Sunday, September 17, 2023

ဆီးကျိတ်ကင်ဆာ⚠️

 အမျိုးသားထုကြီးကိုတောင် တုန်လှုပ်စေတဲ့ ဆီးကျိတ်ကင်ဆာ⚠️




ဆီးကျိတ်ကင်ဆာဆိုတာကတော့ အမျိုးသားတိုင်း ကြောက်ရွံ့တုန်လှုပ်ကြရပြီး အမျိုးသားတွေမှာအဖြစ်များတဲ့ ကင်ဆာရောဂါပဲဖြစ်ပါတယ်🗯


ဆီးကျိတ်ကင်ဆာအများစုက ပျံ့နှံ့မှုနှုန်းနှေးပြီး စောစီးစွာသိရရင် ကုသလို့ရနိုင်တာကြောင့် ဆရာဝန်တွေအနေနဲ့ အမျိုးသားတွေကို ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ဖို့ အကြံပေးလေ့ရှိပါတယ်❕️


🔅ဆီးကျိတ်ဆိုတာက ဘာလဲ?


◾️ဆီးကျိတ်ဆိုတာကတော့ ဆီးအိမ်ရဲ့အောက်မှာ တည်ရှိပြီး အမျိုးသားတွေမှာပဲရှိတဲ့ သစ်ကြားသီးအရွယ်ဂလင်း တစ်ခုဖြစ်ပါတယ်…

◾️ဆီးကျိတ်ရဲ့အလုပ်ကတော့ သုတ်ပိုးတွေကိုသယ်ဆောင်တဲ့အရည်ကို ထုတ်လုပ်ပေးပြီး အမျိုးသားမျိုးပွားစနစ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး…


🔅ဆီးကျိတ်ကင်ဆာ ဘာကြောင့်ဖြစ်တာလဲ?


◾️ဆီးကျတ်ကင်ဆာဖြစ်ရတဲ့ အဓိကအကြောင်းအရင်းရယ်လို့တော့ မရှိပေမဲ့ ဆရာဝန်တွေကတော့ ဆီးကျိတ်ထဲမှာရှိတဲ့ ဆဲလ်တွေရဲ့ မျိုးရိုးဗီဇ(DNA)ပြောင်းလဲမှုဖြစ်စဥ်ကြောင့်ဆိုပြီး ကောက်ချက်ချကြပါတယ်...


◾️DNAဆိုတာကတော့ ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်နေတဲ့အရာတစ်ခုပဲ ဖြစ်ပါ တယ်။ပြောင်းလဲသွားတဲ့ DNAတွေကြောင့် ဆဲလ်တွေက ပုံမှန်ဆဲလ်တွေထက် ပိုမိုလျင်မြန်စွာ ဆဲလ်ကွဲပြီး ကြီးထွားမှုနှုန်းမြန်လာပါတယ်⚠️


ထိုမှတစ်ဆင့် ဆီးကျိတ်ထဲမှာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေစုပြုံလာရာမှ အကျိတ်စတင်ဖြစ်ပေါ်လာပြီး ကင်ဆာဖြစ်ဖို့ အစပြုလာတာပါပဲ❕️


အထူးသဖြင့်…


♦️အသက်(၅၀)အထက် အမျိုးသားတွေ

♦️ကင်ဆာမျိုးရိုးရှိသူတွေ

♦️အဝလွန်သူတွေ

♦️ဆီးကျိတ်ပြဿနာရှိဖူးသူတွေ(ဥပမာ-ဆီးကျိတ်ကြီးခြင်း)မှာ အဖြစ်များပါတယ်…


🔅ရောဂါလက္ခဏာတွေက ဘာတွေလဲ?


ဆီးကျိတ်ကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့…


◾️ဆီးသွားရာတွင် အခက်အခဲရှိခြင်း

◾️ဆီးသွားလျှင်သွေးပါခြင်း

◾️ဆီးသွားနည်းခြင်း

◾️ဆီးကျန်နေသလိုခံစားရခြင်း

◾️အရိုးများနာကျင် ကိုက်ခဲခြင်း

◾️ကိုယ်အလေးချိတ်ကျဆင်းခြင်း စတာတွေပဲဖြစ်ပါတယ်…


🔅ဘယ်လိုကုသလို့ရလဲ?


ဆီးကျိတ်ကင်ဆာကုသနည်းတွေကလည်း တခြားကင်ဆာကုထုံးတွေနဲ့ မကွာခြားလှပါဘူး⚠️

♦️Surgery(ခွဲစိတ်ကုသမှု)

♦️Radiation Therapy(ဓာတ်ရောင်ခြည်ကုထုံး)

♦️Hormone Therapy(ဟော်မုန်းနည်းဖြင့် ကုသခြင်း)

♦️Chemotherapy(ကီမိုကုထုံး)

♦️Immunotherapy(ခုခံအားစနစ်ဖြင့် ကုသခြင်း)

♦️Targeted Therapy(ကင်ဆာဆဲလ်ပြန့်ပွားမှုကို ကုသခြင်း)စတဲ့ ကုထုံးတွေနဲ့ ကုသလို့ရပါတယ်…


🚨ဒါပေမဲ့လည်း ဆီးကျိတ်ကင်ဆာက ရောဂါနုစဉ်မှာ ထင်ရှားတဲ့လက္ခဏာမျိုး မပြတတ်တာကြောင့် အမျိုးသား တွေအနေနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်မှသာလျှင် ရောဂါရှိ၊မရှိ စောစီးစွာသိရှိနိုင်မှာပဲဖြစ်ပါတယ်…


🗯တိကျသေချာတဲ့ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ဖို့ ဒါမှမဟုတ် ပိုမိုထိရောက်ကောင်းမွန်တဲ့ ဆေးကု သမှုတွေခံယူဖို့အတွက် အဆင်မြင့်ဆေးရုံကြီးတွေနဲ့ ချိတ်ဆက်ဖို့လိုအပ်သည်မှန်သော်လည်း စစ်မှန်တဲ့ ကုသမှုတွေ ခံယူရဖို့ပိုအရေးကြီးပါတယ်။

💝


🔅ရောဂါအခြေအနေတွေကို အမြန်ဆုံးသိပြီး ကုသဖို့အရေးကြီးကြောင်း သတိပေးပါရစေ💝




#ဆီးကျိတ်ကင်ဆာ

No comments: