေတဲ့အတွက်လည်း လိင်တူခြင်းလက်ထပ်မှုကို မထောက်ခံခဲ့ပါဘူး။ အင်း…လိင်တူခြင်း လက်ထပ်မှုကို ကျွန်တော်ထောက်ပံ့ပေးပါပြီ ဘာကြောင့်လဲဆိုရင် ကျွန်တော်ဟာ Conservative တစ်ယောက်ဖြစ် လို့ပါ။

စာကြွင်း          ။ စာရေးသူညီလေးတစ်ယောက် ဖြစ်တဲ့ Salai Leo ရဲ့ သတင်းရေးသားမှုကြိုးပမ်းချက်လေးတွေဖြစ်ပါတယ်။ ပထမဆုံး အရေးအသားများဖြစ်သောကြောင့် အမှားအယွင်းများရှိခဲ့ရင် ခွင့်လွှတ်ကြပါ ခင်ဗျ။

 


No comments: