Tuesday, November 5, 2019

အမျိုးသား လိင်တံတွေရဲ့ ဖွဲ့စည်းပုံနဲ့ အလုပ်လုပ်ပုံအကြောင်း အသေးစိတ်ရှင်းလင်းချက်



ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အမျိုးသား လိင်တံ ဖွဲ့စည်းထားပုံ

အမျိုးသားလိင်တံတစ်ခုမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့Corpora cavernosa လို့ခေါ်တဲ့ အခန်းရှည်နှစ်ခု။

corpora cavernosa ဟာ လိင်တံရဲ့ အလျားတစ်လျှောက်ရှိနေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီအခန်းတွင်းမှာ ရေမြှပ်ပုံစံကဲ့သို့သော သွေးကြောများစွာ ရှိနေပါတယ်။



corpus spongiosum

Corpora cavernosa ရဲ့အောက်မှာ တည်ရှိတဲ့ ထောင်မတ်ကြွက်သား corpus spongiosum။

ဆီးလမ်းကြောင်း (urethra)။

ဆီးနဲ့ သုက်ရည်တို့ ထွက်တဲ့ လမ်းကြောင်း ဖြစ်ပြီး corpora cavernosa ရဲ့ အောက်မျက်နှာပြင်အောက်မှာတည်ရှိပါတယ်။

ထောင်မတ်တစ်ရှုး။ (Erectile tissue)




ဒီတစ်ရှုးဟာ ဆီးလမ်းကြောင်းကို ဝန်းရံထားပြီး အဓိက သွေးလွှတ်ကြော ၂ ခု၊ သွေးပြန်ကြောများစွာနဲ့ နာဗ်ကြောတွေပါဝင်ပါတယ်။

လိင်တံ။

အမျိုးသားအင်္ဂါရဲ့ အရှည်ဆုံး အပိုင်းဖြစ်ပါတယ်။

လိင်တံထိပ်ခေါင်း။


လိင်တံရဲ့ ထိပ်ဆုံးမှာရှိတဲ့ အပိုင်းကိုခေါ်တာ ဖြစ်ပါတယ်။
လိင်တံထိပ်မှာရှိပြီး ဆီးနဲ့ သုက်ရည်များ ထွက်တဲ့ အပေါက်ဝကို ခေါ်တာ ဖြစ်ပါတယ်။

လိင်တံအရေပြား။




လိင်တံအရေပြားဟာ ဝမ်းဗိုက်အောက်ဘက်ပိုင်း အရေပြားနဲ့ တိုက်ရိုက်ဆက်သွယ်နေပါတယ်။ ဒီအရေပြားဟာ အမွေးအမျှင်မပါတဲ့ အရေပြားဖြစ်ပြီးလိင်တံထိပ်ခေါင်းအထိ သွားဖုံးပေးထားပါတယ်။ corona လို့ခေါ်တဲ့ လိင်တံထိပ်ခေါင်း အဝိုင်းဝန်းမှာဖုံးထားတဲ့ ဒီအရေပြားကိုတော့ လိင်တံထိပ်ငုံအရေပြားလို့ခေါ်ပါတယ်။ လိင်တံနဲ့ ကပ်ပယ်အိတ်အောက်မှာ ကြွက်သားအပျော့တွေ အများအပြားရှိပြီး ဒီကြွက်သားတွေကို dartos fascia လို့ခေါ်ပါတယ်။

အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာ အရှည်ဆုံး အစိတ်အပိုင်းကတော့ Shaft လို့ခေါ်တဲ့ အတံ ဖြစ်ပါတယ်။ လိင်တံရဲ့ ထိပ်ပိုင်းမှာတော့ အမျိုးသား လိင်တံထိပ်ခေါင်း ရှိပါတယ်။ ဒီလိင်တံထိပ်ခေါင်းကနေ ဆီးနဲ့ သုက်ရည် တို့ ထွက်တာ ဖြစ်ပါတယ်။

လိင်တံကိုတော့ ထောင်မတ်နိုင်တဲ့ တစ်ရှုး ၃ ခုဖြင့် ဖွဲ့စည်းထားပါတယ်။ အဲ့ဒါတွေကတော့ Corpora cavernosa လို့ခေါ်တဲ့ သွေးများဝင်လာရင် မာကြောလာတဲ့ ကြွက်သားပွ တစ်ရှုး ၂ ခုနဲ့ corpus spongiosum လို့ခေါ်တဲ့ Corpora cavernosa ရဲ့အောက်မှာ တည်ရှိတဲ့ ထောင်မတ်ကြွက်သား တစ်ခုနဲ့ ဖွဲ့စည်းထားပါတယ်။ Corpora cavernosa ထဲက ထောင်မတ်တစ်ရှုးတွေအတွင်းမှာ သွေးလွှတ်ကြောတွေ၊ နာဗ်ကြောတွေ၊ ကြွက်သားမျှင်တွေနဲ့ သွေးလွှတ်ကြောပြွန်လေးတွေနဲ့ သွေးကြောတွင်းမှာတွေ့ရတဲ့ endothelial ဆဲလ်တွေပါဝင်ပါတယ်။ အထက်ပါ အရာတွေက Corpora cavernosa ထဲမှာ ပြည့်ကျပ်နေပြီး Corpora cavernosa ရဲ့ ထောင့်ဖြတ်ပုံစံကတော့ ရေမြှပ်တစ်ခုနဲ့ တူပါတယ်။ Corpora cavernosa ထဲက သွေးတွေ အဓိက ဝင်တဲ့ သွေးကြောကတော့ cavernosal arteries သွေးလွှတ်ကြောတွေဖြစ်ပြီး Corpora cavernosa တစ်ခုချင်းစီရဲ့ အလယ်ခေါင် တည့်တည့်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ corpora cavernosa တစ်ခုချင်းဆီအတွင်းမှာ အဓိက သွေးလွှတ်ကြော ၂ ခု ရှိပြီး သွေးပြန်ကြောတွေကတော့ အများအပြား ရှိပါတယ်။ ဒါ့အပြင် ခန္ဓါကိုယ်ရဲ့ တစ်ခြားသော အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ဖို့ အတွက် နာဗ်ကြောပေါင်းများစွာလည်း ရှိပါတယ်။ corpora cavernosa ရဲ့ ကျောဘက်မှာတော့ သွေးပြန်ကြော၊ သွေးလွှတ်ကြောများ အပြင် ကျောဘက် နာဗ်ကြောများစွာလည်း ပါဝင်နေပါတယ်။ corpora cavernosa နှစ်ခုလုံးမှာ ထောင်မတ်နိုင်တဲ့ တစ်ရှုးတွေ ပါဝင်ပြီး နှစ်ခုလုံးကို tunica albuginea လို့ခေါ်တဲ့ သိပ်သည်း အမျှင် ကြွက်သားတွေက ဖုံးပေးထားပါတယ်။ corpora cavernosa နှစ်ခုလုံးရဲ့ အလယ်မှာ ခန္ဓါကိုယ် တစ်ရှုး ၂ ခုကို ခြားနားပေးထားတဲ့ အမြှေးပါးတစ်ခုရှိပြီး အရင်းပိုင်းရောက်လေ ပိုပြီး ထူလာလေဖြစ်ပါတယ်။




အမျိုးသားလိင်တံတွေမှာ တစ်ခုတည်းပါဝင်တဲ့ corpus spongiosum ကတော့ corpora cavernosa ၂ ခုရဲ့ အောက်ဘက်ပိုင်း မြောင်းလေးမှာ တည်ရှိတာ ဖြစ်ပါတယ်။ corpus spongiosum ဟာ သူနဲ့ ပုံစံတူ Corpora cavernosa နဲ့ နှိုင်းယှဉ်ရင် သေးငယ်ပြီး ထောင်မတ်ချိန်ဆို သူ့ရဲ့ ထုထည် ၉၀ ရာခိုင်နှုန်းခန့်ဟာ သွေးများနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီ တစ်ရှုး သုံးခု အားလုံးဟာ ပြန့်ကားနိုင်ပြီး ရေမြုပ်ကဲ့သို့သော ကြွက်သားများဖြစ်ကာ လိင်တံထဲ သွေးဝင်လာရင် ထောင်မတ်လာတဲ့ တစ်ရှုးတွေ ဖြစ်ပါတယ်။ အမျိုးသားလိင်တံရဲ့ corpus spongiosum ဟာ အမျိုးသမီးတွေရဲ့ မွေးလမ်းကြောင်းအဝမှာ တည်ရှိတဲ့ ထောင်မတ်နိုင်တဲ့ တစ်ရှုးတွေနဲ့ ဆင်တူပါတယ်။ corpus spongiosum မှာဆိုရင် သုက်နဲ့ ဆီးတို့ထွက်ရှိတဲ့ ဆီးလမ်းကြောင်းပြွန်ပါပြီး ထိပ်ဆုံးမှာတော့ လိင်တံရဲ့ ခေါင်းတည်ရှိပါတယ်။ ဒါ့အပြင် corpus spongiosum ဟာ လိင်တံထောင်မတ်ချိန်မှာ ဆီးလမ်းကြောင်းကို မဖိနှိပ်ထားစေဖို့ အတွက် ကာကွယ်ပေးပါတယ်။

ဒါ့အပြင်လိင်တံအရင်းမှာ လိင်တံကို ထောက်ပံ့ပေးထားတဲ့ ထောက်ပံ့တစ်ရှုး (၂) ခုလည်းရှိပါသေးတယ်။




အမျိုးသား အင်္ဂါတစ်ခုရဲ့ လိင်မှုကိစ္စနဲ့ပတ်သတ်ပြီး အဓိက လုပ်ဆောင်တဲ့ အပိုင်းကတော့ ၂ ပိုင်းရှိပါတယ်။ အဲ့ဒါကတော့ ထောင်မတ်ခြင်း (Erection) နဲ့ သုက်ထွက်ခြင်း (Ejaculation) ဖြစ်ပါတယ်။ ထောင်မတ်ခြင်းကတော့ လိင်တံပျော့နေတဲ့ အချိန်မှာ သွေးကြောများက ပွင့်လာပြီး လိင်တံတွင်း သွေးတွေဝင်တဲ့ အချိန်မှာ ဖိအားကြောင့် လိင်တံထောင်မတ်လာတဲ့ ဖြစ်စဉ်ကိုခေါ်တာပါ။

လိင်တံထောင်မတ်ခြင်း ဘယ်လိုဖြစ်ပေါ်တာလဲ။

ထောင်မတ်ခြင်းရဲ့ အစကတော့ ဦးနှောက်က စတာဖြစ်ပါတယ်။ သင်အရာ တစ်ခုခုကို မြင်လိုက်မယ်၊ ခံစားလိုက်ရမယ်၊ အနံ့ရှုလိုက်ရမယ်၊ ကြားလိုက်ရမယ်၊ တွေးလိုက်ရမယ် ဆိုရင် ဒီ အရာတွေက ဦးနှောက်ကနေ သင့်ရဲ့ လိင်တံတွင်းရှိ သွေးကြောတွေကို ဓါတု အချက်ပြစနစ်တွေ ပို့လွှတ်စေပါတယ်။ အဲ့ဒီအချိန် သွေးလွှတ်ကြောတွေက လိင်တံထဲ သွေးပိုဝင်လာစေဖို ပိုပွင့်သွားပြီး သွေးပြန်ကြောတွေကလည်း ပိတ်သွားပါတော့တယ်။ corpora cavernosa ထဲက သွေးကြောများ ပွင့်နေတဲ့အခါမှာ သွေးများက corpora cavernosa ထဲရှိသွေးလွှတ်ကြောတွေထဲကို တွန်းအားအပြည့်နဲ့ ဝင်ရောက်လာပါတော့တယ်။ လိင်တံထဲ သွေးတွေ ဝင်လာပြီဆိုတာနဲ့ corpora cavernosa ကပြန့်ကားလာပြီး သွေးလွှတ်ကြောများ ဖိအားပမာဏများလာတဲ့အခါမှာတော့ ထောင်မတ်ခြင်း ဖြစ်ပေါ်လာပါတော့တယ်။

tunica albuginea လို့ခေါ်တဲ့ corpora cavernosa ကို ဖုံးအုပ်ပေးထားတဲ့ အမြှေးများဟာ corpora cavernosa ထဲ သွေးကြောများ ပိတ်မိနေစေရန်လုပ်ဆောင်ပေးပြီး ထောင်မတ်ခြင်းကို ထိန်းပေးထားတာ ဖြစ်ပါတယ်။ လိင်တံထဲက ကြွက်သားတွေ ကြုံ့သွားပြီး လိင်တံထဲ သွေးစီးဆင်းမှု ရပ်သွားကာ သွေးများ ပြန်ထွက်သွားမယ်ဆိုရင်တော့ သင်ရဲ့ လိင်တံကပြန်လည်ပျော့ခွေသွားမှာ ဖြစ်ပါတယ်။

သုက်ထွက်ခြင်း ဘယ်လိုဖြစ်တာလဲ။ (ejaculation)

လိင်ပိုင်းရာ လှုံ့ဆော်မှုတွေနဲ့၊ လိင်ဆက်ဆံတဲ့အခါ ဖြစ်ပေါ်တဲ့ ပွတ်တိုက်မှုတွေက နာဗ်ကြောအချက်ပြချက်တွေကို ဖြစ်ပေါ်စေပြီး ဒီအချက်ပြမှုတွေက ဦးနှောက်နဲ့ ကျောရိုးနာဗ်ကြောထဲကို ဝင်ရောက်သွားပါတယ်။ သုက်ထွက်ခြင်းဆိုတာ ဗဟို နာဗ်ကြောစနစ်က ထိန်းချုပ်ထားတဲ့ အလိုအလျောက် တုံ့ပြန်တဲ့ စနစ်ဖြစ်ပါတယ်။ လိင်မှုကိစ္စ လုပ်ရပ်တွေ လုံလောက်တဲ့ ပမာဏ တစ်ခု အထိ ရောက်သွားရင် သုက်ထွက်ခြင်းဖြစ်စဉ်ဖြစ်ပေါ်လာပါတယ်။ သင့် လိင်စိတ် ပြင်းထန်လာတဲ့အခါမှာ vas deferens လို့ခေါ်တဲ့ ပြွန်လေးက ဝှေးစေ့ထဲမှ သုက်ကောင်များကို ဆီးလမ်းကြောင်းရဲ့ နောက်ဆုံးသို့ ပို့လွှတ်လိုက်ပြီး အဲ့အချိန် သုက်ရည်ဆိုင်ရာ ဂလင်းတွေကလည်း ဆီးလမ်းကြောင်းရဲ့ နောက်ဆုံးဘက်ကို ပို့လွှတ်လိုက်ပါတယ်။ ဒီလို vas deferens မှ သုက်ကောင်များနဲ့ သုက်ကောင်ဆိုင်ရာ အရေကြည်အရောတွေ ဆီးလမ်းကြောင်း နောက်ဘက်ပိုင်းရောက်နေပြီဆိုရင် ဆီးလမ်းကြောင်းက အာရုံခံမိလိုက်ပါတယ်။ အဲ့နောက်ပိုင်း လိင်မှုဆိုင်ရာ ခံစားချက် အထွတ်အထိပ်ရောက်ပြီဆိုရင် ဆီးလမ်းကြောင်းဟာ သင့်ရဲ့ ကျောရိုးနဗ်ကြောမကြီးသို့ နာဗ်အချက်ပြစနစ်တွေ ပို့လွှတ်လိုက်ပါတယ်။ အဲ့ဒီနောက် ကျောရိုး နဗ်ကြောမကြီးက လိင်တံအရင်းရှိ ကြွက်သားများသို့ ထပ်မံအချက်ပြစနစ်တွေပို့လွှတ်လိုက်ပါတယ်။ အဲ့ဒီအချက်ပြစနစ်ကို ရရှိတာနဲ့ တစ်ပြိုင်နက် ဒီကြွက်သားများက အားပြင်းပြင်းပြင်းနဲ့ လျင်မြန်စွာ ဝ.၈ စက္ကန့်အတွင်းကျုံ့သွားပါတော့တယ်။ ဒီအားဟာ သင့်လိင်ခံစားချက် အထွတ်အထိပ်ရောက်သွားတာနဲ့ သုက်ရည်များကို ထွက်သွားစေတာဖြစ်ပါတယ်။

သုက်ထွက်ခြင်းမှာ ဖြစ်စဉ် (၂) ဆင့်ရှိပါတယ်။

ပထမ အဆင့်မှာvas deferens လို့ခေါ်တဲ့ ဝှေးစေ့ မှ သုက်ရည်များကို သယ်ဆောင်ပေးတဲ့ ပြွန်ဟာ သုက်ကောင်
များကို ဝှေးစေ့ရဲ့ အရင်းအထိ ရောက်စေရန်အတွက် ကျုံ့သွားပါတယ်။ အဲ့ဒီနောက်မှာ ပရော့စတိတ် ဂလင်း (prostate gland) နဲ့ သုက်ရည်ဂလင်း (seminal vesicles) ကသုက်ရည်ဖြစ်စေရန် အရည်ကြည်များကို စစ်ထုတ်လိုက်ပါတယ်။ ဒီအဆင့်မှာ သုက်ထွက်ခြင်းကို ထိန်းထားလို့မရပါဘူး။

ဒုတိယ အဆင့်မှာလိင်တံအရင်းက ကြွက်သားတွေက ဝ.၈ စက္ကန့်တိုင်းမှာ သုက်ရည်များကို အများဆုံး၅ ကြိမ်လောက်အထိ ပန်းထွက်စေရန် ကြုံသွားပါတယ်။

မူလရေးသားတင်ဆက်သူ ~ Hello ဆရာဝန်

No comments: