Monday, February 8, 2021

မပျို့မအန်ဘဲ Blow Job ဘယ်လိုပေးနိုင်မလဲ

မပျို့မအန်ဘဲ Blow Job ဘယ်လိုပေးနိုင်မလဲ




ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Dr. Thiha Phyo Myint


ချစ်သူစုံတွဲတွေ ချစ်တင်းနှောကြရင်း မိမိချစ်သူရဲ့ ဆန္ဒကို ဖြည့်စည်းဖို့ ပါးစပ်နဲ့ လိင်ဆက်ဆံ ကြတဲ့အခါမျိုးတွေရှိကြမှာပါ။ ဒီအခါ လိင်အင်္ဂါဟာ ပါးစပ်ထဲရောက်တဲ့အခါ ပျို့အန်ချင်စိတ်တွေ ပေါ်ပေါက်လာပြီး အဆင်မပြေတော့ပါဘူး။


အဖြစ်အများဆုံးက ချစ်သူရဲ့ စိတ်ဆန္ဒကို အပြည့်အဝဖြည့်ဆည်းပေးချင်ဇောနဲ့ လိင်အင်္ဂါကို လည်ချောင်းထဲထိရောက်အောင် ပါးစပ်တဆုံးသွင်းမိခြင်းပါပဲ(Deep throating)။ ဒါဟာ ရုပ်ရှင်ကား ထဲကအတိုင်း လိုက်လုပ်တာပါ။ လည်ချောင်းထဲကို လက်ညှိုးထိုးထည့်တဲ့အခါမျိုးမှာတောင် ပျို့အန်ချင်စိတ်ဖြစ်နိုင်တာမို့ Blow Job လုပ်တဲ့အခါ ပျို့အန်ချင်တာ မဆန်းပါဘူး။ Deep throating လုပ်မှ ဆန္ဒပြည့်ဝတာမဟုတ်ပါဘူး။ ကောင်းမွန်ပြီး ပညာသားပါလှတဲ့ ပါးစပ်နဲ့လိင်ဆက်ဆံခြင်း (Excellent Blow Job)ဆိုတာ လည်ချောင်းတဆုံးထိ ရောက်စရာမလိုပါဘူး။ နည်းစနစ်မှန်ကန်ဖို့သာ အရေးကြီးတာပါ။ ဘယ်လိုနည်းတွေလဲ။


(၁)    အသက်မှန်မှန်ရှူပါ။ (Breathe)

ပါးစပ်ထဲမှာ လိင်အင်္ဂါနဲ့ ပြည့်သွားတဲ့အခါ အသက်ရှူဖို့ ခက်ခဲလာမှာပါ။ နှာခေါင်း တစ်ခုထဲ ကို အသုံးပြုကာ အသက်ရှူရမှာပါ။ ဒါပေမယ့် ပါးစပ်နဲ့ လိင်ဆက်ဆံနေတဲ့ အာရုံတစ်ခုတည်းသာရှိ နေပြီး အသက်ရှူဖို့ မေ့လျော့နေတတ်ပါတယ်။ ကြာလာတဲ့အခါ အသက်ရှူကြပ်လာပြီး ပျို့အန်ချင် တော့တာပါပဲ။ ဒီတော့ Blow Job ပြုလုပ်နေရင်းနဲ့ နှာခေါင်းမှ အသက်ဝဝရှူဖို့ကို မမေ့လျော့ပါနဲ့။ ပုံမှန်ရှူပါ။ လေကို ပုံမှန်ရှူရှိုက်နေခြင်းဟာ စိတ်တည်ငြိမ်စေပြီး၊ လည်ချောင်းကို ဖြေလျော့စေကာ ပျို့အန်ချင်စိတ်ကို နည်းပါးစေမှာပါ။


(၂)    အရာဝတ္ထုတစ်ခုအပေါ်မှာလေ့ကျင့်ပါ။

တစ်စုံတစ်ယောက် … သင့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ ဆက်ဆံတဲ့အခါ စိတ်လှုပ်ရှားမှုဟာ ရှိနေ တတ်ပြီး ဖိအားဖြစ်နေတတ်ပါတယ်။ ဒါဆိုရင် စိတ်လှုပ်ရှားမှုမရှိနိုင်တဲ့ အခြေအနေတွေမှာ ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေ ဘာကြောင့် မပြုလုပ်ထားရမှာလဲ။ ပြုလုပ်လို့ရပါတယ်။  လိင်ဆက်ဆံခြင်း မဟုတ် ပါဘူး။ ဘယ်အရာမဆို ကြိုတင်လေ့ကျင့်ခြင်းရှိမှသာ အဆင်ပြေချောမွေ့နိုင်တာပါ။ မိမိရဲ့ လက်ကိုအသုံးပြု လေ့ကျင့်နိုင်သလို လိင်အင်္ဂါနဲ့ပုံသဏ္ဍန်တူတဲ့ အသီးတွေနဲ့လည်း ပြင်ဆင်နိုင်ပါတယ်။ ဒါဟာ ရှက်စရာကောင်းတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ လူသားတွေဟာ ကာမလိင်ဆက်ဆံခြင်းနဲ့ မကင်းနိုင်ကြပါဘူး။ ဒါကြောင့် ကျန်းမာရေးရှုထောင့်အရ ကြည့်ကာ ကြိုတင် လေ့ကျင့်ထားတာ ကောင်းပါလိမ့်မယ်။


(၃)    လက်ကို အသုံးပြုပါ။

တချို့စုံတွဲတွေဟာ Blow Job ပြုလုပ်တဲ့အခါ ပါးစပ်ချည်းသက်သက် အသုံးပြုကာ လက်တွေကို အလွတ်ထားတတ်ပြီး  ခေါင်းကလိုက်လံ ရွေ့လျားတတ်ကြပါတယ်။ လက်တွေကို အသုံးပြုခြင်းအား ဖြင့် လိင်အင်္ဂါဟာ ပါးစပ်ရဲ့ ဘယ်အပိုင်းထိရောက်နေပြီးလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ပါတနာကိုလည်း လက်ချောင်းလေးတွေရဲ့ အထိအတွေ့က ထပ်မံသာယာစေနိုင်ပါတယ်။ ပါးစပ်ဟာ လိင်အင်္ဂါရဲ့ ထိပ်ဖျားကိုပဲ အာရုံစိုက်ထားပါ။ လိင်အင်္ဂါထိပ်ပိုင်းမှာ အာရုံကြောတွေများတာမို့ ခံစားမှုပိုကောင်းလို့ ပါ။ ကျန်အပိုင်းကိုတော့ လက်ရဲ့တာဝန်ထားပါ။ Blow Job လုပ်ရင်း မောပန်းလာပါက လက်ဖြင့် အာသာဖြေခြင်း(Hand Job)ကို ခေတ္တအစားထိုးပေးပါ။ ပါတနာကိုလည်း အပြောင်းအလဲခံစားမှုလေး ပေးစွမ်းနိုင်မှာပါတယ်။ အချိန်တစ်ခုထိ အနားယူပြီးမှ ပြန်လည်စတင်ပါ။


(၄)    သင့်တော်တဲ့အနေအထား (Sex Position)ကို ရွေးချယ်ပါ။

Blow Job ပြုလုပ်တဲ့ အများဆုံးအနေအထားဟာ အမျိုးသားက အောက်မှာရှိနေပြီး အမျိုးသမီးဟာ အပေါ်ကနေ၍ ပြုလုပ်ခြင်းဖြစ်ပါတယ် (69 Position) ။ ဒီအနေအထားဟာ ပိုမို တည်ငြိမ်ပြီး လိင်အင်္ဂါရောက်ရှိမှုအနေအထားကိုလည်း ခန့်မှန်းနိုင်ပါတယ်။


ဒါပေမယ့် အလွယ်တကူပျို့အန်တတ်သူတွေအတွက်တော့ မပြုလုပ်သင့်တဲ့ အနေအထားပါ။ လိင်အင်္ဂါဟာ လည်‌ချောင်းကို မကြာခဏဆိုသလို ပိုမိုထိနိုင်ပြီး ပျို့အန်ခြင်းကို ပိုမိုဖြစ်နိုင်လို့ပါ။


Blow Job ပြုလုပ်ဖို့ အသင့်တော်ဆုံးအနေအထားဟာ အမျိုးသမီးကို အောက်မှာထားတဲ့ Position ပါ။ ဥပမာ Reverse 69 နဲ့ အမျိုးသားကမတ်မတ်ရပ်ကာ အမျိုးသမီးဟာ အိပ်ရာပေါ် အိပ်လျက် ခေါင်းကို အိပ်ရာပေါ်မှ တွဲလျားချထားတဲ့ အနေအထားပါ။ ဒီအနေအထားတွေဟာ ပျို့အန် ဖို့ဖြစ်နိုင်ခြေ နည်းတဲ့ Position တွေပါ။ ကြာလာရင်တော့ ခေါင်းထဲ သွေးရောက်ပြီး မူးဝေလာနိုင်တာကို တော့ သတိချပ်စေချင်ပါတယ်။


နောက်ပြီး ဒီလို ပါးစပ်နဲ့ လိင်ဆက်ဆံတာက တချို့သော လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဝင်လာနိုင်တာကို သတိပြုပါ။ ဒါကြောင့် ကွန်ဒုံးသုံးသင့်ပါတယ်။ ကိုယ်မလုပ်ချင်ရင် အဖော်ကို ပွင့်ပွင့်လင်းလင်း ပြောပြီး ငြင်းပယ်နိုင်ပါတယ်။


သင့်အိမ်ထောင်ဖက်သို့မဟုတ် ချစ်သူနဲ့ သာယာဖြောင့်ဖြူးတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်ဖို့ အထက်ပါအချက်တွေကို ပြုလုပ်နိုင်ပါတယ်။ ရှက်နေစရာမလိုပါဘူး။ သဘာဝတရားကြီးကို အကောင်းဆုံး အလေ့အကျင့် အနေအထားတွေနဲ့ ရင်ဆိုင်လိုက်သင့်ပါတယ်။


ရေးသားသူ-ဒေါက်တာမှူးခင်


Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi)

မပ်ိဳ႕မအန္ဘဲ Blow Job ဘယ္လိုေပးႏိုင္မလဲ




ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

ေရးသားသူ Dr. Thiha Phyo Myint


ခ်စ္သူစုံတြဲေတြ ခ်စ္တင္းေႏွာၾကရင္း မိမိခ်စ္သူရဲ႕ ဆႏၵကို ျဖည့္စည္းဖို႔ ပါးစပ္နဲ႔ လိင္ဆက္ဆံ ၾကတဲ့အခါမ်ိဳးေတြရွိၾကမွာပါ။ ဒီအခါ လိင္အဂၤါဟာ ပါးစပ္ထဲေရာက္တဲ့အခါ ပ်ိဳ႕အန္ခ်င္စိတ္ေတြ ေပၚေပါက္လာၿပီး အဆင္မေျပေတာ့ပါဘူး။


အျဖစ္အမ်ားဆုံးက ခ်စ္သူရဲ႕ စိတ္ဆႏၵကို အျပည့္အဝျဖည့္ဆည္းေပးခ်င္ေဇာနဲ႔ လိင္အဂၤါကို လည္ေခ်ာင္းထဲထိေရာက္ေအာင္ ပါးစပ္တဆုံးသြင္းမိျခင္းပါပဲ(Deep throating)။ ဒါဟာ ႐ုပ္ရွင္ကား ထဲကအတိုင္း လိုက္လုပ္တာပါ။ လည္ေခ်ာင္းထဲကို လက္ညႇိဳးထိုးထည့္တဲ့အခါမ်ိဳးမွာေတာင္ ပ်ိဳ႕အန္ခ်င္စိတ္ျဖစ္ႏိုင္တာမို႔ Blow Job လုပ္တဲ့အခါ ပ်ိဳ႕အန္ခ်င္တာ မဆန္းပါဘူး။ Deep throating လုပ္မွ ဆႏၵျပည့္ဝတာမဟုတ္ပါဘူး။ ေကာင္းမြန္ၿပီး ပညာသားပါလွတဲ့ ပါးစပ္နဲ႔လိင္ဆက္ဆံျခင္း (Excellent Blow Job)ဆိုတာ လည္ေခ်ာင္းတဆုံးထိ ေရာက္စရာမလိုပါဘူး။ နည္းစနစ္မွန္ကန္ဖို႔သာ အေရးႀကီးတာပါ။ ဘယ္လိုနည္းေတြလဲ။


(၁)    အသက္မွန္မွန္ရႉပါ။ (Breathe)

ပါးစပ္ထဲမွာ လိင္အဂၤါနဲ႔ ျပည့္သြားတဲ့အခါ အသက္ရႉဖို႔ ခက္ခဲလာမွာပါ။ ႏွာေခါင္း တစ္ခုထဲ ကို အသုံးျပဳကာ အသက္ရႉရမွာပါ။ ဒါေပမယ့္ ပါးစပ္နဲ႔ လိင္ဆက္ဆံေနတဲ့ အာ႐ုံတစ္ခုတည္းသာရွိ ေနၿပီး အသက္ရႉဖို႔ ေမ့ေလ်ာ့ေနတတ္ပါတယ္။ ၾကာလာတဲ့အခါ အသက္ရႉၾကပ္လာၿပီး ပ်ိဳ႕အန္ခ်င္ ေတာ့တာပါပဲ။ ဒီေတာ့ Blow Job ျပဳလုပ္ေနရင္းနဲ႔ ႏွာေခါင္းမွ အသက္ဝဝရႉဖို႔ကို မေမ့ေလ်ာ့ပါနဲ႔။ ပုံမွန္ရႉပါ။ ေလကို ပုံမွန္ရႉရႈိက္ေနျခင္းဟာ စိတ္တည္ၿငိမ္ေစၿပီး၊ လည္ေခ်ာင္းကို ေျဖေလ်ာ့ေစကာ ပ်ိဳ႕အန္ခ်င္စိတ္ကို နည္းပါးေစမွာပါ။


(၂)    အရာဝတၳဳတစ္ခုအေပၚမွာေလ့က်င့္ပါ။

တစ္စုံတစ္ေယာက္ … သင့္ခ်စ္သူ၊ အိမ္ေထာင္ဖက္နဲ႔ ဆက္ဆံတဲ့အခါ စိတ္လႈပ္ရွားမႈဟာ ရွိေန တတ္ၿပီး ဖိအားျဖစ္ေနတတ္ပါတယ္။ ဒါဆိုရင္ စိတ္လႈပ္ရွားမႈမရွိႏိုင္တဲ့ အေျခအေနေတြမွာ ႀကိဳတင္ျပင္ဆင္ေလ့က်င့္မႈေတြ ဘာေၾကာင့္ မျပဳလုပ္ထားရမွာလဲ။ ျပဳလုပ္လို႔ရပါတယ္။  လိင္ဆက္ဆံျခင္း မဟုတ္ ပါဘူး။ ဘယ္အရာမဆို ႀကိဳတင္ေလ့က်င့္ျခင္းရွိမွသာ အဆင္ေျပေခ်ာေမြ႕ႏိုင္တာပါ။ မိမိရဲ႕ လက္ကိုအသုံးျပဳ ေလ့က်င့္ႏိုင္သလို လိင္အဂၤါနဲ႔ပုံသ႑န္တူတဲ့ အသီးေတြနဲ႔လည္း ျပင္ဆင္ႏိုင္ပါတယ္။ ဒါဟာ ရွက္စရာေကာင္းတယ္လို႔ ထင္ေကာင္းထင္ႏိုင္ပါတယ္။ ဒါေပမဲ့ လူသားေတြဟာ ကာမလိင္ဆက္ဆံျခင္းနဲ႔ မကင္းႏိုင္ၾကပါဘူး။ ဒါေၾကာင့္ က်န္းမာေရးရႈေထာင့္အရ ၾကည့္ကာ ႀကိဳတင္ ေလ့က်င့္ထားတာ ေကာင္းပါလိမ့္မယ္။


(၃)    လက္ကို အသုံးျပဳပါ။

တခ်ိဳ႕စုံတြဲေတြဟာ Blow Job ျပဳလုပ္တဲ့အခါ ပါးစပ္ခ်ည္းသက္သက္ အသုံးျပဳကာ လက္ေတြကို အလြတ္ထားတတ္ၿပီး  ေခါင္းကလိုက္လံ ေ႐ြ႕လ်ားတတ္ၾကပါတယ္။ လက္ေတြကို အသုံးျပဳျခင္းအား ျဖင့္ လိင္အဂၤါဟာ ပါးစပ္ရဲ႕ ဘယ္အပိုင္းထိေရာက္ေနၿပီးလဲဆိုတာကို ခန႔္မွန္းႏိုင္ပါတယ္။ ပါတနာကိုလည္း လက္ေခ်ာင္းေလးေတြရဲ႕ အထိအေတြ႕က ထပ္မံသာယာေစႏိုင္ပါတယ္။ ပါးစပ္ဟာ လိင္အဂၤါရဲ႕ ထိပ္ဖ်ားကိုပဲ အာ႐ုံစိုက္ထားပါ။ လိင္အဂၤါထိပ္ပိုင္းမွာ အာ႐ုံေၾကာေတြမ်ားတာမို႔ ခံစားမႈပိုေကာင္းလို႔ ပါ။ က်န္အပိုင္းကိုေတာ့ လက္ရဲ႕တာဝန္ထားပါ။ Blow Job လုပ္ရင္း ေမာပန္းလာပါက လက္ျဖင့္ အာသာေျဖျခင္း(Hand Job)ကို ေခတၱအစားထိုးေပးပါ။ ပါတနာကိုလည္း အေျပာင္းအလဲခံစားမႈေလး ေပးစြမ္းႏိုင္မွာပါတယ္။ အခ်ိန္တစ္ခုထိ အနားယူၿပီးမွ ျပန္လည္စတင္ပါ။


(၄)    သင့္ေတာ္တဲ့အေနအထား (Sex Position)ကို ေ႐ြးခ်ယ္ပါ။

Blow Job ျပဳလုပ္တဲ့ အမ်ားဆုံးအေနအထားဟာ အမ်ိဳးသားက ေအာက္မွာရွိေနၿပီး အမ်ိဳးသမီးဟာ အေပၚကေန၍ ျပဳလုပ္ျခင္းျဖစ္ပါတယ္ (69 Position) ။ ဒီအေနအထားဟာ ပိုမို တည္ၿငိမ္ၿပီး လိင္အဂၤါေရာက္ရွိမႈအေနအထားကိုလည္း ခန႔္မွန္းႏိုင္ပါတယ္။


ဒါေပမယ့္ အလြယ္တကူပ်ိဳ႕အန္တတ္သူေတြအတြက္ေတာ့ မျပဳလုပ္သင့္တဲ့ အေနအထားပါ။ လိင္အဂၤါဟာ လည္‌ေခ်ာင္းကို မၾကာခဏဆိုသလို ပိုမိုထိႏိုင္ၿပီး ပ်ိဳ႕အန္ျခင္းကို ပိုမိုျဖစ္ႏိုင္လို႔ပါ။


Blow Job ျပဳလုပ္ဖို႔ အသင့္ေတာ္ဆုံးအေနအထားဟာ အမ်ိဳးသမီးကို ေအာက္မွာထားတဲ့ Position ပါ။ ဥပမာ Reverse 69 နဲ႔ အမ်ိဳးသားကမတ္မတ္ရပ္ကာ အမ်ိဳးသမီးဟာ အိပ္ရာေပၚ အိပ္လ်က္ ေခါင္းကို အိပ္ရာေပၚမွ တြဲလ်ားခ်ထားတဲ့ အေနအထားပါ။ ဒီအေနအထားေတြဟာ ပ်ိဳ႕အန္ ဖို႔ျဖစ္ႏိုင္ေျခ နည္းတဲ့ Position ေတြပါ။ ၾကာလာရင္ေတာ့ ေခါင္းထဲ ေသြးေရာက္ၿပီး မူးေဝလာႏိုင္တာကို ေတာ့ သတိခ်ပ္ေစခ်င္ပါတယ္။


ေနာက္ၿပီး ဒီလို ပါးစပ္နဲ႔ လိင္ဆက္ဆံတာက တခ်ိဳ႕ေသာ လိင္ကတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြ ဝင္လာႏိုင္တာကို သတိျပဳပါ။ ဒါေၾကာင့္ ကြန္ဒုံးသုံးသင့္ပါတယ္။ ကိုယ္မလုပ္ခ်င္ရင္ အေဖာ္ကို ပြင့္ပြင့္လင္းလင္း ေျပာၿပီး ျငင္းပယ္ႏိုင္ပါတယ္။


သင့္အိမ္ေထာင္ဖက္သို႔မဟုတ္ ခ်စ္သူနဲ႔ သာယာေျဖာင့္ျဖဴးတဲ့ အခ်ိန္ေလးေတြကို ပိုင္ဆိုင္ဖို႔ အထက္ပါအခ်က္ေတြကို ျပဳလုပ္ႏိုင္ပါတယ္။ ရွက္ေနစရာမလိုပါဘူး။ သဘာဝတရားႀကီးကို အေကာင္းဆုံး အေလ့အက်င့္ အေနအထားေတြနဲ႔ ရင္ဆိုင္လိုက္သင့္ပါတယ္။


ေရးသားသူ-ေဒါက္တာမႉးခင္


Hello Health Group သည္ ေဆးပညာအႀကံျပဳခ်က္မ်ား၊ ေရာဂါရွာေဖြအတည္ျပဳခ်က္မ်ားႏွင့္ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: