Monday, April 18, 2022

ဟိုက်ဖန်လုပ်၍ အုပ်စုလိုက် GS (Group Sex) လုပ်ခြင်းများ



  #မူးယစ်ဆေးအန္တရာယ်သိမှတ်ဖွယ် 

#မက်သ်ခရစ္စတယ်သည်လိင်တူအမျိုးသားများအိတ်ချ်အိုင်ဗွီကူးစက်စေသည့် #အန္တရာယ်အကြီးမားဆုံးသောအချက်များတွင်တခုအပါအဝင်ဖြစ်


(24 SEP 2020, Gay Star News ဝက်ဘ်ဆိုဒ်မှ ဆောင်းပါးရှင် David Hudson ၏ Crystal meth is one of the biggest risk factors in gay men acquiring HIV ဆောင်းပါးကို ဘာသာပြန်ဖော်ပြပါသည်) 


 အမေရိကန်ပြည်ထောင်စု၌ တနှစ်အတွင်း အမျိုးသား ၅ ထောင် နီးပါးသည် အန္တရာယ်အရှိဆုံးသောအပြုအမူများတွင် တခုဖြစ်သော မက်သ်အသုံးပြုခြင်းမျိုး ရှိကြောင်း လေ့လာမှုအသစ်တခုက တွေ့ရှိခဲ့သည်။ 


 သုတေသီများက #အုပ်စုလိုက်ပါတီပွဲများဆင်နွှဲပျော်ပါးခြင်း ၏ အရင်းအမြစ်ကို တပ်လှန့်နှိုးဆော်လိုက်သည်။ 


 အမေရိကန်ပြည်ထောင်စု၏ လေ့လာမှုအသစ်တခုက HIV ကူးစက်ခံရနိုင်သည့် မက်သ် ပုံမှန်အသုံးပြုခြင်းမျိုး ကဲ့သို့သော  လိင်တူအမျိုးသားများရင်ဆိုင်နေရသည့် အန္တရာယ်အကြီးမားဆုံးအချက်များကို ရှာဖွေလေ့လာခဲ့သည်။ အဆိုပါ မူးယစ်ဆေးက အခြားအကျိုးသက်ရောက်မှုများထက်  လိင်ပိုင်းဆိုင်ရာအခြေအနေများတွင် ပိုမို အန္တရာယ်ရှိစေသည်။ 


 အဆိုပါ လေ့လာမှုအကြောင်းကို ယခုလ (2020 စက်တင်ဘာ) ထုတ် ခုခံအားကျဆင်းမှုကူးစက်ရောဂါဂျာနယ် (JAIDS) တွင် ဖော်ပြထားသည်။ အဆိုပါ လေ့လာမှုသည် ၁၂ လ (တနှစ်) ကျော် ကာလအတွင်း အမေရိကန်ပြည်ထောင်စုမှ လိင်တူ နှင့် လိင်တူလိင်ကွဲနှစ်သက်သူ အမျိုးသားပေါင်း 4786 ယောက်ကျော်ကို အခြေခံမေးမြန်းထားခြင်း ဖြစ်သည်။ 


အဆိုပါ အမျိုးသားများကို ချိန်းတွေ့သည့် အပလီကေးရှင်းများမှတဆင့် စုစည်းပါဝင်စေခဲ့ပြီး အသက် ၁၆ နှစ်မှ ၄၉ နှစ်ကြားအရွယ် အမျိုးသားများ နှင့် HIV ကာကွယ်ဆေးဖြစ်သော PrEP မသောက်ထားသောသူများဖြစ်ကြသည်။ လေ့လာမှု၏ အစတွင် ၎င်းတို့အားလုံးကို HIV ရှိမရှိ စစ်ဆေးထားပြီး ၎င်းနောက် လစဥ် ပုံမှန်စစ်ဆေးခဲ့သည်။ 


 အဆိုပါ လေ့လာမှုက တွေ့ရှိခဲ့ရာတွင် 


- လေ့လာမှု ၁၂ လတာ ကာလအတွင်းတွင် လေ့လာမှုပြုလုပ်နေသူများမှ 2.5 % (115 ယောက်) မှာ HIV ကူးစက်ခံခဲ့ရသည်။ 

- လေ့လာမှုပြုလုပ်သူများ၏ 14 % မှာ မက်သ် မူးယစ်ဆေး အသုံးပြုခဲ့ကြကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါ အမျိုးသားအားလုံး၏ လေးပုံသုံးပုံမှာ မူးယစ်ဆေးဝါး အမြဲသုံးစွဲလေ့ရှိကြောင်း တွေ့ရှိခဲ့ရသည်။ 

- မက်သ်မူးယစ်ဆေး ပုံမှန်အသုံးပြုသူများမှာ အဆိုပါ လေ့လာမှု ကာလအတွင်း သုံးပုံတပုံ (115 ယောက်တွင် 41 ယောက်) မှာ HIV ကူးစက်ခံခဲ့ရသည်။ တနည်းဆိုရသော် မက်သ်မူးယစ်ဆေး ပုံမှန် အသုံးပြုသူများသည် လုံးဝမသုံးသူများထက် HIV ကူးစက်နိုင်ခြေ ၄ ဆ ပိုမို များပြားလျက်ရှိကြောင်း တွေ့ရသည်။ 


 မက်သ်ာဖက်တမင်းသုံးစွဲမှုက တဆက်တည်းမှာပင် အရှက်အကြောက်များ လျော့နည်းသွားပြီး လိင်ပိုင်းဆိုင်ရာ စိတ်ကြွခြင်းများ ပိုမို တိုးမြင့်လာခြင်းမှ တဆင့် HIV ကူးစက်နိုင်မှု အန္တရာယ်ကို ပိုမိုဆိုးဝါးစေကြောင်း လေ့လာသူများက ဆိုသည်။ 


ကျနော်တို့ရဲ့ တွေ့ရှိချက်တွေက လိင်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ ဖြစ်တည်မှု လူနည်းစုများအကြားတွင် HIV ကူးစက်ရောဂါ ပြန့်ပွားမှုကို အဆုံးသတ်ရန် ကူညီဖြေရှင်းပေးနိုင်ကောင်း ပေးနိုင်မည့် အရာများအဖြစ် မက်သ်သာအမ်ဖက်တမင်း သုံးစွဲမှုနှင့် ၎င်း၏ ဆက်စပ်အန္တရာယ်များကို အလင်းပြပေးဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ် ဟု ဖော်ပြခဲ့ပါသည်။ 


 #မက်သ်သာအမ်ဖက်တမင်း ကို တီနာ (Tina), ခရစ္စတယ် (Crystal), မက်သ် (Meth), အိုက်စ် (Ice), ဂလတ်စ် (glass), ခရစ္စတင်း (Christine), ယာဘ (Yabba) ဟု သုံးနှုန်းခေါ်ဝေါ်ကြသည်။ 


 အမ်ဖက်တမင်းအုပ်စုဝင် မက်သ်သာအမ်ဖက်တမင်းသည် သုံးစွဲသူများကို နိုးကြားတက်ကြွနေစေခြင်း၊ မြူးထူးရွှင်လန်းနေစေခြင်းများ ဖြစ်စေပြီး လိင်ဆက်ဆံရာတွင် လိင်စိတ်များကို တက်ကြွနှိုးဆွပေးလေ့ရှိသည်။ မအိပ်မစားဘဲ အချိန်အတော်ကြာနေနိုင်စေသည်။


 သုံးစွဲမှုမှာ ပုံမှန်အားဖြင့် ရှုရှိုက်ခြင်းပုံစံမျိုးဖြစ်ပြီး ၄ နာရီ မှာ ၂၄ နာရီ (တရက်) ကြာသည်အထိ #အာနိသင် ရှိနေစေသည်။ 


 #အန္တရာယ်ဖြစ်နိုင်မှု အနေဖြင့် စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ သံသယစိတ်များ ဖြစ်ပေါ်လာခြင်း၊ စိတ်ရှုပ်ထွေးခြင်းများမှသည် ပြင်းထန်သော စိတ်ဝေဒနာအထိဖြစ်နိုင်သည်။ နှလုံးခုန်နှုန်း မြန်စေခြင်း၊ သွေးဖိအားများလာခြင်း (သွေးတက်လာခြင်း) တို့နှင့်အတူ နှလုံးရောဂါဖြစ်ပွားမှုကို ပိုမို မြင့်မားစေနိုင်သည်။ လိင်စိတ်များ ထကြွနေပြီး တချိန်လုံး လိင်တံ ထောင်မတ်နေခြင်းစသော အန္တရာယ်များဖြစ်ပေါ်နိုင်သည်။ 


 PrEP သောက်သုံးနေသူများအဖို့ မက်သ် သုံးစွဲထားပါက ပုံမှန်ဆေးသောက်ရမည့်အချိန်များကို မေ့သွားခြင်းများစသော အကျိုးသက်ရောက်မှုများ ရှိစေနိုင်သည်။ မက်သ်သာဖက်တမင်း သုံးစွဲထားသူများအနေဖြင့် လိင်ဆက်ဆံရာတွင် အကာအကွယ် ကွန်ဒုံးအသုံးပြုရန် မေ့သွားခြင်းများရှိကာ HIV ကူးစက်နိုင်မှု အန္တရာယ်ကို များစွာ မြင့်မားစေလျက်ရှိသည်။ 


 အခြားမူးယစ်ဆေးများ သို့မဟုတ် အရက်ယမကာ တို့နှင့် ရောစပ်ထားခြင်းမျိုး မဟုတ်လျှင် မက်သ် သက်သက်အနေဖြင့် ပမာဏများလျှင်လည်း ကလပ်များတွင် အသုံးပြုလေ့ရှိသော အာရုံကြော မူးယစ်ထိုင်းမှိုင်းစေတတ်သော GHB လောက် အန္တရာယ်မရှိပေ။ သို့ရာတွင် မက်သ် (အိုက်စ် / ဟိုက်ဖန်) သည် လွန်စွာ စွဲလမ်းစေသော မူးယစ်ဆေးတမျိုးဖြစ်ပြီး သုံးစွဲသူများမှာ အလွယ်တကူ စွဲသွားနိုင်ပေသည်။ 


 မက်သ် (အိုက်စ်/ ဟိုက်ဖန်) သုံးစွဲသူများအနေဖြင့် ဖြစ်လာနိုင်သော အန္တရာယ်ကို လျော့နည်းစေရန် အထူးမူးယစ်ထုံထိုင်းဆေး GHB သို့မဟုတ် အရက်ယမကာစသည်တို့နှင့် ရောနှော သုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်း၊ အကြောထဲ ထိုးသွင်းမှုကို ရှောင်ကြဉ်ခြင်း တို့ ပြုလုပ်နိုင်သော်လည်း အလွယ်တကူ စွဲလမ်းစေနိုင်သော မူးယစ်ဆေးဝါးဖြစ်သဖြင့် #လုံးဝအစလုပ်မသုံးစွဲကြရန် ကျွမ်းကျင်သူများက တိုက်တွန်း အကြံပေးထားပါသည်။ 


By David Hudson


 မြန်မာနိုင်ငံအနေဖြင့် ၁၉၆၁ ခုနှစ် မူးယစ်ဆေးဝါးဆိုင်ရာ စာချုပ်ကို ကမ္ဘာ့ကုလသမဂ္ဂတွင် လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၇၄ ခုနှစ် ဗီယက်နမ်နိုင်ငံ၌ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအတွက် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၇၄ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဥပဒေ၊ ၁၉၈၈ ခုနှစ် မတ်လ ၂၂ ရက်တွင် ၁၉၇၄ ခုနှစ် မူးယစ်ထုံတိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့၌ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအား နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁/၉၃ ဖြင့် အစားထိုးပြဋ္ဌာန်းခဲ့သည်။ ထို့နောက် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ၂၀၁၈ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်-၆ ဖြစ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းခဲ့သည်။ 

(Ref: Myanmar Digital News)


 #၁၉၉၃ခုနှစ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ (၁၅) တွင် မူးယစ်ဆေးသုံးစွဲသူများကို ထောင်ဒဏ် (၃) နှစ်မှ အများဆုံး (၅) နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ပြဌာန်းခဲ့သော်လည်း #၂၀၁၈ခုနှစ်ပြင်ဆင်ချက်ဥပဒေ တွင် အဆိုပါ ပြဌာန်းချက် ပုဒ်မ (၁၅) ကို ပယ်ဖျက်ပေးခဲ့သည်။ 


 မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ဆောင် သိုလှောင် ဖြန့်ဖြူး ရောင်းချသူများအနေဖြင့် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ (၁၆) (၁၇) (၁၈) (၁၉) (၂၀) (၂၁) (၂၂) (၂၃) (၂၄) (၂၅) တို့တွင် ပြစ်မှုပြစ်ဒဏ်များပြဌာန်းထားပြီး  ပြစ်မှုအခြေအနေပေါ်မူတည်၍ #အနည်းဆုံးထောင်ဒဏ် (၅) နှစ်မှ #အများဆုံး နှစ်အကန့်အသတ်မရှိထောင်ဒဏ် ဖြစ်စေ သို့မဟုတ် #သေဒဏ် အထိ ဖြစ်စေ ချမှတ် စီရင် ခံရနိုင်ကြောင်း ပြဌာန်းထားသည်။ 


ဗဟုသုတအဖြစ် ပိုမို သိရှိလိုပါက အောက်ပါလင့်များမှတဆင့် သွားရောက်လေ့လာနိုင်ပါသည်။ 


 ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ 

https://www.mlis.gov.mm/mLsView.do;jsessionid=E993416502F5B3690DB1B77C4A00490D?lawordSn=9962


 ၂၀၁၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကိုပြင်ဆင်သည့်ဥပဒေ

https://www.mlis.gov.mm/mLsView.do;jsessionid=7221EA2E6B08CD191C3FE77CB27BE511?lawordSn=9781


လူငယ်များ အထူးသဖြင့် လိင်တူနှစ်သက်သူများ၊ လိင်တူလိင်ကွဲနှစ်သက်သူများအနေဖြင့် အကြမ်းဖျင်းမျှ သိရှိထားနိုင်ရန် လိုအပ်ပါကြောင်း မျှဝေအပ်ပါသည်။ 


 HF ဟိုက်ဖန် လုပ်ခြင်းများ၊ ဟိုက်ဖန်လုပ်၍ အုပ်စုလိုက် GS (Group Sex) လုပ်ခြင်းများကို ရှောင်ရှားကြပါရန် တိုက်တွန်းလိုက်ပါသည်။ အချို့သော စာသားအကြောင်းအရာများမှာ အကြောင်းအရာတခုကို သိရှိအောင် ဖော်ပြလိုရင်းသာ ဖြစ်ပြီး စမ်းသပ် သုံးစွဲစေရန် ရည်ရွယ်ခြင်းမရှိကြောင်း သိစေအပ်ပါသည်။ 


( Adam Lovegood )


(Zawgyi)

#မူးယစ္ေဆးအႏၲရာယ္သိမွတ္ဖြယ္ 




#မက္သ္ခရစၥတယ္သည္လိင္တူအမ်ိဳးသားမ်ားအိတ္ခ်္အိုင္ဗြီကူးစက္ေစသည့္ #အႏၲရာယ္အႀကီးမားဆုံးေသာအခ်က္မ်ားတြင္တခုအပါအဝင္ျဖစ္


(24 SEP 2020, Gay Star News ဝက္ဘ္ဆိုဒ္မွ ေဆာင္းပါးရွင္ David Hudson ၏ Crystal meth is one of the biggest risk factors in gay men acquiring HIV ေဆာင္းပါးကို ဘာသာျပန္ေဖာ္ျပပါသည္) 


 အေမရိကန္ျပည္ေထာင္စု၌ တႏွစ္အတြင္း အမ်ိဳးသား ၅ ေထာင္ နီးပါးသည္ အႏၲရာယ္အရွိဆုံးေသာအျပဳအမူမ်ားတြင္ တခုျဖစ္ေသာ မက္သ္အသုံးျပဳျခင္းမ်ိဳး ရွိေၾကာင္း ေလ့လာမႈအသစ္တခုက ေတြ႕ရွိခဲ့သည္။ 


 သုေတသီမ်ားက #အုပ္စုလိုက္ပါတီပြဲမ်ားဆင္ႏႊဲေပ်ာ္ပါးျခင္း ၏ အရင္းအျမစ္ကို တပ္လွန႔္ႏႈိးေဆာ္လိုက္သည္။ 


 အေမရိကန္ျပည္ေထာင္စု၏ ေလ့လာမႈအသစ္တခုက HIV ကူးစက္ခံရႏိုင္သည့္ မက္သ္ ပုံမွန္အသုံးျပဳျခင္းမ်ိဳး ကဲ့သို႔ေသာ  လိင္တူအမ်ိဳးသားမ်ားရင္ဆိုင္ေနရသည့္ အႏၲရာယ္အႀကီးမားဆုံးအခ်က္မ်ားကို ရွာေဖြေလ့လာခဲ့သည္။ အဆိုပါ မူးယစ္ေဆးက အျခားအက်ိဳးသက္ေရာက္မႈမ်ားထက္  လိင္ပိုင္းဆိုင္ရာအေျခအေနမ်ားတြင္ ပိုမို အႏၲရာယ္ရွိေစသည္။ 


 အဆိုပါ ေလ့လာမႈအေၾကာင္းကို ယခုလ (2020 စက္တင္ဘာ) ထုတ္ ခုခံအားက်ဆင္းမႈကူးစက္ေရာဂါဂ်ာနယ္ (JAIDS) တြင္ ေဖာ္ျပထားသည္။ အဆိုပါ ေလ့လာမႈသည္ ၁၂ လ (တႏွစ္) ေက်ာ္ ကာလအတြင္း အေမရိကန္ျပည္ေထာင္စုမွ လိင္တူ ႏွင့္ လိင္တူလိင္ကြဲႏွစ္သက္သူ အမ်ိဳးသားေပါင္း 4786 ေယာက္ေက်ာ္ကို အေျခခံေမးျမန္းထားျခင္း ျဖစ္သည္။ 


အဆိုပါ အမ်ိဳးသားမ်ားကို ခ်ိန္းေတြ႕သည့္ အပလီေကးရွင္းမ်ားမွတဆင့္ စုစည္းပါဝင္ေစခဲ့ၿပီး အသက္ ၁၆ ႏွစ္မွ ၄၉ ႏွစ္ၾကားအ႐ြယ္ အမ်ိဳးသားမ်ား ႏွင့္ HIV ကာကြယ္ေဆးျဖစ္ေသာ PrEP မေသာက္ထားေသာသူမ်ားျဖစ္ၾကသည္။ ေလ့လာမႈ၏ အစတြင္ ၎တို႔အားလုံးကို HIV ရွိမရွိ စစ္ေဆးထားၿပီး ၎ေနာက္ လစဥ္ ပုံမွန္စစ္ေဆးခဲ့သည္။ 


 အဆိုပါ ေလ့လာမႈက ေတြ႕ရွိခဲ့ရာတြင္ 


- ေလ့လာမႈ ၁၂ လတာ ကာလအတြင္းတြင္ ေလ့လာမႈျပဳလုပ္ေနသူမ်ားမွ 2.5 % (115 ေယာက္) မွာ HIV ကူးစက္ခံခဲ့ရသည္။ 

- ေလ့လာမႈျပဳလုပ္သူမ်ား၏ 14 % မွာ မက္သ္ မူးယစ္ေဆး အသုံးျပဳခဲ့ၾကေၾကာင္း ေတြ႕ရွိခဲ့ရသည္။ အဆိုပါ အမ်ိဳးသားအားလုံး၏ ေလးပုံသုံးပုံမွာ မူးယစ္ေဆးဝါး အၿမဲသုံးစြဲေလ့ရွိေၾကာင္း ေတြ႕ရွိခဲ့ရသည္။ 

- မက္သ္မူးယစ္ေဆး ပုံမွန္အသုံးျပဳသူမ်ားမွာ အဆိုပါ ေလ့လာမႈ ကာလအတြင္း သုံးပုံတပုံ (115 ေယာက္တြင္ 41 ေယာက္) မွာ HIV ကူးစက္ခံခဲ့ရသည္။ တနည္းဆိုရေသာ္ မက္သ္မူးယစ္ေဆး ပုံမွန္ အသုံးျပဳသူမ်ားသည္ လုံးဝမသုံးသူမ်ားထက္ HIV ကူးစက္ႏိုင္ေျခ ၄ ဆ ပိုမို မ်ားျပားလ်က္ရွိေၾကာင္း ေတြ႕ရသည္။ 


 မက္သ္ာဖက္တမင္းသုံးစြဲမႈက တဆက္တည္းမွာပင္ အရွက္အေၾကာက္မ်ား ေလ်ာ့နည္းသြားၿပီး လိင္ပိုင္းဆိုင္ရာ စိတ္ႂကြျခင္းမ်ား ပိုမို တိုးျမင့္လာျခင္းမွ တဆင့္ HIV ကူးစက္ႏိုင္မႈ အႏၲရာယ္ကို ပိုမိုဆိုးဝါးေစေၾကာင္း ေလ့လာသူမ်ားက ဆိုသည္။ 


က်ေနာ္တို႔ရဲ႕ ေတြ႕ရွိခ်က္ေတြက လိင္ပိုင္းဆိုင္ရာႏွင့္ လိင္ပိုင္းဆိုင္ရာ ျဖစ္တည္မႈ လူနည္းစုမ်ားအၾကားတြင္ HIV ကူးစက္ေရာဂါ ျပန႔္ပြားမႈကို အဆုံးသတ္ရန္ ကူညီေျဖရွင္းေပးႏိုင္ေကာင္း ေပးႏိုင္မည့္ အရာမ်ားအျဖစ္ မက္သ္သာအမ္ဖက္တမင္း သုံးစြဲမႈႏွင့္ ၎၏ ဆက္စပ္အႏၲရာယ္မ်ားကို အလင္းျပေပးဖို႔ လိုအပ္မွာျဖစ္ေၾကာင္း ေျပာၾကားလိုပါတယ္ ဟု ေဖာ္ျပခဲ့ပါသည္။ 


 #မက္သ္သာအမ္ဖက္တမင္း ကို တီနာ (Tina), ခရစၥတယ္ (Crystal), မက္သ္ (Meth), အိုက္စ္ (Ice), ဂလတ္စ္ (glass), ခရစၥတင္း (Christine), ယာဘ (Yabba) ဟု သုံးႏႈန္းေခၚေဝၚၾကသည္။ 


 အမ္ဖက္တမင္းအုပ္စုဝင္ မက္သ္သာအမ္ဖက္တမင္းသည္ သုံးစြဲသူမ်ားကို ႏိုးၾကားတက္ႂကြေနေစျခင္း၊ ျမဴးထူး႐ႊင္လန္းေနေစျခင္းမ်ား ျဖစ္ေစၿပီး လိင္ဆက္ဆံရာတြင္ လိင္စိတ္မ်ားကို တက္ႂကြႏႈိးဆြေပးေလ့ရွိသည္။ မအိပ္မစားဘဲ အခ်ိန္အေတာ္ၾကာေနႏိုင္ေစသည္။


 သုံးစြဲမႈမွာ ပုံမွန္အားျဖင့္ ရႈရႈိက္ျခင္းပုံစံမ်ိဳးျဖစ္ၿပီး ၄ နာရီ မွာ ၂၄ နာရီ (တရက္) ၾကာသည္အထိ #အာနိသင္ ရွိေနေစသည္။ 


 #အႏၲရာယ္ျဖစ္ႏိုင္မႈ အေနျဖင့္ စိတ္ဂေယာင္ေျခာက္ျခားျဖစ္ျခင္း၊ သံသယစိတ္မ်ား ျဖစ္ေပၚလာျခင္း၊ စိတ္ရႈပ္ေထြးျခင္းမ်ားမွသည္ ျပင္းထန္ေသာ စိတ္ေဝဒနာအထိျဖစ္ႏိုင္သည္။ ႏွလုံးခုန္ႏႈန္း ျမန္ေစျခင္း၊ ေသြးဖိအားမ်ားလာျခင္း (ေသြးတက္လာျခင္း) တို႔ႏွင့္အတူ ႏွလုံးေရာဂါျဖစ္ပြားမႈကို ပိုမို ျမင့္မားေစႏိုင္သည္။ လိင္စိတ္မ်ား ထႂကြေနၿပီး တခ်ိန္လုံး လိင္တံ ေထာင္မတ္ေနျခင္းစေသာ အႏၲရာယ္မ်ားျဖစ္ေပၚႏိုင္သည္။ 


 PrEP ေသာက္သုံးေနသူမ်ားအဖို႔ မက္သ္ သုံးစြဲထားပါက ပုံမွန္ေဆးေသာက္ရမည့္အခ်ိန္မ်ားကို ေမ့သြားျခင္းမ်ားစေသာ အက်ိဳးသက္ေရာက္မႈမ်ား ရွိေစႏိုင္သည္။ မက္သ္သာဖက္တမင္း သုံးစြဲထားသူမ်ားအေနျဖင့္ လိင္ဆက္ဆံရာတြင္ အကာအကြယ္ ကြန္ဒုံးအသုံးျပဳရန္ ေမ့သြားျခင္းမ်ားရွိကာ HIV ကူးစက္ႏိုင္မႈ အႏၲရာယ္ကို မ်ားစြာ ျမင့္မားေစလ်က္ရွိသည္။ 


 အျခားမူးယစ္ေဆးမ်ား သို႔မဟုတ္ အရက္ယမကာ တို႔ႏွင့္ ေရာစပ္ထားျခင္းမ်ိဳး မဟုတ္လွ်င္ မက္သ္ သက္သက္အေနျဖင့္ ပမာဏမ်ားလွ်င္လည္း ကလပ္မ်ားတြင္ အသုံးျပဳေလ့ရွိေသာ အာ႐ုံေၾကာ မူးယစ္ထိုင္းမႈိင္းေစတတ္ေသာ GHB ေလာက္ အႏၲရာယ္မရွိေပ။ သို႔ရာတြင္ မက္သ္ (အိုက္စ္ / ဟိုက္ဖန္) သည္ လြန္စြာ စြဲလမ္းေစေသာ မူးယစ္ေဆးတမ်ိဳးျဖစ္ၿပီး သုံးစြဲသူမ်ားမွာ အလြယ္တကူ စြဲသြားႏိုင္ေပသည္။ 


 မက္သ္ (အိုက္စ္/ ဟိုက္ဖန္) သုံးစြဲသူမ်ားအေနျဖင့္ ျဖစ္လာႏိုင္ေသာ အႏၲရာယ္ကို ေလ်ာ့နည္းေစရန္ အထူးမူးယစ္ထုံထိုင္းေဆး GHB သို႔မဟုတ္ အရက္ယမကာစသည္တို႔ႏွင့္ ေရာေႏွာ သုံးစြဲျခင္းကို ေရွာင္ၾကဥ္ျခင္း၊ အေၾကာထဲ ထိုးသြင္းမႈကို ေရွာင္ၾကဥ္ျခင္း တို႔ ျပဳလုပ္ႏိုင္ေသာ္လည္း အလြယ္တကူ စြဲလမ္းေစႏိုင္ေသာ မူးယစ္ေဆးဝါးျဖစ္သျဖင့္ #လုံးဝအစလုပ္မသုံးစြဲၾကရန္ ကြၽမ္းက်င္သူမ်ားက တိုက္တြန္း အႀကံေပးထားပါသည္။ 


By David Hudson


 ျမန္မာႏိုင္ငံအေနျဖင့္ ၁၉၆၁ ခုႏွစ္ မူးယစ္ေဆးဝါးဆိုင္ရာ စာခ်ဳပ္ကို ကမာၻ႔ကုလသမဂၢတြင္ လက္မွတ္ေရးထိုးခဲ့သည္။ ၁၉၇၄ ခုႏွစ္ ဗီယက္နမ္ႏိုင္ငံ၌ မူးယစ္ေဆးဝါး တားဆီးကာကြယ္ေရးအတြက္ ႏိုင္ငံတကာပူးေပါင္း ေဆာင္႐ြက္ေရး စာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့သည္။ ၁၉၇၄ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔တြင္ မူးယစ္ထုံထိုင္း ေဘးျဖစ္ေစတတ္ေသာ ဥပေဒ၊ ၁၉၈၈ ခုႏွစ္ မတ္လ ၂၂ ရက္တြင္ ၁၉၇၄ ခုႏွစ္ မူးယစ္ထုံတိုင္း ေဘးျဖစ္ေစတတ္ေသာ ေဆးဝါးမ်ားဥပေဒကို ျပင္ဆင္သည့္ ဥပေဒ၊ ၁၉၉၃ ခုႏွစ္ ဇန္နဝါရီလ ၂၇ ရက္ေန႔၌ မူးယစ္ေဆးဝါးႏွင့္စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအား ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ႕ ဥပေဒအမွတ္ ၁/၉၃ ျဖင့္ အစားထိုးျပ႒ာန္းခဲ့သည္။ ထို႔ေနာက္ ၂၀၁၈ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၄ ရက္တြင္ ၂၀၁၈ခုႏွစ္ ျပည္ေထာင္စုလႊတ္ေတာ္ဥပေဒ အမွတ္-၆ ျဖစ္သည့္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒကို ျပင္ဆင္သည့္ ဥပေဒျပ႒ာန္းခဲ့သည္။ 

(Ref: Myanmar Digital News)


 #၁၉၉၃ခုႏွစ္မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒ ပုဒ္မ (၁၅) တြင္ မူးယစ္ေဆးသုံးစြဲသူမ်ားကို ေထာင္ဒဏ္ (၃) ႏွစ္မွ အမ်ားဆုံး (၅) ႏွစ္အထိ ျပစ္ဒဏ္ခ်မွတ္ႏိုင္ေၾကာင္း ျပဌာန္းခဲ့ေသာ္လည္း #၂၀၁၈ခုႏွစ္ျပင္ဆင္ခ်က္ဥပေဒ တြင္ အဆိုပါ ျပဌာန္းခ်က္ ပုဒ္မ (၁၅) ကို ပယ္ဖ်က္ေပးခဲ့သည္။ 


 မူးယစ္ေဆးဝါး ထုတ္လုပ္ သယ္ေဆာင္ သိုေလွာင္ ျဖန႔္ျဖဴး ေရာင္းခ်သူမ်ားအေနျဖင့္ ၁၉၉၃ ခုႏွစ္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒ ပုဒ္မ (၁၆) (၁၇) (၁၈) (၁၉) (၂၀) (၂၁) (၂၂) (၂၃) (၂၄) (၂၅) တို႔တြင္ ျပစ္မႈျပစ္ဒဏ္မ်ားျပဌာန္းထားၿပီး  ျပစ္မႈအေျခအေနေပၚမူတည္၍ #အနည္းဆုံးေထာင္ဒဏ္ (၅) ႏွစ္မွ #အမ်ားဆုံး ႏွစ္အကန႔္အသတ္မရွိေထာင္ဒဏ္ ျဖစ္ေစ သို႔မဟုတ္ #ေသဒဏ္ အထိ ျဖစ္ေစ ခ်မွတ္ စီရင္ ခံရႏိုင္ေၾကာင္း ျပဌာန္းထားသည္။ 


ဗဟုသုတအျဖစ္ ပိုမို သိရွိလိုပါက ေအာက္ပါလင့္မ်ားမွတဆင့္ သြားေရာက္ေလ့လာႏိုင္ပါသည္။ 


 ၁၉၉၃ ခုႏွစ္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒ 

https://www.mlis.gov.mm/mLsView.do;jsessionid=E993416502F5B3690DB1B77C4A00490D?lawordSn=9962


 ၂၀၁၈ ခုႏွစ္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒကိုျပင္ဆင္သည့္ဥပေဒ

https://www.mlis.gov.mm/mLsView.do;jsessionid=7221EA2E6B08CD191C3FE77CB27BE511?lawordSn=9781


လူငယ္မ်ား အထူးသျဖင့္ လိင္တူႏွစ္သက္သူမ်ား၊ လိင္တူလိင္ကြဲႏွစ္သက္သူမ်ားအေနျဖင့္ အၾကမ္းဖ်င္းမွ် သိရွိထားႏိုင္ရန္ လိုအပ္ပါေၾကာင္း မွ်ေဝအပ္ပါသည္။ 


 HF ဟိုက္ဖန္ လုပ္ျခင္းမ်ား၊ ဟိုက္ဖန္လုပ္၍ အုပ္စုလိုက္ GS (Group Sex) လုပ္ျခင္းမ်ားကို ေရွာင္ရွားၾကပါရန္ တိုက္တြန္းလိုက္ပါသည္။ အခ်ိဳ႕ေသာ စာသားအေၾကာင္းအရာမ်ားမွာ အေၾကာင္းအရာတခုကို သိရွိေအာင္ ေဖာ္ျပလိုရင္းသာ ျဖစ္ၿပီး စမ္းသပ္ သုံးစြဲေစရန္ ရည္႐ြယ္ျခင္းမရွိေၾကာင္း သိေစအပ္ပါသည္။ 


 (Adam Lovegood )


No comments: