Wednesday, May 11, 2016

ပေါင်ကြားက ညီဘွား သန်မာတောင့်တင်းစေဖို့ စားသုံးသင့်သောအစားအစာ (၁၀) မျိုး


လိင်မှုဘ၀သာယာဖို့ သို့မဟုတ် လိင်ဆက်ဆံရာမှာ ပိုမိုကောင်းမွန်တဲ့အနေအထားရရှိပိုင်ဆိုင်ဖို့ ကျနော်တို့အမျိုးသားတိုင်း တောင့်တ ကြ အလိုရှိကြပါတယ်။ ဒါကို ၀န်ခံရတာဟာ ရှက်စရာမဟုတ်ပါဘူး။ အမျိုးသားအများစုမှာ လိင်ဆက်ဆံရာ၌ လိင်အင်္ဂါတောင့်တင်းမှုမရှိ ပျော့ပျောင်းသွားခြင်းဆိုတဲ့ ကိစ္စသည် တကယ့်စိုးရိမ်စိတ်အစစ်အမှန်တစ်ရပ်ဖြစ်နေပါတယ်။

သို့သော်လည်းပဲ ဒီလိုစိုးရိမ်စိတ်ကဲနေသူများရဲ့ စိတ်ကိုအဆုံးသတ်ပေးဖို့ သတင်းကောင်းအချို့ရှိနေတယ်လို့ဆိုရပါမယ်။
ဟားဗတ်တက္ကသိုလ်နဲ့ အရှေ့အန်ဂျလီယာ တက္ကသိုလ်က သိပ္ပံပညာရှင်များရဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာ ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအရ ၀ိုင်နီတစ်ခွက် ပုံမှန်သောက်သုံးသူ၊ အချဉ်ဓာတ်ပါ အသီးအနှံများ စားသုံးလေ့ရှိသူ၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီတို့လို ဘယ်ရီသီးများ၊ ပန်းသီးနဲ့ သစ်တော်သီးကဲ့သို့သော အသီးများ ပုံမှန်စားသုံးလေ့ရှိသူအမျိုးသားများဟာ ပန်းသေပန်းညှိုး ဖြစ်ဖို့ ရာခိုင်နှုန်း နည်းပါးလေ့ရှိတယ်လို့ဆိုပါတယ်။

သုတေသနပြုလုပ်သူများ ရှာဖွေတွေ့ရှိတာကတော့ သုံးမျိုး သို့မဟုတ် လေးမျိုး သို့မဟုတ် flavonoid ဓာတ်ကြွယ်ဝသော အစားအစာနဲ့ သောက်စရာ တစ်ဖန်ခွက်စားသောက်ခြင်းသည် လိင်အင်္ဂါတောင့်တင်းမှုလျော့ခြင်းဆိုတဲ့ပြဿနာဖြစ်နိုင်ခြေအား 21%အထက် လျော့နည်းစေနိုင်တဲ့အခြေအနေတစ်ရပ်နဲ့ နှီးနွယ်နေကြောင်းတွေ့ရပါတယ်လို့ဆိုပါတယ်။

“သက်လတ်ပိုင်းအမျိုးသားများနှင့် သက်ကြီးအမျိုးသားများရဲ့ တစ်ဝက်လောက်မှာ flavonoids နဲ့ ပန်းသေပန်းညှိုးအကြား နှီးနွယ် ပတ်သက်မှုရှိနေကြောင်းပြသဖို့ ပထမဆုံးစမ်းသပ်လေ့လာတွေ့ရှိချက်တစ်ရပ်ဖြစ်ပါတယ်” လို့ သုတေသနပြုလုပ်ရာမှာ ဦးဆောင်သူ Professor Aedin Cassidy ကဆိုပါတယ်။ “flavonoids ဓာတ်ပါဝင်နှုန်းမြင့်များတဲ့ အစားအသောက်များကို ပုံမှန်နီးပါး စားသောက်သော အမျိုးသားများဟာ ပန်းသေပန်းညှိုးလက္ခဏာ ချဉ်းကပ်ဖို့နှုန်းနည်းပါးပါတယ်။ ပမာဏအနေနဲ့ပြောရရင် ကျနော်တို့ အနေနဲ့ ရက်သတ္တပါတ်တစ်ပါတ်ကို မကြာခဏဆိုသလို အနည်းအကျဉ်းတော့ စားသုံးမှီဝဲဖို့လိုမယ်ထင်ပါတယ်။”

အခု….ကောင်းပါပြီ…. ၀ိုင်နီတစ်ဖန်ခွက်အမြဲသောက်ဖို့ မကြိုက်တဲ့သူရှိတာ ကျနော်သိပါတယ်၊ ပြီးတော့ အချို့သော အသီးအနှံများကို လုံလုံလောက်လောက် မစားသုံးကြတာလည်းရှိနိုင်တယ် နမူနာပြပြောခဲ့တဲ့ အစားအသောက်များအပါအ၀င်ပေါ့။
ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ချစ်တင်းနှီးနှောတဲ့အခါ သင့်ဖွားဖက်တော်ကို ပွတ်သပ်နှိုးဆွလိုက်ချိန်တိုင်း တောင့်တင်းသန်မာအားပြည့်နေစေမယ့် အစားအသောက် (၁၀) မျိုးရှိနေသေးတာကို သိဖို့ရှိနေပါတယ်ခင်ဗျ။

၁။ ကော်ဖီ (Coffee)
Java ကော်ဖီလို မွှေးပျံ့ကောင်းမွန်တဲ့ ကော်ဖီတစ်ခွက်ဟာ စာဖတ်သူရဲ့ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်မြန်ဆန်စေရုံသာမက သွေးကြောအတွင်း အဆီများကြောင့် စီးဆင်းမှုနှေးတဲ့ သွေးဆီးဆင်းမှုတုန့်ဆိုင်းခြင်းအား လျော့နည်းစေပြီး တစ်ညတာလုံး လိုချင်တဲ့ လန်းဆန်းတဲ့ အားအင်မျိုး ပေးနိုင်ပါလိမ့်မယ်။

၂။ ကနုကမာ (Oysters)
စွဲဆောင်မှုပြင်းတဲ့ ဂုဏ်သတင်းပိုင်ဆိုင်နေခြင်းရဲ့ အကြောင်းပြချက်တစ်ခု သူတို့မှာရှိပါတယ်။ Oyster မှာ ဇင့် (Zinc) သတ္ထုဓာတ်နဲ့ ဗီတာမင် B6 တို့လို တက်စထရိုစထရုန်း(testosterone)ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဖွားဖက်တော် ဖောင်းကြွထွားကြိုင်းလာစေဖို့နဲ့ ကောင်းမွန်တက်ကြွတဲ့ ချစ်တင်းနှီးနှောမှုရရှိဖို့အကျိုးများစေပါတယ်။

ဒီ Oyster စားရာမှာ လည်မျိုထဲနင်သလိုလိုဖြစ်ရတယ် စားရတာ မကြိုက်ဘူးဆိုရင်တော့ အခွံမာသီးနဲ့ အချို့သောအစေ့အဆံတွေထဲ ကလည်း တက်စထရိုစထရုန်း (testosterone) ဓာတ် ရနိုင်ပါတယ်။

၃။ ငရုပ်သီး (Chilies) 
စာဖတ်သူရဲ့ချစ်ဖို့ကောင်းတဲ့ လိင်မှုဘ၀ကို ငရုပ်သီးနဲ့ ထုံမွှန်းကြည့်ပါ။ ငရုပ်သီးအစပ်ကဲတဲ့ ဟင်းတစ်ခွက်ကိုစားသောက်ပြီးပြီးခြင်း မျက်နှာကြီးနီရဲလာတာဟာ သွေးပျစ်မှုကိုလျော့နည်းစေလိုက်ပြီး သွေးတွေကို သွေးကြောအနှံ့ပြန့်ကားသွားအောင်ဖြန့်လိုက်တဲ့ အတွက် ဖြစ်ပါတယ်။ သိသာတဲ့ မျက်နှာပိုင်းဘက်ကိုသာ သွေးများဖြန့်ကျက်ပျံ့နှံ့သွားတာမဟုတ်ပါဘူး သေးငယ်တဲ့ လိင်အင်္ဂါသွေးကြောမျှင်များ ရှိရာကိုလည်း သွေးကိုကောင်းစွာစီးဆင်းအောင်ဖြန့်ကျက်စေတဲ့အတွက် ဖွားဖက်တော်ကြီး ကောင်းစွာမာကျောလာရာမှာ အထောက်အပံ့ ကောင်းစေပါတယ်။

သန်မာတောင့်တင်းတဲ့ ညီဘွားဖြစ်ဖို့ရာမှာလည်း သန်မာတဲ့ နှလုံးတစ်စုံ၊ ကျန်းမာချောမွေ့တဲ့ သွေးပြွန်(သွေးကြော)များ ဖြစ်နေစေဖို့ အတွက် ငရုပ်သီးက အထောက်အကူပေးပါတယ် ခင်ဗျ။

၎။ ငှက်ပျောသီး (Bananas)
မာကြောတောင့်တင်းတဲ့ ဖွားဖက်တော်ပိုင်ရှင် အမျိုးသားများဟာ နှလုံးအားကောင်းကျန်းမာကြပါတယ်။ နှလုံးအားကောင်းပြီး သွေးလေ လှည့်ပတ်မှုမှန်ကန်စေဖို့အတွက် ပိုတက်စီယမ်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးကိုစားသုံးရပါမယ်။လုံလောက်မျှတတဲ့ ပိုတက်စီယမ်ဓာတ် ရရှိရင် သွေးတွင်း ဆိုဒီယမ်ဓာတ်ကို ထိန်းညှိပြီးသားဖြစ်တဲ့အတွက် သွေးပေါင်ချိန်မြင့်တက်လာမှုကို လျော့နည်းစေနိုင်သောကြောင့် နှလုံး ရောဂါပြဿနာများကို လျော့ချပေးကာ ကျန်းမာစေပါတယ်။ တကယ်လို့ ဆားဓာတ်အစားများပြီး ငှက်ပျောသီးမကြိုက်နှစ်သက်ဘူးဆိုရင် တော့ လိမ္မော်သီးနဲ့ အာလူးသီး (အားလူးခွံ) များမှ ပိုတက်စီယမ်ဓာတ်ရရှိနိုင်ပါတယ် ခင်ဗျ။

၅။ ဆယ်လ်မွန်ငါး (Salmon)
အချို့သောငါးတွေမှာပါတဲ့ Omega – 3 Fatty Acids တွေဟာ သွေးတွေကို ပျစ်ပြီးစေးကပ်မှုမဖြစ်စေဘဲ ကိုယ်အင်္ဂါအနှံ့ အစိတ်အပိုင်းစုံ ကို သွေးလှည့်ပတ်မှု မြန်ဆန်ချောမွေ့စေပါတယ်။ ဒါကြောင့် ဆယ်လ်မွန်ငါး၊ ငါးကွမ်းရှပ်များ၊ ထရောက်ငါးနှင့် တူနာငါးတွေကို ရက်သတ္တ ပါတ် တစ်ပါတ်လျှင် နှစ်ခါလောက်စားသုံးပေးရုံဖြင့် စာဖတ်သူရဲ့သွေးကြောများ ကောင်းမွန်ကျန်းမာစွာ အလုပ်လုပ်စေမှာပါ။

၆။ ၀က်သား (Pork)
လူအများစုထင်မြင်ယူဆထားသလို ဖွားဖက်တော်ကြီးဟာ သူ့စိတ်ဆန္ဒနဲ့သူ လှုပ်ရှားနိုင်တာမဟုတ်ပါဘူး။ ဖွားဖက်တော်ကြီး ကောင်းမွန် မှန်ကန်စွာ မတ်မတ်ထောင်နိုင်စေဖို့အတွက် စာဖတ်သူရဲ့ အာရုံကြောများဟာ စစ်တပ်တစ်တပ်လို တညီတညွတ်တည်း ပူးပေါင်းလှုပ်ရှား နေသလိုမျိုး တိကျသေချာကျန်းမာနေရပါမယ်။ ဒီလိုအာရုံကြောစနစ် ကျန်းမာနေစေဖို့အတွက် ဗီတာမင် B1 ဓာတ်လိုအပ်တာကြောင့် ၀က်သားစားခြင်းဟာ စာဖတ်သူရဲ့ ဖွားဖက်တော်ကြီး လမ်းကြောင်းမှန်စွာ မတ်ထောင်စေဖို့ ကူညီပေးပါတယ်။ ၀က်သားမစားသုံးသူများ အနေဖြင့် ပဲမျိုးစုံနှင့် ပေါင်မုန့်တွေကနေ ဗီတာမင်ဘီဓာတ်ကို ရရှိနိုင်ပါတယ်။

၇။ ချယ်ရီသီး (Cherries)
ချယ်ရီသီးတို့လိုအရောင်ကဲ အသီးအနှံများဟာ anthocyanins လိုဓာတုဒြပ်ပေါင်းများကြွယ်ဝစွာပါဝင်ပြီး သွေးလွှတ်ကြောနံရံတွေကို ကာကွယ်ပေးနိုင်စွမ်းသလို သွေးလွှတ်ကြောတွေမှာ အဆီပိတ်ဆို့မှုမဖြစ်အောင် တားဆီးရာမှာ အကူအညီဖြစ်ပါတယ်။ ချယ်ရီသီးမကြိုက် နှစ်သက်ဘူးဆိုရင်တော့ ဘယ်ရီသီးများ သို့မဟုတ် အရောင်အဆင်းတောက်ပသော မက်မွန်သီးလိုအသီးများ၊ ဆီးသီးများကို စားသုံးခြင်း ဖြင့် စာဖတ်သူရဲ့ ဖွားဖက်တော်ဆီ စီးဆင်းတဲ့သွေးကြောများကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။

၈။ ကြက်သွန်နီ (Onions)
ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့တွင်ပါဝင်သော phytochemical allicin ဓာတ်သည် သွေးတွင်းအဆီကိုလျော့နည်းစေပြီး သွေးလှည့်ပတ် မှုကောင်းစေကာ သွေးခဲတာ သွေးကြောပိတ်ဆို့မှုဖြစ်တာတွေကနေ ကာကွယ်ပေးပါတယ်။ ကြက်သွန်များစားသုံးခြင်းကြောင့်ထွက်လာ တဲ့ အနံ့အသက်များအတွက်ကတော့ နံနံပင် (parsley) နဲ့ ပူစီနံရွက် (peppermints) များကိုစားသုံးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

၉။ ၀ိုင် (Wine)
ဝိုင် အထူးသဖြင့် ၀ိုင်နီတွေဟာ သွေးလွှတ်ကြောတွေကို ဖွင့်ဟပေးရာမှာ အကူအညီဖြစ်တဲ့ Nitric Oxide ဓာတ်ပိုမိုထုတ်လွှတ်ရာမှာ အထောက်အပံ့ဖြစ်သော Phytochemical resveratrol (Antioxidant) ရရှိနိုင်သော အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါတယ်။ Nitric oxide ဟာ သွေးကြောတွေထဲ သွေးများပြန့်ကားသွားစေဖို့ ခွင့်ပြုပါတယ် Viagra ဆေးအလုပ်လုပ်သလိုပေါ့။ ဒါပေမဲ့ အပြာရောင် ဆေးလုံးလေးဟာ သွေးကြောအသေးလေးတွေမှာပဲ အလုပ်လုပ်နေစဉ် resveratrol ကတော့ အဓိကကျတဲ့ သွေးပြန်ကြော၊ သွေးလွှတ် ကြောတွေမှာပါ အကျိုးသက်ရောက်မှုရှိစေပါတယ်။ သတိထားရမှာကတော့ ၀ိုင်နီကိုသောက်သုံးရာမှာ တစ်ခွက် သို့မဟုတ် နှစ်ခွက် ထက်ပိုပြီး မသောက်မိစေဖို့ဖြစ်ပါတယ်။ အယ်လ်ကိုဟော အများအပြားမှီဝဲခြင်းဟာ မမတ်ထောင်နိုင်ဘဲ ထိတ်လန့်ဖွယ် ညွှတ်ကိုင်းခြင်း ဆီ ခေါ်ဆောင်သွားနိုင်လို့ပါ ခင်ဗျ။

၁၀။ ဆန်ပြုပ် (သို့မဟုတ်) ဂျုံဖြင့်ပြုလုပ်သော ဆန်ပြုတ် (Porridge)
ဆန်ပြုပ်ဟာ ဆွဲဆောင်မှုရှိတဲ့အစားအစာတစ်မျိုးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ oatmeal တို့လိုအရာတွေမှာပါဝင်တဲ့ ပျော်ဝင်နိုင်သော ဖိုင်ဘာမျှင်ဓာတ်တွေဟာ မကောင်းတဲ့ ကိုလက်စထရောဓာတ်ကိုဖယ်ရှားရာမှာအဆင်ပြေစေပါတယ်။ သွေးကြောအနှံ့ ချောမွေ့ ကောင်းမွန်စွာ သွေးတွေစီးဆင်းနိုင်စေ အလုပ်လုပ်နိုင်စေပါတယ်။ ဒါကြောင့် အစာစားချင်စိတ်မရှိရင်တောင်မှ ကောင်းမွန်သော ဆန်ပြုပ် တစ်ခွက်ကို စားသုံးလိုက်ပါ။

Alex Aung (8 May 2016)

Ref: FOODS FOR HARDER ERECTIONS By Men's Health Posted on January 14, 2016

No comments: