Saturday, March 17, 2012

Help! (Part Three)


မနက်ခင်း.......
အေးစက်သော ကျွန်တော့်မျက်နှာပေါ်ကို ကျိုးတို့ကြဲတဲ နံရံအက်ကြောင်းတွေမှ နေရောင်ခြည်တန်းတွေရဲ့ ထိုးနှက်မှု ကြောင့် နိုးထလာရ ပါတယ်။ ခန္ဓာကိုယ်ကို ဟိုသည် လှည့်မိတော့ ကောက်ရိုးမျှင်များရဲ့ ရှတယားယံမှုတွေကို ကျွန်တော့် အရေပြားတွေက ခံစားမိနေရပါ တယ်။ ကျွတ်....ကျွတ် တစ်ကိုယ်လုံးလဲ နာကျင်ကိုက်ခဲနေသလိုပဲ။ ယိုင်နဲ့နဲ့ ခြေလှမ်း တွေနဲ့ သစ်သားတံခါးမကြီးဆီ သွားတွန်းရွှေ့ ကြည့်ရင်း ဒီထောင်ကြီးထဲက လွတ်မြောက်ဖို့ဆုတောင်းမိပါရဲ့။ ထုထည်ကြီးမားလှတဲ့ တံခါးကြီးမှ လက်ကိုင်ကွင်းမတပ်ထား၊ အပြင် ဘက်တွန်းဖို့ အထဲဆွဲကြည့်ဖို့ လမ်းမမြင်။ ကျွန်တော် လုပ်နိုင်သမျှ ကြိုးစားကြည့်ပါတယ်။ တွန်းကြည့်၊ ဆွဲကြည့်၊ ဖိပြီးဘေးကိုဆွဲ အားလုံး အလုပ်မဖြစ်ပါ။ ထောင် ချောက်မိနေတာ အသေအချာပေါ့။ ကျွန်တော် လုံးဝကိုမျှော်လင့်ချက်မရှိ။ 'အိုး...ဘာကြောင့်များ ကျွန်တော့်ကိုမှ ဒါတွေဖြစ်စေသလဲ' တွေးရင်း ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချကာ မျက်နှာကို လက်နှင့်အုပ် စပြီးငိုရှိုက်မိပါတယ်။
x x x
(မြတ်သူရဲ့ အိမ်အခြေအနေဘက်ကိုကြည့်မယ်ဆိုလျှင်တော့ မြတ်သူ့မိဘတွေဟာ စိုးရိမ်စိတ်နှင့် ဗျာများနေကြမယ်။ မြတ်သူက ပျောက် ဆုံးနေဆဲ၊ ပြီးတော့ သူတို့သားကို သူတို့မမြင်ရတာ နှစ်ရက်နီးပါးရှိပြီ။ အခု သူ့သားပျောက်ဆုံးနေ သည့်အပြင် 'ဘိုဘို'လည်း ပျောက် သွားပြန်ပြီဆိုတဲ့ သတင်းကို လက်ခံကြားနာရပါရဲ့။ သူတို့ရင်ထဲ ထိတ်လန့်မှုတော့ ခံစားကြရမှာပါ။ သူတို့ရဲ့ သား ဘယ်မှာရှိနေတယ် သို့မဟုတ် ဘိုဘိုတစ်ယောက် ဘယ်ရောက်နေတယ်ဆိုတာ သဲလွန်စ တစ်ခုတောင်မရ ဘယ်လိုကူညီရမလဲဆိုတာ မသိနိုင်ခဲ့ကြဘူး ဆိုပါတော့။ သူတို့တတ်နိုင်တာက စောင့်ဆိုင်းခြင်းပါပဲ။ ဘိုဘို ဖြစ်သွားတဲ့ အခြေအနေပေါ် ဘာမှန်း သူတို့မတွေးတတ်သလို မြတ်သူ ဘယ်ရောက်နေလဲ မမှန်းဆမိ။)

အိမ်နဲ့ မနီးမဝေး လမ်းထောင့်ချိုးက သူငယ်ချင်းရဲ့အိမ်မှာ အိပ်ဖြစ်နေပါတယ်။ ထိတွေ့ဖူးတဲ့ အရာအားလုံးရဲ့ အဝေးမှာ နေချင်တဲ့စိတ်၊ ရှုပ်ထွေးသွားတဲ့ စိတ်တွေအပြင် သေချာစဉ်းစားဖို့ လိုလာတဲ့အချက်များကြောင့်ပါပဲ။ အခုတော့ နေရတာ ကောင်းသွားသလို ကောင်း ကောင်းလည်း တွေးမိပါပြီ။ ဘာကိုမှမတွေးတောတာ ဘိုဘို့အကြောင်းအပါအ၀င် (၂)ည တိတိပါ။ အခုတော့ အေးဆေးဖြစ်သွားတယ်လို့ ဆိုရမှာပေါ့နော်။ ဘိုဘို gay ဖြစ်ခြင်း မဖြစ်ခြင်းသည် ဂရုစိုက်စရာမဟုတ်၊ သူက အကောင်းဆုံး အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တာကြောင့် သူ ခံစားဖြတ်သန်းနေရတာတွေကို ဖေးမကူညီနိုင်တဲ့ဟာကို ကူညီပေးဖို့တော့ အသင့်ပါ။

ပထမတော့ Shock ဖြစ်ရုံလေးပါပဲ။ နည်းနည်းတော့ ဒေါသထွက်မိတာပေါ့လေ။ ဘာကြောင့်ဆို သူက ကိုယ့်ရဲ့အချစ်ဆုံး သူငယ်ချင်းဖြစ် နေတာကြောင့်ရယ် အရင်က ဒီလို ထူးထူးဆန်းဆန်းစကားမှ မဆိုဘူးတာပဲ။ အခြားတစ်ဖက်ကကြည့်ရင် တော့လည်း ဘိုဘိုက ချစ်တယ် လို့ပြောတာဟာ ဖေးမနှစ်သိမ့်ကူညီမှုတွေအမြဲပေးတာကို သူသာယာတာလားမှမသိတာ။ ဘာဆက်လုပ်ရမယ်ဆိုတာတော့ မသိသေးပါ ဘူးလေ။ ပြော ဒါမှမဟုတ် အနာဂတ်မှာ နှစ်ဦးသားကြားဘာတွေပြောင်းလဲ လာမယ်ဆိုတာကရော မသေချာနော်။

'သူငယ်ချင်း ကျေးဇူးပဲကွာ ဒီမှာ နှစ်ရက်လောက်နေခွင့်ပေးတာ'
သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ ညီညီ့ကို ကျေးဇူးစကားဆိုလိုက်ပါတယ်။ သူ့အိမ်မှာ အေးအေးဆေးဆေး နေနိုင်ခဲ့တာကိုး။ 'ငါ့ကို တကယ်ကြီးကြီးမားမား ကူညီခဲ့တာပါ၊ ငါဘယ်တော့မှမေ့မှာမဟုတ်ပါဘူး သူငယ်ချင်းရာ'
'ပြဿနာမရှိပါဘူးကွာ၊ သူငယ်ချင်းပဲဟာ ငါလုပ်ပေးနိုင်တာကိုလုပ်ပေးတာပဲ၊ မင်းက သူငယ်ချင်းကောင်းတစ်ယောက်လေ'
'အိုကေ...သူငယ်ချင်း။ ငါအိမ်ပြန်ဖို့သင့်ပြီကွ။ အဖေတို့ လျှောက်တွေးနေမှာစိုးလို့' အိမ်တံခါးဝထိလိုက်ပို့တဲ့ ညီညီ့ ကိုပြန်လှည့်ကြည့် ရင်း ရှင်းပြမိသေးတယ်။
'ဟုတ်တယ်...မင်းမိဘတွေ တော်တော်စိုးရိမ်နေကြမှာ'

အပြန်အလှန်နှုတ်ဆက်ကြပြီး အိမ်ဘက်သွားတဲ့လမ်းကို ခြေစလှမ်းပါတယ်။ အားလုံးအဆင်ပြေကြောင်း မိဘတွေကို ပြောဖို့ အပြေးလေး လှမ်းဖြစ်ပေမဲ့ ဆုတောင်းပြည့်ရေတွင်း လမ်းကြားထဲမှာတွေ့ခဲ့တဲ့ညကတည်းက မမြင်ရတော့တဲ့ သူငယ်ချင်းကို ရှင်းပြပြောဆိုရဦးမှာ။ သူငယ်ချင်းတွေဖြစ်နေဆဲဆိုတာရယ် သူလိုအပ်ရင် အမြဲအသင့်ရှိနေတုန်း ဆိုတာ ပါပြောမယ်။ အိမ်ကိုရောက်တော့ တံခါးမကြီးကို အသာ လေးတွန်းပြီး ဂရုတစိုက်ဖွင့်လိုက်ပါတယ်။ တံခါးပွင့်ပြီး ပြန်ပိတ် သွားသံကြားကာ ခပ်မတ်မတ်ရပ်နေတာကိုမြင်မှ 'အို...မြတ်သူ..သားရယ် နေကောင်းရဲ့လား' ဆိုပြီး မေမေကအပြေးလေး လှမ်းလာကာ ရင်ခွင်ထဲကလွတ်ထွက်မသွားအောင် ထွေးဖက်ကာ ငိုကြွေးပါရဲ့။

'သား ဘယ်ကိုသွားနေတာလဲ မင်းအမေနဲ့ အဖေတို့ စိုးရိမ်နေကြတာ အတော့်ကိုကြာပြီဗျ' ပခုံးပေါ်ကို ဖေဖေက လက် တစ်ဖက်ဖေးတင် ရင်း ဆူပူတာမဟုတ်သော စိုးရိမ်မှုနှင့်မေးပြန်တယ်။
'သား...အိုကေပါတယ်ဗျ စိတ်တွေအရမ်းရှုပ်ပြီး ...တွေးစရာကိစ္စတွေပေါ်လာလို့ ညီညီတို့အိမ်သွားနေနေတာ'
'အမေတို့ မင်းတစ်ခုခုများဖြစ်နေလား ထင်နေမိကြတာလေ' မေမေကဖက်ထားရာကလျော့ပေးလိုက်ရင်း စကားဆိုတယ်။

'ဟုတ်.. သားတောင်းပန်ပါတယ်ဗျာ သားဘယ်မှာရှိနေတယ်ဆိုတာ' ဖေနဲ့မေ့ကိုပြောခဲ့ရမှာ မျက်နှာငယ်လေးနှင့် လေပြေ ထိုးရတာပေါ့ နော်။ 'သားရေမိုးချိုးပြီးရင် ဘိုဘို ဆီသွားပြီး စကားပြောရဦးမယ်'
ပြောနေတဲ့စကားသံကိုကြည့်ပြီးနောက် ဖေဖေနဲ့မေမေတို့ရဲ့ စကားသံတိတ်ဆိတ်သွားကာ လေသံကပြောင်းသွား ကြတယ်။

'ဘာလဲ ဖေ?' အမေးထုတ်တဲ့အကြည့်နှင့် သူတို့ကို မျက်နှာမူမိပါတယ်။
'သား အရင်ထိုင်ပါဦးကွ' ဖေဖေက သေသေချာချာပြောစရာရှိတဲ့လေသံနဲ့။
'ဗျာ...ဘိုဘို....ဘိုဘို ဘာဖြစ်လို့လဲ ဖေ'
'အာ...ရိုးရိုးသားသားပြောရရင် အဖေတို့တကယ်မသိဘူးကွ။ အမှန်က... အဲ..တစ်ယောက်မှမသိတာပါ။ သူပျောက်သွား တယ်' ဖေဖေက ကရုဏာသက်စွာဖြေပါတယ်။

ချီတုံချတုံ ဖြစ်မနေတော့ဘဲ အပေါ်ဝတ်အင်္ကျီကို ဆွဲယူကာ တံခါးမကနေ အပြေးပြန်ထွက်ခဲ့ပါတယ်။ ဘိုဘို့အိမ်ကို အပြေး လေးသွားကာ ကြည့်တယ် ဘယ်သူ့ကိုမှ အသိမပေးဘဲ ပြန်ရောက်နေမလားလို့။ ကံမကောင်းဘူး! တွေးမိတဲ့ မြို့ထဲက နေရာအတော်များများကို check တာပေါ့။ ပန်းခြံတွေ၊ ဆုတောင်းပြည့် ရေတွင်း၊ ၊နေရာတိုင်းပါပဲလေ။ လူက မောလည်း မော စိုးရိမ်စိတ်ကလည်း ငယ်ထိပ်တက်နေပါပြီ။ ဘိုဘို အခုဘယ်ကိုများရောက်နေလဲ? စာကြည့်တိုက်နားက ခုံတန်းမှာ ပစ်ထိုင်ပြီး အသက်ကိုဝအောင်ရှူမိပါတယ်။ ပြေးလွှားရှာကြည့်မိတဲ့ နေရာစာရင်းကိုစိတ်ကူးထဲ စီကြည့်တော့လည်း ဒါပဲလေ...မြို့ရဲ့နေရာတိုင်းလိုလိုပဲဟာ လို့ ကူကယ်ရာမဲ့ ခံစားမိ ရော။ နောက်ဆုံး တစ်နေရာပဲရှိတော့တယ်။ အဲဒီနေရာက မြို့ထဲမှာတော့မဟုတ်ဘူး။ နောက်ဆုံးသော မျှော်လင့်ချက်ကလေးပေါ့။ တကယ်လို့များ မရှိခဲ့ဘူးဆိုရင်...။

x x x

ဆိုးဝါးလိုက်တဲ့ အခြေအနေ။ အိုဟောင်းပြီး အနံ့အသက်က အောက်သိုးသိုးဆိုတော့ အသက်ပိုကြီးလာသလို ခံစားရပါ တယ်။ ကျွန်တော့် မှာ ပင်ပန်းနွမ်းနယ်နေသလို၊ ဗိုက်လည်းဆာနေတော့ တစ်ကမ္ဘာလုံးက ကျွန်တော့်ကို ဆန့်ကျင်နေ သလို အထီးကျန်လှတယ်လို့လည်း ခံစားရတာအမှန်။ အတွေး....အတွေး...အတွေးဗလာနတ္ထိ အကျဉ်းထောင်. ...ကြမ်းရှရှ ကောက်ရိုးမျှင်တွေပေါ်ထိုင်ရင်း လွန်ခဲ့တဲ့ ရက်သတ္တပတ်က အကြောင်းအရာတွေအားလုံး တွေးနေမိပြန်ပြီ ပေါ့နော်။

'မင်း...ဘာဖြစ်...ပြောလေကွာ'
'မြတ်သူ....ငါ မင်းကို သောက်ရမ်းချစ်နေပြီကွ'

ဒီစကားနှစ်ခွန်းဟာ ကျွန်တော့်အတွေးထဲ ထပ်ကာထပ်ကာ ၀ဲလှည့်နေပါတယ်။ ကျွန်တော် ရူးတော့မတတ် ခံစားခဲ့ရတယ်။ 'ဘိုဘို... သား....ဦး ဘယ်လိုပြောရမလဲ မသိဘူး မြတ်သူပျောက်နေတယ်' မြတ်သူရဲ့ ဖေဖေပေးတဲ့ သတင်း....ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းရဲ့ ပျောက်ကွယ်သွားတဲ့ သတင်းကြားလိုက်ရတာဟာ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းရဲ့ ပျောက် ကွယ်သွားတဲ့သတင်းကြားလိုက်ရတာဟာ ကျွန်တော်ပြုမူပြောဆိုခဲ့တာ အားလုံးကြောင့်? ။ ကျွန်တော့်စိတ်တွေ နောက်ကျိ သွားကာ မြတ်သူကိုအရမ်းစိုးရိမ်သွားတယ်။ မြတ်သူ အဆင်ချောပါစေကြောင်း ဆုတောင်းခဲ့တာပေါ့။ ကျွန်တော့်ကိုယ် ကျွန်တော် ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ မြတ်သူ အဆင်ပြေတာကိုပဲ လိုချင်ခဲ့ ပါတယ်။

ကျွန်တော့် အသဲနှလုံးတွေဟာ တုန်ခါပြီး ရင်ထဲ တလှိုက်လှိုက်တက်လာကာ လက်ဖ၀ါးထဲမျက်နှာအပ်ရင်း မျက်ရည်ကျငြိမ် သက်မိပြန်ပါ တယ်။ ဟော! အပြင်ဘက်က ခြေသံကြားရသလိုပဲ။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ခြေသံတွေဟာ သတိပြုမိစရာပါ ကျွန်တော့် အတွက်။ ဒါ...ကျွန်တော့်အတွက် အခွင့်အရေးတစ်ခု...အကူအညီရမယ့် တစ်ခုတည်းသော အရာ။ ကျွန်တော်အော်လိုက်တယ် 'ကူညီကြ ပါဦး..' ကျွန်တော့်ရဲ့အမြင့်ဆုံး အသံနှင့် အော်ပြီး အကူအညီတောင်းလိုက် ရတာပါ။

'ဒီအထဲမှာ ပိတ်မိနေလို့ပါ' ကျွန်တော့်အော်သံကြောင့် ခြေလှမ်းသံဟာ ပိုမိုသွက်လာပြီး နီးကပ်လာပါတယ်။
'ဘိုဘို....' ကျွန်တော့်ကိုပြန်ခေါ်သံကြားရပါရဲ့။ 'ဘိုဘို... ငါခေါ်တာကြားလား မင်းဒီမှာရှိနေတာလား'
ကျွန်တော့်အသက်ရှူသံမြန်၊ နှလုံးခုန်သံတွေပူနွေးလာရင်း ကြားရတဲ့အသံ ချစ်ရသော အသံကို အငမ်းမရနားထောင် မိပါတယ်။
'မြတ်သူ' အော်လိုက်တာပေါ့အားရပါးရ။ 'မြတ်သူ ငါဒီမှာ၊ ကယ်ပါဦးကွ' ကျွန်တော့်မျက်ရည်တွေ အဆက်မပြတ်စီးကျ မိပါပြီ။
'ဘိုဘို...ငါ့ကောင်...ကြားတယ်ကွ၊ ငါလာပြီ' မြတ်သူ တုန့်ပြန်သံဟာ စိတ်လှုပ်ရှားမှုနှင့် တုန်ခါနေသလားပဲ။ 'မြတ်... မြတ်သူ...မြတ်သူ' ကျွန်တော့်မျက်ရည်တွေ အဆက်မပြတ်စီးကျလာတာ တားမြစ်လို့တောင် မရတော့ပါ။
မြတ်သူရဲ့ အပြေးခြေလှမ်းတွေဟာ မြန်လာပြီး သစ်သားတံခါးကြီးနားကပ်လာကာ ဆွဲဖွင့်ဖို့ သူကြိုးစားပါတယ်။ သူ့မှာ ရှိတဲ့အားကို အသုံးပြုပြီး လေးလံလှတဲ့ တံခါးရွက်ကြီးကို ကြိုးစားဖွင့်နေတဲ့ သူသာ စိတ်လှုပ်ရှားနေတာမဟုတ် အတွင်းက ရပ်နေတဲ့ ကျွန်တော် သည်လည်း ပိတ်မိနေတဲ့ အကျဉ်းထောင်ထဲက လွတ်တော့မယ်ဆိုတဲ့စိတ်ဟာ အတော် ရင်ခုန်ဖို့ ကောင်းတာပေါ့လေ။

ကျွန်တော် တောက်ပနေတဲ့ လေပြေသွေးနေတဲ့ နေရာင်ခြည်တန်းအောက် ပြေးထွက်မိပါပြီ။ လွတ်ပြီ အရေးကြီးတာက မြတ်သူ ဘေး ကင်းနေတာပဲ။ ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းနားကပ်သွားတော့ မြတ်သူရယ် ကျွန်တော့်ကို ဆွဲဖက်တာ ကျစ်ကျစ်ပါအောင်ပါပဲ။ နှစ်ဦးသား ၀မ်းသာအယ်လဲ ငိုမိကြပါတယ်။
'မင်းဘာမှ မဖြစ်တာ ငါဝမ်းသာတယ်ကွာ' မြတ်သူ ကျွန်တော့်ကိုနှစ်သိမ့်တာ သူ့အသံဟာ လှိုင်းထန်နေပါရဲ့။ ကျွန်တော့် ပခုံးကို ထွေးဖက် ထားတဲ့ သူ့လက်တွေ နည်းနည်းများတုန်နေသလိုပါပဲ။

'မြတ်သူရာ...ငါတော့သွားပြီလို့ထင်နေတာ'
'အခု အဆင်ပြေသွားပြီလေကွာ ငါအခုမင်းရှေ့မှာပဲဟာ' ကျွန်တော့်ကို တုန့်ပြန်ဖြေကြားတဲ့ သူ့အသံဟာ နုညံ့လွန်းပေစွ။

ကျွန်တော်ဘာစကားမှ ထပ်ပြီး မဆိုမိတော့ပါဘူး။ မြတ်သူရဲ့ တင်းတင်းကြပ်ကြပ် ထွေးဖက်ထားတဲ့ လက်မောင်းအစုံကြား မှာ ငြိမ်သက် နေမိတာနှစ်ဦးသားပေါ် နေရောင်တွေထိုးကျနေတာကို သတိမမူမိတော့။ ကျွန်တော်လည်း မြတ်သူကို ပြန်လည်ထွေးဖက်ထားမိပါတယ်။ ကျွန်တော့် နှလုံးခုန်သံတွေဟာ ပုံမှန်ဖြစ်လာပြီးတော့ သက်သောင့်သက်သာ ဖြစ်လာရ ပြီပေါ့နော်။ သူ့ရင်ခွင်ထဲမှာနေရတာ လုံခြုံသလို ခံစားရကာ ဒီအခိုက်အတန့်လေးကို အဆုံးသတ်မသွားစေချင်တော့ဘူး။ မြတ်သူ ကြည့်ရတာ မိန်းကလေးမဟုတ်တဲ့ တခြားယောက်ျား လေးကို ထွေးဖက်ထားရခြင်းအား နည်းနည်းတုန်လှုပ်နေ သလိုပဲဗျာ။

'အင်း...မင်းအဆင်ပြေပြီလေကွာ...ငါ့လက်မောင်းတွေနည်းနည်းတောင့်လာပြီ' မြတ်သူ စိတ်လှုပ်ရှားသံနှင့် ကျွန်တော့် ကိုပြောတယ်။
'အာ...ဆောရီး' ကျွန်တော် ရယ်သံစွက်တဲ့ တုန့်ပြန်စကားနှင့် ပြန်ပြောရတာပေါ့။
'ငါ မင်းကိုမြင်တာနဲ့ အရမ်းပျော်သွားလို့ပါကွာ'
'သိပါတယ် သူငယ်ချင်းရာ၊ ထိုင်ပြီး အညောင်းဖြေပါရစေဦး'
'အေး'

ကျွန်တော်တို့နှစ်ဦးသား ဖက်နေတဲ့ လက်တွေကိုဖြုတ်၊ ဒီလယ်တောကြီးထဲ လာဖြစ်တိုင်း ထိုင်ဖြစ်နေကြ သစ်ပင်ကြီး အောက် နှေးကွေး တဲ့ခြေလှမ်းတွေနှင့် ရွေ့ကြတာပေါ့။ နုညံ့တဲ့မြက်ခင်းပြင်ကြီးပေါ် မောလျစွာထိုင်ဖြစ်တယ် နှစ်ယောက် သား။ မြတ်သူက ခြေပစ်လက်ပစ် အရင်ထိုင်တာက ကျွန်တော့်ကို မြို့လေးဝန်းကျင်မှာ ပြေးလွှားရှာခဲ့ရတာကြောင့်ထင့်။ သူ မြက်ခင်းပေါ်လှဲချလိုက်ကာ သူ့လက်မောင်း တစ်ဖက်ကွေးတင်ကာ ခေါင်းကိုအုံးလိုက်ရင်း မျက်လွှာများကိုပိတ် အနား ယူပါတယ် ခဏ။ ကျွန်တော် သူ့နံဘေးမှာငြိမ်သက်စွာထိုင်ရင်း ငြိမ်သက်နေတဲ့ သက်ရှိပန်းပုလေးကိုငေးမိနေတာပေါ့။ မြတ်သူ့ကြည့်ရတာ မောပန်းနေတဲ့ပုံပါပဲ မျက်နှာဟာ နီမြန်းပြီး ချွေးတွေသီးနေရဲ့။ နိမ့်တုံမြင့်တုံဖြစ်နေတဲ့ သူ့ရင်အုပ်တွေ ဟာ မို့မို့ဖောင်းဖောင်း၊ ကွေးတင်ထားတဲ့ သူ့ခေါင်းအောက်က လက်မောင်းကြီးဟာ အဖုအထစ်၊ သူ့ရဲ့ နုညံ့ချောမွတ်တဲ့ အရေပြားဟာ ညိုပြီး စိုနေတာပါပဲ။

နေရောင်နုနု ထိုးကျနေတဲ့ သူ့နှုတ်ခမ်းအစုံဟာ ထူထူပြည့်ပြည့်နှင့် နမ်းချင်စရာပါ။ 'သိပ်ကိုဆွဲဆောင်မှုရှိသူပဲ' ကျွန်တော် တိတ်တိတ်လေး တွေးမိကာ သူ့ခန္ဓာကိုယ်အောက်ပိုင်းပေါင်ခြံရှိရာဆီကို အကြည့်ရောက်မိပါတယ်။ ကျွန်တော် သူ့ကြွက် သားဆိုင်တွေကို ပွတ်သပ်ကိုင် တွယ်ချင်လိုက်တာ။ ချွေးရွှဲနေတဲ့ အဖြူရောင် တီရှပ်မှာထင်းနေတဲ့ ဗိုက်ကြွက်သားတွေကို တို့ကြည့်ချင်တယ်။ မသင့်တော်ပေမဲ့ မျက်လုံး တွေက သူ့ပေါင်ခြံကိုခဏ ခဏရောက်မိပါရဲ့။ ဘောင်းဘီအဖုအဖောင်းက အသားမြှောင်းရေးရေးပေါ်နေသလိုပဲ။ ကျွန်တော့်ပါးစပ်ထဲများ ထည့်ကြည့်ရရင်လို့တွေးမိနေတုန်း မြတ်သူ မျက်လုံး ရုတ်တရက်ပွင့်လာကာ 'ဘိုဘို' အမေးထုတ်တဲ့လေသံနှင့် ခေါ်တယ်။

'ဘာလဲမြတ်သူ'
'မင်းငါ့ကိုချစ်နေတာကိုသိတယ်၊ ပြီးတော့ မင်း ဆိုတာလည်းငါသိတယ်။ အဲဒါတွေက အဆင်ပြေပါတယ် မင်းက ငါ့ သူငယ်ချင်း ပဲဟာ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မင်းဘက်က ငါရပ်တည်မှာပါ' တဲ့စကားဆက်ဖို့ဟန်ပြင်ရင်း ကျွန်တော့်မျက်နှာကိုကြည့်တယ်ဗျ။

'ဒါပေမဲ့ ငါ့ညီဘွားကို မင်းကြည့်နေတာကြောင့် နည်းနည်းတော့ သက်သောင့်သက်သာမဖြစ်သလိုပဲ'
ကျွန်တော် အကြည့်သူခိုး အမိခံရခြင်းကြောင့် စက္ကန့်အနည်းငယ်လောက် ရပ်တန့်သွားပါတယ် လှုပ်ရှားမှုအားလုံး။ 'ငါ တောင်းပန်ပါ တယ်' နောင်တရမိတဲ့လေသံနှင့် သူ့ကိုပြောမိရပါတယ်။ 'မင်း စဉ်းစားမိမှာ မဟုတ်ပါဘူးကွာ ငါ့အတွက် ဘယ်လောက်ခက်ခဲသလဲ ဆိုတာ။ ငါ့ရှေ့မှာ မင်းက လှပနေရင် ငါ့မျက်လုံးတွေကို မပိတ်နိုင်ခဲ့ဘူး။ မင်းက တခြားကောင် တွေလိုထင်နေတာလား ငါ့ကို မင်းနဲ့ ချစ်ကျွမ်းဝင်ဖို့ ငါကအရင် မကြိုးစားဘူးလို့လဲ မင်းတွေးနေမှာ။ ငါ့ရင်ထဲမှာ မင်းကို အရမ်းလိုအပ်တယ်လို့ ခံစားနေရတာကြာပြီ။ မင်း ကောင်မလေးတွေနှင့် သွားချိန်တို့၊ သူတို့အကြောင်း ငါ့ကိုပြန်ပြော ပြချိန်တွေ၊ မင်း ဘာလုပ်ခဲ့တယ်ဆိုတာတွေ ငါ့ကိုပြန်ပြောပြတဲ့အချိန် တွေဆို ငါဘယ်လောက် သေချင်စိတ်ပေါက်လဲ သိလား မြတ်သူ'

'အိုကေ....ငါ့အတွက်နဲ့ စိတ်အနှောင့်အယှက် မဖြစ်နဲ့တော့ကွာ ဘိုဘို'။ အရည်လဲ့နေတဲ့ သူ့မျက်ဝန်းပြာပြာတွေနဲ့ ကျွန်တော့် မျက်ဝန်း ကိုစိုက်ကြည့်ရင်း မြတ်သူကပြောပါရဲ့။ 'ငါနားလည်ပါတယ်ကွာ မင်းချစ်စိတ်ဝင်တဲ့သူကို မပြောင်းလဲ နိုင်ဘူးဆိုတာ။ အဆင်ပြေပါတယ်လို့ ငါပြောခဲ့ပြီးပြီပဲ'

တစ်မိနစ် - နှစ်မိနစ်မက ကျွန်တော်တို့ ငြိမ်သက်သွားကြတယ်။

'မင်းတကယ်ပဲ ငါ့ကို စိတ်ဝင်စားနေတာလား ဘိုဘို' မြတ်သူက နည်းနည်းမြောက်တဲ့ လေသံနှင့် မေးတယ်လေ။
ကျွန်တော် သူ့မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်ကာ အမြင့်ဆုံးလေသံနှင့် ဖြေလိုက်တယ် 'ဟုတ်တယ်'
'အဲလိုကြီးလား ....ဟား ဟား' သူ သဘောတကျရယ်တယ်။
'ငါ့စိတ်ထဲလဲ နည်းနည်းတော့ တုန်သွားတယ်ကွ' တဲ့စကားဆက်သေးတာ။
'တကယ်လား' ကျွန်တော် ပြုံးမိရပါပြီ။
'ငါ တကယ် အံ့အားသင့်သွားခဲ့တာကွ'
'ငါလဲအတူတူပဲလေ'

ကျွန်တော်တို့ တစ်ယောက်မျက်ဝန်းတစ်ယောက်စိုက်ကြည့်ကာ ရယ်မောမိကြပါတယ် ဆက်လက်ပြီး။ ပထမတော့ မြတ်သူ ကျွန်တော့်ကို စေ့စေ့ကြည့်နေတယ် ဘယ်လောက်ကြည့်ကောင်းတဲ့သူလည်း စူးစမ်းတာနေမှာ ဟဲ ဟဲ။ အညိုရောင်လဲ့နေတယ်ဆိုတဲ့ ကျွန်တော့် မျက်ဝန်းတွေ၊ ပြီးတော့ ရယ်မောလိုက်တိုင်းပေါ်လာတတ်တဲ့ ကျွန်တော့်ပါးပြင် ပေါ်က ပါးချိုင့်တွေကို သာအာရုံကျနေတယ်။ အခြား တစ်ဖက်က သူ ဆိုတဲ့မြတ်သူကို အသစ်တွေ့ရှိခံစားနေဟန်တူပါ တယ်။ တဖျတ်ဖျတ် ပြောင်းနေတဲ့ သူ့မျက်ဝန်းတွေဟာ အရောင်တွေ တောက်နေပါရဲ့။ နှစ်ဦးသား အရယ်ကို ရပ်မိတဲ့ ခဏမှာ ကျွန်တော် သူ့မျက်ဝန်းတွေကို ပြန်စိုက်ကြည့်မိရင်း ပိုပိုရင်းနှီးလာသလို ခံစားရ ပါတယ်။ ရုတ်တရက် သူ အလန့်တကြား ဖြစ်သွားဟန်နှင့် ကျွန်တော် သူ့ဆီက အကြည့်လွှဲကာ မြေပြင်ကို စိုက်ကြည့်လိုက်ပါရော။ ကျွန်တော် အကြည့်ပြောင်းလိုက်မှပဲ မြတ်သူလည်း ဘာတွေဖြစ်နေတယ်ဆိုတာမှ လွတ်မြောက်ဟန်ရှိပါတယ်။ နှစ်ဦးသားအကြား ငြိမ်သက်ခြင်းတွေ ဖြစ်မိပြန်ပြီ။ ခဏနေတော့လည်း ပြန်ပြီးအသက်ဝင်တာပါပဲ။

'မြတ်သူ'
'အင်း...ဘိုဘို'
'မင်း...ငါ့ကို ...' ကျွန်တော်အမေးထုတ်မယ့်စကားကိုရပ်တန့်မိပြီး စကားဆက်သင့် သို့မဟုတ် ပြောမိတဲ့စကားကို အဆုံး သတ်လိုက်သင့် တယ်လို့ ကျွန်တော်တွေးနေမိပါတယ်။

'ငါ ဘာဖြစ်လဲ?' မြတ်သူကဖြတ်မေးတယ်။
'မင်း ငါ့ကို ကြည့်ကောင်းတဲ့သူလို့ထင်လား?'
'အင်း...ငါ ထင်ပါတယ်' မြတ်သူ သတိထားစွာ စိုးရွံ့စွာအဖြေပေးတယ်။
ကျွန်တော် ပြုံးမိရတာ သူ့မျက်ဝန်းတွေဆီ ပြန်ငေးမိပြန်ပေါ့တစ်ခါ။ 

'ဘာကြောင့်မေးတာလဲ?' မြတ်သူက ဘာမှ မသိယောင်ဆောင်ကာမေးတယ် ကျွန်တော့်ကို။ သူ တခြားအမျိုးသား တစ်ယောက်အပေါ် ဒီလို ခံစားမိတယ်ဆိုတာ လွန်ခဲ့တဲ့ ၁၀မိနစ် ဒါမှမဟုတ် ကျွန်တော့်အပေါ်ရှိဖူးတဲ့ ခံစားချက် အတွေ့ အကြုံအပေါ် သံသယဖြစ်နေသေး ဟန်ပါ။ ဒါကြောင့် သူမသိတမ်းကစားနေတာ။

ကျွန်တော် သူ့အမေးစကားလို တုန့်ပြန်မှုအပေါ် မှတ်ချက်မချချင်ပါဘူးလေ။ လူဆိုတာ ခံစားချက်အပေါ်ထိန်းချုပ် ဟန်ဆောင်တတ်တာ သဘာဝပဲ မဟုတ်လား။ အားနာတယ်ဆိုတဲ့ ခံစားမှုမျိုးတော့ မဖြစ်တန်ကောင်းပါဘူး။
'မင်းအစောကြီးကတည်းက ငါ့ကိုမြင်နေခဲ့တာပဲ' ကျွန်တော်ပြန်ပြောမိတာပေါ့လေ။ 'ငါနည်းနည်းတော့ စိတ်ရှုပ်မိတာပေါ့။ မင်းအနေနဲ့က အဆင်မပြေဖြစ်မှာလဲ တွေးရသေးတယ်'

'အင်း ဟုတ်တယ်' မြတ်သူက သဘောညီတယ်။ အရင် မင်းငါ့ကိုအရိပ်အမြွက်ပြောနေကတည်းက သိနေခဲ့သလား မသိဘူး။ 'ငါ့ထင်နေ တာက တော်တော်ထူးဆန်းတယ်လို့ဖြစ်နေတာ' သူ ပြုံးတယ်ဗျ။

'သိချင်စိတ်ပြင်းပြနေတာ?'

မြတ်သူ မြက်ခင်းတွေကိုပဲ စိုက်ကြည့်ပြန်တယ်။ နည်းနည်းအရှက်သည်းသွားတဲ့ အခြေအနေလေးတစ်ခုပါ။
'ဘာမှမဖြစ်ပါဘူး မြတ်သူရာ၊ အဲဒါကောင်းပါတယ်။ မင်းသိလား ငါ့စိတ်ထဲက ခံစားနေရတာကို ဖွင့်ထုတ်လိုက်တော့ တို့ တွေ ဘယ်လိုရပ် တည်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်သွားရတာပေါ'့ ကျွန်တော် စိတ်လှုပ်ရှားစွာ ပြီးတော့ သူ့ကို နားလည်စွာ နှစ်သိမ့်စကားဆိုမိပါ တယ်။

မြတ်သူ ကျွန်တော့်မျက်ဝန်းတွေကို ပြန်စိုက်ကြည့်ရင်း တစ်မိနစ်ထက် တစ်မိနစ် ချစ်ရည်ရွှန်းလဲ့လာသလိုပါပဲ။ နောက်တော့ သတိပေး အချက်ပေးတာမျိုးမရှိ ကျွန်တော့် ဦးခေါင်းကို သူ့ဆီဆွဲယူပါတယ်။ သူ့နှုတ်ခမ်းတွေဟာ ကျွန်တော့် နှုတ်ခမ်းဆီ တဖြည်းဖြည်းကပ်လာ ကာ နှုတ်ခမ်းသားတွေကို စုပ်ယူနမ်းရှိုက်ပါရော။ အစတော့ ကျွန်တော် အလွန်အံ့အားသင့်သွားကာ နည်းနည်းနောက်ဆုတ်လိုက်ပါ သေးတယ်။ ပြီးမှ မျက်ဝန်းများကိုမှိတ် မြတ်သူ့နှုတ်ခမ်းတွေကို မွတ်သိပ်စွာပြန်နမ်းမိပါ၏။ မြတ်သူကြည့်ရတာ အနမ်းကြောမှာ မျောပါပြီး ဒီထက်ပိုပိုပြင်းပြစွာ နမ်းချင်သေးဟန်ပါပဲ။ သူ့ နှုတ်ခမ်းသားတွေကို အသာဟ လျှာကိုမျှောထုတ်ရင်း ကျွန်တော့်ပါးစပ်ထဲ မျှော့သွေးစမ်းပါ တော့တယ်။ ကျွန်တော်တို့ လျှာတွေထိတွေ့ပြီးနောက် တစ်ဦးပါးစပ်ထဲ တစ်ဦး ကပွဲဆင်ရော။ တစ်ယောက်ရဲ့ ပါးစပ်အစိတ်အပိုင်းတွေ ကို အခြား တစ်ယောက်က အလွတ်ကျက်နေဟန်ပေါ့။ ကျွန်တော်မျောလွင့်နေဆဲမှာ မြတ်သူက ရပ်တန့်ပြန်း အနမ်းမဆက်တော့။

'ဆောရီးကွာ...ငါအရင်တောင်းဆိုသင့်တယ်' မြတ်သူ သူ့အနမ်းသူရပ်ပြီး တောင်းပန်စကားဆိုတာလေ။
ကျွန်တော် သူ့မျက်နှာလေးကို မြတ်နိုးစွာစိုက်ကြည့်ရင်း နှုတ်ခမ်းထူထူလေးကို ကျွန်တော့်လက်ချောင်းလေးတွေနှင့် တို့ ထိကြည့်မိပါ တယ်။ ကျွန်တော့ပါးပြင်မှာ အပြုံးတွေနှင့်အတူ ပါးချိုင့်တွေပေါ်ရင်း 'မင်း ငါ့ကို ဒီလိုအနမ်းပေးခဲ့တယ်ဆိုတာ မယုံနိုင်ဘူးကွာ၊ အရမ်း မိုက်တာပဲ' ပြောမိပါရဲ့။

'ငါလည်းပဲ...အာ' မြတ်သူရယ်တယ်။ 'အဲလိုလေး ဖြစ်သွားယုံပါ'
'မင်း ငါ့ကိုနမ်းရတာ ကြိုက်လား မြတ်သူ'
'အင်း....ငါသဘောကျသလိုပဲ' ပြီတီတီ စကားတွေနှင့် ပြန်ဖြေတယ်။
'ဟင်း...ငါ့ကို အိမ်ပြန်ခေါ်သွားသင့်ပြီကွာ။ ငါ့မှာ တစ်ခုရနေတယ်သိလား' ကျွန်တော် ခပ်တိုးတိုးဖြင့် သူ့ကိုမြှူတဲ့အသံပြု ကာ မျက်စိ တစ်ဖက်မှိတ်ပြမိတယ်။

'မင်း အိမ်ပြန်ချင်တာ သေချာပြီပေါ့ ဘယ်သူမှမရှိတဲ့ ဒီလယ်တောပြင်ထဲ ငါနဲ့ မနေချင်တော့ဘူးလားကွာ'
'အင်း...ဒါလည်း အလုပ်ဖြစ်မှာပါ..ဟိ' ကျွန်တော့်မျက်နှာ အပြုံးပန်းဝေပြီ။

Alex Aung (16 March 2012)
To be continued....

No comments: