Monday, November 16, 2026

"Define Lonely"

လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း



ကော်ဖီစားပွဲခုံပေါ်ချထားသော လက်ကိုင်ဖုန်းမျက်နှာပြင်မှာ စာတိုလေးတစောင်ရောက်လာခဲ့ချိန်မှ ကျွန်တော့်ချစ်လင် ခရီးထွက်သွား တာ တစ်ရက်တိတိရှိကြောင်း သတိပြုမိတယ်။ တကိုယ်တည်း အဖော်မဲ့ချိန် အထီးကျန်စိတ်ဝင်ချိန်မှာ သတိတရရှိတာမျိုးလို့တော့ မစွပ်စွဲစေချင်ပါဘူး။ ဒါဟာ ကိုကိုလွင်ရဲ့ သဘောကောင်း ချိုသာပြနေမှုတစ်ခုမျှသာ။ ကိုကိုလွင်ဆိုသော ချစ်လင်က  လူတိုင်းအပေါ် သဘောကောင်းချိုသာပါတယ်။ အတူဖြတ်သန်းခဲ့ရသော တနှစ်ပတ်လုံး စာတိုပို့တိုင်း စာ စကားအရှည်အဝေးမရေးဘဲ အပြုံးသင်္ကေတ (one smiley face) တခုသာ ကျွန်တော့်စီပို့ကာအဆုံးသတ်လျက် သူလုပ်လက်စအလုပ်ကိုသာ အာရုံပြန်စိုက်တာမျိုးလုပ်ပါလိမ့်မယ်။


အင်္ဂါနေ့ရဲ့ ည ၉နာရီဝန်းကျင်မှာ စာတိုတစ်စောင်ရောက်လာခဲ့တယ်။ အဲသည့်အချိန်မှာ မီးဖိုချောင်ထဲ ကျွန်တော် သန့်ရှင်းရေးဝင်   နေချိန်မို့ တကိုယ်လုံးညစ်ပတ်ပေရေနေတာတော့အမှန်ပဲ။

Hit me up if it gets lonely :)

ဖျပ်ကနဲပေါ်လာတဲ့ စာတိုလေးကို အရင်ဖတ်လိုက်ရင်း ဖုန်းမျက်နှာပြင်ကိုတချက်လက်နဲ့ခေါက်ကာ အဲ့စာကိုနောက်တခေါက် ကျွန်တော် ပြန်ဖတ်ခဲ့တယ်။

စာတိုရဲ့အဆုံး အပြုံးမျက်နှာသင်္ကေတလေးက ကျွန်တော့်ကို ဘဝင်ခိုက်သွားစေပါတယ်။ ဘယ်သူမှမရှိတဲ့ မီးဖိုချောင်အခန်းကျယ်ထဲ ကျွန်တော်ဟက်ဟက်ပက်ပက်ရယ်မောခဲ့မိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်သူငယ်ချင်း ရောင်နီဆိုရင် ဒါစာတိုကိုမြင်ပါက ဘာပြောမယ် အတတ်သိလို့ပါပဲ။ ကိုကိုလွင်နဲ့အပြင်လျှောက်လည်ပြီး အခန်းပြန်ရောက်လို့ ကျွန်တော်ဖိနပ်ကုန်းချွတ်တဲ့အချိန်တိုင်း ရောင်နီက သည်စကားကိုပြောခဲ့တာ နှစ်ချီနေခဲ့ပြီ။

‘ကဲကဲ…လုပ်ကြပေါ့။ သူက အနည်းဆုံးတော့ bisexual တယောက်ပဲ။’

ကျွန်တော်မျက်လွှာပင့်ကြည့်လိုက်ရင် ရောင်နီက ခပ်ပြုံးပြုံးအမူအယာနဲ့ သူ့စကားကိုအဆုံးသတ်လိမ့်မယ်။ သည်လို ပြက်လုံးတစ်ခု အမြဲလိုလို ဆုပ်ကိုင်ထားတာ ထုံးစံဖြစ်ခဲ့တယ်။

ကျွန်တော် စားပွဲပေါ် ဖုန်းမျက်နှာပြင်ကိုမှောက်ပြီးတင်ထားလိုက်တယ်။

တွေးမိရသလောက်ကတော့ လူတိုင်းအပေါ်  ကိုကိုလွင်ရဲ့သဘောထားနဲ့ပေါင်းသင်းဆက်ဆံပုံက သည်အတိုင်းပဲလို့ ကျွန်တော် ထင်သား။ သူက ဝဇီရာ ကဇာတ်ရုံမှာ အသံတွေကို ရောသမမွှေပြီး ရလဒ်ကောင်းထွက်အောင်ပြုလုပ်ရသူတစ်ယောက်ပါ။ ဇာတ်စင်ပေါ် က လူများစွာရဲ့အသံကို ကြည်လင်ပြတ်သားအောင် တင်ဆက်ပြသရာမှာအထောက်အပံ့ဖြစ်အောင် သူ့ဘဝတလျှောက်လုံးလုပ်ကိုင် လာခဲ့ပါတယ်။ နေ့ရက်တစ်ခုရဲ့နောက်ဆုံးအချိန်ထိ ဖမ်းယူထားတဲ့အသံတွေကို  မပိတ်ထားနိုင်ခဲ့ဘူး။ သူနဲ့အချိန်တနာရီလောက် နေကြည့် ခင်ဗျား ပျော်ရွှင်ပြီး  သူ့အပြောမှာ ပစ်ကျသွားခဲ့မှာသေချာတယ်။ လူတိုင်းသည်အတိုင်းပါပဲ။ အဲဒါ ကိုကိုလွင်ပါ။

သူ့လက်ကိုင်ဖုန်း Contact lists ထဲကတစ်ဝက်လောက်ကို ကျွန်တော့်စီပို့တဲ့စာသားအတိုင်း ပို့မှာသေချာသလောက်ပဲ။ဟာ..တကယ် ပြောတာ သူပို့တယ်။ အပြုံးမျက်နှာသင်္ကေတက  ဘာအဓိပ္ပာယ်မှမဟုတ်ဘူး။ လူအတော်များများလည်း သည်အပြုံးမျက်နှာသင်္ကေတကို စာတိုပို့ရာမှာ အခြားကိစ္စတွေမှာထည့်သုံးကြပါတယ်။ သူ သဘောကောင်းနေတာ။ ဒါမျိုးလေးပါပဲ။

ကျွန်တော် စားပွဲပေါ်မှ လက်ကိုင်ဖုန်းကိုပြန်ကောက်ကိုင်လိုက်တယ်။

ခဏနေက သူပို့ထားတဲ့စာတိုလေးရဲ့ အပေါ်ဘက်မှာ ကျွန်တော်တို့နောက်ဆုံးအပြန်အလှန်စာဖလှယ်ထားတာလေးရှိတယ်။

ကျွန်တော် - ညစာအတူစားခဲ့ရတာအတွက် သူ့ကိုကျေးဇူးတင်စကားဆိုလိုက်တယ်။

သူ - ခဏလောက်တော့ တအိမ်လုံးလစ်ဟာနေတော့မှာ။

ကျွန်တော် - အင်း….ရောင်နီလည်း သူ့လုပ်ငန်းခွင်ရှိတဲ့ ကမ္ဘာတဘက်ခြမ်းကို သည်နံနက်ပဲထွက်သွားတာ ဖေဖော်ဝါရီလမရောက်မချင်း တွေ့ရမယ်မထင်ဘူး။

အထက်မှာရေးပြခဲ့တာတွေက  ကိုကိုလွင်ရယ် ကျွန်တော်ရယ် စာအပြန်အလှန်ပို့ခဲ့ကြတဲ့စာတွေရဲ့အနှစ်ချုပ်ပါ။  လွန်ခဲ့သော သုံးရက် ကစာတွေပေါ့။ 

ကျွန်တော် - ညစာအတူတကွာလာရောက်စားသုံးလို့ သူ့ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

သူ - အချိန်ခဏတော့  တအိမ်လုံးလစ်ဟာနေတော့မှာ။

ကျွန်တော်  -  ဟုတ်တယ်။ အတူနေတဲ့  ရောင်နီလည်း မနေ့က ခရီးထွက်သွားတာ။ အဲသည့်မနက်ကဘဲ သူတို့ဝန်ထမ်းတွေရဲ့ဆုံရပ် နေရာကို ကျွန်တော်ကားမောင်းလိုက်ပို့ခဲ့တာ။ ဖေဖော်ဝါရီလထိတော့ သူ့ကိုတွေ့ရမယ်မထင်ဘူး။

ဘာရယ်မဟုတ် အဓိပ္ပာယ်မဲ့စွာ ဖုန်းမျက်နှာပြင်ကိုအထက်အောက်ရွှေ့ကြည့်နေခဲ့ပါတယ်။ များသောအားဖြင့် တနှစ်လုံးက logistics ပါပဲ။ နံနက်ခင်းစောစော အပြေးလေ့ကျင့်တာနောက်ကျလို့ ၆ နာရီထိုးပြီလားဆို ‘အိမ်ပြန်ရောက်ပြီလား မရောက်သေးရင် lemonade တစ်လုံး လောက်ဆွဲခဲ့ဦး’ စကားမျိုးကြားရမယ်။ ကျွန်တော့်အထင် အဲလိုပြောခဲ့တဲ့စကားက တစ်ကြိမ်ထက်မကဘူးရယ်။ တစ်ကြိမ်ထက် တစ်ကြိမ် သူ့လိုအင်ပြည့်ဖို့ဆိုတာမျိုးပဲ ကျွန်တော်မြင်ရကြားရတယ်။ ကျွန်တော်တို့ တွေ့ဆုံပြီးချိန်တိုင်းတော့ အိမ်ကိုကောင်းကောင်းမွန်မွန်ပြန် ရောက်ရဲ့လား သူစစ်ဆေးတတ်ခဲ့ပါရဲ့။

ကျွန်တော် စာသားအချို့ရိုက်ပြီးမှ ပြန်ဖျက်ခဲ့တယ်။

နောက်တော့ ကျွန်တော်ရိုက်ခဲ့တဲ့စာသားက define lonely…

ကျွန်တော်ကိုင်ထားတဲ့ဖုန်းကို စားပွဲပေါ်ပြန်မချခင်လေးမှာပဲ ပြန်စာရောက်လာတယ်။

Lonely: ဗလာဖြစ်နေသော အိပ်ရာတစ်ခု၊ နယ်လွန်နေတဲ့ စိတ်ကူးယဉ်မှုတစ်ခု၊ ပြီးတော့ ရုပ်ရှင်ရုံထဲ နံဘေးမှာတစ်ယောက်မှမရှိတာ။ လာမည့်အပါတ် ဘယ်ရုပ်ရှင်ဇာတ်ကားကြည့်မလဲ။ အနည်းဆုံးတော့ ကိုယ်ဝယ်လာတဲ့  ပေါက်ပေါက်ဆုပ်ဗူးကို မင်းကိုကိုင်ခွင့်ပေး  ပါ့မယ်။ 

မခန့်လေးစား လူပါးဝသလိုပဲ လို့ ကျွန်တော်တွေးမိပြီး ဘာစာမှပြန်မရေး မပို့ဘဲ အိပ်ရာထဲဝင်လှဲလိုက်ပါတယ်။

⁂

သောကြာနေ့မှာတော့ ကိုကိုလွင်ဟာ Spider-Man: Brand New Day (2026 film) ရုပ်ရှင်ပြတဲ့ မြို့လယ်က ကြည့်နေကြရုံရှေ့မှာ ရောက်နှင့်နေခဲ့ပါပြီ။ လက်ထဲမှာတော့ ပေါက်ပေါက်ဆုပ်နဲ့ သောက်စရာကိုလာဘူးကြီးတစ်ဘူးကိုကိုင်လျက် ရုပ်ရှင်ရုံအဝင်၀ မလှမ်းမကမ်းမှ နံရံတချပ်ကိုမှီလျက်စောင့်နေတယ်ဗျ။

‘မင်းပြောတော့ ငါသယ်လာရမယ်ဆို’ ကျွန်တော်ခပ်တိုးတိုးပြောလိုက်တယ်။

‘ငါပြောတာက မင်းကိုကိုင်ခိုင်းမယ်လို့။ မင်းနောက်ကျတယ်နော်။’ သူကိုင်ထားတာတွေကို  ကျွန်တော့်အားလက်လွှဲပေးတယ်။

"ငါ လေးမိနစ်လောက် စောရောက်ပါတယ်ကွာ’

"ဒါဖြင့် ငါစောရောက်နေတာပေါ့" သူ ကျွန်တော့်နောက်ပါးကနေ အသာလိုက်ဝင်လာတယ်။ ကျွန်တော်   အခြားကိစ္စဝိစ္စမပြုလုပ်ခင် ကြပ်မတ်ဖို့ ရောက်လာတဲ့အတိုင်းပါ။

သူ ခုံတန်းရှည်ကြီးများရဲ့နောက်ဖက် စုံတွဲခုံနေရာတခုကို ဘွတ်ကင်တင် လတ်မှတ်ဖြတ်လိုက်ပါတယ်။ နောက်မီ သို့မဟုတ်လက်တမ်း  တွေကို ကိုယ့်ဘာသာကိုယ်ချိန်ညှိလို့ရတဲ့  ထိုင်ခုံများမို့ မဆိုးပါဘူးဆိုရမယ်။ နောက်ဆုံးခုံတန်းကြီးမှာများယူလိုက်သလားဆိုပြီး ကျွန်တော် စိုးရိမ်နေတာ မဟုတ်လို့တော်သေးတယ်။ ဆယ့်ငါးနှစ်အရွယ် ဆယ်ကျော်သက်တစ်ယောက်လို ရင်တခုန်ခုန်နဲ့ထိုင်ချခဲ့ တယ်ပေါ့။

ရုပ်ရှင်က လူငယ်တွေအကြိုက်ဇာတ်လမ်းဖြစ်သလို အင်္ဂလိပ်စာတန်းထိုးအပြင် ဒေသိယဘာသာစကားနဲ့ပါ subtitle ထိုးပေးတာမို့ ကြည့်ရှုသူတွေအတွက် အတော်အဆင်ပြေသား။ ကျွန်တော်ကတော့ ဇာတ်လမ်းထက် ပါဝင်သရုပ်ဆောင်သူများရဲ့ ရုပ်ရည်၊ အဝတ်အစား အပြင်အဆင်၊ ရုပ်ရှင်ဒါရိုက်တာရဲ့ စွမ်းရည်များကိုသာ စပ်စုမိနေတယ် ပြောရမယ်။ 

မိနစ် သုံးဆယ်လောက်  ရုပ်ရှင်ကြည့်ပြီးနောက်  ကျွန်တော်တို့နှစ်ယောက်သား ထိုင်ခုံလက်တမ်းပေါ် အားပြုမှီချတာ တပြိုင်နက်ပဲ။ သူ့လက်ဖျံက ကျွန်တော့်လက်ဖျံပေါ်မှေးတင်လျက် ငြိမ်သက်နေခဲ့တယ်။ သူဝတ်ထားတဲ့ ဆွယ်တာ အပေါ်အင်္ကျီနဲ့ ကျွန်တော့်ရှပ်အင်္ကျီ မှတဆင့် ကိုယ်ငွေ့နွေးနွေးကိုခံစားရမိနေတယ်။ သူ့အသက်ရှူငွေ့နွေးနွေး  ဝင်ထွက်နေမှှုကိုလည်း သတိထားတယ်မဟုတ်ပေမယ့် သိနေရတာမို့ ရုပ်ရှင်ပိတ်ကားထက်မှ subtitles တွေကို တကြောင်းခြင်းမလွတ်အောင်လိုက်ဖတ်တဲ့အလုပ်အပေါ် နည်းနည်းတော့ အနှောင့်အယှက်ဖြစ်ရတာပေါ့။

သာမန်လူတွေ တနည်းအားဖြင့် ရုပ်ရှင်ကြည့်ပရိသတ်တွေဟာလည်း သူ့တို့လက်အစုံကို ဟိုသည်ရွှေ့တာ တင်တာလုပ်ကြတာ ပါပဲ။ ကျွန်တော်ဘာများတွေးမိပါလိမ့်။

ထိုင်ခုံမှာ အသာထိုင်နေရင်း သူ့ကိုယ်နေဟန်ထားကို ဟိုသည်ပြောင်းတာ ဒူးအစုံဟာ ကျွန်တော့်ကိုလာရောက်တို့ထိနေပါတယ်။ ကိုလွင် ထိုင်ခုံက ကျဉ်းလည်းကျဉ်းသလို အိုဟောင်းပုံရတာမို့ သံသယမဲ့စွာ ကျွန်တော့်ခန္ဓာကိုယ်ကိုကျုံ့ နေရာရွှေ့ပေးသော်လည်း တမင်ကို သူ တို့ထိနေဆဲလို့ခံစားရတယ်။ ယောက်ျားတယောက်ရဲ့ဒူးဟာ အခြားယောက်ျားတယောက်ရဲ့ဘယ်နေရာကိုထိတွေ့နေတယ်ဆိုတာ ဘာ ကြောင့်လို့ အကြေားပြချက်ပေး အဓိပ္ပာယ်ဖွင့်စရာသိပ်မလိုပါဘူး။

ပေါက်ပေါက်ဆုပ်ကို သူနှိုက်စားပြန်တော့ ကျွန်တော့်လက်ချောင်းများနဲ့တွန်းတိုက်မိပြန်တယ်။ ကောင်းပါလေ့…သည်လောက်ကြီးတဲ့ ပေါက်ပေါက်ဆုပ်ဘူးကြီးဟာ ပြောရလောက်အောင်မကြီးပေမယ့် လက်ချောင်းချင်းဆုံဖို့တော့ အခွင့်နည်းပါတယ်။ လက်တခုပ်စီ ယူပြီး စားကြတာ နောက်တကြိမ်မှာလည်း ကျွန်တော့်လက်တွေကိုထိကိုင်ပြန်တယ်။ သူ့လက်ချောင်းများဟာ ကျွန်တော့်လက်ကိုဆုပ်ကိုင် လိုက်ပြီး အတန်ကြာငြိမ်နေတာမို့ သည်တကြိမ်ပေါက်ပေါက်ဆုပ်ယူတာမဟုတ်ဘူးဘဲ။

ရုပ်ရှင်ပိတ်ကားထက်မှာတော့ အမျိုးသမီးသရုပ်ဆောင်တယောက် ဒုက္ခကြုံလို့ အော်ဟစ်အကူအညီတောင်းတဲ့ ပြကွက်တခုကို ပြနေတယ်။ ဘာကြောင့်အော်တယ် ဘယ်နေရာမှာဘာဖြစ်တယ်ဆိုတာ ကျွန်တော်မသိ လွတ်သွားပါတယ်။

Come on. အနည်းဆုံးတော့ သူဟာ bisexual တယောက်ဖြစ်နိုင်လောက်တယ်။

ကျွန်တော့် ဦးခေါင်းထဲမှာတွေးမိရတာက ရောင်နီဆိုရင် သူ့လိင်စိတ်တိမ်းညွှတ်မှုက ဘာဆိုတာ အရိပ်အမြွက်တော့ပြတယ်။ စိတ်ထဲ ကျလိ ကျလိဖြစ်လာပြီး ရယ်မောလုနီးနီးခံစားရကာ လက်အစုံကို ကျွန်တော်ပြန်ဆွဲယူမိတော့မလိုလုပ်သော်လည်း ကိုလွင်က ထိုင်ခုံ လက်ရန်းတခုကိုအားပြုပြီး ကိုယ်ဟန်အပြောင်း ကြမ်းပြင်ကြောင့် ရှောကနဲချောသွားသလိုမို့ ပေါက်ပေါက်ဆုပ်ဘူးကြီးထဲနှိုက်ထားတဲ့ လက်ဟာ ရောင်ရမ်းပြီး သူ့ကိုလှမ်းအဆွဲ ပေါင်ရင်းကို မရည်ရွယ်ဘဲ လက်ရောက်မှုဖြစ်သွားတယ်ဗျ။

ကိုင်ထားမိတာ တော်လောက်ပြီလို့ ကျွန်တော့်စိတ်ကတွေးသော်လည်း ရှည်လျားပြီး မာတောင့်နေတဲ့အရာတခုက လက်ကိုရုတ်သိမ်းဖို့ မေ့စေပါတယ်။ သတိထားပြီး ကိုင်ထားတဲ့ ကျွန်တော့်လက်ကို ရုတ်သိမ်းလိုက်ချိန်မှာတော့ သူဟာ ကျွန်တော့်ပေါင်ခွဆုံကိုလှမ်းကိုင်ပြီး မလွှတ်တော့ဘူး။

ကျွန်တော်တို့တယောက်ကိုတယောက် မျက်နှာချင်းမကြည့်မိကြပါ။ သူ့လက်မဟာ ကျွန်တော့်ပေါင်ခွဆုံအထုပ်အထည်ကြီးပေါ် ဖြည်းညင်းစွာ စတင်ရွေ့လျားပွတ်သပ်လာခဲ့တယ်။ စိတ်လှုပ်ရှားမှုကြောင့် လှမ်းကိုင်တားမြစ်ဖို့လုပ်တဲ့ ကျွန်တော့်လက်ကို သူဆွဲယူ ဆုပ်ကိုင်လိုက်ပြီး လက်ချောင်းချင်းယှက်လျက် ရင်အုပ်ပေါ်တင်ထားပါတယ်။ မင်းသားနဲ့မင်းသမီး အနမ်းပေးတာကိုကြည့်ရင်း ကျွန်တော့် ရင်အစုံဟာ ဆန္ဒတစုံတရာ တံခါးခေါက်လာသလို သူ့ဒူးအစုံဟာလည်း အနည်းငယ်တဆတ်ဆတ်တုန်လာသယောင် ဖြစ်လာတယ်။

အချိန်ခဏလောက် လုပ်ကိုင်သမျှ လွှတ်ပေးပြီးနောက်မှာ အဲဒါဟာ တကယ့်ကို စိတ်မလာသလိုခံစားရပြီး ကျွန်တော့်ဒူးအစုံပေါ် သူ့လက်ကိုတင်ထားခဲ့ပါတယ်။

မှေးတင်ထားတဲ့ သူ့လက်ဖဝါးအစုံဟာ ကျွန်တော့်ဒူးအစုံပေါ် ရုပ်ရှင်ပြကွက် သုံးလေးကွက်စာလောက် အနားယူပြီးနောက် ကျွန်တော့် ပေါင်ခွဆုံရှိရာ စတင်ရွေ့လျားပါတယ်။ တရွေ့ရွေ့ တရွေ့ရွေ့နဲ့ ရည်မှန်းရာအကွက်အကွင်းကို သူသွားနေတာ ကျွန်တော်လှမ်းမတားနိုင် လောက်အောင်  ငြင်သာနှေးကွေးနေတယ်။ တစ်စုံတရာ အဓိပ္ပာယ်နဲ့သူဇာတ်လမ်းစတင်ခဲ့တာကို ကျွန်တော်တားမြစ်ဖို့မစဉ်းစားမိဘူး။ ကျွန်တော့် ဒူးအစုံကို အနည်းငယ်ကားပြီး ဖွင့်ဟပေးလိုက်တယ်ဗျ။ သူ့နှာသီးဝမှ အသက်ရှူသွင်း ရှူထုတ်တဲ့လေတိုးသံကို ကျွန်တော် ကြားရပါရဲ့။

ကျွန်တော့်ပေါင်အထက်ပိုင်းရောက်ကာနီးမှာ သူရပ်တန့်လိုက်ပြီး တုန့်ပြန်မှုတခုခုလာမလား စောင့်ဆိုင်းတယ်။

လက်တစ်ဖက်နဲ့ သူ့ခါးအစုံကို ကျွန်တော်ကိုင်တွယ်လိုက်သလို အခြားလက်တဖက်နဲ့သူ့လက်ကိုအုပ်ကိုင်ကာ ဂျင်းဘောင်းဘီဖောက် ထွက်မတတ်ဖုဖောင်းနေတဲ့ဆီ တိုက်ရိုက်တင်ပေးလိုက်ပါတယ်။

သူချိတုံချတုံ လုံးဝမဖြစ်ခဲ့ပါဘူး။ သူ့လက်ဖဝါးကြီးဟာ ကျွန်တော့်ဂျင်းဘောင်းဘီရှေ့ပိုင်းကို အသာဖိကိုင်ပွတ်သပ်ပြီး လက်ချောင်းများနဲ့ အတွင်းက မာတောင့်နေတဲ့ အသားချောင်းကြီးတလျောက်အား စမ်းသပ်ညှစ်ကိုင်တယ်။ နုညံ့လိုက် ခပ်တင်းတင်းကိုင်ညှစ်လိုက်လုပ်ရင်း မရည်ရွယ်ဘဲ ကျွန်တော့်အသက်ရှူသံ ခပ်ပြင်းပြင်းတချက်လှုပ်ခါထွက်သွားတဲ့အပေါ် သူသဘောကျသွားဟန်ပြတယ်။ သူ့လက်မောင်း ကြီးကို တင်းတင်းဆုပ်ကိုင်မိပြန်တော့ ကျွန်တော့်ပါးပြင်ကို အနမ်းတချက်ပေးလာတယ်။

သူ့လက်ချောင်းတွေကို ခပ်ဖြေးဖြေးစတင်လှုပ်ရှားခဲ့ပါတယ်။ သူ့လက်ဖဝါးအစုံ ပေါင်ခွဆုံပေါ်ရောက်ချိန်မှာတော့ ကျွန်တော်သူ့လက်ကို ထပ်ပိုးအုပ်ကိုင် တွန်းဖိထားပြီး ရပ်တန့်စေမိတာက ကိုယ့်ရင်ခုန်သံကိုယ်ပြန်ကြားရတဲ့အထိ ဖြစ်လာလို့ပါ။ ကျွန်တော့်စိတ်လှုပ်ရှားမှုကို သူ ရိပ်မိဟန်နဲ့ ကော်ဖီဖျော်တာမျိုးမလုပ်ဘဲ အသာညှစ်တာ အထက်အောက်ပွတ်သပ်တာမျိုးပဲ ကလေးတယောက်မုန့်ခိုးစားသလို ပြုလုပ်တယ်။ ဘယ်လိုပြောရမလဲဗျာ…..ကိုယ့်ပါးစောင်ကို ကိုယ်ပြန်ကိုက်မိမတတ်ပါပဲ ရင်တဒိန်းဒိန်းခုန်တယ်။

ကျွန်တော် ပတ်ဝန်းကျင်ကို ငဲ့စောင်းကြည့်ချိန် အလင်းရောင်နည်းနေလို့ သက်ပြင်းချမိပြီး ကိုလွင့်မျက်နှာဘက် လှည့်ကြည့်လိုက်တော့ သူက ကျွန်တော့်မျက်နှာကို တည့်တည့်စိုက်ကြည့်နေခဲ့တာကြာပြီထင်ရဲ့။ ရုပ်ရှင်ပိတ်ကားထက်က အလင်းပြန်မှုကြောင့် သူ့မျက်နှာ တခြမ်းကို မြင်ရပုံက ဟိုးယခင် နာမည်ကြီးဘားတစ်ခုမှ စားပွဲခုံတွင် မြင်ခဲ့သိခဲ့ရတဲ့ အမူအယာအတိုင်းပါ။

ကျွန်တော် စိတ်မထိန်းနိုင်ဘဲ သူ့ပေါင်ခွဆုံကို လက်နဲ့လှမ်းအုပ်ကိုင်လိုက်ပါတယ်။ ခန္ဓာကိုယ်ကို ထိုင်ခုံကျောမှီတလျောက် လျောချ လိုက်ကာ သူ့မျက်ဝန်းများမှေးမှိတ်လျက် ခဏငြိမ်သက်သွားတယ်။ ကျွန်တော့်ပစ္စည်းကို ကိုင်တွယ်ထားတဲ့ သူ့လက်ကိုတော့မလွှတ်ဘဲ လတ်တလော ဘာလုပ်မိနေတယ်ဆိုတာ မေ့လျော့သွားပုံပေါက်တယ်ပြောရမယ်။

အထက်မှာပြောခဲ့တဲ့အနေအထားအတိုင်း ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ငပဲ တစ်ယောက်လက်နဲ့အုပ်ကိုင်လျက် အမှောင်ထဲ ထိုင်နေကြပါတယ်။ အိတ်ထဲမှ ငှက်ပျော်သီးနဲ့ကြက်ဥကို အပေါ်ကဖျစ်ညှစ်တာကတော့ ဆက်လုပ်နေဆဲပေါ့။ ကျွန်တော်တို့ထိုင်နေတဲ့ ခုံတန်းရဲ့ ရှေ့ဘက်မျက်နှာစာ သုံးတန်းမြောက်လောက်မှ တစ်စုံတယောက်ရဲ့ လေချွန်သံတစ်ချက်ကြားလိုက်ရတယ်။ ရုပ်ရှင်ပိတ်ကား ထက်မှာ ဘယ်လိုဇာတ်ကွက် ဘယ်လိုသရုပ်ဆောင်နေကြတယ်ဆိုတာ မသိတော့ဘူးရယ်။

ရုပ်ရှင်ရုံလက်မှတ်စစ်အချို့ရောက်လာပြီး ဓာတ်မီးလေးနဲ့ဟိုထိုးသည်ထိုးနေရာကြည့်တာကြောင့် ကျွန်တော်တို့တွေ ကိုင်ထားတဲ့ဟာ လက်လွှတ်ပြီး ကိုယ့်ထိုင်ခုံပေါ် အသာငြိမ်ပြီးထိုင်ကာ ရုပ်ရှင်ပိတ်ကားထက်ကို အာရုံပြန်စိုက်လိုက်ကြပါတယ်။ ပင့်ကူလူသားနဲ့ မင်းသမီး ဘာတွေပြောပြီး သူတို့ပေါင်းသင်းဆက်ဆံရေးအခြေအနေတိုးတက်အောင် ဘယ်လိုကြိုးစားကြတာ ဘာညာသာရကာ။

ကိုကိုလွင် မသိမသာ မတ်တပ်ထရပ်လျက် ထိုင်ခုံကျောဘက်ကိုလှည့်လျက် မတ်ထောင်မာတောင့်နေတဲ့ သူ့ငပဲကို ဘောင်းဘီထဲ အသာ နေရာပြန်ချပါတယ်။ ကျွန်တော်ကတော့ ထိုင်မြဲအတိုင်းထိုင်ပြီး ဘောင်းဘီထဲ မသိမသာလက်လျှိုသွင်းကာချိန်ညှိလိုက်ရင်း အပေါ်ဝတ် ကုတ်အင်္ကျီကို ခေါက်ပြုလျက် လက်ဖျံတဘက်မှာလွှားတင်မိတယ်။ ကုတ်အင်္ကျီ ပိတ်စရှည်က ဖောင်းဖုနေတဲ့ပေါင်ခွဆုံကို ဖုံးအုပ် သယောင်မို့ ကိုလွင့်နောက်ပါးမှ ရုပ်ရှင်ရုံအပြင်ကိုထွက်လိုက်တဲ့အခါ မျက်နှာမပူရမှာလေ။

ရုပ်ရှင်ထွက်ပေါက်ဘက်မှာတော့ သန့်စင်ခန်းဘက်မှလာသောမီးရောင်ဝါကျင့်ကျင့်အလင်းရောင်ကို လှမ်းမြင်နေရတယ်။ ကိုလွင် စက္ကန့်အနည်းငယ်လောက် ကျွန်တော့်ဘက်မျက်နှာလှည့်ကြည့်ပြီး ရှက်သွေးဖြန်းသောအကြည့်တချက်ပေးလာပါတယ်။

“မင်း….အိမ်ပြန်မှာမဟုတ်လား”

"ငါ အလုပ်ကနေတန်းလာတာမို့ အိမ်ပြန်မရောက်သေးဘူးလေ”

"ငါသိပါတယ်…ဟို….ငါ ကြိုတင်မေးကြည့်တာမျိုးပါ” သူက ဘာရယ်မဟုတ် အရှက်သည်းပြီးလျှောက်မေးနေတာ။

⁂

သူ့တိုက်ခန်းက မြေအောက်ရထားဘူတာရုံကနေတက်လိုက်ရင် ဆယ်မိနစ်လောက်ပဲဝေးပါတယ်။ ကျွန်တော်တို့တယောက်မှ ဘယ်သွားနေကြတယ် ဘာလုပ်ကြမယ်ဆိုတာ မပြောခဲ့ကြဘူး။

ကျွန်တော်တို့ လမ်းလျှောက်နေစဉ် တစ်ယောက်ခန္ဓာကိုယ်ကို အခြားတယောက်က ထိကိုင်တာမျိုးမလုပ်ကြဘူး၊ အထူးအဆန်းဆုံးက အကြည့်ခြင်းတောင် မဆုံကြတာထူးဆန်းတယ်။ နှစ်ဦးကြားက ခြေတလှမ်းစာအကွာအဝေးအတွင်း လေစိမ်းတွေဝေ့၀ဲတိုက်ခတ်နေသလို ပါးစပ်ကတော့ တောင်စဉ်ရေမရအကြောင်းအရာတွေကို ခပ်တိုးတိုးသာပြောလာကြပါတယ်။ နိုင်ငံအတွင်းကထွက်ခွာသွားကြတဲ့ ရင်းနှီး မြုပ်နှံမှုကုမ္ပဏီများအကြောင်း၊ ဆိုရှယ်မီဒီယာပေါ်က ရန်ပွဲများအကြောင်း၊စားနေကြ သျှမ်းခေါက်ဆွဲဆိုင်ရဲ့နံဘေးမှာ မြောင်းမြမုန့်ဟင်းခါး ဆိုင်သစ်တစ်ဆိုင်လာဖွင့်ကြောင်းအပြင် မကြာခင်သက်လတ်ပိုင်းရောက်လာတော့မှာမို့ Old Money Style Outfits တွေစိတ်ဝင်စား လာကြောင်းတွေကောအစုံပြောမိတာပဲ။ ဘေးပါတ်ဝန်းကျင်မှ လှမ်းကြည့်ရင်တော့ သည်လူတွေ ဘယ်လိုအရေးပါ အရာရောက်တဲ့ အကြောင်းအရာတွေဆွေးနွေးပြောဆိုပြီး အိမ်ပြန်လာကြပါလိမ့်လို့ထင်ကြမယ်။

အိမ်ခန်းအဝတံခါးနားလည်းရောက်ရော တံခါးသော့ကို ဟိုစမ်းသည်စမ်းသူလုပ်ပါတယ်။ တကယ့်လူ သူစိတ်လှုပ်ရှားနေတာကို မထိန်းနိုင်ဘူး နံဘေးကလူသိလောက်အောင် သိသာလွန်းတယ်။ စက္ကန့်အနည်းငယ်ကြာ တံခါးဖွင့်အပြီးမှာ တံခါးရွက်ကို  ကျွန်တော်ဝင်ဖို့ အတန်ကြာအောင်  သူကိုင်ထားပေးတယ်ဗျ။

စင်္ကလြမ်းတလျှောက်ဟာ မှောင်မဲနေသလို အခန်းတံခါးပိတ်လိုက်သံ ‘ချပ်’ ဆိုတာကိုအကျယ်ကြီးကြားလိုက်ရပါတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံး အခန်းမီးဖွင့်ဖို့မကြိုးစားကြဘူးရယ်။

“ငါ…မင်းအတွက် သည်အချိန် Taxi တစ်စီးလောက်ခေါ်ပေးဖို့..အဲ..မင်းဆန္ဒရှိရင်…ညအိပ်..’ သူ တည်တည်ငြိမ်ငြိမ်ပဲ စကားဆိုလာ တယ်။

စကားအဆုံးသတ်ခွင့်မပေးဘဲ သူ့နှုတ်ခမ်းအစုံကို ကျွန်တော်အမှောင်ထဲမှာနမ်းလိုက်တာ နှုတ်ခမ်းထောင့်စွန်းလေးသာမှီပါတယ်။ အံ့အား တသင့်အသက်ရှူရှိုက်ရင်း သူ အသံခပ်ကျယ်ကျယ်ထွက်အောင်ရယ်မောတယ်လေ။ နောက်တော့ ကျွန်တော့်ကုတ်အင်္ကျီကော်လံကို ဆွဲကိုင်ယူလျက် အနမ်းတွေပြန်ပေးလာတယ်။

ကျွန်တော့် ကျောပြင်ဟာ အခန်းနံရံမှာကပ်နေပြီး နံရံကပ်ပိုစတာဘောင်တခုရဲ့အစွန်းနဲ့ တို့ထိတွန်းတိုက်မိပါတယ်။

ကုတ်အင်္ကျီကို သူလျှောချွတ်ပေးတာမို့ လက်နှစ်ဖက်ကို လေထဲအသာမြောက်ပေးရင်းအလိုက်သင့်နေပေးရတယ်။ ရုပ်ရှင်ရုံထဲမှာ ကျွန်တော့်ကို တို့ထိနမ်းရှုံ့ခဲ့တဲ့အတိုင်း သူအနမ်းတွေဆက်တိုက်ပေးပါတယ်။ ယခင်ကတည်းက အစီအစဉ်ဆွဲထားတဲ့အတိုင်း လုပ်ကိုင် နေပုံမို့ တဆင့်ပြီး တဆင့်တက် အဆင့်မကျော်ဖို့ ကျွန်တော်သည်းခံရတယ်။ ပူနွေးစိုစွတ်တဲ့ နှုတ်ခမ်းသားတွေ ကျွန်တော့်လည်တိုင်မှာ ရောက်ရှိရွေ့လျားချိန် ကိုယ့်ကိုယ်ကိုယ်တောင်မကြားဘူးခဲ့တဲ့ လေသံနဲ့ သူ့နာမည်ကို အသံထွက်ခေါ်လိုက်မိတယ်။

“အပေါ်ထပ်သွားကြမလား” ကျွန်တော့်လည်တိုင်မှာ အနမ်းဖွဖွပေးရင်း သူမေးတယ်။

"Yes."

ကျွန်တေ်ာတို့နှစ်ယောက်သား လှေကားလက်ရန်းအတိုင်း ခပ်ဖြေးဖြေးတက်သွားကြတဲ့ လမ်းကြောင်းတလျှောက် အပေါ်ဝတ်ဆွယ်တာ အင်္ကျီရယ် သူ့ရှူးဘိနပ်တစ်ဖက်ရယ် တိုလီမုတ်စတွေ ခြေရာလက်ရာချန်ထားတဲ့အတိုင်း ကျန်နေခဲ့တယ်။ ခပ်ဟဟပွင့်နေသော သူ့ အိပ်ခန်းထဲမှ မီးအလင်းရောင်လေးကြောင့် အမှောင်ထဲ ကြောင်မပျောက်ဘဲ ကျွန်တော်တို့ရောက်သွားကြတယ်။ အိပ်ရာပေါ်မတက်ခင် ကျွန်တော် အဝတ်အစားအကုန်ချွတ်ချချိန်မယ် သူကတော့ ဝတ်ထားတဲ့ရှပ်အင်္ကျီကို စနစ်တကျချွတ်ပြုပြီး ချိတ်နဲ့အဝတ်ဘီရိုမှာ ချိတ် နေလေရဲ့။

အကြိမ်အရေအတွက်များစွာ ရှပ်အင်္ကျီမျိုးစုံ သူဝတ်ဆင်ထားတာကို  ကျွန်တော်မြင်ဖူးခဲ့ပြီးသားပါ။ နွေရာသီ ကမ်းခြေမှာ သူဝတ်ဆင်တဲ့ ရှပ်အင်္ကျီတွေအပါအဝင်ပေါ့။ အမြဲတစေ သန့်ရှင်းသပ်ရပ်နေတာကိုပဲ မြင်ခဲ့ရတဲ့အဖြေ သည်နေ့မှပိုသိရတယ်။ Gin & Tonic သံဗူးလေး တွေ အိပ်ရာခုတင်ဘေး သူယူလာပေးတော့ ကျွန်တော် မသိမသာ စားပွဲခုံပေါ်ပြန်ချထားလိုက်တယ်။

ခပ်မတ်မတ်ထိုင်နေတဲ့ ကျွန်တော့်ကို အိပ်ရာပေါ် တွန်းလှဲချလိုက်ပြီး တကိုယ်လုံးကို ဘာသုံးသပ်ချက်ပေးစရာရှိလဲမသိ စေ့စေ့စပ်စပ် သူကြည့်ပါတယ်။ အနားတိုးကပ်လာရင်း ကျွန်တော့်လည်တိုင်တဝိုက် အနမ်းပေးလာတော့ နှစ်ယောက်သား အသက်ရှူသံဟာ ရုပ်ရှင်ရုံ ထဲမှာဖြစ်ခဲ့တဲ့အတိုင်း ပြင်းထန်မြန်ဆန်လာတယ်။

“ဘယ်လောက်ကြာမှာလဲ’ ကျွန်တော်သိလိုတာကိုမေးလိုက်တယ်။

ကျွန်တော့်ခန္ဓာကိုယ်ကို ခွလျက်ဒူးထောက်ထိုင်ချရင်း ဘောင်းဘီမှခါးပတ်ကိုသူစတင်ချွတ်ပါတယ်။ သူ့လက်တွေဟာ မြဲမြံခိုင်မာတယ် မတုန်ရင်ပါဘူး။ ‘ခဏနေမှ မေးကွာ’

သည်တော့ အတန်ကြာတဲ့အထိ ကျွန်တော်မေးခွန်းတစုံတရာမထုတ်တော့ဘူး။

ခန္ဓာကိုယ်ကိုထိနေသော သူ့ကိုယ်အပူချိန်ငွေ့ငွေ့က ကျွန်တော့်ကိုစိတ်လှုပ်ရှားစေတာတော့အမှန်ပါ။ ကိုယ်အလေးချိန်ကြောင့်တော့ ကျွန်တော့်ကိုအခက်မတွေ့စေဘူး ထင်တာပဲ။ သူ့ပါးစပ်အစုံဟာ ကျွန်တော့်ရင်အုပ်မှသည် ဝမ်းဗိုက်ပိုင်းအပြင် ခန္ဓာကိုယ်အောက်ပိုင်းကို ဖြေးဖြေးခြင်းရွေ့သွားတာ ရင်ခုန်စိတ်လှုပ်ရှားရသလို အနည်းငယ်ရယ်ချင်စိတ်ဖြစ်ပြီး ဖင်တကြွကြွလုပ်မိတယ်။ နောက်ဆုံး သူ့ခန္ဓာကိုယ် ကို ကျွန်တော်ဆွဲထူကာ အိပ်ရာပေါ် တွန်းလှဲချလိုက်ပြီး ပက်လက်ကလေးလှဲခိုင်းပစ်တယ်လေ။ အိန္ဒြေရှင်လို တရွရွလုပ်နေတဲ့ သူ့ကို ကျွန်တော် တဖန်အနမ်းမုန်တိုင်းဆင်ချင်လို့ပါ။ သူ့နှုတ်ခမ်းအစုံနဲ့တကွ လည်တိုင်တဝိုက်ကို အားရပါးရမွှေးကြူလိုက်ပြီးမှ ခန္ဓာကိုယ်မှ လက်ကျန်အဝတ်အစားတွေကို ကျွန်တော်ချွတ်ပေးတယ်။ ကြယ်သီးတွေ ဇစ်တွေကို  ပွတ်သပ်ရင်းဖြုတ်ဟဖွင့်လျက် အနမ်းပေးတော့ ကိုလွင်တယောက် ခေါင်းထောင်ထလာကာ ကျွန်တော့်အမည်ကို တဖွဖွရေရွတ်တယ်။ မသိရင်အခုပဲ သတိလစ်တော့မယ့်အတိုင်း။

နောက်တော့ ကို့ယိုကားယား ခဏရပ်တန့်လိုက်ကာ ကုတင်နံဘေးစားပွဲပုရဲ့အံဆွဲထဲမှ ချောဆီဗူးနဲ့အတူ အညိုရောင်သန်းတဲ့ poppers ပုလင်းတပုလင်းကို သူလှမ်းယူလိုက်ပါတယ်။ ပစ္စည်းတွေကို ကိုင်ထားတဲ့ သူ့လက်တွေဟာ အနည်းငယ်တုန်ခါနေသလို ကျွန်တော့်လက် ထဲကမ်းပေးစဉ်မှာလည်း ပြုတ်ကျမလိုလိုဖြစ်နေရော။ အရာအားလုံး အမှားအယွင်းမဖြစ်အောင် ကျွန်တော်က ဦးဆောင်ပြင်ဆင်ပေးရ တာပါပဲ။  သူက တကယ့်အပျိုစင်လေးတယောက်အတိုင်းဖြစ်ပျက်လျက်သားပါ။

အဲသည့်နောက်မှာတော့ ခဏရပ်တန့်တာ ဟိုသည်အကြောင်းပြချက်ရှာတာတွေမရှိတော့ပါဘူး။

အစပထမတော့ အကြမ်းပတမ်းဆန်ခဲ့ကြပါတယ်။ နှစ်ယောက်သားရဲ့ တပ်မက်မွတ်သိပ်မှုဆန္ဒတွေပေါက်ကွဲထွက်ခဲ့တာကိုး။ ကိုလွင်ရဲ့ ခန္ဓာကိုယ်နောက်ပိုင်းထဲ ကျွန်တော့်လက်ချောင်းများနဲ့ ခပ်နက်နက်တွင်းနှိုက်စဉ်မှာ သူ့ဦးခေါင်းဟာ အနည်းငယ်ရမ်းခါလျက် အခန်းနံရံ ကိုတချက် တချက်သွားတိုက်မိတယ်။ ခန္ဓာကိုယ်တွန့်ခေါက်ရုံသာမက ဦးခေါင်းကိုလည်း ဟိုသည်လှိမ့်ရင်း အခန်းနံရံကိုသွားသွားတိုက် တော့ တဖက်အခန်းက အိမ်နီးနားခြင်းများသတိထားမိသွားမလား ကျွန်တော်စိုးရိမ်စိတ်ဝင်ရသေးတယ်။သူ့လည်တိုင်ကို ငြင်ငြင်သာသာ အနမ်းပေးရင်း ကိုင်တွယ်ပွတ်သပ်မှုကို အသာအယာအရှိန်လျှော့မှ သူသည်လည်း ငြိမ်သက်အေးဆေးစွာလိုက်လိုက်လျောလျောဖြစ် လာတယ်။ အချိန်အတန်ကြာ နှစ်ယောက်သား အိပ်ရာပေါ်ကခုန်ကြပြီးနောက် ပက်လက်ကလေးလှဲနေတဲ့ ကျွန်တော့်မျက်နှာကို သူ့လက်ဖဝါးနှစ်ဖက်ဖြင့်ညှပ်ကိုင်ကာ မျက်ဝန်းတွေကို မလှုပ်မယှက်သေချာစူးစိုက်ကြည့်တာ ရက်သတ္တပါတ်များစွာ၊ ညပေါင်းများစွာ မတွေ့မဆုံ အနမ်းမပေးခဲ့ဘူးတဲ့အတိုင်းပါ။ ကျွန်တေ်ာတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ရပ်ခိုင်မာဖို့  တစ်ဆင့်ခြင်းကြိုးစားခဲ့ကြတာက မမှားပါဘူးနော်။

ကျွန်တော့်လိင်စိတ်ဆန္ဒ အထွဋ်အထိပ်ရောက်သွားချိန်မှာ သူ့နာမည်ကိုတဖွဖွရေရွတ်ခဲ့မိပါတယ်။ သူကတော့ မျက်နှာကို ကျွန်တော့် လည်တိုင်မှာ အပ်လျက်သားလုပ်တဲ့အပြင် ပခုံးအစုံကိုအားရပါးရတင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့တယ်။

အရာကိစ္စအားလုံးပြီးသွားပေမယ့် ကျွန်တော်တို့တွေ အိပ်ရာထက်မယ် ရွက်ဝါကြွေ မြေခသလို အခန်းမီးမှောင်မှောင်ထဲ လဲလျောင်း နေကြပါတယ်။ ချွေးစေးတွေ စိုရွှဲနေတဲ့ သူ့ခန္ဓာကိုယ်နဲ့အတူ နှလုံးခုန်မှုတဒိတ်ဒိတ်ဟာ ကျွန်တော့်လက်ဖဝါးအစုံအောက်မှာ ရှိနေခဲ့တယ်။

အခန်းကြမ်းပြင်ထက်မှာတော့ ကျွန်တော့်ဂျင်းဘောင်းဘီအပြင် အခြားအဝတ်အစားတွေ ပြန့်ကျဲနေပါတယ်။ ကျွန်တော့်လက်ကိုင်ဖုန်းမှာ တကြိမ်ပြီး တကြိမ် တုန်ခါလျက်ပါ။

ကျွန်တော့်လက်နဲ့လှမ်းယူဖို့မမှီခဲ့ဘူး။ ရောင်နီနေတဲ့ ကမ္ဘာတဖက်ခြမ်းမှာ အချိန်သုံးနာရီလောက်စောသည်မို့ သူအိပ်ရာထပြီး ကော်ဖီ ဖျော်ရင်း မီးဖိုချောင်းပြတင်းနားမှသည် ဓာတ်ပုံတစ်ပုံရိုက်ပြီးပို့လေ့ရှိတာပို့ခြင်းဖြစ်မယ်။ နေထွက်ချိန် သို့မဟုတ် နေဝင်ချိန်တခုခုရောက် တိုင်း ရောင်နီက ဓာတ်ပုံတစ်ပုံနဲ့အတူ နှုတ်ဆက်စကားအနည်းငယ်ပို့လေ့ရှိပါတယ်။

ကိုလွင် ဖက်တွက်ထားတဲ့လက်အစုံဟာ ကျွန်တော့်ကျောပြင်ထက်မှာရပ်တန့်နေခဲ့တယ်။

ကျွန်တော်တို့ စကားတစ်ခွန်းမှမဆိုဘဲ သည်အတိုင်း အချိန်အတန်ကြာလဲလျောင်းနေကြပါတယ်။

နောက်တော့ အမှောင်ထဲမှ ‘ကမ်းလွန်လုပ်ကွက်ရှိရာဘက် သွားရမယ်’ သူ့စကားသံထွက်လာတယ်။ ‘ဆောင်းမဝင်မှီ အင်း….ဒီဇင်ဘာ မတိုင်ခင်တော့ ငါပြန်ရောက်မှာပါ’


Alex Aung (15 November 2026)

No comments: