Monday, September 24, 2012

ကိုကြီးပြောမယ် ညီလေးနားထောင်


ကျွန်တော့်အသက်က ဆယ်ကျော်သက်မဟုတ်တော့တဲ့ နှစ်ဆယ်ကျော်သက်ဖြစ်နေပါပြီ။ မကြာခင်သော နှစ်တွေမှာ သုံးဆယ်ကျော် သက်ဖြစ်တော့မယ်။ စကားမစပ် အသက်အရွယ်ကိုပြောရခြင်းက ဒီလိုအသက်အရွယ်ရလာတဲ့ လူလတ်ပိုင်းတစ်ယောက်အနေနဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့ ကာလတွေက အတွေ့အကြုံတွေ အသိအမြင်တွေကို ကိုယ့်ထက်အသက်ငယ်တဲ့ အတွေ့အကြုံနည်းပါးသေးတဲ့ ညီငယ်လေးတွေကို ဘယ်အကြောင်းအရာကတော့ဘယ်လိုရှိတယ် ဘာတွေကတော့ဘယ်လိုဆိုတာပြောပြချင်နေတာကြောင့် ဦးစွာ ကျွန်တော့်အသက်ကို အမှန်အတိုင်းဖောက်သည်ချလိုက်ခြင်းဖြစ်ပါတယ်။
ခေါင်းစဉ်ကလည်း ကိုကြီးပြောမယ် ညီလေးနားထောင်လို့ပေးဖြစ်ပါတယ်။ ဘာတွေပြောပြမှာလည်းဆိုတော့ ကျွန်တော်က Gay တစ်ယောက်ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့်လိုပဲ လိင်တူခြင်းကြိုက်နှစ်သက်သူ ညီငယ်လေးတွေကို ကျွန်တော်တို့ဘယ်မှာ ဆုံ ဆည်းနိုင်တယ်၊ ဘယ်လိုကျန်းမာရေးအန္တရာယ်တွေရှိတယ်၊ လိင်ပိုင်းဆိုင်ရာ အခေါ်အဝေါ်လေးတွေ အပြင် ပျော်ရွှင်ကျန်းမာတဲ့ နှစ်ကိုယ်ကြားပေါင်းသင်းဆက်ဆံနည်းလေးတွေပါ သိသလောက်လေးပြောပြမှာဖြစ်ပါတယ်။ ဆရာကြီးလုပ်တာမဟုတ်တဲ့ ဝေမျှခြင်းလို့ ယူဆကြပါစေနော်။
ကိုကြီးပြောမယ် ညီလေးနားထောင် (အပိုင်း တစ်)
သူစိမ်းများနှင့် တွေ့ဆုံခြင်း (Meeting Guys)
မြန်မာ့ယဉ်ကျေးမှုအရတော့ သိပ်မဖြစ်နိုင်ပေမယ့် အရင်ဆုံးပြောပြချင်တာက ကိုယ်ဟာ ထူးထူးထွေထွေ အရှက်သည်းသူ တစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင် ဂေးဘားတွေ၊ ဂေးပါတီတွေကိုသွားတာ ၀င်နွှဲတာတွေဟာ နည်းနည်းတော့ခြောက်လှန့်သလိုဖြစ်နေနိုင်ပေမဲ့ ကိုယ် မသိသေးတဲ့ သူစိမ်းတွေနဲ့ ဆုံဆည်းခွင့်ရနိုင်ပါတယ်။ ကိုယ်လိုပဲ လိင်တူစိတ်ဝင်စားသူများဖြစ်တဲ့ တခြားသော သူစိမ်းအမျိုးသားတွေကို မိတ်ဆွေဖွဲ့ဖို့၊ တစ်နေရာရာမှာ နောက်တစ်ကြိမ်ထပ်တွေ့ဖို့ ဒါမှမဟုတ် မိမိအိမ်ကိုခေါ်ပြုဖို့အထိဆိုရင်တော့ ကိုယ့်အိပ်ခန်းထဲကနေ အပြင်ကို ရဲရဲဝင့်ဝင့်ထွက်ဖို့ အဦးဆုံးလိုပါတယ်။
ဒီနေရာမှာ အရိပ်အမြွက်ပြောပြချင်တဲ့အချက်တွေ -
-       တွေ့ဆုံလို့စကားပြောဆိုစဉ်မှာ တစ်ပါးသူပြောတဲ့စကားကို စိတ်ဝင်တစားစီးမျောနားထောင်ပေးသင့်ပါတယ်။ သူ ကိုယ့်ကို စကားပြောဆိုနေစဉ်မှာ မျက်လုံးတွေကို ပြန်လည်စိုက်ကြည့်ထားခြင်း၊ ပြုံးခြင်း၊ သူပြောတဲ့စကားအပေါ် မှတ်ချက်တုန့်ပြန် မှုလေးတွေပြုခြင်းဖြင့် သူ့ကို ကိုယ်ဘယ်လောက်ဂရုတစိုက် အာရုံစိုက်တယ်ဆိုတာကိုသိစေလိုက်ပါ။ သူပြောဆိုနေတဲ့ အကြောင်းအရာကို နားလည်ပါကြောင်း ပြသရာလည်းရောက်တာပေါ့နော်။ သူတို့ကို အရေးတယူဆက်ဆံ ပြောဆိုနားလည် ပြခြင်းဟာ သူတို့ဆီက နွေးထွေးတဲ့ကြိုဆိုမှုတွေ ဆက်ဆံရေးကောင်းတွေကို အလျင်အမြန်ပဲ ရရှိခံစားရမှာသေချာပါတယ်။
-       ခန္ဓာကိုယ်ရဲ့ဘာသာစကား - မိမိရဲ့ကိုယ်ဟန်အမူအယာကလည်း အရေးပါပါတယ်။ သူနဲ့စကားပြောနေစဉ်မှာ နီးနီးကပ်ကပ် နေခြင်း၊ သူစကားပြောနေစဉ်မှာ သူ့ဘက်ကို ယိမ်းပြီးနားစွင့်ပေးခြင်းမျိုး၊ စကားပြောနေတုန်းမှာ လက်တွေ ခြေထောက်တွေကို ကြက်ခြေခတ်အနေအထားမဖြစ်စေခြင်းကလည်းအရေးကြီးတယ်နော်။ ပြောခဲ့တဲ့အဆင့်လေးတွေက သင်ဟာ ဘယ်လောက် ပွင့်ပွင့်လင်းလင်းရင်းရင်းနှီးနှီးရှိတတ်ပြီး သူနဲ့ သင့်ကြားမှာ အတားအဆီးတွေမဖြစ်ပေါ်လာစေဘူးဆိုတာပြသရာရောက်ပါတယ်။
-       အပြုံး - ပြုံးနေခြင်းဟာ အယောင်ဆောင်ပြုံးထားတယ်ထားဦး ချစ်စဖွယ်ကောင်းသလို ကူးစက်စေတတ်တဲ့ ကြည်နူးမှုတစ်ခုပါ။ အခန်းတစ်ခုထဲက ခပ်လှမ်းလှမ်းမှာ ခပ်မိုက်မိုက် အမျိုးသားတစ်ယောက်ကိုတွေ့တယ်ဆိုပါစို့။ မျက်လုံးခြင်းစုံကြည့်မိအောင် ကြိုးစားပြီး ဖျက်ကနဲ အားရပါးရပြုံးပြလိုက်ပါ။ သူတို့ကသင့်ကို သဘောကျသည် သို့မဟုတ် သဘောမကျဘူး ဘာပဲဖြစ်ဖြစ် အနည်းဆုံး ဒီညလေးရဲ့ တစ်ယောက်သောပွဲတက်သူအဖြစ် သူတို့သတိတရရှိသွားမှာတော့သေချာပါတယ်။
-       သူတို့ရဲ့ ခန္ဓာကိုယ်ဘာသာစကားကိုစောင့်ကြည့်ပါ။ ကိုယ်ပြောတဲ့စကားအခွန်းတိုင်းမှာ သူက ကိုယ့်နားပိုမိုတိုးကပ်လာတာ၊ အမြဲတစေ အားရပါးရပြုံးနေတာ စတာတွေဟာ ကိုယ့်အပေါ် အပေါင်းလက္ခဏာဆောင်တဲ့ တုန့်ပြန်မှုတွေပါပဲ။ သူတို့ သင့်ကို စိတ်ဝင်စားနေပြီ။
-       ကိုယ့်ရဲ့မသိစိတ်ကိုလည်း သတိထားကြည့် - တစ်စုံတစ်ယောက်က သင့်ကိုအမှန်တကယ်သဘောကျနေတယ်လို့ထင်မိရင် သေချာအောင် တိုးကပ်ကြိုးစားလိုက်ပါ။ သင့်အတွက် ဆုံးရှုံးစရာ ဘာမှမရှိပါဘူး။
အင်တာနက် ၀က်ဘ်ဆိုက် (Website)
အင်တာနက်ကိုအသုံးပြုခြင်းဟာလည်း အကောင်းဆုံးသောတွေ့ဆုံနည်းတစ်ခုပါပဲ ကိုယ်လိုအမျိုးသားသူစိမ်းများနှင့်ပေါ့နော်။ Gaydar နှင့် Mogenic ဆိုက်တွေကိုသုံးခြင်းဖြင့် သူတို့ကိုကိုယ်ရဲ့ကိုယ်ရေးအချက်အလက် ကြိုက်တာ မကြိုက်တာတွေကို ပြောပြပြီးဖြစ်နိုင်သလို သူတို့အကြိုက်အလိုက်ကိုလည်း အနည်းအကျဉ်းတော့ ကိုယ်တွေကရိပ်မိနိုင်ပါတယ်။ သင်က ရှက်ကြောက်တတ်သူ တစ်ယောက်ဖြစ်ဦး တော့ ကိုယ်ကြိုက်တဲ့လူမျိုးကို ရွေးချယ်ခွင့်ရနေတယ်၊ ပြီးတော့ တွေ့ဖို့ဆုံးဖြတ်ရာမှာလည်း အမျိုးမျိုးကွဲပြားခြားနားသော အကျင့်စရိုက် ရှိသူများကို ရွေးတွေ့နိုင်တာကြောင့် သက်သောင့်သက်သာမရှိတဲ့အခြေအနေတစ်ခုမှာ အားနာလို့ခေါင်းငြိမ့်လိုက်စရာမရှိနိုင်ဘူးလေ။ ကိုယ့်ရဲ့ လုံခြုံမှုရှိဖို့ဆိုတဲ့အခြေခံကျတဲ့ကိစ္စကိုလည်းထည့်သွင်းစဉ်းစား - တစ်စုံတစ်ယောက်နှင့်တွေ့ဖို့ မသေချာသလိုခံစားမိပေမဲ့ သူတို့ကိုတွေ့ချင်စိတ်ဖြစ်နေမိတယ်ဆိုရင် ကော်ဖီဆိုင်တစ်ဆိုင် သို့မဟုတ် တခြားလူအများသွားလေ့ရှိတဲ့နေရာမျိုးကိုချိန်းဆိုလိုက်ပါ။ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ကိုလည်းအဖော်အဖြစ်ခေါ်ရမယ်ပေါ့။ သူတို့ကို သင့်အိမ်သို့ဖိတ်ခေါ်လိုက်တာပဲဖြစ်ဖြစ် သူတို့အိမ်ကို သင်သွားလိုက်တာပဲဖြစ်ဖြစ် လုယက်မှု သို့မဟုတ် ကျူးလွန်မှု၊ သို့မဟုတ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုဆိုတဲ့ စွန့်စားခန်းတွေရှိနေ သေးတယ်ဆိုတာ သတိရပါ။ ကိုယ်တစ်ယောက်တည်းချိန်းဆိုရာကိုသွားဖို့စဉ်းစားထားတယ်ဆိုရင် ကိုယ့်အရင်းနှီးဆုံးသူငယ်ချင်းကို ဘယ်သွားမယ်ဆိုတာ အသိပေးတာမျိုး ဒါမှမဟုတ် သင်ဘယ်ရောက်နေပြီဆိုတဲ့ဖုန်းမက်ဆေ့စ်ပို့တာပဲဖြစ်ဖြစ်လုပ်သင့်ပါတယ်။
အရက်ဆိုင်များနှင့် ကလပ်များ (PUBS & CLUBS)
Pubs တွေ ကလပ်တွေဟာ ဂေး သို့မဟုတ် Straight ဘာပဲဖြစ်ဖြစ် ယောက်ျားသားအများစုကောင်းကောင်း ဆုံဆည်းနိုင် တွေ့ဆုံ နိုင်တဲ့နေရာတွေပါပဲ။သင်ဟာ Straight တစ်ယောက်ယောက်နဲ့ အဖွဲ့ကျပြီ သူသည်လည်းသင့်ကို လိုက်လိုက်လျောလျော ဆက်ဆံ ပြီဆိုရင် သတိထားရမယ့်အချက်လေးတွေရှိပါတယ်။ ဒါကတော့ Straight တစ်ယောက်ယောက်နဲ့ ဘယ်ကြားမှာ သွားအီလို့ရမလဲ ဘယ်ကြားက အန္တရာယ်မရှိနိုင်ဘူးလည်းဆိုတာ သတိထားရမယ်လေ။ သူငယ်ချင်းတွေနဲ့ နည်းနည်းပါးပါး စမ်းစစ်စပ်စုလို့ရတဲ့ ကိစ္စ မို့သေချာဖို့လိုပါတယ်။အဲဒီငနဲကို မသွားမယ်ဆိုရင်လည်း သတိထားရမှာရှိတယ်။ ကလပ်အပြင်ကိုမတယ်ဆိုရာမှာ လိုက်တဲ့သူရဲ့ သဘောကိုလည်း နည်းနည်းသတိထားဖို့လိုပါတယ်။ ကိုယ်တွေက ရည်းစားသဘော သို့မဟုတ် သူငယ်ချင်းအသစ်တစ်ယောက် သဘောနဲ့မချင်တာဖြစ်နိုင်သလို သူ့ဘက်ကကျတော့ ပျော်တယ် ကတယ် သောက်တယ် အမူးလွန်လို့အိမ်မပြန်ချင်တော့လို့ အပျော်သဘောလိုက်လာတာလည်းဖြစ်နိုင်တယ်ဆိုတာကိုသတိထားဖို့ဖြစ်ပါတယ်။ ဒါကြောင့် သင်အပြင်ကိုအမခံရတာပဲဖြစ်ဖြစ် သင်က တစ်စုံတစ်ယောက်ကို မတာပဲဖြစ်ဖြစ် သူငယ်ချင်းအသစ်တစ်ယောက်ရတယ်ဆိုတာထက် ပိုမမျှော်လင့်သင့်ပါဘူး။ ဒီကိစ္စမှာ သင်အများကြီး စိတ်ပျက်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
Alcohol နှင့် တခြားဆေးဝါးတစ်ခုခုကိုသုံးစွဲမယ်ဆိုရင် အခုရောက်နေတဲ့ Pubs တွေကလပ်တွေမှာ ကိုယ့်ဖာသာအနည်းအကျဉ်းတော့ အေးဆေးလုံခြုံဖို့ကိုသတိထားနေမိဖို့လည်းလိုတယ်နော်။ အနည်းအကျဉ်းသောက်တာက ပျော်ရွှင်မြူးတူးစေတယ်ဆိုပေမဲ့ များမယ် ဆိုရင် မကောင်းတဲ့ဆုံးဖြတ်ချက်တွေကိုချမိစေဖို့ အားပါသွားစေ ယိမ်းယိုင်သွားစေနိုင်ပါတယ်။ကိုယ်တွေအရမ်းသောက်မိသွားပြီ သို့မဟုတ် ဖီလင်မြင့်နေပြီဆိုရင် သင်သဘောမကျတဲ့သူတစ်ယောက်နှင့်အတူ အိမ်ကိုပြန်မိမှာပဲ သို့မဟုတ် အကာအကွယ်ပြုလုပ်ဖို့ လည်းသတိထားမိတော့မှာမဟုတ်ပါဘူး။ ဆေးတစ်ခုခုသုံးဖို့ စွဲဆောင်ခံရလို့ သို့မဟုတ် သူငယ်ချင်းတွေနဲ့ကွဲသွားလို့ အိမ်ကိုလိုက် မပို့နိုင်တော့လို့ဆိုတာတွေက အကောင်းဆုံးအလှည့်အပြောင်းတွေဖြစ်သွားစေနိုင်ပါတယ်။ အမူးသောက်မိခြင်းက နိုက်ကလပ်တွေမှာ အကြီးမားဆုံးအန္တရာယ် အဖြစ်တစ်ခါတစ်ရံရရှိတတ်တဲ့အကျိုးကျေးဇူးမှာ မုဒိမ်းကျင့်ခံရခြင်းဖြစ်သည်ပေါ့နော်။
ဘိ (Beats)
ဘိတွေဆိုတာ လိင်ကိစ္စသက်သက်တွေ့ဆုံကြုံတွေ့ကြတဲ့ အများသုံးအိမ်သာတွေ ပန်းခြံတွေလို အများနဲ့သက်ဆိုင်ပြီးအသုံးများတဲ့ နေရာတွေကိုဆိုလိုတာ ဖြစ်ပါတယ်။ အထူးသဖြင့် လူမှုဝန်းကျင်နှင့် ရဲတွေရဲ့မညှာတာဖိနှိပ်မှုများကို ခံရတဲ့ ဂေးဘ၀တွေရဲ့အစိတ်အပိုင်း အဖြစ် ရာစုများစွာ အသားကျဆဲနေရာတစ်ခုလို့ဆိုနိုင်ပါတယ်။အမျိုးမျိုးသော ငနဲတွေ၊ဂေးအဖြစ်ပွင့်ပွင့်လင်းလင်းနေသူတွေ၊ Straight တံဆိပ်တပ်ထားသူတွေ၊ အမျိုးသမီးနဲ့လက်ထပ်ထားသူ သို့မဟုတ် ပေါင်းသင်းဆက်နွယ်မှုရှိသူတွေ အားလုံးဟာ သူတို့ရဲ့ အမည်မတပ် နိုင်တဲ့လိင်မှုကိစ္စဆန္ဒတွေအတွက် ဘိကို မကြာခဏအသုံးပြုတတ်ကြပါတယ်။ ဘိရဲ့အဓိကစွဲဆောင်မှုက လျှို့လျှို့ဝှက်ဝှက် မထင်မရှား နေနိုင်ပတ်သက်နိုင်ခြင်းပါ။ (သင်ဟာ ဘာဆိုတာကို ထုတ်ပြောစရာမလို သို့မဟုတ် လိင်တူခြင်းဆက်ဆံမှုကို တံဆိပ်တပ်စရာမလိုဘူး) ဘာအတွက် ညာအတွက် ကျသင့်ငွေဆိုတာမရှိ၊ အချို့လူတွေအတွက် ဒီလို public sex လုပ်ရတာပိုပြီးရင်ခုန်ပျော်ရွှင်စရာကောင်းတယ် လို့ဆိုတယ်။ ဘိမှာ public sex လုပ်တာမှာ အရေးတကြီးမမေ့သင့်တာကတော့ တရားမ၀င် ဥပဒေနှင့်မညီညွတ်ဘူးဆိုတာကို အရေး တကြီး မေ့မထားဖို့လိုကြောင်းကိုပါ။ ဘိကိုအသုံးပြုသူများအတွက် ရဲများရဲ့အနှောင့်အယှက်ပေးမှုကလည်း မရှားပါတဲ့အရာပါ။ ဒီလို ဘိနေရာ တွေကို အရောက်နည်းသေးတဲ့ အထာကောင်းကောင်းမသိသေးတဲ့ လူငယ်လေးတွေတိုက်ခိုက်ခံရတာ သို့မဟုတ် မုဒိမ်းကျင့်ခံ ရနိုင်တယ် ဆိုတာကိုလည်းသိထားပြီး မိမိရဲ့လုံခြုံရေးအတွက် သတိထားသင့်ပါတယ်လို့ပြောပါရစေ။
Saunas
ရေနွေးငွေ့လှုံ ချွေးတကယ်ထုတ်ကြတာလားတော့မသိရပေမဲ့ ဘိ(Beats) နဲ့အလားတူ ယောက်ျားသားတွေ လိင်ကိစ္စတစ်ခုခု ပြုမူဖို့ သွားကြတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ သူတို့မျက်မှန်းတန်းနေတဲ့သူတစ်ယောက်ယောက် သို့မဟုတ် အမည်နာမဖော်ပြဆရာမလိုတဲ့ တခြားသော Sauna အသုံးပြုသူများနှင့်ပတ်သက်ဖို့ပေါ့လေ။ အဓိက ကွာခြားချက်ကတော့ Sauna တွေဟာ တရားဥပဒေနဲ့ငြိစရာမရှိ ၊ ပြီးတော့ လုံခြုံစိတ်ချရတဲ့နေရာမျိုးတွေဖြစ်နေတတ်တာပါပဲ။ သူတို့မှာကွဲပြားခြားနားတဲ့ facilities တွေရှိနှင့်နေပြီး အဲဒါတွေအတွက် ကုန်ကျမယ့်ငွေကြေးပမာဏကလည်းအသင့်ပါ ပေးရမှာ။
ကိုယ့်အနီးအနားက Sauna ကိုရှာဖွေဖို့ကတော့ ပြည်တွင်းဂေးသတင်းစာစောင်တွေ သို့မဟုတ် online ကနေစူးစမ်းနိုင်ပါတယ် (မြန်မာပြည် အတွက်တော့ မဖြစ်နိုင်ဘူးပေါ့လေ)။ ကြိုတင်သတိထားပြီး မမေ့ရမှာက ဘယ်လိုမျိုး Safe Sex ကိစ္စအဖြစ်ပတ်သက်နိုင် မှာလဲဆိုတာပါ။ များသောအားဖြင့် Sauna က Safe Sex ကိုသာအားပေးဖို့ သတိပေးကြေငြာထားတတ်ပြီး ကွန်ဒုံးနှင့် ချောဆီများကို ပေါပေါများများထောက်ပံ့ပေးထားတတ်ပါတယ်။ ဒါပေမဲ့ တခြားသော Sauna အသုံးပြုသူအချို့ဟာ လက်တွေ့ကျကျ Safe Sex ပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး နားလည်မှုလွဲနေခြင်း၊ သူတို့အတွက်စွန့်စားခန်းသဘောကြီးဖြစ်နေတဲ့အတွက်  တတ်နိုင်သမျှ ရှောင်ကြဉ် ကြပါတယ်။ ဒါကလည်း လုံခြုံစိတ်ချလိင်မှုဘ၀ဖြစ်တာပါပဲ။
Alex Aung (23 September 2012)
ဆက်ရန်ရှိသေးသည်………

1 comment:

Henry said...

အခုလိုရေးပေးတာလေးက အရမ်းကိုကောင်းပါတယ်။ မြန်မာနိုင်ငံမှာတော့အဆင်မပြေနိုင်သေးတဲ့အကြောင်းအရာလေးတွေရှိသေးပေမယ့် လေ့လာထားသင့်တဲ့ ကိစ္စရပ်လေးပါ။ ဆက်ရန်အပိုင်းလေးကိုစောင့်နေပါ့မယ်။
သက်တံ့ရောင်