Sunday, June 17, 2012

ပန်းသေ-ပန်းညှိုး (၂)


ယောက်ျားတယောက်မှာ ကျားလိင်အဂ်ါ သန်မာမှုဖြစ်ဘို့ မစွမ်းနိုင်တာဟာ အမြဲတန်းလို ဖြစ်လာနေတာကို ခေါ်တယ်။ ထိရောက်တဲ့ ဆေးကုသမှု မခံယူရင် လိင်ဆက်ဆံဘို့ရာ ခက်ခဲတာ နဲ့ မဖြစ်နိုင်တော့တဲ့အထိ ဖြစ်လာမယ်။ Massachusetts Male Aging Study on sexual dysfunction (မက်ဆာချူဆက်) ကလုပ်ထားတဲ့ အသက်ကြီး ယောက်ျားတွေမှာ လိင်မှုရေးရာ မစွမ်းနိုင်တာ လေ့လာမှုအရ ယောက်ျားတွေ အသက် ၄ဝ ကျော် လာရင် စဖြစ်တတ်တယ်။ အမေရိကားမှာ အဲလိုလူပေါင်း ၁၈-၃ဝ သန်း ရှိနေတယ်။

• ED vs. Poor Libid တကယ်ဖြစ်တာ နဲ့ စိတ်အားနည်းတာ
Erectile Dysfunction ဆိုတာ အမျိုးမျိုးရှိသေးတယ်။ လိင်စိတ်နည်းနေတာကို Poor Libido ခေါ်တယ်။ Ejaculation problems ဆိုတာက သုက်ထွက်ဘို့ ခက်တာကို ခေါ်တယ်။ တကယ်တန်း ပန်းမလန်းနိုင်မှသာ ED ခေါ်တယ်။ ဒါကြောင့် ED ဖြစ်နေပေမဲ့ လိင်စိတ်က ပုံမှန်ဖြစ်နေနိုင်တယ်။ “စိတ်သွားတိုင်း ကိုယ်မပါ” ဆိုတာ ဒါမှ အစစ်ဘဲ။


• Symptoms of ED လက္ခဏာတွေဆိုတာ
ခဏလေးသာ လိင်အင်္ဂါသန်မာမှုရတာ၊ သန်းမာမှုက လုံလောက်မှု မရှိတာ၊ လုံးဝကို သန်မာမှုဖြစ်မလာနိုင်တာတွေ။ တိကျအောင်ပြောရရင် လိင်ဆက်ဆံဘို့ ကြိုးစားတဲ့အခါ လိင်အင်္ဂါသန်မာမှု ၇၅% မဖြစ်နိုင်သူကိုမှသာ ရောဂါသည်လို့ သတ်မှတ်တယ်။


• ဘယ်လိုလူတွေမှာ လာဖြစ်သလဲ
အသက်ကြီးလာလေလေ ဖြစ်နိုင်ခြေ များလေ။ Massachusetts Male Aging Study (မက်ဆာချူဆက်) လေလာမှု အဆိုအရ အသက် ၄ဝ ကျော် သူတွေထဲမှာ ၄ဝ% နဲ့ ၇ဝ ကျော်သူတွေထဲမှာ ၇ဝ% ဖြစ်ကြတယ်။ ဒါပေမဲ့ အသက်ကြီးတိုင်း လိင်အရေးနဲ့ ကင်းဝေးသွားတယ်ဆိုတာတော့ မမှန်ပါ။ ဖြစ်တာကိုလဲ ကုသလို့ရတယ်။


• The Mechanics of ED လိင်အင်္ဂါသန်မာမှု ဘယ်လိုဖြစ်လာသလဲ
ကျား-လိင်တံထဲမှာရှိတဲ့ Corpora cavernosa နှစ်ခုထဲကို သွေးတွေပိုပြီး စီးလျှောက်လာလို့ သန်မာလာစေတယ်။ တင်းလာမယ်။ ကားလာမယ်။ ဘူဘောင်းထဲ ရေဖြည့်ပေးလိုက်သလိုပါဘဲ။ ဒီလိုဖြစ်စေအာင် ဦးနှောက် နဲ့ လိင်အင်္ဂါတွေမှာရှိတဲ့ အာရုံကြောတွေကနေ အစပျိုးပေးတယ်။ Impulses သတင်းပို့ချက်တွေ ရလို့ ဖြစ်စေတာယ်။ ဒီလမ်းကြောင်းမှာ တခုခု ဖြစ်နေရင် ဒီလိုဖြစ်လာဘို့ ခက်စေမယ်။


• Causes of ED ဘာလို့ဖြစ်ရသလဲ
- Chronic Disease နာတာရှည် ရောဂါတွေထဲမှာ Diabetes ဆီးချိုရောဂါက ထိပ်ကရှိတယ်။ ဆီးချိုသမား ၂ ယောက်မှာ ၁ ယောက်ဖြစ်တယ်။ စိတ်သိပ်ပူစရာတော့ မလိုပါ။ သွေးထဲက သကြားဓါတ်ကို ထိန်းနိုင်ရင် အများကြီးကောင်းစေမယ်။ နောက်နာတာရှည် ရောဂါတွေကတော့ Cardiovascular disease နှလုံး-သွေးကြောရောဂါ၊ Atherosclerosis သွေးကြောကျဉ်းရောဂါ၊ Kidney disease ကျောက်ကပ်ရောဂါ နဲ့ Multiple sclerosis (မာလ်တီပယ်-စကယ်လရိုးဆစ်) ရောဂါတွေ ဖြစ်တယ်။


- Lifestyle လူနေမှုပုံစံ မကျတာကိုလဲ အပြစ်ဖို့နိုင်တယ်။ ဆေးလိပ်သောက်တာ၊ အရက်စွဲတာ၊ ဆေးစွဲတာတွေကနေ သွေးကြောတွေကို ထိခိုက်စေတာမို့ ဖြစ်စေနိုင်တယ်။ ကိုယ်အလေးချိန် များလွန်းသူတွေ၊ ကိုယ်လက် လှုပ်ရှားမှု နည်းသူတွေမှာလဲ ဖြစ်စေနိုင်တယ်။

- Surgery ခွဲစိတ်ကုသမှု ခံရသူတွေမှာ နောက်ဆက်တွဲအနေနဲ့ လာဖြစ်တယ်။ Prostate cancer ဆီးကျိတ်ကင်ဆာ၊ Bladder cancer ဆီးအိမ်ကင်ဆာ နဲ့ BPH ဆီးကျိတ်ကြီးရောဂါတွေကို ခွဲစိတ်တာတွေကနေ လိင်အင်္ဂါ အနားက သွေးကြောတွေနဲ့ အာရုံကြောတွေ ထိခိုက်မိလို့ ဖြစ်စေနိုင်တယ်။ အာရုံကြော ထိခိုက်တယ်ဆိုတာ ရာသက်ပန် ဖြစ်သွားတာမျိုး။ ကျန်တာက ယာယီသသာ ဖြစ်စေတယ်။
- Medication ဆေးဝါးတချို့ကနေလဲ ဖြစ်စေနိုင်တယ်။ Blood pressure drugs သွေးတိုးကျဆေး၊ Antidepressants စိတ်ကျရောဂါဆေး နဲ့ Tranquilizers စိတ်ငြိမ်ဆေးဆေးတွေ ဖြစ်တယ်။

- Psychological စိတ်ပိုင်းကုသဘို့ လိုအပ်နေသူတွေမှာလဲ ဖြစ်နိုင်တယ်။ အသက်ကြီးသူတွေမှာ ဖြစ်တာက ရုပ်ပိုင်းကြောင့်များပြီး မကြီးသေးဘဲဖြစ်တာက စိတ်ပိုင်းနဲ့ ဆိုင်တတ်တယ်။ ကြီးကြီး-ငယ်ငယ် ခြုံလိုက်ရင် စိတ်နဲ့ပတ်သက်တာ ၁ဝ-၂ဝ% ရှိတယ်။ Stress စိတ်ဖိစီးမှု၊ Depression စိတ်ဓါတ်ကျ၊ Poor self-esteem ကိုယ့်ကိုယ်ကို အားမရသူ၊ Performance anxiety စိုးရိမ်စိတ်ကဲခြင်းတွေကြောင့်ဖြစ်တာ များတယ်။ စိတ်ရော ရုပ်ပါ တွဲလို့ဖြစ်ရတာလဲ ရှိတယ်။

- Bicycling စက်ဘီး စီးတာကိုလဲ အပြစ်ဖို့နိုင်တယ်။ သုတေသနလုပ်တော့ စက်ဘီးစီးသူတွေက မစီးသူတွေထက် ဖြစ်သူဦးရေ ပိုများနေတာ တွေ့ရလို့ပါ။ စက်ဘီး ထိုင်ခုံပုံစံကို အပြစ်ပြောနိုင်တယ်။ Perineum တင်ပါးအတွင်းနေရာကို ဘယ်လောက်ဖိနေသလဲ။ စအိုနဲ့ ကပ်ပယ်အိတ် ကြားနေရာမှာ ဒီရောဂါအတွက် အရေးပါတဲ့ သွေးကြောတွေ၊ အာရုံကြောတွေ များတယ်။

• Diagnosing ED ရောဂါ ဟုတ်-မဟုတ် စစ်ဆေးနည်းများ
• Physical Exam အပြင်ပန်းဆေးစစ်ခြင်း လုပ်မယ်။ မေးခွန်းတွေ မေးမယ်။ နောက်ကြောင်းရာဇဝင်၊ ခံစားနေရတာ၊ အချိန်ကာလ၊ ဘယ်လိုဘယ်ပုံ။ ပြီးရင် စစ်ဆေးမယ်။
• Lab Tests ဓါတ်ခွဲစစ်ဆေးနည်းတွေလုပ်မယ်။ Testosterone levels (တက်စတိုစတီရုံး) ကျား-ဟော်မုန်း စစ်မယ်။ Blood cell counts သွေးစစ်တာ၊ Cholesterol levels (ကိုလက်စထော) နဲ့ Liver function tests အသဲလုပ်ငန်းတွေ စစ်တာလုပ်မယ်။

• A Sign of Heart Disease နှလုံးရောဂါရှိနေတဲ့ လက္ခဏာလား။ ၂ဝ၁ဝ စစ်တမ်းတခုအရ ED ရှိနေသူတွေဟာ Heart attack, Stroke နှလုံးပြဿနာတွေ ဖြစ်လာစေနိုင်တယ်။ လူတိုင်းတော့ မဟုတ်ပါ။
• Treating ED ဘယ်လိုကုသမလဲ။
- Lifestyle Changes လူနေမှုပုံစံပြုပြင်ပါ။ Smoking ဆေးလိပ်ဖြတ်ပါ။ Losing weight ကိုယ်အလေးချိန် လျှော့ပါ၊ Exercising လေ့ကျင့်ခန်း လုပ်ပါ။ သောက်နေရတဲ့ ဆေးဝါးတွေကြောင့်ဆိုတာ သံသယရှိရင် ဆေးအဆ လျှော့ပေးလိမ့်မယ်။


- Oral Medications သောက်ဆေးတွေ။ Viagra (ဗိုင်ယာဂရာ) ကြားဘူးမှာပါ။ အလွန်ထိရောက်ပါတယ်။ ဒီဆေးတမျိုးထဲမက ရှိပါတယ်။
Cialis, Levitra, Staxyn နဲ့ Stendra တွေပါတယ်။ ကောင်းပါတယ်။ ဒီဆေးတွေကနေ လိင်စိတ်ဖြစ်ပေါ်ချိန်မှာ သွေးပိုစီးလျှောက်စေလို့ သန်မာစေတယ်။ လိုအပ်ချိန် မတိုင်ခင် မိနစ် ၃ဝ ကနေ ၆ဝ ကြိုသောက်ရတယ်။ တနေ့မှာ တခါသာ သောက်သင့်တယ်။ Cialis ဆေးကိုတော့ ၃၆ နာရီကြိုတာလဲ သက်ရောက်တယ်။ Staxyn ဆေးက ငုံတာနဲ့ ပျော်သွားတယ်။


- Injections ထိုးဆေးတွေ။ စားဆေးထက် ပိုအားကိုးချင်သူတွေက လိင်အင်္ဂါထဲ ဆေးထိုးပေးနိုင်တယ်။ သတိထားဘို့က လိင်အင်္ဂါ ကြီးချေချင်လို့ ထိုးတာနဲ့ မတူပါ။ ဒီလို ကြီးချင်လို့ထိုးတာက ဆိုးကျိုးရစေတာ များတယ်။ Pellet ခေါ်ဆေးတောင့်ကို Urethra ဆီးသွားလမ်းထဲ ထည့်တာလဲ လုပ်နိုင်သေးတယ်။ ၁ဝ မိနစ်ကြိုတာနဲ့ ရတယ်။


- Vacuum Devices လေဟာနယ်စုပ် ကရိယာ။ Pumps လို့လဲခေါ်တယ်။ ဆေးမပါဘူး။ လိင်တံကို (ဆလင်ဒါ) ထဲ သွင်းထားပြီး အထဲကလေကို စုပ်ထုတ်တယ်။ လေဟာနယ် ဖြစ်စဉ်ကြောင့် ဆလင်ဒါ ထဲမှာ ရှိနေတဲ့ လိင်တံထဲက သွေးကြောတွေထဲကို သွေးတွေပိုဝင်လာစေမယ်။ လိင်အင်္ဂါ သန်မာလာမယ်။ အဲဒီအချိန်မယ် အရင်မှာ သားရေကွင်းလေးတခုနဲ့ စီးနှောင်ပေးထားရတယ်။


- Surgery ခွဲစိတ်ကုသနည်း။ သွေးကြောကျဉ်း-ပိတ်တာကြောင့် ဖြစ်ရတာဆိုရင် ခွဲစိတ်ပြုပြင်ပေးနိုင်တယ်။ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်ရတဲ့ အသက် သိပ်မကြီးသေးသူတွေအတွက် ခွဲစိတ်တာ ကောင်းတယ်။ အသက်ကြီးပြီး သွေးကြောမာ-ကျဉ်းနေသူတွေအတွက် မကောင်းပါ။


- Implants (အင်ပလန့်) တွေ – တခြားနည်းတွေနဲ့ အလုပ်မဖြစ်သူတွေအတွက် Penile implant အပိုပစ္စည်းလေး ထည့်ပေးနည်း သုံးနိုင်တယ်။ အဲဒါလေးမှာ Inflatable implant လေသွင်းလို့ရတဲ့ Cylinders ဆလင်ဒါလေး ၂ ခုပါတယ်။ ခွဲစိတ်ပြီး ထည့်ထား ပေးရတယ်။ လိုအပ်ချိန်မှာ ဆလင်ဒါ လေးတွေထဲကို အရည်တွေသွင်းပေးရုံဘဲ။ Malleable implant ဆိုတာကိုလဲ အစားထိုး သုံးနိုင်တယ်။


- Psychotherapy စိတ်ပညာနဲ့ ကုသနည်း။ အထူးတတ်ကျွမ်းတဲ့ စိတ်ဆရာဝန်ကနေ ယောက်ျားရော မိန်းမကိုပါ စိတ်ကုသနည်း လုပ်ပေးမယ်။ Performance anxiety စိုးရိမ်စိတ် လျှော့နည်းစေအောင်နဲ့ Intimacy တယောက်နဲ့တယောက် ပိုပိုနီးစပ်စေအောင် ကူညီမယ်။ Vacuum devices နဲ့ Implants တွေ အသုံးပုံသုံးနည်းကိုလဲ သင်ပေးမယ်။


- Alternative Therapies တခြားနည်းတွေ။ Asian ginseng နဲ့ Ginkgo biloba တွေကိုသုံးကြတယ်။ သုတေသန သိပ်မစုံသေးတာကို သတိပြုပါ။ DHEA supplement ဆိုတာကိုလဲ သုံးကြတယ်။ ဒါလဲ အထောက်အားကောင်း မပြည့်စုံသေးပါ။


- Buyer Beware ကြော်ညာတွေကို သတိထားပါ။ Dietary supplements ဆိုပြီး (အင်တာနက်) ကနေ ကြော်ညာတာတွေ တဒါဇင်မက ရှိတယ်။ FDA က သတိပေးချက် ထုတ်ထားတာကို ဖတ်ပါ။ တချို့ဆေးတွေထဲမှာ ရေးမထားပေမဲ့ ပါနေတာက Viagra ဖြစ်နေတာလဲ ရှိတယ်။


• Discussing ED with your partner ဇနီး (အဖေါ်) နဲ့ နားလည်မှုယူပါ။ အဲလို လိင်အရေးမှာ အဆင်မပြေတာဟာ တကယ်ဘဲ စိတ်သောကဖြစ်စရာ မှန်ပါတယ်။ စိတ်တိုမယ်။ စိတ်ဓါတ်ကျမယ်။ အဖေါ်ကလဲ တမျိုးတမည် တွေးမယ်။ ကြံစည်မယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး နားလည်မှုယူတာ ကောင်းတယ်။

တွဲဖတ်ရန်စာများ
ED Medicines ကျား-လိင်အင်္ဂါ သန်မာခြင်းကို သက်ရောက်စေသောဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/ed-medicines.html
Erectile Dysfunction (ED) ပန်းသေ-ပန်းညှိုး http://dts-medicaleducation-adult.blogspot.in/2012/03/erectile-dysfunction-ed.html
Erectile Dysfunction Risk ပန်းသေ-ပန်းညှိုးဖြစ်တာနဲ့ သောက်ဆေးတွေ http://dts-medicaleducation-adult.blogspot.in/2012/03/erectile-dysfunction-risk.html

ဒေါက်တာတင့်ဆွေ (၇-၆-၂ဝ၁၂)
ဒေါက်တာတင့်ဆွေပန်းသေ-ပန်းညှိုး (၂) 

No comments: