Monday, July 25, 2022

အဲရစ်အိစ်နှင့်အင်တာဗျူ

 #တရုတ်နိုင်ငံမှပထမဆုံးဂေးအပြာရုပ်ရှင်သရုပ်ဆောင် #အဲရစ်အိစ်နှင့်အင်တာဗျူး

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜




#Interview_with_Eric_East, #the_first_gay_porn_star_from_China


⚜ အဲရစ် အိစ် သည် PeterFever စတူဒီယို၏ ပင်တိုင် သရုပ်ဆောင် ဖြစ်သည်။ PeterFever စတူဒီယိုသည် အာရှသားသရုပ်ဆောင်အများစုရှိသော ဂေးအပြာရုပ်ရှင်စတူဒီယို ဖြစ်သည်။ 


“ပထဆုံးဖြစ်ရတာက အရမ်းကောင်းပါတယ်။ မြေစမ်းခရမ်းပျိုးသူတယောက် လမ်းဖောက်သူတယောက်လိုမျိုး စိတ်ထဲမှာ ခံစားရတယ်” (Eric East)


(Time Out Hong Kong အင်တာနက်စာမျက်နှာ၊ 2016 မေလ 26)


ဤအင်တာဗျူးကို Time Out Hong Kong မှ ဂျက် စမစ် (Jack Smith) က တရုတ်နိုင်ငံမှ ပထမဆုံး ဂေးအပြာရုပ်ရှင် သရုပ်ဆောင် ဖြစ်သူ အဲရစ် အိစ် (Eric East) နှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။ 


#Jack_Smith: ကယ်လီဖိုးနီးယားတွင် အောင်မြင်မှုများ ရှိခဲ့ပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် သူ့ကို အသိအမှတ်ပြုရန်အတွက် အဆင်သင့်ဖြစ်မဖြစ် သိရှိနိုင်ရန် မွေးရပ်မြေသို့ ပြန်လာခဲ့ပါသည်။ သောင်းသောင်းဖြဖြ တုံ့ပြန်မှုများအကြောင်း ကျနော့်ကို သူက ပြန်လည် ပြောပြခဲ့ပါသည်။ သူ့မိဘတွေကိုတော့ သွားမပြောပါနဲ့ဗျာ . . . 


#Jack_Smith: တရုတ်နိုင်ငံမှာ မင်းရဲ့ ပရိသတ်ဘယ်လောက်များများရှိနေပြီလို့ ထင်လဲ? 


#Eric_East: ကျနော့်သူငယ်ချင်းတွေလောက်ကသာ ဒီအကြောင်းကို သိကြပေမယ့် ကွမ်ကျိုး မှာ လုပ်ခဲ့တဲ့ ကျနော့်ရဲ့ ပထမဆုံးရှိုးပွဲမှာ ကျနော့်ကို မှတ်မိပြီး အသိအမှတ်ပြုတဲ့လူတွေကို မြင်လိုက်ရတာ အတော့်ကို အံ့အားသင့်သွားခဲ့မိတယ်။ 


#Jack_Smith: ဘေဂျင်း (ပီကင်း) မှာ မင်း စင်ပေါ်မှာ ပေါ်လာတာနဲ့တပြိုင်နက် ပရိသတ်ကြီးက အရမ်း စိတ်လှုပ်ရှားပြီး မင်းကို ဝိုင်းဖက်နိုင်ဖို့ အလုအယက် ကြိုးစာနေကြတာကို မြင်ရတဲ့အခါ မင်း ဘယ်လို ခံစားမိလဲ?


#Eric_East: အဲဒါ နှစ်ဖက် ရှိတယ်ဗျ။ တချို့က ကို့ရိုးကားယားနဲ့ သိပ်အဆင်ပြေမနေဘူး၊ တချို့ကတော့ ရွှင်လန်းမြူးထူးပြီး ရင်ခုန်စရာကောင်းတယ်။ 

လူတွေက သူတို့ ချစ်ခင်တဲ့သူကို ထိချင် ကိုင်ချင် ကြတယ်လေ ဟုတ်တယ်မို့လား? ဒါပေမယ့် ဖျော်ဖြေမှုတခု လုပ်နေတဲ့ အခြေအနေတရပ်နဲ့ ပြောမယ်ဆိုမယ်တော့ အဲလို လူတိုင်းကို ပေးထိ ပေးကိုင်ဖို့က ကျနော့်အတွက် ခက်ခဲပါတယ်။ အဲဒါက အလန့်တကြားဖြစ်စရာကြီးဗျ။ 


#Jack_Smith: အဲလိုဖြစ်တာက မင်းက တရုတ်လူမျိုး ဖြစ်တာကြောင့်မို့များလား? အဲလို ထင်လား? 


#Eric_East: ကျနော် ထင်ပါတယ်။ ကျနော်က ပထမဆုံးတရုတ်လူမျိုး အပြာရုပ်ရှင်သရုပ်ဆောင်လေ။ ပထဆုံးဖြစ်ရတာက အရမ်းကောင်းပါတယ်။ မြေစမ်းခရမ်းပျိုးသူတယောက် လမ်းဖောက်သူတယောက်လိုမျိုး စိတ်ထဲမှာ ခံစားရတယ်။ 


#Jack_Smith: မင်းက ကောလိပ်တက်နေတုန်းပဲလို့ကြားတယ်။ အဲဒါအမှန်ပဲလား? (2016 ခုနှစ်က ဖြစ်သည်) 


#Eric_East: ဟုတ်ပါတယ်ဗျာ။ ကျနော်အခု UCLA (University of California, Los Angeles) လော့အိန်ဂျလိစ်မြို့၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှာ ကျောင်းတက်နေဆဲပါ (2016)။ ကျနော့်ရဲ့ အလုပ်က ကျနော့်ရဲ့ ပညာရေးကို မထိခိုက်အောင် အနှောက်အယှက်မဖြစ်အောင် ကျနော် ကြိုးစားနေပါတယ်။ အကယ်၍ ကျနော့်ကို ကျောင်းဝင်းထဲမှာ တွေ့မယ်ဆိုရင် စာသင်ခန်းရဲ့ နောက်ဘက်မှာ ထိုင်နေတဲ့ မျက်မှန်တပ်ထားတဲ့ တယောက်က ကျနော်ပါပဲ။ တကယ့် ကျောင်းသားလေးတယောက်လို့ ထင်ရလောက်တယ် (ရယ်လျက်)။ ကျနော့်ရဲ့ ကိုယ်ပိုင်ဘဝနဲ့ ကျနော့်ရဲ့ ပရော်ဖက်ရှင်နယ်ဘဝကို ရှင်းရှင်းလင်းလင်း ခွဲခြားထားတယ်။ ရှင်းရှင်းလင်းလင်း ကွဲပြားနေဖို့လည်း ကျနော် ကြိုးစားထားတယ်။ တယောက်ယောက်က ကျနော့်ရဲ့ ကိုယ်ပိုင်ဘဝကို ဟိုစပ်စု ဒီစပ်စု လုပ်တာမျိုးကို ကျနော် မခွင့်ပြုပါဘူး။ 




#Jack_Smith: အဲလိုမျိုး ခဏခဏ ဖြစ်ဖူးလို့လား?


#Eric_East: ဖြစ်ဖူးပါတယ်။ ပရိသတ် (ဖန်)တွေက ကျနော့်ကို ရူးသွပ်ကြတယ်လေ။ ဒါပေမယ့် ကျနော့်အတွက်ကတော့ အဲဒါ ကျနော့် ကိုယ်ပိုင်ကိစ္စ ပုဂ္ဂလိကကိစ္စလေ။ သိစေချင်မလား မသိစေချင်ဘူးလားဆိုတာ ကျနော့်အပေါ်ပဲ မူတည်ပါတယ်။ 


#Jack_Smith: ကောလိပ်ကျောင်းသားလေး အဲရစ် ကနေ အပြာရုပ်ရှင် သရုပ်ဆောင် အဲရစ် အိစ် အဖြစ် ဘယ်အရာက ပြောင်းလဲပေးလိုက်တာများလဲ? 


#Eric_East: ကျနော် နှစ်သက်တဲ့အရာကို လူတွေကို လုပ်ပြချင်တဲ့ စိတ်လေးနဲ့ ကျနော်က မွေးဖွားလာတာလေ။ ကျနော် တရုတ်နိုင်ငံမှာ ကောလိပ်တက်နေတုန်းက သီချင်းဆို ပြိုင်ပွဲတွေ အကပြိုင်ပွဲတွေ မှာ ပါဝင် ယှဥ်ပြိုင်ခဲ့ဖူးတယ်။ ကျနော် အသက် (၂၀) မှာ အမေရိကန်ကို ပြောင်းလာခဲ့တယ်။ ပြီးတော့ ဓါတ်ပုံဆရာတွေကို လိုက်ကြည့်ဖြစ်တယ်။ သူတို့တွေထဲက တယောက်က အမေရိကန် အပြာရုပ်ရှင်သရုပ်ဆောင် ပီတာ လီ (Peter Le) နဲ့ အရင်တုန်းက အလုပ်အတူ တွဲလုပ်ခဲ့ဖူးတဲ့သူ ဖြစ်နေတယ်။ သူက ကျနော့်ကို အပြာရုပ်ရှင်လုပ်ငန်းမှာ လုပ်ကြည့်ဖို့ ချဥ်းကပ်ခဲ့ပါတယ်။ ကျနော် သေချာတော့ စဥ်းစားရမယ်ဗျ ဘာလို့လဲဆိုတော့ ဒါ တကယ့် ဆုံးဖြတ်ချက်တခု ဖြစ်တယ်မို့လား။ ဒါပေမယ့်လည်း ဆယ်ကျော်သက်ကောင်လေးတယောက်အနေနဲ့ အပြာရုပ်ရှင်သရုပ်ဆောင်ဖြစ်ဖို့ ကျနော် စိတ်ကူးယဥ်ခဲ့ဖူးတယ်။ အဲဒါနဲ့ပဲ ဒီ ကိစ္စဟာ ကျနော့်အတွက် ကြီးမားတဲ့ ဘဝအလှည့်အပြောင်းဖြစ်နိုင်မယ်လို့ တွေးမိလိုက်တယ်။ 


#Jack_Smith: အဖော်အချွတ်ဓါတ်ပုံမော်ဒယ်ကနေ အပြာရုပ်ရှင်ဇာတ်ကားစစ်စစ်ရိုက်ဖို့ ဘယ်လို စခန်းသွားခဲ့ဖြစ်လဲ?


#Eric_East: လုံးဝအသစ်အဆန်းကြီးပေါ့ဗျာ။ ဖန်သားပြင်ပေါ်မှာ ပေါ်လာတာက တကယ့်အပြင်မှာ လုပ်ရတာရဲ့ ဆယ်ပုံတပုံလောက်ပဲ ရှိလောက်မှာပါ။ အကြိမ်ပေါင်းများစွာ အရှိန်ယူရတယ်။ စိတ်ကို ကြွနေအောင် မုဒ်သွင်းနေရတယ်။ အရင်က ကျနော်ထင်ခဲ့တာက လုပ်စရာရှိတာ လုပ်လိုက်တာနဲ့ တခါတည်း ပြီးသွားမယ်ပေါ့။ ဘယ်ဟုတ်မလဲဗျ! အစပိုင်းမှာတော့ ကျနော် တော်တော် ရှက်တာဗျ။ ကင်မရာတွေက ကျနော့်ကို ချိန်ထားပြီဆိုရင် ကျနော် မသက်မသာကြီး ခံစားရတယ်။ အဲလို တခါမှ မလုပ်ခဲ့ဖူးဘူးလေ။ 


#Jack_Smith: အပြာရုပ်ရှင်သရုပ်ဆောင် လုပ်ရတာနဲ့ ပတ်သက်ပြီး ဘာကို အကြိုက်ဆုံးလဲ? 


#Eric_East: အဲဒါ လန်းတယ်လေ။ လူတိုင်း လုပ်ချင်ကြတဲ့အရာကို ကျနော် လုပ်နေတာပဲ။ ကျနော့်ရဲ့ ခန္ဓာကိုယ်အလှကို ဖော်ပြချင်တယ်။ ကျနော် ရိုက်ကွင်းထဲကို လျှောက်သွားလိုက်ရင် များသောအားဖြင့် ပထမဆုံး စိတ်ထဲ တွေးမိတာက “ငါ သူ့ကို သဘောကျရဲ့လား? ငါ စိတ် ထ လာပါ့မလား? ငါ ရင်ဖိုလှုပ်ရှားလာပါ့မလား? စသဖြင့် စသဖြင့်ပေါ့ဗျာ။ ဒါပေမယ့် အလုပ်က အလုပ်ပဲလေ။ တကယ်လို့ စိတ်ကြွလာအောင် မုဒ်သွင်းလို့ မရခဲ့ဘူးဆိုရင်တောင်မှ အလုပ်အတွက် စိတ်ကို လုပ်သင့်တာ လုပ်ဖို့ တွန်းအားပေးရမှာပဲလေ။ 


#Jack_Smith: အဲလို လုပ်နိုင်ဖို့ လှည့်ကွက် တခုခု၊ ပရိယာယ် တခုခုများ သုံးဖြစ်လား? 


#Eric_East: အဲဒါကလည်း အလဟဿတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် ကျနော် ဘုနေတယ်လို့ စိတ်ကူး ပုံဖော်လိုက်တယ်။ ကျနော်ဘုနေတာကို ကြည့်နေမြင်နေရတယ်လို့ စိတ်ကူးပုံဖော်လိုက်တာကလည်း တမျိုးတော့ လန်းတယ်ဗျ။ ဒါပေမယ့် “ငါ လုပ်ရမယ့် အပိုင်းတွေ ကို ငါ မှတ်မိပါ့မလား? ဆိုတာမျိုးကိုတော့ အမြဲတမ်းအဲလို တွေးမိပါတယ်။ ဇာတ်လမ်းဇာတ်ကွက် ဇာတ်ညွှန်းတွေ ရှိတာကိုး။ အဲဒါတွေကိုတော့ မှတ်မိနေမှ ဖြစ်လိမ့်မယ်လေ။ ထပ်ပြောရရင် အနေအထားပေါ့။ လူအနေအထား ပက်လက်လား မတ်တပ်လား၊ မှောက်ခုံလား တစောင်းလား စသဖြင့်ပေါ့။ ပြီးတော့ ကင်မရာအနေအထား။ ဘယ်ထောင့်ကနေ သူတို့ ရိုက်မှာလဲ စသဖြင့်ပေါ့။ ပြီးတော့ ဘယ်လောက် ကြာကြာ သရုပ်ဆောင်ပေးရမယ်ဆိုတာလည်း မှတ်မိထားဖို့ လိုတယ်။ ကျ‌နော်တို့ ရိုက်ကူးရေး မစခင်မှာ အနေအထား အကျဥ်းချုပ်ကို ပြောထားကြတယ်။ ဒါပေမယ့်လည်း ပြောင်းဖို့ လိုလာတာတွေတော့ ရှိတတ်ပါတယ်။ အဲဒီ အခါကျတော့လည်း ရိုက်ကွင်းအနေအထား အခြေအနေကို လိုက်ပြီး အပြောင်းအလဲလေးတွေ လုပ်လိုက်ရတယ်။ 




#Jack_Smith: မင်း လုပ်နေတဲ့ အကြောင်းတွေကို မင်း မိဘတွေ သိကြလား?

 

#Eric_East: မသိကြဘူးဗျ။ တခြားမိသားစုဝင်တွေကလား? ဘယ်သူကမှတော့ ဒီအကြောင်း မပြောကြပါဘူး။ 


#Jack_Smith: နောက်ပိုင်း လုံးဝနာမည်ကြီး အပြာရုပ်ရှင်သရုပ်ဆောင် ဖြစ်လာခဲ့ရင် ဘာလုပ်မလဲ? 


#Eric_East: ကျနော့်အလုပ်နဲ့ ကျနော့်ကိုယ်ပိုင် ဘဝ ကိုတော့ ခွဲခြားထားနိုင်အောင် ကျနော် ကြိုးစားနေမှာပါ။ ကျနော် အာရှသားတွေကို ကိုယ်စားပြုချင်တယ်။ “အာရှသားတွေ (အာရှက ကောင်တွေ) က ပိန်ပိန်ပါးပါး နဲ့ အားနည်းချိနဲ့နေကြတဲ့ ပုံတွေချည်းပါပဲကွာ” လို့ လူအတော်များများ တွေးထားကြတယ်။ ဒါပေမယ့် တကယ်က အာရှသား လူငယ်တွေက ပိုပြီး သန်မာအောင် ပိုပြီး အင်တာနေရှင်နယ် ဆန်အောင် ကြိုးစားနေကြတာပါ။ ကျနော် ဖြစ်နေချင်တာလည်း အဲဒါပါပဲ။ 


#Jack_Smith: အာရှသားမဟုတ်တဲ့သူတွေက အာရှသားအပြာရုပ်ရှင်သရုပ်ဆောင်တွေကို တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး ကွဲပြားခြားနားမှုတွေ ရှိတယ်လို့ ထင်လား? 


#Eric_East: ကျနော်လုပ်နေတဲ့ လုပ်ငန်းမှာ အာရှသားတွေ သိပ်မရှိသေးဘူးဗျ။ လူအများစုက လူဖြူတွေ နဲ့ လက်တင်အမေရိကတွေပါပဲ။ အာရှသားတွေအတွက် ကတော့ အနောက်နိုင်ငံတွေမှာ ခေတ်ရေစီးကြောင်းအရ လိုက်ပါဖို့ အတော်ခက်ခဲနေဆဲပါပဲ။ ဘယ်လို ခေတ်ရေစီးကြောင်းမျိုးမဆိုပေါ့။ ဒါပေမယ့် တရုတ်နိုင်ငံကလည်း တဖြည်းဖြည်း ကြီးမားလာပါပြီ။ ကမ္ဘာကြီးကလည်း ပြောင်းလဲနေတာလေ။ အနောက်နိုင်ငံစျေးကွက်တွေကလည်း ကမ္ဘာကြီးနဲ့ အတူ လိုက်ပါ ပြောင်းလဲနေတာပါပဲ။ 


#Jack_Smith: မင်းအနေနဲ့ မင်းဘဝတသက်တာအတွင်းမှာ တရုတ်နိုင်ငံမှာ အပြာရုပ်ရှင်သရုပ်ဆောင် ဖြစ်လာနိုင်မယ်လို့ မင်း ထင်လား? 


#Eric_East: အခုလည်း ရှိနေတာ ကျနော် မြင်နေရတာပါပဲ။ ကျနော်တို့အနေနဲ့ တရားဝင် လုပ်နိုင်ဖို့ပဲ လိုတာပါ။ 

⚜⚜⚜


အဲရစ်အိစ် ၏ 


⚜ အင်စတာဂရမ်အကောင့် - ericeastofficial 


အဲရစ်၏ အင်စတာဂရမ်အကောင့်သည် သီးသန့်အကောင့်တခုဖြစ်ပြီး ဖော်လိုဝါ ၁ သိန်း‌ကျော်ရှိပါသည်။ 


(ဖေ့ဘွတ်၏လူမှုစံနှုန်းသတ်မှတ်ချက်များနှင့်ညီသော အဲရစ်အိစ် ၏ ပုံများကို ဖော်ပြလိုက်ပါသည်။ ပိုမိုမှောင်လိုပါက Google တွင် Eric East Gay Porn Star ဟု၎င်း၊ တွစ်တာနှင့် အင်စတာဂရမ်တွင်၎င်း ရှာကြည့်ပါရန်)


Translation Source: TimeOut (HongKong) 


⚜ Adam Lovegood ⚜

No comments: