Sunday, October 20, 2019

သုက်ရည်မျိုချခြင်းနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ



ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သုက်ရည်မျိုချခြင်းအကြောင်း မပြောခင် အရင်ဆုံး သုက်ရည်ရဲ့ ဖွဲ့စည်းပုံအကြောင်းကို ပြောပြပေးချင်ပါတယ်။ သုက်ရည် (Semen) မှာ သုက်ပိုးကောင် (Sperm) နဲ့ အရည် (Seminal Plasma) တို့ ပါဝင်ပါတယ်။ သုက်ရည်မှာ ပါဝင်တဲ့ သုက်ပိုးကောင်တွေဟာ မျိုးပွားစနစ်အတွက် မရှိမဖြစ်အရေးပါပြီး ပဋိသန္ဓေတည်ခြင်း ဖြစ်စေပါတယ်။ သုက်ရည်ရဲ့ ၈၀ရာခိုင်နှုန်းကတော့ ရေဖြစ်ပြီး ကျန်တဲ့ ၂၀ရာခိုင်နှုန်းက သုက်ပိုးကောင်တွေ၊ အာဟာရဓါတ်အနည်းငယ် ပါဝင်ပါတယ်။

သုက်ရည်မျိုချရင် အန္တရာယ်ရှိနိုင်လား။
ကိုယ့်မှာ ဘာရောဂါမှမရှိဘူးဆိုရင်တော့ သုက်ရည်မျိုချလို့ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေ မရှိပါဘူး။ အလွန်ရှားပါးသောအခြေအနေမှာ သုက်ရည်နဲ့ ဓါတ်မတည့်တဲ့သူတွေ သုက်ရည်မျိုချမိရင်တော့ ဓါတ်မတည့်လက္ခဏာတချို့ ပြနိုင်ပါတယ်။

လူတွေပြောသလို သုက်ရည်မှာ ပရိုတင်းဓါတ်ကြွယ်ဝတယ်ဆိုတာ တကယ်လား။
သုက်ရည်မှာ ပရိုတင်းဓါတ်ပါဝင်တယ်ဆိုပေမယ့် ခန္ဓါကိုယ်အတွက် အကျိုးပြုရလောက်တဲ့ ပမာဏလောက် ရှိတာတော့ မဟုတ်ပါဘူး။ အမျိုးသားတစ်ယောက် စွန့်ထုတ်တဲ့ သုက်ရည်ပမာဏ၊ စေးပျစ်မှု၊ သုက်ပိုးကောင်ရဲ့ ကျန်းမာသန်စွမ်းမှုပေါ်မူတည်ပြီး ပရိုတင်းဓါတ်အနည်းအများ ပြောင်းလဲသွားနိုင်တယ်ဆိုပေမယ့် တကယ်တမ်းမှာ သုက်ရည်ရဲ့ အပုံ ၂၀ ပုံ ၁ပုံမှာသာ ပရိုတင်းဓါတ်တွေ ပါဝင်နေတာဖြစ်ပါတယ်။

သုက်ရည်မှာ ပရိုတင်းဓါတ်အပြင် တခြားဘာတွေ ပါဝင်သေးလဲ။
၈၀ ရာခိုင်နှုန်းသော ရေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ပရိုတင်းဓါတ်အပြင်

သကြားဓါတ်
ဆိုဒီယမ်ဓါတ်
ဆစ်ထရိတ်
ဇင့်ဓါတ်
ကလိုရိုက်
ကယ်လ်စီယမ်ဓါတ်
လက်တစ်အက်ဆစ်
မဂ္ဂနီဆီယမ်ဓါတ်
ပိုတက်စီယမ်ဓါတ်
ယူရီးယားဓါတ်တွေ ပါဝင်ပါတယ်။
သုက်ရည်မှာ ကယ်လိုရီဓါတ်တွေ ပါလား။
အနည်းနဲ့အများတော့ ပါတယ်ဆိုပေမယ့် ကျန်တဲ့ အာဟာရဓါတ်တွေလိုပဲ အလွန်နည်းတဲ့ ပမာဏလောက်သာ ပါဝင်တာ ဖြစ်ပါတယ်။

သုက်ရည်မှာ ဘာအရသာရှိလဲ။
သုက်ရည်ရဲ့ အရသာဟာ အမျိုးသားတစ်ယောက်ရဲ့ နေ့စဉ်စားသောက်တဲ့ အစာအာဟာရပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။ နံနံပင်၊ နာနတ်သီး၊ သင်္ဘောသီး၊ လိမ္မော်သီးတွေ အစားများရင် အက်ဆစ်ဓါတ်နည်းပြီး အညှီနံ့နည်းသွားနိုင်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကညွန့်၊ အသားစားသုံးမှုများတာ၊ နို့ထွက်ပစ္စည်း၊ အရက်၊ ဆေးလိပ်၊ ကော်ဖီ် သောက်လွန်းတဲ့ အမျိုးသားတွေရဲ့ သုက်ရည်ဟာ အနံ့ပိုပြင်းပြီး အနည်းငယ်ပိုခါးတဲ့ အရသာရှိနိုင်ပါတယ်။

သုက်ရည်ရဲ့ အနံ့က ဘယ်လိုမျိုးလဲ။
အမျိုးသားတစ်ယောက်ရဲ့ ကျန်းမာရေး၊ နေ့စဉ်စားသောက်မှုပုံစံ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုပေါ်မူတည်ပြီး သုက်ရည်ရဲ့ အနံ့ဟာလည်း အစွန်းချွတ်ဆေးအနံ့၊ ငါးညှီနံ့၊ ကတိုးရနံ့ အစရှိသဖြင့် အမျိုးမျိုး ပြောင်းလဲသွားနိုင်ပါတယ်။

သုက်ရည်မှာ စိတ်ကိုပျော်ရွှင်စေတဲ့ ဓါတ်တွေ ပါဝင်နေတာဟုတ်လား။
ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ အကောင်းမြင်စိတ် အစရှိတဲ့ စိတ်ခံစားချက်ကို ဖြစ်စေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ အန်ဒိုဖင်ဟော်မုန်း၊ အက်စထရုန်းဟော်မုန်း၊ ပရိုလက်တင်ဟော်မုန်း၊ အောက်စီတိုစင်ဟော်မုန်း၊ ဆီရိုတိုနင်ဟော်မုန်းတွေ အနည်းငယ်ပါဝင်ပါတယ်။

ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေရှိလား။
စိတ်ကိုပျော်ရွှင်စေခြင်း၊ စိတ်ဖိစီးမှုတွေ နည်းစေခြင်းနဲ့ သန္ဓေတည်စေရန် ကူညီပေးခြင်းကလွဲရင် တခြားကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေတော့ မရှိပါဘူး။ သုက်ရည်မှာ ပါဝင်တဲ့ အာဟာရဓါတ်တွေဟာလည်း ပမာဏအလွန်နည်းတဲ့အပြင် ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပေးနိုင်တာမျိုး မဟုတ်ပါဘူး။

သုက်ရည်မျိုချရင် လိင်မှတစ်ဆင့် ရောဂါတွေ ကူးစက်နိုင်လား။
အကာအကွယ်မပါဘဲ ပါးစပ်ဖြင့် လိင်တံကို နှိုးဆွတာ၊ သုက်ရည်မျိုချခြင်းကြောင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဝင်လာနိုင်ပါတယ်။ ကူးစက်နိုင်တဲ့ ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့် လုံးဝမကူးနိုင်တာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် HIV ဗိုင်းရပ်စ်ပိုး၊ ရေယုန် HPV ဗိုင်းရပ်စ်ပိုးတွေ၊ ဂနို၊ ခလက်မီးဒီယား၊ ကာလသားရောဂါ အစရှိတဲ့ ရောဂါတွေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးဖို့ လိုအပ်သလို ကိုယ်နဲ့ ကိုယ့်ရဲ့ အဖော်အနေနဲ့ ရောဂါပိုးတွေ ရှိ၊ မရှိ ကြိုတင်စစ်ဆေးထားဖို့တော့ လိုပါမယ်။

ဒါဆို သုက်ရည်ကို မျိုချမှာလား၊ ထွေးထုတ်မှာလား။
ဒီမေးခွန်းအတွက်ကတော့ လိင်ဆက်ဆံမှု မပြုခင် နှစ်ဦးနှစ်ဖက်လုံး ပွင့်ပွင့်လင်းလင်း တိုင်ပင်ထားတာ ပိုကောင်းပါတယ်။ ကိုယ့်အတွက်တော့ သုက်ရည်မျိုချတဲ့ အပြုအမူဟာ ရွံစရာကောင်းတယ်၊ မနှစ်မြို့စရာကောင်းတယ်၊ သို့မဟုတ် တခြားရောဂါတွေ ကူးစက်ခံရမှာ ကြောက်တယ်ဆိုရင်တော့ ကိုယ်နဲ့ ဆက်ဆံမယ့် အမျိုးသားကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး တိုင်ပင်တာ ပိုကောင်းပါတယ်။ နှစ်ဦးနှစ်ဖက်လုံး သဘောတူညီမှုရှိမှ သာယာပျော်ရွှင်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

####****####

သုက္ရည္မ်ိဳခ်ျခင္းနဲ႔ ပတ္သက္ၿပီး ဘာေတြသိထားသင့္လဲ

ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

သုက္ရည္မ်ိဳခ်ျခင္းအေၾကာင္း မေျပာခင္ အရင္ဆုံး သုက္ရည္ရဲ့ ဖြဲ႕စည္းပုံအေၾကာင္းကို ေျပာျပေပးခ်င္ပါတယ္။ သုက္ရည္ (Semen) မွာ သုက္ပိုးေကာင္ (Sperm) နဲ႔ အရည္ (Seminal Plasma) တို႔ ပါဝင္ပါတယ္။ သုက္ရည္မွာ ပါဝင္တဲ့ သုက္ပိုးေကာင္ေတြဟာ မ်ိဳးပြားစနစ္အတြက္ မရွိမျဖစ္အေရးပါၿပီး ပဋိသေႏၶတည္ျခင္း ျဖစ္ေစပါတယ္။ သုက္ရည္ရဲ့ ၈၀ရာခိုင္ႏႈန္းကေတာ့ ေရျဖစ္ၿပီး က်န္တဲ့ ၂၀ရာခိုင္ႏႈန္းက သုက္ပိုးေကာင္ေတြ၊ အာဟာရဓါတ္အနည္းငယ္ ပါဝင္ပါတယ္။

သုက္ရည္မ်ိဳခ်ရင္ အႏၲရာယ္ရွိနိုင္လား။
ကိုယ့္မွာ ဘာေရာဂါမွမရွိဘူးဆိုရင္ေတာ့ သုက္ရည္မ်ိဳခ်လို႔ ျဖစ္ေစနိုင္တဲ့ ဆိုးက်ိဳးေတြ မရွိပါဘူး။ အလြန္ရွားပါးေသာအေျခအေနမွာ သုက္ရည္နဲ႔ ဓါတ္မတည့္တဲ့သူေတြ သုက္ရည္မ်ိဳခ်မိရင္ေတာ့ ဓါတ္မတည့္လကၡဏာတခ်ိဳ႕ ျပနိုင္ပါတယ္။

လူေတြေျပာသလို သုက္ရည္မွာ ပရိုတင္းဓါတ္ႂကြယ္ဝတယ္ဆိုတာ တကယ္လား။
သုက္ရည္မွာ ပရိုတင္းဓါတ္ပါဝင္တယ္ဆိုေပမယ့္ ခႏၶါကိုယ္အတြက္ အက်ိဳးျပဳရေလာက္တဲ့ ပမာဏေလာက္ ရွိတာေတာ့ မဟုတ္ပါဘူး။ အမ်ိဳးသားတစ္ေယာက္ စြန႔္ထုတ္တဲ့ သုက္ရည္ပမာဏ၊ ေစးပ်စ္မႈ၊ သုက္ပိုးေကာင္ရဲ့ က်န္းမာသန္စြမ္းမႈေပၚမူတည္ၿပီး ပရိုတင္းဓါတ္အနည္းအမ်ား ေျပာင္းလဲသြားနိုင္တယ္ဆိုေပမယ့္ တကယ္တမ္းမွာ သုက္ရည္ရဲ့ အပုံ ၂၀ ပုံ ၁ပုံမွာသာ ပရိုတင္းဓါတ္ေတြ ပါဝင္ေနတာျဖစ္ပါတယ္။

သုက္ရည္မွာ ပရိုတင္းဓါတ္အျပင္ တျခားဘာေတြ ပါဝင္ေသးလဲ။
၈၀ ရာခိုင္ႏႈန္းေသာ ေရနဲ႔ ဖြဲ႕စည္းထားတာျဖစ္ၿပီး ပရိုတင္းဓါတ္အျပင္

သၾကားဓါတ္
ဆိုဒီယမ္ဓါတ္
ဆစ္ထရိတ္
ဇင့္ဓါတ္
ကလိုရိုက္
ကယ္လ္စီယမ္ဓါတ္
လက္တစ္အက္ဆစ္
မဂၢနီဆီယမ္ဓါတ္
ပိုတက္စီယမ္ဓါတ္
ယူရီးယားဓါတ္ေတြ ပါဝင္ပါတယ္။

သုက္ရည္မွာ ကယ္လိုရီဓါတ္ေတြ ပါလား။
အနည္းနဲ႔အမ်ားေတာ့ ပါတယ္ဆိုေပမယ့္ က်န္တဲ့ အာဟာရဓါတ္ေတြလိုပဲ အလြန္နည္းတဲ့ ပမာဏေလာက္သာ ပါဝင္တာ ျဖစ္ပါတယ္။

သုက္ရည္မွာ ဘာအရသာရွိလဲ။
သုက္ရည္ရဲ့ အရသာဟာ အမ်ိဳးသားတစ္ေယာက္ရဲ့ ေန႔စဥ္စားေသာက္တဲ့ အစာအာဟာရေပၚ မူတည္ၿပီး ေျပာင္းလဲသြားနိုင္ပါတယ္။ နံနံပင္၊ နာနတ္သီး၊ သေဘၤာသီး၊ လိေမၼာ္သီးေတြ အစားမ်ားရင္ အက္ဆစ္ဓါတ္နည္းၿပီး အညႇီနံ့နည္းသြားနိုင္ပါတယ္။ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ပန္းေဂၚဖီ၊ ေဂၚဖီထုပ္၊ ကညြန႔္၊ အသားစားသုံးမႈမ်ားတာ၊ နို႔ထြက္ပစၥည္း၊ အရက္၊ ေဆးလိပ္၊ ေကာ္ဖီ္ ေသာက္လြန္းတဲ့ အမ်ိဳးသားေတြရဲ့ သုက္ရည္ဟာ အနံ့ပိုျပင္းၿပီး အနည္းငယ္ပိုခါးတဲ့ အရသာရွိနိုင္ပါတယ္။

သုက္ရည္ရဲ့ အနံ့က ဘယ္လိုမ်ိဳးလဲ။
အမ်ိဳးသားတစ္ေယာက္ရဲ့ က်န္းမာေရး၊ ေန႔စဥ္စားေသာက္မႈပုံစံ၊ တစ္ကိုယ္ေရ သန႔္ရွင္းမႈေပၚမူတည္ၿပီး သုက္ရည္ရဲ့ အနံ့ဟာလည္း အစြန္းခၽြတ္ေဆးအနံ့၊ ငါးညႇီနံ့၊ ကတိုးရနံ့ အစရွိသျဖင့္ အမ်ိဳးမ်ိဳး ေျပာင္းလဲသြားနိုင္ပါတယ္။

သုက္ရည္မွာ စိတ္ကိုေပ်ာ္ရႊင္ေစတဲ့ ဓါတ္ေတြ ပါဝင္ေနတာဟုတ္လား။
ေပ်ာ္ရႊင္ျခင္း၊ ၾကည္ႏူးျခင္း၊ အေကာင္းျမင္စိတ္ အစရွိတဲ့ စိတ္ခံစားခ်က္ကို ျဖစ္ေစၿပီး စိတ္ဖိစီးမႈကို ေျပေလ်ာ့ေစတဲ့ အန္ဒိုဖင္ေဟာ္မုန္း၊ အက္စထ႐ုန္းေဟာ္မုန္း၊ ပရိုလက္တင္ေဟာ္မုန္း၊ ေအာက္စီတိုစင္ေဟာ္မုန္း၊ ဆီရိုတိုနင္ေဟာ္မုန္းေတြ အနည္းငယ္ပါဝင္ပါတယ္။

က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးေတြရွိလား။
စိတ္ကိုေပ်ာ္ရႊင္ေစျခင္း၊ စိတ္ဖိစီးမႈေတြ နည္းေစျခင္းနဲ႔ သေႏၶတည္ေစရန္ ကူညီေပးျခင္းကလြဲရင္ တျခားက်န္းမာေရးအတြက္ အက်ိဳးေက်းဇူးေတြေတာ့ မရွိပါဘူး။ သုက္ရည္မွာ ပါဝင္တဲ့ အာဟာရဓါတ္ေတြဟာလည္း ပမာဏအလြန္နည္းတဲ့အျပင္ ကိုယ္ခႏၶါႀကီးထြားဖြံ့ၿဖိဳးမႈအတြက္ အေထာက္အကူေပးနိုင္တာမ်ိဳး မဟုတ္ပါဘူး။

သုက္ရည္မ်ိဳခ်ရင္ လိင္မွတစ္ဆင့္ ေရာဂါေတြ ကူးစက္နိုင္လား။
အကာအကြယ္မပါဘဲ ပါးစပ္ျဖင့္ လိင္တံကို ႏွိုးဆြတာ၊ သုက္ရည္မ်ိဳခ်ျခင္းေၾကာင့္ လိင္မွတစ္ဆင့္ ကူးစက္ေရာဂါေတြ ဝင္လာနိုင္ပါတယ္။ ကူးစက္နိုင္တဲ့ ရာခိုင္ႏႈန္းနည္းတယ္ဆိုေပမယ့္ လုံးဝမကူးနိုင္တာေတာ့ မဟုတ္ပါဘူး။ အထူးသျဖင့္ HIV ဗိုင္းရပ္စ္ပိုး၊ ေရယုန္ HPV ဗိုင္းရပ္စ္ပိုးေတြ၊ ဂနို၊ ခလက္မီးဒီယား၊ ကာလသားေရာဂါ အစရွိတဲ့ ေရာဂါေတြ ကူးစက္နိုင္ပါတယ္။ ဒါေၾကာင့္ လိင္ဆက္ဆံတဲ့အခါတိုင္း ကြန္ဒုံးသုံးဖို႔ လိုအပ္သလို ကိုယ္နဲ႔ ကိုယ့္ရဲ့ အေဖာ္အေနနဲ႔ ေရာဂါပိုးေတြ ရွိ၊ မရွိ ႀကိဳတင္စစ္ေဆးထားဖို႔ေတာ့ လိုပါမယ္။

ဒါဆို သုက္ရည္ကို မ်ိဳခ်မွာလား၊ ေထြးထုတ္မွာလား။
ဒီေမးခြန္းအတြက္ကေတာ့ လိင္ဆက္ဆံမႈ မျပဳခင္ ႏွစ္ဦးႏွစ္ဖက္လုံး ပြင့္ပြင့္လင္းလင္း တိုင္ပင္ထားတာ ပိုေကာင္းပါတယ္။ ကိုယ့္အတြက္ေတာ့ သုက္ရည္မ်ိဳခ်တဲ့ အျပဳအမူဟာ ရြံစရာေကာင္းတယ္၊ မႏွစ္ၿမိဳ႕စရာေကာင္းတယ္၊ သို႔မဟုတ္ တျခားေရာဂါေတြ ကူးစက္ခံရမွာ ေၾကာက္တယ္ဆိုရင္ေတာ့ ကိုယ္နဲ႔ ဆက္ဆံမယ့္ အမ်ိဳးသားကို ပြင့္ပြင့္လင္းလင္း ေျပာျပၿပီး တိုင္ပင္တာ ပိုေကာင္းပါတယ္။ ႏွစ္ဦးႏွစ္ဖက္လုံး သေဘာတူညီမႈရွိမွ သာယာေပ်ာ္ရႊင္ဖြယ္ လိင္မႈဘဝကို ပိုင္ဆိုင္နိုင္မွာ ျဖစ္ပါတယ္။

မူလေရးသားတင္ဆက္သည့္ စာမ်က္ႏွာ - Hello ဆရာ၀န္​ 

No comments: