Thursday, July 15, 2021
Underground_Toilets
 [Unicode]တစ်ခေတ်တစ်ခါက လိင်တူချစ်သူတို့ဆုံရပ်ဖြစ်ခဲ့တဲ့ ရွာသာယာအချို့
#Underground_Toilets 
#Gays
#ဗဟုသုတ
#သုတလုလင်
(ကျွန်တော် ရန်ကုန်ရောက်ကာစအချိန် ရေသောက်များတော့ ဆီးရွှင်တတ်သူပီပီ ဘယ်နေရာရောက်ရောက် အိမ်သာတက်ကျင့်ရှိတာမို့ မြေအောက်အိမ်သာဆိုတာနဲ့ ရင်းနီးကျွမ်းဝင်မှုများပါတယ်။ အိမ်သာလည်းမတက်၊ အနံ့အသက်ကိုလည်းမမှု ဟိုနားစုစု သည်နားစုစု ရပ်ကာ အိမ်သာဘက် ဆင်းလာ ၀င်လာသူတွေကို မျက်စိစားပွဲထိုင်နေသူတွေအားစရင်းနီးခဲ့တယ်။ အဲ့အချိန်က မျက်နှာကျက်ခဲ့သော လိင်တူချစ်သူများဟာ အခုအချိန်မှာ လူသိများထင်ရှားသူတွေပါနေတာကြောင့် အော် အလွှာပေါင်းစုံက လူတွေအတွက် စုရပ်ဖြစ်နေပါ လား မှတ်မိခဲ့တယ်။ နောက်ပိုင်း Gay Themed Nights တွေကို ဖန်တီးပြီး Night Club အချို့ရဲ့ ပရိုမိုးရှင်းလုပ်တာတွေ မကြုံဆုံခင်က ဂေးကလပ်သဘောနေမှာလို့ ကိုယ့်လိုလိင်တူချစ်သူတွေအတွက် မျှော်လင့်ချက်လေးသမ်းခဲ့သေးတာ။ လိင်တူချစ်သူမဟုတ်ဘဲ LGBTs သိုင်းလောကသားမဟုတ်ဘဲ စာဖတ်ဖို့သက်သက် အသင်းဝင်ထားတဲ့ Member များကို သည်လိုရှိပါလားလို့သိရအောင် ကူးယူကာ ပြန်ဝေငှခြင်းဖြစ်ပါတယ်။)
ဗဟုသုတ အနေဖြင့် တင်ပြချင်းဖြစ်ပါသည်
မကြိုက်လျှင် ကျော်သွားပါ။
၂၀၀၀ ပြည့် ဝန်းကျင်လောက်အထိ ရန်ကုန်မြို့ အဓိက နေရာအတော်များများမှာ မြေအောက်အိမ်သာတွေ ရှိနေပါတယ် ဆူးလေ ယခု ရှန်ဂရီလာ ဟော်တယ် ကြီးရဲ့ဘေးဖြစ်သော အနော်ရထာ လမ်း( ဖရေဇာ )ဒေါင့်မှာ ပန်းခြံလေး တစ်ခု ရှိပါတယ် ထိုပန်းခြံလေး ထဲမှာ ကျား/ မ အိမ်သာ ရှိပါတယ် မှတ်မှတ်ရရ ထို အိမ်သာလေးရဲ့ဘေးမှာ စာအုပ်ဆိုင် တစ်ဆိုင်လဲ ရှိပါသေးတယ်​ထိုအချိန်က မြေအောက် အိမ်သာ မဟုတ်သော် လည်း ထို အိမ်သာလေးဟာ လိင်တူ တွေရဲ့ စိတ်ဖြေရာ နေရာတစ်ခု ဖြစ်ပါတယ်။ အိမ်သာ တိုင်းလိုလိုက အပေါက်တွေ ရှိနေလို့ပါဘဲ။ ထိုအိမ်သာ ကို လာတဲ့ လိင်တူ တွေကို စောင့်ကြည့် ရင်း ပန်ခြံလေးမှာ ထိုင်ပြီး ညနေ ည ဘက်တွေ မှာ လိင်တူ ချစ်သူတွေ ဟာ တစ်ယောက် နဲ့ တစ်ယောက် အထာပေးကြတာလေးတွေ လဲ ရှိနေတတ်ပါတယ်။
မြေအောက်အိမ်သာတွေ မှတ်မိသလောက်ပြောရ ရင် ထို ပန်းခြံ အိမ်သာရဲ့ မျက်နှာချင်းဆိုင် က သင်္ချာ သန်းနိုင် ကျူရှင်ရှေ့လောက် ကျသော ပလက်ဖောင်းပေါ် မှာ လဲ မြေအောက်အိမ်သာ တစ်ခု ရှိပါသေးတယ် ထို အိမ်သာ နဲ့ ကပ်လျက်ကတော့ လိင်တူတွေ  ရဲ့ အခေါ် မှန်လုံ ဆိုတဲ့ လက်ဖက်ရည်ဆိုင်ကတော့ နာမည်ကြီးပေါ့   မနက် ၆ ခြောက်နာရီမှ ည ၉ နာရီ ထိ စည်ကားသော အထင်ကရ လိင်တူတွေ မက်မောတဲ့ မြေအောက်အိမ်သာတစ်ခုပါဘဲ အိမ်သာတိုင်း နီးပါးဟာ အပေါက်တွေ ရှိသလို အပေါ့သွားတဲ့ နေရာတွေ မှာ ရပ်ပြီး အလုပ်ဖြစ်သွားကြတာတွေလဲ ရှိကြပါတယ်။ ဘယ်အချိန် သွားသွား အရွယ်စုံ လိင်တူ ချစ်သူတွေ ကို လက်မလွတ်စတမ်းတွေ့ရ မှာသေချာပါတယ်။
ယခုဗိုလ်ချုပ်ဈေးသစ်ရှိသော မျက်နှာချင်းဆိုင် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံ ဘေး ပလက်ဖောင်းပေါ်က မြေအောက်အိမ်သာ ဟာလဲ လိင်တူစုံမက်သူတွေရဲ့ စာကျက်နေရာဆိုတာလဲ မလွဲပါဘူး ထိုအိမ်သာကတော့ လိင်တူတွေ အတွက် အရမ်းကြည်နူးစရာနေရာဖြစ် မယ်ထင်ပါတယ် ကိုလိုနီခေတ်ထဲက မြေအောက်အိမ်သာ ဟု လူကြီးတစ်ချို့ပြောပြဘူးပါတယ် တစ်ကယ်လဲ တည်ဆောက်ထားပုံကွဲ ပါတယ် ဘယ်အချိန်သွားသွား အပေါ့သွားတဲ့နေရာလေးဟာ ခါးလောက်အမြင့် အုတ်ကာထားပီး မျက်နှာချင်းဆိုင် ရပ် သွားလို့ ရပါတယ် နောက်ပိုင်းတော့ အပေါ်ထိ ကာလိုက်ပါတယ် အိမ်သာတွေ ဆိုရင်လဲ သစ်သားတံခါးဖြစ်သလို ဆင်နာရွက်ပုံစံလို တစ်ဖက်ဖွင့် တံခါးမို့ မတ်တပ်ရပ်လိုက်ရင် မျက်နှာမြင်ရပြီး ထိုင်နေရင် အောက်ခြေက ၆ လက်မကျော်လောက်လွတ်နေတဲ့ အတွက် ငုံ့များကြည့်လိုက်ရင် တော့ အထင်းသား တွဲလျား လားပေါ့။ နောက်တစ်ခုက ရေချိုးခန်းပါ ပါသေးတာ ၂ ခန်းတောင်။ လိင်တူချစ်သူတွေ များ တံခါးလေးဖွင့် ရေချိုးရင်း ကိုယ်ခန္တာအလှပြ ကြတာလဲ မနည်းဘူးပေါ့ ရေချိုးရင်း ကိုယ်ကြိုက်တဲ့ သူဆို အထာပေးရင်း ရေအတူ ဝင်ချိုးပီးသာယာ ကြတာလေ။ ရေချိုးမယ်ဆိုရင် ခေါင်းလျှော်ရည် ဆပ်ပြာ အခပေးတဲ့နေရာအပေါ်မှာတင် တစ်ခါထဲ ဝင်ဝယ် ခဲ့ရုံဘဲပေါ့ ကဲ ဘယ်လောက်ကောင်းလိုက်သလဲနော်။ 
လသာလမ်း ထိပ်တရုတ်ဘုံကျောင်း မျက်နှာချင်းဆိုင် ပလက်ဖောင်းမြေအောက်အိမ်သာကတော့ နဲနဲ သန့်တယ်ဗျ အပေါက်တွေ ရှိတဲ့ အိမ်သာ ရှိသလို အမြဲတမ်း မီးတွေ လင်းနေတော့ အိမ်သာတံခါးနဲ့ ကြမ်းပြင် ဟာ ၃ လက်မလောက် လွတ်တော့ ငုံ့ကြည့်ရင် ထင်သာမြင် သာရှိတာဘဲ။ ထိုအိမ်သာမှာတော့ လိင်တူချစ်သူတွေ အချိန်ပြည့် ရှိမနေတတ်ပေမယ့် အချိန်ခနပေးစောင့်လိုက်ရင်တော့ သေခြာပေါက် တွေ့ရမှာပါဘဲ တရုတ်တန်းနှင့်ကပ်လျက်မို့ လာမသိဘူး တရုတ်ပေါက်ဖော်သန့်သန့်လေးတွေ အများဆုံးကျက်စားတယ်လို့ ဆိုရပါမယ်။
အနော်ရထာနဲ့ ဗိုလ်အောင်ကျော်လမ်း ဒေါင့် ပလက်ဖောင်းပေါ်က မြေအောက်အိမ်သာကတော့ လူရှင်းသလို ကုလားအသန့်တွေရဲ့ နေရာလို့ပြောရပါမယ် အုတ်နံရံတွေမို့ အပေါက်မရှိပေမယ့် သစ်သားတံခါးဖြစ်တဲ့အတွက် လျှာထိုးသစ်သားတွေ ကြားကနေ အိမ်သာရှေ့ ဘယ်သူရပ်နေတယ် ဘယ်သူစောင့်နေတယ်ဆိုတာကို ကြည့်လို့ရပါတယ်လိင်တူချစ်သူတွေက ကုလားလေးတွေမှ နှစ်သက်တတ်သူအဖို့ ထိုနေရာလေးက အမိုက်စားပေါ့။ ကုလားဘဲမဟုတ်ပါဘူး လူမျိုးစုံလာပါတယ် များသောအားဖြင့် ပြောတာပါ။ တစ်ချို့များဆို အုတ်နံရံတွေ မို့ အထဲမှာဘဲ အဆင်ပြေသွားကြတယ်ထင်တယ် ဖွင့်ထွက်လာရင် ၂ ယောက်တွဲကြီးလေ။
ဗိုလ်ချုပ်လမ်းနှင့် သိမ်ဖြူလမ်း ၄၈ လမ်းထိပ် ပလက်ဖောင်းပေါ်က မြေအောက်အိမ်သာကတော့ လိင်တူချစ်သူတွေ အသွားအလာ နဲ ပေမယ့် အချိန်ပေးစောင့် ရင် ကျိန်းသေ အဆင်ပြေတဲ့ နေရာလေးပါဘဲ။ ထိုအိမ်သာက လှေကားကဆင်းညာဘက်ချိုးကွေ့လေးအတွင်း ဘက်ဆိုတော့ လူရှင်းတဲ့ နေ့လည် များဆို အိမ်သာထဲတောင် ဝင်စရာ မလို တိတ်တစ်ဆိတ် အပြင်မှာတင်လွတ်လွတ်လပ်လပ်လေး ကြည်းနူး ကြတာ မြင်တွေ့ဘူးပါရဲ့။ဒါကလဲ လှေကားထိပ်ကနေ လူဆင်းလာတာကို အတွင်းဘက်ကနေ ထင်ထင်ရှားရှား မြင်တွေ့နိုင် လို့ပါဘဲ အသွားအလာလဲ ကျဲတော့ လှေကာထစ်အဆင့် ၁၅ ဆင့်လောက် ဆင်းလာချိန် ပူးကပ်တာ ခွာချိန်ရ တယ်လေ။
ဒါကတော့ ကိုယ်တွေ လိင်တူဘဝအစ ရောက်ဘူးသိဘူးတဲ့ မြေအောက် လိင်တူကမ္ဘာလေးတွေ အကြောင်းပါ ကျန်သေးရင်ပြောပြ အုန်းနော် မိခင်တွေ။ ထိုခေတ်က မြေအောက်အိမ်သာမှ မဟုတ်ပါဘူး လိင်တူတွေ အတော်များများ ကျင်လည်ကြတာကတော့ ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်း ယောက်လမ်းဘက်တံတားအဆင်း ဒေါင့်က အိမ်သာ ဆိုလဲ လိင်တူချစ်သူတွေ ဖန်တီးယူနိုင်တဲ့ နေရာဖြစ်သလို မြေနီကုန်းပန်းခြံ အိမ်သာ။ ကြည့်မြင်တိုင် ဆင်မလိုက် ယခင်ကားကြီးကားလေးအဝေးပြေးဂိတ်ဝင်း အောက်ထပ်က အိမ်သာ အလုပ်မဖြစ်သော်လည်း အပေါ်ထပ် ရေချိုးခန်း ၁၀ ခန်းဟာ လိင်တူတွေ ရဲ့ အကောင်းဆုံးနေရာတစ်ခုဖြစ်ခဲ့ပါသေးတယ်။ ထိုရေချိုးခန်းက ရေချိုးရင်းတံခါးလေးဟ ထားရုံ နဲ့ အလိုက်တစ်သိ အတူ ဝင်လာချိုးတာတွေက အတော်များပါတယ် ခရီးသွားသူတွေ အဝေးပြေး ယဉ်မောင်း စပယ်ယာ နဲ့ ကားပစ္စည်းဆိုင်တွေ ရဲ့ ဝန်ထမ်းတွေ အများဆုံး အလုပ်ပြန်ခါနီး ရေချိုးရင်း ကလူမြူကြ တဲ့နေရာပေါ့။ တစ်ချို့များ ဘယ်လောက်ကြာကြာရေချိုးလဲ မသိ နှုတ်ခမ်းတွေတောင် ပြာနေကြပါတယ်။
ထူးထူးခြားခြာလေးတစ်ခုကတော့ တာမွေ ရွှေဗဟိုဆေးရုံရှေ့ လမ်းလယ်ကျွန်းပေါ်က ပလက်ဖောင်းအိမ်သာဟာ လဲ လိင်တူတွေ အများစု ကျင်လည်တဲ့နေရာတစ်ခုထဲပါပါသေးတယ် သာကေတ တောင်ဒဂုံ သန်လျင် ဘက်ကို ကားပြောင်းစီးတဲ့ လိင်တူ ချစ်သူတွေဟာစည်ကားလွန်းတဲ့ ထိုနေရာလေးရဲ့ အိမ်သာမှာ အချိန် ရ ရင် ရသလို ဝင်းရောက် စိတ်ဖြေ ရင် အဆင်ပြေနေကြတာတွေ အချိန်ပြည့်ပါဘဲ။ အဲ့နေရာလေးက လိင်တူ အတော်များများက လက်လုပ်လက်စား တွေနားခို ရာမို့လားမသိ အကြမ်းစင်လေးတွေ ဒု နဲ့ ဒေးပါနော်။
ခု ချိန်ထိ ရှိနေတဲ့ မြို့လယ်ကောင်က နေရာလေးတစ်ခုကတော့ ဗိုလ်ချုပ်လမ်း သွင် ရုပ်ရှင်ရုံရှေ့က အိမ်သာဆိုပါတော့ အုတ်အိမ်သာ ဖြစ်သလို သစ်သားတံခါး တွေ ယိုင်နဲ့နဲ့ အပေါက်တွေကတော့ အတွင်းက အပြင်ကို ကြည့် ရလွယ်ပါတယ် အိမ်သာထဲက အထွက်မစောင့် နိုင်သူတွေကတော့ အိမ်သာရှေ့တည့်တည့် အပေါ့သွားတဲ့နေရာမှာတင် ပေါ်ပေါ်တင်တင် ဖြစ်သလို အလုပ်ဖြစ်အောင် နေတတ်ကြပီး လိင်တူချစ်သူတွေဟာ ရဲတင်းပေါက်ဆိန် ကြက်သီးထဖွယ် တခါတရံတွေ့ ရတတ် ပါတယ်။ ထို အချိန်က ထိုအိမ်သာရဲ့ အုတ်နံရံပေါ်မှာ တော့ အမှတ်တရ စာတွေရေးထားတာဟာ ယောက်ကျားရင့်မာကြီးတွေတောင် စိတ်ကစဉ့်ကလျားဖြစ်စေနိုင်ပါတယ်  ဖုန်းတွေပိုင်ဆိုင် လာတော့ date တဲ့ ph NO တွေဟာ ပလူပျံနေတော့တာပါဘဲ ရေးထားတဲ့စာဖတ်ပီး ph ဆက်ရုံ အလုပ်ဖြစ်ကြပါတယ်။
အတွင်းဘက်က ရထာလက်မှတ်ရုံ ထဲက အိမ်သာကတော့ အုတ်အိမ်သာ သစ်သားတံခါးမို့ လိင်တူတွေ တွေ့ရခဲ ပါတယ် ရှိတော့ရှိပါတယ်  လူမပြတ်တဲ့ အတွက် တွေ့ရင် မျက်စပြစ်ခေါ် အနောက်ဘက်ကိုဖြတ် ရထားတွဲဟောင်းတွေပေါ်   ဇာတ်ကားရိုက်ကြတာများပါတယ်။
အများစု ကျင်လည်တဲ့ လိင်တူတွေ တင်စားခေါ်တဲ့ ပုဂံတံတား ဆိုတဲ့ အနော်ရထာလမ်း နဲ့ ရွှေတိဂုံဘုရားလမ်း သိမ်ကြီးဈေးဂုံးကျော် တံတားကတော့ ညနေ ၅ နာရီနောက်ပိုင်း ည မိုးစွတ်စွတ်ချုပ်သည်ထိ လိင်တူချစ်သူတွေရဲ့ ပျော်ပါးကျက်စားရာနေရာဖြစ်သလို အခကြေးငွေ နဲ့ ပျော်ပါးဖို့ လာရောက်စောင့်ဆိုင်းသူ ခေါ်ယူစားသုံးဖို့ လာရောက်လေ့လာခေါ်ယူသူတွေ စည်ကားရာနေရာလဲဖြစ်ခဲ့ ပါတယ်။
ထိုခေတ်က မင်္ဂလာ ရုပ်ရှင်ရုံ နဲ့ မျက်နှာချင်းဆိုင် ပြည်သူ့ကုန်တိုက်ထဲကို ပုဂံတံတားပေါ်တက် ကုန်တိုက်ထဲဝင် ဘယ်ချိုးလိုက်ရင် စာအုပ် အဟောင်း ဆိုင်ကြီး ရှေ့တည့်တည့် က အခပေး အိမ်သာဟာလဲ လိင်တူ ချစ်သူတွေရဲ့ ပျော်စရာ နေရာလေးတစ်ခုဆိုတာ ရောက်ဘူး သူတိုင်း မငြင်းနိုင်ပါဘူး အေးဆေးတိတ်ဆိတ်သလို အတွင်းဘက်က အုတ်အိမ်သာ အခန်း ၆ ခန်းဟာ လုံခြုံပီး အတွင်းမှာ ကျယ်ဝန်း တာကြောင့် လူ အယောက်များများ ရပ်စောင့်ရင်း ဖန်တီး လို့ ရသလို အဆင်ပြေရင် အိမ်သာထဲ ၂ ပါးသွား က ကြတာများပါတယ် ဒါတောင် တစ်ချို့ လိင်တူချစ်သူတွေက မကြောက်မရှ အပေါ်ကို တွယ်တက် ချောင်းကြ ပါသေးရဲ့။
ဗန္ဓုလလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းက ဂုံးကျော်တံတားကတော့ ညဘက်တွေမှာ ခပ်သန့်သန့်လေးတွေ လိင်တူစုံတွဲ ချစ်သူတွေ အေးဆေး ရှာဖွေ တဲ့ လိင်တူချစ်သူနေရာလေးပါဘဲ။ 
ကဲ ဒီလောက်ဆိုရင် လွန်ခဲ့သော နှစ် ၂၀ လောက်က လိင်တူချစ်သူတွေ ကျင်လည်ရာ နေရာလေးတွေ ကို မှတ်မိသလောက် ယခုခေတ် လိင်တူလေးတွေ ဗဟုသုတ ရစေလို၍ တင်ပြပေးချင်းဖြစ်ပါတယ်။
မူရင်းရေးသားမျှဝေသူ - ကိုသုတလုလင်
*** အမှာစကား (မည်သည့်နေရာမဆို sex ဖြစ်လျှင် Condom မဖြစ်မနေ သုံးခြင်းဖြင့် မိမိရော သူများအတွက်ပါ ကာကွယ်ပါ)။
[Zawgyi]တစ်ခေတ်တစ်ခါက လိင်တူချစ်သူတို့ဆုံရပ်ဖြစ်ခဲ့တဲ့ ရွာသာယာအချို့
#Underground_Toilets 
#Gays
#ဗဟုသုတ
#သုတလုလင်
No comments: