Sunday, February 28, 2021

Two Adam (Part 10)

 #ဆောင်းလုလင်

#အာဒမ်နှစ်ယောက်

#လိင်တူအချစ်သရုပ်ဖော်ဇာတ်လမ်း

#BL_Story





(၆)

ဆရာဝန်ကြီးက သူတို့နှစ်ယောက်ကို ပုံစံတူ ပုလင်း၂လုံး ထုတ်ပေးသည်။


"ဒီပုလင်း တလုံးစီထဲမှာ ခင်ဗျားတို့ရဲ့ သုတ်ရည် (Sperm) ကိုထုတ်ပြီး ထည့်ခဲ့ပေးပါ"


စိုးနဲ့တာရာတို့ ဆေးရုံမှာပင် သုတ်ရည်ကိုထုတ်၍ ပုလင်းထဲတွင်ထည့်ပြီး ဆရာဝန်ကြီးကို အပ်ရသည်။


"ပုလင်းနှစ်လုံးက ပုံစံတူဆိုတာ ခင်ဗျားတို့အမြင်ပဲနော်။ ပုလင်းပေါ်မှာ ဘာအမှတ်အသားမှ မပါဘူး။ ခင်ဗျားတို့ တယောက်ချင်းရဲ့နာမည်ကိုလည်း ပုလင်းပေါ်မှာ ကျနော်က ရေးမှတ်ထားမှာ မဟုတ်ပါဘူး။ အငှားကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးရဲ့သားအိမ်ထဲကို ပုလင်းတလုံးထဲက သုတ်ရည်ကိုပဲ ထည့်ပေးမှာပါ။ ကျန်တဲ့ပုလင်းတလုံးကို ဖျက်ဆီးပစ်မှာပါ"


"ဪ…"

"သန္ဓေရအောင် ထည့်လိုက်တဲ့ သုတ်ရည်ပိုင်ရှင်ဟာ ဘယ်သူဆိုတာ ကျနော်လည်း မသိနိုင်ပါဘူး"


"ဟုတ်ကဲ့"


"ခင်ဗျားတို့က လိင်တူချစ်သူတွေဆိုတော့ ကလေးဖခင် ဘယ်သူဖြစ်ချင်တယ် မသိပေမယ့် တချိန်မှာ ဘယ်သူ့သွေးသားနဲ့ ဖြစ်လာတဲ့သားသမီးဆိုတာမျိုး အငြင်းပွားစရာဖြစ်မလာအောင် ကျနော်က စီစဉ်လိုက်တာပါ။ ကျေနပ်ကြရဲ့လား"


"ဟုတ်ကဲ့။ ကျေနပ်ပါတယ်"


"အစီအစဉ်ကောင်းတခုပါ ဒေါက်တာ။ ကျေးဇူးတင်ပါတယ်"


+++++


(၇)

ကလေးရတော့မယ်။ မိဘများကို အသိပေးမထားလို့ မဖြစ်သည်မို့ သဘာဝကျအောင် မြန်မာပြည်က မိဘများကို အကြောင်းကြားလိုက်ရသည်။


#ဖေဖေနဲ့မေမေ

သား အိမ်ထောင်ပြုလိုက်ပါပြီ။ သားတို့သင်တန်းမှာ ဆုံမိတဲ့ မိန်းကလေးတယောက်နဲ့ပါ။


ဒီမှာပဲ လက်မှတ်ထိုးပြီး လက်ထပ်လိုက်ပါတယ်ေဖေဖေနဲ့မေမေ။


သူ့နာမည်က စင်သီယာတဲ့။ 


သူ့ဓာတ်ပုံက ဒီမှာပါ။


မေမေ့ဖုန်းထဲကို ဗိုက်ဗာမှ ပို့လိုက်တဲ့အကြောင်းကြားစာ ရောက်သွားသွားချင်း မေမေက ဖုန်းခေါ်လာသည်။

"သားရေ- ဆိုင်းမဆင့် ဗုံမဆင့်ကွယ်၊ ဘယ်လိုဖြစ်ရတာလဲ"

"ဒီလိုပါပဲမေမေ.. သား ဒီမှာနေရတာလည်း အဆင်ပြေသွားအောင် စီစဉ်လိုက်တာပါ"


"သား- ဟေ့ကောင်.. တာရာ"

ဖုန်းထဲက ဖေဖေ့အသံကြီး ရုတ်တရက်ပေါ်လာတော့ ကိုတာရာ လန့်သွားမိသေးသည်။ မေမေ့ဆီက ဖုန်းကို လုပြောခြင်းပဲြဖြစ်ပါသည်။


"ဟုတ် ဖေဖေ"

"အေး- ငါ့သား ဘဝမှန်လာပြီပဲ။ ဖေဖေကျေနပ်တယ်ကွာ"


ဖေဖေက ဗလုံးဗထွေးအသံကြီးဖြင့် အားရပါးရပြောနေရာ ကိုတာရာ စိတ်မလုံမလဲပင်ြဖြစ်သွားရလေ၏။


"ဖေဖေတို့ လာခဲ့ရမလား သား"


"ဟာ- ကိစ္စမရှိဘူးဖေဖေ၊ မလာပါနဲ့ဦး။ သားတို့လည်း ကျောင်းက ခရီးထွက်ဖို့ ရှိသေးတယ်"


"ဒါဖြင့်လည်း ဗမာပြည် အမြန်သာပြန်လာခဲ့တော့သားရေ။ မင်း ကောင်မလေးက လိုက်နိုင်တယ်မဟုတ်လား"


"ပါအောင်ခေါ်ရမှာပေါ့ဖေဖေ။ စိတ်ချပါ။ သား အားလုံး အဆင်ပြေအောင်လုပ်မှာပါ"


"အေး- ဒါမှ ငါ့သား"


ဖေဖေနဲ့စကားပြောအပြီးတွင် ကိုတာရာတကိုယ်လုံး နုံးခွေကျန်ရစ်ခဲ့သည်။ 


တသက်လုံး တုန်နေအောင်ကြောက်ခဲ့ရတဲ့ဖေဖေ။ ကိုတာရာ့ကို ဘယ်တုန်းကမှ မလိုမကျခဲ့တဲ့ဖေဖေ။

တသက်တာမှာ ဖေဖေ့ဖက်က ပျော့ပြောင်းညင်သာမှုကို ပထမဆုံးတွေ့ရခြင်းပင်ဖြစ်သည်။


ဖေဖေသဘောထားပျော့ပြောင်းသွားလို့ ကိုတာရာ ဝမ်းမသာရဲပါ။ အဖြစ်မှန်ကိုသိလိုက်ရင် ပေါက်ကွဲမယ့်ဖေဖေ့ဒေါသကို ကြိုတွေးရင်သာ ရင်လေးမိသည်။


ဘန်ကောက်ကို စိုးရာဇာ မကြာမကြာရောက်လာပြီး ကိုတာရာနဲ့အတူနေတာသာသိလျှင်တော့…


+++++


(၈)

စာချုပ်ချုပ်ပြီး ဆယ်ရက်အကြာတွင် အငှားကိုယ်ဝန်ဆောင်အမျိုးသမီး စင်သီယာ့ကိုယ်ထဲသို့ သူတို့ထဲမှ တယောက်၏ သုတ်ပိုးကို ထည့်သွင်းပြီးဖြစ်ကြောင်း ဆေးရုံမှ အီးမေးလ်ဖြင့် အကြောင်းကြားခဲ့သည်။ နောက်၁၅ရက်အကြာတွင် စင်သီယာကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း အီးမေးလ်မှာ စာဝင်လာပြန်သည်။


စင်သီယာလွယ်ထားရတဲ့ကိုယ်ဝန်ရဲ့ တကယ့်ပိုင်ရှင်ဟာ ဘယ်သူပါလိမ့်။ စိုးရော တာရာရော နှစ်ယောက်လုံး ရင်တဖိုဖိုနှင့် တွေးနေမိသည်။ အဖြေကိုတော့ ဘယ်လိုမှ သိနိုင်မည် မဟုတ်ပေ။


ဆေးရုံက အီးမေးလ်မှတဆင့် သူတို့ရဲ့အငှားကိုယ်ဝန်ဆောင် စင်သီယာ့သတင်းကို တစ်ပတ်တစ်ကြိမ် မှန်မှန်ပေးပို့လျှက်ရှိသည်။ 


ကိုတာရာလည်း သဘာဝကျစေရန် စင်သီယာ့မှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ဖေဖေနဲ့မေမေ့ကို အကြောင်းကြား လိုက်ရသည်။ 


ကိုယ်ဝန်၄လအရတွင် စင်သီယာ့ဗိုက်ထဲမှ ကလေးကို အာထရာဆောင်းရိုက်ထားသည့်ပုံကို ပေးပို့လိုက်ရာ ကလေးမှာ ယောက်ျားလေးဖြစ်ကြောင်း သိလိုက်ရသည်။

အီးမေးလ်က ကိုတာရာ့မေးလ်ထဲသို့ ဝင်လာနေကျမို့ စိုးရာဇာ မြန်မာပြည်မှာ ရှိချိန်များတွင် စိုးနဲ့ ညစဉ်ဖုန်းပြောပြီး သူတို့ရဲ့ သားလေးအကြောင်း ဆွေးနွေးဖြစ်ကြသည်။

စင်သီယာ့ကိုယ်ထဲက သူတို့သားလေး ၆လရှိချိန်တွင် သော်သော်မော် သမီးလေးတယောက်ကို မွေးဖွားခဲ့ပါသည်။ 


+++++


(၉)

အာထရာဆောင်းထဲက သားလေးရဲ့ မပီပြင်ဝိုးတဝါးပုံနဲ့ပင် အသည်းလှုပ်အောင် ချစ်ခဲ့ရသော ကိုတာရာသည် သားလေးကို မျက်မြင်ကိုယ်တွေ့မြင်ရမည်ဆိုသည့်အခါ ဆောက်တည်ရာမရအောင် ရင်တွေလှုပ်ရှားနေခဲ့သည်။

မွေးပြီးပြီးချင်း သားကို ကြည့်ခွင့်ရပါသည်။ စိုးရာဇာလည်း ဘန်ကောက်ကို နှစ်ရက်ကြိုရောက်နေသည်။


နှစ်ယောက်စလုံး သားလေးကိုကြည့်ရင်း ပီတိတွေေဝေခဲ့ရသည်။


သားလေးကို သူတို့ ချက်ချင်းခေါ်လို့ မရသေးပါ။ တပတ်ပြည့်မှေခေါ်ခွင့်ပေးမည်ဖြစ်သည်။


သားလေးကိုထိန်းဖို့ အထိန်းတယောက်ကို အဆင်သင့်ရှာထားလိုက်သည်။ အသက်၄ဝအရွယ် ဒေါ်ခန့်ဆိုသည့် မြန်မာအမျိုးသမီးကြီးတယောက်ကို ရှာတွေ့ခဲ့သည်။ ဒေါ်ခန့် ဘန်ကောက်ကိုရောက်နေတာ အနှစ်၂ဝရှိပြီ။ အိမ်ထောင်ရှိသည်။ သားသမီးနှစ်ယောက် ရှိသည်။ ဒေါ်ခန့်နေသည့်နေရာနှင့် ကိုတာရာနေသည့်တိုက်ခန်းမှာ မဟာချိုင်ထဲမှာပင်ရှိလို့ သွားလာရအဆင်ပြေပါသည်။ ဒေါ်ခန့်ကို မနက် ၈နာရီမှ ည၇နာရီအထိ ကလေးထိန်းပေးဖို့ ငှားရမ်းလိုက်သည်။


မန္တလေးမှ ဖေဖေနဲ့မေမေ့ကိုလည်း ကလေးကျန်းမာကြောင်း အကြောင်းကြားရင်း ကလေးဓာတ်ပုံကိုပါ ရိုက်ပို့လိုက်ပါသည်။ 


ထိုအချိန်အထိ သားလေးကို ဝမ်းနှင့်လွယ်၍မွေးပေးသည့် စင်သီယာဆိုသူကို သူတို့ မတွေ့ရသေးပါ။


+++++


(၁၀)

သားလေးကိုခေါ်ခွင့်ရမည့်နေ့။ 


စိုးရာဇာရော ကိုတာရာပါ ဆေးရုံကို ခပ်စောစောပင်ရောက်လာခဲ့သည်။


သားကိုမွေးဖွားပေးသည့်မိခင်က သားကို နောက်ဆုံးအနေဖြင့် ထွေးပိုက်ကာ သူတို့ကိုေစောင့်ကြိုနေခဲ့သည်။


သီးသန့်ခန်းထဲ ဝင်လိုက်သည်နှင့် သားမျက်နှာကို တစိမ့်စိမ့်ငုံ့ကြည့်နေသည့် စင်သီယာ့ကို ပထမဆုံးအကြိမ် မြင်လိုက်ရသည်။ 


စင်သီယာက အခန်းထဲဝင်လာသော သူတို့နှစ်ယောက်ကိုေမော်ကြည့်လိုက်သည်။


စင်သီယာ့မျက်ဝန်းမှာ အံ့ဩသွားသည့်အရိပ်အယောင်များြမြင်လိုက်ရသည်။


"Where's baby's mother"


"ကလေးအမေ ဘယ်မှာလဲ"ဟု မေးလိုက်သည့် စင်သီယာ့စကားက အင်္ဂလိပ်စကားဖြစ်နေသည့်အတွက် သူတို့နှစ်ယောက်လည်း အံ့ဩသွားရပါသည်။ သူတို့က စင်သီယာ့ကို ထိုင်းလူမျိုးလို့ပဲ ထင်နေခဲ့သည်။


"ရှင်းပြလိုက်ပါတာရာ"


စိုးရာဇာက ရှင်းပြခိုင်းသောကြောင့် တာရာက အင်္ဂလိပ်လို ရှင်းပြမည်ကြံဆဲတွင်….


"ဟင်- ဗမာလိုပြောတယ်။ ရှင်တို့က ဗမာတွေပေါ့"


"ဟင်.. မင်းကလည်း ဗမာပေါ့၊ ဟုတ်လား"


"ဟုတ်ပါတယ်၊ ကျွန်မ ဗမာပါ"


"အင်း.. တနည်းအားဖြင့်လည်း ကောင်းပါတယ်လေ"


"ရှင်တို့နှစ်ယောက်ထဲမှာ ကလေးအဖေက ဘယ်သူလဲဟင်၊ ကလေးအမေရော ပါမလာဘူးလား"


"ကျနော် ရှင်းပြပါ့မယ် စင်သီယာ။ ကျနော့်နာမည်က တာရာပါ။ သူ့နာမည်က စိုးရာဇာ။ ကျနော်တို့နှစ်ယောက်စလုံးက ကလေးအဖေလည်း ဟုတ်သလို၊ ကလေးအမေကလည်း ကျနော်တို့နှစ်ယောက်ပါပဲ"


"ရှင်…"


"ဒီလိုပါ စင်သီယာ။ ကျနော်တို့နှစ်ယောက်က လိင်တူချစ်သူတွေပါ။ ကျနော်တို့ ကလေးလိုချင်လို့ စင်သီယာ့ကို ငှားရမ်းခဲ့တာပါ"


"ရှင်.. ဒါဖြင့် ကလေးအဖေက.."


"ကလေးအဖေက ကျနော်တို့ထဲက တယောက်ယောက်ပါ။ ဘယ်သူဆိုတာတော့ ဘုရားမှ သိနိုင်မှာပါပဲ"

စိုးရာဇာက ကလေးယူပုံယူနည်းကို ဝင်ရှင်းပြလိုက်သည်။


စင်သီယာမှာ အံ့ဩပြီးရင်း အံ့ဩနေသည်။ 


"အို.. ဒါဆို ရှင်တို့က ဂေးတွေပေါ့။ ဟင့်အင်း… မဖြစ်ဘူး၊ မဖြစ်ဘူး၊ ကျမကလေးကို ဂေးတွေလက်ထဲ မထည့်နိုင်ဘူး"


"မင်း ဘာစကားပြောတာလဲ စင်သီယာ။ ငါတို့က မင်းကို ပိုက်ဆံပေးပြီး ငှားထားတာ။ မင်း ငါတို့ကို ဘာမှ ဝေဖန်စရာ မလိုဘူး"


"စင်သီယာ မင်းတာဝန်က ကလေးမွေးပြီးတာနဲ့ ပြီးဆုံးသွားပါပြီ။ အလုပ်သဘောအရ မင်းနဲ့ငါတို့နဲ့ ဆက်ပြီး ပတ်သက်စရာလည်း မရှိတော့ပါဘူး၊ ငါတို့ ကလေးကို ခေါ်သွားတော့မယ်"


"အို.. မပေးဘူး၊ မပေးဘူး၊ ကျမသားလေးကို ရှင်တို့လက်ထဲ မထည့်နိုင်ဘူး"


အခြေအနေက ပိုပြီး တင်းမာလာခဲ့သည်။ နောက်ဆုံး ဆေးရုံအာဏာပိုင်များပါ ရောက်လာကာ ကြားဝင်ဖြေရှင်းပေးရတော့၏။ 


စာချုပ်စာတမ်းအရ ကိုတာရာတို့ကပင် အနိုင်ရခဲ့ပါသည်။ 


စင်သီယာသည် ရှိုက်ကြီးတငင်ငိုကြွေးရင်း ကျန်ရစ်ခဲ့သည်။ 


"ကျမအထင်က ကျမလွယ်ပေးရတဲ့ကိုယ်ဝန်ဟာ ကလေးမရနိုင်တဲ့ သာမန်လင်မယားလို့ပဲ ထင်ခဲ့တာ။ ကျမသားလေးကို ကျမ မပိုင်ဘူးဆိုတာ သိပါတယ်။ ကလေးအမေကို သားလေးအတွက် မှာစရာရှိတာ မှာချင်တာပါ။ ခုလိုကြုံလိုက်ရတော့ ကျမ ဘယ်လို လက်ခံရမှာလဲ။ ကျမမွေးတဲ့ကလေးကို ရှင်တို့လက်ထဲမှာ ကျမ စိတ်မချဘူး"


"ဆောရီးပါညီမ။ မင်းနဲ့ကိုယ်တို့နဲ့ပတ်သက်မှုက ဒီမှာပဲ ပြီးဆုံးသွားပါပြီ"


+++++


လုပ်ထုံးလုပ်နည်းအရ ကိုတာရာတို့ဖက်က မိမိငှားရမ်းမည့် အငှားကိုယ်ဝန်ဆောင်၏ အချက်အလက်များကို သိခွင့်ရှိသည်။ အငှားကိုယ်ဝန်ဆောင်သူကတော့ သူ့ကိုငှားရမ်းသူများ၏ အချက်အလက်များကို သိရန်မလိုပါ။ 


ထို့ကြောင့် ကိုတာရာတို့က စင်သီယာ့ကို ဓာတ်ပုံနှင့်တကွ အချက်အလက်များ သိမြင်ခွင့်ရပြီး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဒါတောင် စင်သီယာ့ကိုယ်ရေးအချက်အလက်များတွင် ဗမာလူမျိုးဖြစ်ကြောင်း ဖော်ပြမထား၍ စင်သီယာဟာ ဗမာအမျိုးသမီးတယောက် ဆိုတာ ခုမှသိရခြင်းဖြစ်သည်။ (စင်သီယာကလည်း သူမကို ဗမာမှန်းသိသွားလျှင် မငှားရမ်းမည် စိုးသောကြောင့် ဖော်ပြမထားခဲ့ခြင်းဖြစ် သည်။ စင်သီယာ့စိတ်ထဲတွင် သူမကို ငှားရမ်းသူများမှာ ကလေးမရနိုင်၍ ကလေးလိုချင်သော သာမန်လင်မယားစုံတွဲဟုသာ ထင်နေခဲ့ပါ သည်။)


"သွေးနုသားနုနဲ့ မိန်းကလေးတယောက်ကိုတော့ သနားပါတယ် တာရာရယ်။ ဒါပေမယ့် ဘယ်တတ်နိုင်မှာလဲ"


"ဒါတွေ မေ့လိုက်ပါ စိုးရယ်။ တို့အတွက်တော့ သတိထားစရာအချက် ရသွားတာပေါ့လေ။ ဒေါ်ခန့်ကိုလည်း အဖြစ်မှန် ပေးသိလို့ မဖြစ်ဘူး"


+++++


(၁၁)


သားလေးကိုထိန်းမည့် ဒေါ်ခန့်က အိမ်တွင် အဆင်သင့်စောင့်ကြိုနေပါသည်။


ကလေးကိုေဒေါ်ခန့်လက်ထဲထည့်လိုက်သည်။


"အို.. သားလေးက ချစ်စရာလေးပဲ"


"ကလေးအမေနဲ့ပတ်သက်လို့ မမေးစေချင်ဘူး၊ မစပ်စုစေချင်ဘူး ဒေါ်ခန့်၊ ကလေးကို ကောင်းကောင်းမွန်မွန်ပြုစုပေးရင် ဒေါ်ခန့်တာဝန်ကျေပါတယ်"


"ဟုတ်ကဲ့ပါဆရာ၊ ကျမတာဝန်ကို ကျမနားလည်ပါတယ်။ ကျမ လူမှုရေးလည်း နားလည်ပါတယ်။ ကျမတာဝန် ကျေရပါစေမယ် ဆရာ"


+++++


(၁၂)


သားလေးရလာပြီးနောက်ပိုင်း တာရာ့ဘဝက အသစ်တခုဖြစ်သွားသည်။


သင်တန်းသွားချိန်မှာ သားကို ဒေါ်ခန့်က စောင့်ရှောက်ပေးသည်။ မြန်မာအချင်းချင်းလည်းဖြစ် ဒေါ်ခန့်မှာ ကလေးနှစ်ယောက်ရှိသော မိခင်လည်းဖြစ်၍ သားအတွက် စိတ်ချရပါသည်။ 


စိုးနဲ့တာရာ တိုင်ပင်ပြီး သားလေးနာမည်ကို ပြည့်စုံ လို့ မှည့်လိုက်သည်။ သားလေးဟာ သူတို့နှစ်ယောက်ဘဝကို ပြည်စုံအောင် ဖန်တီးပေးလိုက်တယ်ဆိုတဲ့အဓိပ္ပါယ်။ 

မန္တလေးက မိဘတွေကိုလည်း သားလေးပြည့်စုံဓာတ်ပုံတွေ မပြတ်ပို့ပေးနေခဲ့သည်။ ဖေဖေနှင့်မေမေသည် သူတို့မြေးကို တုန်နေအောင်ချစ်ကြသည်။ ဘန်ကောက်ကိုလိုက်လာမည် တကဲကဲလုပ်နေကြ၍ အကြောင်းအမျိုးမျိုးပြကာ တားထားရပါသည်။


တိုးတက်လာသောဆက်သွယ်ရေးစနစ်များကြားမှာ ထိုင်းနှင့်မြန်မာကို စာတိုက်မှတဆင့် စာထည့်ဆက်သွယ်ဖို့ မလိုအပ်တော့ပါ။ ချက်ချင်း ဖုန်းဆက် ခေါ်ပြောလုပ်လို့ရသည်။ ဗိုက်ဗာ မက်ဆက်ဂျာဆိုတာတွေနဲ့လည်း ဗီဒီယိုကောလ်ခေါ်ကာ လူချင်း မျက်နှာချင်းဆိုင်ေတွေ့ဆုံစကားပြောနိုင်သေးသည်။


ထိုသို့သော တိုးတက်သည့် ဆက်သွယ်ရေးစံနစ်များက ကိုတာရာ့ကို အကြပ်ရိုက်စေခဲ့ပါတော့သည်။


ဖေဖေနဲ့မေမေက သူ့မြေးလေးကို မြင်ချင်ပါတယ်ဆိုကာ ဗီဒီယိုကောလ်ခေါ်ပြီးေတောင်းဆိုလာသည်။


သားကိုချီပြလိုက်တော့ သားသားကလည်း တဖက်က သူ့အဘိုးအဘွားများကို သိကျွမ်းပြီးဖြစ်သည့်အလား ပြုံးရယ်ပြလိုက်သည့်အခါ အဘိုးအဘွားလုပ်သူတို့မှာ အရူးအမူးဖြစ်သွားကြလေသည်။


တခါကနေ နှစ်ခါ ဗီဒီယိုကောလ်ဖြင့် ဆက်သွယ်ပြီးသည့်အခါမှာတော့ မေမေတို့က စင်သီယာ့ကိုေမေးလာပါလေပြီ။


"သား- စင်သီယာ ဘယ်မှာလဲ၊ စင်သီယာ့ကို ပြပါဦးသားရဲ့"

ကိုတာရာ ထိတ်ကနဲဖြစ်သွားသည်။


"သူ.. သူက ယိုးဒယားဆိုတော့ မေမေတို့စကားနားလည်မှာ မဟုတ်ဘူးမေမေ"


"သားရယ်.. နားမလည်လည်း မိဘနဲ့သားသမီးဖြစ်နေပြီပဲ၊ နှုတ်ဆက်ရမှာပေါ့၊ ခေါ်လိုက်ပါဦး"


"သူ.. အခု… ချင်းမိုင်းကို သင်တန်းသွားပေးရတယ်မေမေ၊ တပတ်လောက်ကြာလိမ့်မယ်"


"ဟယ်… ဒါဖြင့်.. ငါ့မြေးကို ဘယ်သူထိန်းလဲ"


"ဒေါ်ခန့်ဆိုတဲ့ ဗမာမကြီးတယောက်ရှိတယ်မေမေ။ အခုလည်း ရှိပါတယ်။ ဒေါ်ခန့်က ည၈နာရီမှ သူ့အိမ်ကို ပြန်တာပါ မေမေ"


မေမေတို့ယုံအောင် ဒေါ်ခန့်ကို ခေါ်ပြလိုက်သည်။

ဒါပေမယ့်.. ဒီလိုမျိုး ဘယ်နှခါ လိမ်နိုင်မှာလဲ။ 

စိုးရာဇာကို ဖုန်းဆက်ပြီး အကျိုးအကြောင်းေြပြောပြညှိနှိုင်းတော့…


"ဗမာပြည်နဲ့ဘန်ကောက်ဆိုတာ ခရီးအနီးလေးဖြစ်နေပြီ တာရာ။ အန်တီတို့ မပြောမဆိုနဲ့ ရောက်မလာဘူးလို့ မပြောနိုင်ဘူး၊ ငါတို့ တခုခုစီစဉ်မှ ရတော့မယ်"


"လာခဲ့ပါဦးစိုးရယ်၊ ငါတယောက်တည်း ရင်ပူနေပြီ"


To be continued.. ...


(Zawgyi) 




(၆)

ဆရာဝန္ႀကီးက သူတို့ႏွစ္ေယာက္ကို ပုံစံတူ ပုလင္း၂လုံး ထုတ္ေပးသည္။

"ဒီပုလင္း တလုံးစီထဲမွာ ခင္ဗ်ားတို့ရဲ့ သုတ္ရည္ (Sperm) ကိုထုတ္ၿပီး ထည့္ခဲ့ေပးပါ"

စိုးနဲ႔တာရာတို့ ေဆး႐ုံမွာပင္ သုတ္ရည္ကိုထုတ္၍ ပုလင္းထဲတြင္ထည့္ၿပီး ဆရာဝန္ႀကီးကို အပ္ရသည္။

"ပုလင္းႏွစ္လုံးက ပုံစံတူဆိုတာ ခင္ဗ်ားတို့အျမင္ပဲေနာ္။ ပုလင္းေပၚမွာ ဘာအမွတ္အသားမွ မပါဘူး။ ခင္ဗ်ားတို့ တေယာက္ခ်င္းရဲ့နာမည္ကိုလည္း ပုလင္းေပၚမွာ က်ေနာ္က ေရးမွတ္ထားမွာ မဟုတ္ပါဘူး။ အငွားကိုယ္ဝန္ေဆာင္မယ့္ အမ်ိဳးသမီးရဲ့သားအိမ္ထဲကို ပုလင္းတလုံးထဲက သုတ္ရည္ကိုပဲ ထည့္ေပးမွာပါ။ က်န္တဲ့ပုလင္းတလုံးကို ဖ်က္ဆီးပစ္မွာပါ"

"ဪ…"

"သေႏၶရေအာင္ ထည့္လိုက္တဲ့ သုတ္ရည္ပိုင္ရွင္ဟာ ဘယ္သူဆိုတာ က်ေနာ္လည္း မသိန္ိုင္ပါဘူး"

"ဟုတ္ကဲ့"

"ခင္ဗ်ားတို့က လိင္တူခ်စ္သူေတြဆိုေတာ့ ကေလးဖခင္ ဘယ္သူျဖစ္ခ်င္တယ္ မသိေပမယ့္ တခ်ိန္မွာ ဘယ္သူ႔ေသြးသားနဲ႔ ျဖစ္လာတဲ့သားသမီးဆိုတာမ်ိဳး အျငင္းပြားစရာျဖစ္မလာေအာင္ က်ေနာ္က စီစဥ္လိုက္တာပါ။ ေက်နပ္ၾကရဲ့လား"

"ဟုတ္ကဲ့။ ေက်နပ္ပါတယ္"

"အစီအစဥ္ေကာင္းတခုပါ ေဒါက္တာ။ ေက်းဇူးတင္ပါတယ္"

+++++


(၇)

ကေလးရေတာ့မယ္။ မိဘမ်ားကို အသိေပးမထားလို့ မျဖစ္သည္မို့ သဘာဝက်ေအာင္ ျမန္မာျပည္က မိဘမ်ားကို အေၾကာင္းၾကားလိုက္ရသည္။


#ေဖေဖနဲ႔ေမေမ

သား အိမ္ေထာင္ျပဳလိုက္ပါၿပီ။ သားတို့သင္တန္းမွာ ဆုံမိတဲ့ မိန္းကေလးတေယာက္နဲ႔ပါ။

ဒီမွာပဲ လက္မွတ္ထိုးၿပီး လက္ထပ္လိုက္ပါတယ္ ေဖေဖနဲ႔ေမေမ။

သူ႔နာမည္က စင္သီယာတဲ့။ 

သူ႔ဓာတ္ပုံက ဒီမွာပါ။


ေမေမ့ဖုန္းထဲကို ဗိုက္ဗာမွ ပို့လိုက္တဲ့အေၾကာင္းၾကားစာ ေရာက္သြားသြားခ်င္း ေမေမက ဖုန္းေခၚလာသည္။

"သားေရ- ဆိုင္းမဆင့္ ဗုံမဆင့္ကြယ္၊ ဘယ္လိုျဖစ္ရတာလဲ"

"ဒီလိုပါပဲေမေမ.. သား ဒီမွာေနရတာလည္း အဆင္ေျပသြားေအာင္ စီစဥ္လိုက္တာပါ"

"သား- ေဟ့ေကာင္.. တာရာ"

ဖုန္းထဲက ေဖေဖ့အသံႀကီး ႐ုတ္တရက္ေပၚလာေတာ့ ကိုတာရာ လန႔္သြားမိေသးသည္။ ေမေမ့ဆီက ဖုန္းကို လုေျပာျခင္းပဲ ျဖစ္ပါသည္။

"ဟုတ္ ေဖေဖ"

"ေအး- ငါ့သား ဘဝမွန္လာၿပီပဲ။ ေဖေဖေက်နပ္တယ္ကြာ"

ေဖေဖက ဗလုံးဗေထြးအသံႀကီးျဖင့္ အားရပါးရေျပာေနရာ ကိုတာရာ စိတ္မလုံမလဲပင္ ျဖစ္သြားရေလ၏။

"ေဖေဖတို့ လာခဲ့ရမလား သား"

"ဟာ- ကိစၥမရွိဘူးေဖေဖ၊ မလာပါနဲ႔ဦး။ သားတို့လည္း ေက်ာင္းက ခရီးထြက္ဖို့ ရွိေသးတယ္"

"ဒါျဖင့္လည္း ဗမာျပည္ အျမန္သာျပန္လာခဲ့ေတာ့သားေရ။ မင္း ေကာင္မေလးက လိုက္နိုင္တယ္မဟုတ္လား"

"ပါေအာင္ေခၚရမွာေပါ့ေဖေဖ။ စိတ္ခ်ပါ။ သား အားလုံး အဆင္ေျပေအာင္လုပ္မွာပါ"

"ေအး- ဒါမွ ငါ့သား"

ေဖေဖနဲ႔စကားေျပာအၿပီးတြင္ ကိုတာရာတကိုယ္လုံး ႏုံးေခြက်န္ရစ္ခဲ့သည္။ 

တသက္လုံး တုန္ေနေအာင္ေၾကာက္ခဲ့ရတဲ့ေဖေဖ။ ကိုတာရာ့ကို ဘယ္တုန္းကမွ မလိုမက်ခဲ့တဲ့ေဖေဖ။

တသက္တာမွာ ေဖေဖ့ဖက္က ေပ်ာ့ေျပာင္းညင္သာမွုကို ပထမဆုံးေတြ႕ရျခင္းပင္ျဖစ္သည္။

ေဖေဖသေဘာထားေပ်ာ့ေျပာင္းသြားလို့ ကိုတာရာ ဝမ္းမသာရဲပါ။ အျဖစ္မွန္ကိုသိလိုက္ရင္ ေပါက္ကြဲမယ့္ေဖေဖ့ေဒါသကို ႀကိဳေတြးရင္သာ ရင္ေလးမိသည္။

ဘန္ေကာက္ကို စိုးရာဇာ မၾကာမၾကာေရာက္လာၿပီး ကိုတာရာနဲ႔အတူေနတာသာသိလၽွင္ေတာ့…

+++++


(၈)

စာခ်ဳပ္ခ်ဳပ္ၿပီး ဆယ္ရက္အၾကာတြင္ အငွားကိုယ္ဝန္ေဆာင္အမ်ိဳးသမီး စင္သီယာ့ကိုယ္ထဲသို့ သူတို့ထဲမွ တေယာက္၏ သုတ္ပိုးကို ထည့္သြင္းၿပီးျဖစ္ေၾကာင္း ေဆး႐ုံမွ အီးေမးလ္ျဖင့္ အေၾကာင္းၾကားခဲ့သည္။ ေနာက္၁၅ရက္အၾကာတြင္ စင္သီယာကိုယ္ဝန္ရွိေနၿပီျဖစ္ေၾကာင္း အီးေမးလ္မွာ စာဝင္လာျပန္သည္။

စင္သီယာလြယ္ထားရတဲ့ကိုယ္ဝန္ရဲ့ တကယ့္ပိုင္ရွင္ဟာ ဘယ္သူပါလိမ့္။ စိုးေရာ တာရာေရာ ႏွစ္ေယာက္လုံး ရင္တဖိုဖိုႏွင့္ ေတြးေနမိသည္။ အေျဖကိုေတာ့ ဘယ္လိုမွ သိနိုင္မည္ မဟုတ္ေပ။

ေဆး႐ုံက အီးေမးလ္မွတဆင့္ သူတို့ရဲ့အငွားကိုယ္ဝန္ေဆာင္ စင္သီယာ့သတင္းကို တစ္ပတ္တစ္ႀကိမ္ မွန္မွန္ေပးပို့လၽွက္ရွိသည္။ 

ကိုတာရာလည္း သဘာဝက်ေစရန္ စင္သီယာ့မွာ ကိုယ္ဝန္ရွိေနၿပီျဖစ္ေၾကာင္း ေဖေဖနဲ႔ေမေမ့ကို အေၾကာင္းၾကား လိုက္ရသည္။ 

ကိုယ္ဝန္၄လအရတြင္ စင္သီယာ့ဗိုက္ထဲမွ ကေလးကို အာထရာေဆာင္းရိုက္ထားသည့္ပုံကို ေပးပို့လိုက္ရာ ကေလးမွာ ေယာက္်ားေလးျဖစ္ေၾကာင္း သိလိုက္ရသည္။

အီးေမးလ္က ကိုတာရာ့ေမးလ္ထဲသို့ ဝင္လာေနက်မို့ စိုးရာဇာ ျမန္မာျပည္မွာ ရွိခ်ိန္မ်ားတြင္ စိုးနဲ႔ ညစဥ္ဖုန္းေျပာၿပီး သူတို့ရဲ့ သားေလးအေၾကာင္း ေဆြးေႏြးျဖစ္ၾကသည္။

စင္သီယာ့ကိုယ္ထဲက သူတို့သားေလး ၆လရွိခ်ိန္တြင္ ေသာ္ေသာ္ေမာ္ သမီးေလးတေယာက္ကို ေမြးဖြားခဲ့ပါသည္။ 

+++++


(၉)

အာထရာေဆာင္းထဲက သားေလးရဲ့ မပီျပင္ဝိုးတဝါးပုံနဲ႔ပင္ အသည္းလွုပ္ေအာင္ ခ်စ္ခဲ့ရေသာ ကိုတာရာသည္ သားေလးကို မ်က္ျမင္ကိုယ္ေတြ႕ျမင္ရမည္ဆိုသည့္အခါ ေဆာက္တည္ရာမရေအာင္ ရင္ေတြလွုပ္ရွားေနခဲ့သည္။

ေမြးၿပီးၿပီးခ်င္း သားကို ၾကည့္ခြင့္ရပါသည္။ စိုးရာဇာလည္း ဘန္ေကာက္ကို ႏွစ္ရက္ႀကိဳေရာက္ေနသည္။

ႏွစ္ေယာက္စလုံး သားေလးကိုၾကည့္ရင္း ပီတိေတြ ေဝခဲ့ရသည္။

သားေလးကို သူတို့ ခ်က္ခ်င္းေခၚလို့ မရေသးပါ။ တပတ္ျပည့္မွ ေခၚခြင့္ေပးမည္ျဖစ္သည္။

သားေလးကိုထိန္းဖို့ အထိန္းတေယာက္ကို အဆင္သင့္ရွာထားလိုက္သည္။ အသက္၄ဝအရြယ္ ေဒၚခန႔္ဆိုသည့္ ျမန္မာအမ်ိဳးသမီးႀကီးတေယာက္ကို ရွာေတြ႕ခဲ့သည္။ ေဒၚခန႔္ ဘန္ေကာက္ကိုေရာက္ေနတာ အႏွစ္၂ဝရွိၿပီ။ အိမ္ေထာင္ရွိသည္။ သားသမီးႏွစ္ေယာက္ ရွိသည္။ ေဒၚခန႔္ေနသည့္ေနရာႏွင့္ ကိုတာရာေနသည့္တိုက္ခန္းမွာ မဟာခ်ိဳင္ထဲမွာပင္ရွိလို့ သြားလာရအဆင္ေျပပါသည္။ ေဒၚခန႔္ကို မနက္ ၈နာရီမွ ည၇နာရီအထိ ကေလးထိန္းေပးဖို့ ငွားရမ္းလိုက္သည္။

မႏၲေလးမွ ေဖေဖနဲ႔ေမေမ့ကိုလည္း ကေလးက်န္းမာေၾကာင္း အေၾကာင္းၾကားရင္း ကေလးဓာတ္ပုံကိုပါ ရိုက္ပို့လိုက္ပါသည္။ 

ထိုအခ်ိန္အထိ သားေလးကို ဝမ္းႏွင့္လြယ္၍ေမြးေပးသည့္ စင္သီယာဆိုသူကို သူတို့ မေတြ႕ရေသးပါ။

+++++


(၁၀)

သားေလးကိုေခၚခြင့္ရမည့္ေန႔။ 

စိုးရာဇာေရာ ကိုတာရာပါ ေဆး႐ုံကို ခပ္ေစာေစာပင္ေရာက္လာခဲ့သည္။

သားကိုေမြးဖြားေပးသည့္မိခင္က သားကို ေနာက္ဆုံးအေနျဖင့္ ေထြးပိုက္ကာ သူတို့ကို ေစာင့္ႀကိဳေနခဲ့သည္။

သီးသန႔္ခန္းထဲ ဝင္လိုက္သည္ႏွင့္ သားမ်က္ႏွာကို တစိမ့္စိမ့္ငုံ႔ၾကည့္ေနသည့္ စင္သီယာ့ကို ပထမဆုံးအႀကိမ္ ျမင္လိုက္ရသည္။ 

စင္သီယာက အခန္းထဲဝင္လာေသာ သူတို့ႏွစ္ေယာက္ကို ေမာ္ၾကည့္လိုက္သည္။

စင္သီယာ့မ်က္ဝန္းမွာ အံ့ဩသြားသည့္အရိပ္အေယာင္မ်ား ျမင္လိုက္ရသည္။

"Where's baby's mother"

"ကေလးအေမ ဘယ္မွာလဲ"ဟု ေမးလိုက္သည့္ စင္သီယာ့စကားက အဂၤလိပ္စကားျဖစ္ေနသည့္အတြက္ သူတို့ႏွစ္ေယာက္လည္း အံ့ဩသြားရပါသည္။ သူတို့က စင္သီယာ့ကို ထိုင္းလူမ်ိဳးလို့ပဲ ထင္ေနခဲ့သည္။

"ရွင္းျပလိုက္ပါတာရာ"

စိုးရာဇာက ရွင္းျပခိုင္းေသာေၾကာင့္ တာရာက အဂၤလိပ္လို ရွင္းျပမည္ႀကံဆဲတြင္….

"ဟင္- ဗမာလိုေျပာတယ္။ ရွင္တို့က ဗမာေတြေပါ့"

"ဟင္.. မင္းကလည္း ဗမာေပါ့၊ ဟုတ္လား"

"ဟုတ္ပါတယ္၊ ကၽြန္မ ဗမာပါ"

"အင္း.. တနည္းအားျဖင့္လည္း ေကာင္းပါတယ္ေလ"

"ရွင္တို့ႏွစ္ေယာက္ထဲမွာ ကေလးအေဖက ဘယ္သူလဲဟင္၊ ကေလးအေမေရာ ပါမလာဘူးလား"

"က်ေနာ္ ရွင္းျပပါ့မယ္ စင္သီယာ။ က်ေနာ့္နာမည္က တာရာပါ။ သူ႔နာမည္က စိုးရာဇာ။ က်ေနာ္တို့ႏွစ္ေယာက္စလုံးက ကေလးအေဖလည္း ဟုတ္သလို၊ ကေလးအေမကလည္း က်ေနာ္တို့ႏွစ္ေယာက္ပါပဲ"

"ရွင္…"

"ဒီလိုပါ စင္သီယာ။ က်ေနာ္တို့ႏွစ္ေယာက္က လိင္တူခ်စ္သူေတြပါ။ က်ေနာ္တို့ ကေလးလိုခ်င္လို့ စင္သီယာ့ကို ငွားရမ္းခဲ့တာပါ"

"ရွင္.. ဒါျဖင့္ ကေလးအေဖက.."

"ကေလးအေဖက က်ေနာ္တို့ထဲက တေယာက္ေယာက္ပါ။ ဘယ္သူဆိုတာေတာ့ ဘုရားမွ သိနိုင္မွာပါပဲ"

စိုးရာဇာက ကေလးယူပုံယူနည္းကို ဝင္ရွင္းျပလိုက္သည္။

စင္သီယာမွာ အံ့ဩၿပီးရင္း အံ့ဩေနသည္။ 

"အို.. ဒါဆို ရွင္တို့က ေဂးေတြေပါ့။ ဟင့္အင္း… မျဖစ္ဘူး၊ မျဖစ္ဘူး၊ က်မကေလးကို ေဂးေတြလက္ထဲ မထည့္နိုင္ဘူး"

"မင္း ဘာစကားေျပာတာလဲ စင္သီယာ။ ငါတို့က မင္းကို ပိုက္ဆံေပးၿပီး ငွားထားတာ။ မင္း ငါတို့ကို ဘာမွ ေဝဖန္စရာ မလိုဘူး"

"စင္သီယာ မင္းတာဝန္က ကေလးေမြးၿပီးတာနဲ႔ ၿပီးဆုံးသြားပါၿပီ။ အလုပ္သေဘာအရ မင္းနဲ႔ငါတို့နဲ႔ ဆက္ၿပီး ပတ္သက္စရာလည္း မရွိေတာ့ပါဘူး၊ ငါတို့ ကေလးကို ေခၚသြားေတာ့မယ္"

"အို.. မေပးဘူး၊ မေပးဘူး၊ က်မသားေလးကို ရွင္တို့လက္ထဲ မထည့္နိုင္ဘူး"

အေျခအေနက ပိုၿပီး တင္းမာလာခဲ့သည္။ ေနာက္ဆုံး ေဆး႐ုံအာဏာပိုင္မ်ားပါ ေရာက္လာကာ ၾကားဝင္ေျဖရွင္းေပးရေတာ့၏။ 

စာခ်ဳပ္စာတမ္းအရ ကိုတာရာတို့ကပင္ အနိုင္ရခဲ့ပါသည္။ 

စင္သီယာသည္ ရွိုက္ႀကီးတငင္ငိုေႂကြးရင္း က်န္ရစ္ခဲ့သည္။ 

"က်မအထင္က က်မလြယ္ေပးရတဲ့ကိုယ္ဝန္ဟာ ကေလးမရနိုင္တဲ့ သာမန္လင္မယားလို့ပဲ ထင္ခဲ့တာ။ က်မသားေလးကို က်မ မပိုင္ဘူးဆိုတာ သိပါတယ္။ ကေလးအေမကို သားေလးအတြက္ မွာစရာရွိတာ မွာခ်င္တာပါ။ ခုလိုၾကဳံလိုက္ရေတာ့ က်မ ဘယ္လို လက္ခံရမွာလဲ။ က်မေမြးတဲ့ကေလးကို ရွင္တို့လက္ထဲမွာ က်မ စိတ္မခ်ဘူး"

"ေဆာရီးပါညီမ။ မင္းနဲ႔ကိုယ္တို့နဲ႔ပတ္သက္မွုက ဒီမွာပဲ ၿပီးဆုံးသြားပါၿပီ"

+++++


လုပ္ထုံးလုပ္နည္းအရ ကိုတာရာတို့ဖက္က မိမိငွားရမ္းမည့္ အငွားကိုယ္ဝန္ေဆာင္၏ အခ်က္အလက္မ်ားကို သိခြင့္ရွိသည္။ အငွားကိုယ္ဝန္ေဆာင္သူကေတာ့ သူ႔ကိုငွားရမ္းသူမ်ား၏ အခ်က္အလက္မ်ားကို သိရန္မလိုပါ။ 

ထို့ေၾကာင့္ ကိုတာရာတို့က စင္သီယာ့ကို ဓာတ္ပုံႏွင့္တကြ အခ်က္အလက္မ်ား သိျမင္ခြင့္ရၿပီး ေရြးခ်ယ္ခဲ့ျခင္းျဖစ္သည္။ ဒါေတာင္ စင္သီယာ့ကိုယ္ေရးအခ်က္အလက္မ်ားတြင္ ဗမာလူမ်ိဳးျဖစ္ေၾကာင္း ေဖာ္ျပမထား၍ စင္သီယာဟာ ဗမာအမ်ိဳးသမီးတေယာက္ ဆိုတာ ခုမွသိရျခင္းျဖစ္သည္။ (စင္သီယာကလည္း သူမကို ဗမာမွန္းသိသြားလၽွင္ မငွားရမ္းမည္ စိုးေသာေၾကာင့္ ေဖာ္ျပမထားခဲ့ျခင္းျဖစ္ သည္။ စင္သီယာ့စိတ္ထဲတြင္ သူမကို ငွားရမ္းသူမ်ားမွာ ကေလးမရနိုင္၍ ကေလးလိုခ်င္ေသာ သာမန္လင္မယားစုံတြဲဟုသာ ထင္ေနခဲ့ပါ သည္။)

"ေသြးႏုသားႏုနဲ႔ မိန္းကေလးတေယာက္ကိုေတာ့ သနားပါတယ္ တာရာရယ္။ ဒါေပမယ့္ ဘယ္တတ္နိုင္မွာလဲ"

"ဒါေတြ ေမ့လိုက္ပါ စိုးရယ္။ တို့အတြက္ေတာ့ သတိထားစရာအခ်က္ ရသြားတာေပါ့ေလ။ ေဒၚခန႔္ကိုလည္း အျဖစ္မွန္ ေပးသိလို့ မျဖစ္ဘူး"

+++++


(၁၁)

သားေလးကိုထိန္းမည့္ ေဒၚခန႔္က အိမ္တြင္ အဆင္သင့္ေစာင့္ႀကိဳေနပါသည္။

ကေလးကို ေဒၚခန႔္လက္ထဲထည့္လိုက္သည္။

"အို.. သားေလးက ခ်စ္စရာေလးပဲ"

"ကေလးအေမနဲ႔ပတ္သက္လို့ မေမးေစခ်င္ဘူး၊ မစပ္စုေစခ်င္ဘူး ေဒၚခန႔္၊ ကေလးကို ေကာင္းေကာင္းမြန္မြန္ျပဳစုေပးရင္ ေဒၚခန႔္တာဝန္ေက်ပါတယ္"

"ဟုတ္ကဲ့ပါဆရာ၊ က်မတာဝန္ကို က်မနားလည္ပါတယ္။ က်မ လူမွုေရးလည္း နားလည္ပါတယ္။ က်မတာဝန္ ေက်ရပါေစမယ္ ဆရာ"

+++++


(၁၂)

သားေလးရလာၿပီးေနာက္ပိုင္း တာရာ့ဘဝက အသစ္တခုျဖစ္သြားသည္။

သင္တန္းသြားခ်ိန္မွာ သားကို ေဒၚခန႔္က ေစာင့္ေရွာက္ေပးသည္။ ျမန္မာအခ်င္းခ်င္းလည္းျဖစ္ ေဒၚခန႔္မွာ ကေလးႏွစ္ေယာက္ရွိေသာ မိခင္လည္းျဖစ္၍ သားအတြက္ စိတ္ခ်ရပါသည္။ 

စိုးနဲ႔တာရာ တိုင္ပင္ၿပီး သားေလးနာမည္ကို ျပည့္စုံ လို့ မွည့္လိုက္သည္။ သားေလးဟာ သူတို့ႏွစ္ေယာက္ဘဝကို ျပည္စုံေအာင္ ဖန္တီးေပးလိုက္တယ္ဆိုတဲ့အဓိပၸါယ္။ 

မႏၲေလးက မိဘေတြကိုလည္း သားေလးျပည့္စုံဓာတ္ပုံေတြ မျပတ္ပို့ေပးေနခဲ့သည္။ ေဖေဖႏွင့္ေမေမသည္ သူတို့ေျမးကို တုန္ေနေအာင္ခ်စ္ၾကသည္။ ဘန္ေကာက္ကိုလိုက္လာမည္ တကဲကဲလုပ္ေနၾက၍ အေၾကာင္းအမ်ိဳးမ်ိဳးျပကာ တားထားရပါသည္။

တိုးတက္လာေသာဆက္သြယ္ေရးစနစ္မ်ားၾကားမွာ ထိုင္းႏွင့္ျမန္မာကို စာတိုက္မွတဆင့္ စာထည့္ဆက္သြယ္ဖို့ မလိုအပ္ေတာ့ပါ။ ခ်က္ခ်င္း ဖုန္းဆက္ ေခၚေျပာလုပ္လို့ရသည္။ ဗိုက္ဗာ မက္ဆက္ဂ်ာဆိုတာေတြနဲ႔လည္း ဗီဒီယိုေကာလ္ေခၚကာ လူခ်င္း မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံစကားေျပာနိုင္ေသးသည္။

ထိုသို့ေသာ တိုးတက္သည့္ ဆက္သြယ္ေရးစံနစ္မ်ားက ကိုတာရာ့ကို အၾကပ္ရိုက္ေစခဲ့ပါေတာ့သည္။

ေဖေဖနဲ႔ေမေမက သူ႔ေျမးေလးကို ျမင္ခ်င္ပါတယ္ဆိုကာ ဗီဒီယိုေကာလ္ေခၚၿပီး ေတာင္းဆိုလာသည္။

သားကိုခ်ီျပလိုက္ေတာ့ သားသားကလည္း တဖက္က သူ႔အဘိုးအဘြားမ်ားကို သိကၽြမ္းၿပီးျဖစ္သည့္အလား ျပဳံးရယ္ျပလိုက္သည့္အခါ အဘိုးအဘြားလုပ္သူတို့မွာ အ႐ူးအမူးျဖစ္သြားၾကေလသည္။

တခါကေန ႏွစ္ခါ ဗီဒီယိုေကာလ္ျဖင့္ ဆက္သြယ္ၿပီးသည့္အခါမွာေတာ့ ေမေမတို့က စင္သီယာ့ကို ေမးလာပါေလၿပီ။

"သား- စင္သီယာ ဘယ္မွာလဲ၊ စင္သီယာ့ကို ျပပါဦးသားရဲ့"

ကိုတာရာ ထိတ္ကနဲျဖစ္သြားသည္။

"သူ.. သူက ယိုးဒယားဆိုေတာ့ ေမေမတို့စကားနားလည္မွာ မဟုတ္ဘူးေမေမ"

"သားရယ္.. နားမလည္လည္း မိဘနဲ႔သားသမီးျဖစ္ေနၿပီပဲ၊ ႏွုတ္ဆက္ရမွာေပါ့၊ ေခၚလိုက္ပါဦး"

"သူ.. အခု… ခ်င္းမိုင္းကို သင္တန္းသြားေပးရတယ္ေမေမ၊ တပတ္ေလာက္ၾကာလိမ့္မယ္"

"ဟယ္… ဒါျဖင့္.. ငါ့ေျမးကို ဘယ္သူထိန္းလဲ"

"ေဒၚခန႔္ဆိုတဲ့ ဗမာမႀကီးတေယာက္ရွိတယ္ေမေမ။ အခုလည္း ရွိပါတယ္။ ေဒၚခန႔္က ည၈နာရီမွ သူ႔အိမ္ကို ျပန္တာပါ ေမေမ"

ေမေမတို့ယုံေအာင္ ေဒၚခန႔္ကို ေခၚျပလိုက္သည္။

ဒါေပမယ့္.. ဒီလိုမ်ိဳး ဘယ္ႏွခါ လိမ္နိုင္မွာလဲ။ 

စိုးရာဇာကို ဖုန္းဆက္ၿပီး အက်ိဳးအေၾကာင္း ေျပာျပညႇိႏွိုင္းေတာ့…

"ဗမာျပည္နဲ႔ဘန္ေကာက္ဆိုတာ ခရီးအနီးေလးျဖစ္ေနၿပီ တာရာ။ အန္တီတို့ မေျပာမဆိုနဲ႔ ေရာက္မလာဘူးလို့ မေျပာနိုင္ဘူး၊ ငါတို့ တခုခုစီစဥ္မွ ရေတာ့မယ္"

"လာခဲ့ပါဦးစိုးရယ္၊ ငါတေယာက္တည္း ရင္ပူေနၿပီ"

No comments: