Thursday, February 18, 2021

' လိင်စိတ်အကြောင်း ဖရိုက်ရေးတာ ဖတ်မိသမျှ '

' လိင်စိတ်အကြောင်း ဖရိုက်ရေးတာ ဖတ်မိသမျှ '




#လင်းဆက်

အပိုင်း (၁)

လူ့စိတ်ကို စတင် လေ့လာရာခဲ့တဲ့ အစအဦးမှာတော့ လူကို လိင်ခွဲခြင်းမရှိခဲ့ပါဘူး..။ တဖြေးဖြေးတိုးတက်လာတဲ့ စိတ်ပညာမှာတော့ လူတဦးရဲ့ ကျား မ လိင်ကွဲပြားမှုဟာ သူ့စိတ်ကို လွှမ်းမိုးလှုံ့ဆော်နိုင်တယ် အချက်ကို လက်ခံလာကြပါတယ်။ နောက်ပိုင်းမှာတော့ လိင်ကွဲပြားမှုတင်မကပဲ သူ့ရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်နှစ်ခု ပေါင်းစပ်မှု အခြေအနေ၊ အသက်မွေးကျောင်း အလုပ်အကိုင်၊ နေထိုင်ရာ ပတ်ဝန်းကျင်အခြေအနေ စတာတွေကိုပါ ထည့်သွင်း စဉ်းစားလာကြပါတယ်။


အဲလို့လေ့လာခဲ့ရာက လူတဦးချင်းဆီမှာ ဉာဏ်စွဲလို့ခေါ်တဲ့ တခုခုကို စွဲလမ်းတဲ့ စိတ်ဟာ အနည်းနဲ့အများ ရှိတတ်တယ် ဆိုတာကို သိလာပါတယ်..။ ဉာဏ်စွဲကို လိင်စိတ်က လှုံ့ဆော်ရာမှဖြစ်လာရတဲ့ စိတ်ရောဂါတွေဟာ အလွန်ရှုပ်ထွေးပွေလီလွန်းလှသမို့ ဒါတွေကို လေ့လာရင်း စိတ်ပညာရှင်တွေကိုယ်တိုင် ရူးချင်ချင် ဖြစ်သွားနိုင်ပါတယ်တဲ့..။


ဖရိုက်ကတော့ လူတွေရဲ့ လိင်စိတ်ကို အဓိကထားဗဟိုပြုပြီး လေ့လာကုသပါတယ်..။ ဝေဒနာရှင်တွေရဲ့ အိမ်ထောင်ရေးနောက်ကွယ်က လိင်စိတ်တွေကို အံ့သြရှုမောဖွယ်ကောင်းအောင် ဖော်ထုတ်ကုသနိုင်ခဲ့ပါတယ်..။ သူနဲ့ခေတ်ပြိုင် စိတ်ပညာရှင်တွေကတော့ အကြီးအကျယ် ကဲ့ရဲ့ကြတယ်ပေါ့..။ ဒါပေမယ့် ဖြစ်လာသမျှသော စိတ်ဝေဒနာ အများစုဟာ ကလေးငယ်အရွယ်မှအစ နောက်ဆုံး လိင်စိတ်မှာ အခြေခံပြီး စိတ်ဝေဒနာနဲ့လိင်စိတ်ဟာ ဒွေးရောယှက်တင် ခွဲမရနိုင်ဖြစ်လာတဲ့ အခါမှာတော့ ဖရိုက်ကို အသိအမှတ်မပြုလို့ မရတော့ပါဘူး..။


အသက်ငါးနှစ်မှ ဆယ့်နှစ်နှစ် ထိ လူမမယ်အရွယ် ကလေးငယ်တွေဟာ ကစားခုန်စားခြင်းလို ကိုယ်လက်လှုပ်ရှားမှုတွေကြောင့် အဲ့ဒီအချိန်မှာလိင်စိတ် မပေါ်လွင်ပဲ ငုပ်နေတတ်ပေမယ့် ဆယ့်နှစ်နှစ် အကျော်ကစ ဆယ့်ရှစ်နှစ်အထိမှာတော့ လိင်စိတ်ရဲ့ အပြင်းအထန် လှုံ့ဆော်မှုကြောင့်နွားသိုးကြိုးပြတ်သလို မြင်သမျှကို စိတ်ကြွတတ်ပါတယ်တဲ့..။ အဲ့လို အခြေအနေမျိုးမှာ လိင်ကွဲတွေနဲ့ မနီးစပ်ရင် လိင်တူနဲ့လည်း အတူ သောင်းကျန်းတတ်ကြပါသတဲ့။ နောက်ဆုံး ဘယ်သူမှမရှိဘူးဆိုလည်း ကိုယ့်ကိုယ်ကိုယ်စွဲလမ်းတပ်မက်ခြင်း လိင်စိတ်ဖြစ်ပေါ်တတ်ပြီး ကိုယ်ခန္ဓာကိုယ်ကို ကိုယ်လုံတီးအတိုင်း မက်မက်မောမော ကြည့်ခြင်း၊ အခြားသူများကို ပြခြင်း၊ အခြားလူများရဲ့ ခန္ဓာကိုယ်ကိုလည်း အလားတူကြည့်လိုခြင်း၊ အထူးသဖြင့် လိင်ကွဲတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ချောင်းမြောင်းကြည့်လိုခြင်း (ခုတော့ တကူးတက ချောင်းကြည့်စရာမလိုတော့ဘူး....ဖုန်းတလုံးရှိရင်ရပြီ) စတဲ့စိတ်တွေ ဖြစ်ပေါ်တတ်ပါတယ်..။


          ဒါဟာ လူငယ်သဘာဝအရ ဖြစ်မြဲဓမ္မာတာမို့  လူငယ်တွေရဲ့ လိင်စိတ်ကို နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ မသင်ပေး အသိမပေးပဲ အတင်းအဓမ္မနည်းနဲ့ ဖိနှိပ်ချုပ်ချယ်လိုက်မယ်ဆိုရင် လောင်းရိပ်ကျတဲ့ အပင်ငယ်လို ပုံမှန်မဖွံ့ဖြိုးတော့ပဲ လိင်စိတ်ဖော်လွဲဖောက်ပြန်ဖြစ်ရာ မှ တနွယ်ငင် တစင်ပါဆိုသလို ဘဝတလျောက်လုံး အခြားသော လူမှုရေးဆိုးကျိုးတွေ ဖြစ်လာတတ်ပါတယ်တဲ့..။


       လိင်စိတ်စွဲလမ်းပြင်းထန်လာတဲ့ အဆိုးဆုံးအဆင့်ကို (A/Edepus Complex) လို့ ဖရိုက်က နာမည်ပေးခဲ့ပါတယ်..။ အဒ်ပတ်စ် ဆိုတာ ခေါမခေတ်မှာ အမေကို စွဲလမ်းစိတ်ကြောင့် ဖခင်ကိုသတ်ပြီး မယ်တော်ကို သိမ်းပိုက်အုပ်ချုပ်ခဲ့သူပါတဲ့..။ ဒီလို (A/Edepus)စိတ်နဲ့ သိပ်မကွဲတာ နောက်တခုက သွေးနီးချင်း လိင်တပ်မက်တဲ့စိတ်ပါပဲ။ ဥပမာ..အာရိယန်မျိုးတို့ နဲ့ သာကီမျိုးတို့ ဆိုတာတွေဟာ အဲ့လို စိတ်အတွက် အထောက်အထားတွေဖြစ်ပါတယ်။


 အမျိုးသမီးငယ်တွေရဲ့  သူ့မှာရှိတာ ကိုယ့်မှာ မရှိလေခြင်း မပါလေခြင်း ဆိုပြီး ဆန်ကျင့်ဘက်လိင်ကို စောင်းမြောင်းပြောဆို ငြိုငြင်သလို လုပ်ပြတတ်တာဟာလည်း လူ့ခန္ဓာကိုယ်ဖြင့် လိင်စိတ်ကို ဆွဲငင်ဖောက်ပြန်ခြင်း တမျိုးဖြစ်တယ်လို့ ဖရိုက်က ဆိုပါတယ်..။ ဒီလိုရှုပ်ထွေး လှတဲ့ လူ့စိတ်မှာ ကိုယ်တိုင်ကြောက်ရွံသော်လည်း ဒါကိုပင် စွဲလမ်းတပ်မက်နေခြင်း၊ သေချာပြုလုပ်ပြီးမှ ဖျက်ဆီးတတ်ခြင်းတို့လို အစွန်းနှစ်ဖက် ဖြစ်နေတတ်မျိုးတွေ ရှိပါတယ်တဲ့...။


အပိုင်း(၂)


လိင်စိတ်စွမ်းအား( Sex Urge)နှင့် ဗီဇစွမ်းအား (Ego Urge)တို့ကြောင့် လူစိတ်ကို အဲ့လိုအစွန်းနှစ်ဖက် ဖြစ်စေပါတယ်တဲ့...။ ကိုယ့်ကိုယ် ကိုယ် မှန်ထဲကြည့်ပြီး ကျေနပ်သာယာနေချိန်မှာ လိင်စွမ်းအားက အနိုင်ယူနေချိန်ဖြစ်ပြီး လုပ်ငန်းတခုကို အောင်မြင်စွာ လုပ်ကိုင်နိုင်လို့ ကျေနပ်နေမိတာကတော့ဗီဇစွမ်းအားပါတဲ့..။ ဖရိုက်ရဲ့ မျက်မှန်နောက်က ကမ္ဘာကြီးကို ကြည့်ရင် အားလုံးသော လူတွေရဲ့ စွမ်းဆောင် အောင်မြင်မှုတွေဟာ လိင်စိတ်မှာအခြေခံပြီး လိင်စိတ်ရဲ့ မြှောက်ထိုးပင့်ကော်လုပ်မှုကြောင့် ဖြစ်လာတာပါ...။


ဒီနေရာမှာ ဖရိုက်ရဲ့လူနာ နှစ်ဦးအကြောင်း ရေးပြချင်တယ်..။ ဖရိုက်ရဲ့လူနာတဦးဖြစ်တဲ့ ပေါ်လက်ခ် လို့ခေါ်တဲ့ မိန်ကလေးမှာ ထူးဆန်း တဲ့ စိတ်အစွဲအလမ်းတခုရှိပါတယ်တဲ့..။အဲ့တာကတော့ အိပ်ယာဝင်ခါနီးတိုင်းမှာ လိုတာထက်ပိုပြီး အိပ်ယာခင်းတွေ ခေါင်းအုံးတွေကို ရိုက်ခါတတ်ပြီးအခန်းထဲက နာရီတွေကိုလည်း အသံကိုနားမခံလို့ အားလုံးရပ်ထားလိုက်ပါတယ်..။ ခေါင်းအုံးအပိုတလုံးကိုလည်း ကုတင် ပေါ်မှာ ခပ်စောင်းစောင်း အနေအထားနဲ့ ထားပါတယ်...။ ဖရိုက်ဟာ ဒီမိန်းကလေးကို လပေါင်းအတော်ကြာ အချိန်ယူပြီးလေ့လာတဲ့အခါ မှာ 'အပျိုဘဝကို အလွန်အကျွံတပ်မက်ခြင်း' ဉာဏ်ကြောင့် ဆိုတာကို သိလာခဲ့ရပါတယ်..။ ဒီမိန်းကလေး အပျိုဝင်စအရွယ် သူ့အိမ်က လူကြီးတွေက သူ့အစ်မကို မင်္ဂလာဆောင်မယ့် ကိစ္စမှာ ဆောင်ရန် ရှောင်တွေ မှာကြားတော့ အခမ်းအနားမှာ ပန်ကန်ခွက်ယောက်တွေကို မကွဲအောင် သေချာဂရုစိုက်ရမှာဖြစ်ကြောင်း၊ ကျကွဲခဲ့ရင် မကောင်းတဲ့ အတိတ်နမိတ်တခုဖြစ်ကြောင်း၊ ထိခိုက်ရှမိပြီး သွေးထွက်ရင် ပိုဆိုးကြောင်း စတာတွေကို ကြားခဲ့ရပါတယ်..။ ဒီစကားတွေဟာ သူ့ရဲ့စိတ်မှာ စွဲထင်နေရာက သူ့အခန်းထဲမှာ ကျကွဲနိုင်တဲ့ အရာတွေကို အောက်မှာချထားတာမျိုး၊ အိပ်ယာခင်းသေချာ ခါတာမျိုးဖြစ်ပြီး ကျကွဲသံကို ကြောက်ရင်း ဘာအသံမှ မကြားချင်တော့ပဲ နာရီစက်တွေပါ ရပ်ထားလိုက်တာဖြစ်ပါတယ်တဲ့..။ ခေါင်းအုံးကို ထားတာလည်း ယောက်ျားနဲ့ အတူမနေချင်လို့ စည်းခြားထားတဲ့ သဘောပါတဲ့..။ ဒီလိုနဲ့ရောဂါရဲ့ ဇစ်မြစ်ကို ဖော်ထုတ်ကုသနိုင်ခဲ့ပါတယ်..။


ဒုတိယတဦးကတော့ အသက် ၃၀ အရွယ် အမျိုးသမီး အကြောင်းပါ..။ ဒီအမျိုးသမီးဟာ အိမ်မှာမရှိ ရှိအလုပ်တွေကို  တနေကုန် မနေ မနား လုပ်နေတတ်ပြီး အိမ်ဖော် မိန်းကလေးတွေကိုလည်း အသေးအဖွဲ့လေးတွေကို မနားတမ်း ခိုင်းနေတတ်ပါတယ်တဲ့..။ လုပ်နေ ခိုင်းနေသမျှကိုလည်း ဘယ်တော့မှ စိတ်တိုင်းကျခြင်းမရှိပါဘူး..။ ဒီလိုနဲ့ ဖရိုက်ဆီရောက်လာရာ ဘာဖြစ်လို့ အဲ့လိုလုပ်တာလဲ မေးကြည့် တော့ ဘာကြောင့်မှန်းမသိပါဘူး တဲ့..။ ဒါနဲ့ ဖရိုက်ဟာ သူစိတ်အခြေအနေသိနိုင်ဖို့ သူ့အကြောင်းကို လေ့လာကြည့်ရာ သူဟာ အသက် နှစ်ဆယ်အရွယ်တုန်းက အသက်ကြီးကြီး အဘိုးအိုတစ်ဦးနဲ့ လက်ထပ်ခဲ့ဖူးတယ် ဆိုတာသိရပါတယ်..။ အဘိုးကြီးဟာ အသက်အရွယ် ကြောင့် မင်္ဂလာဦးညမှာ လိင်ကိစ္စကို မစွမ်းဆောင်နိုင်ခဲ့ပါဘူးတဲ့...။ ဒါနဲ့ပဲ အမျိုးသမီးဟာ သူ့အဘိုးကြီး မစွမ်းတာကို လူတွေသိကုန်မှာ စိုးလို့ အိပ်ယာခင်းကို ဆေးနီတွေသုတ်လိမ်းခဲ့ပါတယ်...။ (တရုတ်ပြည်မှာလည်း ဒီလိုညမျိုးမှာ အိပ်ယာခင်းပေါ်သွေးမကျရင် အပျိုမစစ်တဲ့ အတွက် အင်မတန်ရှက်ဖို့ကောင်းတယ် ဆိုတဲ့ အယူအဆ ရှိခဲ့ပါတယ်.)  ဒါကို သူဟာ စိတ်စွဲနေပြီး ပေကျံနေတယ်လို့ ထင်တဲ့ အရာတွေ ကို မနားတမ်း လိုက်သုတ်နေခြင်းဖြစ်သလို တဖက်မှာလည်း အစွန်းအထင်းကွက်ကို လူတွေ တွေ့စေချင်တဲ့ စိတ်ကြောင့်လည်း အိမ်ဖော် တွေကို အစွမ်းအထင်းအသေးအဖွဲလေးတွေ လိုက်ပြပြီး သုတ်ခိုင်းတာဖြစ်ပါသတဲ့..။


နောက်ထပ် အဖြစ်တခုကတောလ ကိုယ့်စိတ်ကိုယ်လှည့်စားမှု ဖြစ်နေသော အမျိုးသမီး တဦးအကြောင်းပါ..။ အဲ့ဒီလူနာကို ဖရိုက် ဆီခေါ်လာခဲ့သူက အရွယ်ငယ်ငယ်စစ်ဗိုလ်တစ်ဦးဖြစ်တဲ့ အမျိုးသမီးကြီးရဲ့သားမက် ကိုယ်တိုင်ပါပဲ..။ အမျိုးသမီးကြီးဟာ အိမ်ထောင် သက် နှစ် ၃၀ ကြာအောင် လင်ယောက်ျားနဲ့ ဘာပြဿနာကြီးကြီးမားမားမှ မဖြစ်ပဲနေလာခဲ့ပြီး သားနဲ့ သမီးနှစ်ဦးစလုံးဟာလည်း အိမ်ထောင်ရှင်တွေဖြစ်နေပါပြီ..။ ပြဿနာက ဒီကိုမလာခင် လွန်ခဲ့တဲ့ တလလောက်က ပစ်စာတစောင် ရောက်ရှိလာရာမှ စ ပါသတဲ့..။ ပစ်စာက သူ့လင် မယားငယ်နေတဲ့အကြောင်းဖြစ်ပါတယ်..။ အဲဒီနေ့ကစပြီး အမျိုးသမီးကြီးဟာ တဆွေလုံး တမျိုးလုံးနဲ့ မတည့်တော့ပဲ သူအိမ်လာသမျှ လူတွေကို ပြဿနာရှာပါတော့တယ်..။


ဒါနဲ့ စုံစမ်းကြည့်တော့ အမျိုးသမီးကြီးဟာ ကိုယ့်အိမ်ဖော်တွေနဲ့ အရမ်းအရောဝင်ပြီး အတင်းအဖျင်းပြောတာ ဝါသနာထုံသတဲ့..။ အိမ်ကို မကြာမကြာ ဝင်ထွက်နေတဲ့ သူ့ယောက်ျားရဲ့ မိတ်ဆွေအဘိုးကြီး မယားငယ်ထားတဲ့ အကြောင်းကို နေ့တိုင်းနီးပါး ပြောပြီး သူအိမ်ဖော် တွေနဲ့ ရယ်ပွဲဖွဲ့ရင်း ကိုယ့်အိမ်က လူကြီးလည်း သူ့လိုဆို ကိုယ်တော့ ဒုက္ခပဲ ဆိုပြီး ညည်းလေ့ရှိပါတယ်..။ အဲ့လိုပြောနေချိန်မှာပဲ ပစ်စာ ရောက်လာတာပါ..။ အမှန်တော့ အိမ်ဖော်တဦးကပဲ သူနဲ့မတည့်တဲ့ နောက်အိမ်ဖော်တဦးကို သူ့အိမ်ရှင်နဲ့ လုပ်ကြံစွပ်စွဲပြီး ရေးခဲ့တဲ့ ပစ်စာပါ..။ နောက်တော့ အဖြစ်မှန်ကိုသိပြီးအလုပ်ထုတ်လိုက်ပါတယ်..။ မဟုတ်မမှန်ဘူးဆိုတာ သိရပေမယ့်လည်း အမျိုးသမီးကြီးဟာ ဒါကိုပဲ ထပ်တလဲလဲ တွေးနေရင်း ခုလို စိတ်ဂယောက်ဂယက် ဖြစ်လာရတာပါ...။


ဖရိုက်ရဲ့နှစ်နာရီကြာဆွေးနွေးမေးမြန်းမှု အပြီးမှာတော့ အဖြေက ရှင်းလင်းစွာ ထွက်လာပါတယ်...။ တကယ်တော့ သူ့ရောဂါ ရဲ့မူရင်ဟာ အဘိုးကြီးကို  မင်္ကာလို့ ဖြစ်ရတာမဟုတ်ပဲ သူကိုယ်တိုင်က ငယ်ရွယ်နုပျိတဲ့ လူငယ်တစ်ဦးကိုနှစ်သက်စွဲလမ်းမိရာက စပါသတဲ့လေ..။ သူ့စွဲလမ်းမိတဲ့ သူငယ်ဟာလည်း တခြားလူ မဟုတ်ပဲ သူ့သားမက် စစ်ဗိုလ်ကိုလူချောကိုပါတဲ့...။ သူ့သားမက်ကို ကျွေးမွေးလိုစိတ်၊ ပြုစုလိုစိတ်တွေ တဖြေးဖြေးများလာရာက ငါ့လူကြီး ငယ်အနှောင်းထားရင်တော့ ငါလည်းထားရမှာပဲ ဆိုတဲ့စိတ်ဝင်ပြီး ကြာလာတော့ သူ့ရဲ့အုံပုန်းစိတ်ဒဏ်ကို တခြာ လူတွေကို အပစ်ဖို့လွဲချပြီး ပြဿနာရှာခြင်းဖြစ်ပါသတဲ့...။


▪️


          လူတိုင်းဟာ ယေဘူယျအားဖြင့် အတွေးတွေနဲ့ နွေလယ်အိပ်မက် မက်နေသူတွေလို့ ဖရိုက်က ဆိုပါတယ်..။ ချုပ်တီးထားတဲ့ ဆန္ဒတွေ၊တောင့်တချက်တွေ၊ စိတ်ကူးတွေဟာ လူကို ဒုက္ခပေးဖို့ရာ ပုန်းအောင်းနေတဲ့ ရန်သူတွေဖြစ်ပါတယ်..။  ဒီလို တနေ့ကုန် အကြောင်းအမျိုးမျိုးကြောင့်မပြောရဲ့ မဆိုရဲ မပြောဖြစ် မဆိုဖြစ်ခဲ့ပဲ ထိန်းချုပ်ခဲ့ရတာတွေကို ညဘက် တယောက်ထဲကိုယ်ကိုင် အချိန်ကျမှ လွတ်လပ်ရေးရလာပြီး အိပ်မက် အဖြစ်ထွက်ပေါ်လာတယ်လို့ ယူဆပါတယ်..။လိင်မှုအိပ်မက်တွေဟာလည်း လိင်စိတ်ကို ထိန်းချုပ်လွန်းမှုကြောင့်ပါတဲ့..။


အိပ်မက်ဆိုတာဟာ သိရက်ဖြစ်စေ မသိပဲဖြစ်စေ စိတ်ထဲစွဲထင်မိတာကို ရောင်ပြန်ခြင်း တမျိုးဖြစ်ပြီး စွဲထင်တဲ့ အကြောင်းအရာ သေးသေး ကြီးကြီးထင်ရှား မထင်ရှား စွဲထင်တဲ့အခိုက်အတန့်လေးမှာ မှတ်ဉာဏ်ကို ပြေးရိုက်ကာ အိပ်မက်ထဲမှာတော့ အဓိက အကြောင်းအရာ ဖြစ်နေတတ်ပါတယ်..။


ကိုယ့်စိတ်ဆန္ဒကို ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း မထုတ်ဖော်ကြပဲ ကြိတ်ပြီး မုန်းကြ ချစ်ကြ ရက်စက်ကြ မနာလိုကြတဲ့ မနုသီဟလိုစိတ် နှစ်ခွဖြစ်တာတွေဟာ အိပ်မက်ထဲမှာ ဖုံးမရဖိမရကြွလာ ကြပါတယ်..။ ယောက္ခမလုပ်သူနဲ့ ဘုရားဖူးအတူထွက်ရကြောင်း အိပ်မက်ထဲ မြင်မက်မိသူအမျိုးသမီးတစ်ဦးကို သူမဟာ ယောက္ခမနဲ့ အတူ မနေချင်တော့ပဲ အိမ်ပြောင်းပြေးချင် စိတ်များနေကြောင်း ဖရိုက်က ကောက်ချက်ပေးခဲ့ပါတယ်...။ 


      နောက်ပြီး တချို့ကိစ္စတွေမှာ တစ်ဦးတည်းရှိစဉ်မှာ မလုပ်ဝံ့၍သော်လည်းကောင်း၊ တခြားအကြောင်းခုကြောင့်သော်လည်းကောင်း  မလုပ်ပဲနေတတ်ပေမယ့် လူအများနဲ့ရောနှောပြီး လူအုပ်ချီလျက် လုပ်ကြတဲ့အခါမှာတော့ ဘာမသိ ညာမသိ ဝင်လုပ်တတ်ပါကြပါတယ်..။ ဥပမာ..အားနွဲ့သူကို ဝိုင်းပြီး မတရားပြုကျင့်တာမျိုး၊ လူတစ်ယောက်ကို ဖမ်းဆီးပြီး မတရားဝိုင်းဝန်း နှိပ်စက်ကြတာမျိုး၊ ဈေးဆိုင်များကို ဝိုင်းပြီးဖျက်ကြတာမျိုးတွေ ဖြစ်ပါတယ်..။ နောက်ဆုံးပြောရရင် လိင်စိတ်သွေးဆာမှုဟာ သင်္ကြန်မှာရေးကစားရင်း တဖက်သား နာကျင်သွား ထိခိုက်သွားစေလိုတဲ့ ဆန္ဒနဲ့ ရေပက်တဲ့ ကိစ္စလည်း အပါအဝင်ဖြစ်ပါတယ်..။ ဒီလိုလုပ်နေတတ်တဲ့လူတွေရဲ့မျက်နှာကို ကြည့်လိုက်ရင်၂၁ ရာစု ယဉ်ကျေးမှုလူသားမှ ဟုတ်ပါလေစ သမိုင်းဦးဘုံမြေခေတ်က အမဲလိုက်ရင်း အချင်းချင်း သတ်ဖြတ်ကြတဲ့ လူရိုင်းတွေများလား  လို့ထင်မှတ်စရာဖြစ်လောက်ကို တွေ့ရမှာဖြစ်ပါတယ်..။


                            ----


               ပုံမှန်အားဖြင့်တော့ သက်ရှိသတ္တဝါတွေဟာ အဖိုဖြစ်လမ်းနည်းတာကြောင့် အမ စစ်စစ်ဖြစ်ပေမယ့် သူ့မှာ အဖို သဘာဝ အနည်းငယ်ရှိတတ်သလို အဖိုစစ်စစ်ဖြစ်သူတွေမှာလည်း ထို့နည်းတူ အမ သဘာဝ အကြွင်းအကျန်တွေ ရှိနေတတ်ပါတယ်တဲ့...။ လူရဲ့ စအိုဝရှိ အရေးပြားနဲ့ စအိုပြွန်ဝ အကြောကြွက်သား ဆုံရာနေရာဟာ သာမန်တန်ဆာ ကဲ့သို့ လိင်စိတ်ကို လှုံ့ဆော်ခံစားနိုင်ပါတယ်...။ ပုံမှန်ဆိုရင် ဒါကို လစ်လျူရှုပြီး ဖျောက်ဖျက်ရမှာ ဖြစ်ပေမယ့် အချို့သူတွေဟာ အဲ့ဒီနေရာရဲ့ ကျေးကျွန် သဖွယ် လူမသိသူမသိ ဖြစ်နေ တတ်ပါတယ်တဲ့..။ ဖိုဖြစ်ဖြစ် မ ဖြစ်ဖြစ် အဲ့လိုလူမျိုးတွေရဲ့အမူအကျင့်တွေကို ယေဘူယျသဘောပြောရရင် သူတို့ဟာ ခေါင်းမာတတ်၊ အမြင်ကတ်လောက်အောင် ကပ်စေးနည်းတတ်၊တခါတရံ ဘာမဟုတ်တဲ့ အသေးအဖွဲ့ကိစ္စတွေကို ပုံကြီးချဲ့တတ်၊ ကြီးကျယ်တတ်၊ ဝတ်ထားတဲ့ အင်္ကျီအဝတ်အစားနဲ့ ဆံပင်ကို မလိုအပ်ပဲ ခဏခဏပြင်ဆင်တတ်၊ လက်တွေ ခြေတွေကို ခဏခဏရေဆေးတတ် ကြပါ တယ်တဲ့....။


                     --------


         လူမှာ လိင်စိတ်တဏှာကို အရင်းပြုလျက် ထကြွလှုပ်ရှားပြီး တည်မြဲစွာနေလိုခြင်းနဲ့ ဘဝကို လုံးပါးပါးပြီး အဆုံးသတ်ပစ်ချင်လိုခြင်း နှစ်ခုကြားမှာ လွန်ဆွဲနေတတ်တာပင်လျှင် လူ့ဘဝ၏ ထူးခြားမှု တခုဟု ဖရိုက်က ဆိုပါတယ်..။ ဒီလို မတူတာနှစ်ခု မမျှတပဲ တဖက်ဖက် ကို အလေးပေးလွန်းလျှင် လူ့ဘဝ ပျက်ရာပျက်ကြောင်း အခြေခံပင်ဖြစ်လေပါတော့တယ်...။


အပိုင်း (၃) 

            လူရဲ့ လိင်ခံစားနိုင်မှုအသိဟာ အရွယ်ရောက်စဉ်မှစ၍ ဇရာလွန် အိုမင်းတွင်းဆုံးကျချိန်ထိ ရှိနေတတ်ပြီး ပုံမှန်အားဖြင့် လိင်စိတ်ခံစားနိုင်မှု အစိတ်အပိုင်းတွေဟာ လိင်အင်္ဂါများ၊ ရင်သားများ၊တင်ပဆုံ၊ နားရွက် ၊ပါး၊ ပါးစပ်စတဲ့ နေရာတွေဖြစ်ပေမယ့် တချို့လူများအဖို့တော့ အဲ့လို အစိတ်အပိုင်းတွေသာမကပဲ  တကိုယ်လုံး မည်သည့်နေရာကိုမဆို ပွတ်သပ်ထိပါးမိတာနဲ့ လိင်စိတ် တက်ကြွတတ်တာမျိုးလည်း ရှိပါတယ်တဲ့..။


             ဒီလို သာမန်ထက်လွန်ကဲပြီး လိင်စိတ်စွဲငြိ နေသူတွေဟာ  မိမိခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လိင်ကွဲသူ မြင်အောင်ပြခြင်း၊ လိင်ကွဲသူတွေနဲ့ ပူးပူးကပ်ကပ်နေထိုင်ခြင်း၊ မတော်တဆလိုလိုနဲ့တမင်တကာ ခန္ဓာကိုယ်အစိတ်အပိုင်းခြင်း ထိစပ်အောင်ပြုခြင်း (ဥပမာ..လိုင်းကားပေါ်တွင် မဖွယ်မရာပြုလုပ်တတ်ကြသူများကိုကြည့်ပါ) တို့ ပြုလုပ်ပြီး လိင်စိတ်သာယာမှုကို ခံစားကြပါတယ်..။


ထပ်ပြောရရင် ကိုယ်လုပ်ခဲ့တဲ့ လိင်ကိစ္စကို အခြားသူတွေမြင်အောင်ပြခြင်း ( ဒီနေ့ ခေတ်မှာတော့ ဗီဒီယို ဖိုင်ရိုက်ပြီး ကိုယ်တိုင်ပြခြင်းပေါ့) ၊ အားပေါင်အာရင်းသန်သန်နဲ့ မိန်ရေရှက်ရေ ပြန်ပြောပြခြင်းတွေဟာလည်း လိင်စိတ်လွန်မှု တမျိုးပါပဲတဲ့..။ ဒါဟာ အရှက်မရှိခြင်း ဆန္ဒရမက်ကြီးခြင်း မဟုတ်ပဲဒီလိုလုပ်လိုက်မှ သူတို့ရဲ့ လိင်စိတ်ပြည့်ဝမှု ရှိသွားတာမျိုးပါတဲ့..။ ဒါမျိုးဟာ ငယ်စဉ်ကလေးဘဝအရွယ်မှာ တစုံတရာသော စိတ်အခြေခံထိခိုက်မှုကြောင့် ဖြစ်လာရတာမျိုးပါတဲ့..။အင်္ဂလိပ်လိုတော့ (Exhibitionism) လို့ခေါ်တဲ့ ကိုယ့်ရဲ့ မဖွယ်မရာ ကို လူမြင်အောင်ပြတတ်သော လိင်စိတ်ဝေဒနာ တမျိုးဖြစ်ပါတယ်တဲ့..။ 

        

မ ဆိုလျှင် ပျိုပျို အိုအို မရှောင်ပဲ အလွန်းအမင်း စွဲလမ်းတတ်တဲ့ လိင်စိတ်လွန်ကဲ တာမျိုးလည်း ရှိပါတယ်...။ ခေတ်စကားနဲ့ဆိုရင် ဝါးလုံး တင်လာတဲ့ ကား ရှေ့က  ဖြတ်သွားရင်တောင် စိတ်ကြွတတ်မျိုး လို့ပြောရမလားပဲ...။ ဒါမျိုးကတော့ တကယ့်ကို လိင်စိတ်လွန်ကျူးပြီး တဏှာရူးထနေတာမျိုးလို့ ဆိုရပါလိမ့်မယ်..။ အဲ့လိုလူမျိုးဟာ အပြာစာအုပ်တွေ ရုပ်ရှင်တွေ မဖတ်ရ မကြည့်ရလည်း အမြဲတမ်း စိတ်ရိုင်းဝင်နေတတ်ပြီးကုစားရတာအလွန်ခက်တဲ့ (Nymphomania) လို့ခေါ်တဲ့ အပြင်းစားလိင်စိတ်ဝေဒနာရှင်တွေဖြစ်ပါသတဲ့..။ အိမ်ထောင်ရှိပေမယ့်လည်း မယားတွေမှိုလိုပေါက်ပြီး  မယားငယ်သက်စေ့ ယူထားသူတွေဟာလည်း အဲ့လိုရောဂါသည် စာရင်းပေါက်သူတွေ ဖြစ်ပါတယ်တဲ့..။


          သတင်းစာတွေ ဂျာနယ်တွေထဲမှာ မကြာခဏပါလေ့ရှိသလို သက်ကြီးရွယ်အိုတွေ လူမမယ်ကလေးအရွယ်အပေါ် ကာမကျူးလွန် တတ်မျိုးဟာလည်း ဖောက်ပြန်တဲ့ လိင်စိတ်တမျိုးပါပဲ..။ ပုံမှန်အားဖြင့်တော့ မြေးအဖိုး မြေးအဖွား အရွယ်မို့ ဘာမှ မဖြစ်တန်လောက်ဘူး လို့ထင်ကြပေမယ့် တကယ်ကျူးလွန်သူတွေကို လေ့လာကြည့်ရင် တချို့ဆို မြေးတင်မက မြစ်ပါရှိနေတာမျိုး တွေ့ရမှာပါ..။ ဒီကိစ္စမှာ တော့ ပင်ကိုယ်ရာဂသောင်းကျန်းမှု သက်သက်လို့ မဆိုနိုင်သလို အမျိုးသားမို့ဖြစ်တယ် အမျိုးသမီးမို့ဖြစ်တယ်ဆိုပြီးလည်း ခွဲခြားလို့ မရနိုင်ပါဘူးတဲ့..။ အများအားဖြင့် အမျိုးသမီးတွေဟာ သူတို့ရဲ့ အသက်အရွယ်ကြောင့် ပြောင်းလဲလာတဲ့ လိင်သဘာဝအရ ဒါမျိုးအဖြစ် နည်းပြီး အမျိုးသားတွေကတော့ ဖွဲတဆုပ်သယ်နိုင်တဲ့ အရွယ်ထိ ဇွဲမလျော့ တတ်ကြတာမို့ ဒါမျိုးအဖြစ်များလေ့ရှိပါတယ်...။ ဒီနေရာတော့ ကာယကံမြောက် လိင်ဆက်ဆံမှုပြုတာတင်မကပဲ တချို့သော လူပျိုကြီး အပျိုကြီးများရဲ့ ကလေးငယ်များ အပေါ်လိုတာပိုပြီး အချစ် သည်းပြီး ဖက်ရမ်းနမ်းရှုံ့တတ်တာမျိုး၊ ကလေးငယ်ကို ပေါင်ပေါ်တင်ပြီး ပွတ်သီးပွတ်သပ်လုပ်နေတာမျိုး၊ ညအချိန် ကလေးငယ်တွေနဲ့ အတူ ဖက်ခွပြီး အိပ်တာမျိုးတွေဟာ ဒီလူပျိုကြီး ဒီအပျိုကြီး ကလေးအရမ်းချစ်တတ်တာပဲ လို့ ဆိုကြပေမယ့် ဒါဟာ ကလေးသူငယ်တွေ အပေါ်လိင်စိတ်တပ်မက်ခြင်း (Paedophilia) စိတ်ရောဂါ အမျိုးအစားဖြစ်လို့ အပေါ်က အဖိုးကြီး အဖွားကြီးတွေနဲ့ တတန်းစားထဲပါပဲ တဲ့...။ 


         နှစ်နှစ်အရွယ်လောက်မှ စပြီး ကလေးငယ်တွေဟာ မည်သူမှ သင်ကြားခြင်းမရှိ မည့်သည်အပြုအမှုကိုမှ အတုယူခြင်းလည်း မဟုတ်ဘဲ တယောက်ထဲရှိနေချိန်တွေမှာ သူတို့ရဲ့ လိင်အင်္ဂါကို လက်နဲ့ဖြစ်စေ တခြားအရာတခုနဲ့ဖြစ်စေ ထိတွေ့ကိုင်ကစား နေတတ်ကြ ပါတယ်..။ ဒါဟာ လူကြီးတွေလို လိင်ကွဲအပေါ်တပ်မက်တဲ့ စိတ်နဲ့ လုပ်ဆောင်နေခြင်းမဟုတ်ပဲ သူတို့ကိုယ်တိုင် အဖိုဖြစ်လိုက် အမဖြစ် လိုက်နဲ့ စိတ်ကူးလုပ်ဆောင်နေတတ်တာမျိုးပါတဲ့..။ ဒါမျိုးလုပ်တာကိုလည်း ရှက်ရကောင်းမှန်းမသိကြပါဘူး..။ လူကြီးတွေက ပြောဆိုရိုက် ပုတ် ဆုံးမသည့်တိုင် လစ်ရင်လစ်သလို လုပ်မြဲလုပ်လေ့ရှိပါတယ်.။ (Polymorphous Perverse)လို့ ခေါ်ပါသတဲ့...။အဲ့လိုလုပ်နေရာကနေ တဖြေးတဖြေး အဆင့်ပြီးတဆင့် ဖောက်လွဲဖောက်ပြန် ဖြစ်သွားတတ်ပါတယ်တဲ့..။ ဒီကိစ္စကိုလူကြီးများအနေနဲ့ အတင်းအဓမ္မလုပ်ရင် ဒီကလေးရဲ့ လူငယ်ဘဝမှာ လိင်စိတ်နဲ့ပတ်သက်တဲ့ စိတ်ဒဏ်ရာတခု ထင်သွားနိုင်ပါတယ်..။ အလွန်းနူးညံ့စွာ ကိုင်တွယ်ပြီး တခြားအာရုံ လွှဲစရာ တခုခုနဲ့ (ဥပမာ..အားကစား၊ ပုံဆွဲခြင်း)လွဲပြောင်းပေးလိုက်ရင် အရွယ်ရောက်ချိန်မှာ သူကိုယ်တိုင်မေ့သွားပါလိမ့်မယ်....။


▪️   


ကြောက်စရာတွေ့ရပါလျက် ထွက်မပြေးတတ်၊ လွမ်းစရာတွေ့ရပါလျက် မလွမ်းတတ် မငိုတတ် တာဟာ ကြည့်လိုက်ရင်တော့ စိတ်ဓါတ် မာကြောတယ်လို့ ထင်ရပေမယ့် တကယ်တော့ ဒါမျိုးဟာစိတ်လှုပ်ရှားမှုကို နားမလည်သူ မခံစားတတ်သူ တွေ့မို့ စိတ်ရောမာကြောခြင်း ရောဂါတမျိုးပါပဲတဲ့..။  လူဟာ စက်ရုပ်မဟုတ်တဲ့ အတွက် ရသခံစားမှုဆိုတာ ရှိရပါတယ်..။ချစ်စရာတွေရင် ချစ်လွမ်းစရာရှိရင် လွမ်း ငိုစရာရှိရင် ငို သနားစရာ ရှိရင် သနားတတ်ရမယ်ပေါ့လေ...။  အဲ့မဟုတ်ရင်ပဲ ကျောက်ခဲနှလုံးသားနဲ့ မွေးဖွားလာခဲ့သလို ခံစားမှုကင်းမဲ့ နေရင် လူမှုပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာဖြစ်တတ်ပါတယ်...။ 


အထူးသဖြင့် အိမ်ထောင်မှု လိင်ကိစ္စမှာတဖက်လူရဲ့ ခံစားချက်ကို မကြည့်ပဲ ကိုယ်လိုချင်တာ မရ ရအောင်ယူတတ်တာ၊ ကိုယ်ဆန္ဒပြည့် သွားချိန်မှာ တဖက်လူ ဆန္ဒပြည့်မှု ရှိ မရှိ မစဉ်းစားတတ်တာတွေဟာ ကြာလာတော့ တဖက်လူဟာ အိမ်ထောင်မှုကို ဒုက္ခတခုလို့ ထင်လာ တတ်ပါတယ်..။ တလွဲယဉ်ကျေးမှု အစွဲအလမ်းကြောင့် တဖက်လူ ဟာလည်း  ကိုယ့်လိင်ဆန္ဒ မပြည့်ဝသေးတာကို ထုတ်မပြောဝံ့ မပြောရဲ၊ ပြောတာဟာ ရှက်စရာတခုလို့မြင် နေတော့တယ်..။ လိင်ဆန္ဒမပြည့်ဝတာကို မပြောရဲတော့ တခြားဘာမဟုတ်တဲ့ အသေးအဖွဲ လေးတွေကို ရမယ်ရှာပြီး အပစ်ပြောနေတော့တယ်..။


 သာမန် လင်မယားကွဲရတဲ့ အကြောင်းတွေကို မေးကြည့်ရင် ဘာမှ မဟုတ်တဲ့ အကြောင်းလေး တခုကြောင့် ဆိုတာတွေ့ရလေ့ရှိ ပါတယ်..။ တကယ်တော့ လင်မယား ပြဿနာတွေ အားလုံးနီးပါးဟာ ခြင်ထောင်ထဲက စ ပါတယ်...။ ခြင်ထောင်ထဲက ကိစ္စတွေကို ခြင်ထောင်ထဲမှာပဲ ပြေလည်အောင် ပွင့်ပွင့်လင်းလင်း ပြောဆို ညှိနှိုင်းခြင်းမရှိရာက မကျေလည်မှု မပြည့်ဝမှုတွေဟာ  ခြင်ထောင်ပြင်ကို ရောက်လာပြီး အိမ်မှာတွေ့တဲ့ အသေးအဖွဲ့ အဆင်မပြေမှုလေးတွေကို ကမ္ဘာပျက်မတတ်အောင် အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်ပြီး ပြဿနာရှာကြရင်း ကြာတော့ အိမ်ထောင်ရေးပြိုကွဲမှုဆီကို ဦးတည်သွားပါတော့တယ်...။


အပိုင်း(၄)

လူ့ဘဝမှာ လူသားကို  ပဲ့ကိုင်မောင်းနှင်နေတဲ့ အရာနှစ်ခု ရှိပါတယ်တဲ့...။ အဲ့ဒါတွေကတော့ ချစ်ခြင်းမေတ္တာရယ် ဆာလောင်ငတ်မွတ်ခြင်း ရယ်ပါတဲ့...။ ဒီနှစ်ခုစလုံးဟာ လူသားရဲ့ အဓိကလိုအပ်ချက် လိုလားတောင့်တချက်တွေ ဖြစ်ပါသတဲ့...။ ဒါဟာ လူရဲ့ ဘဝပေး အသိစိတ်( Instincts) ဖြစ်ပါတယ်..။


ဒီလိုလိုလားတောင့်တမှုတွေ အပြည့်ရှိနေတဲ့ လူ့စိတ်ဟာ သူ့ရဲ့လိုအပ်ချက်တွေပြည့်ဝမှုရှိတယ်လို့ ခံစားရချိန်မှာ ကျေနပ်မှု၊ သာယာမှု ဖြစ်နေတတ်ပြီး တစုံတခုသော အကြောင်းကြောင့် ဆန္ဒမပြည့်ဝခဲ့၊ လိုချင်တာ မရခဲ့သော် အလို့မပြည့်စွာနဲ့ မကျေမနပ်ဖြစ်နေတတ်ပါ တယ်...။ ဒီအချိန်မှာ  အတ္တစိတ်( Ego ) လွန်ကဲလာပြီး ဖြစ်သင့်တာတွေ ဖြစ်ရပ်မှန်တွေ လူ့စည်းကမ်းတွေကို ထည့်သွင်း စဉ်းစားခြင်း မပြုတော့ဘဲ တကိုယ်ကောင်းငတေမာစိတ်တွေ ဝင်လာရာက စိတ်လွတ်ကိုယ်လွတ်ဖြစ်ကာ အပြင်လူမှုဘဝမှာရှိသူတွေနဲ့ ပဋိပက္ခဖြစ်လာ ပါတော့တယ်..။


ဒီလိုအဖြစ်မျိုးကို ဆင်ခြင်အသိနဲ့ အချိန်မှီ ထိန်းချုပ်မှု မပြုနိုင်ခဲ့ရင်တော့ ရေရှည်မှာ ပင်ကိုစိတ်ရင်း ဘယ်လောက်ကောင်းနေပေမယ့် စိတ်ယုတ်က စိတ်ရင်းကို လွှမ်းမိုးဖုံးအုပ် သွားပြီး လူယုတ်တယောက် အဖြစ်ကို ဦးတည်သွားတတ်ပါတယ်...။


   ------         


လူသားဟာ မိုးပေါ်က ကျလာတဲ့ မိုးကျရွှေကိုယ် မဟုတ်ပါဘူး...။ မိခင်ဝမ်းက ကျွတ်ပြီး လောကကြီးထဲ ခြေလွတ်လက်လွတ် ဝင်လာတဲ့ အချိန်ကစ ပြင်ပက ဖိအားတွေရဲ့ ထိပါးရိုက်ခတ်မှုဒဏ်ကို ခံရပါတော့တယ်...။ စိတ်ရင်းသက်သက်သာရှိနေသေးတဲ့ ကလေးငယ်အရွယ် မှာ ဒီလိုဖိအား သက်ရောက်မှုတွေကို ပြုံးပျော်ဆော့ကစားရင်း ကျော်ဖြတ်လာနိုင်ပေမယ့်  တဖြေးဖြေးတရွယ်ရောက်လာတဲ့ အခါမှာတော့ ငယ်စဉ်ကအမှတ်မထင်ခံခဲ့ရတာတွေဟာ စိတ်ဒဏ်ရာတခုလို စိတ်မှာ အမာရွတ်အဖြစ်နဲ့ စွဲထင်နေတတ်ပါတယ်...။ မီးကိုကိုင်ကြည့်ပြီး ပူမှန်းသိသွားတော့မှာ မီးနဲ့မဆော့ရဘူးဆိုတဲ့ အသိပညာတခု ရရှိသွားသလို ဒီလိုစိတ်ဒဏ်ရာတွေကိုလည်း အသိဉာဏ်နဲ့ တစတစ ကုစားပြီး အမှားတခုအဖြစ်မှ အမှန်တခုဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်မှသာ တဖြေးတဖြေး နဲ့ စိတ်ဒဏ်ရာတွေဟာ အထိုက်အလျောက် ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်..။


အဲ့လို မကုစားပဲ တကိုယ်ကောင်းစိတ်နဲ့ ကျေနပ်သာယာမှုကို ရှာကြရင်း အသက်နဲ့ကိုယ်အိုးစားကွဲသွားကြသူတွေလည်း အများကြီးပါ..။ ဘဝတလျှောက်လုံး အင်အားကြီးသူ နိုင်စတမ်းဆိုတဲ့ တောတွင်းနိယာမကို လက်ကိုင်ပြုပြီး လူတကာအပေါ် အနိုင်အထက်ပြုရင်း သေသွားကြသူတွေလို့ ဆိုရပါလိမ့်မယ်....။


▪️


ကိုယ့်အတ္တကို ပိုးမွေးသလို တယုတယနဲ့လက်သပ်မွေးမြူနေသူတွေဟာ ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ မယုံကြည်နိုင်တော့ပဲ တပါးသူအပေါ်ယုံမှားသံသယလွန်ကဲတဲ့ စိတ်ဝေဒနာ တခုဝင်လာတတ်ပါတယ်တဲ့...။ (Paranoidal Dementia) လို့ ခေါ်တဲ့ ဝေဒနာပါတဲ့..။ ဒီလိုလူမျိုးတွေဟာ မိတ်ရင်းဆွေရင်းတွေကိုသာမက လင်မယားချင်းမှာပင် သူ့စိတ်နဲ့ အခန့်မသင့်တာတခုခုကို ပြုလိုက်တိုင်း၊ တွေ့လိုက်တိုင်း ငါ့ကိုမကောင်းလုပ်တာဖြစ်မှာပါ မကောင်းပြောတာဖြစ်မှာပါ ဆိုတဲ့ သံသယအတွေးတွေ ကြီးစိုးပြီး မကြောညာပဲရန်ပွဲတွေ စတတ်ပါတယ်...။ 


အမွေကိစ္စတွေမှာ သားအမိ သားအဖ ညီအကို မောင်နှမ ဆွေးမျိုးရင်းချာချင်း စည်းဇိမ်ကုန်ချင်သလောက် ကုန်ပါစေ သူ့ကို ခွဲမပေးနိုင်ဘူး ဆိုတဲ့ စိတ်နဲ့ အပြန်အလှန် တရားစွဲကြရင်း တရားစရိတ်ကြောင့်မွဲသွားတဲ့ အထိဖြစ်ကြတာမျိုး၊ သူ့ခွေး ကိုယ့်ခွေးကိုက်ရာက ဟိုဘက်ဒီ ဘက် လူချင်း ဂုဏ်တု ဂုဏ်ပြိုင်ဖြစ်ကြပြီး ရုံးရောက် ဂတ်ရောက်နဲ့ မကျေနိုင် မအေးနိုင်ကြပဲ တဖက်လူ မရှုံးနိမ့်မချင်း စားမဝင် အိပ်မပျော် ဖြစ်ကာ တနုံနံုံ ခံစားနေကြတာမျိုးတွေဟာလည်း ဒီလိုမျိုး ဝေဒနာရှင် စာရင်းဝင်သူတွေ ဖြစ်ပါသတဲ့....။


▪️


ဒီနေရာမှာ စိတ်ရောဂါဖြစ်ခြင်း၊ ရူးသွပ်ခြင်းဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းပြောပါရစေ...။ လူတယောက်ကို ရူးတယ် မရူးဘူးဆိုတာ စိတ်ပညာရှင်တွေ အနေနဲ့ အလွယ်လွယ်ကူကူ မသတ်မှတ်နိုင်ပါဘူး..(ဒီအကြောင်းကို စာတပုဒ်အဖြစ် ရေးခဲ့ပြီးပါပြီ)..။ ရူးသွပ်ခြင်း ဆိုတဲ့စကားဟာ တရားဥပဒေအရ လူတဦးရဲ့ စိတ်အနေအထားကို ခေါ်ဝေါ်သတ်မှတ်ခြင်း ဖြစ်ပေမယ့် စိတ်ပညာရှင်များကတော့ ရူးသွပ်တယ်ဆိုတာကိုစိတ်ရောဂါ (Psychosis)တမျိုးလို့သာ သတ်မှတ်ကြပါတယ်တဲ့...။  စိတ်အရမ်းဖောက်ပြန်ပြီး ရူးသွပ်နေသူ တချို့ကလွဲရင် များသောအားဖြင့် စိတ်ဝေဒနာရှင်တွေဟာ သာမာန်သူလိုငါလို လူတွေနဲ့ သိပ်ကွဲပြားလေ့မရှိပဲ တချို့ဆို လူကောင်းတွေ လို့တောင် ထင်ရတတ်ပါတယ်...။


အခက်အခဲပြဿနာတွေ ရင်ဆိုင်ကြုံတွေ့ရတာချင်း၊ ခံစားရတာချင်းတူသည့်တိုင် တချို့လူတွေက သာမန်စိတ်အခြေအနေအတိုင်း ရှေ့ဆက်သွားနိုင်ကြပေမယ့် တချို့ကျ စိတ်ကမောက်ကမ ဖြစ်သွားတတ်ပါတယ်...။ တချို့တွေအတွက် စိတ်မကောင်းဖြစ်ရုံ ကိစ္စတွေမှာ တချို့တွေက လုံးဝရူးသွပ်သွားမျိုးလည်း ရှိပါတယ်တဲ့..။ ဒါကြောင့် လူတွေကို ဒီလို ဒီလို အခြေအနေတွေကြောင့် ရူးသွပ်သွားနိုင်တယ်လို့ ပုံသေ သတ်မှတ်ထားလို့ မရပါဘူး..။ လူတယောက် စိတ်ဝေဒနာ ဖြစ်ပြီး ရူးသွားနိုင်ဖို့ ဆိုရာမှာ သူ့ရဲ့ ကိုယ်ခံအား၊ စိတ်ခံစား၊ ဆင်ခြင် ဉာဏ်အနည်းအများ စတာတွေ အပေါ်မှာ အများကြီး မူတည်ပါသတဲ့...။ 


( ကိုယ့်စိတ်က သိနေတဲ့ ခံစားချက်တွေ ရှိသလို အချို့ခံစားချက်တွေက သိသလို မသိလိုဖြစ်နေတတ်ပါတယ်တဲ့..။ပြောရရင် တကယ်ရူးတဲ့ အရူးတိုင်းဟာ ဘယ်လိုနည်းနဲ့ ရူးတဲ့ အရူးဖြစ်ပါစေ သူ့ကိုယ်သူ ရူးနေတယ်လို့ ထင်လေ့မရှိကြတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ငါရူးများရူးနေပြီးလား လို့ တွေးမိနေသ၍ ရူးခြင်း မရှိသေးတာမို့  စိတ်ချလက်ချ နေနိုင်အောင် ငါရူးနေပြီးလား ဆိုတာမျိုး ခဏခဏတွေး ကြည့်ကြပါလို့ တိုက်တွန်း ဘီးတပ်ပေးလိုက်ပါတယ် ခင်ဗျားးး...😊😊😊😊 ) 


ရေးသားသူ - လင်းဆက်


(Zawgyi) 

' လိင္စိတ္အေၾကာင္း ဖ႐ိုက္ေရးတာ ဖတ္မိသမွ် '




#လင္​းဆက္​

အပိုင္း (၁)

လူ႔စိတ္ကို စတင္ ေလ့လာရာခဲ့တဲ့ အစအဦးမွာေတာ့ လူကို လိင္ခြဲျခင္းမရွိခဲ့ပါဘူး..။ တေျဖးေျဖးတိုးတက္လာတဲ့ စိတ္ပညာမွာေတာ့ လူတဦးရဲ႕ က်ား မ လိင္ကြဲျပားမႈဟာ သူ႔စိတ္ကို လႊမ္းမိုးလႈံ႕ေဆာ္ႏိုင္တယ္ အခ်က္ကို လက္ခံလာၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ လိင္ကြဲျပားမႈတင္မကပဲ သူ႔ရဲ႕ အတိ္တ္နဲ႔ ပစၥဳပၸန္ႏွစ္ခု ေပါင္းစပ္မႈ အေျခအေန၊ အသက္ေမြးေက်ာင္း အလုပ္အကိုင္၊ ေနထိုင္ရာ ပတ္ဝန္းက်င္အေျခအေန စတာေတြကိုပါ ထည့္သြင္း စဥ္းစားလာၾကပါတယ္။


အဲလို႔ေလ့လာခဲ့ရာက လူတဦးခ်င္းဆီမွာ ဉာဏ္စြဲလို႔ေခၚတဲ့ တခုခုကို စြဲလမ္းတဲ့ စိတ္ဟာ အနည္းနဲ႔အမ်ား ရွိတတ္တယ္ ဆိုတာကို သိလာပါတယ္..။ ဉာဏ္စြဲကို လိင္စိတ္က လႈံ႕ေဆာ္ရာမွျဖစ္လာရတဲ့ စိတ္ေရာဂါေတြဟာ အလြန္ရႈပ္ေထြးေပြလီလြန္းလွသမို႔ ဒါေတြကို ေလ့လာရင္း စိတ္ပညာရွင္ေတြကိ္ုယ္တိုင္ ႐ူးခ်င္ခ်င္ ျဖစ္သြားႏိုင္ပါတယ္တဲ့..။


ဖ႐ိုက္ကေတာ့ လူေတြရဲ႕ လိင္စိတ္ကို အဓိကထားဗဟိုျပဳၿပီး ေလ့လာကုသပါတယ္..။ ေဝဒနာရွင္ေတြရဲ႕ အိ္မ္ေထာင္ေရးေနာက္ကြယ္က လိင္စိတ္ေတြကို အံ့ၾသရႈေမာဖြယ္ေကာင္းေအာင္ ေဖာ္ထုတ္ကုသႏိုင္ခဲ့ပါတယ္..။ သူနဲ႔ေခတ္ၿပိဳင္ စိတ္ပညာရွင္ေတြကေတာ့ အႀကီးအက်ယ္ ကဲ့ရဲ႕ၾကတယ္ေပါ့..။ ဒါေပမယ့္ ျဖစ္လာသမွ်ေသာ စိတ္ေဝဒနာ အမ်ားစုဟာ ကေလးငယ္အရြယ္မွအစ ေနာက္ဆံုး လိင္စိတ္မွာ အေျခခံၿပီး စိတ္ေဝဒနာနဲ႔လိင္စိတ္ဟာ ေဒြးေရာယွက္တင္ ခြဲမရႏိုင္ျဖစ္လာတဲ့ အခါမွာေတာ့ ဖ႐ိုက္ကို အသိအမွတ္မျပဳလို႔ မရေတာ့ပါဘူး..။


အသက္ငါးႏွစ္မွ ဆယ့္ႏွစ္ႏွစ္ ထိ လူမမယ္အရြယ္ ကေလးငယ္ေတြဟာ ကစားခုန္စားျခင္းလို ကိ္ုယ္လက္လႈပ္ရွားမႈေတြေၾကာင့္ အဲ့ဒီအခ်ိန္မွာလိင္စိတ္ မေပၚလြင္ပဲ ငုပ္ေနတတ္ေပမယ့္ ဆယ့္ႏွစ္ႏွစ္ အေက်ာ္ကစ ဆယ့္ရွစ္ႏွစ္အထိမွာေတာ့ လိင္စိတ္ရဲ႕ အျပင္းအထန္ လႈံ႕ေဆာ္မႈေၾကာင့္ႏြားသိုးႀကိဳးျပတ္သလို ျမင္သမွ်ကို စိတ္ႂကြတတ္ပါတယ္တဲ့..။ အဲ့လို အေျခအေနမ်ိဳးမွာ လိင္ကြဲေတြနဲ႔ မနီးစပ္ရင္ လိင္တူနဲ႔လည္း အတူ ေသာင္းက်န္းတတ္ၾကပါသတဲ့။ ေနာက္ဆံုး ဘယ္သူမွမရွိဘူးဆိုလည္း ကိ္ုယ့္ကိုယ္ကိုယ္စြဲလမ္းတပ္မက္ျခင္း လိင္စိတ္ျဖစ္ေပၚတတ္ၿပီး ကိ္ုယ္ခႏၶာကိ္ုယ္ကို ကိုယ္လံုတီးအတိုင္း မက္မက္ေမာေမာ ၾကည့္ျခင္း၊ အျခားသူမ်ားကို ျပျခင္း၊ အျခားလူမ်ားရဲ႕ ခႏၶာကိ္ုယ္ကိုလည္း အလားတူၾကည့္လိုျခင္း၊ အထူးသျဖင့္ လိင္ကြဲတို႔ရဲ႕ ခႏၶာကိ္ုယ္အစိတ္အပိုင္းမ်ားကို ေခ်ာင္းေျမာင္းၾကည့္လိုျခင္း (ခုေတာ့ တကူးတက ေခ်ာင္းၾကည့္စရာမလိုေတာ့ဘူး....ဖုန္းတလံုးရွိရင္ရၿပီ) စတဲ့စိတ္ေတြ ျဖစ္ေပၚတတ္ပါတယ္..။


          ဒါဟာ လူငယ္သဘာဝအရ ျဖစ္ၿမဲဓမၼာတာမို႔  လူငယ္ေတြရဲ႕ လိင္စိတ္ကို နည္းမွန္လမ္းမွန္နဲ႔ စနစ္တက် မသင္ေပး အသိမေပးပဲ အတင္းအဓမၼနည္းနဲ႔ ဖိႏွိပ္ခ်ဳပ္ခ်ယ္လိုက္မယ္ဆိုရင္ ေလာင္းရိပ္က်တဲ့ အပင္ငယ္လို ပံုမွန္မဖြံ႕ၿဖိဳးေတာ့ပဲ လိင္စိတ္ေဖာ္လြဲေဖာက္ျပန္ျဖစ္ရာ မွ တႏြယ္ငင္ တစင္ပါဆိုသလို ဘဝတေလ်ာက္လံုး အျခားေသာ လူမႈေရးဆိုးက်ိဳးေတြ ျဖစ္လာတတ္ပါတယ္တဲ့..။


       လိင္စိတ္စြဲလမ္းျပင္းထန္လာတဲ့ အဆိုးဆံုးအဆင့္ကို (A/Edepus Complex) လို႔ ဖ႐ိုက္က နာမည္ေပးခဲ့ပါတယ္..။ အဒ္ပတ္စ္ ဆိုတာ ေခါမေခတ္မွာ အေမကို စြဲလမ္းစိတ္ေၾကာင့္ ဖခင္ကိုသတ္ၿပီး မယ္ေတာ္ကို သိမ္းပိုက္အုပ္ခ်ဳပ္ခဲ့သူပါတဲ့..။ ဒီလို (A/Edepus)စိတ္နဲ႔ သိပ္မကြဲတာ ေနာက္တခုက ေသြးနီးခ်င္း လိင္တပ္မက္တဲ့စိတ္ပါပဲ။ ဥပမာ..အာရိယန္မ်ိဳးတို႔ နဲ႔ သာကီမ်ိဳးတို႔ ဆိုတာေတြဟာ အဲ့လို စိတ္အတြက္ အေထာက္အထားေတြျဖစ္ပါတယ္။


 အမ်ိဳးသမီးငယ္ေတြရဲ႕  သူ႔မွာရွိတာ ကိ္ုယ့္မွာ မရွိေလျခင္း မပါေလျခင္း ဆိုၿပီး ဆန္က်င့္ဘက္လိင္ကို ေစာင္းေျမာင္းေျပာဆို ၿငိဳျငင္သလို လုပ္ျပတတ္တာဟာလည္း လူ႔ခႏၶာကိ္ုယ္ျဖင့္ လိင္စိတ္ကို ဆြဲငင္ေဖာက္ျပန္ျခင္း တမ်ိဳးျဖစ္တယ္လို႔ ဖ႐ိုက္က ဆိုပါတယ္..။ ဒီလိုရႈပ္ေထြး လွတဲ့ လူ႔စိတ္မွာ ကိုယ္တိုင္ေၾကာက္ရြံေသာ္လည္း ဒါကိုပင္ စြဲလမ္းတပ္မက္ေနျခင္း၊ ေသခ်ာျပဳလုပ္ၿပီးမွ ဖ်က္ဆီးတတ္ျခင္းတို႔လို အစြန္းႏွစ္ဖက္ ျဖစ္ေနတတ္မ်ိဳးေတြ ရွိပါတယ္တဲ့...။


အပိုင္း(၂)


လိင္စိတ္စြမ္းအား( Sex Urge)ႏွင့္ ဗီဇစြမ္းအား (Ego Urge)တို႔ေၾကာင့္ လူစိတ္ကို အဲ့လိုအစြန္းႏွစ္ဖက္ ျဖစ္ေစပါတယ္တဲ့...။ ကိ္ုယ့္ကိ္ုယ္ ကိ္ုယ္ မွန္ထဲၾကည့္ၿပီး ေက်နပ္သာယာေနခ်ိန္မွာ လိင္စြမ္းအားက အႏိုင္ယူေနခ်ိန္ျဖစ္ၿပီး လုပ္ငန္းတခုကို ေအာင္ျမင္စြာ လုပ္ကိုင္ႏိုင္လို႔ ေက်နပ္ေနမိတာကေတာ့ဗီဇစြမ္းအားပါတဲ့..။ ဖ႐ိုက္ရဲ႕ မ်က္မွန္ေနာက္က ကမာၻႀကီးကို ၾကည့္ရင္ အားလံုးေသာ လူေတြရဲ႕ စြမ္းေဆာင္ ေအာင္ျမင္မႈေတြဟာ လိင္စိတ္မွာအေျခခံၿပီး လိင္စိတ္ရဲ႕ ေျမႇာက္ထိုးပင့္ေကာ္လုပ္မႈေၾကာင့္ ျဖစ္လာတာပါ...။


ဒီေနရာမွာ ဖ႐ိုက္ရဲ႕လူနာ ႏွစ္ဦးအေၾကာင္း ေရးျပခ်င္တယ္..။ ဖ႐ိုက္ရဲ႕လူနာတဦးျဖစ္တဲ့ ေပၚလက္ခ္ လို႔ေခၚတဲ့ မိန္ကေလးမွာ ထူးဆန္း တဲ့ စိတ္အစြဲအလမ္းတခုရွိပါတယ္တဲ့..။အဲ့တာကေတာ့ အိပ္ယာဝင္ခါနီးတိုင္းမွာ လိုတာထက္ပိုၿပီး အိပ္ယာခင္းေတြ ေခါင္းအံုးေတြကို ႐ိုက္ခါတတ္ၿပီးအခန္းထဲက နာရီေတြကိုလည္း အသံကိုနားမခံလို႔ အားလံုးရပ္ထားလိုက္ပါတယ္..။ ေခါင္းအံုးအပိုတလံုးကိုလည္း ကုတင္ ေပၚမွာ ခပ္ေစာင္းေစာင္း အေနအထားနဲ႔ ထားပါတယ္...။ ဖ႐ိုက္ဟာ ဒီမိန္းကေလးကို လေပါင္းအေတာ္ၾကာ အခ်ိန္ယူၿပီးေလ့လာတဲ့အခါ မွာ 'အပ်ိဳဘဝကို အလြန္အကၽြံတပ္မက္ျခင္း' ဉာဏ္ေၾကာင့္ ဆိုတာကို သိလာခဲ့ရပါတယ္..။ ဒီမိန္းကေလး အပ်ိဳဝင္စအရြယ္ သူ႔အိမ္က လူႀကီးေတြက သူ႔အစ္မကို မဂၤလာေဆာင္မယ့္ ကိစၥမွာ ေဆာင္ရန္ ေရွာင္ေတြ မွာၾကားေတာ့ အခမ္းအနားမွာ ပန္ကန္ခြက္ေယာက္ေတြကို မကြဲေအာင္ ေသခ်ာဂ႐ုစိုက္ရမွာျဖစ္ေၾကာင္း၊ က်ကြဲခဲ့ရင္ မေကာင္းတဲ့ အတိတ္နမိတ္တခုျဖစ္ေၾကာင္း၊ ထိခိုက္ရွမိၿပီး ေသြးထြက္ရင္ ပိုဆိုးေၾကာင္း စတာေတြကို ၾကားခဲ့ရပါတယ္..။ ဒီစကားေတြဟာ သူ႔ရဲ႕စိတ္မွာ စြဲထင္ေနရာက သူ႔အခန္းထဲမွာ က်ကြဲႏိုင္တဲ့ အရာေတြကို ေအာက္မွာခ်ထားတာမ်ိဳး၊ အိပ္ယာခင္းေသခ်ာ ခါတာမ်ိဳးျဖစ္ၿပီး က်ကြဲသံကို ေၾကာက္ရင္း ဘာအသံမွ မၾကားခ်င္ေတာ့ပဲ နာရီစက္ေတြပါ ရပ္ထားလိုက္တာျဖစ္ပါတယ္တဲ့..။ ေခါင္းအံုးကို ထားတာလည္း ေယာက္်ားနဲ႔ အတူမေနခ်င္လို႔ စည္းျခားထားတဲ့ သေဘာပါတဲ့..။ ဒီလိုနဲ႔ေရာဂါရဲ႕ ဇစ္ျမစ္ကို ေဖာ္ထုတ္ကုသႏိုင္ခဲ့ပါတယ္..။


ဒုတိယတဦးကေတာ့ အသက္ ၃၀ အရြယ္ အမ်ိဳးသမီး အေၾကာင္းပါ..။ ဒီအမ်ိဳးသမီးဟာ အိမ္မွာမရွိ ရွိအလုပ္ေတြကို  တေနကုန္ မေန မနား လုပ္ေနတတ္ၿပီး အိမ္ေဖာ္ မိန္းကေလးေတြကိုလည္း အေသးအဖြဲ႕ေလးေတြကို မနားတမ္း ခိုင္းေနတတ္ပါတယ္တဲ့..။ လုပ္ေန ခိုင္းေနသမွ်ကိုလည္း ဘယ္ေတာ့မွ စိတ္တိုင္းက်ျခင္းမရွိပါဘူး..။ ဒီလိုနဲ႔ ဖ႐ိုက္ဆီေရာက္လာရာ ဘာျဖစ္လို႔ အဲ့လိုလုပ္တာလဲ ေမးၾကည့္ ေတာ့ ဘာေၾကာင့္မွန္းမသိပါဘူး တဲ့..။ ဒါနဲ႔ ဖ႐ိုက္ဟာ သူစိတ္အေျခအေနသိႏိ္ုင္ဖို႔ သူ႔အေၾကာင္းကို ေလ့လာၾကည့္ရာ သူဟာ အသက္ ႏွစ္ဆယ္အရြယ္တုန္းက အသက္ႀကီးႀကီး အဘိုးအိုတစ္ဦးနဲ႔ လက္ထပ္ခဲ့ဖူးတယ္ ဆိုတာသိရပါတယ္..။ အဘိုးႀကီးဟာ အသက္အရြယ္ ေၾကာင့္ မဂၤလာဦးညမွာ လိင္ကိစၥကို မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူးတဲ့...။ ဒါနဲ႔ပဲ အမ်ိဳးသမီးဟာ သူ႔အဘိုးႀကီး မစြမ္းတာကို လူေတြသိကုန္မွာ စိုးလို႔ အိပ္ယာခင္းကို ေဆးနီေတြသုတ္လိမ္းခဲ့ပါတယ္...။ (တ႐ုတ္ျပည္မွာလည္း ဒီလိုညမ်ိဳးမွာ အိပ္ယာခင္းေပၚေသြးမက်ရင္ အပ်ိဳမစစ္တဲ့ အတြက္ အင္မတန္ရွက္ဖို႔ေကာင္းတယ္ ဆိုတဲ့ အယူအဆ ရွိခဲ့ပါတယ္.)  ဒါကို သူဟာ စိတ္စြဲေနၿပီး ေပက်ံေနတယ္လို႔ ထင္တဲ့ အရာေတြ ကို မနားတမ္း လိုက္သုတ္ေနျခင္းျဖစ္သလို တဖက္မွာလည္း အစြန္းအထင္းကြက္ကို လူေတြ ေတြ႕ေစခ်င္တဲ့ စိတ္ေၾကာင့္လည္း အိမ္ေဖာ္ ေတြကို အစြမ္းအထင္းအေသးအဖြဲေလးေတြ လိုက္ျပၿပီး သုတ္ခိုင္းတာျဖစ္ပါသတဲ့..။


ေနာက္ထပ္ အျဖစ္တခုကေတာလ ကိ္ုယ့္စိတ္ကိ္ုယ္လွည့္စားမႈ ျဖစ္ေနေသာ အမ်ိဳးသမီး တဦးအေၾကာင္းပါ..။ အဲ့ဒီလူနာကို ဖ႐ိုက္ ဆီေခၚလာခဲ့သူက အရြယ္ငယ္ငယ္စစ္ဗိုလ္တစ္ဦးျဖစ္တဲ့ အမ်ိဳးသမီးႀကီးရဲ႕သားမက္ ကိုယ္တိုင္ပါပဲ..။ အမ်ိဳးသမီးႀကီးဟာ အိမ္ေထာင္ သက္ ႏွစ္ ၃၀ ၾကာေအာင္ လင္ေယာက္်ားနဲ႔ ဘာျပႆနာႀကီးႀကီးမားမားမွ မျဖစ္ပဲေနလာခဲ့ၿပီး သားနဲ႔ သမီးႏွစ္ဦးစလံုးဟာလည္း အိမ္ေထာင္ရွင္ေတြျဖစ္ေနပါၿပီ..။ ျပႆနာက ဒီကိုမလာခင္ လြန္ခဲ့တဲ့ တလေလာက္က ပစ္စာတေစာင္ ေရာက္ရွိလာရာမွ စ ပါသတဲ့..။ ပစ္စာက သူ႔လင္ မယားငယ္ေနတဲ့အေၾကာင္းျဖစ္ပါတယ္..။ အဲဒီေန႔ကစၿပီး အမ်ိဳးသမီးႀကီးဟာ တေဆြလံုး တမ်ိဳးလံုးနဲ႔ မတည့္ေတာ့ပဲ သူအိမ္လာသမွ် လူေတြကို ျပႆနာရွာပါေတာ့တယ္..။


ဒါနဲ႔ စံုစမ္းၾကည့္ေတာ့ အမ်ိဳးသမီးႀကီးဟာ ကိုယ့္အိမ္ေဖာ္ေတြနဲ႔ အရမ္းအေရာဝင္ၿပီး အတင္းအဖ်င္းေျပာတာ ဝါသနာထံုသတဲ့..။ အိမ္ကို မၾကာမၾကာ ဝင္ထြက္ေနတဲ့ သူ႔ေယာက္်ားရဲ႕ မိတ္ေဆြအဘိုးႀကီး မယားငယ္ထားတဲ့ အေၾကာင္းကို ေန႔တိုင္းနီးပါး ေျပာၿပီး သူအိမ္ေဖာ္ ေတြနဲ႔ ရယ္ပြဲဖြဲ႕ရင္း ကိ္ုယ့္အိ္မ္က လူႀကီးလည္း သူ႔လိုဆို ကိုယ္ေတာ့ ဒုကၡပဲ ဆိုၿပီး ညည္းေလ့ရွိပါတယ္..။ အဲ့လိုေျပာေနခ်ိန္မွာပဲ ပစ္စာ ေရာက္လာတာပါ..။ အမွန္ေတာ့ အိမ္ေဖာ္တဦးကပဲ သူနဲ႔မတည့္တဲ့ ေနာက္အိမ္ေဖာ္တဦးကို သူ႔အိမ္ရွင္နဲ႔ လုပ္ၾကံစြပ္စြဲၿပီး ေရးခဲ့တဲ့ ပစ္စာပါ..။ ေနာက္ေတာ့ အျဖစ္မွန္ကိုသိၿပီးအလုပ္ထုတ္လိုက္ပါတယ္..။ မဟုတ္မမွန္ဘူးဆိုတာ သိရေပမယ့္လည္း အမ်ိဳးသမီးႀကီးဟာ ဒါကိုပဲ ထပ္တလဲလဲ ေတြးေနရင္း ခုလို စိတ္ဂေယာက္ဂယက္ ျဖစ္လာရတာပါ...။


ဖ႐ိုက္ရဲ႕ႏွစ္နာရီၾကာေဆြးေႏြးေမးျမန္းမႈ အၿပီးမွာေတာ့ အေျဖက ရွင္းလင္းစြာ ထြက္လာပါတယ္...။ တကယ္ေတာ့ သူ႔ေရာဂါ ရဲ႕မူရင္ဟာ အဘိုးႀကီးကို  မကၤာလို႔ ျဖစ္ရတာမဟုတ္ပဲ သူကိ္ုယ္တိုင္က ငယ္ရြယ္ႏုပ်ိတဲ့ လူငယ္တစ္ဦးကိုႏွစ္သက္စြဲလမ္းမိရာက စပါသတဲ့ေလ..။ သူ႔စြဲလမ္းမိတဲ့ သူငယ္ဟာလည္း တျခားလူ မဟုတ္ပဲ သူ႔သားမက္ စစ္ဗိုလ္ကိုလူေခ်ာကိုပါတဲ့...။ သူ႔သားမက္ကို ေကၽြးေမြးလိုစိတ္၊ ျပဳစုလိုစိတ္ေတြ တေျဖးေျဖးမ်ားလာရာက ငါ့လူႀကီး ငယ္အေႏွာင္းထားရင္ေတာ့ ငါလည္းထားရမွာပဲ ဆိုတဲ့စိတ္ဝင္ၿပီး ၾကာလာေတာ့ သူ႔ရဲ႕အံုပုန္းစိတ္ဒဏ္ကို တျခာ လူေတြကို အပစ္ဖို႔လြဲခ်ၿပီး ျပႆနာရွာျခင္းျဖစ္ပါသတဲ့...။


▪️


          လူတိုင္းဟာ ေယဘူယ်အားျဖင့္ အေတြးေတြနဲ႔ ေႏြလယ္အိပ္မက္ မက္ေနသူေတြလို႔ ဖ႐ိုက္က ဆိုပါတယ္..။ ခ်ဳပ္တီးထားတဲ့ ဆႏၵေတြ၊ေတာင့္တခ်က္ေတြ၊ စိတ္ကူးေတြဟာ လူကို ဒုကၡေပးဖို႔ရာ ပုန္းေအာင္းေနတဲ့ ရန္သူေတြျဖစ္ပါတယ္..။  ဒီလို တေန႔ကုန္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္မေျပာရဲ႕ မဆိုရဲ မေျပာျဖစ္ မဆိုျဖစ္ခဲ့ပဲ ထိန္းခ်ဳပ္ခဲ့ရတာေတြကို ညဘက္ တေယာက္ထဲကိုယ္ကိုင္ အခ်ိန္က်မွ လြတ္လပ္ေရးရလာၿပီး အိပ္မက္ အျဖစ္ထြက္ေပၚလာတယ္လို႔ ယူဆပါတယ္..။လိင္မႈအိပ္မက္ေတြဟာလည္း လိင္စိတ္ကို ထိန္းခ်ဳပ္လြန္းမႈေၾကာင့္ပါတဲ့..။


အိပ္မက္ဆိုတာဟာ သိရက္ျဖစ္ေစ မသိပဲျဖစ္ေစ စိတ္ထဲစြဲထင္မိတာကို ေရာင္ျပန္ျခင္း တမ်ိဳးျဖစ္ၿပီး စြဲထင္တဲ့ အေၾကာင္းအရာ ေသးေသး ႀကီးႀကီးထင္ရွား မထင္ရွား စြဲထင္တဲ့အခိုက္အတန္႔ေလးမွာ မွတ္ဉာဏ္ကို ေျပး႐ိုက္ကာ အိပ္မက္ထဲမွာေတာ့ အဓိက အေၾကာင္းအရာ ျဖစ္ေနတတ္ပါတယ္..။


ကိ္ုယ့္စိတ္ဆႏၵကို ပြင့္ပြင့္လင္းလင္း ရဲရဲတင္းတင္း မထုတ္ေဖာ္ၾကပဲ ႀကိတ္ၿပီး မုန္းၾက ခ်စ္ၾက ရက္စက္ၾက မနာလိုၾကတဲ့ မႏုသီဟလိုစိတ္ ႏွစ္ခြျဖစ္တာေတြဟာ အိပ္မက္ထဲမွာ ဖံုးမရဖိမရႂကြလာ ၾကပါတယ္..။ ေယာကၡမလုပ္သူနဲ႔ ဘုရားဖူးအတူထြက္ရေၾကာင္း အိပ္မက္ထဲ ျမင္မက္မိသူအမ်ိဳးသမီးတစ္ဦးကို သူမဟာ ေယာကၡမနဲ႔ အတူ မေနခ်င္ေတာ့ပဲ အိမ္ေျပာင္းေျပးခ်င္ စိတ္မ်ားေနေၾကာင္း ဖ႐ိုက္က ေကာက္ခ်က္ေပးခဲ့ပါတယ္...။ 


      ေနာက္ၿပီး တခ်ိဳ႕ကိစၥေတြမွာ တစ္ဦးတည္းရွိစဥ္မွာ မလုပ္ဝံ့၍ေသာ္လည္းေကာင္း၊ တျခားအေၾကာင္းခုေၾကာင့္ေသာ္လည္းေကာင္း  မလုပ္ပဲေနတတ္ေပမယ့္ လူအမ်ားနဲ႔ေရာေႏွာၿပီး လူအုပ္ခ်ီလ်က္ လုပ္ၾကတဲ့အခါမွာေတာ့ ဘာမသိ ညာမသိ ဝင္လုပ္တတ္ပါၾကပါတယ္..။ ဥပမာ..အားႏြဲ႕သူကို ဝိုင္းၿပီး မတရားျပဳက်င့္တာမ်ိဳး၊ လူတစ္ေယာက္ကို ဖမ္းဆီးၿပီး မတရားဝိုင္းဝန္း ႏွိပ္စက္ၾကတာမ်ိဳး၊ ေဈးဆိုင္မ်ားကို ဝိုင္းၿပီးဖ်က္ၾကတာမ်ိဳးေတြ ျဖစ္ပါတယ္..။ ေနာက္ဆံုးေျပာရရင္ လိင္စိတ္ေသြးဆာမႈဟာ သၾကၤန္မွာေရးကစားရင္း တဖက္သား နာက်င္သြား ထိခိုက္သြားေစလိုတဲ့ ဆႏၵနဲ႔ ေရပက္တဲ့ ကိစၥလည္း အပါအဝင္ျဖစ္ပါတယ္..။ ဒီလိုလုပ္ေနတတ္တဲ့လူေတြရဲ႕မ်က္ႏွာကို ၾကည့္လိုက္ရင္၂၁ ရာစု ယဥ္ေက်းမႈလူသားမွ ဟုတ္ပါေလစ သမိုင္းဦးဘံုေျမေခတ္က အမဲလိုက္ရင္း အခ်င္းခ်င္း သတ္ျဖတ္ၾကတဲ့ လူ႐ိုင္းေတြမ်ားလား  လို႔ထင္မွတ္စရာျဖစ္ေလာက္ကို ေတြ႕ရမွာျဖစ္ပါတယ္..။


                            ----


               ပံုမွန္အားျဖင့္ေတာ့ သက္ရွိသတၱဝါေတြဟာ အဖိုျဖစ္လမ္းနည္းတာေၾကာင့္ အမ စစ္စစ္ျဖစ္ေပမယ့္ သူ႔မွာ အဖို သဘာဝ အနည္းငယ္ရွိတတ္သလို အဖိုစစ္စစ္ျဖစ္သူေတြမွာလည္း ထို႔နည္းတူ အမ သဘာဝ အႂကြင္းအက်န္ေတြ ရွိေနတတ္ပါတယ္တဲ့...။ လူရဲ႕ စအိုဝရွိ အေရးျပားနဲ႔ စအိုႁပြန္ဝ အေၾကာႂကြက္သား ဆံုရာေနရာဟာ သာမန္တန္ဆာ ကဲ့သို႔ လိင္စိတ္ကို လႈံ႕ေဆာ္ခံစားႏိုင္ပါတယ္...။ ပံုမွန္ဆိုရင္ ဒါကို လစ္လ်ဴရႈၿပီး ေဖ်ာက္ဖ်က္ရမွာ ျဖစ္ေပမယ့္ အခ်ိဳ႕သူေတြဟာ အဲ့ဒီေနရာရဲ႕ ေက်းကၽြန္ သဖြယ္ လူမသိသူမသိ ျဖစ္ေန တတ္ပါတယ္တဲ့..။ ဖိုျဖစ္ျဖစ္ မ ျဖစ္ျဖစ္ အဲ့လိုလူမ်ိဳးေတြရဲ႕အမူအက်င့္ေတြကို ေယဘူယ်သေဘာေျပာရရင္ သူတို႔ဟာ ေခါင္းမာတတ္၊ အျမင္ကတ္ေလာက္ေအာင္ ကပ္ေစးနည္းတတ္၊တခါတရံ ဘာမဟုတ္တဲ့ အေသးအဖြဲ႕ကိစၥေတြကို ပံုႀကီးခ်ဲ႕တတ္၊ ႀကီးက်ယ္တတ္၊ ဝတ္ထားတဲ့ အကၤ်ီအဝတ္အစားနဲ႔ ဆံပင္ကို မလိုအပ္ပဲ ခဏခဏျပင္ဆင္တတ္၊ လက္ေတြ ေျခေတြကို ခဏခဏေရေဆးတတ္ ၾကပါ တယ္တဲ့....။


                     --------


         လူမွာ လိင္စိတ္တဏွာကို အရင္းျပဳလ်က္ ထႂကြလႈပ္ရွားၿပီး တည္ၿမဲစြာေနလိုျခင္းနဲ႔ ဘဝကို လံုးပါးပါးၿပီး အဆံုးသတ္ပစ္ခ်င္လိုျခင္း ႏွစ္ခုၾကားမွာ လြန္ဆြဲေနတတ္တာပင္လွ်င္ လူ႔ဘဝ၏ ထူးျခားမႈ တခုဟု ဖ႐ိုက္က ဆိုပါတယ္..။ ဒီလို မတူတာႏွစ္ခု မမွ်တပဲ တဖက္ဖက္ ကို အေလးေပးလြန္းလွ်င္ လူ႔ဘဝ ပ်က္ရာပ်က္ေၾကာင္း အေျခခံပင္ျဖစ္ေလပါေတာ့တယ္...။


အပိုင္း (၃) 

            လူရဲ႕ လိင္ခံစားႏိုင္မႈအသိဟာ အရြယ္ေရာက္စဥ္မွစ၍ ဇရာလြန္ အိုမင္းတြင္းဆံုးက်ခ်ိန္ထိ ရွိေနတတ္ၿပီး ပံုမွန္အားျဖင့္ လိင္စိတ္ခံစားႏိုင္မႈ အစိတ္အပိုင္းေတြဟာ လိင္အဂၤါမ်ား၊ ရင္သားမ်ား၊တင္ပဆံု၊ နားရြက္ ၊ပါး၊ ပါးစပ္စတဲ့ ေနရာေတြျဖစ္ေပမယ့္ တခ်ိဳ႕လူမ်ားအဖို႔ေတာ့ အဲ့လို အစိတ္အပိုင္းေတြသာမကပဲ  တကိ္ုယ္လံုး မည္သည့္ေနရာကိုမဆို ပြတ္သပ္ထိပါးမိတာနဲ႔ လိင္စိတ္ တက္ႂကြတတ္တာမ်ိဳးလည္း ရွိပါတယ္တဲ့..။


             ဒီလို သာမန္ထက္လြန္ကဲၿပီး လိင္စိတ္စြဲၿငိ ေနသူေတြဟာ  မိမိခႏၶာကိုယ္ အစိတ္အပိုင္းေတြကို လိင္ကြဲသူ ျမင္ေအာင္ျပျခင္း၊ လိင္ကြဲသူေတြနဲ႔ ပူးပူးကပ္ကပ္ေနထိ္ုင္ျခင္း၊ မေတာ္တဆလိုလိုနဲ႔တမင္တကာ ခႏၶာကိ္ုယ္အစိတ္အပိုင္းျခင္း ထိစပ္ေအာင္ျပဳျခင္း (ဥပမာ..လိုင္းကားေပၚတြင္ မဖြယ္မရာျပဳလုပ္တတ္ၾကသူမ်ားကိုၾကည့္ပါ) တို႔ ျပဳလုပ္ၿပီး လိင္စိတ္သာယာမႈကို ခံစားၾကပါတယ္..။


ထပ္ေျပာရရင္ ကိ္ုယ္လုပ္ခဲ့တဲ့ လိင္ကိစၥကို အျခားသူေတြျမင္ေအာင္ျပျခင္း ( ဒီေန႔ ေခတ္မွာေတာ့ ဗီဒီယို ဖိုင္႐ိုက္ၿပီး ကိုယ္တိုင္ျပျခင္းေပါ့) ၊ အားေပါင္အာရင္းသန္သန္နဲ႔ မိန္ေရရွက္ေရ ျပန္ေျပာျပျခင္းေတြဟာလည္း လိင္စိတ္လြန္မႈ တမ်ိဳးပါပဲတဲ့..။ ဒါဟာ အရွက္မရွိျခင္း ဆႏၵရမက္ႀကီးျခင္း မဟုတ္ပဲဒီလိုလုပ္လိုက္မွ သူတို႔ရဲ႕ လိင္စိတ္ျပည့္ဝမႈ ရွိသြားတာမ်ိဳးပါတဲ့..။ ဒါမ်ိဳးဟာ ငယ္စဥ္ကေလးဘဝအရြယ္မွာ တစံုတရာေသာ စိတ္အေျခခံထိခိုက္မႈေၾကာင့္ ျဖစ္လာရတာမ်ိဳးပါတဲ့..။အဂၤလိပ္လိုေတာ့ (Exhibitionism) လို႔ေခၚတဲ့ ကိ္ုယ့္ရဲ႕ မဖြယ္မရာ ကို လူျမင္ေအာင္ျပတတ္ေသာ လိင္စိတ္ေဝဒနာ တမ်ိဳးျဖစ္ပါတယ္တဲ့..။ 

        

မ ဆိုလွ်င္ ပ်ိဳပ်ိဳ အိုအို မေရွာင္ပဲ အလြန္းအမင္း စြဲလမ္းတတ္တဲ့ လိင္စိတ္လြန္ကဲ တာမ်ိဳးလည္း ရွိပါတယ္...။ ေခတ္စကားနဲ႔ဆိုရင္ ဝါးလံုး တင္လာတဲ့ ကား ေရွ႕က  ျဖတ္သြားရင္ေတာင္ စိတ္ႂကြတတ္မ်ိဳး လို႔ေျပာရမလားပဲ...။ ဒါမ်ိဳးကေတာ့ တကယ့္ကို လိင္စိတ္လြန္က်ဴးၿပီး တဏွာ႐ူးထေနတာမ်ိဳးလို႔ ဆိုရပါလိမ့္မယ္..။ အဲ့လိုလူမ်ိဳးဟာ အျပာစာအုပ္ေတြ ႐ုပ္ရွင္ေတြ မဖတ္ရ မၾကည့္ရလည္း အၿမဲတမ္း စိတ္႐ိုင္းဝင္ေနတတ္ၿပီးကုစားရတာအလြန္ခက္တဲ့ (Nymphomania) လို႔ေခၚတဲ့ အျပင္းစားလိင္စိတ္ေဝဒနာရွင္ေတြျဖစ္ပါသတဲ့..။ အိမ္ေထာင္ရွိေပမယ့္လည္း မယားေတြမိႈလိုေပါက္ၿပီး  မယားငယ္သက္ေစ့ ယူထားသူေတြဟာလည္း အဲ့လိုေရာဂါသည္ စာရင္းေပါက္သူေတြ ျဖစ္ပါတယ္တဲ့..။


          သတင္းစာေတြ ဂ်ာနယ္ေတြထဲမွာ မၾကာခဏပါေလ့ရွိသလို သက္ႀကီးရြယ္အိုေတြ လူမမယ္ကေလးအရြယ္အေပၚ ကာမက်ဴးလြန္ တတ္မ်ိဳးဟာလည္း ေဖာက္ျပန္တဲ့ လိင္စိတ္တမ်ိဳးပါပဲ..။ ပံုမွန္အားျဖင့္ေတာ့ ေျမးအဖိုး ေျမးအဖြား အရြယ္မို႔ ဘာမွ မျဖစ္တန္ေလာက္ဘူး လို႔ထင္ၾကေပမယ့္ တကယ္က်ဴးလြန္သူေတြကို ေလ့လာၾကည့္ရင္ တခ်ိဳ႕ဆို ေျမးတင္မက ျမစ္ပါရွိေနတာမ်ိဳး ေတြ႕ရမွာပါ..။ ဒီကိစၥမွာ ေတာ့ ပင္ကိ္ုယ္ရာဂေသာင္းက်န္းမႈ သက္သက္လို႔ မဆိုႏိုင္သလို အမ်ိဳးသားမို႔ျဖစ္တယ္ အမ်ိဳးသမီးမို႔ျဖစ္တယ္ဆိုၿပီးလည္း ခြဲျခားလို႔ မရႏိုင္ပါဘူးတဲ့..။ အမ်ားအားျဖင့္ အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕ အသက္အရြယ္ေၾကာင့္ ေျပာင္းလဲလာတဲ့ လိင္သဘာဝအရ ဒါမ်ိဳးအျဖစ္ နည္းၿပီး အမ်ိဳးသားေတြကေတာ့ ဖြဲတဆုပ္သယ္ႏိုင္တဲ့ အရြယ္ထိ ဇြဲမေလ်ာ့ တတ္ၾကတာမို႔ ဒါမ်ိဳးအျဖစ္မ်ားေလ့ရွိပါတယ္...။ ဒီေနရာေတာ့ ကာယကံေျမာက္ လိင္ဆက္ဆံမႈျပဳတာတင္မကပဲ တခ်ိဳ႕ေသာ လူပ်ိဳႀကီး အပ်ိဳႀကီးမ်ားရဲ႕ ကေလးငယ္မ်ား အေပၚလိုတာပိုၿပီး အခ်စ္ သည္းၿပီး ဖက္ရမ္းနမ္းရႈံ႕တတ္တာမ်ိဳး၊ ကေလးငယ္ကို ေပါင္ေပၚတင္ၿပီး ပြတ္သီးပြတ္သပ္လုပ္ေနတာမ်ိဳး၊ ညအခ်ိန္ ကေလးငယ္ေတြနဲ႔ အတူ ဖက္ခြၿပီး အိပ္တာမ်ိဳးေတြဟာ ဒီလူပ်ိဳႀကီး ဒီအပ်ိဳႀကီး ကေလးအရမ္းခ်စ္တတ္တာပဲ လို႔ ဆိုၾကေပမယ့္ ဒါဟာ ကေလးသူငယ္ေတြ အေပၚလိင္စိတ္တပ္မက္ျခင္း (Paedophilia) စိတ္ေရာဂါ အမ်ိဳးအစားျဖစ္လို႔ အေပၚက အဖိုးႀကီး အဖြားႀကီးေတြနဲ႔ တတန္းစားထဲပါပဲ တဲ့...။ 


         ႏွစ္ႏွစ္အရြယ္ေလာက္မွ စၿပီး ကေလးငယ္ေတြဟာ မည္သူမွ သင္ၾကားျခင္းမရွိ မည့္သည္အျပဳအမႈကိုမွ အတုယူျခင္းလည္း မဟုတ္ဘဲ တေယာက္ထဲရွိေနခ်ိန္ေတြမွာ သူတို႔ရဲ႕ လိင္အဂၤါကို လက္နဲ႔ျဖစ္ေစ တျခားအရာတခုနဲ႔ျဖစ္ေစ ထိေတြ႕ကိုင္ကစား ေနတတ္ၾက ပါတယ္..။ ဒါဟာ လူႀကီးေတြလို လိင္ကြဲအေပၚတပ္မက္တဲ့ စိတ္နဲ႔ လုပ္ေဆာင္ေနျခင္းမဟုတ္ပဲ သူတို႔ကိ္ုယ္တိုင္ အဖိုျဖစ္လိုက္ အမျဖစ္ လိုက္နဲ႔ စိတ္ကူးလုပ္ေဆာင္ေနတတ္တာမ်ိဳးပါတဲ့..။ ဒါမ်ိဳးလုပ္တာကိုလည္း ရွက္ရေကာင္းမွန္းမသိၾကပါဘူး..။ လူႀကီးေတြက ေျပာဆို႐ိုက္ ပုတ္ ဆံုးမသည့္တိုင္ လစ္ရင္လစ္သလို လုပ္ၿမဲလုပ္ေလ့ရွိပါတယ္.။ (Polymorphous Perverse)လို႔ ေခၚပါသတဲ့...။အဲ့လိုလုပ္ေနရာကေန တေျဖးတေျဖး အဆင့္ၿပီးတဆင့္ ေဖာက္လြဲေဖာက္ျပန္ ျဖစ္သြားတတ္ပါတယ္တဲ့..။ ဒီကိစၥကိုလူႀကီးမ်ားအေနနဲ႔ အတင္းအဓမၼလုပ္ရင္ ဒီကေလးရဲ႕ လူငယ္ဘဝမွာ လိင္စိတ္နဲ႔ပတ္သက္တဲ့ စိတ္ဒဏ္ရာတခု ထင္သြားႏိုင္ပါတယ္..။ အလြန္းႏူးညံ့စြာ ကိုင္တြယ္ၿပီး တျခားအာရံု လႊဲစရာ တခုခုနဲ႔ (ဥပမာ..အားကစား၊ ပံုဆြဲျခင္း)လြဲေျပာင္းေပးလိုက္ရင္ အရြယ္ေရာက္ခ်ိန္မွာ သူကိ္ုယ္တိုင္ေမ့သြားပါလိမ့္မယ္....။


▪️   


ေၾကာက္စရာေတြ႕ရပါလ်က္ ထြက္မေျပးတတ္၊ လြမ္းစရာေတြ႕ရပါလ်က္ မလြမ္းတတ္ မငိုတတ္ တာဟာ ၾကည့္လိုက္ရင္ေတာ့ စိတ္ဓါတ္ မာေၾကာတယ္လို႔ ထင္ရေပမယ့္ တကယ္ေတာ့ ဒါမ်ိဳးဟာစိတ္လႈပ္ရွားမႈကို နားမလည္သူ မခံစားတတ္သူ ေတြ႕မို႔ စိတ္ေရာမာေၾကာျခင္း ေရာဂါတမ်ိဳးပါပဲတဲ့..။  လူဟာ စက္႐ုပ္မဟုတ္တဲ့ အတြက္ ရသခံစားမႈဆိုတာ ရွိရပါတယ္..။ခ်စ္စရာေတြရင္ ခ်စ္လြမ္းစရာရွိရင္ လြမ္း ငိုစရာရွိရင္ ငို သနားစရာ ရွိရင္ သနားတတ္ရမယ္ေပါ့ေလ...။  အဲ့မဟုတ္ရင္ပဲ ေက်ာက္ခဲႏွလံုးသားနဲ႔ ေမြးဖြားလာခဲ့သလို ခံစားမႈကင္းမဲ့ ေနရင္ လူမႈေပါင္းသင္းဆက္ဆံေရးမွာ ျပႆနာျဖစ္တတ္ပါတယ္...။ 


အထူးသျဖင့္ အိမ္ေထာင္မႈ လိင္ကိစၥမွာတဖက္လူရဲ႕ ခံစားခ်က္ကို မၾကည့္ပဲ ကိုယ္လိုခ်င္တာ မရ ရေအာင္ယူတတ္တာ၊ ကိ္ုယ္ဆႏၵျပည့္ သြားခ်ိန္မွာ တဖက္လူ ဆႏၵျပည့္မႈ ရွိ မရွိ မစဥ္းစားတတ္တာေတြဟာ ၾကာလာေတာ့ တဖက္လူဟာ အိမ္ေထာင္မႈကို ဒုကၡတခုလို႔ ထင္လာ တတ္ပါတယ္..။ တလြဲယဥ္ေက်းမႈ အစြဲအလမ္းေၾကာင့္ တဖက္လူ ဟာလည္း  ကိ္ုယ့့္လိင္ဆႏၵ မျပည့္ဝေသးတာကို ထုတ္မေျပာဝံ့ မေျပာရဲ၊ ေျပာတာဟာ ရွက္စရာတခုလို႔ျမင္ ေနေတာ့တယ္..။ လိင္ဆႏၵမျပည့္ဝတာကို မေျပာရဲေတာ့ တျခားဘာမဟုတ္တဲ့ အေသးအဖြဲ ေလးေတြကို ရမယ္ရွာၿပီး အပစ္ေျပာေနေတာ့တယ္..။


 သာမန္ လင္မယားကြဲရတဲ့ အေၾကာင္းေတြကို ေမးၾကည့္ရင္ ဘာမွ မဟုတ္တဲ့ အေၾကာင္းေလး တခုေၾကာင့္ ဆိုတာေတြ႕ရေလ့ရွိ ပါတယ္..။ တကယ္ေတာ့ လင္မယား ျပႆနာေတြ အားလံုးနီးပါးဟာ ျခင္ေထာင္ထဲက စ ပါတယ္...။ ျခင္ေထာင္ထဲက ကိစၥေတြကို ျခင္ေထာင္ထဲမွာပဲ ေျပလည္ေအာင္ ပြင့္ပြင့္လင္းလင္း ေျပာဆို ညွိနႈိင္းျခင္းမရွိရာက မေက်လည္မႈ မျပည့္ဝမႈေတြဟာ  ျခင္ေထာင္ျပင္ကို ေရာက္လာၿပီး အိမ္မွာေတြ႕တဲ့ အေသးအဖြဲ႕ အဆင္မေျပမႈေလးေတြကို ကမာၻပ်က္မတတ္ေအာင္ အက်ယ္အက်ယ္ မၿငိမ္းဖြယ္ျဖစ္ၿပီး ျပႆနာရွာၾကရင္း ၾကာေတာ့ အိမ္ေထာင္ေရးၿပိဳကြဲမႈဆီကို ဦးတည္သြားပါေတာ့တယ္...။


အပိုင္း(၄)

လူ႔ဘဝမွာ လူသားကို  ပဲ့ကိုင္ေမာင္းႏွင္ေနတဲ့ အရာႏွစ္ခု ရွိပါတယ္တဲ့...။ အဲ့ဒါေတြကေတာ့ ခ်စ္ျခင္းေမတၱာရယ္ ဆာေလာင္ငတ္မြတ္ျခင္း ရယ္ပါတဲ့...။ ဒီႏွစ္ခုစလံုးဟာ လူသားရဲ႕ အဓိကလိုအပ္ခ်က္ လိုလားေတာင့္တခ်က္ေတြ ျဖစ္ပါသတဲ့...။ ဒါဟာ လူရဲ႕ ဘဝေပး အသိစိတ္( Instincts) ျဖစ္ပါတယ္..။


ဒီလိုလိုလားေတာင့္တမႈေတြ အျပည့္ရွိေနတဲ့ လူ႔စိတ္ဟာ သူ႔ရဲ႕လိုအပ္ခ်က္ေတြျပည့္ဝမႈရွိတယ္လို႔ ခံစားရခ်ိန္မွာ ေက်နပ္မႈ၊ သာယာမႈ ျဖစ္ေနတတ္ၿပီး တစံုတခုေသာ အေၾကာင္းေၾကာင့္ ဆႏၵမျပည့္ဝခဲ့၊ လိုခ်င္တာ မရခဲ့ေသာ္ အလို႔မျပည့္စြာနဲ႔ မေက်မနပ္ျဖစ္ေနတတ္ပါ တယ္...။ ဒီအခ်ိန္မွာ  အတၱစိတ္( Ego ) လြန္ကဲလာၿပီး ျဖစ္သင့္တာေတြ ျဖစ္ရပ္မွန္ေတြ လူ႔စည္းကမ္းေတြကို ထည့္သြင္း စဥ္းစားျခင္း မျပဳေတာ့ဘဲ တကိ္ုယ္ေကာင္းငေတမာစိတ္ေတြ ဝင္လာရာက စိတ္လြတ္ကိ္ုယ္လြတ္ျဖစ္ကာ အျပင္လူမႈဘဝမွာရွိသူေတြနဲ႔ ပဋိပကၡျဖစ္လာ ပါေတာ့တယ္..။


ဒီလိုအျဖစ္မ်ိဳးကို ဆင္ျခင္အသိနဲ႔ အခ်ိန္မွီ ထိန္းခ်ဳပ္မႈ မျပဳႏိုင္ခဲ့ရင္ေတာ့ ေရရွည္မွာ ပင္ကိုစိတ္ရင္း ဘယ္ေလာက္ေကာင္းေနေပမယ့္ စိတ္ယုတ္က စိတ္ရင္းကို လႊမ္းမိုးဖံုးအုပ္ သြားၿပီး လူယုတ္တေယာက္ အျဖစ္ကို ဦးတည္သြားတတ္ပါတယ္...။


   ------         


လူသားဟာ မိုးေပၚက က်လာတဲ့ မိုးက်ေရႊကိ္ုယ္ မဟုတ္ပါဘူး...။ မိခင္ဝမ္းက ကၽြတ္ၿပီး ေလာကႀကီးထဲ ေျခလြတ္လက္လြတ္ ဝင္လာတဲ့ အခ်ိန္ကစ ျပင္ပက ဖိအားေတြရဲ႕ ထိပါး႐ိုက္ခတ္မႈဒဏ္ကို ခံရပါေတာ့တယ္...။ စိတ္ရင္းသက္သက္သာရွိေနေသးတဲ့ ကေလးငယ္အရြယ္ မွာ ဒီလိုဖိအား သက္ေရာက္မႈေတြကို ျပံဳးေပ်ာ္ေဆာ့ကစားရင္း ေက်ာ္ျဖတ္လာႏိုင္ေပမယ့္  တေျဖးေျဖးတရြယ္ေရာက္လာတဲ့ အခါမွာေတာ့ ငယ္စဥ္ကအမွတ္မထင္ခံခဲ့ရတာေတြဟာ စိတ္ဒဏ္ရာတခုလို စိတ္မွာ အမာရြတ္အျဖစ္နဲ႔ စြဲထင္ေနတတ္ပါတယ္...။ မီးကိုကိုင္ၾကည့္ၿပီး ပူမွန္းသိသြားေတာ့မွာ မီးနဲ႔မေဆာ့ရဘူးဆိုတဲ့ အသိပညာတခု ရရွိသြားသလို ဒီလိုစိတ္ဒဏ္ရာေတြကိုလည္း အသိဉာဏ္နဲ႔ တစတစ ကုစားၿပီး အမွားတခုအျဖစ္မွ အမွန္တခုျဖစ္ေအာင္ ျပဳျပင္ေျပာင္းလဲႏိုင္မွသာ တေျဖးတေျဖး နဲ႔ စိတ္ဒဏ္ရာေတြဟာ အထိုက္အေလ်ာက္ ေပ်ာက္ကြယ္သြားမွာ ျဖစ္ပါတယ္..။


အဲ့လို မကုစားပဲ တကိုယ္ေကာင္းစိတ္နဲ႔ ေက်နပ္သာယာမႈကို ရွာၾကရင္း အသက္နဲ႔ကိုယ္အိုးစားကြဲသြားၾကသူေတြလည္း အမ်ားႀကီးပါ..။ ဘဝတေလွ်ာက္လံုး အင္အားႀကီးသူ ႏိုင္စတမ္းဆိုတဲ့ ေတာတြင္းနိယာမကို လက္ကိုင္ျပဳၿပီး လူတကာအေပၚ အႏိုင္အထက္ျပဳရင္း ေသသြားၾကသူေတြလို႔ ဆိုရပါလိမ့္မယ္....။


▪️


ကိ္ုယ့္အတၱကို ပိုးေမြးသလို တယုတယနဲ႔လက္သပ္ေမြးျမဴေနသူေတြဟာ ကိ္ုယ္ကလြဲရင္ ဘယ္သူ႔ကိုမွ မယံုၾကည္ႏိုင္ေတာ့ပဲ တပါးသူအေပၚယံုမွားသံသယလြန္ကဲတဲ့ စိတ္ေဝဒနာ တခုဝင္လာတတ္ပါတယ္တဲ့...။ (Paranoidal Dementia) လို႔ ေခၚတဲ့ ေဝဒနာပါတဲ့..။ ဒီလိုလူမ်ိဳးေတြဟာ မိတ္ရင္းေဆြရင္းေတြကိုသာမက လင္မယားခ်င္းမွာပင္ သူ႔စိတ္နဲ႔ အခန္႔မသင့္တာတခုခုကို ျပဳလိုက္တိုင္း၊ ေတြ႕လိုက္တိုင္း ငါ့ကိုမေကာင္းလုပ္တာျဖစ္မွာပါ မေကာင္းေျပာတာျဖစ္မွာပါ ဆိုတဲ့ သံသယအေတြးေတြ ႀကီးစိုးၿပီး မေၾကာညာပဲရန္ပြဲေတြ စတတ္ပါတယ္...။ 


အေမြကိစၥေတြမွာ သားအမိ သားအဖ ညီအကို ေမာင္ႏွမ ေဆြးမ်ိဳးရင္းခ်ာခ်င္း စည္းဇိမ္ကုန္ခ်င္သေလာက္ ကုန္ပါေစ သူ႔ကို ခြဲမေပးႏိုင္ဘူး ဆိုတဲ့ စိတ္နဲ႔ အျပန္အလွန္ တရားစြဲၾကရင္း တရားစရိတ္ေၾကာင့္မြဲသြားတဲ့ အထိျဖစ္ၾကတာမ်ိဳး၊ သူ႕ေခြး ကိ္ုယ့္ေခြးကိုက္ရာက ဟိုဘက္ဒီ ဘက္ လူခ်င္း ဂုဏ္တု ဂုဏ္ၿပိဳင္ျဖစ္ၾကၿပီး ရံုးေရာက္ ဂတ္ေရာက္နဲ႔ မေက်ႏိုင္ မေအးႏိုင္ၾကပဲ တဖက္လူ မရႈံးနိမ့္မခ်င္း စားမဝင္ အိပ္မေပ်ာ္ ျဖစ္ကာ တနံုနံံု ခံစားေနၾကတာမ်ိဳးေတြဟာလည္း ဒီလိုမ်ိဳး ေဝဒနာရွင္ စာရင္းဝင္သူေတြ ျဖစ္ပါသတဲ့....။


▪️


ဒီေနရာမွာ စိတ္ေရာဂါျဖစ္ျခင္း၊ ႐ူးသြပ္ျခင္းဆိုတာနဲ႔ ပတ္သက္ၿပီး နညး္နည္းေျပာပါရေစ...။ လူတေယာက္ကို ႐ူးတယ္ မ႐ူးဘူးဆိုတာ စိတ္ပညာရွင္ေတြ အေနနဲ႔ အလြယ္လြယ္ကူကူ မသတ္မွတ္ႏိုင္ပါဘူး..(ဒီအေၾကာင္းကို စာတပုဒ္အျဖစ္ ေရးခဲ့ၿပီးပါၿပီ)..။ ႐ူးသြပ္ျခင္း ဆိုတဲ့စကားဟာ တရားဥပေဒအရ လူတဦးရဲ႕ စိတ္အေနအထားကို ေခၚေဝၚသတ္မွတ္ျခင္း ျဖစ္ေပမယ့္ စိတ္ပညာရွင္မ်ားကေတာ့ ႐ူးသြပ္တယ္ဆိုတာကိုစိတ္ေရာဂါ (Psychosis)တမ်ိဳးလို႔သာ သတ္မွတ္ၾကပါတယ္တဲ့...။  စိတ္အရမ္းေဖာက္ျပန္ၿပီး ႐ူးသြပ္ေနသူ တခ်ိဳ႕ကလြဲရင္ မ်ားေသာအားျဖင့္ စိတ္ေဝဒနာရွင္ေတြဟာ သာမာန္သူလိုငါလို လူေတြနဲ႔ သိပ္ကြဲျပားေလ့မရွိပဲ တခ်ိဳ႕ဆို လူေကာင္းေတြ လို႔ေတာင္ ထင္ရတတ္ပါတယ္...။


အခက္အခဲျပႆနာေတြ ရင္ဆိုင္ၾကံဳေတြ႕ရတာခ်င္း၊ ခံစားရတာခ်င္းတူသည့္တိုင္ တခ်ိဳ႕လူေတြက သာမန္စိတ္အေျခအေနအတိုင္း ေရွ႕ဆက္သြားႏိ္ုင္ၾကေပမယ့္ တခ်ိဳ႕က် စိတ္ကေမာက္ကမ ျဖစ္သြားတတ္ပါတယ္...။ တခ်ိဳ႕ေတြအတြက္ စိတ္မေကာင္းျဖစ္ရံု ကိစၥေတြမွာ တခ်ိဳ႕ေတြက လံုးဝ႐ူးသြပ္သြားမ်ိဳးလည္း ရွိပါတယ္တဲ့..။ ဒါေၾကာင့္ လူေတြကို ဒီလို ဒီလို အေျခအေနေတြေၾကာင့္ ႐ူးသြပ္သြားႏိုင္တယ္လို႔ ပံုေသ သတ္မွတ္ထားလို႔ မရပါဘူး..။ လူတေယာက္ စိတ္ေဝဒနာ ျဖစ္ၿပီး ႐ူးသြားႏိုင္ဖို႔ ဆိုရာမွာ သူ႔ရဲ႕ ကိ္ုယ္ခံအား၊ စိတ္ခံစား၊ ဆင္ျခင္ ဉာဏ္အနည္းအမ်ား စတာေတြ အေပၚမွာ အမ်ားႀကီး မူတည္ပါသတဲ့...။ 


( ကိ္ုယ့္စိတ္က သိေနတဲ့ ခံစားခ်က္ေတြ ရွိသလို အခ်ိဳ႕ခံစားခ်က္ေတြက သိသလို မသိလိုျဖစ္ေနတတ္ပါတယ္တဲ့..။ေျပာရရင္ တကယ္႐ူးတဲ့ အ႐ူးတိုင္းဟာ ဘယ္လိုနည္းနဲ႔ ႐ူးတဲ့ အ႐ူးျဖစ္ပါေစ သူ႔ကိ္ုယ္သူ ႐ူးေနတယ္လို႔ ထင္ေလ့မရွိၾကတဲ့အတြက္ ကိုယ့္ကိုယ္ကိ္ုယ္ ငါ႐ူးမ်ား႐ူးေနၿပီးလား လို႔ ေတြးမိေနသ၍ ႐ူးျခင္း မရွိေသးတာမို႔  စိတ္ခ်လက္ခ် ေနႏိုင္ေအာင္ ငါ႐ူးေနၿပီးလား ဆိုတာမ်ိဳး ခဏခဏေတြး ၾကည့္ၾကပါလို႔ တိုက္တြန္း ဘီီးတပ္ေပးလိုက္ပါတယ္ ခင္ဗ်ားးး...😊😊😊😊 ) 


ေရးသားသူ - လင္းဆက္

No comments: