Sunday, May 22, 2016

B အသစ်လေးတွေအတွက် အခြေခံ ၁၀ ချက် (10 Simple Tips for New Bottoms)

Tips for New Bottoms

တကယ်လို့ စာဖတ်သူဟာ ခရေ(စအို)ကိုသုံးပြီး လိင်ဆက်ဆံမှုအခုမှစလုပ်မယ်ဆိုပါက ကျနော့်အနေနဲ့ရိုးရိုးသားသားပြောရရင် အောက်ကနေပြီး အပေါ်ကလူပြုသမျှနုရတဲ့ကိစ္စဟာ နာကျင်နိုင်ပါတယ်။ သတင်းကောင်းပြောရရင် စာဖတ်သူအနေနဲ့ မိမိလုပ်နေတဲ့ ကိစ္စမှာ သာယာမယ်ဆိုတဲ့စိတ်ကပ်ပြီး လုပ်ဆောင်မယ်ဆိုရင် နာကျင်မှုကိုအာရုံစူးစိုက်စရာကိစ္စရပ်တစ်ခုအဖြစ် အထူးတလည် သတိ မကပ်နိုင်တော့ပါ။ မကောင်းသတင်းပြောရရင်တော့ ဟိုးအရင်ကတည်းက အတွေ့အကြုံမရှိတဲ့ ထိုးသွင်းဆက်ဆံခံရတဲ့အဖြစ်ဟာ အစိမ်း သက်သက် ခံစားချက်တစ်ခုဖြစ်တာကြောင့် ဘာလုပ်လို့ဘာကိုင်နေမိမှန်းမသိ နာကျင်တဲ့ခံစားမှုကိုသာ အာရုံစိုက်မိတတ်တာကြောင့် အတွေ့အကြုံရဖို့ အလေ့အကျင့်လုပ်မှဖြစ်မယ်လို့ မသိစိတ်ကမှတ်သားရနိုင်ပါတယ်။
ကံဆိုးချင်တော့ ခေတ်ရေစီးကြောင်းမီဒီယာတွေမှာ လိင်တူဆက်ဆံတာနဲ့ပတ်သက်သော လိင်ကိစ္စများ သို့မဟုတ် ခန္ဓာကိုယ်နောက်ပိုင်း အင်္ဂါကိုအသုံးပြု လိင်ဆက်ဆံတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးအကြံပေးတယ်ဆိုတာ ကြုံတောင့်ကြုံခဲဖြစ်နေပါတယ်။

ဒါကြောင့် နာကျင်မှု ကနေ သာယာမှုစီပြောင်းလဲတဲ့ခံစားချက်တွေဖြစ်လာဖို့ အကူအညီရလိုရငြား ကျနော်အကြံဥာဏ်ပေးပါရစေ။

လိင်တူကြိုက်နှစ်သက်သူ/လိင်တူလိင်ကွဲနှစ်မျိုးစလုံးနှစ်သက်သူ တို့အတွက် ခရေ(စအို)ကိုသုံးကာ စတင်ဆက်ဆံရာမှာ အထောက် အကူဖြစ်မယ့် အချက်(၁၀)ချက်ဖြစ်ပါတယ်။

(၁) ချောဆီဆိုတာ အကောင်းဆုံးမိတ်ဆွေ (Lube is your best friend)

ပထမဆုံးထိုးသွင်းဆက်ဆံခံရတဲ့ကိစ္စမှာ ချောဆီများလွန်းနေတယ်ဆိုတဲ့ ဆင်ခြေက အရေးမပါလှပါဘူး။ စာဖတ်သူရဲ့ ပထမဆုံးအကြိမ် တွေအတွက် ဖြစ်နိုင်သမျှ ချောဆီများများသုံးပေးရပါမယ် ပါတနာရဲ့လိင်အင်္ဂါထိုးသွင်းရာမှာ မှန်ကန်အဆင်ချောဖို့အတွက်ဖြစ်ပါတယ်။

(၂) လက်သည်းများကိုညှပ်ပြုသန့်စင်ထားပါ (Cut your fingernails)
လက်သည်းတွေညှပ်ထားတယ်လား? တကယ်ကောင်းတယ်။ အခုပဲ လက်သည်းတွေကို ခပ်တိုတိုညှပ်ထားကာ အစွန်းတွေချွန်မနေရ အောင် ညှိထားလိုက်ပါ။ စာဖတ်သူအနေနဲ့ကိုယ့်ခရေ၀(စအို)ကို ကိုယ့်ဖာသာလက်ချောင်းကလေးတွေထိုးသွင်းကာ အလေ့အကျင့်ရ အောင် လုပ်ချင်တဲ့အခါ လက်သည်းအရှည်တွေဟာ ခြစ်ပြုသွားနိုင်တာကိုး။ လက်တွေကိုသေချာကြည့် စာဖတ်သူရဲ့လက်သည်းတွေ ဟာ သိပ်မတိုဘူး ဟုတ်တယ်ဟုတ်?

(၃) ရေချိုးနေရင်း လေ့ကျင့်ကြည့် (Practice in the shower)
အခုမှ လက်သည်းညှပ်ပြုသန့်စင် ညှိပြုလို့ပြီးကာစဆိုပါလျှင် ရေချိုးနေစဉ်ခဏ ကိုယ့်ဖာသာ ခရေ၀ထဲ လက်ချောင်းလေးတွေနဲ့ အသာ ထိုးသွင်းလေ့ကျင့်ကြည့်ပါ။ ဘယ်လိုထိုးသွင်းခံရတယ်ဆိုတဲ့ စိတ်ခံစားချက်မျိုး အတွေ့အကြုံရဖို့ရယ် တကယ်ပြုလုပ်ဆက်ဆံတာ အတွက် ပြင်ဆင်ထားတဲ့သဘောတွေမှာ အထောက်အကူဖြစ်နိုင်ပါတယ်။

(၄) ဖျစ်ညှစ်တင်းကြပ်မိမှုကို တွန်းကန်ကြည့်ဖို့ (Fight the urge to clench)
စာဖတ်သူရဲ့ သဘာဝတုန့်ပြန်ချက်အရကို အတင်းအကြပ်ဖျစ်ညှစ်တာလုပ်ပစ်ပါမယ်။ စာဖတ်သူအနေနဲ့ ထိုးသွင်းဝင်ရောက်လာတဲ့ လိင်အင်္ဂါကို ဖျစ်ညှစ်ပစ်မိတဲ့ကိစ္စအပေါ် တွန်းကန် ရုန်းကန်ဖို့လိုမယ်လေ။ အပြင်ကိုရောက်သွားအောင်တွန်းထုတ်တာမလုပ်ရပါဘူး။ စိတ်တင်းကြပ်မှုကိုလျော့ သက်သောင့်သက်သာဖြစ်ဖို့လိုရင်းပါ။

နောက်ထပ် နောက်ထပ် ထိုးသွင်းဆက်ဆံလာချိန်မှာတော့ စာဖတ်သူရဲ့ ခန္ဓာကိုယ်ဟာ သဘာဝအတိုင်း အလိုက်သင့်ဖြေလျော့ပေးတတ် လာပါလိမ့်မယ်။

(၅) ခပ်ဖြေးဖြေးသာသွား (Go slow)
လိင်အင်္ဂါတစ်ခုလုံး စာဖတ်သူရဲ့ခရေထဲရောက်သွားဖို့ဆိုရင် အချိန်ယူဖို့လိုပါမယ်။ စာဖတ်သူရဲ့ပါတနာက ခရေ၀ လျှာကျွေးမှု ပြုလုပ် ပေးခြင်းကို ခွင့်ပြုပေးခြင်းအားဖြင့် စလုပ်စေခြင်းမဟုတ်ပါဘူး။ စာဖတ်သူအတွက် သက်သောင့်သက်သာ အနေအထား၊ စိတ်ခံစားမှုဖြစ် ချိန်စလုပ်ဖို့ ခံစားချက်ကောင်းတွေဖြစ်တည်နေချိန်များပိုင်ဆိုင်ဖို့ လိုအပ်သလောက်အချိန်ယူရပါမယ်။ အဆင်ပြေပြီ အိုကေပြီဆိုတဲ့ အချိန်နဲ့ကိုက်ညီတဲ့အခါမှာ ပါတနာကို မြန်မြန်နဲ့ ခပ်ပြင်းပြင်းဆက်ဆံဖို့ စာဖတ်သူက တောင်းဆိုနိုင်တာပေါ့နော် (စာဖတ်သူကကြိုက် နှစ်သက်ရင်)။

(၆) ဆီးကြိုသွားထားပါ (Pee beforehand)
ကျနော် ပထမဆုံးအကြိမ် အောက်ကနေခဲ့စဉ် (bottom) အချိန်မှာ မကြာခဏ ဆီးသွားမိတော့မလိုဖြစ်မယ်လို့ လက်ခံယုံကြည်နေခဲ့ ပါတယ်။ ပါတနာအနေနဲ့ ခပ်သွက်သွက် ထိုးသွင်းဆက်ဆံခဲ့မယ်ဆိုရင် သေးပေါက်ချင်သလိုစိတ် ပိုခံစားရမယ်ပေါ့။ ဒီလိုဖြစ်ရတဲ့ အကြောင်းက Prostate Gland နှိုးဆွတက်ကြွနေမှုကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် လိင်မဆက်ဆံခင် ဆီးကြိုသွားထားပါ။ ပြီးရင် ဒီလို စိတ်ခံစားချက်မျိုးပေါ်လာနိုင်တယ်ဆိုတာ မျှော်လင့်ထားပါ။ အတွေ့အကြုံများလာချိန်ရောက်ရင်တော့ သည်လိုအထိအတွေ့ ခံစားချက် တွေအပေါ် စာဖတ်သူအနေဖြင့် နားလည်သဘောပေါက်လာမှာဖြစ်ပါတယ်။

(၇) ၀မ်းသွားနေသလို ခံစားရနိုင်တယ် (It can feel like you’re pooping)
ဘ၀မှာ စအိုထဲကနေ မစင်ထွက်နေချိန် ခံစားရတဲ့အတွေ့အကြုံမျိုး ခံစားချက်မျိုးရနိုင်မယ့်အခြေအနေဖြစ်ပါတယ်။ အစပထမတော့ အဲ့ဒီ စအိုထဲအ၀င်အထွက်ဖြစ်နေတဲ့ ခံစားချက်မျိုးမကြာခဏဖြစ်နေတဲ့အပေါ် အံ့အားသင့်ကောင်း အံ့အားသင့်နေပါလိမ့်မယ် (ဒါဟာ သဘာဝ အလျောက် ဘာကြောင့်စအိုဝကိုညှစ်ပြုတဲ့ခံစားချက်မျိုး အာရုံရနေသလဲဆိုတဲ့သဘောအတိုင်းဖြစ်ပါတယ်)။ အတွေ့အကြုံတွေ ထပ်ကာ ထပ်ကာ ရလာချိန်မှာတော့ ၀မ်းသွားချင်သလိုလို သွားနေသလိုလို ခံစားချက်တွေဟာ အဝေးကိုပြေးသွားပါလိမ့်မယ်။

(၈) ကြိုတင်၍ သန့်ရှင်းထားပါ(Clean beforehand)
လိင်ဆက်ဆံတယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ သာယာကျေနပ်မှုပြုလုပ်ဖို့ထက်ပိုပါတယ်။ မိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေ မသန့်ရှင်းဘူး လို့ စိုးရိမ်စိတ်ဝင်နေပါက လက်ရှိပြုလုပ်နေတဲ့ကိစ္စအပေါ် လုံးလုံးလျားလျားစိတ်ပါနေမှာမဟုတ်သလို ပျော်ရွှင်နစ်လိုနေမှာလည်း မဟုတ်ပါဘူး။ စာဖတ်သူအနေနဲ့ အဆင်ပြေမယ်ဆိုရင်တော့ ၀မ်းချူပလစ်စတစ်ဘူးလေးတွေကိုအသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ မကြာခဏဆိုသလို ၀မ်းချူလုံးနဲ့ချူဖို့ မလိုပါဘူး။ ဆပ်ပြာလူးထားတဲ့ လက်ချောင်းတစ်ချောင်း သို့မဟုတ် ကလေးသန့်စင်သုံးပစ္စည်း တွေကလည်း အလုပ်ဖြစ်ပါတယ်။ နားထဲဆေးရည်ထည့်ဆေးကြောရာမှာသုံးတဲ့ ပြွန်လေးတစ်ခုကိုအသုံးပြုပြီးတော့လည်း အသာအယာ ထိုးထည့်ကာ သန့်စင်နိုင်ပါတယ်။ ရေထည့်သန့်စင်ခြင်းထက် ၀မ်းချူလုံးတစ်ခု သို့မဟုတ် ဆပ်ပြာရည်ကို ပြွန်နဲ့ထည့်ကာ သန့်စင်ခြင်းက အညစ်အကြေးတွေကို အပြည့်အ၀ရှင်းလင်းနိုင်တယ်လို့ပြောရပါမယ်။

(၉) ဘာလိုချင်တယ်ဆိုတာ အတိအကျဖော်ပြပါ(Express exactly what you want)
ဘယ်လို ဖီလင်မျိုးက ကောင်းတယ်၊ ဘယ်လိုမျိုးကတော့ နာတယ်ဆိုတာမျိုးတွေကို ပါတနာကိုပြောပြပါ။ သူ့ကို ခပ်သွက်သွက်လေး သို့မဟုတ် ပိုမိုအရှိန်လျော့ပြီး သို့မဟုတ် လိင်ဆက်ဆံပုံအနေအထားပြောင်းဖို့ ပြောပါ။ အထူးသဖြင့် ပထမဆုံးအကြိမ် ထိုးသွင်းဆက်ဆံ ခံသူ (the bottom) အနေနဲ့ အသံထွက်ပြုဖို့ရယ် ထိန်းနေဖို့ရယ်လိုပါတယ်။ စအိုဝနဲ့လိင်ဆက်ဆံမှုဖီလင်ဟာ လူတိုင်းအတွက်တော့ ကွဲပြားခြားနားမှုလေးတွေရှိနိုင်ပါတယ်။ စာဖတ်သူရဲ့လိုအပ်ချက်များနဲ့ လိုအင်ဆန္ဒတွေကို တိုက်ရိုက်ပြောဆိုဆက်ဆံခြင်းမရှိပါက  ထိုးသွင်းဆက်ဆံသူ ပါတနာ (top) အနေဖြင့် စာဖတ်သူက ဘယ်လိုအနေအထား ဘယ်လိုဖီလင်မျိုးရတာသဘောကျတယ်ဆိုတာ မသိနိုင်ပါဘူး။

(၁၀) ကွန်ဒုံးသုံးပါ (Wear a condom)
ကောင်းပါပြီ…….လုံခြုံစိတ်ချလိင်မှုဘ၀က စိတ်ကျေနပ်စရာအကောင်းဆုံးပါပဲ။ လိင်ဆက်ဆံမှုပြုတိုင်း ကွန်ဒုံးသုံးပါ။

Alex Aung (22 May 2016)

Ref: 10 Simple Tips for New Bottoms (Written by

 PRIDE CONTRIBUTOR) 

No comments: