Friday, March 5, 2021

Two Adam (Part 11)

 #ဆောင်းလုလင်

#အာဒမ်နှစ်ယောက်

#လိင်တူအချစ်သရုပ်ဖော်ဇာတ်လမ်း

#BL_Story




"လွယ်လွယ်လေးပါ တာရာ၊ စင်သီယာဆိုတာ ငါတို့ဘဝထဲက ပျောက်သွားအောင် အပြတ်ရှင်းပစ်လိုက်ရုံပေါ့"

ဒီတခေါက် စိုးရောက်လာတော့ စိုးက ပြဿနာဖြေရှင်းနည်းကို အကြံပေးသည်။


"ဘာ- အပြတ်ရှင်းပစ်ရမယ်"

"ဟုတ်တယ်လေ။ စင်သီယာနဲ့ မင်းနဲ့ ဘယ်လိုမှ မပတ်သက်ပေမယ့် မင်းမိဘတွေနဲ့ မင်းနဲ့တော့ မပတ်သက်လို့မှ မရတာ၊ အန်တီတို့က စင်သီယာဘယ်မှာလဲမေးလို့ မပြနိုင်ရင် မီးခိုးကြွက်လျှောက်နဲ့ ငါတို့လုပ်ထားတာတွေ ပေါ်ကုန်လိမ့်မယ်"

"အဲ့တော့.. စင်သီယာ့ကိုအပြတ်ရှင်းရမယ်ဆိုတာ ဘယ်လိုမျိုးလဲ"

"မင်းဘဝထဲမှာ စင်သီယာဆိုတာ မရှိတော့ဘူးလို့ အန်တီတို့သိအောင် လုပ်ရမှာပေါ့"


"ဟင်…"

"စင်သီယာ့ကို သေသွားပြီလို့တော့ ပြောလို့မဖြစ်နိုင်ဘူးတာရာ၊ ဒီတော့.. မင်းနဲ့ စင်သီယာ ကွဲသွားပြီလို့ အကြောင်းပြရမှာပဲ"

"ဟာ…"

"အန်တီတို့က စင်သီယာ့ကို ယိုးဒယားမလို့ပဲ သိထားတာဆို"


"ဟုတ်တယ်၊ စင်သီယာ ဗမာဆိုတာ မေမေတို့ မသိဘူး"

"ဒါ ကောင်းတာပဲ၊ အန်တီတို့ စင်သီယာ့အကြောင်း စုံစမ်းလို့ မရတော့ဘူးပေါ့၊ ဒီတော့ အကြောင်းတခုခုပြပြီး မင်းနဲ့စင်သီယာ ကွဲသွားပြီလို့သာ အကြောင်းကြားလိုက်ကွာ"

+++++


(၁၃)

စိုးပေးတဲ့အကြံကို လိုက်နာဖို့ကအပ တခြားနည်းလမ်းမရှိသည်မို့….


"မေမေ.. စင်သီယာနဲ့သား ချစ်ကြိုက်ပြီး အိမ်ထောင်ပြုဖြစ်ခဲ့ပေမယ့် သူနဲ့သား စိတ်ချင်းမတူဘူးဆိုတာ အတူတူနေချိန် ကြာလေ သိလာရလေပဲ မေမေ။ သူက သိပ်ပြီး အောင်မြင်မှုကို မက်မောတဲ့သူပါ။ အိမ်ထောင်သည်ဖြစ်ပေမယ့် အောင်မြင်ချင်စိတ် ကြီးပွားချမ်းသာချင်စိတ်က လျော့မသွားဘူး။ သားလည်း အောင်မြင်ကြီးပွားချင်သူတယောက်ပါ။ ဒါပေမယ့် စင်သီယာကတော့ လွန်လွန်း တယ် မေမေ။ အမေရိကားကိုသွားပြီး အချေချမယ် လုပ်ငန်းတိုးချဲ့မယ်နဲ့ အမြဲကြံစည်နေခဲ့တယ်။ အခု သူ့မှာ အဆက်အသွယ်ကောင်း တခု တွေ့သွားပြီမေမေ။ 


သားကိုပါ ခေါ်ပေမယ့် သား အမေရိကားလိုနေရာမျိုးမှာ တသက်လုံးခြေမချနိုင်လို့ သူနဲ့ သဘောထားကွဲလွဲရပါ တယ်။ အချုပ်ပြောရရင် စင်သီယာ ယူအက်စ်ကို ထွက်သွားပြီမေမေ။ အပြီးထွက်သွားတာပါ။ သားနဲ့လည်း ကွာရှင်းစာချုပ်ချုပ်ပြီး ကွာ လိုက်ပါတယ်။ ကလေးကိုတော့ သားနဲ့ပဲ ထားခဲ့တယ်။ ကလေးအတွက်ရော သားအတွက်ပါ စိတ်မပူပါနဲ့ မေမေ။ သားလည်း သင်တန်း ပြီးတာနဲ့ ဗမာပြည်ပြန်ခဲ့ပါမယ်။ ဖေဖေ့ကိုလည်း နားလည်အောင် ပြောပြပေးပါနော်.."


ဒီစကားတွေကို မေမေနဲ့ မျက်နှာချင်းဆိုင်ပြီး ပြောမထွက်ခဲ့ပါ။ လုပ်ကြံမုသားတွေမို့ မေမေ့မျက်နှာကိုကြည့်ပြီးတော့လည်း မပြောရဲပါ။ စိတ်ကြိုက်စာစီပြီးမှ ဗိုက်ဗာထဲကို ကော်ပီကူး ပို့လိုက်ခြင်းဖြစ်သည်။ 


"စင်သီယာ မိုက်လိုက်တာကွယ်"

"သားက ရအောင်တားသင့်တယ်"


"သူ့မှာ မိခင်စိတ်မရှိဘူးလား"… စသည့် မေမေ့ဖက်မှ တုံ့ပြန်စကားများက စင်သီယာ့ကိုသာ အပြစ်ပုံချလျှက်ရှိပါသည်။


+++++

 

(၁၄)

တကယ်တော့ စင်သီယာဆိုတာ ကိုတာရာ့ဘဝထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ပါ။ ဘယ်တုန်းကမှ မရှိခဲ့တဲ့ မိန်းမတယောက်ကို စိတ်ကူးဖြင့် လုပ်ကြံနှင်ထုတ်ခဲ့ခြင်းသာဖြစ်ပါသည်။ 


ကိုတာရာ့လုပ်ကြံဇာတ် ကောင်းခဲ့သဖြင့် ဖေဖေနဲ့မေမေက ယုံကြည်နေခဲ့ကြသည်။


သို့သော်.. တကယ့်ဘဝဆိုတာ ကိုယ်စိတ်ကူးဖန်တီးထားတဲ့ လုပ်ကြံဇာတ်လို ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်တတ်တာ မဟုတ်ဘူး ဆိုတာကို ကိုတာရာ သိလာရပြန်သည်။


တနေ့ ကိုတာရာ သင်တန်းမှပြန်အလာ… ဒေါ်ခန့်ကြေပြောသည်။


"မြန်မာမိန်းကလေးတယောက် ဆရာ့ကို လာမေးတယ်ဆရာ"


မြန်မာတယောက်က ကိုတာရာနေတဲ့အခန်းထိ ရောက်လာစုံစမ်းတယ်ဆို၍ အံ့ဩသွားရသည်။ 


"ဟင်.. ဟုတ်လား၊ ဘယ်သူလဲ"


ဒေါ်ခန့်မျက်နှာက စိုးရိမ်ထိတ်လန့်ဟန် ပေါ်နေပြီး ပြောရမှာ နှုတ်တွန့်နေဟန်ရှိသည်။


"ပြောပါဒေါ်ခန့်၊ သူက ဘယ်သူလဲ၊ ဘာလာလုပ်တာလဲ"


"သူ့နာမည် စင်သီယာလို့ ပြောပါတယ်"


"ဘာ-"


"သူက သူ့ကိုယ်သူ ပြည့်စုံလေးရဲ့အမေပါလို့လည်း ပြောပါတယ် ဆရာ"


"ကျမ မယုံပါဘူးဆရာ။ ကျမ နောက်တခါ မလာပါနဲ့လို့ ပြောလိုက်ပါတယ် ဆရာ"


"သူ ဘာတွေ ထပ်ပြောသွားသေးလဲ"


"ကလေးကို ချီပွေ့သွားပါတယ်။ နမ်းပါတယ်။ ပြီးတော့…"


"ပြောပါဒေါ်ခန့်"


"ဆရာတက်နေတဲ့ကျောင်းကို သူသိတယ်တဲ့။ သူ မနက်ဖန် ဆရာနဲ့ လာတွေ့ပါမယ်တဲ့"

+++++


(၁၅)


"သူ ဘာဖြစ်ချင်တယ်လို့ မင်းထင်သလဲ တာရာ"


"မသိဘူး၊ ငွေညှစ်ချင်တာများလား"


"ငွေညှစ်တာထက် ပိုပြီးနက်နဲလိမ့်မယ်၊ ငါ့စိတ်ထင်"


"ငါ ဘယ်လိုလုပ်ရမလဲ စိုး"


"မနက်ဖန် သူတကယ် လာတွေ့မတွေ့ စောင့်ကြည့်ပါဦး"


"ငါတယောက်တည်း ရင်မဆိုင်နိုင်ဘူး၊ ဒီကိုလာခဲ့ပါဦး စိုးရယ်"


"ငါလာပါမယ်။ မနက်ဖန် သူဘာပြောသလဲသာ နားထောင်ကြည့်ပါဦး"


+++++


သူ့စကားအတိုင်း ကျောင်းကို စင်သီယာ ရောက်လာပါသည်။ 

"မင်း ငါတို့နဲ့ ဆက်သွယ်စရာအကြောင်း မရှိဘူးလို့ ထင်တယ် စင်သီယာ"

"ပြည့်စုံလေးက ကျမဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့ သားလေးပါ"

"အဲဒါဘာဖြစ်လဲ။ ငါတို့က မင်းကို ပိုက်ဆံပေးပြီး ငှားတာလေ"

"ဟုတ်ပါတယ်။ အဲဒီအတွက် ကျမက ကျေးဇူးတင်စကား အရင်ပြောချင်ပါတယ်"


"ဘာဆိုင်လို့လဲကွာ"

"ကျမ ဘန်ကောက်မှာ အလုပ်လာလုပ်တာ ၇နှစ်ရှိပါပြီ။ အဆင်ပြေပါတယ်။ မေမေ ကင်ဆာမဖြစ်ခင်အချိန်အထိပေါ့။ မေမေ့ ကင်ဆာကိုကုဖို့လိုတယ်ဆိုတဲ့အချိန်မှာ ကျမဝင်ငွေက မေမေ့ကိုဆေးကုဖို့ လိုက်မမီခဲ့ဘူး။ အဲဒါကြောင့် ကျမ ရှင်တို့ငှားတဲ့ အငှား ကိုယ်ဝန်ဆောင်အလုပ်ကို လက်ခံလိုက်တာပါ"


"ငါတို့က ပိုက်ဆံပေးငှားတယ်။ မင်းက ငွေလိုလို့ အလုပ်လက်ခံတယ်။ ပြီးနေပြီလေ"


"မေမေ့ကို ဆေးကုနိုင်ခဲ့လို့ ရှင်တို့ကို ကျေးဇူးတင်ပါတယ် ကိုအာကာ။ အခု မေမေဆုံးသွားပါပြီ"


"အဲ့တော့ ဘာဖြစ်လဲ"


"အလုပ်ကို စပြီးလက်ခံကတည်းက ကျမ စိတ်နှလုံးကို ဒုန်းဒုန်းချထားပြီးသားပါ။ ကလေးနဲ့ပတ်သက်ပြီး ကင်းရှင်းအောင်နေ မယ်။ အလုပ်က အလုပ်ပဲလို့ ကျမစိတ်ကို ကျမ ဆုံးမထားပြီးသားပါ"


"ကောင်းသားပဲစင်သီယာ။ ဒီလိုပဲဖြစ်ရမယ်လေ။ ငါတို့ ကလေးကလားလုပ်ခဲ့ကြတာမဟုတ်ဘူး။ စာချုပ်စာတမ်းနဲ့ အလုပ်လုပ်ခဲ့ကြတာပါ"


"ဒါပေမယ့် အဖြစ်အပျက်က ကျမလက်ခံထားသလို ဟုတ်မနေခဲ့ဘူး။ ကျမသားကို မိန်းမတယောက်က မိခင်ရင်းတယောက်လို မွေးခဲ့မယ်ဆိုရင် ကျမ ခုလို ရောက်လာစရာအကြောင်းမရှိဘူး။ ရှင်တို့က ကျမထင်သလို သာမန်မဟုတ်ခဲ့ဘူး။ ကျမသားကို ဂေးတွေ လက်ထဲမှာ မကြီးပြင်းစေချင်ဘူး"


"မင်း ပြန်ပါတော့ စင်သီယာ"

"မပြန်နိုင်ဘူး။ ကျမသားကို ကျမ ပြန်လိုချင်တယ်"

"ဟား ဟား ဟား… ဟာသပဲ စင်သီယာရယ်.."

"ကျမသားကို ကျမကို စောင့်ရှောက်ခွင့်ပေးပါ"

"မင်းပြန်ပါတော့"


"ကျမတောင်းပန်ပါတယ် ကိုတာရာ။ ကျမ ရှင့်ဆီမှာ ကျွန်လိုပဲ နေရ နေရ နေပါရစေ။ ကျမကို ကလေးထိန်းတယောက်အဖြစ် ပဲ သဘောထားပေးပါ။ ကျမသားလေးနဲ့ အတူနေပါရစေ"


စင်သီယာ ငိုလေပြီ။

"ဟေ့- ဘယ်လိုဖြစ်တာလဲ၊ လူတွေကြည့်နေပြီ။ မင်းပြန်ပါတော့ စင်သီယာ"


"ကျမတောင်းပန်ပါတယ် ကိုတာရာရယ်။ ကျမ အဆုံးစွန်ဆုံး ပြောပါ့မယ်။ ကျမကို ရှင့်ဇနီးအဖြစ် နေခွင့်ပေးပါ ကိုတာရာ။ ကျမ ရှင့်ကို ဇနီးတယောက်လို ပြုစုပါ့မယ်။ ကျမမှာ ပိုက်ဆံတွေရှိပါတယ်။ ကျမမှာ ရှိသမျှလည်း ရှင့်ကို အပ်ပါမယ် ကိုတာရာ"


"မင်း ရူးနေပြီထင်တယ်"

"ဟုတ်တယ်။ ကျမရူးနေပြီ။ ကျမသားလေးနဲ့ အတူနေချင်လွန်းလို့ ကျမ ရူးနေပြီ"


ကိုတာရာ ထိုင်ခုံမှ ထလိုက်သည်။


"မင်း နောက် ဘယ်တော့မှ မလာပါနဲ့တော့။ မင်းလုပ်ရပ်တွေက စာချုပ်စာတမ်းနဲ့ မကိုက်ညီဘူးဆိုတာ မင်းသိမှာပါ"


ကိုတာရာ ပြတ်ပြတ်ပြောပြီး လှည့်ထွက်ခဲ့သည်။


"ကိုတာရာ"

စင်သီယာက လေသံပြင်းပြင်းနှင့် ခေါ်လိုက်သည်။ နောက်က လိုက်လာသည်။


"ကိုတာရာ။ ခဏနားထောင်ပေးပါ"

ကိုတာရာေနောက်ကိုပြန်လှည့်ကြည့်လိုက်သည်။


"ကျမပြောစကားတွေက အပေါစား ဆန်ကောင်းဆန်မယ်။ အောက်ကြို့ပြောနေတာမို့ ရှင် အထင်သေးချင်သေးမယ်။ ဒါပေမယ့်.. ကျမ တခါထပ်ပြောလိုက်မယ်။ ကျမ သားလေးပြည့်စုံရဲ့အမေအဖြစ် ရှင်နဲ့အတူ ရှိနေချင်တယ်။ ပြီးတော့… လေးလေး နက်နက် ထပ်ပြောချင်တာက ကျမ ရှင့်ကို ချစ်တယ်"


ကိုတာရာ နားမထောင်တော့ပါ။ ချာကနဲလှည့်၍ အပြေးတပိုင်း ထွက်လာလိုက်သည်။


စင်သီယာက နောက်မှေအော်ပြောလိုက်ပါသေးသည်။


"ကျမဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် ဆက်ပြီးကြိုးစားနေမှာပါ ကိုအာကာ"


+++++


(၁၆)


"ဒီပုံအတိုင်းဆို ဒီမိန်းမ နောက်တခေါက်ထပ်ရောက်လာနိုင်သေးတာပေါ့"


"ငါတယောက်တည်း ရင်ဆိုင်ဖို့ ခေါင်းတွေပူနေပြီစိုးရယ်"


"ငါလာခဲ့ပါမယ်။ ငါတို့ တခုခုစီစဉ်ကြတာပေါ့"

နောက်နေ့မှာပဲ စိုးရာဇာ ရောက်လာပါသည်။ 


ဒေါ်ခန့်ကို စင်သီယာလာလျှင် တံခါးဖွင့်မပေးဖို့ မှာထားပြီးပြီ။ သို့သော် စင်သီယာေရောက်မလာပါ။


၃ရက် ငြိမ်နေပြီးမှ စင်သီယာ တစခန်းထလာပြန်သည်။ 

ဖုန်းဆက်ခြင်းဖြစ်သည်။ ဖုန်းနံပါတ်ဘယ်က သိပါလိမ့်။ အင်းလေ.. သူက ဘန်ကောက်မှာ ကိုယ့်ထက် ၇နှစ်စောရောက်နေသူပဲ။ ကိုတာရာ့အိမ်ကိုတောင် စုံစမ်းနိုင်သေးတာ။ စင်သီယာ့ကို လျှော့တွက်လို့ မရ။ 


စိုးရာဇာရှိနေချိန်မို့ ဈေးတခုမှာ စင်သီယာ့ကိုချိန်းလိုက်သည်။


"ဪ.. ရှင်လည်း ရောက်နေတာကိုး။ ရှင့်နာမည်က စိုးရာဇာနော်"


"မင်းက မိန်းမလည်ပဲ"


"ကျမ မလည်ပါဘူး။ ကျမက ခပ်နုံနုံမိန်းမတယောက်ပါ။ ရှင်တို့ ကျမကို လည်တယ်လို့ ထင်ရင် ဒါဟာ သားအတွက်မို့ ကျမမှာ စွမ်းအားတွေ ရှိလာတာဖြစ်မယ်"


"တော်စမ်းပါ။ မင်း ဘာလိုချင်တာလဲ။ ငွေထပ်ယူမလား။ ငါတို့ကို မနှောင့်ယှက်ပါနဲ့စင်သီယာ"


"နှောက်ယှက်တယ်လို့ထင်ရင် ရှင့်အထင် မှားပါတယ်ကိုစိုးရာဇာ။ ကျမက ကိုတာရာနဲ့ပဲ ညှိနှိုင်းချင်တာပါ။ ကျမ ကိုတာရာ့ကိုပဲ စိတ်ဝင်စားတယ်။ ရှင့်ကို စိတ်မဝင်စားဘူး"


"ဘယ်သူ့ကိုမှ မင်းစိတ်ဝင်စားဖို့မလိုဘူး"

ကိုတာရာ ဝင်ပြောလိုက်သည်။ 


"ငါတို့နှစ်ယောက်က နှစ်ကိုယ့်တစ်စိတ်ပဲ။ မင်း ခွဲခြားပြောစရာမလိုဘူး"


"ဟုတ်ပါပြီ။ ရှင်တို့နှစ်ယောက်က နှစ်ယောက်ပေါင်းမှ အဖေတယောက်ပါ။ အဖေအစစ်က ဘယ်သူဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အမေဘယ်သူဆိုတာတော့ တလောကလုံးက သိတယ်လေ။ ပြည့်စုံလေးကို ဝမ်းနဲ့လွယ်မွေးခဲ့တဲ့ အမေအစစ်က ကျမပဲ"


"အဲ့တော့ ဘာဖြစ်လဲ။ မင်းနဲ့စကားနိုင်လုဖို့လာတာမဟုတ်ဘူး။ မင်း ဘာဖြစ်ချင်လဲ။ ဘာလိုချင်လဲ"


"ကျမ တောင်းပန်ပါတယ် ကိုစိုးရာဇာ။ ကျမ ကိုတာရာ့ကို အကုန်ပြောပြီးပါပြီ။ ကျမသားလေးနဲ့ ကျမအတူနေပါရစေ။ ကျမကို ပြည့်စုံလေးရဲ့အမေနေရာကို ပေးပါ။ ကျမ ကိုတာရာ့ဇနီးတယောက်အဖြစ်နဲ့ ပြည့်စုံလေးကို အုပ်ထိမ်းခွင့်ပေးပါရှင်။ ကျမ တောင်းပန်နေတာပါ။ ကျမ မိန်းမကောင်းတယောက်ပါ။ ကျမ အမေအဖြစ်နဲ့ရော ဇနီးတယောက်အဖြစ်ပါ တာဝန်ကျေစေရပါမယ်ရှင်"


"တော်ပါတော့ကွာ"


"ငါတို့ ပြန်ကြစို့ စိုး"


နှစ်ယောက်လုံး ထိုင်ရာမှ ထလိုက်ကြသည်။

"နေပါဦး။ ကျမ တကယ်တောင်းပန်ပါတယ်။ ကျမအတွက် စဉ်းစားပေးပါ"


"သွားကြစို့"


"ကောင်းပြီလေ။ ကျမ သစ္စာဆိုလိုက်မယ်။ ကျမ ရှင်တို့အလုပ်ကိုလက်ခံခဲ့တာ ကျမအမေကို ဆေးကုပေးချင်လို့ပါ။ မိခင်တယောက်ရဲ့ ရောဂါဝေဒနာအတွက် ကျမရဲ့အပျိုဘဝကို အနစ်မွန်းခံ ကလေးတယောက်မွေးပြီး ငွေရှာပေးခဲ့တဲ့ အကျိုးကြောင့် ကျမလည်း ကျမသားလေးကို မိခင်တယောက်အဖြစ် အုပ်ထိမ်းခွင့် ရပါစေ.."

+++++


(၁၇)


"ဒီပုံအတိုင်းဆို ဒီမိန်းမ မလွယ်ဘူး တာရာ"

"အဲဒါကြောင့် ပြောတာပေါ့။ ငါတယောက်တည်း ရင်ဆိုင်ရမှာ အားငယ်တယ်။ သူက ဒီနိုင်ငံမှာ လည်နေပြီ"


"ဗမာပြည်ပဲ ပြန်နေပါတော့ တာရာရယ်။ မင်းသင်တန်းက ဘယ်လောက်လိုသေးလဲ"


"နောက်၄လဆို ပြီးပါပြီ"


"ပြန်လိုက်ပါတော့ကွာ။ သားရှိနေပြီပဲ။ မြန်မာပြည်မှာလဲ တို့တွေ့လို့ရနေတာပဲလေ"


"လောလောဆယ် ကျောင်းမဆင်းခင် ၄လအတွက်ကို စဉ်းစားဖို့လိုလာပြီ စိုးရဲ့"


စိုးရာဇာရှိနေချိန်မှာပဲ ဘန်ကောက်ထဲက တခြားတနေရာမှာ တိုက်ခန်းထပ်ငှားလိုက်ရပါသည်။


ဒေါ်ခန့်ကို အလုပ်ထုတ်ပစ်လိုက်ရသည်။ ကလေးအတွက် အားကိုးရသောဒေါ်ခန့်ကို စွန့်လွှတ်လိုက်ရသည့်အတွက် စိတ်မကောင်းပါ။


နေရာသစ်တွင် သားလေးကို မနက်၇နာရီကနေ ညနေ၆နာရီအထိ နေ့ကလေးထိမ်းကျောင်းမှာ သွားအပ်ထားရပါသည်။ ကလေးထိမ်းကျောင်းကဆရာမကို ကလေးအား ဘယ်သူနဲ့မှ ပေးမတွေ့ဖို့ သေချာမှာထားရသည်။ 


ကိုင်နေကျဖုန်းနံပါတ်ကို ပြောင်းပစ်လိုက်ရသည်။ 


ဒီလိုလုပ်ရုံနဲ့ စင်သီယာ့အန္တရာယ်က ပြေးလွတ်ပြီလို့ မဆိုနိုင်သေးပါ။ 

+++++


(၁၈)

အိပ်ပျော်နေသောသားလေးကိုကြည့်ရင်း ကိုတာရာ့ရင်ထဲက အချစ်တွေ တစိမ့်စိမ့်ယိုဆင်းကျလာသည်။


ချစ်စရာကောင်းလိုက်တာ သားလေးရယ်။ ဒီသားလေးဟာ ဘယ်သူ့သွေးနဲ့ဖြစ်လာတဲ့သားပဲဖြစ်ဖြစ် စိုးရာဇာနဲ့တာရာတို့ သားလေးသာဖြစ်သည်။ တခြား ဘယ်သူနဲ့မှမဆိုင်။ 


စင်သီယာ ကျောင်းကို နောက်တခေါက်ရောက်လာပါသေးသည်။ ကိုတာရာ ပုန်းရှောင်နေလိုက်သည်။


ဘာပဲဖြစ်ဖြစ် ကိုတာရာကိုင်တဲ့ဖုန်းဖြစ်ဖြစ်။ ကိုတာရာနေတဲ့နေရာဖြစ်ဖြစ် သူ စုံစမ်းရင် သိသွားနိုင်ပါသည်။ သင်တန်းက မကြာခင် ပြီးဆုံးတော့မည်။ 


သင်တန်းပြီးဆုံးအောင် မစောင့်တော့ပါ။


ဖေဖေနဲ့မေမေ့ကို ဘုရားဖူးလာခဲ့ပါလို့ ခေါ်လိုက်ရသည်။ 

ကိုတာရာတယောက်တည်း သားတာဝန်ကို မယူနိုင်တော့ပါ။ ကလေးထိန်းဆရာမကလည်း ကလေးကို အမေနဲ့နေစေချင်တယ်ချည်းေြပြောနေသည်။


ဖေဖေနဲ့မေမေ့ကို ဘန်ကောက်ခေါ်လည်ပတ်စေပြီး အပြန်တွင် သားကို မေမေတို့နဲ့ ထည့်ပေးလိုက်သည်။


"သားသင်တန်းက နောက်တလကျော်ဆို ပြီးတော့မှာပါ။ သင်တန်းပြီးတာနဲ့ မန္တလေးကို ချက်ချင်းပြန်လာခဲ့ပါမယ်"


(Zawgyi) 




"လြယ္လြယ္ေလးပါ တာရာ၊ စင္သီယာဆိုတာ ငါတို့ဘဝထဲက ေပ်ာက္သြားေအာင္ အျပတ္ရွင္းပစ္လိုက္႐ုံေပါ့"

ဒီတေခါက္ စိုးေရာက္လာေတာ့ စိုးက ျပႆနာေျဖရွင္းနည္းကို အႀကံေပးသည္။

"ဘာ- အျပတ္ရွင္းပစ္ရမယ္"

"ဟုတ္တယ္ေလ။ စင္သီယာနဲ႔ မင္းနဲ႔ ဘယ္လိုမွ မပတ္သက္ေပမယ့္ မင္းမိဘေတြနဲ႔ မင္းနဲ႔ေတာ့ မပတ္သက္လို့မွ မရတာ၊ အန္တီတို့က စင္သီယာဘယ္မွာလဲေမးလို့ မျပနိုင္ရင္ မီးခိုးႂကြက္ေလၽွာက္နဲ႔ ငါတို့လုပ္ထားတာေတြ ေပၚကုန္လိမ့္မယ္"

"အဲ့ေတာ့.. စင္သီယာ့ကိုအျပတ္ရွင္းရမယ္ဆိုတာ ဘယ္လိုမ်ိဳးလဲ"

"မင္းဘဝထဲမွာ စင္သီယာဆိုတာ မရွိေတာ့ဘူးလို့ အန္တီတို့သိေအာင္ လုပ္ရမွာေပါ့"

"ဟင္…"

"စင္သီယာ့ကို ေသသြားၿပီလို့ေတာ့ ေျပာလို့မျဖစ္နိုင္ဘူးတာရာ၊ ဒီေတာ့.. မင္းနဲ႔ စင္သီယာ ကြဲသြားၿပီလို့ အေၾကာင္းျပရမွာပဲ"

"ဟာ…"

"အန္တီတို့က စင္သီယာ့ကို ယိုးဒယားမလို့ပဲ သိထားတာဆို"

"ဟုတ္တယ္၊ စင္သီယာ ဗမာဆိုတာ ေမေမတို့ မသိဘူး"

"ဒါ ေကာင္းတာပဲ၊ အန္တီတို့ စင္သီယာ့အေၾကာင္း စုံစမ္းလို့ မရေတာ့ဘူးေပါ့၊ ဒီေတာ့ အေၾကာင္းတခုခုျပၿပီး မင္းနဲ႔စင္သီယာ ကြဲသြားၿပီလို့သာ အေၾကာင္းၾကားလိုက္ကြာ"

+++++


(၁၃)

စိုးေပးတဲ့အႀကံကို လိုက္နာဖို့ကအပ တျခားနည္းလမ္းမရွိသည္မို့….


"ေမေမ.. စင္သီယာနဲ႔သား ခ်စ္ႀကိဳက္ၿပီး အိမ္ေထာင္ျပဳျဖစ္ခဲ့ေပမယ့္ သူနဲ႔သား စိတ္ခ်င္းမတူဘူးဆိုတာ အတူတူေနခ်ိန္ ၾကာေလ သိလာရေလပဲ ေမေမ။ သူက သိပ္ၿပီး ေအာင္ျမင္မွုကို မက္ေမာတဲ့သူပါ။ အိမ္ေထာင္သည္ျဖစ္ေပမယ့္ ေအာင္ျမင္ခ်င္စိတ္ ႀကီးပြားခ်မ္းသာခ်င္စိတ္က ေလ်ာ့မသြားဘူး။ သားလည္း ေအာင္ျမင္ႀကီးပြားခ်င္သူတေယာက္ပါ။ ဒါေပမယ့္ စင္သီယာကေတာ့ လြန္လြန္း တယ္ ေမေမ။ အေမရိကားကိုသြားၿပီး အေခ်ခ်မယ္ လုပ္ငန္းတိုးခ်ဲ႕မယ္နဲ႔ အျမဲႀကံစည္ေနခဲ့တယ္။ အခု သူ႔မွာ အဆက္အသြယ္ေကာင္း တခု ေတြ႕သြားၿပီေမေမ။ သားကိုပါ ေခၚေပမယ့္ သား အေမရိကားလိုေနရာမ်ိဳးမွာ တသက္လုံးေျခမခ်နိုင္လို့ သူနဲ႔ သေဘာထားကြဲလြဲရပါ တယ္။ အခ်ဳပ္ေျပာရရင္ စင္သီယာ ယူအက္စ္ကို ထြက္သြားၿပီေမေမ။ အၿပီးထြက္သြားတာပါ။ သားနဲ႔လည္း ကြာရွင္းစာခ်ဳပ္ခ်ဳပ္ၿပီး ကြာ လိုက္ပါတယ္။ ကေလးကိုေတာ့ သားနဲ႔ပဲ ထားခဲ့တယ္။ ကေလးအတြက္ေရာ သားအတြက္ပါ စိတ္မပူပါနဲ႔ ေမေမ။ သားလည္း သင္တန္း ၿပီးတာနဲ႔ ဗမာျပည္ျပန္ခဲ့ပါမယ္။ ေဖေဖ့ကိုလည္း နားလည္ေအာင္ ေျပာျပေပးပါေနာ္.."


ဒီစကားေတြကို ေမေမနဲ႔ မ်က္ႏွာခ်င္းဆိုင္ၿပီး ေျပာမထြက္ခဲ့ပါ။ လုပ္ႀကံမုသားေတြမို့ ေမေမ့မ်က္ႏွာကိုၾကည့္ၿပီးေတာ့လည္း မေျပာရဲပါ။ စိတ္ႀကိဳက္စာစီၿပီးမွ ဗိုက္ဗာထဲကို ေကာ္ပီကူး ပို့လိုက္ျခင္းျဖစ္သည္။ 

"စင္သီယာ မိုက္လိုက္တာကြယ္"

"သားက ရေအာင္တားသင့္တယ္"

"သူ႔မွာ မိခင္စိတ္မရွိဘူးလား"… စသည့္ ေမေမ့ဖက္မွ တုံ႔ျပန္စကားမ်ားက စင္သီယာ့ကိုသာ အျပစ္ပုံခ်လၽွက္ရွိပါသည္။

+++++

 

(၁၄)

တကယ္ေတာ့ စင္သီယာဆိုတာ ကိုတာရာ့ဘဝထဲမွာ ဘယ္တုန္းကမွ မရွိခဲ့ပါ။ ဘယ္တုန္းကမွ မရွိခဲ့တဲ့ မိန္းမတေယာက္ကို စိတ္ကူးျဖင့္ လုပ္ႀကံႏွင္ထုတ္ခဲ့ျခင္းသာျဖစ္ပါသည္။ 

ကိုတာရာ့လုပ္ႀကံဇာတ္ ေကာင္းခဲ့သျဖင့္ ေဖေဖနဲ႔ေမေမက ယုံၾကည္ေနခဲ့ၾကသည္။

သို့ေသာ္.. တကယ့္ဘဝဆိုတာ ကိုယ္စိတ္ကူးဖန္တီးထားတဲ့ လုပ္ႀကံဇာတ္လို ကိုယ္ျဖစ္ေစခ်င္တဲ့အတိုင္း ျဖစ္တတ္တာ မဟုတ္ဘူး ဆိုတာကို ကိုတာရာ သိလာရျပန္သည္။

တေန႔ ကိုတာရာ သင္တန္းမွျပန္အလာ… ေဒၚခန႔္က ေျပာသည္။

"ျမန္မာမိန္းကေလးတေယာက္ ဆရာ့ကို လာေမးတယ္ဆရာ"

ျမန္မာတေယာက္က ကိုတာရာေနတဲ့အခန္းထိ ေရာက္လာစုံစမ္းတယ္ဆို၍ အံ့ဩသြားရသည္။ 

"ဟင္.. ဟုတ္လား၊ ဘယ္သူလဲ"

ေဒၚခန႔္မ်က္ႏွာက စိုးရိမ္ထိတ္လန႔္ဟန္ ေပၚေနၿပီး ေျပာရမွာ ႏွုတ္တြန႔္ေနဟန္ရွိသည္။

"ေျပာပါေဒၚခန႔္၊ သူက ဘယ္သူလဲ၊ ဘာလာလုပ္တာလဲ"

"သူ႔နာမည္ စင္သီယာလို့ ေျပာပါတယ္"

"ဘာ-"

"သူက သူ႔ကိုယ္သူ ျပည့္စုံေလးရဲ့အေမပါလို့လည္း ေျပာပါတယ္ ဆရာ"

"က်မ မယုံပါဘူးဆရာ။ က်မ ေနာက္တခါ မလာပါနဲ႔လို့ ေျပာလိုက္ပါတယ္ ဆရာ"

"သူ ဘာေတြ ထပ္ေျပာသြားေသးလဲ"

"ကေလးကို ခ်ီေပြ႕သြားပါတယ္။ နမ္းပါတယ္။ ၿပီးေတာ့…"

"ေျပာပါေဒၚခန႔္"

"ဆရာတက္ေနတဲ့ေက်ာင္းကို သူသိတယ္တဲ့။ သူ မနက္ဖန္ ဆရာနဲ႔ လာေတြ႕ပါမယ္တဲ့"

+++++


(၁၅)

"သူ ဘာျဖစ္ခ်င္တယ္လို့ မင္းထင္သလဲ တာရာ"

"မသိဘူး၊ ေငြညႇစ္ခ်င္တာမ်ားလား"

"ေငြညႇစ္တာထက္ ပိုၿပီးနက္နဲလိမ့္မယ္၊ ငါ့စိတ္ထင္"

"ငါ ဘယ္လိုလုပ္ရမလဲ စိုး"

"မနက္ဖန္ သူတကယ္ လာေတြ႕မေတြ႕ ေစာင့္ၾကည့္ပါဦး"

"ငါတေယာက္တည္း ရင္မဆိုင္နိုင္ဘူး၊ ဒီကိုလာခဲ့ပါဦး စိုးရယ္"

"ငါလာပါမယ္။ မနက္ဖန္ သူဘာေျပာသလဲသာ နားေထာင္ၾကည့္ပါဦး"

+++++


သူ႔စကားအတိုင္း ေက်ာင္းကို စင္သီယာ ေရာက္လာပါသည္။ 

"မင္း ငါတို့နဲ႔ ဆက္သြယ္စရာအေၾကာင္း မရွိဘူးလို့ ထင္တယ္ စင္သီယာ"

"ျပည့္စုံေလးက က်မဝမ္းနဲ႔လြယ္ၿပီးေမြးထားတဲ့ သားေလးပါ"

"အဲဒါဘာျဖစ္လဲ။ ငါတို့က မင္းကို ပိုက္ဆံေပးၿပီး ငွားတာေလ"

"ဟုတ္ပါတယ္။ အဲဒီအတြက္ က်မက ေက်းဇူးတင္စကား အရင္ေျပာခ်င္ပါတယ္"

"ဘာဆိုင္လို့လဲကြာ"

"က်မ ဘန္ေကာက္မွာ အလုပ္လာလုပ္တာ ၇ႏွစ္ရွိပါၿပီ။ အဆင္ေျပပါတယ္။ ေမေမ ကင္ဆာမျဖစ္ခင္အခ်ိန္အထိေပါ့။ ေမေမ့ ကင္ဆာကိုကုဖို့လိုတယ္ဆိုတဲ့အခ်ိန္မွာ က်မဝင္ေငြက ေမေမ့ကိုေဆးကုဖို့ လိုက္မမီခဲ့ဘူး။ အဲဒါေၾကာင့္ က်မ ရွင္တို့ငွားတဲ့ အငွား ကိုယ္ဝန္ေဆာင္အလုပ္ကို လက္ခံလိုက္တာပါ"

"ငါတို့က ပိုက္ဆံေပးငွားတယ္။ မင္းက ေငြလိုလို့ အလုပ္လက္ခံတယ္။ ၿပီးေနၿပီေလ"

"ေမေမ့ကို ေဆးကုနိုင္ခဲ့လို့ ရွင္တို့ကို ေက်းဇူးတင္ပါတယ္ ကိုအာကာ။ အခု ေမေမဆုံးသြားပါၿပီ"

"အဲ့ေတာ့ ဘာျဖစ္လဲ"

"အလုပ္ကို စၿပီးလက္ခံကတည္းက က်မ စိတ္ႏွလုံးကို ဒုန္းဒုန္းခ်ထားၿပီးသားပါ။ ကေလးနဲ႔ပတ္သက္ၿပီး ကင္းရွင္းေအာင္ေန မယ္။ အလုပ္က အလုပ္ပဲလို့ က်မစိတ္ကို က်မ ဆုံးမထားၿပီးသားပါ"

"ေကာင္းသားပဲစင္သီယာ။ ဒီလိုပဲျဖစ္ရမယ္ေလ။ ငါတို့ ကေလးကလားလုပ္ခဲ့ၾကတာမဟုတ္ဘူး။ စာခ်ဳပ္စာတမ္းနဲ႔ အလုပ္လုပ္ခဲ့ၾကတာပါ"

"ဒါေပမယ့္ အျဖစ္အပ်က္က က်မလက္ခံထားသလို ဟုတ္မေနခဲ့ဘူး။ က်မသားကို မိန္းမတေယာက္က မိခင္ရင္းတေယာက္လို ေမြးခဲ့မယ္ဆိုရင္ က်မ ခုလို ေရာက္လာစရာအေၾကာင္းမရွိဘူး။ ရွင္တို့က က်မထင္သလို သာမန္မဟုတ္ခဲ့ဘူး။ က်မသားကို ေဂးေတြ လက္ထဲမွာ မႀကီးျပင္းေစခ်င္ဘူး"

"မင္း ျပန္ပါေတာ့ စင္သီယာ"

"မျပန္နိုင္ဘူး။ က်မသားကို က်မ ျပန္လိုခ်င္တယ္"

"ဟား ဟား ဟား… ဟာသပဲ စင္သီယာရယ္.."

"က်မသားကို က်မကို ေစာင့္ေရွာက္ခြင့္ေပးပါ"

"မင္းျပန္ပါေတာ့"

"က်မေတာင္းပန္ပါတယ္ ကိုတာရာ။ က်မ ရွင့္ဆီမွာ ကၽြန္လိုပဲ ေနရ ေနရ ေနပါရေစ။ က်မကို ကေလးထိန္းတေယာက္အျဖစ္ ပဲ သေဘာထားေပးပါ။ က်မသားေလးနဲ႔ အတူေနပါရေစ"

စင္သီယာ ငိုေလၿပီ။

"ေဟ့- ဘယ္လိုျဖစ္တာလဲ၊ လူေတြၾကည့္ေနၿပီ။ မင္းျပန္ပါေတာ့ စင္သီယာ"

"က်မေတာင္းပန္ပါတယ္ ကိုတာရာရယ္။ က်မ အဆုံးစြန္ဆုံး ေျပာပါ့မယ္။ က်မကို ရွင့္ဇနီးအျဖစ္ ေနခြင့္ေပးပါ ကိုတာရာ။ က်မ ရွင့္ကို ဇနီးတေယာက္လို ျပဳစုပါ့မယ္။ က်မမွာ ပိုက္ဆံေတြရွိပါတယ္။ က်မမွာ ရွိသမၽွလည္း ရွင့္ကို အပ္ပါမယ္ ကိုတာရာ"

"မင္း ႐ူးေနၿပီထင္တယ္"

"ဟုတ္တယ္။ က်မ႐ူးေနၿပီ။ က်မသားေလးနဲ႔ အတူေနခ်င္လြန္းလို့ က်မ ႐ူးေနၿပီ"

ကိုတာရာ ထိုင္ခုံမွ ထလိုက္သည္။

"မင္း ေနာက္ ဘယ္ေတာ့မွ မလာပါနဲ႔ေတာ့။ မင္းလုပ္ရပ္ေတြက စာခ်ဳပ္စာတမ္းနဲ႔ မကိုက္ညီဘူးဆိုတာ မင္းသိမွာပါ"

ကိုတာရာ ျပတ္ျပတ္ေျပာၿပီး လွည့္ထြက္ခဲ့သည္။

"ကိုတာရာ"

စင္သီယာက ေလသံျပင္းျပင္းႏွင့္ ေခၚလိုက္သည္။ ေနာက္က လိုက္လာသည္။

"ကိုတာရာ။ ခဏနားေထာင္ေပးပါ"

ကိုတာရာ ေနာက္ကိုျပန္လွည့္ၾကည့္လိုက္သည္။

"က်မေျပာစကားေတြက အေပါစား ဆန္ေကာင္းဆန္မယ္။ ေအာက္ႀကိဳ့ေျပာေနတာမို့ ရွင္ အထင္ေသးခ်င္ေသးမယ္။ ဒါေပမယ့္.. က်မ တခါထပ္ေျပာလိုက္မယ္။ က်မ သားေလးျပည့္စုံရဲ့အေမအျဖစ္ ရွင္နဲ႔အတူ ရွိေနခ်င္တယ္။ ၿပီးေတာ့… ေလးေလး နက္နက္ ထပ္ေျပာခ်င္တာက က်မ ရွင့္ကို ခ်စ္တယ္"

ကိုတာရာ နားမေထာင္ေတာ့ပါ။ ခ်ာကနဲလွည့္၍ အေျပးတပိုင္း ထြက္လာလိုက္သည္။

စင္သီယာက ေနာက္မွ ေအာ္ေျပာလိုက္ပါေသးသည္။

"က်မျဖစ္ခ်င္တာကို မျဖစ္ျဖစ္ေအာင္ ဆက္ၿပီးႀကိဳးစားေနမွာပါ ကိုအာကာ"

+++++


(၁၆)

"ဒီပုံအတိုင္းဆို ဒီမိန္းမ ေနာက္တေခါက္ထပ္ေရာက္လာနိုင္ေသးတာေပါ့"

"ငါတေယာက္တည္း ရင္ဆိုင္ဖို့ ေခါင္းေတြပူေနၿပီစိုးရယ္"

"ငါလာခဲ့ပါမယ္။ ငါတို့ တခုခုစီစဥ္ၾကတာေပါ့"

ေနာက္ေန႔မွာပဲ စိုးရာဇာ ေရာက္လာပါသည္။ 

ေဒၚခန႔္ကို စင္သီယာလာလၽွင္ တံခါးဖြင့္မေပးဖို့ မွာထားၿပီးၿပီ။ သို့ေသာ္ စင္သီယာ ေရာက္မလာပါ။

၃ရက္ ၿငိမ္ေနၿပီးမွ စင္သီယာ တစခန္းထလာျပန္သည္။ 

ဖုန္းဆက္ျခင္းျဖစ္သည္။ ဖုန္းနံပါတ္ဘယ္က သိပါလိမ့္။ အင္းေလ.. သူက ဘန္ေကာက္မွာ ကိုယ့္ထက္ ၇ႏွစ္ေစာေရာက္ေနသူပဲ။ ကိုတာရာ့အိမ္ကိုေတာင္ စုံစမ္းနိုင္ေသးတာ။ စင္သီယာ့ကို ေလၽွာ့တြက္လို့ မရ။ 

စိုးရာဇာရွိေနခ်ိန္မို့ ေဈးတခုမွာ စင္သီယာ့ကိုခ်ိန္းလိုက္သည္။

"ဪ.. ရွင္လည္း ေရာက္ေနတာကိုး။ ရွင့္နာမည္က စိုးရာဇာေနာ္"

"မင္းက မိန္းမလည္ပဲ"

"က်မ မလည္ပါဘူး။ က်မက ခပ္ႏုံႏုံမိန္းမတေယာက္ပါ။ ရွင္တို့ က်မကို လည္တယ္လို့ ထင္ရင္ ဒါဟာ သားအတြက္မို့ က်မမွာ စြမ္းအားေတြ ရွိလာတာျဖစ္မယ္"

"ေတာ္စမ္းပါ။ မင္း ဘာလိုခ်င္တာလဲ။ ေငြထပ္ယူမလား။ ငါတို့ကို မေႏွာင့္ယွက္ပါနဲ႔စင္သီယာ"

"ေႏွာက္ယွက္တယ္လို့ထင္ရင္ ရွင့္အထင္ မွားပါတယ္ကိုစိုးရာဇာ။ က်မက ကိုတာရာနဲ႔ပဲ ညႇိႏွိုင္းခ်င္တာပါ။ က်မ ကိုတာရာ့ကိုပဲ စိတ္ဝင္စားတယ္။ ရွင့္ကို စိတ္မဝင္စားဘူး"

"ဘယ္သူ႔ကိုမွ မင္းစိတ္ဝင္စားဖို့မလိုဘူး"

ကိုတာရာ ဝင္ေျပာလိုက္သည္။ 

"ငါတို့ႏွစ္ေယာက္က ႏွစ္ကိုယ့္တစ္စိတ္ပဲ။ မင္း ခြဲျခားေျပာစရာမလိုဘူး"

"ဟုတ္ပါၿပီ။ ရွင္တို့ႏွစ္ေယာက္က ႏွစ္ေယာက္ေပါင္းမွ အေဖတေယာက္ပါ။ အေဖအစစ္က ဘယ္သူဆိုတာ ဘယ္သူမွ မသိနိုင္ပါဘူး။ အေမဘယ္သူဆိုတာေတာ့ တေလာကလုံးက သိတယ္ေလ။ ျပည့္စုံေလးကို ဝမ္းနဲ႔လြယ္ေမြးခဲ့တဲ့ အေမအစစ္က က်မပဲ"

"အဲ့ေတာ့ ဘာျဖစ္လဲ။ မင္းနဲ႔စကားနိုင္လုဖို့လာတာမဟုတ္ဘူး။ မင္း ဘာျဖစ္ခ်င္လဲ။ ဘာလိုခ်င္လဲ"

"က်မ ေတာင္းပန္ပါတယ္ ကိုစိုးရာဇာ။ က်မ ကိုတာရာ့ကို အကုန္ေျပာၿပီးပါၿပီ။ က်မသားေလးနဲ႔ က်မအတူေနပါရေစ။ က်မကို ျပည့္စုံေလးရဲ့အေမေနရာကို ေပးပါ။ က်မ ကိုတာရာ့ဇနီးတေယာက္အျဖစ္နဲ႔ ျပည့္စုံေလးကို အုပ္ထိမ္းခြင့္ေပးပါရွင္။ က်မ ေတာင္းပန္ေနတာပါ။ က်မ မိန္းမေကာင္းတေယာက္ပါ။ က်မ အေမအျဖစ္နဲ႔ေရာ ဇနီးတေယာက္အျဖစ္ပါ တာဝန္ေက်ေစရပါမယ္ရွင္"

"ေတာ္ပါေတာ့ကြာ"

"ငါတို့ ျပန္ၾကစို့ စိုး"

ႏွစ္ေယာက္လုံး ထိုင္ရာမွ ထလိုက္ၾကသည္။

"ေနပါဦး။ က်မ တကယ္ေတာင္းပန္ပါတယ္။ က်မအတြက္ စဥ္းစားေပးပါ"

"သြားၾကစို့"

"ေကာင္းၿပီေလ။ က်မ သစၥာဆိုလိုက္မယ္။ က်မ ရွင္တို့အလုပ္ကိုလက္ခံခဲ့တာ က်မအေမကို ေဆးကုေပးခ်င္လို့ပါ။ မိခင္တေယာက္ရဲ့ ေရာဂါေဝဒနာအတြက္ က်မရဲ့အပ်ိဳဘဝကို အနစ္မြန္းခံ ကေလးတေယာက္ေမြးၿပီး ေငြရွာေပးခဲ့တဲ့ အက်ိဳးေၾကာင့္ က်မလည္း က်မသားေလးကို မိခင္တေယာက္အျဖစ္ အုပ္ထိမ္းခြင့္ ရပါေစ.."

+++++


(၁၇)

"ဒီပုံအတိုင္းဆို ဒီမိန္းမ မလြယ္ဘူး တာရာ"

"အဲဒါေၾကာင့္ ေျပာတာေပါ့။ ငါတေယာက္တည္း ရင္ဆိုင္ရမွာ အားငယ္တယ္။ သူက ဒီနိုင္ငံမွာ လည္ေနၿပီ"

"ဗမာျပည္ပဲ ျပန္ေနပါေတာ့ တာရာရယ္။ မင္းသင္တန္းက ဘယ္ေလာက္လိုေသးလဲ"

"ေနာက္၄လဆို ၿပီးပါၿပီ"

"ျပန္လိုက္ပါေတာ့ကြာ။ သားရွိေနၿပီပဲ။ ျမန္မာျပည္မွာလဲ တို့ေတြ႕လို့ရေနတာပဲေလ"

"ေလာေလာဆယ္ ေက်ာင္းမဆင္းခင္ ၄လအတြက္ကို စဥ္းစားဖို့လိုလာၿပီ စိုးရဲ့"

စိုးရာဇာရွိေနခ်ိန္မွာပဲ ဘန္ေကာက္ထဲက တျခားတေနရာမွာ တိုက္ခန္းထပ္ငွားလိုက္ရပါသည္။

ေဒၚခန႔္ကို အလုပ္ထုတ္ပစ္လိုက္ရသည္။ ကေလးအတြက္ အားကိုးရေသာေဒၚခန႔္ကို စြန႔္လႊတ္လိုက္ရသည့္အတြက္ စိတ္မေကာင္းပါ။

ေနရာသစ္တြင္ သားေလးကို မနက္၇နာရီကေန ညေန၆နာရီအထိ ေန႔ကေလးထိမ္းေက်ာင္းမွာ သြားအပ္ထားရပါသည္။ ကေလးထိမ္းေက်ာင္းကဆရာမကို ကေလးအား ဘယ္သူနဲ႔မွ ေပးမေတြ႕ဖို့ ေသခ်ာမွာထားရသည္။ 

ကိုင္ေနက်ဖုန္းနံပါတ္ကို ေျပာင္းပစ္လိုက္ရသည္။ 

ဒီလိုလုပ္႐ုံနဲ႔ စင္သီယာ့အႏၲရာယ္က ေျပးလြတ္ၿပီလို့ မဆိုနိုင္ေသးပါ။ 

+++++


(၁၈)

အိပ္ေပ်ာ္ေနေသာသားေလးကိုၾကည့္ရင္း ကိုတာရာ့ရင္ထဲက အခ်စ္ေတြ တစိမ့္စိမ့္ယိုဆင္းက်လာသည္။

ခ်စ္စရာေကာင္းလိုက္တာ သားေလးရယ္။ ဒီသားေလးဟာ ဘယ္သူ႔ေသြးနဲ႔ျဖစ္လာတဲ့သားပဲျဖစ္ျဖစ္ စိုးရာဇာနဲ႔တာရာတို့ သားေလးသာျဖစ္သည္။ တျခား ဘယ္သူနဲ႔မွမဆိုင္။ 

စင္သီယာ ေက်ာင္းကို ေနာက္တေခါက္ေရာက္လာပါေသးသည္။ ကိုတာရာ ပုန္းေရွာင္ေနလိုက္သည္။

ဘာပဲျဖစ္ျဖစ္ ကိုတာရာကိုင္တဲ့ဖုန္းျဖစ္ျဖစ္။ ကိုတာရာေနတဲ့ေနရာျဖစ္ျဖစ္ သူ စုံစမ္းရင္ သိသြားနိုင္ပါသည္။ သင္တန္းက မၾကာခင္ ၿပီးဆုံးေတာ့မည္။ 

သင္တန္းၿပီးဆုံးေအာင္ မေစာင့္ေတာ့ပါ။

ေဖေဖနဲ႔ေမေမ့ကို ဘုရားဖူးလာခဲ့ပါလို့ ေခၚလိုက္ရသည္။ 

ကိုတာရာတေယာက္တည္း သားတာဝန္ကို မယူနိုင္ေတာ့ပါ။ ကေလးထိန္းဆရာမကလည္း ကေလးကို အေမနဲ႔ေနေစခ်င္တယ္ခ်ည္း ေျပာေနသည္။

ေဖေဖနဲ႔ေမေမ့ကို ဘန္ေကာက္ေခၚလည္ပတ္ေစၿပီး အျပန္တြင္ သားကို ေမေမတို့နဲ႔ ထည့္ေပးလိုက္သည္။


"သားသင္တန္းက ေနာက္တလေက်ာ္ဆို ၿပီးေတာ့မွာပါ။ သင္တန္းၿပီးတာနဲ႔ မႏၲေလးကို ခ်က္ခ်င္းျပန္လာခဲ့ပါမယ္"

To be continued.. ....

No comments: