Friday, July 2, 2021
Dante Colle အကြောင်း
 [Unicode]Dante Colle အကြောင်း
စာဖတ်သူတယောက်ရဲ့တောင်းဆိုချက်နဲ့ အပြာရုပ်ရှင်လောက က ယောက်ျားပီသတဲ့အသွင်အပြင်တွေနဲ့ စွယ်စုံရ မော်ဒယ်သရုပ်ဆောင် တယောက်အကြောင်းကို ရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။
သူက‌တော့ အပြာမင်းသား #Dante_Colle (ဒန်တီ ကော်လီ) ပဲဖြစ်ပါတယ်။
#Dante_Colle
⚜️⚜️⚜️
⚜️ အမေရိကန်ပြည်နယ် အီလီနွိုက်ပြည်နယ် အက်ဒီဆန်မြို့မှာ 1994 ခုနှစ် ဩဂတ်လ 1 ရက်နေ့မွေးဖွားခဲ့တဲ့ Dante Colle ရဲ့ အမည်ရင်း ကတော့ Alec Mark Kompanik (အလက် မတ်ခ် ကွန်မ်ပနစ်) ပဲဖြစ်ပါတယ်။ ယခုအခါ အသက် 26 နှစ်သာ ရှိသေးတဲ့ Dante Colle ဟာ ကော့ကေးရှန်းလူမျိုးတယောက်ဖြစ်ပါတယ်။ 2013 ခုနှစ်မှစတင်ကာ အပြာရုပ်ရှင်လောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်အထိ စတူဒီယိုပေါင်းများစွာနဲ့ အပြာဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေဆဲဖြစ်ပါတယ်။
⚜️ အရပ်အမြင့် 5 ပေ ၁၁ လက်မ ရှိတဲ့ Dante Colle ဟာ ကိုယ်အလေးချိန် ပေါင် 170 ရှိပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်အချိုးအစားအပြင် 7 လက်မခွဲ (19 စင်တီမီတာ) ရှည်တဲ့ အရေပြားဖြတ်ထားသော ပစ္စည်းလှလှတခုကို ပိုင်ဆိုင်ထားသူတယောက်ဖြစ်ပါတယ်။
⚜️ တက်တူးတချို့ထိုးထားတဲ့ Dante Colle ဟာ ပသိုင်းမွှေးများနဲ့ ယောက်ျားပီသတဲ့ အပြုံးများကို ပိုင်ဆိုင်သူတယောက်ဖြစ်ပါတယ်။ အပြာရုပ်ရှင်များရိုက်ကူးရာမှာ ယောက်ျားချင်းဘုကြတဲ့ ဂေးအပြာရုပ်ရှင်များတင် မကဘဲ အမျိုးသမီးများ၊ လိင်ပြောင်းခွဲစိတ်ထား‌သူများနှင့်ပါ ဇာတ်လမ်းပေါင်းများစွာ ရိုက်ကူးထားပြီး အမျိုးသားကောအမျိုးသမီးများနဲ့ပါ ဘုကြတဲ့ Bisexual ဇာတ်လမ်းများကိုလည်း ရိုက်ကူးတဲ့အတွက် အပြာလောက စွယ်စုံရ သရုပ်ဆောင် မင်းသားတယောက်ဖြစ်ပါတယ်။ ဂေးအပြာဇာတ်ကားတွေမှာလည်း ပို့သူကော (Top/Seme), ကြိုသူကော (Bottom/Uke) သရုပ်ဆောင်ရိုက်ကူးသူ Versatile တယောက်ဖြစ်ပါတယ်။
⚜️ ဂေးအပြာရုပ်ရှင်များရိုက်ကူးရေးအတွက် စတူဒီယို (20) ခန့်နှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အမျိုးသမီးနှင့် သီးသန့်ရိုက်ကူးဖို့အတွက် စတူဒီယို (2) ခုနဲ့ လက်တွဲလုပ်ကိုင်လျက်ရှိပါတယ်။ နှစ်ဖက်ချွန် နှစ်လမ်းသွား ဇတ်လမ်းများအတွက် စတူဒီယို (4) ခုနှင့် လုပ်ကိုင်လျက် ရှိပြီး လိင်ပြောင်းခွဲစိတ်ထားသူများနှင့် အကောင်းဆုံး ဇာတ်လမ်းများရိုက်ကူးရန် စတူဒီယို (4) ခုနှင့် လက်တွဲလုပ်ကိုင်လျက်ရှိပါတယ်။
⚜️ Pornhub premium အကောင့်မှ ကိုယ်တိုင်ရိုက် အခပေးဗီဒီယိုများကို တင်ပေးလျက်ရှိပြီး Flirt 4 Free ဝန်ဆောင်မှုလုပ်ငန်းနှင့် လက်တွဲလျက် အခပေး အွန်လိုင်းချက်တင် (webcam chat/ Live chat) များကို ပြုလုပ်လျက်ရှိပါတယ်။ Mark Henderson ဓါတ်ပုံလုပ်ငန်းနှင့် လက်တွဲလျက် sexy ဓါတ်ပုံများ ရိုက်ကူးလျက်ရှိပါတယ်။
လူမှုကွန်ယက်ဆိုင်ရာ အကောင့်များကတော့
⚜️ ဖေ့ဘွတ်ခ်အကောင့် - [https://www.facebook.com/alec.kompanik](https://www.facebook.com/alec.kompanik)
⚜️ တွစ်တာအကောင့်များမှာ
[https://twitter.com/dante_colle](https://twitter.com/dante_colle)
[https://twitter.com/adjpanik](https://twitter.com/adjpanik)
[https://twitter.com/ironmanmaker](https://twitter.com/ironmanmaker)
⚜️ အင်စတာဂရမ်အကောင့်များမှာ
[https://www.instagram.com/dante_colle/](https://www.instagram.com/dante_colle/)
[https://www.instagram.com/alecdjpanik/](https://www.instagram.com/alecdjpanik/)
တို့ဖြစ်ကြပါတယ်။
Dante Colle အကြောင်း မိတ်ဆက်ပေးပြီးတဲ့အခါမှာတော့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Burbank မြို့အခြေစိုက် ဂေးအမျိုးသား အွန်လိုင်းမဂ္ဂဇင်းတခုဖြစ်တဲ့ Instinct မဂ္ဂဇင်းက 2020 အောက်တိုဘာ 21 ရက်နေ့မှာ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးတခုကို ဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။
#အမှောင်ကမ္ဘာတဖက်ခြမ်းမှ_ကြယ်တပွင့်
⚜️⚜️⚜️⚜️⚜️⚜️⚜️
#Dante_Colle အကြောင်း မိတ်ဆက်ပေးပြီးတဲ့အခါမှာတော့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Burbank မြို့အခြေစိုက် ဂေးအမျိုးသား အွန်လိုင်းမဂ္ဂဇင်းတခုဖြစ်တဲ့ #Instinct မဂ္ဂဇင်းက အခုပြီးခဲ့တဲ့ 2020 အောက်တိုဘာ 21 ရက်နေ့မှာ တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးကို ဆက်လက် တင်ဆက်ပေးမှာဖြစ်ပါတယ်။
“ကျနော်တို့ပြုလုပ်တဲ့ သီးသန့်အင်တာဗျူးမှာ အပြာသရုပ်ဆောင် Dante Colle ဟာ ဘယ်အရာကိုမှ မခြွင်းမချန်ဘဲ ဖြေကြား သွားခဲ့ပါတယ်”
⚜️ အပြာသရုပ်ဆောင်တယောက်ဖြစ်တဲ့ Dante Colle နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။
⚜️ ပထမတချက်ကတော့ ချစ်ခင်နှစ်လိုစရာကောင်းတဲ့အသွင်အပြင်နဲ့ ဆွဲဆောင်မှုရှိတဲ့ sexy ကျမှုတို့ကို ပေါင်းစပ်ထားတဲ့ လူတယောက်ဖြစ်ပါတယ်။
⚜️ ဒုတိယတချက်ကတော့ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ အပြာရုပ်ရှင်ရိုက်ကူးတဲ့နေရာမှာလည်း ပရိသတ်တွေရဲ့ အသိအမှတ်ပြုထူးချွန်ဆုတွေ တသီကြီး ရနိုင်လောက်အောင် စိတ်ပါလက်ပါနဲ့ ကင်မရာရှေ့မှာ ဘယ်လို သရုပ်ဆောင်ရမယ် ဆိုတာတွေကိုလည်း ပရော်ဖက်ရှင်နယ်ဆန်ဆန် နားလည်သဘောပေါက်သူတစ်ယောက်ဖြစ်ပါတယ်။
⚜️ တတိယတချက်ကတော့ သူ့ကို အင်တာဗျူးပြီးမှ ထပ်ပြီး သိလိုက်ရတဲ့ အချက်တခုပါပဲ။ အဲဒါက ဘာလဲဆိုတော့ သူက တကယ့်ကို ရိုးသားပွင့်လင်းတဲ့ သူတယောက်ဆိုတာပါပဲ။ သူ့ကို တခြားလူတွေ ဘယ်လို ထင်တယ် ဘယ်လို သဘောထားတယ် စတာတွေကို သိပ်ပြီး ထည့်စဉ်းစားနေတဲ့ သူမျိုးမဟုတ်ဘဲ သူ့ကိုယ်သူ ရိုးရိုးသားသားနေထိုင်တယ် ဆိုတာပါပဲ။  အပြာရုပ်ရှင်လောကမှာ Dante ဟာ ဂေးအပြာရုပ်ရှင်ဇာတ်လမ်းတွေမှာတင် ထူးချွန်တာ မဟုတ်ဘဲ တခြားသော အပြာရုပ်ရှင်နယ်ပင်တွေဖြစ်တဲ့ straight အပြာရုပ်ရှင်၊ နှစ်မျိုးကြိုက် bisexual နဲ့ လိင်ပြောင်းခွဲစိတ်ထားတဲ့ ယောက်ျားတွေနဲ့ရိုက်ကူးတဲ့ အပြာရုပ်ရှင်နယ်ပယ်တွေမှာလည်း များစွာ ထူးချွန်သူ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူတယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အဲလိုမျိုး ဘဝကိုလည်း Dante က ကျေနပ်နှစ်ခြိုက်လို့နေ ပါတယ်။
⚜️ ကိုဗစ်နိုင်တင်း ကမ္ဘာကပ်ရောဂါကာလကြီးအတွင်းမှာ တခြားသော နာမည်ကြီး အပြာသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ DeAngelo, Jackson နဲ့ Pierce Paris တို့လို့ပဲ ကယ်လီဖိုးနီးယားနယ်သားလေးဖြစ်တဲ့ Dante ဟာလည်း သူ့ရဲ့ အပြာသရုပ်ဆောင်ဘဝဘယ်လို စတင်ခဲ့တယ်၊ သူဘယ်လို လူမျိုးဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး သူ ဘယ်လို ကျေနပ်တယ်၊ အပြာဇာတ်ဝင်ခန်း (ဘုတဲ့အခန်း)တွေ ရိုက်တာက သူ့အတွက် ဘယ်လိုမျိုးဖြစ်တယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ကျနော်နဲ့ အွန်လိုင်းကနေ စကားပြောရင်း အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။
(အင်တာဗျူးသူ Ryan Shea ၏ မှတ်ချက်)
#Ryan_Shea: ကိုယ့်အနေနဲ့ အပြာရုပ်ရှင်လောက က လူတွေအများကြီးကိုအင်တာဗျူးခဲ့ဖူးပါတယ်။ အဲဒီတော့ မင်းကိုယ်မင်း ဘယ်လိုမျိုး ရှာတွေ့ခဲ့တာလဲ? (ဘယ်လိုမျိုး ဒီလောကထဲကို ရောက်လာတာလဲ?) ဒါကတော့ ကိုယ် မေးလေ့မေးထရှိတဲ့ အစပျိုးမေးခွန်းပါပဲ။
⚜️ သိချင်စိတ် စူးစမ်းချင်စိတ် ပြင်းပြတဲ့ အသက် 18 အရွယ် ကောင်လေးတယောက်အနေနဲ့ ကျနော် Backpage အင်တာနက်စာမျက်နှာ မှာ လျှောက်ကြည့် လျှောက်ရှာရင်းကနေ စခဲ့တာပဲ။ အဲဒီမှာ သက်ကြီးအရွယ်ရောက်တွေအတွက် အလုပ်အကိုင်ကဏ္ဍလည်း ပါတယ်လေ။
>>> (ဗဟုသုတအဖြစ်မှတ်ရန်) <<<
>>> Backpage အင်တာနက်စာမျက်နှာသည် 2004 ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အခမဲ့ ကြော်ငြာဝန်ဆောင်မှု အင်တာနက် စာမျက်နှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဒုတိယအကြီးဆုံး အွန်လိုင်းကြော်ငြာဝက်ဘ်ဆိုဒ်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ နှင့် ပြည့်တန်ဆာလုပ်ငန်းဆိုင်ရာ ကြော်ငြာများကို ဖော်ပြပေးသော စာမျက်နှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာ လူကုန်ကူးခြင်းများ ဖြစ်ပေါ်လာတဲ့အတွက် 2018 ခုနှစ်မှာ ဖယ်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI), စာတိုက်လုပ်ငန်းစစ်ဆေးရေးဌာန၊ ဖယ်ဒရယ် တရားရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ရာဇဝတ်မှုဆိုင်ရာထောက်လှမ်းရေးဌာနစိတ် တို့ ပူးပေါင်းပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင် ခြင်းနှင့် ငွေကြေးခဝါချမှုများအတွက် Backpage ရဲ့ CEO Carl Ferrer ကို ဖမ်းဆီးစစ်ဆေး တရားစွဲဆိုပြီးနောက် အဆိုပါ စာမျက်နှာကိုပါ ပိတ်သိမ်းခဲ့ပါတယ် <<<
Adam Lovegood (အင်တာနက်စွယ်စုံကျမ်းမှထုတ်နှုတ်သည်)
⚜️ ကျနော် အဲဒီမှာ လျှောက်ကြည့်ရင်းနဲ့ အပြာရုပ်ရှင်အတွက် လူငယ်သရုပ်ဆောင်သစ်တွေ ရှာနေတယ်ဆိုတဲ့ ကြော်ငြာကို သွားတွေ့ ခဲ့တယ်။ “ဝိုး . . . ရက်စ် . . .  ဟုတ်ပြီ ငါ အဲဒါကို လုပ်နိုင်လောက်တယ်” အဲလိုမျိုး ကျနော် ဖြစ်သွားခဲ့ပြီး အဲဒီ အလုပ်ကို လျှောက်လိုက် တယ်။ နှစ်ပတ်ကြာပြီးတဲ့နောက်မှာတော့ Las Vegas မြို့ ကို ကိုယ့်ဘာသာကိုယ်ပဲ တက်သွားလိုက်တယ်။ အဲမှာ Corbin Fisher စတူဒီယိုနဲ့ ကျ‌နော် ဇာတ်လမ်းတွေ စရိုက်ဖြစ်ခဲ့တာပဲ။
#Ryan_Shea: အဲလို စတူဒီယို‌တွေနဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်တွေကနေ စပြီးရိုက်ဖြစ်ခဲ့တယ် ဆိုတာကို ကိုယ်တို့ အင်တာဗျူးခဲ့တဲ့ လူအတော်များများကလည်း ပြောပြခဲ့ဖူးပါတယ်။ ဒါ့ကြောင့် မင်းလည်းပဲ အခု Corbin Fisher စတူဒီယိုနဲ့ စရိုက်ဖြစ်ရင်း ဒီအပြာလောက ထဲကို ရောက်လာခဲ့တယ်ပေါ့ အဲလို ဟုတ်တယ်မို့လား?
⚜️ သိပ်ဟုတ်တာပေါ့ဗျာ။ ကျနော်ဆိုလိုတာက တခြားအရာတွေကို လုပ်နိုင်တယ်ဆိုတာကနေ ခွဲထွက်ပြီး လုပ်ဖြစ်သွားတာက ကျနော့်ရဲ့ အားသာချက်ပဲလေ။ ဒါပေမယ့်လည်း အကောင်းဆုံးတော့ မဟုတ်ခဲ့ဘူးပေါ့ဗျာ။ ဒီလိုပဲ လုပ်ဖြစ်သွားတယ်ပေါ့။
#Ryan_Shea: အပြာရုပ်ရှင်လောကမှာ ရုပ်ရှင်ဇာတ်လမ်းပေါင်းများစွာ များစွာ ရိုက်ကူးခဲ့တဲ့ Wolf Hudson တို့ Colby Jansen တို့လို လူနည်းစုထဲက မင်းလည်း တယောက်အပါအဝင်ပါဘဲ။ ဂေး အပြာရုပ်ရှင်တင်မကဘူးလေ။ Straight ကော၊ Bi ကော၊ Trans ကော အကုန်အစုံ ရိုက်ကြတာ။ အဲလို နယ်ပယ်စုံ မျိုးစုံ ရိုက်ကူးဖြစ်တဲ့ထဲက မင်းပိုကြိုက်တာ တခုခုများရှိမလား ဒါမှမဟုတ် အားလုံးကို သဘောကျ နှစ်ခြိုက်တာပဲလား?
⚜️ ကျနော်ရိုက်ခဲ့တဲ့ ဇာတ်လမ်းတွေကို ပြန်ရေတွက်ကြည့်လိုက်ရင် သိပ်မကြာသေးခင်ကပဲ Straight Porn အပြာရုပ်ရှင် နဲ့ ဂေးအပြာရုပ်ရှင်က အရေအတွက် အတူတူလောက်ဖြစ်သွားခဲ့ပြီဗျ။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ Bi ကို ပိုကြိုက်တယ်။ ဘယ်လိုလဲဆိုရင်ဗျာ ပုံစံနှစ်မျိုးစလုံးတော့ အကောင်းဆုံးပါပဲ ဒါပေမယ့် တခုတည်းအနေနဲ့ပြောမယ်ဆိုရင်တော့ Bisexual အပြာရုပ်ရှင်တွေက A ပေါ့ဗျာ။ တခြားနှစ်မျိုးကတော့ အကောင်းဆုံးဆိုပေမယ့် B အဆင့်ပေါ့ဗျာ။ အဲဒီအုပ်စုဝင် (အဲလိုကြိုက်ကြတဲ့) လူတွေက ပုံမှန်အားဖြင့်တော့ ကပ်သီးကပ်သပ်ပုံစံမျိုးနဲ့ ပျော်စရာရှာချင်ကြတာလေ။ ကျနော်ထင်ပါတယ် တခြားလူတွေထက် ခင်ဗျားကတော့ ပိုပြီး ဆီလျော်အောင် ပြောတတ်မှာပါ။
#Ryan_Shea: လူတွေအများကြီးဆီကနေ သဘောထားမှတ်ချက် ကွန်မန့်တွေ အများကြီးကို ကိုယ်တို့ မြင်တွေ့ရပါတယ်။ ဒါပေမယ့် မင်းဟာမင်းကော (ကျေနပ်ရဲ့လား) ? သရုပ်ဆောင်တယောက်ဖြစ်နေတဲ့မင်းကို နေရာတကာမှာ လိုက်ပြီး ဝေဖန်ပြောဆိုနေတဲ့ လူတွေနဲ့ ပတ်သက်ပြီးလေ။ သူတို့ကတော့ မင်းကို တစ်မျိုးဆို တစ်မျိုး သီးသီးသန့်သန့် ရိုက်စေချင်တာမျိုးဆိုတော့လေ။ (ဂေးဆိုလည်း ဂေးပေါ့ Straight ဆိုလည်း Straight ပေါ့) ကိုယ်ဆိုလိုတာ မင်း သဘောပေါက်တယ်မို့လား? ဘာကြောင့်လဲဆိုတော့ တချို့သော ဂေး (ပရိသတ်) တွေက အဲဒါနဲ့ ပတ်သက်ပြီး ဆတ်ဆတ်ထိ မခံနိုင်တာမျိုး ဖြစ်နေတယ်လေ။ ပရိသတ်တွေဆီက အဲလို တုံ့ပြန်မှုတွေ ပြန်ရတာမျိုးရှိခဲ့ဖူး လား? ပြီးတော့ (ပုံစံမျိုးစုံနဲ့ အပြာရုပ်ရှင်နယ်ပယ်အစုံမှာရိုက်နေတဲ့) အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဆတ်ဆတ်ထိမခံတဲ့ လူတွေကို မင်းဘယ်လို တုံ့ပြန်မလဲ?
⚜️ အဲဒီ ဆတ်ဆတ်ထိမခံနိုင် ဖြစ်နေတဲ့ လူတွေဆီက (အဲလိုတုံ့ပြန်မှုတွေ) ရဖူးတာပေါ့ဗျာ။ အဲဒါထက်တောင် အမုန်းစကားတွေ မကြားဝံ့မနာသာတွေ ပြောတာလည်း ခံရတာပဲဗျာ။ ဒါပေမယ့် ကျနော့်အတွက်ကတော့ အဲဒါတွေက ကြီးကြီးမားမား ပတ်သက်စရာ တော့လည်း မဟုတ်ပါဘူး။ (ကျနော့်ကို) အဲလို ဆိုးဆိုးရွားရွား မြင်နေတဲ့ လူတွေကိုကြည့်လိုက်ရင်၊ ကျနော့်ကို အားပေးထောက်ပံ့နေတဲ့ လူတွေနဲ့ သူတို့တွေကို နှိုင်းယှဉ်လိုက်ရင် သူတို့တွေက နည်းနည်းလေးပါ။ ကျနော် ဂရုစိုက်စရာတောင် မလိုဘူး။ သူတို့တွေ (ကျနော့်ကို) ဘယ်လို မြင်တယ် ဘယ်လိုသဘောထားတယ် ဆိုတာတွေကို အရေးစိုက်နေစရာတောင် မလိုပါဘူးဗျာ။
⚜️ ကျနော် ဘာမှကို မတုံ့ပြန်ပါဘူး။ အဲဒီအတွက် ဘာမှ အားကုန်ခံနေစရာ (လေကုန်ခံနေစရာ) မလိုပါဘူးဗျာ။ ဘာကြောင့်လဲဆိုတော့ သူတို့ပြောသမျှတွေဟာ ယထာဘူတမကျဘူးလေ (လက်တွေ့ကျတဲ့စကားတွေမှ မဟုတ်တာပဲ)။ ဘာတွေဘယ်လောက်ပဲပြောနေ ပြောနေ၊ ဘယ်လိုပဲကောင်းအောင် တုံ့ပြန်နေ တုံ့ပြန်နေ၊ သူတို့ကလည်း အဲဒါတွေကို ထည့်တွက်နေကြတာမျိုးမဟုတ်ဘူး၊ မုန်းမြဲ မုန်းဆဲ ဆက်ပြီးလည်း မုန်းနေကြအုံးမှာပဲ။ သူတို့က အဲလို လူမျိုးတွေပါပဲ။
⚜️ အဲလို ဖြစ်မယ့်အတူတူ ဘာလို့ များ သူတို့ကို တုံ့ပြန်နေမလဲဗျာ။ ကျနော့်ရဲ့ အချိန်တွေ အလေးထားမှုတွေကို ဘာလို့များ ဖြုန်းတီးပစ် မလဲလေနော့။ ဘာကြောင့်လဲဆိုတော့ သူတို့ထင်နေတာက လောကကြီးမှာ straight နဲ့ ဂေး ပဲရှိတယ်။ ဂေးရင်ဂေး မဂေးရင် Straight ပဲ ဖြစ်ရမယ်ဆိုတဲ့ တယူသန် တဖက်ပိတ်အမြင်တွေပါဗျာ။ အဲလို ယူဆထားတဲ့ သူတို့အတွက် လူတယောက်ဟာ ဂေးသက်သက်လည်း မဟုတ်ဘူး Straight သက်သက်လည်း မဟုတ်ဘူးဆိုရင် သူတို့အနေနဲ့ သောက်ပြဿနာတက်တော့တာပဲ။ (နှစ်မျိုးလုံး ကြိုက်တော့ ကော ဘာဖြစ်လဲဗျာ)။ အဲဒီ အယူအဆနဲ့ တယူသန် စိတ်ဓါတ်တွေကို ကျနော် မုန်းတယ်။ ဂေး (လိင်တူ) ယဉ်ကျေးမှုဟာ ခွဲခြားဆက်ဆံမှု တွေ အမြောက်အများရှိတဲ့အပြင် အမုန်းတရားတွေနဲ့ (ဝန်းရံထားပြီး) နှစ်တိုင်းနှစ်တိုင်း ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ် ပျက်နေတာ မျက်မြင်ပဲလေ။ (ဂေး နဲ့ Straight ကို တတန်းတည်း သဘောထားချင်ကြတာလေ တကယ်က အဲလို ထားလို့မှ မရဘဲ)။ တယောက်ယောက်က သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံခံရမှုတွေရှိနေတာကို ဆန့်ကျင်တိုက်ခိုက်ရမှာ ပေါ့။ (Straight မှာက အနည်းဆုံးတော့ ခွဲခြားဆက်ဆံခံရတာ မရှိဘူးလေ) ဆိုတော့ ဒီဟာတွေက တော်တော်ကို ရှုပ်ထွေးပြီး အမြီးအမောက်တည့်မနေဘူးပေါ့။
#Ryan_Shea: နောက်တခုပြောရရင် ဒီနှစ်ရဲ့ Grabby (အပြာရုပ်ရှင်များဆိုင်ရာ) ထူးချွန်ဆုပေးပွဲမှာ မင်းက 2020 ခုနှစ်အတွက် တနှစ်တာလုံးအတွက် အကောင်းဆုံးအပြာသရုပ်ဆောင်ဆုကို Michael Delray နဲ့ ပူးတွဲရခဲ့တယ်နော်။ ဒါက တကယ့် အကြီးကြီးပဲ (ဝမ်းမြောက်စရာကြီးတခုပဲ) အဲဒီဆုရခဲ့တာနဲ့ ပတ်သက်ပြီး မင်းဘယ်လို ခံစားရလဲ?
(Hey Guys  . . . Michael Delray ကိုကော သိကြလားဗျာ . . . Adam) 😉 😉
⚜️ ရိုးရိုးသားသားပြောရရင် ကျနော် တုန်လှုပ်အံ့ဩခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ နှစ်ပေါင်းများစွာတလျှောက် ဒီလိုဆုတွေ ရခဲ့တာဟာ အရမ်းပဲ အခရာကျ အရေးပါခဲ့ပါတယ်။ ပြီးတော့ ကျနော့်အတွက်ကတော့ ကျနော့်သူငယ်ချင်း အပေါင်းအသင်းတယောက်နဲ့အတူ အနိုင် ရဖို့ဆိုတာ မဖြစ်နိုင်သ‌လောက်ပါပဲ။ ဒါ့ကြောင့် ကျနော် အံ့ဩတုန်လှုပ်တာမျိုး ခံစားခဲ့ရတာပါ။ အရမ်းလည်း စိတ်လှုပ်ရှားခဲ့ပါတယ်။ ကျနော်ကတော့ ကျနော် လုပ်စရာရှိတာ လုပ်သင့်တာကို စိတ်ပါလက်ပါနဲ့ အာရုံစိုက် အားစိုက်ပြီး ကြိုးစားခဲ့တာပါပဲ။ အဲဒီကမှ ခုလို တနှစ်တာလုံးအတွက် အကောင်းဆုံး သရုပ်ဆောင်ဆု ရလိုက်တဲ့အခါကျတော့ ဘယ်လိုပြောမလဲ အထွဋ်အထိပ် ခံစားချက်တခုပေါ့ဗျာ။
#Ryan_Shea: ဒီမေးခွန်းကိုလည်း လူတိုင်းကို ကိုယ်တို့ မေးခဲ့တယ်။ မင်းအနေနဲ့ အကြိုက်ဆုံး သရုပ်ဆောင်၊ ဇာတ်လမ်းဇာတ်ကွက်၊ ဒါမှမဟုတ် ဒါရိုက်တာ ဆိုတာမျိုးကော ရှိလား?
⚜️ ဘယ်ဇာတ်ကွက်ကို အကြိုက်ဆုံးလို့ ပြောဖို့ကတော့ ခက်တယ်ဗျ။ ဒါပေမယ့် နည်းနည်းတော့ ရှိပါတယ်။ ကျနော်ဆိုလိုတာက ကျနော် စဉ်းစားကြည့်လိုက်မယ်ဆိုရင် (တချို့ဇာတ်လမ်းဇာတ်ကွက်လေးတွေ) တော့ ရှိမယ်ထင်တယ်။ အဲဒါတွေကလည်း အကောင်းဆုံးသော အလှည့်အပြောင်း၊ အကောင်းဆုံးသော ခံစားမှု ဒါမှမဟုတ်လည်း ကျေနပ်စရာ ပျော်စရာအကောင်းဆုံး စတဲ့ အချက်တွေအပေါ် မူတည် ပါတယ်။
⚜️ ဒါပေမယ့် ဂေးအပြာရုပ်ရှင်ဇာတ်လမ်းတွေဘက်ကို ကြည့်မယ်ဆိုရင် တချို့ဇာတ်ကွက်တွေရှိပါတယ်။ ကျနော် အကောင်းဆုံး သရုပ်ဆောင်မင်းသားဆုရခဲ့တဲ့ ဇာတ်ကားထဲကအခန်းတွေပေါ့ဗျာ။ အဲဒါက  Raging Stallion စတူဒီယို ထုတ်လုပ်ရေးက At Large ဆိုတဲ့ ဇာတ်ကားပဲဗျ။ အဲဒီ ဇာတ်ကားထဲမှာ ကျနော်က မျက်စိမမြင်တဲ့လူတယောက်၊ စိတ်ထားဆိုးတဲ့လူတယောက် အားလုံးကို လိုက်သတ်နေတဲ့ ပုံစံမျိုး သရုပ်ဆောင်ရတယ်။ (ကဲ ရှာကြည့်လိုက်ကြအုံး ဘော်ဒါတို့ . . . Adam)
⚜️ ဇာတ်အိမ်ကလည်း မျက်မမြင်တဲ့လူတယောက်အနေနဲ့ ဘုရတာမျိုးကို သရုပ်ဆောင်ရတာ။ အမြင်အာရုံချို့ယွင်းနေတဲ့သူတယောက် အနေနဲ့ ပီပြင်အောင်ကော၊ ဘုရတဲ့ သရုပ်ဆောင်ချက်တွေကိုလည်း လန်းနေ မိုက်နေအောင်ပါ သရုပ်ဆောင်ချက်တွေ မျှအောင် ကြိုးစားသရုပ်ဆောင်ခဲ့ရတယ်။ အဲဒီဇာတ်ကားမှာက အဲလိုမျိုး မတူညီတဲ့ အခြေအနေတွေ (သာမန်ဘုတာမျိုး မဟုတ်ဘဲ မျက်မမြင် တယောက် ဘုတာဆိုတော့ အနေအထားက အခြေအနေနှစ်ခုလုံးကို ပီပြင်အောင်) ကို ကြိုးစားခဲ့ရတဲ့အတွက် အဲဒီ ဇာတ်ကားကိုတော့ မှတ်မှတ်ရရတော့ ရှိနေခဲ့ပါတယ်။
#Ryan_Shea: နောင်အနာဂတ်မှာ လုပ်ချင်တဲ့ အထူးအစီအစဉ်တွေ လျာထားချက်တွေများရှိလားဆိုတာ ကိုယ်တို့ရဲ့ စာဖတ်ပရိသတ် တွေနဲ့ မင်းရဲ့  အားပေးသူ ပရိသတ် (ဖန်) တွေ သိသင့်တဲ့ ဟာမျိုးပေါ့။ အပြာရုပ်ရှင်လောကထဲကနေဖြစ်ဖြစ် ဒါမှမဟုတ်လည်း အပြင် ကိုယ်ရေးကိုယ်တာအနေနဲ့ စသဖြင့်ပေါ့ ပြောပြလို့ရမလား?
⚜️ လောလောဆယ်တော့ အထွေအထူး စီစဉ်ထားတာမျိုး မရှိသေးပါဘူးဗျာ။ ကျနော့်အလုပ်ကိုပဲ ပုံမှန်ဆက်လုပ်နေသွားအုံးမယ်။ အေးဆေးတည်ငြိမ်နိုင်သွားလောက်တဲ့အချိန်အထိပေါ့။ အပြာရုပ်ရှင်ရိုက်ကူးရေးမဟုတ်ဘဲ အပြင်ကိစ္စအနေနဲ့ကတော့ လုပ်စရာရှိတာကတော့ ဆိုင်ကယ်ပြိုင်ပွဲတွေ (ဝင်ပြိုင်ဖြစ်ဖို့)ပါပဲ။
#Ryan_Shea: တခြား ကြီးကြီးမားမား အစီအစဉ်ကော ရှိသေးလား? မင်းက (ဆိုင်ကယ်) ပြိုင်ပွဲမှာလည်း ဆုရထားတာပဲ။ လူအတော် များများက အပြာရုပ်ရှင်လောကကနေ (အခုလိုမျိုးလုပ်ဖြစ်မယ်လို့) တကယ့်တကယ် မထင်ထားစရာပါပဲ။ တချို့တချို့ကိစ္စတွေမှာ (အခု လုပ်ဖြစ်နေတာတွေထက်) ပိုပြီး လုပ်သွားချင်သေးလား? ဆိုလိုတာက ကမ္ဘာ့အဆင့် မော်တော်ဆိုင်ကယ်ပြိုင်ပွဲလိုမျိုး အားကစားဘက်ကို ပိုပြီး အသားပေးလုပ်သွားချင်လား? မင်းအတွက် ဘဝပန်းတိုင်က ဘာများဖြစ်မလဲ?
⚜️ ကျနော့်ရဲ့ ပန်းတိုင်ကတော့ အပြာရုပ်ရှင်လောကမှာ ဖြစ်နိုင်သမျှ ပိုပိုပြီး အမြဲ လုပ်သွား (ရပ်တည်သွား) နိုင်ဖို့ပါပဲ။ ကျနော် အဲဒီ အလုပ်ကို သဘောကျတယ်လေ။ ဒါပေမယ့် အဲလိုပြောလိုက်ပေမယ့်လည်း တကယ်လို့ mainstream (ခေတ်ရေစီးကြောင်း) အလုပ်တခုခုမှာ လုပ်ဖို့ အခွင့်အရေးရှိလာမယ်ဆိုရင်တော့လည်း အဲဒီဘက်ကို ခုန်ကူးသွားရုံပေါ့။ ဒါပေမယ့် လွယ်လွယ်နဲ့တော့ (အပြာလောကကနေ အဲလိုအခွင့်အလမ်းတွေဘက်ကို ခုန်ကူးသွားတာမျိုး) ကို လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အဲလို လုပ်ဖြစ်လိုက်မယ်ဆိုရင် အဲဒါက အချိန်ဖြုန်းနေတာလို့ပဲ ကျနော် ခံစားရတယ် (ဒီဘက် အပြာလောကမှာကျတော့ နေရာတခု ရနေပြီလေ အခုကျမှ တခြားအသစ်တခုခုကို ပြန်လုပ်ရမယ်ဆိုရင် ... အဆင်သိပ်ပြေလိမ့်မယ် မထင်ဘူးလေ)။
⚜️ ဒါပေမယ့် အပြာရုပ်ရှင်လောကအပြင်ဘက်က တခုခုကို လုပ်ဖို့ ကြိုးစားရမယ်ဆိုရင်တော့ ကျနော်လုပ်ချင်တဲ့ တခုတည်းသော အလုပ်က စတန့်ပြတဲ့ အလုပ်ပဲ။ အဲဒါကသာ အလုပ်ဖြစ်လောက်တဲ့အထိ အိုကေသွားမယ်ဆိုရင် အပြာရုပ်ရှင်တွေ ရိုက်နေရင်းနဲ့ လုပ်ဖြစ်မယ့် နောက်ထပ် အလုပ်တခု ဖြစ်လာမှာပေါ့ဗျာ။ ကျနော့်ပန်းတိုင်ကတော့ ဒါပါပဲ။
>>>>>>>>>>⚜️<<<<<<<<<<
အစမှ အဆုံးအထိ ဖတ်ပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်
ဤအင်တာဗျူးကို Instinct မဂ္ဂဇင်းမှ Ryan Shea က မေးမြန်းတင်ဆက်ထားခြင်းဖြစ်ပါသည်။
သာယာသောအားလပ်ရက်များဖြစ်ပါစေ
⚜️ Adam Lovegood ⚜️
(မူရင်း - https://instinctmagazine.com/dante-colle-exclusive-interview/ )
[Zawgyi]Dante Colle အကြောင်း
#Dante_Colle
⚜️⚜️⚜️
တို့ဖြစ်ကြပါတယ်။
⚜️⚜️⚜️⚜️⚜️⚜️⚜️
>>> (ဗဟုသုတအဖြစ်မှတ်ရန်) <<<
>>>>>>>>>>⚜️<<<<<<<<<<
⚜️ Adam Lovegood ⚜️
No comments: