Wednesday, April 13, 2022

လိင်တံ ၂ချောင်းဖြင့် မွေးလာသော အမျိုးသားမျာ

 လိင်တံ ၂ချောင်းဖြင့် မွေးလာသော အမျိုးသားများ




#အမျိုးသားကျန်းမာရေး

#လိင်တံပြဿနာများ


စာရေးသူ Ye Myo Myat မှ ရေးသားသည်။ 

Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။

(ဘယ်လိုပြောမလဲ ကိုယ်လက်အင်္ဂါချို့ယွင်းသူ/မသန်စွမ်းသူများစာရင်းမှာသွင်းရမလား၊ ဒါမှမဟုတ် ကုသိုလ်ထူးတဲ့ ယောက်ျားသား စားရင်းမှာထည့်ရမလားမပြောတတ်သော လိင်တံနှစ်ခုပါတဲ့ အမျိုးသားများအကြောင်း ဆောင်းပါးတစ်စောင်တွေ့တာမို့ ထပ်ဆင့်ဝေငှ လိုက်ပါတယ်။)


#လိင်တံ ၂ချောင်းဖြင့် မွေးလာသော အမျိုးသားများ

မွေးလာတဲ့အချိန်မှာ ယောက်ျားလေးက လိင်တံ ၂ချောင်း ခွဲထွက်နေတဲ့အခြေအနေကို Diphallia လို့ ခေါ်ပါတယ်။ ယောက်ျားလေး ၆သန်းမှာ တစ်ယောက်သာလျှင် ရှားရှားပါးပါး တွေ့ရတတ်တဲ့ အခြေအနေပါ။ လိင်တံ ၂ချောင်း ရှိခြင်းဟာ အန္တရာယ်များတာမျိုးတော့ မဟုတ်ပေမဲ့ သူ့မှာ နောက်ဆက်တွဲ စိုးရိမ်စရာ ကျန်းမာရေးပြဿနာတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် အစာချေဖျက်တဲ့ နေရာနဲ့ ဆီးလမ်းကြောင်း အစရှိတဲ့ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်နိုင်ပါတယ်။


#ဘယ်လိုလက္ခဏာတွေ ရှိလဲ။

Diphallia ဆိုတာ မွေးပြီးနောက်ပိုင်းမှ ဖြစ်လာတဲ့ အခြေအနေမဟုတ်ဘဲ မွေးလာကတည်းကိုက လိင်တံ ၂ခုအနေနဲ့ ကွဲထွက်ပြီး မွေးလာတာဖြစ်တဲ့အတွက် ဆရာဝန်တွေအနေနဲ့ ကလေးကို အလွယ်တကူ စစ်ဆေးကြည့်လို့ ရနိုင်ပါတယ်။


လိင်တံ၊ ဝှေးစေ့၊ ကပ္ပယ်အိတ်က ပုံမှန်မဟုတ်တာ

လိင်တံ ၂ခု ကွဲထွက်နေတာ (Penile Duplication)

ကပ္ပယ်အိတ်က နှစ်ဘက် ကွဲထွက်နေတာဆိုရင် Diphalia ရှိသူတွေမှာ အတွေ့များတဲ့ လက္ခဏာတွေလို့ ပြောလို့ ရပါတယ်။


#Diphallia ရောဂါကနေ ဒုတိယအတွေ့များတဲ့ ပြဿနာတွေကတော့

စအိုပေါက်မပွင့်ခြင်း (Anal Atresia)

ဆီးစွန့်ပြွန် ကွဲထွက်ခြင်း (Distal Urethral Duplication)

ကပ္ပယ်အိတ် အနေအထားမမှန်ခြင်း (Ectopic Scrotum) ဆိုပြီး လက္ခဏာ တစ်မျိုး သို့မဟုတ် အကုန်လုံး ဖြစ်နိုင်ပါတယ်။


#အတွေ့နည်းတဲ့ လက္ခဏာတွေကတော့

ကျောက်ကပ်တွေက ပုံမှန်အနေအထားမှာ မရှိတာ

ဆီးခုံအရိုး၊ သုက်ရည်ထွက်နှုန်း ပုံမမှန်တာ

မွေးရာပါ နှလုံးမြှေးနံရံမပိတ်သည့် ရောဂါ (Atrial Septal Defect)

ဆီးအိမ်က ခန္ဓါကိုယ် အပြင်ဘက် ရောက်နေတာ (Bladder Exstrophy)

ဝှေးစေ့က အောက်ကို တွဲကျမနေတာ (Cryptorchidism)

ဆီးပို့ပြွန် ၂ခုဖြစ်နေတာ

ကျောက်ကပ်တစ်ခု အပိုပါနေတာ

ကျောက်ကပ်က မြင်းခွာပုံစံ ဖြစ်နေတာ

အူကျွံခြင်း (Inguinal Hernia) အစရှိတဲ့ လက္ခဏာတို့ပဲ ဖြစ်ပါတယ်။


#မွေးရာပါ လိင်တံ ၂ချောင်း ကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။

Diphallia ဆိုတာ အကြောင်းရင်းတစ်စုံတစ်ရာ မရှိဘဲ မွေးရာပါချို့ယွင်းချက်အနေနဲ့ ပါလာတဲ့ရောဂါ ဖြစ်ပါတယ်။ မိဘမျိုးရိုး လိုက်ခြင်းလည်းမဟုတ်သလို ကိုယ်ဝန်ဆောင်နေစဉ် ကြိုတင်ကာကွယ်လို့ ရတဲ့ အရာလည်း မဟုတ်ပါဘူး။ လက်ရှိအခြေအနေထိလည်း Diphallia ကို ဖြစ်စေတဲ့ အကြောင်းရင်းတရားခံကို ရှာဖွေနိုင်ခြင်း မရှိသေးဘူးလို့ ပြောလို့ ရပါတယ်။


#ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသသင့်လဲ။

Diphallia ရဲ့ လက္ခဏာတွေကို စတင်တွေ့ရတဲ့အချိန် (ဥပမာ – လိင်တံက ၂ခု ခွဲထွက်နေတာမျိုး) ကတည်းက ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။ ကျန်းမာရေးပြဿနာတွေ၊ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ အခက်အခဲတွေ မရှိသေးသည့်တိုင်အောင် တခြားသော ကိုယ်တွင်းအင်္ဂါတွေမှာ ချို့ယွင်းချက်တွေ ရှိနေနိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်ရောဂါရဲ့ အခြေအနေကို ဆရာဝန်အနေနဲ့ စစ်ဆေးပြီးတော့မှ ခွဲစိတ်ကုသမှုကို ဆက်လုပ်ဖို့ အကြံပေးမှာ ဖြစ်ပါတယ်။


Diphallia လိင်တံ ၂ခု ပါတဲ့ ရောဂါဆိုတာ မွေးရာပါ ကိုယ်တွင်းအင်္ဂါ ချို့ယွင်းချက်ဖြစ်ပေမဲ့ တစ်သက်လုံး စိုးရိမ်ထိတ်လန့်ပြီး နေသွား စရာမလိုတဲ့ ရောဂါဖြစ်ပါတယ်။ ကိုယ့်အတွက် လိုအပ်မယ့် ကုသမှုကိုသာ သေချာပြုလုပ်ပေးမယ်ဆိုရင် ဒီရောဂါရှိနေတဲ့တိုင်အောင် သာမန်လူကောင်းတစ်ယောက်လိုပဲ အိမ်ထောင်ရေးနဲ့ လိင်မှုကိစ္စမှာ အခက်အခဲမရှိဘဲ ကျန်းကျန်းမာမာ နေသွားနိုင်မှာပါ။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi) 

လိင္တံ ၂ေခ်ာင္းျဖင့္ ေမြးလာေသာ အမ်ိဳးသားမ်ား




#အမ်ိဳးသားက်န္းမာေရး

#လိင္တံျပႆနာမ်ား


စာေရးသူ Ye Myo Myat မွ ေရးသားသည္။ 

Dr. Thurein Hlaing Win မွ အခ်က္အလက္ စစ္ေဆးထားပါသည္။

(ဘယ္လိုေျပာမလဲ ကိုယ္လက္အဂၤါခ်ိဳ႕ယြင္းသူ/မသန္စြမ္းသူမ်ားစာရင္းမွာသြင္းရမလား၊ ဒါမွမဟုတ္ ကုသိုလ္ထူးတဲ့ ေယာက္်ားသား စားရင္းမွာထည့္ရမလားမေျပာတတ္ေသာ လိင္တံႏွစ္ခုပါတဲ့ အမ်ိဳးသားမ်ားအေၾကာင္း ေဆာင္းပါးတစ္ေစာင္ေတြ႕တာမို႔ ထပ္ဆင့္ေ၀ငွ လိုက္ပါတယ္။)


#လိင္တံ ၂ေခ်ာင္းျဖင့္ ေမြးလာေသာ အမ်ိဳးသားမ်ား

ေမြးလာတဲ့အခ်ိန္မွာ ေယာက္်ားေလးက လိင္တံ ၂ေခ်ာင္း ခြဲထြက္ေနတဲ့အေျခအေနကို Diphallia လို႔ ေခၚပါတယ္။ ေယာက္်ားေလး ၆သန္းမွာ တစ္ေယာက္သာလွ်င္ ရွားရွားပါးပါး ေတြ႕ရတတ္တဲ့ အေျခအေနပါ။ လိင္တံ ၂ေခ်ာင္း ရွိျခင္းဟာ အႏၲရာယ္မ်ားတာမ်ိဳးေတာ့ မဟုတ္ေပမဲ့ သူ႔မွာ ေနာက္ဆက္တြဲ စိုးရိမ္စရာ က်န္းမာေရးျပႆနာေတြ ရွိႏိုင္ပါတယ္။ အထူးသျဖင့္ အစာေခ်ဖ်က္တဲ့ ေနရာနဲ႔ ဆီးလမ္းေၾကာင္း အစရွိတဲ့ ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ေတြ ျဖစ္ႏိုင္ပါတယ္။


#ဘယ္လိုလကၡဏာေတြ ရွိလဲ။

Diphallia ဆိုတာ ေမြးၿပီးေနာက္ပိုင္းမွ ျဖစ္လာတဲ့ အေျခအေနမဟုတ္ဘဲ ေမြးလာကတည္းကိုက လိင္တံ ၂ခုအေနနဲ႔ ကြဲထြက္ၿပီး ေမြးလာတာျဖစ္တဲ့အတြက္ ဆရာဝန္ေတြအေနနဲ႔ ကေလးကို အလြယ္တကူ စစ္ေဆးၾကည့္လို႔ ရႏိုင္ပါတယ္။


လိင္တံ၊ ေဝွးေစ့၊ ကပၸယ္အိတ္က ပုံမွန္မဟုတ္တာ

လိင္တံ ၂ခု ကြဲထြက္ေနတာ (Penile Duplication)

ကပၸယ္အိတ္က ႏွစ္ဘက္ ကြဲထြက္ေနတာဆိုရင္ Diphalia ရွိသူေတြမွာ အေတြ႕မ်ားတဲ့ လကၡဏာေတြလို႔ ေျပာလို႔ ရပါတယ္။


#Diphallia ေရာဂါကေန ဒုတိယအေတြ႕မ်ားတဲ့ ျပႆနာေတြကေတာ့

စအိုေပါက္မပြင့္ျခင္း (Anal Atresia)

ဆီးစြန႔္ႁပြန္ ကြဲထြက္ျခင္း (Distal Urethral Duplication)

ကပၸယ္အိတ္ အေနအထားမမွန္ျခင္း (Ectopic Scrotum) ဆိုၿပီး လကၡဏာ တစ္မ်ိဳး သို႔မဟုတ္ အကုန္လုံး ျဖစ္ႏိုင္ပါတယ္။


#အေတြ႕နည္းတဲ့ လကၡဏာေတြကေတာ့

ေက်ာက္ကပ္ေတြက ပုံမွန္အေနအထားမွာ မရွိတာ

ဆီးခုံအ႐ိုး၊ သုက္ရည္ထြက္ႏႈန္း ပုံမမွန္တာ

ေမြးရာပါ ႏွလုံးေျမႇးနံရံမပိတ္သည့္ ေရာဂါ (Atrial Septal Defect)

ဆီးအိမ္က ခႏၶါကိုယ္ အျပင္ဘက္ ေရာက္ေနတာ (Bladder Exstrophy)

ေဝွးေစ့က ေအာက္ကို တြဲက်မေနတာ (Cryptorchidism)

ဆီးပို႔ႁပြန္ ၂ခုျဖစ္ေနတာ

ေက်ာက္ကပ္တစ္ခု အပိုပါေနတာ

ေက်ာက္ကပ္က ျမင္းခြာပုံစံ ျဖစ္ေနတာ

အူကြၽံျခင္း (Inguinal Hernia) အစရွိတဲ့ လကၡဏာတို႔ပဲ ျဖစ္ပါတယ္။


#ေမြးရာပါ လိင္တံ ၂ေခ်ာင္း ကို ျဖစ္ေစတဲ့ အေၾကာင္းရင္းေတြက ဘာေတြလဲ။

Diphallia ဆိုတာ အေၾကာင္းရင္းတစ္စုံတစ္ရာ မရွိဘဲ ေမြးရာပါခ်ိဳ႕ယြင္းခ်က္အေနနဲ႔ ပါလာတဲ့ေရာဂါ ျဖစ္ပါတယ္။ မိဘမ်ိဳး႐ိုး လိုက္ျခင္းလည္းမဟုတ္သလို ကိုယ္ဝန္ေဆာင္ေနစဥ္ ႀကိဳတင္ကာကြယ္လို႔ ရတဲ့ အရာလည္း မဟုတ္ပါဘူး။ လက္ရွိအေျခအေနထိလည္း Diphallia ကို ျဖစ္ေစတဲ့ အေၾကာင္းရင္းတရားခံကို ရွာေဖြႏိုင္ျခင္း မရွိေသးဘူးလို႔ ေျပာလို႔ ရပါတယ္။


#ဆရာဝန္နဲ႔ ဘယ္အခ်ိန္မွာ ျပသသင့္လဲ။

Diphallia ရဲ႕ လကၡဏာေတြကို စတင္ေတြ႕ရတဲ့အခ်ိန္ (ဥပမာ – လိင္တံက ၂ခု ခြဲထြက္ေနတာမ်ိဳး) ကတည္းက ဆရာဝန္နဲ႔ ပုံမွန္စစ္ေဆးကုသမႈ ခံယူသင့္ပါတယ္။ က်န္းမာေရးျပႆနာေတြ၊ ကိုယ့္ရဲ႕ ေန႔စဥ္ဘဝမွာ အခက္အခဲေတြ မရွိေသးသည့္တိုင္ေအာင္ တျခားေသာ ကိုယ္တြင္းအဂၤါေတြမွာ ခ်ိဳ႕ယြင္းခ်က္ေတြ ရွိေနႏိုင္တဲ့အတြက္ ဆရာဝန္နဲ႔ ျပသဖို႔ အရမ္းအေရးႀကီးပါတယ္။ ကိုယ့္ေရာဂါရဲ႕ အေျခအေနကို ဆရာဝန္အေနနဲ႔ စစ္ေဆးၿပီးေတာ့မွ ခြဲစိတ္ကုသမႈကို ဆက္လုပ္ဖို႔ အႀကံေပးမွာ ျဖစ္ပါတယ္။


Diphallia လိင္တံ ၂ခု ပါတဲ့ ေရာဂါဆိုတာ ေမြးရာပါ ကိုယ္တြင္းအဂၤါ ခ်ိဳ႕ယြင္းခ်က္ျဖစ္ေပမဲ့ တစ္သက္လုံး စိုးရိမ္ထိတ္လန႔္ၿပီး ေနသြား စရာမလိုတဲ့ ေရာဂါျဖစ္ပါတယ္။ ကိုယ့္အတြက္ လိုအပ္မယ့္ ကုသမႈကိုသာ ေသခ်ာျပဳလုပ္ေပးမယ္ဆိုရင္ ဒီေရာဂါရွိေနတဲ့တိုင္ေအာင္ သာမန္လူေကာင္းတစ္ေယာက္လိုပဲ အိမ္ေထာင္ေရးနဲ႔ လိင္မႈကိစၥမွာ အခက္အခဲမရွိဘဲ က်န္းက်န္းမာမာ ေနသြားႏိုင္မွာပါ။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: