Friday, April 22, 2022

မေးမယ် ဖြေကွယ်

 အမျိုးသားများ ဆီးခုံမွေးရိတ်ဖို့လိုအပ်သလား?



ဆီးခုံမွေးရိတ်ခြင်း၊ မရိတ်ခြင်းဟာ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကောင်းခြင်း၊ ဆိုးခြင်းအတိအကျ သတ်မှတ်လို့မရပေမဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားတဲ့ အမျိုးသားတွေကတော့ ဆီးခုံမွေးရိတ်တတ်ကြသလို အမွေးအမျှင်ရှိမှ ယောက်ျားပီသတယ်လို့ ထင်သူများကလည်း တမင် အရှည်ထားကြတာမျိုးတွေ ရှိပါတယ်။


ဆီးခုံမွေးရိတ်တယ်ဆိုတာ တကယ်တော့ လိင်အင်္ဂါအပေါ်မှာ ဆီးခုံနေရာမှာရှိတဲ့ အမွေးအမျှင်ကြမ်းများကို ကပ်ကြေး၊ ဘလိတ်ဓား သို့မဟုတ် Wax ဖယောင်းနဲ့ ဖယ်ရှားတာကို ခေါ်တာပါ။ ဒီ့ထက်ပိုပြီး ဝှေးစေ့၊ ပေါင်ခြံ၊ လိင်အင်္ဂါနဲ့ စအိုကြားမှာရှိတဲ့ အမွေးအမျှင်ထိပါ ဖယ်ရှားလို့လည်း ရပါတယ်။


ဆီးခုံမွေးရိတ်ခြင်းရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။

 ချွေးထွက်နည်းလို့ အနံ့ဆိုးများ သိပ်မရှိတော့ပါဘူး။

 ဘက်တီးရီးယားနဲ့ မှိုပိုးများ ခိုအောင်းခြင်းနည်းသွားတဲ့အတွက် အရေပြားကျန်းမာရေးအတွက် ပိုကောင်းတယ်။

 ယားယံခြင်းနည်းသွားတယ်။

 တစ်ကိုယ်ရေအာသာဖြေရမှာဖြစ်စေ၊ လိင်ဆက်ဆံတဲ့အခါမှာဖြစ်စေ အမွေးအမျှင်နဲ့ ငြိတာ၊ ပွတ်ဆွဲမိတာ၊ မွေးကျွတ်နာဖြစ်တာတွေ မရှိတော့ဘူး။

 ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် လိင်အင်္ဂါအရွယ်အစား ပိုကြီးသွားတယ်လို့ ခံစားရတာကြောင့် ကြီးမှယောက်ျားပီသတယ်လို့ ထင်တဲ့ အမျိုးသားတွေအတွက်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုတိုးလာစေနိုင်ပါတယ်။


ဆီးခုံမွေးရိတ်ခြင်းရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ။

 မတော်တဆ ဓား၊ ကပ်ကြေးနဲ့ ထိခိုက်မိတဲ့အခါ အနာဖြစ်လွယ်တယ်။

 အနာဖြစ်တဲ့အခါ တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုမစိုက်ရင် ပိုးဝင်နိုင်တယ်။

 အမွေးရိတ်ပြီး ပြန်ပေါက်လာတဲ့အခါ ဆူးစူးသလို၊ အသားထဲက ယားသလို ခံစားရနိုင်တယ်။

 အမွေးရိတ်ပြီး ပြန်ပေါက်ကာစ အမွေးငုတ်တိုလေးတွေဟာ အလွန်စူးတဲ့အတွက် ကိုယ့်ဆက်ဆံဖော်အတွက် သက်သောင့်သက်သာမဖြစ်စေတာမျိုး ရှိနိုင်တယ်။

 အမွေးအမျှင်ရိတ်ဖို့ ကိုယ့်တစ်နေ့တာထဲက အချိန်တွေ တော်တော်လေးကုန်နိုင်တယ်။


ဒါကြောင့် အမျိုးသားများ ဆီးခုံမွေးရိတ်ခြင်း၊ မရိတ်ခြင်းဟာ မိမိတို့ရဲ့ အကြိုက်ပေါ်မှာသာမူတည်ပြီး ကျန်းမာရေးအရတော့ ကြီးကြီးမားမား ပြောင်းလဲသွားတာမျိုး မဖြစ်စေပါဘူး။ အကယ်လို့ အမွေးအမျှင်ရိတ်မယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ရေနွေးနွေးနဲ့ ဓား သို့မဟုတ် ကပ်ကြေးကို ဂရုစိုက်ပြီး ကိုင်တွယ်ဖို့နဲ့ မတော်တဆ ထိခိုက်မိတဲ့အခါမှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ အကြံပေးချင်ပါတယ်။


ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ ၁၀၀% အန္တရာယ်ကင်းရဲ့လား


ပါးစပ်နဲ့ တခြားသူရဲ့ လိင်အင်္ဂါတွေကို နှိုးဆွခြင်း၊ စုပ်ယူခြင်း၊ လျက်ခြင်းဟာ ထိုးသွင်းဆက်ဆံခြင်းထက် ဘေးအန္တရာယ်နည်းတယ်ဆိုပေမယ့် ၁၀၀% အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ 


ဘယ်လိုအခြေအနေမှာ အန္တရာယ်ရှိနိုင်လဲဆိုရင်

 ချစ်သူမဟုတ်တဲ့ သူစိမ်းနဲ့ လိင်ဆက်ဆံတာ

 လိင်ဆက်ဆံဖော်များတာ

 လိင်အင်္ဂါမှာ အနာဖြစ်နေတာ

 ပါးစပ်၊ လျှာ၊ အာခေါင်မှာ အနာဖြစ်ပြီး သွေးထွက်နေတာ

 သုက်ရည်ကို မျိုချမိတာ

 ပါးစပ်ထဲ သုက်လွှတ်လိုက်တာ

 သွားနဲ့ လိင်အင်္ဂါကို ခြစ်မိတာ

 လိင်အင်္ဂါမှာ သန့်ရှင်းမှုမရှိဘဲ အနံ့အသက်များ၊ အဖတ်များကပ်နေတာ စတာမျိုးတွေမှာ အန္တရာယ်ရှိနိုင်ပါတယ်။


ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းရဲ့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့

 လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ဝင်လာခြင်း

 လိင်အင်္ဂါအနာတရ ဖြစ်ခြင်း

 ပါးစပ်ထဲ ရောဂါပိုးမွှားများ ကပ်သွားပြီး မျိုချမိခြင်း

 မေးရိုးချောင်လာခြင်း

 ခံတွင်းခြောက်ပြီး ပိုးမွှားများ ကပ်နိုင်ခြင်း

 လည်ချောင်းနာခြင်း

 အာသီးရောင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။


လူတွေထင်ထားသလိုမျိုး သုက်ရည်မျိုချမိလို့၊ ပါးစပ်နဲ့ လိင်ဆက်ဆံလို့ ကိုယ်ဝန်ရသွားမယ်ဆိုတာတော့ မဟုတ်ပါဘူး။ အကောင်းဆုံးကတော့ ဘယ်လိုလိင်ဆက်ဆံမှုမျိုးကိုမဆို ကွန်ဒုံးအသုံးပြုဖို့ မမေ့ပါနဲ့။ ချစ်သူနဲ့ လိင်ဆက်ဆံတဲ့အခါမှာလည်း အတူမနေသေးဘူး၊ အိမ်ထောင်မပြုရသေးဘူးဆိုရင် ကွန်ဒုံးသုံးပါ။


ကွန်ဒုံးကို စနစ်တကျ အသုံးပြုခြင်းဟာ လိင်မှတစ်ဆင့် ကူးစက်ရောဂါများအပြင် မလိုလားတဲ့ ကိုယ်ဝန်ကိုပါ ထိရောက်စွာ တားဆီးပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါ။


ဝှေးစေ့တစ်လုံးနဲ့ တစ်လုံးမညီတာ ပုံမှန်ပဲလား


ဒါဟာ ပုံမှန်ဖြစ်နေကျ ကိစ္စတစ်ခုပါ။ 


များသောအားဖြင့် အမျိုးသားတွေမှာ မွေးရာပါ ဘယ်ဘက်ဝှေးစေ့နဲ့ ညာဘက်ဝှေးစေ့က အရွယ်အစားကွဲပြားတတ်ပြီး ညာဘက်ဝှေးစေ့သည် အရွယ်အစားပိုကြီးပြီးတော့ ဘယ်ဘက်ဝှေးစေ့ကတော့ အောက်ကို တွဲကျနေတတ်ပါတယ်။ 


တချို့အမျိုးသားတွေမှာတော့ ဒီအရွယ်အစားတွေရဲ့ ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးအရတော့ ကြီးကြီးမားမား ပြဿနာဖြစ်စေတာမျိုး မရှိပါဘူး။


ကိုယ့်ရဲ့ ဝှေးစေ့အရွယ်အစားက ပုံမှန်ထက် ရုတ်တရက်ပိုကြီးသွားတယ်ဆိုရင်တော့

 သုက်ပို့ပြွန်ရောင်တာ

 ဆီးလမ်းကြောင်းပိုးဝင်တာ

 ဝှေးစေ့ရောင်တာ

 ဝှေးစေ့ကင်ဆာဖြစ်နေတာ

 အူကျတာ

 သုက်ပို့ပြွန်အတွင်း ရောဂါပိုးဝင်ပြီး ပြည်တည်နေတာ

 ကပ်ပါယျအိတျအတှငျး အရည်များ စုပုံလာတာ

 ဝှေးစေ့လိမ်သွားတာတွေကြောင့် ဖြစ်နိုင်ပါတယ်။


ဝှေးစေ့အရွယ်အစား သေးခြင်းကတော့ ရုတ်တရက်မဟုတ်ဘဲ အသက်ကြီးလာတဲ့အခါမှသာ ဖြစ်တာများပါတယ်။ တခြားအကြောင်းရင်းများအနေနဲ့

 ကျားဟော်မုန်းနည်းလာတာ

 ဝှေးစေ့မှာ ထိခိုက်ဒဏ်ရာဖြစ်နေတာ

 ဆေးလိပ်အလွန်အကျွံသောက်တာ

 သုက်လွှတ်တဲ့အကြိမ်ရေ များလွန်းတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။


တစ်နေ့တာမှာ ရေချိုးတဲ့အချိန်တိုင်း ကိုယ့်ရဲ့ဝှေးစေ့ကို လက်ဖြင့်စမ်းသပ်ကြည့်ပါ။ အမြင်ပိုင်းမှာ ပြောင်းလဲမှုရှိမရှိ စစ်ဆေးပါ။ ပုံမှန်ထက်ပိုပြီး ရောင်နေတယ်၊ နာနေတယ်၊ အကျိတ်လုံးလို ခံစားရတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ပြပါ။ ကိုယ်က လိင်ပိုင်းဆိုင်ရာမှာ ဆက်ဆံဖော်များတယ်ဆိုရင် ၃ လတစ်ကြိမ် သွေးစစ်ပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ပိုဂရုစိုက်ပေးပါ။


ထိပ်အရေပြားရှည်လွန်းတဲ့အခါ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေ


အမျိုးသားတွေ လူပျိုဖြစ်ပြီးနောက်ပိုင်းမှာ တစ်ကိုယ်ရေအာသာဖြေမှု အကြိမ်ရေ များလာတဲ့အတွက် ထိပ်အရေပြားဟာ နောက်သို့ လန်သွားပါတယ်။ ထိပ်အရေပြား မဖြတ်ထားတဲ့တိုင်အောင် ထောင်မတ်နေချိန်မှာရော ပျော့နေချိန်မှာပါ လိင်တံထိပ်ဖူးကို အနည်းငယ် မြင်ရသလို အရေပြားကို နောက်လှန်ဆွဲဖို့လည်း ပိုလွယ်ပါတယ်။


Redundant Prepuce လို့ခေါ်တဲ့ ထိပ်အရေပြား ရှည်လွန်းတဲ့ပြဿနာဟာ လိင်အင်္ဂါပျော့ခွေနေချိန်မှာ ထိပ်အရေပြားသည် လိင်အင်္ဂါတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ထောင်မတ်နေချိန်မှာလည်း အရေပြားရှည်နေတဲ့အတွက် ထိပ်ဖူးကို သိသိသာသာ မြင်ရလောက်အောင် နောက်လှန်ဆွဲလို့မရပါဘူး။ ဒီအခါ ထိပ်အရေပြားဖြတ်ခြင်း (Circumcision) မလုပ်ဘူးဆိုရင် ကျန်းမာရေးပြဿနာတွေ ပေါ်လာနိုင်ပါတယ်။ ဒီပြဿနာတွေထဲမှာ


• လိင်အင်္ဂါထိပ်ဖူးပတ်လည်တွင် အဖြူရောင်အဖတ်များ အလွန်များပြီး ဘက်တီးရီးယားပိုးမွှား အများအပြားပေါက်ဖွားနေခြင်း

• လိင်အင်္ဂါမှ အောက်သိုးသိုးအနံ့ဆိုးများ ထွက်နေခြင်း

• လိင်တံထိပ်ဖူးနဲ့ လိင်တံထိပ်အရေပြား ရောင်ရမ်းခြင်း

• လိင်အင်္ဂါအတွင်း၊ ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ခြင်း

• လိင်အင်္ဂါပွန်းပဲ့ရန် လွယ်ကူခြင်း

• အကာအကွယ်မဲ့ လိင်ဆက်ဆံသည့်အခါ လိင်အင်္ဂါထိပ်မှ ရောဂါပိုးများ ဆက်ဆံဖော်ရဲ့ အင်္ဂါထဲသို့ ဝင်သွားနိုင်ခြင်း

• လိင်တံကင်ဆာ ဖြစ်နိုင်ခြေပိုများလာခြင်း စတာတွေ ပါဝင်ပါတယ်။


လိင်တံထိပ်အရေပြား ရှည်လွန်းနေလားဆိုတာ ဘယ်လိုသိနိုင်မလဲ။

လိင်တံထောင်မတ်နေချိန်မှာ နောက်လှန်ဆွဲကြည့်ရန် လွယ်ကူခြင်း၊ ပျော့နေချိန်မှာ ထိပ်ဖူးကို အလွယ်တကူမြင်ရခြင်း မရှိတဲ့အခါ၊ ထိပ်အရေပြားဟာ ထိပ်ဖူးကို တော်တော်ကျော်လွန်ပြီး ရှည်ထွက်၍ ငုံနေတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ အမျိုးသားရောဂါကုဆရာဝန်နဲ့ သေချာပြသပြီး ထိပ်အရေပြားဖြတ်ဖို့ စီစဉ်သင့်ပါတယ်။


များသောအားဖြင့် ထိပ်အရေပြားရှည်လွန်းသူတွေမှာ တစ်ကြိမ် အရေပြားဖြတ်ပြီးနောက် အရေပြားပြန်ရှည်လာနိုင်သေးတဲ့အတွက် ဒုတိယတစ်ကြိမ် ထပ်ပြီးဖြတ်ဖို့ လိုအပ်လာနိုင်ပါတယ်။ ဒီအတွက် ကိုယ်ပြသနေကျ ဆရာဝန်နဲ့ပဲ ပြန်ပြပြီး အရေပြားဖြတ်ပေးပါ။


ထိပ်အရေပြား ရှည်လွန်းခြင်းဟာ အမျိုးသားကျန်းမာရေးအရ ကြည့်မယ်ဆိုရင် ဆိုးကျိုးများစွာ ဖြစ်စေနိုင်တာကြောင့် စောစီးစွာ အရေပြားဖြတ်ထားတာတော့ အကောင်းဆုံးဖြစ်မှာပါ။


ဖွားဖက်တော်သေးနေလို့သင့်အဖော်စိတ်မကျေနပ်လောက်ဘူးလို့ထင်နေပါသလား 😁😁


အမျိုးသားထုတွေကြားမှာ မကြာခဏ အမေးများတဲ့ မေးခွန်းကတော့ သူတို့ ငယ်ပါ အရွယ်အစား သေးလားဆိုတာပါပဲ။ အရွယ်အစား ပုံမှန်ရှိတဲ့သူကလည်း ထပ်ပြီး ကြီးချင်ကြတယ်။ ပုံမှန်ထက် အနည်းငယ်ကြီးနေတဲ့ အမျိုးသားတွေကလည်း ထပ်ပြီး ကြီးဖို့ ကြိုးစားကြတယ်။ အပြာရုပ်ရှင်တွေနဲ့ မကြာခဏ နှိုင်းယှဉ်ပြီး ကိုယ့်အရွယ်အစားကို သေးတယ်လို့ မြင်လာကြတယ်။ သိမ်ငယ်စိတ်တွေ ဝင်လာတယ်။ မိန်းကလေးတွေကလည်း လိင်တံအရွယ်ကြီးမှ စိတ်ကျေနပ်မှု အပြည့်အဝရနိုင်မယ်ဆိုပြီး စိတ်ထဲမှာ ယုံကြည်လက်ခံလိုက်ကြတာပေါ့။


#ပုံမှန်လိင်တံအရွယ်အစားဆိုတာဘယ်လိုမျိုးလဲ။


အရှည်ဟာ ပျော့နေတဲ့အချိန်မှာ ၂.၈လက်မ မှ ၃.၉လက်မ (၇-၁၀ စင်တီမီတာ) ရှိပြီး မာနေတဲ့အချိန်မှာ ၄.၇လကမြ မှ ၆.၃လက်မ (၁၂-၁၆ စင်တီမီတာ) ရှိပြီး၊


လုံးပတ်အနေနဲ့ ပျော့နေရင် ၃.၅လက်မ မှ ၃.၉လက်မ (၉-၁၀ စင်တီမီတာ) ရှိပြီး ထောင်မတ်နေချိန်မှာ ၄.၇လကမြ (၁၂ စင်တီမီတာ) လုံးပတ်အရွယ်အစား ဆိုရင် ပုံမှန်အရွယ်အစားလို့ သတ်မှတ်နိုင်ပါတယ်။


လိင်တံအရွယ်အစား ပျော့နေချိန်နဲ့ ထောင်မတ်နေချိန်ဟာ တိုက်ရိုက်အချိုးမကျဘူးလို့လည်း ဆိုထားပါတယ်။ ပြောရမယ်ဆိုရင် ပျော့နေချိန်မှာ တော်တော်လေး သေးတယ်လို့ ထင်မှတ်ရတဲ့ လိင်တံဟာ ထောင်မတ်လာချိန်မှာ ပုံမှန်ထက် ပိုပြီး ကြီးလာနိုင်တာမျိုးလည်း ရှိပါတယ်။


#ဘယ်လိုအရွယ်ကိုသေးငယ်တယ်လို့ယူဆလို့ရလဲ။


ပျော့ခွေနေတဲ့အချိန်မှာ အရှည်ဟာ ၁.၆လက်မ (၄ စင်တီမီတာ) ထက်နည်းနေပြီး ထောင်မတ်နေချိန်မှာ ၃လက်မ (၇.၅ စင်တီမီတာ) ထက် တိုနေရင် လိင်တံအရွယ်အစား သေးတယ်လို့ ယူဆလို့ ရပါတယ်။


#လိင်တံအရွယ်အစားနဲ့ပတ်သက်ပြီးအမျိုးသမီးတွေဘယ်လောက်ထိအလေးအနက်ထားလဲ။


အမျိုးသားတွေ ထင်နေသလို အမျိုးသမီးတွေဟာ လိင်တံအရွယ်အစား ကြီးမှ ကြိုက်နှစ်သက်တယ်ဆိုတာ မဟုတ်ပါဘူး။ စစ်တမ်းကောက်ယူချက်အရ ၈၅ ရာခိုင်နှုန်းသော မိန်းကလေးတွေဟာ ကိုယ့်ချစ်သူ၊ ခင်ပွန်းရဲ့ လိင်တံအရွယ်အစား မည်မျှပင်ရှိနေကာမူ စိတ်တိုင်းကျတယ်လို့ ဆိုထားပါတယ်။


အံ့သြစရာကောင်းတာက လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်စိတ် အဖြစ်အများဆုံးသူတွေဟာ အမျိုးသားတွေကိုယ်တိုင် ဖြစ်နေတာပါပဲ။ ပုံမှန်အရွယ်အစား ရှိတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ ဖွားဖက်တော်ကို သေးငယ်တယ်လို့ ထင်မှတ်ထားကြပါတယ်။ တကယ်တော့ အပေါ်က မိမိရဲ့ လိင်တံကို ငုံ့ကြည့်တာနဲ့ ဘေးဘက်၊ အရှေ့ကနေ ကြည့်တဲ့ ရှုထောင့်အမြင်ဟာ ကွာခြားနိုင်ပါတယ်။


အမျိုးသမီးတွေဟာ အရွယ်အစားထက် လုံးပတ်ကိုတော့ ပိုသဘောကျတတ်ပြီး ကိုယ့်ချစ်သူရဲ့ ငယ်ပါ အရွယ်သေးငယ်မှုဆိုတာ သူတို့အတွက်တော့ သိပ်ပြီး မပြောပလောက်တဲ့ အသေးအဖွဲပြဿနာလို့ ဆိုထားပါတယ်။


#အမျိုးသားတွေရဲ့သိမ်ငယ်စိတ်ကိုဘယ်လိုအရာတွေကနှိုးဆွပေးနေလဲ။


အပြာရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်းကြည့်ခြင်းဟာ အမျိုးသားတွေရဲ့ ကိုယ့်ရဲ့ ဖွားဖက်တော်အရွယ်အစားနဲ့ ပတ်သက်ပြီး သိမ်ငယ်စိတ်တွေ ဝင်လာစေနိုင်တဲ့အပြင် ရံဖန်ရံခါမှာ လိင်မှုကိစ္စ၊ အိမ်ထောင်ရေးမှာပါ ထိခိုက်လာနိုင်ပါတယ်။ ပတ်ဝန်းကျင်၊ လူတွေအမြင်မှာကလည်း လိင်တံကြီးမှ ယောက်ျားပီသတယ်ဆိုတဲ့ ခေတ်အလွဲတွေ ရှိနေတော့ ပုံမှန်အရွယ်အစား ရှိရင်တောင် သေးသလိုလို၊ ယောက်ျားမပီသတော့သလိုလို၊ ကိုယ်ကပဲ လူစဉ်မမီတော့သလို သိမ်ငယ်စိတ်တွေ၊ စိတ်မလုံခြုံမှုတွေ ဖြစ်လာမယ်။


ဈေးကွက်ထဲမှာကလည်း မကြာခဏဆိုသလို လိင်တံကြီးဆေး၊ ထွားဆေးဆိုပြီး ရောင်းတဲ့အခါ ပစ္စည်းရောက်ထွက်ဖို့ကို ဦးတည်ပြီး လိင်တံကြီးမှ အလုပ်ဖြစ်မယ်ဆိုတဲ့ သတင်းတွေ ပေးပို့နေတာဆိုတော့ ပုရိသတွေအနေနဲ့ ကိုယ့်ရဲ့ မွေးရာပါ ဖွားဖက်တော်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်လာမှာပေါ့။


#ပုရိသတွေအနေနဲ့သိထားသင့်တဲ့အရာတွေ


တကယ်တော့ လိင်တံအရွယ်အစားဆိုတာ မွေးလာကတည်းက ဘုရားပေးတဲ့ ဆုပါပဲ။ ဈေးကွက်ထဲက ကြီးဆေး၊ ထွားဆေးတွေ၊ လိင်တံ ထောင်မတ်စေတဲ့ စက်ကိရိယာတွေ အမှန်တကယ်အလုပ်ဖြစ်တယ်ဆိုတာ ဘယ်ဆေးပညာဌာနမှလည်း အာမခံချက်မျိုး မရှိပါဘူး။


နောက်ထပ်တစ်ချက်ကတော့ဘဝဟာရုပ်ရှင်ထဲကလို ပုံပြင်ဇာတ်လမ်း မဆန်ဘူးဆိုတာပါပဲ။ အပြာရုပ်ရှင်တွေထဲမှာ မင်းသမီးတွေက လိင်တံကြီးတာကိုမှ သာယာတယ်၊ စိတ်တိုင်းကျတယ်ဆိုပြီး လိင်စိတ်ကို ထကြွစေဖို့ သက်သက် အမြင်ကို ဖြစ်စေပေမယ့် တကယ့်လက်တွေ့ဘဝ ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ကတော့ ဒီလို ထင်ချင်မှ ထင်မှာပါ။ လိင်မှုကိစ္စမှာ ၂ဦး ၂ဖက် အပြည့်အဝ စိတ်တိုင်းကျဖို့၊ လိင်စိတ်ဆန္ဒ ပြီးမြောက်မှု ဖြစ်စေဖို့ ဒီ အရွယ်အစားဆိုတာကြီးက ထင်ထားသလောက် အရေးမပါပါဘူးဆိုတာကို ပုရိသတိုင်း သိထားသင့်တယ်နော်။


- Ko Khant (Men Collection)


လိင်အင်္ဂါထောင်မတ်နိုင်စွမ်း ကျလာတာ အိပ်ရေးမဝတာကြောင့်လည်း ဆိုင်တယ်နော်!


အမျိုးသားတွေမှာ အိပ်ရေးမဝခြင်းကြောင့် ရုပ်ခန္ဓာနဲ့ စိတ်ကျန်းမာရေးပြဿနာများအပြင် လိင်ပိုင်းဆိုင်ရာ ပြဿနာတွေပါ ပိုဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဒီဘက်ခေတ် ၂၁ ရာစုမှာ အမျိုးသားများ အထူးသဖြင့် ဆယ်ကျော်သက်နဲ့ လူငယ်ပိုင်းတွေမှာ အိပ်ချိန်နည်းခြင်း၊ အိပ်ချိန်မမှန်ခြင်းကြောင့် လိင်တံထောင်မတ်နိုင်စွမ်း ကျဆင်းတာ၊ လိင်စိတ်နည်းလာတာ၊ ကာမစွမ်းဆောင်ရည် ကျဆင်းတာမျိုး ဖြစ်နိုင်ပါတယ်။ 


ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင်


၁။ အိပ်ချိန်နည်းတဲ့အခါ ဦးနှောက်က အပြည့်အဝအနားမရတဲ့အတွက် အာရုံကြောစနစ်က ပင်ပန်းပြီး လေးလံထိုင်းမှိုင်းလာပါတယ်။ ဒီအခါ မနက်နိုးလာရင် စိတ်မကြည်မလင်ဖြစ်ပြီး အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းကာ လိင်ပိုင်းဆိုင်ရာအတွက် တွေးဖို့၊ လုပ်ဖို့ကို စိတ်မပါတော့ပါဘူး။


၂။ အိပ်ချိန်မပြည့်ဝခြင်းဟာ ခန္ဓာကိုယ်ရဲ့ ပျော်ရွှင်မှုဟော်မုန်းများကို လျော့နည်းစေပြီး စိတ်ဖိစီးမှုဟော်မုန်းများကို ပိုမိုထုတ်လုပ်တာကြောင့် ကိုယ်တွင်းအင်္ဂါများ လုပ်ဆောင်ရည်ကျလာမယ်။ စိတ်မကြည်လင်၊ လန်းဆန်းမှုမရှိတော့ဘဲ စိတ်ကျန်းမာရေးပြဿနာများ ပိုဝင်လာခြင်းကြောင့် နောက်ဆက်တွဲ လိင်တံထောင်မတ်ခြင်းကို ထိခိုက်စေပါတယ်။


၃။ အိပ်ချိန်နည်းတဲ့ အမျိုးသားတွေမှာ နှလုံးအားနည်းလာပြီး သွေးစုပ်ထုတ်မှုအားလျော့ပါတယ်။ ဒီအခါ နှလုံးခုန်မမှန်တော့ဘဲ သက်လုံကျဆင်းလာတဲ့အတွက် အချိန်ကြာမြင့်စွာ လိင်စွမ်းဆောင်နိုင်မှုမရှိဘဲ အမောဖောက်လာမယ်။


၄။ ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှု နှေးကွေးလာတဲ့အတွက် လိင်အင်္ဂါအတွင်း သွေးသိပ်မရောက်တော့တဲ့အခါ ထောင်မတ်မှုအားလျော့ပါတယ်။


၅။ သတ်မှတ်ထားတဲ့ ညအိပ်ချိန်ကို အပြည့်အဝမရတာကြောင့် အမျိုးသားတွေရဲ့ လိင်စွမ်းဆောင်ရည်နဲ့ မျိုးအောင်နိုင်ရည်ကို ကောင်းကျိုးများစွာ ပေးနိုင်တဲ့ ကျားဟော်မုန်းများ လျော့နည်းလာပါတယ်။ ဒီဟော်မုန်းတွေ နည်းလာတာနဲ့အမျှ လိင်အင်္ဂါ ကောင်းစွာမထောင်မတ်နိုင်တော့ခြင်း၊ လိင်စိတ်ဆန္ဒလျော့ပါးလာခြင်း၊ စိတ်ဖိစီးမှုကို ပိုခံစားရခြင်း၊ လိင်မှုကိစ္စအပေါ် စိတ်အားထက်သန်မှု နည်းသွားနိုင်ပါတယ်။


ပုံမှန်အားဖြင့် အမျိုးသားတွေဟာ အသက် ၄၀ မတိုင်ခင်အထိ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုအားကောင်းလေ့ရှိပြီး နေထိုင်စားသောက်မှုပုံစံနဲ့ ကျန်းမာရေးပြဿနာများကြောင့်သာ ပြဿနာအနည်းငယ် ကြုံတွေ့ရတတ်တာဖြစ်ပါတယ်။ ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အွန်လိုင်းမှတစ်ဆင့် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။


လက်နဲ့အာသာဖြေခြင်းကို စွဲလမ်းလာတာ ပြဿနာတစ်ခုလား 😅🤔


ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးဆိုတာ ရှိပါတယ်။ အမျိုးသားတွေအတွက် လက်နဲ့ အာသာဖြေတယ်ဆိုတာ ပိုက်ဆံလည်းမကုန်ဘဲ လွယ်ကူရိုးရှင်းစွာ လိင်စိတ်အထွတ်အထိပ်ရောက်စေတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး လူပျိုအရွယ်ကစလို့ အသက်ကြီးတဲ့အထိ အိမ်ထောင်ကျသွားတဲ့တိုင်အောင် လက်နဲ့အာသာဖြေတယ်ဆိုတာတော့ ရှိနေဦးမှာပါပဲ။ ဒါပေမယ့် စွဲလမ်းတဲ့အထိ အလွန်အကျွံဖြစ်သွားရင်တော့ မကောင်းပါဘူး။


ဒီပြဿနာဟာ စိတ်ကျန်းမာရေးတစ်ခုတော့ မဟုတ်ပေမဲ့ ဒီလိုမျိုး လက်နဲ့အာသာဖြေခြင်းကို စွဲလမ်းလာတဲ့အခါ

• အမှန်တကယ် လိင်ဆက်ဆံတဲ့အခါ လိင်အင်္ဂါရဲ့ ခံစားသိရှိနိုင်စွမ်း လျော့နည်းလာမယ်။


• ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ တခြားသူပါ ရှိနေချိန် လိင်တံထောင်မတ်နိုင်စွမ်း အားလျော့လာမယ်။


• တခြားသူနဲ့ လိင်ဆက်ဆံရတာ ကိုယ့်လက်လောက် အရသာမရှိသလို ခံစားလာမယ်။


• အပြာရုပ်ရှင်ကို စွဲစွဲလမ်းလမ်း ကြည့်တတ်လာမယ်။


• လက်နဲ့ အာသာဖြေတဲ့အကြိမ်ရေတွေ တစ်နေ့ထက်တစ်နေ့ များလာမယ်။


• ဒါကိုပဲ စိတ်ကရောက်နေတဲ့အတွက် အလုပ်အကိုင်၊ မိသားစု၊ အချစ်ရေးမှာ လစ်ဟင်းလာမယ်။


• အာသာဖြေဖို့ ကုန်ရတဲ့အချိန်တွေ ပိုများလာသလို လိင်စိတ်ဆန္ဒ အထွတ်အထိပ်ရောက်ဖို့ အချိန်ပိုယူရနိုင်တယ်။


• လူမြင်ကွင်း၊ တခြားသူတွေရှိတဲ့ Public လိုနေရာမျိုးမှာ အာသာဖြေချင်စိတ်တွေ ဖြစ်လာမယ်။


• လိင်စိတ်ဆန္ဒမရှိရင်တောင် လက်က လိင်အင်္ဂါကို အလိုလိုဆွနေမိနိုင်တယ်။


• စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေ ကြုံလာတဲ့အခါ ပြဿနာကို မဖြေရှင်းဘဲ အခန်းအောင်းပြီး လက်နဲ့အာသာဖြေဖို့ကိုပဲ ကြိုးစားနေမယ်။


• မကြာခဏဆိုသလို ဒီအကြောင်းကိုပဲ တွေးနေမိမယ်။


ဘယ်လိုလူတွေမှာ အဖြစ်များလဲ။

• အပြာရုပ်ရှင်အကြည့်များသူတွေ

• တစ်ယောက်တည်း နေတတ်သူတွေ

• စိတ်ကျန်းမာရေးပြဿနာတစ်ခုခုကို ခံစားနေရသူတွေ

• ဘဝအခက်အခဲနဲ့ နာကျင်မှုတွေကြောင့် ထွက်ပေါက်ရှာနေသူတွေမှာ အဖြစ်များပါတယ်။


ဒီပြဿနာကို လိင်ပိုင်းဆိုင်ရာ စွဲလမ်းမှုတွေထဲက တစ်ခုလို့ သတ်မှတ်လို့ရတဲ့အတွက် ကိုယ့်မှာဒီပြဿနာရှိတယ်လို့ ခံယူထားတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။ လိုအပ်တဲ့ စိတ်ကုထုံးများ၊ ဆေးဝါးများ၊ ဘဝနေထိုင်မှုပုံစံနှင့် တွေးခေါ်မှုကို ပြောင်းလဲခြင်း လေ့ကျင့်ခန်းများ စတာတွေကို ညွှန်ကြားပေးမှာဖြစ်ပါတယ်။


ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်တွေကို မျိုချသင့်သလား


စာရေးသူ Dr . Phyu Mon Latt မှ ရေးသားသည်။ Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။


#ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်တွေကို မျိုချသင့်သလား


သုက်ပိုးတွေဟာ လူအချို့အတွက် ရမ္မက် နှိုးဆွဖွယ် ဖြစ်ပေမယ့် ကျန်တဲ့သူတွေအတွက်တော့ ရွံစရာဖြစ်ပါတယ်။ ဒီလိုအပြုအမူတွေထဲမှာ လိင်ဆက်ဆံစဉ်မှာ လိင်ဆက်ဆံဖက်ရဲ့ မျက်နှာပေါ် (သို့) ပါးစပ်ထဲကို သုက်လွှတ်ခြင်းလဲ ပါဝင်ပါတယ်။ လိင်ဆက်ဆံသူဟာ သု့ရဲ့ သုက်ပိုးတွေကို အကုန်ထွက်သွားပြီး အကုန်ပြန်ယူသွားတာကို လိုချင်တာဖြစ်ပါတယ်။ ဒီလိုရွေးချယ်မှုကတော့ လူပေါ်မူတည်ပါတယ်။ သို့သော်လည်း လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုနဲ့ လိင်ဆက်ဆံဖက်နဲ့ နားလည်မှုရှိခြင်းအားဖြင့် သုက်ပိုးမျိုချမှုနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကို ရှာဖွေနိုင်ပါတယ်။


#တကယ်ပဲ မျိုချနိုင်ပါသလား။

သုက်ပိုးတွေကို မျိုချနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမလုပ်ခင် သင်ရော လိင်ဆက်ဆံသူပါ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ မရှိဖို့ အရေးကြီးပါတယ်။ ဘယ်သူမှ မစစ်ဆေးထားရသေးရင်တာ့ အကာအကွယ်သုံးသင့်ပါတယ်။


သုက်ရည်ဆိုတာ ရေလိုမျိုးပါပဲ။ Amino Acids၊ ပရိုတင်း၊ သကြား၊ ဇင့်နဲ့ ကယ်လ်ဆီယမ်လိုမျိုး သတ္တုဓာတ်များ၊ ဗီတာမင်စီ နဲ့ အခြားအာဟာရတွေ ပါဝင်ပါတယ်။ သုက်ရည်ထဲက ၁% လောက်ကပဲ သုက်ပိုးပါဝင်တာဖြစ်ပြီး သားကြောဖြတ်ထားတဲ့ အမျိုးသားတွေမှာဆို သုက်ပိုးမပါဝင်ပါဘူး။ သုက်ရည်ကို မျိုချလိုက်ရင် သင့်အစာပြွန်တစ်လျှောက် ဆင်းသွားပြီး အခြားအစာတွေစုပ်ယူသလိုမျိုး အစာအိမ်က စုပ်ယူသွားမှာပါ။


#သုက်ရည်မျိုချခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပါသလား။

အတော်များများကတော့ သုက်ရည်မျိုချခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အကျိုးကျေးဇူးဆိုတာတွေဟာ ယုံတမ်းစကားတွေနဲ့ လေ့လာမှုတွေကို မှားယွင်းစွာ ဘာသာပြန်ချက်တွေက ဆင်းသက်လာတာ ဖြစ်ပါတယ်။


အချို့ဒဏ္ဍာရီတွေကတော့ သုက်ရည်ဟာ သွားဖြူစေဖို့ အစွမ်းထက်တဲ့ အရာဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာဟာရတွေ ပါဝင်တယ်လို့ ဆိုကြပါတယ်။ တကယ်တော့ သုက်ရည်ဟာ သွားကို မဖြူစေပါဘူး။ ဒါ့အပြင် သုက်ရည်ကို အများကြီး မမျိုချ မချင်း သင့်ကျန်းမာရေးပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုမှ မရှိပါဘူး။ စိတ်ပူနေတဲ့သူတွေ အတွက်ကတော့ ပုံမှန်သုက်ရည်ဟာ ၁ (သို့) ၂ ကယ်လိုရီနဲ့ ပရိုတင်း ဂရမ်ဝက်ပဲ ပါဝင်ပါတယ်။


၂၀၀၂ မှာ လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုကတော့ သုက်ရည်ဟာ မိန်းမကိုယ်ထဲမှာ စုပ်ဝင်သွားရင် စိတ်ကျမှုကို သက်သာစေပါတယ်လို့ဆိုပါတယ်။ အခြားလေ့လာမှုတွေကလည်း သုက်ရည်နဲ့ အထိအတွေ့ရှိခြင်းဟာ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းကို လျှော့ချပေးပြီး လိင်ကွဲဆက်ဆံသူ အမျိုးသမီးတွေအတွက် ယေဘုယျကျန်းမာရေး ပိုမိုကောင်းမွန် စေပါတယ်လို့ ဆိုကြပါတယ်။


#ဘာအရသာ ရှိပါသလဲ။

အရသာကတော့ ကွာခြားမှု ရှိပါတယ်။ သုက်ရည်ရဲ့ alkaline ဂုဏ်သတ္တိကြောင့် ခါးသက်တဲ့ အရသာရှိပါတယ်။ သူ့မှာ Fractose သကြားပါဝင်တာကြောင့် ချိုတဲ့အရသာလည်း ရှိပါတယ်။ ဒါပေမယ့် သကြားဓာတ်ပါဝင်တာဟာ ဆီးချိုရှိတဲ့ အမျိုးသားရဲ့ သုက်ရည်မှာလည်း ဖြစ်နိုင်ပါတယ်။ သူ့မှာ ဇင့်ဓာတ် ပါဝင်ပြီးတော့ သတ္တုအရသာ (အချို့သူတွေကတော့ ငန်ကျိကျိ အရသာ) ရှိပါတယ်။ သုက်ရည်ရဲ့အရသာဟာ ကောင်းမွန်တယ်၊ အရသာမရှိဘူး ကနေပြီးတော့ ရွံစရာကောင်းတယ် ဆိုတဲ့အထိ ပြောကြပါတယ်။ တကယ်လို့သိချင်တယ်ဆိုရင်တော့ လုပ်စရာနည်း တစ်နည်းပဲ ရှိပါတယ်။ အမျိုးသားတွေဟာလည်း ဘယ်လိုအရသာရှိလဲ သိချင်တယ်ဆိုရင် အရသာခံကြည့်နိုင်ပါတယ်။


သုက်ရည်ရဲ့အရသာကို အဓိက ထိန်းချုပ်တာကတော့ အစားအသောက်ပဲ ဖြစ်ပါတယ်။ အချို့အစားအသောက်တွေကို စားသောက်ဖို့ အကြံပေးချက်တွေ ရှိပါတယ်။ သို့သော်လည်း အရသာကို ကောင်းမွန်အောင်လုပ်ဖို့ကတော့ စမ်းသပ်ကြည့်ဖို့ပါပဲ။ ဒါကြောင့်အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ။


အိပ်ရာထက်က ပုရိသတို့ရဲ့ စိုးရိမ်စိတ်များကို ထိန်းချုပ်ခြင်း


အမျိုးသားတွေဟာ လိင်ပိုင်းဆိုင်ရာမှာ ၁၀၀% ယုံကြည်မှုအပြည့်အဝရှိတယ်ဆိုတဲ့ စကားဟာ လုံးဝမဟုတ်ပါဘူး။ 


ဘယ်လောက်ပဲ လိင်ပိုင်းဆိုင်ရာမှာ တက်ကြွနေသူတစ်ယောက်ဖြစ်ပါစေ ဘဝမှာ အနည်းဆုံးတစ်ကြိမ်တစ်ခါတော့ အိပ်ရာထက်က ကိစ္စတွေအတွက် စိုးရိမ်စိတ်တွေ ဖြစ်ဖူးကြမှာပါ။ 


လက်တွေ့မဖြစ်ခင် ကြိုတွေးပူတာရှိသလို၊ တကယ်ဖြစ်နေတဲ့အချိန်မှာလည်း ကိုယ်တိုင်ရော ကိုယ်နဲ့ဆက်ဆံနေသူကပါ စိတ်တိုင်းကျပါ့မလားဆိုတဲ့ အတွေးက ကျားရယ် မရယ်လို့ ခွဲခြားစရာမလိုဘဲ လူသားတိုင်းမှာ ရှိနေတဲ့ စိုးရိမ်စိတ်အခံပါ။


အမျိုးသားတွေမှာ စိုးရိမ်စိတ်တွေ များလာတဲ့အခါ

• ဦးနှောက်က လိင်မှုကိစ္စအပေါ် အာရုံစိုက်မှုနည်းသွားပြီး စိတ်အားထက်သန်မှုထက် စိတ်ပူပန်မှုက ပိုများလာမယ်။

• စိတ်ဖိစီးလာတဲ့အတွက် စိတ်ထဲ နေရတာ သက်သောင့်သက်သာမဖြစ်ဘဲ လေးလံသလို ခံစားရတယ်။

• လိင်မှုကိစ္စအတွက် ထုတ်လိုက်တဲ့ အားအင်အတူတူပဲဆိုရင်တောင် ခံစားရတဲ့ မောပန်းမှုက ပိုများနေမယ်။

• လိင်တံထောင်မတ်နိုင်စွမ်း လျော့မယ်။ တကယ်ဆက်ဆံတော့မှ ပြန်ပျော့သွားတာတွေ ဖြစ်လာနိုင်တယ်။ အစိုးရိမ်လွန်ပြီး လုံးဝပြန်မထောင်နိုင်တော့တာမျိုးတွေလည်း ဖြစ်နိုင်တယ်။


ဒါကြောင့် လိင်မှုကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ကြီးသူတွေ၊ ကိုယ်ချစ်တဲ့သူနဲ့ ပထမဆုံး ဆက်ဆံရမှာဖြစ်လို့ စိတ်ပူပန်နေရတဲ့ ပုရိသတွေအနေနဲ့ ဒီစိုးရိမ်စိတ်ကို ထိန်းချုပ်ဖို့ဆိုရင်

• စိတ်ကို ကြိုတင်ပြင်ဆင်ထားပါ။

• တကယ့်ရက်ကြီးမတိုင်ခင်မှာ ဒီကိစ္စကို အရမ်းကြီးမတွေးထားပါနဲ့။ တစ်ခါတလေ ကြိုတွေးပြီးပုံဖော်တာထက် လက်တွေ့ အစွမ်းအစကို ထုတ်ပြလိုက်တာက စိတ်ဖိစီးမှုသက်သာစေပါတယ်။

• ရက်သတ်မှတ်ထားတယ်ဆိုရင် တစ်ပတ်လောက်အလိုကတည်းက အိပ်ချိန်ကို သေချာဂရုစိုက်ပါ။

• ကဖင်းဓာတ်ပါတဲ့ အအေးတွေကို လျှော့သောက်ပါ။

• လေ့ကျင့်ခန်းကို သေချာလုပ်ပါ။ ကြွက်သားနာကျင်စေတဲ့အထိ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေတော့ မလုပ်လည်း ရပါတယ်။

• စိတ်ဖိစီးမှုကို ကြိုလျှော့ထားပါ။ စိတ်ကိုအေးအေးထားပါ၊ ပျော်ပျော်နေပါ၊ မလိုတာတွေ သိပ်မတွေးပါနဲ့။

• ဆက်ဆံပြီးတော့မှ တစ်ခုခုဖြစ်သွားမလား တွေးတာထက် ဆက်ဆံနေစဉ်မှာ ကိုယ်တိုင်ရော ကိုယ့်ဆက်ဆံဖော်ကိုရော ဘယ်လိုကောင်းအောင် စွမ်းဆောင်ပေးမလဲ၊ ပြုစုပေးမလဲဆိုတာကိုပဲ တွေးပါ။

• အသက်ရှူလေ့ကျင့်ခန်းတွေ များများလုပ်ပေးပါ။


လိင်မှုကိစ္စအတွက် စိုးရိမ်လွန်ခြင်း၊ နောက်ဆက်တွဲကို ပူပန်ရခြင်းပြဿနာတွေဟာ အမျိုးသားတွေမှာ အလွန်အဖြစ်များပြီး ရှက်စရာကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒီလိုမျိုး စိုးရိမ်ပူပန်ခြင်းအပြင် တခြားသော လိင်ပိုင်းဆိုင်ရာ ပြဿနာများအတွက် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။


အထွေထွေကျန်းမာရေးပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။


☎️Hotline: 09771007770.

Join Viber - bit.ly/HealtppymmViberCommunity.

Join Telegram - t.me/healtppymm.

Join Facebook Group - bit.ly/HealtppymmOfficialGroup.


#Healtppy #LiveLongerBetter #OnlineConsultation #FamilyDoctorService


No comments: