Friday, January 1, 2016

သင့်လိင်တံအား မပြုလုပ်သင့်သော အချက်(၁၁)ချက်




အမျိုးသားလိင်တံဆိုတာ အတော်အထိအခိုက်လွယ်သော အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေက တရားလွန်ဆွဲဆန့်တာလိုမျိုး မဟုတ်တရုပ်အကြောင်းအရာများစွာ လုပ်ကြပါတယ်။ တရားလွန် ဆေးကြောသန့်စင်ခြင်း သို့မဟုတ် အရေပြားကိုဖောက် လက်ဝတ်ရတနာလိုပစ္စည်းတွေတပ် (ဂေါ်လီထည့်တာလိုမျိုး)တာတွေကောပေါ့။ 

အခုပြောပြမယ့်အကြောင်းအရာတွေထဲမှာ အဦးဆုံးအချက်အလက်တွေကတော့ စာဖတ်သူအနေနဲ့ ကိုယ့်အမျိုးသားအင်္ဂါ ဖွားဖက်တော်ကို ဘယ်တော့မှ မပြုလုပ်သင့်တဲ့အချက်အလက်များဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ တကယ့်ကို အမျိုးသားတွေအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်ပါတယ် ခင်ဗျ။

သင့်လိင်တံကို အကဲဖြတ်ပါ (Measure your penis)
စာဖတ်သူရဲ့ လိင်အင်္ဂါတောင့်တင်းလာချိန်တွင် အရှည် သုံးလက်မထက်ပိုနေပြီဆိုပါက ခပ်ပျော်ပျော်ပဲနေလိုက်ပါတော့။ လိင်တံဘယ်လောက်ရှည်မှ ယောက်ျားပီသတာတွေ အတိုင်းအတာဘယ်လောက်ရှိမှ အားရမလားဆိုတာတွေ တွေးနေ တာကိုရပ်တန့်လိုက်ပြီး စာဖတ်သူရဲ့လိင်ဆက်ဆံဖက် ပါတနာ ကျေနပ်နှစ်သိမ့်စေဖို့ကိုသာကြိုးစားပါ။ လိင်တံအရွယ် အစား အရှည်အတိုဆိုတာ လိင်စိတ်ကြေနပ်စေမှုထက် ပိုပြီးအခရာမကျပါဘူး ခင်ဗျ။

လိင်တံရှည်အောင် မကြာခဏဆွဲဆန့်ခြင်း (Pull your penis to make it long)
လိင်တံရှည်လျားလာအောင် မကြာခဏဆွဲဆန့်ခြင်းဖြင့် စာဖတ်သူရဲ့လိင်တံအလျားရှည်လာလိမ့်မယ်လို့ ခံစားယုံကြည်နေပါက မှားနေပြီဆိုတာ သိသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါအပြုအမူကို ပြုလုပ်လေ့ကျင့်ခြင်းဖြင့် အလျားရှည်လာကြောင်း တိကျတဲ့သက်သေပြချက်တွေ အခုထိမပေါ်သေးလို့ပါပဲ။ ဒါပေမဲ့ စာဖတ်သူအနေနဲ့ ဆွဲဆန့်ကိရိယာများဖြင့် လေ့ကျင့်ပြုလုပ်လျှင် အကျိုးထူးမယ်လို့ စိတ်အားထန်သန်စွာဆက်လုပ်နေပါလျှင် လိင်တံကြွက်သားများ နှင့် တစ်ရှူးများ အားပျော့ပျက်စီးခြင်း သေချာပေါက်ဖြစ်မှာသေချာပါတယ်။

လိင်တံထွားဖို့ ထုတ်ကုန်များ (Penis enlargement products)
လိင်တံကို ဆွဲဆွဲဆန့်တဲ့လေ့ကျင့်ခန်းကိုလုပ်လို့ ရလဒ်ကောင်းမထွက်လာဖူးဆိုရင် များသောအားဖြင့် နောက်လုပ်ဆောင်မှုတစ်ခုအဖြစ် လိင်တံထွားကြိုင်းလာစေပါတယ်ဆိုတဲ့ ထုတ်ကုန်များသုံးစွဲတဲ့ဖက်ကို ပြောင်းလဲကြမှာ သေချာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူအတော်များများအနေနဲ့ အဆိုပါထုတ်ကုန်အတော်များများမှာ ဟော်မုန်းတွေ၊ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေသာ ပါဝင်တတ်ပြီး သူတို့ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ထုတ်လုပ်တဲ့ ကုမ္ပဏီအတော်များများက သေချာမရှင်းပြ မပြောပြထားတတ်တာကို မသိရှိနိုင်ကြပါဘူး။ စာဖတ်သူကော အဲ့လိုထုတ်ကုန်ပစ္စည်းတွေကို ၀ယ်သုံးနေတုန်းလား?

လိင်ဆက်ဆံပြီးနောက် သန့်ရှင်းရေးမလုပ်ဘဲမနေကြပါနဲ့ (Never leave it unclean after sex)
တစ်ကိုယ်ရည်အာသာဖြေပြီး သို့မဟုတ် လိင်ဆက်ဆံပြီးနောက် စာဖတ်သူရဲ့ လိင်အင်္ဂါကိုသန့်ရှင်းရေးလုပ်ခြင်းအကျင့် တစ်ခုကို မွေးမြူပြုလုပ်ပါ။ လိင်အင်္ဂါတွေကစိမ့်ထွက်တတ်တဲ့အရည်အများစုဟာ လိင်ဆက်ဆံစဉ်ထိတွေ့တဲ့နေရာအများစု မှာ ဘက်တီးရီးယားပိုးမွေးမြူရာကွင်းတစ်ခုအဖြစ် ဖန်တီးနိုင်စေလို့ဖြစ်ပါတယ်။ တစ်ရှူးနဲ့သုတ်သင်သန့်ရှင်းရုံနဲ့ မလုံလောက်ပါဘူး ရေဖြင့် သန့်စင်လိုက်ပါ။

ကိုယ်ခန္ဓာသုံး အားပြင်းသန့်စင်ပစ္စည်းများဖြင့် လိင်အင်္ဂါကိုဆေးကျောခြင်းမပြုပါနဲ့ (Avoid using srong body washes to clean your genitals)
တန်ဖိုးကြီး ထုတ်ကုန်များ သို့မဟုတ် ဈေးကြီးသော သန့်ရှင်းရေးပစ္စည်းများကို ငွေကြေးမြုပ်နှံမိဖို့မလိုပါဘူး ခပ်ပျော့ပျော့ ဆပ်ပြာကိုသာ အသုံးပြုသန့်စင်နိုင်ပါတယ်။ ဓာတုဗေဒအခြေပြု ခန္ဓာကိုယ်သန့်စင်ဆေးကြောပစ္စည်းတွေကို အသုံးပြုပြီး စာဖတ်သူရဲ့ လိင်တံကို ဆေးကြောခြင်းကိုရှောင်ကြဉ်ရပါမယ်။ လိင်အင်္ဂါအရေပြားတွေကိုခြောက်သွေ့ယားယံစေလို့ ဖြစ်ပါတယ်။

လိင်တံကို တရားလွန်မဆေးနဲ့ (Over washing your penis)
မိမိလိင်တံကို သန့်ရှင်းအောင်ဆေးကြောသန့်စင်တယ်ဆိုတာ ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုဖြစ်သော်လည်း တရားလွန်ဆေးကြောခြင်း သို့မဟုတ် ပွတ်တိုက်ဆေးကြောမှုများခြင်းတွေကိုတော့မပြုလုပ်ပါနဲ့။ မကြာခဏဆေးကြောနေ တော့ နုညံ့တဲ့အရေပြားလေးကို ပွတ်တိုက်မိနေသလိုဖြစ်ပြီး ပွန်းပဲ့စေပါတယ်။ ဒီလိုအချိန်မျိုးမှာ HIV ပိုးအပါအ၀င် ကာလသားရောဂါပိုးတွေ (STDs – Sexually Transmitted Diseases) ခိုအောင်းနေတတ်တဲ့ ကိုယ်တွင်းအရည်များနဲ့ ထိများထိတွေ့မိလိုက်ကြရင် အလွယ်တကူကူးစက်မှုခံကြရမယ့်ကိန်းများပါတယ်။

အတွင်းခံဘောင်းဘီကိုခပ်ကြပ်ကြပ်ဝတ်ဆင်ခြင်း (Wear tight underwear)
ခပ်ကြပ်ကြပ်အတွင်းခံများဟာ စာဖတ်သူရဲ့လိင်အင်္ဂါဆီသို့သွေးများစီးဆင်းခြင်းဖြစ်စဉ်ကို အကျိုးသက်ရောက်မှုရှိသလို Human Reproduction Journal ရဲ့ အစီအရင်ခံစာအရ အမျိုးသားများရဲ့သုက်ကောင်ထုတ်လုပ်မှုလုပ်ငန်းစဉ်ကိုကျဆင်း သွားစေပြီး အမြုံဘ၀ရောက်စေနိုင်ပါသတဲ့။ နောက်တစ်ဖန် ခပ်ကြပ်ကြပ်အတွင်းခံဝတ်ထားခြင်းကြောင့် ဘောင်းဘီသားနဲ့ ထိနေတဲ့ ဧရိယာဝန်းကျင်မှာ ချွေးတွေစိုကာ ယားယံပြီး အရေပြားပိုးဝင်မှုနှုန်းတိုးပွားစေပါတယ်။

လိင်တံမှာ လက်ဝတ်ရတနာတပ်ဆင်ခြင်း (Pierce your penis)
ခန္ဓာကိုယ်ကို တက်တူးထိုးတာလို ပြီးတော့ နားကပ်လို အလှဆင်ပစ္စည်းတစ်ခုခုကိုတပ်ဆင်တာ ၀တ်ဆင်တာမျိုးတွေကို လိင်အင်္ဂါမှာမပြုလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကာလသားရောဂါကူးစက်နိုင်နှုန်းမြင့်စေလို့ပါပဲ။ (များသောအားဖြင့် သတ္ထုကွင်းလေးတွေ၊ နားကပ်လိုဟာလေးတွေ စသဖြင့်ပစ္စည်းလေးတွေကို တပ်ဆင်ကြရာမှာ ပိုးသပ်ထားတဲ့ အသင့်သုံးပစ္စည်းမျိုးတွေ မဟုတ်တတ်ကြလို့ပါ။)

လိင်အာသာဖြေပစ္စည်းများ (Sex toys)
လိင်ကိစ္စဟာ လူတစ်ဦးတစ်ယောက်အတွက် ကြေနပ်နှစ်သိမ့်မှု စိတ်ဖြေသိမ့်ရာ ဒေါသဖြေရာတစ်ခုခုဖြစ်နေနိုင်တာ မှန်ပေမယ့် လိင်အာသာ ဖြေပစ္စည်းတွေကို ဘယ်လိုသုံးရမယ် ဘယ်လောက်အနေအထားလောက်ပဲသုံးရမယ်ဆိုတာ မသိဘဲ အကြမ်းပတမ်းအသုံးပြု မယ်ဆိုရင် မကောင်းပါဘူး။အစီရင်ခံစာတစ်စောင်မှာရေးသားထားချက်အရ အမျိုးသား တစ်ယောက်ဟာ sex toy တစ်ခုကနေ သူ့လိင်တံကို ထုတ်နိုင်ဖို့ကြိုးစားရင်း သေဆုံးသွားခဲ့ရတယ်ဆိုတာပါပဲ။

ညွန်ကြားချက်မရှိသော ဆေးဝါးများ (Medications without prescription)
တကယ်လို့ စာဖတ်သူအနေနဲ့ စိတ်ဓာတ်ကျ စိတ်အားငယ်မှုမကြာခဏဖြစ်နေလို့ ဆေးဝါးတစ်ခုခုကိုမှီဝဲနေရတယ်ဆိုရင် အထူးသဖြင့် Zoloft လို စိတ်ကျရောဂါကုဆေးမျိုး မှီဝဲမယ်ဆိုရင် ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။ အဲ့သလိုဆေးတွေ ရဲ့ side effects တွေအဖြစ် ပန်းသေပန်းညိုးခြင်း၊ သုက်ထွက်ဖို့ အထွဋ်အထိပ်ရောက်ဖို့ခက်ခဲခြင်းတွေဖြစ်တတ်ပါကြောင်း လိင်ပိုင်းဆိုင်ရာပညာရှင် (sexologist) တစ်ဦးဖြစ်တဲ့ Dr. Vijayasarathi Raman ကပြောပါတယ်။ ဆေးဝါးတွေကိုမှီဝဲရာ မှာ သုံးစွဲရာမှာ အသိရှိရှိ သတိနဲ့သုံးစွဲသင့်ပြီး ကိုယ့်ဖာသာရမ်းသမ်းမမှီဝဲသင့်ပါဘူး ခင်ဗျ။

ပုလင်းတစ်လုံး သို့မဟုတ် အရုပ်တစ်ခုထဲမထည့်ရ (Insert it in a bottle or c
ry)
ဟေး….မရယ်နဲ့ ဒါဟာသအဖြစ်ပြောတာမဟုတ်ဘူး။ အိန္ဒိယမြူနီစီပယ်ဆေးရုံတစ်ရုံရဲ့အပြောအရ တထပ်တည်းလိုတူနေ တတ်တဲ့ လူတွေရဲ့တိုင်ကြားမှုတစ်ရပ် အထွန့်တက်မှုတစ်ခုက ပုလင်းတစ်လုံး သို့မဟုတ် အရုပ်တစ်ရုပ်(not sex-toy)က သူတို့လိင်တံကို စုပ်ယူထားလို့ပါတဲ့..ကဲ။

Alex Aung (1 Jan 2016)

No comments: