Thursday, July 26, 2012

ဂုဏ်ယူစရာ ၂၀၁၂ ဖဲကြိုးနီဆုရှင် HELP အဖွဲ့


၂၀၁၂ ခုနှစ် လိင်ကတဆင့် HIV ကူးစက်မှု ကာကွယ်ရေးနဲ့ ပတ်သက်ပြီး – ဖဲကြိုးနီဆု ကို မြန်မာနိုင်ငံမှ The HELP အဖွဲ့ကို လက်ရှိ ဝါရှင်တန်ဒီစီမှာ ကျင်းပနေသော နိုင်ငံတကာ အေ့စ် ညီလာခံတွင် ချီးမြင့်ကြောင်း ကြားသိရ၍ ဟင်းမ် အွန်လိုင်းစာမျက်နှာမှာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

အဖွဲ့အမည်- The Help

အဖွဲ့ပေါ်ပေါက်ပုံ-

HELP ကို လိင်တူချင်းဆက်ဆံသူ အမျိုးသားများ (MSM) အချင်းချင်းကြား အထောက်အကူပြုနိုင်ရန်၊ အိတ်ခ်ျအိုင်ဗွီနှင့် ပတ်သက်သည့် ကာကွယ်ရေးနှင့် အသိပညာပေးရေး လုပ်ငန်းများ လုပ်နိုင်ရန်  ၂၀၀၇ ခုနှစ် နှစ်ဦးတွင် မန္တလေးမြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။ လိင်တူချင်းဆက်ဆံသူ လူငယ်များမှ အခြေခံလူမှုအဖွဲ့အစည်း တစ်ခု အဖြစ် စတင် ဆော်သြ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ MSM အများစုမှာ တွေ့ကြုံနေရတဲ့ ခွဲခြားဆက်ဆံခံရမှုတွေ ထုတ်ဖော်ပြောဆိုနိုင်ဖို့ အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အိတ်ခ်ျအိုင်ဗွီပိုး ရှိသူ၊ အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူတွေ အပါအဝင် လိင်တူချင်းဆက်ဆံသူတွေ အကြား အေ့စ်ရောဂါကို တုန့်ပြန်နိုင်ဖို့ အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူများကို ထိရောက်လိုလားစွာ လက်တွဲလုပ်ဆောင်ရေး (GIPA-MIPA) ပုံစံဖြင့် လုပ်ဆောင်ပေးလျက် ရှိသည်။ အများစုသော အဖွဲ့ဝင်များဟာ အမျိုးသားချင်း လိင်တူဆက်ဆံသူများ ဖြစ်ပြီး၊ တဝက်နီးပါးဟာ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသူများ ဖြစ်သည်။ HELP အဖွဲ့က အမ်အက်စ်အမ်များ ခွဲခြားဆက်ဆံခံရမှုတွေ လျော့ချနိုင်ဖို့၊ အိတ်ခ်ျအိုင်ဗွီဖြင့် နေထိုင်သူများ အပယ်ခံမဖြစ်ရေး အတွက် လိင်တူချင်း ဆက်ဆံသူ အချင်းချင်းကြား လူမှုဝန်းကျင် တစ်ခု ထူထောင်ဖို့၊ အိတ်ခ်ျအိုင်ဗွီဖြင့် နေထိုင်နေသူများကိုယ်တိုင် ကိုယ့်အခွင့်အရေးကို သိမြင်တောင်းဆို တတ်လာဖို့၊ အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေး၊ စစ်ဆေးကုသရေး၊ အိတ်ခ်ျအိုင်ဗွီပိုး ရှိသူနှင့် အိတ်ခ်ျအိုင်ဗွီဖြင့် နေထိုင်သူများ အချင်းချင်းကြား စိတ်ဓာတ်ဖလှယ် မြင့်တင်ရေးတွေ လုပ်ဆောင်လာနိုင်ဖို့ ဆိုတဲ့ ရည်မှန်းချက်များ ထားရှိသည်။ အမ်အက်စ်အမ်နှင့် အိတ်ခ်ျအိုင်ဗွီနေ နေထိုင် သူများ အကြား အချင်းချင်း စုပေါင်းကူညီသည့် အုပ်စုများ တောင့်တင်းခိုင်မာလာဖို့ ရည်ရွယ်လုပ်ဆောင်နေသည်။


ဖွဲ့စည်းမှုပုံစံ- လူမှုအခြေပြုအဖွဲ့အစည်း
လုပ်ဆောင်နေမှုများ- ပြုစု စောင့်ရှောက်ရေး၊ ကာကွယ် ကုသရေး၊ ဥပဒေအရ ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံခံရမှု
ဦးတည်လုပ်ဆောင်သော အုပ်စုများ- လိင်တူဆက်ဆံသူ အမျိုးသားများ၊ လိင်အလုပ်သမားများ၊ လူငယ်
လုပ်ဆောင်ချက်များ-

ကျန်ခဲ့တဲ့ လေးနှစ်တာ ကာလအတွင်း လိင်တူဆက်ဆံသူ အမျိုးသားများကို အဓိက ဦးတည်ချက်ထားပြီး၊ ယင်းတို့နှင့် အတူနေထိုင်သူများ၊ မိသားစုများ အကြားတွင် အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် မပျံ့ပွားရေး အတွက် ကာကွယ်ခြင်း၊ ပညာပေးဆွေးနွေးခြင်းများ လုပ်ဆောင်နိုင်ခဲ့သည်။


ယခုလို လုပ်ဆောင်ခဲ့တဲ့ အတွက် စိတ်ချလုံခြုံတဲ့ လိင်ဆက်ဆံတဲ့ အလေ့အကျင့်တွေ သိရှိဖို့၊ အိတ်ခ်ျအိုင်ဗွီနဲ့ လိင်ဆက်ဆံမှုက ဖြစ်စေတဲ့ ရောဂါတွေကို ကာကွယ်တားဆီးနိုင်ရေး၊ ARV ကုထုံးနဲ့ ပတ်သက်ပြီး လိုက်နာရမဲ့အချက်တွေ၊ ဆေးကြောင့် ဖြစ်စေတဲ့ အခြားလက္ခဏာတွေနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုများ၊ စိတ်ပိုင်းဆိုင်ရာ အရာ ကိုယ့်ကိုယ်ကို ပိုမိုယုံကြည်မှု ရှိလာအောင်၊ အကောင်းမြင်တတ်မှု ရှိလာအောင် ဆွေးနွေးခြင်းများကို အိတ်ခ်ျအိုင်ဗွီပိုး ရှိသူ MSM ၃၄၀ ယောက် အထိ ဖြန့်ဖြူးပေးနိုင်ခဲ့သည်။ လိင်တူဆက်ဆံသူများနှင့် အိတ်ခ်ျအိုင်ဗွီဖြင့် နေထိုင်သူများ အကြား စိတ်ချလုံခြုံတဲ့ လိင်ဆက်ဆံမှု အလေ့အကျင့်များ ပိုမိုလုပ်ဆောင်ကြရန် လှုံဆော်နိုင်ခဲ့သည်။

ရင်းနှီးနွေးထွေးတဲ့ ဝန်ဆောင်မှုပုံစံနဲ့ MSM နှင့် PLHIV များ အတွက် အချင်းချင်း ကူညီဆောင်ရွက်နိုင်ရန် နည်းစနစ်များ၊ ပညာပေး အစီအစဉ်များ တက်ကျွမ်းလာအောင် လုပ်ဆောင်ပေးခဲ့သည်။ အိတ်ခ်ျအိုင်ဗွီပိုးရှိသူ ၈၂ ယောက် အတွက် အေအာတီဆေး ရရှိစေရန် ဆောင်ရွက်ပေးခဲ့သည်။ MSM အသိုင်းအဝိုင်းကြား ဆေးစစ်ခံမှု၊ အေအာဗီ – ကုထုံးနှင့် ဆေးဝါး၊ ကွန်ဒုံးဖြန့်ဝေမှု၊ ဂေးနှင့် အတူနေအမျိုးသမီးများ အခွင့်အရေးနှင့် ပတ်သက်ပြီး မှန်ကန်သော သတင်းအချက်အလက်များ ရရှိရန် လက်ကမ်းစာစောင်များ ထုတ်ဝေနိုင်ခဲ့သည်။

ဆက်သွယ်ရေး ခက်ခဲတဲ့ ဆင်ခြေဖုံးနေရာ ငါးခုက MSM များ အတွက် ပုံမှန် ကွန်ဒုံး ဖြန့်ဝေမှု လုပ်ဆောင်ပေးနေသည်။ အိတ်ခ်ျအိုင်ဗွီနှင့် ပတ်သက်ပြီး အမျိုးသားစီမံကိန်းဌာနမှ ဖြန့်ဝေတဲ့ နောက်ဆုံး အခြေအနေ အချက်အလက်များ၊ အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်နေသူများနှင့် ဆိုင်သော ပြုပြင်ပြောင်းလဲလာသော ဥပဒေ၊ မူဝါဒများ၊ အောက်ခြေ လူမှုအဖွဲ့အစည်းများ ဖွဲ့စည်းမှုဆိုင်ရာ သတင်းအချက်အလက်များကို ဖြန့်ဝေပေး လျက်ရှိသည်။ ၂၀၀၇ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ချိန်မှ စပြီး အလေ့အကျင့်တွေ ပြောင်းလဲဖို့ စည်းရုံးဆွေးနွေးမှုများကို စုစုပေါင်း လိင်တူဆက်ဆံသူ အမျိုးသား ၈၈၅ ယောက်အထိ လုပ်ဆောင်နိုင်ခဲ့သည်။

ပူးပေါင်းလုပ်ဆောင်နေသော အဖွဲ့များ-
International Asia Pacific Network of People Living with HIV/AIDS(APN+)
Research Purple Sky Network (PSN)
Staying Alive Foundation (SAF)
AFAO (Australian Federation of AIDS Organization)
State Department (Washington D.C, USA)
IVLP Leadership skill buildings HREIB
Population Services International (PSI)
Marie Stopes International (MSI)
MPG (Myanmar Positive Group)
Local International HIV/AIDS Alliance


ဆက်သွယ်ရန်-
အီးမေးလ် -  transsex.phyo@gmail.com
ဖုန်း – 0959 2060 248
လိပ်စာ – ၆၃ လမ်းနှင့် လမ်း ၄၀ ထောင့်၊ မဟာမြိုင် ၂၊ မန္တလေးမြို့


ဘာသာပြန်- ဟင်းမ်

Source: http://www.redribbonaward.org/index.php?option=com_content&view=article&id=412&Itemid=286&lang=en#.UA2enaOCksc

No comments: