Monday, June 11, 2018

♥ ♡ Working Hard ♡ ♥



Hong Kong မှာနေတုန်း နာမည်လည်းကြီးသလို လူလည်းရှုပ်တဲ့ တရုတ်စားသောက်ဆိုင်မှာ ဖက်ထုပ်စားရတာ ဘယ်လိုကောင်းမှန်းမသိဘူး။ ရောင်းချတာကလည်း မြန်မာပြည်မှာ မြင်ဖူး စားဖူးနေကြထက် အမျိုးအမည်ပိုစုံပြီး လူတွေဆို အလှူပေးနေလို့ ၀င်စားတဲ့အတိုင်းစားနေကြတာပါ။ ဆိုင်ပိုင်ရှင်တွေအနေနဲ့လည်း သူတို့ဖောက်သည်တွေအကြိုက်သေချာသိပြီး အမြဲတစေ စူးစမ်းနေကြဟန်လည်းပေါက်တယ်။ ဒီလိုဆိုင်ထဲ သနားစရာ ကျွန်တော့်မှာ ကျယ်​ကျယ်​ပြန့်ပြန့် ထိုင်စရာမရှိလို့ ဟိုသည်ကြည့်ကာ အရသာရှိတဲ့ အစားအစာတွေ ငေးရင်း စောင့်ဆိုင်းဖို့ကို စိတ်မရှည်တာအမှန်။ ကျွန်တော် တစ်ယောက်တည်းလာတာတော့ မဟုတ်​ဘူးဗျ သူငယ်​ချင်း သုံးယောက်လောက် ပါလာသေးတယ်။ ဖက်ထုပ်စားရတာ ကောင်းတယ် သွားစားကြမယ်ဆိုပြီး ထွက်လာကြတာလေ။

`ကျွတ်....စားဖို့သောက်ဖို့ စောင့်ရတာ ငါစိတ်မရှည်တော့ဘူးကွာ။ အိမ်က အဖေတို့ အမေတို့ဆို ငါ့အတွက်​ အမြဲအဆင်သင့်။ အဲ....အမြန်ရတဲ့ဆိုင်တွေပဲ ငါကသွားစားနေကြ။ ဟူး....အနံ့တွေကတော့ ရှယ်ပဲ´ နေရာလွတ်သွားတဲ့ ခုံမှာ ကျွန်တော် ပစ်ထိုင်လိုက်တာ ညွှတ်ကျ သွားမလား လန့်စရာ။ ဟုတ်တယ် ကျွန်တော်က နည်းနည်း ၀တယ်ဗျ။ အရပ် ၅ပေ ၆လက်မ၊ ဆံပင်အနက်ရောင်၊ အသက်က ၂၂လောက်ရှိပြီး An လို့ ဟောင်ကောင်က သူငယ်ချင်းတွေ ခေါ်ကြတဲ့ အမည်ပိုင်ရှင်ပါ။ ကျန်းမာ​ရေးနဲ့မညီတဲ့ အစားအစာလို့ သူများပြောတာတွေ လက်မခံဘဲ အမြန်ရအစားအစာ၊ ချိစ်တွေ ဘာညာ အများကြီးပါတဲ့ ဘာဂါတွေဆို အလွန်စားတယ်။ အဲတာတွေကလည်း အရသာကောင်းတာကိုးဗျ။

တစ်နာရီလောက်ကြာတော့ ခုံကျိုးပြီး ကြမ်းပြင်ပေါ်ကို ဘိုင်းကနဲ ကျွန်တော် ထိုင်ရက်ကျတယ်။ ထိုင်နေတဲ့ စားပွဲဝန်းကျင်ကလူတွေ ကျွန်တော့်ကို ၀ိုင်းဝန်း စူးစမ်းကြည့်နေတာကြောင့် ရှက်ပြီး အမြန်ထကာ ​ပေးစရာ လျော်စရာရှိတာတွေ ပေးလိုက်ဖို့ ခပ်တိုးတိုးဖြေရှင်းနိုင်အောင် သူငယ်ချင်းတစ်ယောက်လက်ထဲ ပိုက်ဆံတစ်ထပ်ထိုးထည့်ကာ ဆိုင်အပြင်ကို ထွက်ခဲ့လိုက်တယ်။ `၀နေတာကောင်းကို မကောင်းဘူး။ ထိုင်ရပြုရ အဆင်မပြေတာများ မုန်းဖို့ကောင်းတယ်။ ခုံကျိုးကျတာကလည်း မြန်လိုက်တာကွာ´ ကျွန်တော် ခုံမခိုင်တာကို ရမယ်​ရှာ အရှက်ပြေပြောလိုက်မိသေး။

`An မင်း မပြန်ခင် ဆရာဝန်တစ်ယောက်နဲ့ပြ ဒါမှမဟုတ်​ အခြား ၀ိတ်ချဖို့ အစီအစဉ်​ တစ်ခုခုလုပ်သင့်နေပြီ...မင်း သဘောနော်...ငါက အကြံပေးတာ´ သူငယ်ချင်း တစ်ယောက်က အကြံပေးစကား ခပ်တိုးတိုး ပြောရဲ့။

အစက စိတ်ထဲ ဖျဉ်းကနဲဖြစ်သွားသေးတာ။ နောက် စဉ်းစားကြည့်လိုက်တော့ သူငယ်​ချင်းပြောတဲ့ အ​ကြောင်းအရာက အမှန်တရား တစ်ခုပဲဆိုတာ သတိကပ်မိတယ်။ `စိတ်ကူးကောင်းပဲကွ။ ငါ အဟာရ ဆရာဝန်နဲ့ မြန်နိုင်သမျှမြန်မြန် appointment ယူလိုက်မယ်။ အစားအ​သောက်​နဲ့ ပတ်သက်ရင် ငါ့ကိုယ်​ငါ မထိန်းနိုင်ဘူး အစားကြူး ဘီလူးဖြစ်နေပြီ´


`အို....လာစမ်းပါ သူငယ်ချင်းရာ...စိတ်ထဲထားမနေနဲ့.....ငါတို့သွားတော့မယ်၊ နောက်မှတွေ့ကြတာပေါ့၊ အချိန်ရရင် အတူစုပြီး ချက်စားကြရအောင် ´ သူငယ်ချင်းတွေ စကား ပြောလည်းပြော နှုတ်လည်းဆက်ရင်း ကျွန်တော့်ကို အိမ်ပြန်ပို့သွားကြတယ်။

x x x

ရက်သတ္တပါတ် နှစ်ပတ်အကြာ အင်္ဂါနေ့ နေ့လယ်ပိုင်းလောက်မှာ အသိ သူငယ်ချင်းမတစ်ယောက် ညွှန်းတဲ့ ဆရာဝန်​ရဲ့ ဆေးခန်းကို ပေါင်အနည်းငယ် လျော့ချနိုင်ဖို့ သွားဆွေးနွေးခဲ့ပါတယ်။ သူများလိုမဟုတ် ခုံနှစ်လုံးဆက်ထိုင်မှ သက်သောင့်သက်သာ ဖြစ်လို့ အသာထိုင်ရင်း စာရင်းပေးထားတာကို အကြောင်းပြန်စောင့်နေလိုက်တယ်။ နောက်တော့ သူနာပြုဆရာမ လှမ်းခေါ်သံကို နားစွင့် အသင့်အနေအထား ပြင်ထားတာပေါ့။ သူနာပြုဆရာမ ခေါ်သံလည်းကြားရော ဆရာဝန် စစ်ဆေးကုသတဲ့အခန်းရှိရာ လှမ်းသွားပါတယ်။

အလွန်အကြူး ချောမောတဲ့ ဆရာဝန်ကို မြင်လိုက်ရချိန်မှာတော့ ကျွန်တော့် မျက်လုံးတွေ ပြူးကျယ်သွားရပါရော။ ကျွန်တော့် စိတ်ထဲ အာမေဋိတ် ခပ်တိုးတိုးအသံမည်သွားပုံက `ချောလိုက်တာ ´လို့။ ဒေါက်တာ အသွင်​အပြင်​အရ အရပ် ၆ပေ၊ အသက် ၃၄နှစ်လောက်ရှိပြီး ကျစ်လစ်သန်မာသော ကိုယ်ဟန်နဲ့ အတော်သားနားသူ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ ဆံပင်တွေ ပွယောင်းယောင်းဖြစ်နေပေမယ့် သူ့အသားအရေက ​ချောမွတ်​ တောက်ပ နေတာများ သဘောကျစရာပါ။ သူ့နာမည်က Chang တဲ့ဗျ။

`ဟယ်လို....An....နေကောင်းတယ်ဟုတ် ´ ခပ်ပြုံးပြုံး ဖော်ရွေတဲ့ မျက်နှာနဲ့ လက်တစ်ဖက် ကမ်းပေးတာကြောင့် ကျွန်တော်တို့ အချိန်ကြာ လက်ဆွဲနှုတ်ဆက်ဖြစ်ကြတယ်။

`ဟုတ်​ကဲ့.. .နေကောင်းပါတယ် ဆရာ။ ဒါပေမဲ့ overweight ဖြစ်နေတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသလို ဖြစ်နေတယ်။ ´

`အိုကေ....ဆရာတို့ အဲ့ဒီအကြောင်း ဆွေးနွေးကြတာပေါ့။ Gym သွားဖို့ အားကစားတစ်ခုခုလုပ်ဖို့ လိုတယ်လို့ ထင်မြင်ယူဆဖူးလား ညီလေး´ Chang က မေးခွန်းထုတ်တယ်။

`No....​လေ့ကျင့်​ခန်း လုပ်ရင် ကျွန်တော့် တကိုယ်လုံး နာကျင်နေတာဗျ။ ၀ိတ်ကျအောင်လို့ ဟိုဆေးသည်
ဆေးလည်း သောက်ဖူးတယ်။ ဒါပေမဲ့ ကျွန်တော့် အတွက် ဘယ်နည်းလမ်းက သင့်တော်လည်း အဆင်ပြေမလည်း မေးချင်နေတာပါ။´

`ကောင်းပါပြီ၊ ညီလေးအနေနဲ့ Gym ကိုသွားပြီး ၀ိတ်ကျဖို့ ​လေ့ကျင့်​ခန်း တစ်မျိုးမျိုးကို လုပ်သင့်တာပေါ့လေ။ ပိန်ဆေးတွေ သောက်မယ်ဆိုရင်တော့ အသည်းကို ပျက်စီးစေတာ ထိခိုက်စေနိုင်တာ သတိပြုရမယ်နော်။ ဒါပေမဲ့ ညီလေး သဘောပါ´ Chang က ချိုချိုသာသာ ပြောတယ်။

ဘယ်လိုပြောမလဲ ကျွန်တော့် ဘ၀ထဲ Chang အတူရှိနေစေချင်တဲ့ ပိုင်ဆိုင်ချင်တဲ့စိတ်ဖြစ်လာတယ်ဗျ။ ဒါပေမဲ့ သူ့ ကျောထောက်နောက်ခံ အ​ကြောင်းအရာတွေ ကျွန်တော် လုံးဝမသိဘူး။ သူ့လက်သူကြွယ်မှာ လက်​စွပ်​မရှိတာ သတိပြုမိထားတော့ သူ Single ဆိုတာသေချာနေတယ်။

ရက်သတ္တပါတ် နှစ်ပတ်မှာ တစ်ကြိမ်လောက်တွေ့ရတာ ပုံမှန်ဖြစ်ချင်လာပြီကွာ Chang က အလွန်ပဲ စွဲဆောင်မှုပြင်းလွန်းတယ်။ တွေ့ရတဲ့ အကြိမ်တိုင်း သူ့ချောမောပြေပျစ်မှုကို မနာလိုစိတ် ၀င်ရသလို လူတွေရဲ့ ကျန်းမာပျော်ရွှင်ရေး ပြုလုပ်ဖို့ ကြိုက်နှစ်သက်ခြင်းကို သဘောကျရပါတယ်။

x x x

Overweight Group တစ်ခုနဲ့ ​လေ့ကျင့်​ခန်း ပြုလုပ်ဖို့ အစီအစဉ်​ချ တစ်နှစ်စာငွေချေခဲ့လိုက်တယ်။ ခပ်မိုက်မိုက် ထရိန်နာကို မြင်ရချိန်မှာ သူ့ထက်ပိုကြည့်ကောင်းအောင် လုပ်ဖို့ အဓိဌာန်ချမိပါရော။

`ဟိုင်း....ကျွန်တော်က An ပါ´

`ဟုတ်​ကဲ့ ၊ တွေ့ရတာ ၀မ်းသာပါတယ် ။ ခပ်သွက်သွက်လေး လှုပ်ရှားဖို့ အသင့်ဖြစ်ပြီလား ​ဘော်​ဒါ? Ready?´ သူက ခပ်ပြုံးပြုံးနဲ့ မေးတယ်။ ကျွန်တော်လည်း စိတ်ထဲ အသေအချာ ငြိမ်အောင် လုပ်ရင်း `Ready´ လို့ စကားပြန်လိုက်ရော။

`ကောင်းပြီ၊ ​ဘော်​ဒါ​တွေ.. ...စလိုက်​ကြရ​အောင်​ ´

Check-Up အခန်းထဲရောက်တော့ စိတ်ထဲမကြေလည်တာတွေ မုန်းမိတာတွေ Chang ကို ပြောပြလိုက်တယ်ဗျ။ `တကိုယ်လုံး တအားနာတယ်ဗျ။
ကိုယ့်ကိုယ်ကိုယ် ဆင်ခြေစကားပြောဖို့ မသင့်ဘူးဆိုတာ သိတော့သိပါတယ်။ လေ့ကျင်ခန်းလုပ်တာ ၁၀ မိနစ်လောက်နဲ့ ကျွန်တော် လက်လန်တော့တာပဲ။ အိမ်ပြန်ဖို့ လုပ်မိတယ်လေ။ သူက အဲ နည်းပြလေးက ပေးမပြန်ဘူးဗျ။ ကျနော် အလွယ်​တကူ လက်လျော့တတ်သူ မဟုတ်ပေမယ့် သူက တအား Train တယ်ဗျာ။´

`ဒါ ကောင်းတာပေါ့။ သူက ညီလေး ကျန်းမာရေးအတွက်ကော အခြားကိစ္စတွေကိုကော သေချာဂရုစိုက်တာပဲ မဟုတ်လား။ ကိုယ့်ကျန်းမာရေးကိုယ် သေချာဂရုတစိုက်မရှိရင် အဆင်မပြေဘူးနော်။ အဲ....နည်းနည်း မေးပါရစေ.....ညီလေး ချစ်သူထားဖူးတယ် မဟုတ်လား? ချစ်သူရှိတယ်နော်?´ Chang က ဘယ်လိုမေးခွန်းတွေ မေးနေလဲမသိဘူး။

ကျွန်တော် Chang ရဲ့ အမေးစကားလုံးတွေကြောင့် အံ့အားသင့်​ကာ ခပ်တိုးတိုး အဖြေပေးမိပါတယ်။ `Uh....အချစ်အကြောင်းဆိုရင်တော့ ကျွန်တော် သေချာမသိဘူး။ အစားအစာတွေက ကျွန်တော့် အချစ်တွေပဲ။ လက်သင့်ခံလို့ရတယ် ဟုတ်? ကျွန်တော် ဆိုလိုတာကဗျာ.....အစားအစာတွေ မြင်လိုက်ရတဲ့ အချိန်တိုင်း ရုတ်ခြည်း ဗိုက်ဆာလာပြီး အကုန်​လုံးလိုလို စားပစ်လိုက်တာပဲ။´

`ကောင်းပါပြီ၊ ညီလေး ဘယ်အရာကို ပိုဦးစားပေးဖြစ်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း Share ပေးလို့ ကျေးဇူးပါ။ အကို့အနေနဲ့ပြောရရင် လေ့ကျင့်ခန်းကို ညီလေးဆက်လုပ်ပါ။ အကိုတော့ ညီလေး ကျန်းမာရေးအတွက်  စိုးရိမ်စိတ် ၀င်မိတယ်။ ကျန်းမာရေး အတွက် လေ့ကျင့်ခန်းက ညီလေးကို ဘယ်လိုအထောက်အကူပြုသလဲ မသိသေးဘူးပေါ့။ နောက်တစ်ခါပြောပါမယ် ညီလေး အပေါ်မူတည်ပါတယ်။ ဆက်လုပ် မလုပ်ဖို့ ဆုံးဖြတ်​ချက်​ ချပါ။´ Chang စိတ်​ပျက်​လက်​ပျက်​ ဖြစ်သွားတယ်။

ကျွန်တော်လည်း စိတ်ထဲ စိတ်လက်မချမ်းသာဖြစ်သွားရတော့ `Uh.....ကျွန်တော်.....ဒေါက်တာ ပြောတာကို သဘောတူပါတယ်။ ´

“Bravo!” Chang ရယ်ပြုံးပြုံး ဖြစ်သွားပြီး ကျွန်တော့် ပခုံးတွေကို လက်အစုံနဲ့ အသာညှစ်တယ်။ ဒီလိုလုပ်တော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်​မှု တိုးလာသလို နှာစိတ်လည်း ထန်မိရော။ `ငါ့ညီအတွက် အကောင်းဆုံးပေါ့။ နောက် နှစ်ပတ်ကြာရင် ပြန်တွေ့ကြမယ်။´Chang ရုံးခန်းထဲ ဦးဆောင်ထွက်သွားတော့ ကျွန်တော်လည်း လိုက်ထွက်ကာ အိမ်ပြန်လာလိုက်ပါတယ်။ Gym သွားတဲ့လမ်းမှာ Chang နဲ့ ဘယ်လို အချိတ်အဆက် လုပ်ရမလဲ ကျွန်တော် တွေးမိတယ်။ သူနဲ့ Date ချင်လောက်အောင် ဆွဲ​ဆောင်​မှု ပြင်းသူပါပဲ။ ဒါပေမဲ့ အခုလို ခပ်ဖိုင့်ဖိုင့်ကိုယ်ခန္ဓာမျိုးနဲ့ သူတို့လို ခပ်ဖြောင့်ဖြောင့်ငနဲ တွေကို ချိပ်ဖို့ RS ဖန်ဖို့ မလုပ်နိုင်ဘူးဗျာ။
 သူတို့အတွက် ကို့ရို့ကားယား ဖြစ်သွားနိုင်တယ်။

x x x

ကျွန်တော် ကိုယ်ကိုယ်တိုင်အတွက် ကြိုးစားပမ်းစား လေ့ကျင့်ကစားတာ အလုပ်ဖြစ်တယ်ဗျ ယုံကြည်မှု တိုးလာတယ်လေ။ ၀ိတ်ကျ ဖို့အရေး Stationary Bicycle လေးနင်းရတာကို ရင်​ခုန်​သံတွေ အလွန်ပဲ မြန်နေရော။ အစပိုင်းဆိုတော့ဘယ်လိုရပ်ရမလဲ ကျွန်တော်မသိသလို အရှိန်လျော့ဖို့အတွက်လည်း ဗျာများ​နေတယ်​။

`ရပ်...ရပ်တော့၊ မောင်လေးကို ကြည့်ရတာ မူးလဲတော့မယ်´ ကျွန်တော့် နံဘေးကနေ အလားတူ Stationary Bicycle နင်းနေတဲ့ ရင်သားခပ်ထွားထွား တရုတ်မတစ်ယောက်က လှမ်းပြောတယ်လေ။ `ဒီလို နင်းနေတဲ့ အရှိန်က မောင်လေးအတွက် ပုံမှန် မဟုတ်သေးဘူး မြန်နေတယ်။´

`ကျွန်တော် နင်းဖူးပါတယ်ဗျာ´ ကျွန်တော် သက်ပြင်းမောချရင်း စကားပြန်လိုက်တယ်။

`အော်....မ..သဘောပေါက်ပြီ။ လေ့ကျင်ခန်းလုပ်တာတွေ အမြန်ပြီးချင်လို တွန်းလုပ်နေတာ´ အမျိုးသမီးက စိုးရိမ်သလိုပြုံးပြရင်း မျက်ဝန်းတွေကို နှစ်ကြိမ်လောက် မှိတ်လိုက် ဖွင့်လိုက်လုပ်တယ်ဗျ။ `၀ိတ်ချပြီး ရည်​မှန်းချက်​ မြောက်သွားရင် ဘာလုပ်ဖို့ စဉ်းစားထားလဲ´

ကျွန်တော်လည်း စက်ဘီး အနင်းရပ်ပြီး `ချစ်သူ ရှာမလို့´ ဖြေလိုက်တယ်။

`အို...မ ဖုန်းနံပါတ်​ ယူထားချင်လား?´ အမျိုးသမီးက တခစ်ခစ်ရယ်မောရင်း စကားစတယ်။

ကျွန်တော် workout ကို လုပ်စရာရှိတာ ဆက်လုပ်ပြီး `တော်ပါပြီဗျာ.....ကျနော် ဘာလိုချင်လည်း သိပြီးသားပါ´ လို့ပြောလိုက်ရော။

`ဟမ်.....ဘော်ဒါကဏ္ဍပေါ့ ရှင်´ အမျိုးသမီးက အသံစာစာနဲ့ ပြန်ပြောတယ်။

ကျွန်တော် ဆက်မလုပ်ချင်တော့တာနဲ့ ခဏငြိမ်လိုက်ပြီး `မဟုတ်ပါဘူးဗျာ.....ကျွန်တော့်မှာ မိန်းကလေး သူငယ်ချင်း မရှိလို့...အဲ မထားလို့ပါ....ပြန်ပြီဗျို့´ ကျွန်တော် ယူစရာရှိတာတွေယူပြီး အိမ်ပြန်လာလိုက်တယ် ရှေ့ဆက်ပွားတာတွေ မကြားချင်ဘူးလေ။

ဒါကိုပဲ အမျိုးသမီးက သူ့ခြေတံတွေကို ဟိုသည်ကြည့်ကာ ပါးစပ်က `အိုကေလေ....Gym လာကစားတဲ့ ဖက်တီးတွေစီက ကြားဖူးနေကြ ကကြိုးကကြောင် အဖြေမျိုးပဲဥစ္စာ။´ ပြောလည်းပြော သူ့ရင်သားက ကျွန်တော့် ရင်အုပ်တွေထက်လှတယ်ဆိုတဲ့ အထာနဲ့ ကော့ပြသေးတာပါ။

ကျွန်တော် အိမ်ကို မြေအောက်ရထားစီးပြီး ပြန်လာခဲ့တယ်။  ပလက်ဖောင်းပေါ်အရောက် ခြေလှမ်း ဆယ့်သုံးလှမ်းစာလောက်မှာ Chang ထိုင်နေတာ ကျွန်တော် မြင်လိုက်ရတော့ ခေါင်းထဲမယ် လင်းကနဲ ဖြစ်သွားရော။ သူ့ နောက်ကနေ အသာလိုက်ကြည့်ဖို့ အတွေးပေါ်လို့လေ။

`အို....လိုက်ကြည့်တာပေါ့....ဘယ်မှာနေတာလဲ ၊ အိမ်ပုံစံက ဘယ်​လိုမျိုးလဲ သိရမယ်။´ တစ်နာရီလောက် အသာလိုက်သွားတော့ Apartment တစ်ခုမှာ လမ်းဆုံးတယ်။ အ​ဆောက်​အဦးကြီးထဲ ကျွန်တော် လိုက်မ၀င်ဖြစ်ဘူး။ ၀င်ပေါက်တံခါးမကြီး အထက်မှာ CCTV တွေက တစ်လုံးမက ချိန်ထားကြတာလေ။ သိရတာကောင်းသား....အတော်လန်းတဲ့ အ​ဆောက်​အဦးကြီးပဲ။ အခုလောလောဆယ် အိမ်ပြန်တာပဲကောင်းပါတယ်။

x x x

ကျွန်တော် ကိုယ်ခန္ဓာ ကျစ်လစ်ကြံ့ခိုင်ရေးကိစ္စအပေါ်ပဲ အာရုံစိုက်ကာ အလုပ်များနေခဲ့တယ်။ နည်းပြကလည်းတော် အတူကစားကြသူများကလည်း လုံ့လ၀ီရိယကောင်း ကျနော်ကလည်း အစားအစာကို စနစ်​တကျ စားဖြစ်အောင် မွမ်းမံ ကြိုးစားတာကြောင့် အချိန်တိုအတွင်း ရည်​မှန်းချက်​ ထားတဲ့အတိုင်း အောင်မြင်လုနီးဖြစ်လာတာပေါ့။ အဆုံးသတ် လှပချိန်ရောက်ဖို့ ကာလကြာဦးမယ်ဆိုတာတော့ ကျွန်တော်သိပါတယ်။

ရှေ့ဆက်ရမယ့် ကျွန်တော့်ဘ၀မှာ ကျန်းမာခြင်းရလဒ်က တကယ်တန်ဖိုးထားရမယ့်အရာအဖြစ် တစ်ခုခုပြောင်းလဲလာသလိုပါ။

ကျွန်တော် ကျန်းမာ ကြံ့ခိုင်ရေး ​လေ့ကျင့်​ခန်းတွေအကြောင်း စတင်ဖွေရှာလေ့လာသူဖြစ်လာပါတယ်။ ငွေကြေးချမ်းသာတဲ့ မိဘတွေပိုင်ဆိုင်ထားရတော့ ကျွန်တော့် ဘ၀ကံ ငြိမ်းတယ်။ သူများတွေလို ၀င်ငွေအတွက် အတက်အကျ ကြမ်းတဲ့ အလုပ်တွေ လုပ်စရာမလိုစွာ အလိုက်သင့် အလျားသင့် မိဘအလုပ်တွေကို ကူညီကြီးကြပ်ရုံဆိုတော့လေ။ အခုလည်း ကျန်းမာရေး အတွက် လေ့ကျင့်ခန်းတွေ ကာလကြာရှည် လုပ်လာမိရင်း ကာယဗလမောင် တစ်ယောက် အနေအထားဖြစ်ဖို့ ဆုံးဖြတ်​ချက်​ချ ရည်​မှန်း မိပြန်ရော။

ရက်သတ္တပါတ် နှစ်ပတ်ပြည့်တိုင်းတော့ ကျွန်တော့် ဆရာဝန်လေး ထိုင်တဲ့ အလုပ်နေရာစီသွားကာ ကိုယ်​ခန္ဓာ အလေးချိန်၊ အနေအထားတွေကို စစ်ဆေးပြသ နေဆဲပါ။ ကျွန်တော့် ကိုယ်အလေးချိန်လျော့ကျလာတာ မြန်ဆန်လွန်းလို့ Chang တစ်ယောက် အံ့အားသင့်​နေသလို Gym သွားဖို့ ဘယ်လိုတွေ ဇွဲသန်​ပြီး လှုပ်ရှားဖြစ်လဲလို့ ကျွန်တော့်ကို မေးပါတယ်။

`Gym ကိုသွားတာကပဲ ကျွန်တော့် အတွက် ရှေ့ဆက်ကစားဖို့ ဖြစ်လာတာပါ။ ဘာကြောင့် စူးစူးနစ်​နစ်​ သဘောတကျ ကစားဖြစ်သွားလည်းဆိုတာတော့ အခုထိ ကျွန်တော် မသိဘူး။ ဒီထက်ပိုပြီး ခန္ဓာကိုယ်ကို ကြည့်ကောင်းအောင် ပုံဖော်ဖို့ ကျွန်တော် ကြိုးစားမယ်။´ ပခုံးတွေကို တစ်ချက် တွန့်ပြလိုက်ရင်း အဖြေပေးလိုက်တယ်။

Chang က ပြုံးလိုက်ရင်း ` ကောင်းပါပြီ၊ လေ့ကျင့်ချိန်ပြီးရင် ဘယ်လိုခံစားရလဲ? ထပ်ကစားချင်နေသေးလား ဒါမှမဟုတ်​ မိမိကိုယ်​ကိုမိမိတန်ဖိုးထားလိုတဲ့စိတ်ကော မ၀င်လာဘူးလား?´

`ဟုတ်.....ကျွန်တော့် အထင်ကတော့ confidence ကပဲ ရှေ့ဆက်ဖို့ အကောင်းဆုံးပါ။ တစ်​ခါတစ်​ရံ ကျွန်တော် ကာယဗလသမားတစ်ယောက်  ဖြစ်လာနေကြောင်းကို တွေးမိတာတော့ အမှန်ပါပဲ။ ကျွန်တော် ဒီလိုလုပ်ဖို့ အရည်​အ​ချင်းမီပါ့မလားဗျ´

ကျွန်တော့်  ပြောစကားကို သေချာနားထောင်သလို ထပ်ပြီး Chang အံသြဟန်ပြခဲ့ပါတယ်။ `ကောင်းပါတယ်။ သွေးနမူနာ နည်းနည်းယူထားဦးမယ်နော် Test လုပ်ဖို့။ ရလဒ်​ကိုတော့ နောက်နှစ်ပတ်ကြာရင် ပြောပြပါမယ် ညီလိုအပ်ရင်။ Information ရဖို့ကတော့ ပုံစံသုံးမျိုး ရွေးလို့ရမယ်။ တစ်မျိုးက ညီလေးရဲ့ အီးမေးလ်ကို ပို့ပေးမယ် သို့မဟုတ် ညီလေးက မေးလ်နဲ့ လှမ်းမေးလို့ရတယ်။ နောက်ဆုံးတစ်မျိုးက ညီလေး ဒီကိုလာပြီး Result ကြည့်နိုင်တယ်။အခြား ထူးထူးခြားခြား ကျန်းမာရေး ပြဿနာရှိမရှိ စစ်ဖို့ပါကွာ။ ဒါမှ လေ့ကျင့်မှု ခပ်ပြင်းပြင်း လုပ်တဲ့အခါ အထိအခိုက်မရှိမှာ။´

`အဲဒါဆိုလည်း လုပ်လေ.....ကျွန်တော်ကတော့ ဒေါက်တာဆေးခန်းလာလိုက်တာ ပိုအဆင်ပြေတယ်´

ဒေါက်တာ Chang က “Smart move you got.” လို့ဆိုကာ နှစ်လိုလက်ရ ပြုံးပါတယ်။

ဒေါက်တာ Chang ရဲ့ အပြုံးကတော်တော် စွဲဆောင်မှုရှိတော့ ကျွန်တော့်စိတ်ထဲ နည်းနည်းတောင် horny ဖြစ်သလို ခံစားရပါတယ်။ ဒေါက်တာရဲ့ တုန့်ပြန်ချက်အပေါ် ခံစားလိုက်ရတဲ့ စိတ်ကို ဖုံးကွယ်ဖို့ ကျွန်တော် ကြိုးစားခဲ့ရပါတယ်။

`တကယ်ကြီးပေါ့ ၊ အာ.....ကျေးဇူးတင်ပါတယ်လို့ ကျွန်တော်ပြောသင့်တာပေါ့နော်´

`လာ...ညီလေး....မင်းရဲ့သွေးဖောက်ယူဖို့ သူနာပြုရှိတဲ့အခန်းကို ကိုယ်ခေါ်သွားမယ်´

`နောက် နှစ်ပတ်ကြာရင် တွေ့ကြတာပေါ့´

ဒေါက်တာ Chang ကထပ်မံပြုံးပြရင်းနှုတ်ဆက်တော့ ကျွန်တော်လည်း လုပ်စရာရှိတာဆက်လုပ်ပြီး ခပ်လေးလေး အိမ်ပြန်လာခဲ့လိုက်တယ်။

ရက်သတ္တပါတ် နှစ်ပတ်အကြာ ဒေါက်တာ Chang ရဲ့ ဆေးခန်းရောက်တော့ ကျွန်တော် စစ်ဆေးထားတဲ့ သွေးအဖြေ ရလဒ်ကို သိရတယ် လေ့ကျင့်ခန်း အလုံးစုံကစားဖို့ သင့်တော်သည်တဲ့။ သူနာပြုဆရာမက ဒေါက်တာ Chang မနေ့က နေမကောင်းလို့ ဆေးခန်းမလာကြောင်း ကျွန်တော့်ကို ပြောပြတယ်။

ခပ်လန်းလန်း နည်းပြလေးနဲ့ Gym မှာ အလုပ်များချိန် ကျွန်တော့် ကြိုးစားအားထုတ်မှုနဲ့ ရလဒ်အပေါ် သူ အံ့အားတသင့်ဖြစ်ခဲ့ပါတယ်။ အုပ်စုလိုက် လေ့ကျင့်ကစားတဲ့ အစီအစဉ်​မှာ ကျွန်တော် ၀င်ကစားဖို့မလိုတော့သလို Weight ထပ်ချဖို့ မလိုတော့ဘူးပြောတယ်လေ။ ကျွန်တော် ၀ိတ်ချဖို့ ဘေးကနေ ကူညီလေ့ကျင့်ပေးရတာ သူပျော်သတဲ့၊ ရလဒ်က သိသိသာသာ တိုးတက်​လာတယ်​ပေါ့ဗျာ။ ကျွန်တော် ဘေးကပ်လျက်အခန်းထဲ လျှောက်သွားရင်း တကိုယ်ရည် အုပ်စုမဲ့ကစားဖို့ စာရင်းသွားသွင်းလိုက်တယ်။

ကျစ်​ကျစ်​လျစ်​လျစ်​ သန်မာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို လေးလအကြာမှာ ကျွန်တော် ပိုင်ဆိုင်ခဲ့ပါတယ်။ လေးလံနှေးကွေးတဲ့ ဘ၀ကနေ ခပ်တောင့်တောင့် သူငယ်​ချင်း အသစ်တွေပိုင်ဆိုင်ခွင့်ရရော။ ဒါပေမဲ့ ဒေါက်တာ Chang တစ်ယောက်သာ အခြားသူတွေထက် စွဲငြိမိတာ အမှန်ပါပဲ။ ကျန်းမာကြံ့ခိုင်တဲ့ ဘ၀စတိုင်လ်၊ အထွေထွေ ကျန်းမာ​ရေးရယ် ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်တွေအကြောင်း ကျွန်တော် လေ့လာသင်ကြားခဲ့တယ်။

x x x

 ဒေါက်တာ Chang ဆေးခန်းကိုသွား စစ်ဆေးခန်းလေးထဲမှာသူ့ကိုစောင့်နေခဲ့တယ်။ အခန်းလေးထဲ ၀င်လာတော့ ကျွန်တော့် ပြောင်းလဲနိုင်ခဲ့ခြင်းအပေါ် မြင်တွေ့သွားပြီး သူ တော်တော်တုန်​လှုပ်​သွားရော။

`Uh....တော်တော် အပြောင်းအလဲကြီးကို ညီလုပ်နိုင်ခဲ့တာပဲကွ၊ ညီ ကြိုးစားလုပ်နိုင်ခဲ့တာ အကို ချီးကျူးပါတယ်​၊ ဂုဏ်လည်းယူတယ်ကွာ´ ကျွန်တော့် ပခုံးကို သူဆုပ်ကိုင်ရင်း သဘောတကျ ရယ်မောတယ်ဗျ။

`ဒေါက်တာ့ကို ​မေးခွန်း တစ်ခုလောက် မေးချင်လို့...´ တွန့်ဆုတ်တာမျိုးမရှိဘဲ ကျွန်တော့်ပါးစပ်က လွှတ်ကနဲထွက်သွားတယ်။

ဒေါက်တာ Chang ကလည်း အေးဆေး....`Sure´တဲ့။

`ဒေါက်တာ့ကို အပြင်ခေါ်သွားလို့ရမလား?´ ကျွန်တော် ရယ်ကျဲကျဲလုပ်ကာ စကားစလိုက်တယ်။

ဒေါက်တာ Chang ကြည့်ရတာ ဇ​ဝေဇ၀ါ ဖြစ်သွားပုံရတယ်။ `ဆောရီး.. ...ညီလေး ဘာပြောလိုက်တာလဲ သဘောမပေါက်ဘူး။ အစ်ကို့ကို ရှင်းအောင်ပြောပြပါလား။´

`စနေနေ့ကြရင် ဒေါက်တာ့ကို ညစာအတူစားဖို့ အပြင်ခေါ်သွားချင်တယ်လို့ ကျွန်တော်ပြောတာပါ။ ကျွန်တော့် ပုံစံ ပြောင်းလဲသွားအောင် ဒေါက်တာ ကူညီပေးခဲ့တာလေ။ ကျွန်တော့်အသွင်အပြင်သစ်ကို ကျွန်တော် တကယ်သဘောကျတယ်။ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိနိုင်တာပေါ့ဗျ။ အဆင်ပြေမလား? ဒေါက်တာ အချိန်ရမယ်ဆိုရင်တော့ ကျွန်တော့် အကြိုက် စားသောက်ဆိုင်ကို ခေါ်သွားပါ့မယ်။´

ဒေါက်တာ Chang တစ်ယောက် ကျွန်တော့်ဖိတ်ခေါ်မှုအပေါ် စိတ်မသက်မသာခံစားရတယ်နဲ့တူတယ် `အာ....အဆင်မပြေလောက်ဘူးကွ၊ ညီလေး ကိုယ့်ဘာသာကိုယ် ကြိုးစားအားထုတ်မှုကြောင့် ရလဒ်ကောင်းလာတာကို......အစ်ကိုနဲ့ Date ဖို့ပြောနေတာ နားမလည်ဘူး၊ Dating အတွက်ဆို မြို့ထဲမှာ အဆင်ချောသူတွေ အများကြီးပဲဟာ။´

`ဒေါက်တာက ပိုမိုက်လို့ပေါ့ဗျာ၊ ဒီလိုပဲလေ သဘောကျမိလို့၊ ကျွန်တော်တို့တွေ သူငယ်​ချင်းအဖြစ် ဟန်ဆောင်လို့ရတာပဲ အခြားသူတွေ သံသယ၀င်မနေအောင် [Sighed] No or yes?´

ဒေါက်တာ Chang က ရယ်တယ်ဗျ။ `ဆောရီးကွာ....အဲတာကို ငြင်းပယ်ပါရစေ။ ညီလေးက ဘယ်လိုလူလဲဆိုတာ အခုသတိထားမိနေပြီ။ ဒီကိစ္စကို အစ်ကို တောင်းပန်ပါတယ်။ အကိုတို့ ပြန်ကြစို့လေ။ နောက်ဆေးခန်းမှာ ဘယ်အချိန်ဂျူတီဝင်ရမလဲ ကြည့်ရဦးမယ်။´

`ကျွန်တော်သိတယ်....ဒီအချိန်ပြီးရင် တွေ့ဖို့ မသေချာတော့ဘူးမဟုတ်လား? ဟုတ်တယ်မဟုတ်လား? အရင်​က တစ်ခါမှ လိင်တူခြင်း မပတ်သက်ခဲ့ဖူးဘူးပေါ့။ ဒီအခန်းထဲမှာ ကျွန်တော်တို့ကို စောင့်ကြည့်နေသူ တစ်ယောက်မှ မရှိပါဘူး။´ ကျွန်တော် မကြိုက်တာကို ခပ်တိုးတိုး အတွန့်တက်ပစ်တယ်။

ဒေါက်တာ Chang အသက်ခပ်ပြင်းပြင်းရှုလိုက်ရင်း `ကြည့်.....လိင်တူခြင်း ပတ်သက်ရတာ အရင်က Gay ဖြစ်နေရတာကို ပျော်စရာဖြစ်ကောင်းဖြစ်ခဲ့နိုင်တယ်။ ဒါပေမဲ့ ဒီမှာက Gay တွေအတွက် စည်းကမ်း အသစ်တွေ ထုတ်ထားတယ်ကွ။ မသင်္ကာစရာ တတွဲတွဲ သာယာခွင့်မရှိဘူး။ သူဌေးသာ ဒီအကြောင်းကို သိသွားရင် ကိုယ်အလုပ်ဖြုတ်ခံရမှာပါ။ လိင်တူ/လိင်​ကွဲ ဘယ်လိုဆက်ဆံတာပဲဖြစ်ဖြစ်ကွာ အမျိုးသားခြင်းတော့ မဖြစ်ရဘူးပေါ့။ ´

`ဟား....ဟား....ဟား´ ကျွန်တော် ရယ်ပစ်လိုက်တယ်။

ဒေါက်တာ Chang က `ဒါ ရယ်​စရာ မဟုတ်ဘူးကွ။ တကယ်လို့ မင်းပြုလုပ်ခဲ့ရင် မင်းချစ်ရတဲ့သူတွေ သိုမဟုတ် အခြားလူနာတွေကို မင်း သွေးလှူ လို့မရဘူး အရိုးခံအတိုင်းပြောပြတာ။ ဒါဟာ ဥပဒေပဲ .....ဆောရီး ညီလေး´

`ကျွန်တော့်အချိန်တွေဖြုန်းသလို ဖြစ်နေတာပေါ့ ဒီနေ့။ မှန်တယ် ဟုတ်?´ ကျွန်တော် မကြေမလည် စကားနာထိုးမိရော။
ဒေါက်တာ Chang လည်း ၀မ်းပန်းတနည်း ခေါင်းငြိမ့်ပြပါရဲ့။

`ကျွန်တော် ကြားဖူးသမျှ ထဲ အတော်ဆိုးရွားတဲ့ ဥပဒေပဲ။ ဒါဆို လက်သမားလုပ်ကြတာကော? အဲ့ဒါကော သက်ဆိုင်တာပဲလား´

ဒေါက်တာ Chang တစ်ယောက် ကျွန်တော့် ပါးစပ်ကနေ အတည်အခန့်စကားလုံးတွေ ထုတ်ပြောလာတာကြောင့် အလန့်တကြားဖြစ်သွားပုံရတယ် ` Uh.....မဟုတ်ဘူး.. .ညီပြောတာ အဆင်တော့ ​ပြေပါတယ်​.. .ဟို...´ တုန်တုန်ရီရီ စကားပြန်ပြောသဗျ။

`ဒါဆို ကျွန်တော်နဲ့အတူ အပြင်ခဏလိုက်မယ်ဟုတ်? ကန့်သတ်ထားတဲ့ ဥပဒေတွေအကြောင်း ပိုသိအောင် ကျွန်တော့်ကို ကူညီလို့ ​ကျေးဇူးတင်စကား သေချာပြောချင်လို့ပါ´ကျွန်တော် သရော်တော်တော် လေသံမျိုးနဲ့ မရည်ရွယ်ဘဲ သူ့ကို ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်။

ကျွန်တော် လိင်ကိစ္စ လှုပ်ရှားမှု တစ်ခုခုပြုလုပ်ဖို့ မကြိုးစားရဘူးဆိုတဲ့ ကတိဖြင့် ဒေါက်တာ Chang ကြောက်ကြောက်ရွံ့ရွံ့ သဘောတူတယ်။ `အင်း...လေ ဒီရက်တွေအတွင်း အစ်ကိုအားပါတယ်။´

x x x

စနေနေ့ရောက်တော့ ကျွန်တော် စားနေကြ စားသောက်ဆိုင်တစ်ခုမှာ ဒေါက်တာ Chang နဲ့ ကျွန်တော် စကားစမြည်ပြောကြရုံပဲဆိုကာ ချိန်း​တွေ့ဖြစ်ကြပါတယ်။ အသားပေါင်းလို ပေါင်းထားတဲ့ အစားအစာ အတော်များများကို စားပစ်လိုက်တာပဲ။

ဒီလိုကြတော့ တစ်ယောက်ရဲ့ မသိမသာ ခပ်ရူးရူးအကြောင်းလေးတွေ တစ်ယောက်က သိလာကြတယ်ဗျ။ ဒေါက်တာ Chang ခမျာ ပြောင်းလဲလာတဲ့ ကျွန်တော့်ခန္ဓာကိုယ် ထွားထွားရယ် တင်းနေတဲ့ ကြွက်သားဆိုင်တွေကို ကြည့်ကာ သဘောခွေ့လာပုံပေါက်တယ်။

ကျွန်တော်နေတဲ့ ကွန်ဒိုအခန်းသစ်ကို ရောက်တော့ အိပ်ခန်းထဲ တန်းမခေါ်သွားဖြစ်ဘဲ အခြား ပန်းချီကားတွေ၊ စာအုပ်တွေ၊ ရုပ်ရှင်/သီချင်း DVD ခွေတွေကို ဒေါက်တာ Chang အား လှည့်ပတ်ပြတာပေါ့။ ရုတ်တရက် သူ့ပေါင်ခွဆုံပေါ် အကြည့်အရောက် မိုးကာတဲ ဖြစ်နေတာကြောင့် `ဟေး....ဒီကိစ္စက ဘယ်လိုရှင်းမလဲ ပြောဦး´ လို့ သေချာ စိုက်ကြည့်ပေးရင်း မေးပစ်လိုက်တယ်။

ဒေါက်တာ Chang တခစ်ခစ်ရယ်မောရင်း `လက်သမားလုပ်ရုံပေါ့ ဒါပဲလေ၊ ညီလေးနဲ့ တစ်ကြိမ်လောက် အတူလုပ်ကြမယ်....ပြီးရင်တော့ ထပ်မလုပ်တော့ဘူး´ လို့ပြန်ဖြေတယ်။

ကျွန်တော် သူ့တကိုယ်လုံး သိမ်းကျုံး ကြည့်ပြီးနောက် ဒေါက်တာ Chang ဘောင်းဘီကြယ်သီးတွေကို ဖြုတ် ဆွဲချွတ်ချမိရော။ တဖြည်းဖြည်း အားရစရာ ငှက်ပျောသီးကြီး ထိုးထိုးထောင်ထောင်နှင့် ပေါ်လာပါတယ်။ ၇လက်မလောက်ရှည်မယ်။

လိင်တံ ထိပ်အရေပြားဖြတ်ထားတဲ့ ကျွန်တော့် ငပဲက အစွမ်းကုန် မာတောင့်တာတောင် ၅လက်မကျော်ကျော်လောက်ပဲရှိတယ်။ စိတ်မကောင်းသလို အကြည့်နဲ့ တချက်ငေးပြီး ကြီးထွားဖို့ သဘောသဘာဝနဲ့ အနေအထိုင်အကြောင်း ကျွန်တော့်ကို ဒေါက်တာ Chang က အကြံဥာဏ်​ပေးသဗျ။ သူ့ အိုင်ဒီယာ အတွက် ကျေးဇူးတင်ကြောင်း ပြောရတာပေါ့။

`ညီလေး ငပဲကိုကြည့်...အား....မိုက်တယ်ကွာ´ နှစ်ဦးသား အ၀တ်မဲ့ ၀တ်လစ်စလစ်နဲ့ လက်သမားလုပ်ကြတာ ဖြေးဖြေးမှန်မှန် နာရီဝက်နည်းပါးကြာသလို စိတ်မာန်ထရင်း ပါးစပ်က ညည်းညူသံတွေ ညံလာတယ်။

 `ကြိုက်တယ်ဟုတ်?´

ဒေါက်တာ Chang အသက်ရှူ သံပြင်းစွာဖြင့် `Yeah..အကိုတို့ နောက်တစ်ကြိမ်လောက် လုပ်ဖြစ်ကြမှာပါ...အာ´

“Like… Fucking?” ပါးစပ်က ညည်းညူသံ တဆတ်ဆတ် ထွက်ရင်း လက်သမားဆက်လုပ်ကြတယ်။

ဒေါက်တာ Chang က `မဟုတ်ပါဘူးကွာ....လက်သမားပေါ့ ဒီလောက်ပါပဲ။ ပြန်တော့မယ် ညီလေး၊ တခါတလေ အစ်ကို့ရုံးခန်းမှာ တွေ့ကြတာပေါ့ ´ လို့ဆိုတယ်။

စကားပြောလည်းပြော ကျွန်တော့် ပါးပြင်ကို အနမ်းတစ်ချက်ပေးကာ ဘောင်းဘီပြန်ဆွဲတင် ၀တ်ပြီး ပြန်ချသွားရောဗျာ။

ကျွန်တော့်ကြိုးစားမှုတွေကော အချိန်တွေကော အလဟဿဖြစ်ရသလို ကာလရှည် RS တစ်ခု အဆက်အဆံတစ်ခုဖြစ်ဖို့ မျှော်လင့်ချက်က ဟာသဖြစ်သွားတယ်။ ဒါပေမဲ့ ကျွန်တော့်အပေါ် ဒေါက်တာ Chang အာရုံမပြတ် ဂရုပြုတာကြာရှည်အောင် နည်းလမ်း တစ်ခုခုရှာကြံရမယ်လေ။

ဒေါက်တာ Chang ရဲ့မျက်ဝန်းထဲ အမြဲတမ်း Hot and Sexy ဆိုတာနဲ့ ကျွန်တော် ဖြစ်နေစေရမယ်လေ ....ဟုတ်တယ်။

Alex Aung (10 June 2018)

No comments: