Wednesday, January 3, 2018

လိင်စိတ်လျော့နည်းခြင်း


ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

လိင်စိတ်လျော့နည်းခြင်း
လိင်စိတ်လျော့နည်းခြင်းဆိုတာ ဘာလဲ။

လိင်စိတ်လျော့နည်းခြင်းဟာ အဖြစ်များသောပြဿနာတစ်ခုဖြစ်ပြီး အမျိုးသားငါးယောက်တွင် တစ်ယောက်ဖြစ်နေတတ်တယ်။ တချို့အခြေအနေမှာ အမျိုးသမီးများလည်း ခံစားရနေနိုင်တယ်။ လိင်စိတ်လျော့နည်းခြင်းဟာ လုပ်ငန်းခွင် သို့ သူ့ရဲ့စိတ်ဖိစီးမှုနဲ့ဆိုင်သလို အရေးကြီးတဲ့ ဘ၀အပြောင်းအလဲများမှာလည်း တွေ့ရတတ်တယ်။ဥပမာ – ကိုယ်ဝန်ဆောင်ကာလ၊ ကလေးမွေးတဲ့ကာလတွေနဲ့ ကလေးနို့တိုက်တဲ့ကာလတို့ဖြစ်တယ်။ ဒါပေမယ့် မမျှော်လင့်ဘဲ လိင်စိတ်လျော့နည်းသွားပြီး အချိန်ကာလကြာတဲ့အထိပြန်မကောင်းခြင်းဟာ ကိုယ်ရေးကိုယ်တာ၊ ဆေးဝါးနှင့် နေထိုင်မှုပုံစံ ပြဿနာတွေကြောင့်ဖြစ်ပြီး သူနှင့်အဖော်ကြား စိတ်အနှောက်အယှက်ဖြစ်စရာ ပြဿနာတွေဖြစ်စေတယ်။ အကယ်၍ သင်ဟာ လိင်စိတ်လျော့နည်းတယ်လို့ ခံစားရပြီး အထူးသဖြင့် သင်နှင့်သင့်အဖော်ကြားဆက်ဆံရေးကို ထိခိုက်လျှင် ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပြီး ဖြစ်စေတဲ့ အကြောင်းရင်းကို ဖော်ထုတ်၍ ဆေးဝါးဖြင့် သို့ စိတ်ဖြင့်ကုသမှုခံယူသင့်တယ်။

လိင်စိတ်လျော့နည်းမှုဟာ ဘယ်လောက်အဖြစ်များလဲ။

ဒီအခြေအနေဟာ အသက်၆၀ကျော် အမျိုးသား၊ အမျိုးသမီးတွေမှာ တွေ့ရများတယ်။
ဒါပေမယ့် ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို လျှော့ချပြီး လိင်စိတ်လျော့ခြင်းကို ဖြေရှင်းနိုင်တယ်။ ထပ်မံသိလိုသောအချက်များအတွက် ဆရာဝန်နှင့်ဆွေးနွေးမေးမြန်းနိုင်ပါတယ်။

လက္ခဏာများ

လိင်စိတ်လျော့နည်းခြင်းရဲ့ လက္ခဏာကို မျိုးစုံတွေ့ရတတ်တယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့…

 အမျိုးသားတွေမှာ လိင်တံထောင်မတ်ဖို့ခက်ခြင်း
သုက်ရေပမာဏ နည်းခြင်း
ဆံပင်ကျွတ်ခြင်း
မောပန်းပြီး အားမရှိသလို ခံစားရခြင်း
 စိတ်အပြောင်းအလဲများခြင်း
အရိုးရဲ့ သိပ်သည်းဆ လျော့နည်းသွားခြင်း
ဘယ်အချိန်မှာ ဆရာဝန်နှင့် ပြသသင့်သလဲ။

စောစီးစွာသိပြီး ကုသမှုခံယူတာဟာ အခြေအနေပိုမဆိုးသွားအောင် လုပ်ပေးသလို နောက်ဆက်တွဲ အရေးပေါ်အခြေအနေမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။ ဆရာဝန်နှင့် စောစီးစွာတိုင်ပင်ပြီး ဆိုးရွားတဲ့အခြေအနေမရောက်အောင် ကာကွယ်ပါ။
အကယ်၍သင့်တွင် အပေါ်ကဖော်ပြထားတဲ့အချက်တွေနဲ့ ပတ်သက်ပြီးမေးစရာရှိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။ လူတိုင်းရဲ့ ကိုယ်ခန္ဓာက တုန့်ပြန်ပုံခြင်းမတူပါဘူး။ သင့်အခြေအနေကို ဆရာဝန်နှင့် တိုင်ပင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါတယ်။

ဘာအကြောင်းတွေကြောင့် လိင်စိတ်လျော့နည်းစေနိုင်လဲ။

ကိုယ် ၊စိတ်နှင့်ဆိုင်တဲ့ ဘယ်အခြေအနေမဆို လိင်စိတ်ကိုလျော့နည်းစေနိုင်တယ်။တခါတလေ ၂မျိုးလုံးကြောင့်လည်း ဖြစ်တတ်တယ်။

လိင်စိတ်လျော့နည်းစေတဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေထဲမှာ Testosterone(အဖိုဟော်မုန်း)ကျခြင်း၊ ဆေးများသောက်သုံးနေရခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ခြင်း (သို့) လုပ်လွန်းခြင်း၊ အရက်နှင့် မူးယစ်ဆေးသုံးခြင်းတို့ ပါဝင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကတော့ စိတ်ဓါတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်းနှင့် သင့်အဖော်နှင့်ဆက်ဆံရေး အဆင်မပြေခြင်းတို့ဖြစ်တယ်။
အသက်၄၅နှစ်အထက် အမျိုးသား၁၀ယောက်တွင် ၄ယောက်မှာ testosterone ဟော်မုန်းနည်းနေတတ်တယ်။ လိုအပ်တဲ့Testosterone ပြန်ဖြည့်ပေးခြင်းဟာ အသုံးများတဲ့နည်းဖြစ်တယ်။

တချို့သောဆေးတွေဟာ testosterone ကိုကျဆင်းစေပြီး လိင်စိတ်ကိုလျော့နည်းစေတယ်။ ဥပမာ- ACE inhibitors ၊ Beta blocker တို့လို သွေးတိုးကျဆေးတွေဟာ လိင်တံထောင်မတ်ခြင်းနှင့် သုတ်လွှတ်ခြင်းတွေကို တားဆီးနိုင်တယ်။

တခြားလိင်စိတ်လျော့နည်းစေတဲ့ အရာမရှိပါ။ ဒါကြောင့် သင်ဟာ လိင်ဆက်ဆံလိုစိတ်လျော့နည်းလာတယ်ဆိုရင် ဆရာဝန်နှင့်ဆွေးနွေးပါ။

ဘာတွေက လိင်စိတ်လျော့နည်းမှုကို ပိုဖြစ်စေလဲ။

အကယ်၍ သင်မှာဒီအချက်တွေရှိလျှင် လိင်စိတ်လျော့နည်းမှုကို ပိုဖြစ်စေတယ်။

သင်ဟာစိတ်ဓါတ်ကျနေလျှင် သင့်လူနေမှုဘ၀ကိုပါ ထိခိုက်စေတယ်။ စိတ်ဓါတ်ကျနေတဲ့လူဟာ အရင်ကသာယာတယ်လို့ ခံစားဖူးတဲ့အရာတွေ(လိင်ဆက်ဆံမှု) ကိုတောင် စိတ်ဝင်စားမှုလျော့နည်းနေတတ်တယ်။

နာမကျန်းဖြစ်ခြင်း(ဥပမာ- ကင်ဆာ) ဟာ သင့်မှာရှိတဲ့ သုက်ပိုးထုတ်လုပ်မှု ပမာဏကို တစ်နေ့ထက်တစ်နေ့ လျော့နည်းစေတယ်။
 အိပ်ရင်းဟောက်တတ်တဲ့အမျိုးသားတွေမှာ testosterone နည်းနေတတ်တယ်။ဒါကြောင့် လိင်စိတ်လျော့နည်းခြင်း ဖြစ်နိုင်တယ်။

 Testosterone ပမာဏဟာ လိင်စိတ်နဲ့သက်ဆိုင်တယ်။ ဆယ်ကျော်သက်နောက်ပိုင်း အမျိုးသားတွေမှာ ဟော်မုန်းအများဆုံးဖြစ်တယ်။ အမျိုးသားတွေက အသက် ၆၀ မှ ၆၅ နှစ်ကြားအတွင်းမှာ လိင်စိတ်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး သတိထားမိတတ်ကြတယ်။

ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း

ဒီသတင်းအချက်အလက်တွေဟာ ဆေးပညာအကြံပြုချက်တွေကို အစားမထိုးနိုင်ပါ။ ပြည့်စုံသောအကြောင်းအရာမျာအတွက် ဆရာဝန်နှင့်ဆွေးနွေးပါ။

လိင်စိတ်လျော့နည်းခြင်းကို ဘယ်လိုစမ်းသပ်စစ်ဆေးနိုင်လဲ။

သင့်ဆရာဝန်က သင့်အခြေအနေနှင့် ပတ်သက်ပြီး သံသယရှိလျှင် လိုအပ်တဲ့စမ်းသပ်မှု၊ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ဆရာဝန်ကညွှန်ကြားတဲ့ စစ်ဆေးမှုတွေက သွေးစစ်ခြင်း၊ သုက်ပိုးစစ်ခြင်းတို့ဖြစ်တယ်။

လိင်စိတ်လျော့နည်းခြင်းကို ဘယ်လိုကုသနိုင်သလဲ။

ဖြစ်စေတဲ့အကြောင်းရင်းပေါ်မူတည်၍ ကုသနိုင်တယ်။

ကျန်းမာသော လူနေမှုဘ၀ သင့်တင့်မျှတသော အစားအသောက်စားခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်း၊ အရက်ဖြတ်ခြင်း နှင့် စိတ်ဖိစီးမှုလျှော့ချခြင်း၊
လိင်စိတ်လျော့နည်းမှုကိုဖြစ်စေတဲ့ ဆေးများအစား ဆေးသစ်များကို ပြောင်းလဲသုံးစွဲခြင်း၊
Testosterone ပြန်လည်ဖြည့်သည့် ကုသမှုခံယူခြင်း၊

နှစ်သိမ့်ဆွေးနွေးခြင်း

အကယ်၍ သင့်ရောဂါက စိတ်နှင့်သက်ဆိုင်ပါက ဆရာဝန်က ဒီနည်းကို ညွှန်ကြားလေ့ရှိတယ်။ များသောအားဖြင့် လိင်စိတ်လျော့ကျခြင်းသည် သင်နှင့် သင့်အဖော်ကြား ပိုနီးကပ်တဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်။ လိင်ကိစ္စတင်မဟုတ် တခြားအရာတွေပါထိခိုက်စေနိုင်တယ်။ ဒီအခြေအနေကို စိတ်ရောဂါကျွမ်းကျင်သူနှင့် သင်တစ်ဦးတည်း သို့မဟုတ် သင့်အဖော်ပါ ဆွေးနွေးသင့်တယ်။ တကယ်လို့သင်ဟာ စိတ်ဓါတ်ကျရောဂါခံစားနေရရင် စိတ်ဓါတ်ကျတာပျောက်တဲ့ဆေးတွေ မှီဝဲဖို့လိုတယ်။ တချို့တွေက သင့်လိင်စိတ်ကို အမှန်တကယ်ကျစေတတ်တယ်။

တီဗွီ၊ မဂ္ဂဇင်းကြော်ငြာတွေမှာပါတဲ့ Cialis, Levitra, and Viagra လိုဆေးမျိုးတွေက သင့်ကို လိင်စိတ်မကြွစေပါဘူး။ ဒီဆေးတွေက သင့်လိင်တံကြာကြာထောင်မတ်ဖို့ပဲ လုပ်ပေးပါလိမ့်မယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံး

ဒီအသုံးဝင်တဲ့ နည်းလမ်းတွေက သင့်ရဲ့လိင်စိတ်လျော့နည်းခြင်းကို လျှော့ချပေးနိုင်တယ်။

အချို့ အစားအသောက်တွေက အရမ်းအကျိုးမရှိပေမယ့် ဘေးမဖြစ်နိုင်ပါ။သဖန်းသီး၊ ငှက်ပျောသီး နှင့် ထောပတ်သီးတွေက လိင်စိတ်ကိုအားကောင်းစေတဲ့ အစားအသောက်တွေဖြစ်တယ်။ ဒီအစားအသောက်တွေမှာ လိင်အဂ်ါကိုသွားတဲ့ သွေးစီးဆင်းမှုကောင်းစေရန် လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓါတ်တွေပါပြီး ကျန်းမာတဲ့လိင်ဆက်ဆံရေးကို ဖြစ်စေတယ်။

သင့်ကိုယ်နှင့်ပတ်သက်ပြီး ခံစားရသမျှဟာ သင့်လိင်စိတ်အပေါ် သက်ရောက်မှုရှိတယ်။ ကျန်းမာရေးနှင့် မညီညွတ်တဲ့ အစားအသောက်များစားခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ခြင်းတွေက သင့်ကိုထိခိုက်စေနိုင်တယ်။ ဒ့ါပြင် ကျေနပ်နှစ်သိမ့်စရာကောင်းတဲ့ လိင်မှုကိစ္စကိုလည်း နှောက်ယှက်နိုင်တယ်။

သင်ဟာ ကျန်းမာသော်လည်း စိတ်ဖိစီးမှုရှိနေပါက သင့်လိင်စိတ်ကို ထိခိုက်မှုရှိတယ်။ အမျိုးသမီးတွေက စိတ်ဖိစီးမှုဒဏ်ကိုပိုခံရတတ်တယ်။ အမျိုးသားတွေက စိတ်ဖိစီးမှုဖြေဖျောက်ရန် လိင်ဆက်ဆံကြတယ်။ တခါတလေမှာတော့ ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံမှုတွေကြောင့် ပဋိပက္ခဖြစ်နိုင်တယ်။ ထို့ကြောင့် စိတ်ဖိစီးမှုဖြေဖျောက်ရန် အားကစားလုပ်ခြင်း၊ တိုက်ချိကစားခြင်း၊ ယောဂကျင့်ခြင်းတို့ကို ပြုလုပ်သင့်တယ်။

အကယ်၍မေးမြန်းလိုတာရှိပါက ဆရာဝန်နှင့်ဆွေးနွေးပြီး အကောင်းဆုံးအဖြေကို ရှာဖွေနိုင်ပါတယ်။

Credit: Hello Sayarwon Page 

No comments: