Sunday, October 14, 2012

ကိုကြီးပြောမယ် ညီလေးနားထောင် (အပိုင်း နှစ်)


ကျွန်တော်တို့လိုလိင်တူအချင်းချင်း ကြိုက်နှစ်သက်သူအမျိုးသားများအနေနဲ့ မိန်းကလေးတွေနဲ့မတူတဲ့အချက်က တစ်ယောက်နဲ့ တစ်ယောက် အချစ်နယ်ကျွံမိရင် ကိုယ်ဝန်ရမယ့်ဒုက္ခမျိုး မကြုံတွေ့ရနိုင်တာအမှန်ပဲ။ ဒါပေမဲ့ လိင်ကိစ္စဆိုတာမျိုးက ပတ်သက် ဆက်ဆံ နေတုန်းတာ သာယာတာ တစ်ယောက်ယောက်မှာ ကာလသားရောဂါတစ်ခုခုများရှိနေရင် နောက်တစ်ယောက်မှာ ဘယ် လောက်ချစ်နေ တယ်ပြောပြော ရောဂါကိုလက်ဝေခံရမှာပါ။ ဒါကြောင့် လိင်တူချစ်သူညီငယ်တို့ကို နည်းနည်းလေး ပြောလိုက်ချင်တာက ကိုယ့်ချစ်သူ နဲ့သာ လိင်ဆက်ဆံမယ် ပြီးတော့ နှစ်ဦးနှစ်ဖက်သစ္စာကိုတန်ဖိုးထားနိုင်မယ်ဆိုရင်အကောင်းဆုံးဖြစ်ပြီး အကာ အကွယ်မဲ့ လိင်ဆက်ဆံ ချင်တယ်ဆိုရင် နှစ်ဦးသားအရင် သွေးစစ်ကြည့်တာအကောင်းဆုံးပါပဲနော်။ ဒီလိုမှမဟုတ် ပေါ့ပေါ့ပါးပါးပဲ နေတတ်ပါ တယ်ဆိုတဲ့ ညီငယ်များကတော့ ဘယ်လိုနည်းနဲ့ပဲ လိင်ကိစ္စပတ်သက်တယ်ဆိုဦး ကွန်ဒုံးကိုတွင်တွင်သာ အသုံးပြုကြပါလို့ပြော ပါရစေဗျာ။

စေ့စပ်ဆွေးနွေးညှိုနှိုင်းကြမယ် (SEX!! Negotiating sex)
လိင်ကိစ္စနဲ့ပတ်သက်ပြီး စေ့စပ်ဆွေးနွေးမှုပြုတယ်ဆိုတာ တခြားကိစ္စတွေမှာ စေ့စပ်ဆွေးနွေးတဲ့အဓိပ္ပာယ်နဲ့အတူတူပါပဲ။ ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှု နှင့် အကြင်နာမေတ္တာတွေဟာ အဓိကကျတဲ့ သော့ချက်ပါ။ လူတိုင်းက သူတို့ရဲ့ ပါတနာ သို့မဟုတ် ပါတနာတွေကို လိင်ကိစ္စအတွက် မေးမြန်းတောင်းဆိုမှုပြုနိုင်ခြင်းဟာ မှန်ကန်သလို သူတို့က တောင်းဆိုချက်ကို သဘောမတူဘူးဆိုရင် ငြင်းဆိုခွင့် ရှိခြင်းဟာလည်း အမှန်တရားပါပဲ။ (ဆိုလိုတာက ကိုယ်နဲ့ပါတနာဖြစ်နေသူကို လိင်ကိစ္စကိုယ်နှင့်ပတ်သက်ဖို့ဖြစ်နိုင်မဖြစ်နိုင် မေးခွင့်ရှိသလို အမေးခံရတဲ့ပါတနာက သဘောမကျဘူးဆိုရင် ကိုယ့်တောင်းဆိုချက်ကို သူ့အနေနှင့်ငြင်းဆိုခွင့်ရှိပါတယ်)

သူ့ကိုကိုယ်ပိုင်တယ်ဆိုတဲ့ ခံစားချက်မျိုးကို မထားတာက ကိုယ်တောင်းဆိုမိတဲ့သူရဲ့ ငြင်းပယ်ချင်းကိုခံရတယ်ဆိုရင် အရမ်းမခံစားရ တော့ပါဘူး။ သူနှင့်ကိုယ် လိင်ဆက်ဆံမှုအတွက် အသားမကျသေးဘူးလေ။ အဲဒါကိုကြည့်ပြီး တစ်ပါးသူရဲ့ ကိုယ်ရေကိုယ်သွေးကို ထင်မြင်ချက်လည်းမပေးသင့်ဘူးဗျ။ ဘာကြောင့်ဆို လူတစ်ယောက်ချင်းဆီမှာက ခြားနားတဲ့ လိင်ခံစားချက် များ၊ လိင်ပိုင်းဆိုင်ရာ တက်မက်မှုများ လိုအပ်မှုများရှိနေနိုင်သေးတာကိုး။ စိုးရိမ်ကြောင့်ကျစိတ်၊အလုပ်အကိုင်၊ဖျားနာမှုတွေအပြင် တခြား အကြောင်းအရာ လေးတွေကလည်း လူတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာရမ္မက်ခံစားချက်တွေအပေါ်သက်ရောက်မှုရှိနိုင်သေးတယ်။

သင်နဲ့တစ်ခါမှာ မအိပ်ဖူး လိင်မဆက်ဆံဖူးသေးသူတစ်ယောက်နဲ့ လိင်ကိစ္စအတွက် စေ့စေဆွေးနွေးမှုပြုတယ်ဆိုရင် အရင်ဆုံးသိရမှာက ကိုယ်ဘာကိုကြိုက်တယ် လက်ခံလို့ရတယ် ဘာကိုတော့မကြိုက်ဘူး လက်မခံဘူးဆိုတာကို အရိုးသားဆုံးပြောပြပါ။ ဆေးမူးနေတာတို့ သို့မဟုတ် အရက်သောက်ထားတဲ့အချိန်တွေမှာ အဲဒါကိုဖွင့်ပြောဖို့ဆိုရင်တော့ အခက်တွေ့နိုင်သေးပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ပျော်ရွှင် မှုအတွက် သေချာဖို့ လုံခြုံစိတ်ချဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ နောက်မှ လိမ်လည်လှည့်စားခဲ့မိတယ် သို့မဟုတ် အသုံးချခံခဲ့ရတယ် စတဲ့ ခံစားချက်တွေ ပေးမိ ရရှိမှုတွေဖြစ်တည်လာနိုင်တာကြောင့်ပြောရခြင်းပါ။ တကယ်လို့ သူ့ကိုငြင်းဆိုတဲ့စကားပြောဖို့ ခပ်အမ်းအမ်း ဖြစ်နေတယ်ဆိုရင် နံနက်ခင်းမရောက်ခင်အထိ စောင့်ဆိုင်းလိုက်ပါဦး။ တစ်ကြိမ်အိပ်မောကျပြီးတာနဲ့  လိင်ကိစ္စ အတွက် စေ့စပ်ဆွေး နွေးမှုမှာ ကောင်းကောင်းမွန်မွန် ပိုပိုသာသာ သင်ပြောဆိုဆုံးဖြတ်နိုင်ပါလိမ့်မယ်။

တစ်စုံတစ်ယောက်နဲ့တွေ့ဖို့ သင်အစီအစဉ်ဆွဲထားတယ်ဆိုပြီးမှ ငါသိငါတတ်ဆိုတဲ့ပြဿနာနဲ့ကိုယ့်ဖာသာရင်ဆိုင်နေရတယ်ဆိုရင် ဘာမှ မတွေဝဲပဲ လက်တွေ့ကျတာကိုလုပ်ဆောင်နေလိုက်ပါ သို့မဟုတ် ကိုယ်ပြောဆိုချင်နေတဲ့အရာ ကိုယ်ပြောမယ့်အရာတွေကို စာရွက်ပေါ်ချရေးနေလိုက်ရင် အဲဒါလေးတွေက ကိုယ့်စိတ်ထဲမှာ လတ်ဆတ်နေမှာပေါ့။ ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေနဲ့ သူတို့၏ အတွေ့အကြုံတွေအကြောင်း စကားလက်ဆုံကျခြင်းဖြင့်လည်း သူတို့လိုပဲ ကိုယ်သည်လည်းကောင်းမွန်စွာ ရင်ဆိုင်နိုင်ပါလိမ့်မယ်။

လုံခြုံစိတ်ချ လိင်မှုကိစ္စ (Safe Sex)
လုံခြုံတဲ့ လိင်မှုကိစ္စပတ်သက်မှုတစ်ခုအဖြစ် anal sex ပြုလုပ်တဲ့နေရာမှာ ကွန်ဒုံးသုံးခြင်းနှင့် ရေအခြေခံချောဆီ (water base lube) ကိုသုံးခြင်းဟာ အခြေခံအကျဆုံး နည်းလမ်းဖြစ်ပါတယ်။ HIV/AIDS နှင့် အခြားသော ကာလသားရောဂါများ (Sexually Transmitted Infections) ကိုကူးစက်ခံရမယ့်အန္တရာယ်နှင့် နီးစပ်နေလို့ပြောရခြင်းပါ။ နည်းပညာသစ် ဆေးသစ်တွေကြောင့် HIV/AIDS ရောဂါကို တစ်နည်းတစ်ဖုံ ဆွဲဆန့်ထားလို့ရတယ်ဆိုပေမဲ့ ဒီအဓိပ္ပာယ်က လွတ်လွတ်လပ်လပ်နေဖို့ အပျင်းထူဖို့ မဆိုလိုပါဘူး။ HIV ဟာ ဘ၀သက်တမ်းကို ပိုတိုတောင်းစေတယ်၊ အမည်းစက်တစ်ခုနှင့်အတူ တခြားသူများနှင့်ခြားနားသူအဖြစ် ဖော်ထုတ်ပြပြီး ရာသက်ပန် ဆေးကုသမှုပြုနေရခြင်းဆိုတဲ့ အဓိပ္ပာယ်ကိုလည်းဖြည့်စွက်ပါတယ်။

 ကာလသားရောဂါများ (Sexually Transmitted Infections) နှင့် ပတ်သက်ပြီး  နောက်တစ်ခုမှာ ထပ်မံဖြည့်စွက်ရေးမှာကြောင့် စောင့် ဖတ်နိုင်ပါတယ်နော်။

နမ်းခြင်း (Kissing)
အနမ်းတစ်ခု အနမ်းပြုခြင်းဟာ ချစ်ခြင်း၊ခင်တွယ်မှု၊လိုအင်ဆန္ဒနှင့် ခင်မင်ရင်းနှီးမှုကို အားကောင်းကောင်းနှင့် ရင်းနှီးနွေးထွေးစွာ ပြသနိုင် တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်ဦးသားရဲ့ ရင်းနှီးနွေးထွေးမှုကို ဖြစ်တည်စေတဲ့ ပထမဦးဆုံးသော ပြုမူဆက်ဆံမှုလည်း မည်ပါတယ်။ ပြီးတော့ အနမ်းတစ်ခုပြုပြီးနောက် ဘယ်လိုရှေ့ဆက်မယ် ဘယ်လိုပတ်သက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ်ကိုလည်း သက်ရောက်မှုရှိစေနိုင်ပါရဲ့။ အနမ်းကောင်းတစ်ခု ရရှိမိခြင်းဟာ တစ်စုံတစ်ယောက်အပေါ် ဆယ်ကြိမ်မက အနမ်းပေးချင်စိတ် ဖြစ် ပေါ်စေနိုင်ပြီး အထူးတလည်ဖြစ်တည်မှုတစ်ခုစီကိုတောင် ဦးဆောင်သွားစေနိုင်ပါတယ်။ နောက်တစ်ခါ အနမ်းဆိုးတစ်ခုကို ရရှိခဲ့မယ် ဆိုရင်တော့ သင့်စိတ်တွေပြောင်းလဲသွားနိုင်ပြီး တံခါးမကြီးဆီ အခုပဲပြေးသွားချင်စိတ် ပေါ်ပေါက်စေနိုင်ပါတယ်။ တစ်ခါတရံ အနမ်း တစ်ခုဟာ သင့်စိတ်ထဲမှာ ရက်သတ္တပတ်အတော်ကြာ ရှိနေတတ်ပြီး သူနဲ့ဆက်သွယ်လို့ရမယ့် အရာကို အခုပဲ ရယူပိုင်ဆိုင်ချင် စိတ်တွေ တဖွားဖွား ဖြစ်တည်နေတတ်ပါတယ်နော်။

အနမ်းပေးခြင်းဟာ အနမ်းကောင်းတစ်ခု သို့မဟုတ် အနမ်းဆိုးတစ်ခုကဲ့သို့ ကွဲပြားခြားနားတဲ့စတိုင်လ် ထောင်ချီစွာရှိပြီး အလွန်ပုဂ္ဂလိက သဘောတရားဆန်တဲ့အရာဖြစ်ပါတယ်။ တစ်ချို့သောလူတွေကတော့ အနမ်းကိစ္စပြုမူရခြင်းကို သိပ်မကြိုက်ကြပေမဲ့ တချို့သောလူတွေ ကတော့ နှုတ်ခမ်းလွှာတွေထဲထိ လျှာမုန်တိုင်းမွှေတာမျိုးလို ခပ်ပြင်းပြင်းအနမ်းကို တောင့်တကြပြီး တချို့သောလူတွေကတော့ အနမ်းဖွဖွ ပေးရခြင်း၊ ရယူခြင်း လျှာကိုသိပ်မကစားပဲထိတွေ့ရတာမျိုးတွေကို ကြိုက်နှစ်သက်ကြောင်းတွေ့နေရပါတယ်။

လျှာမုန်တိုင်းမွှေခြင်း (Licking, touching, rimming)
အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ထိတွေ့မှုအာရုံကို အခံစားနိုင်ဆုံးသော အင်္ဂါအစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ လျှာလေးနဲ့လျက်ပြုတာ၊ နှုတ်ခမ်းလေးနဲ့စုပ်ကြည့်တာ၊ ခပ်ဖွဖွသွားနဲ့ကိုက်ကြည့်တာ၊ပွတ်သပ်ပေးနေတာ၊ထိတွေ့ကိုင်တွယ်တာ၊ပြီးတော့ ကလိထိုးတာလေးတွေ ကအစ သိရှိပြီး အဆုံးစွန်သော ကျေနပ်နှစ်သိမ့်မှုကိုဖြစ်ပေါ်လာစေနိုင်တယ်ဆိုတာ သိသာပါတယ်လေ။ နို့သီးခေါင်းလေးတွေက မကြာခဏဆိုသလို ဆတ်ဆတ်ထိမခံ ထိကိုင်မှုကို တုန့်ပြန်မှုပေးလေ့ရှိပါတယ်။ အထူးသဖြင့် နှုတ်ခမ်းလေးနဲ့ထိကပ်ပြီး မျှဉ်းစုပ်တာ၊ ခပ်ဖွဖွ သွားနှင့်ကိုက်တာ (နည်းနည်းမာလာတဲ့ နို့သီးခေါင်းကို သွားနှင့် နာကျင်အောင်အရမ်းကိုက်ပစ်လိုက်တာမျိုးမဟုတ်ဘဲ လက်ချောင်းလေးတွေနဲ့ အသာညှပ်ကိုင်တဲ့သဘောမျိုးသာ)၊ လျှာလေးနဲ့လျက်ပြုတာ၊ နောက်ပြီး နှုတ်ခမ်းလွှာတွေနဲ့မျှဉ်းစုပ်တာများ လုပ်လိုက်ရင် တစ်ကြိမ်နဲ့ကို နို့သီးခေါင်းတွေမာတောင့်လာနိုင်စေပါရဲ့။

လျှာလေးနဲ့လျက်ပြုတာ၊ နှုတ်ခမ်းလေးနဲ့စုပ်ကြည့်တာ၊ခပ်ဖွဖွသွားနဲ့ကိုက်ကြည့်တာ၊ပွတ်သပ်ပေးနေတာ၊ထိတွေ့ကိုင်တွယ်တာ စတာ တွေကို အထိအခိုက်မခံနိုင် ကောင်းကောင်းတုန့်ပြန်မှုမြန်တဲ့ တခြားဧရိယာတွေကတော့ နားရွက်များ၊ နားအ၀က ဖုသီးလေးများ၊ ပေါင် များ၊ ဗိုက်သားများ၊ချိုင်းမွှေးများ၊ လည်ပင်း၊ ခြေထောက်တွေရဲ့နောက်ဖက်ပိုင်းတွေ၊ ပြီးတော့ ကပ္ပယ်အိတ် နဲ့ ခရေ၀ (စအိုဝ) ကြားမှာ ရှိသော အရေပြားနေရာတစ်ဝိုက်တွေ ဖြစ်ပါတယ်။ တချို့သောသူများကတော့ ကလိထိုးတာမျိုးလို သို့မဟုတ် လက်နဲ့မနာအောင် ရိုက် ခတ်ခံရတာမျိုးတွေ၊ သူတို့မျက်တောင်တွေကို လျှာနဲ့လျက်ပြုတာမျိုးလို တခြားသော စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပြုမူမှုတွေကို ပြုလုပ် ခံစားတတ် ခံယူကြိုက်နှစ်သက်တတ်ကြပါသေးတယ်။ ယောက်ျားအများစုလိုပဲ ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးဟာ ပျော်ပျော်ပါးပါး ကစားလို့ကောင်းတဲ့စွဲမက်ဖွယ်ဧရိယာကြီးပါပဲ။ စိတ်ရှင်းရှင်းထားပြီး ဘယ်နေရာက ဘယ်လိုပြုမူရင် ပိုပြီးစိတ်လှုပ်ရှားမှုကို ခံစားရတယ် ခံစားမှုကိုပေးနိုင်တယ်ဆိုတာ ရှာဖွေကြည့်ကြပါဦးနော်။

Rimming ဆိုတာက တစ်စုံတစ်ယောက်ရဲ့ စအိုဧရိယာတစ်ဝိုက်ကို လျှာနှင့်လျက်ပြုခြင်း၊ လျှာကျွေးခြင်းစတာကို နာမည်ပေးထားခြင်းဖြစ် ပါတယ်။ စအိုဧရိယာတစ်ဝိုက်ဟာ အလွန်အမင်းဆတ်ဆတ်ထိမခံပါဘူး။ ပူနွေးစိုစွတ်တဲ့ လျှာနဲ့ထိတွေ့နေတာကိုခံစားရတာ အသက်ရှု ငွေ့နွေးနွေးကို ရရှိခံစားနေရတာစတဲ့ ဖီလင်မျိုးကို ကျွန်တော်တို့တစ်ကိုယ်လုံး တဆတ်ဆတ်ခါတဲ့အထိ စူးစမ်းခံစားနိုင်တဲ့ပြုမူမျိုးဖြစ် ပါတယ်။          Rimming ဘယ်လိုပြုမူရတယ်ဆိုတဲ့အကြောင်းကို စာတွေအများကြီးဖတ်ပြီး လေ့လာသင်ယူနေစရာသိပ်မလိုပါဘူး။ အကောင်းမွန်ဆုံး လေ့လာသင်ယူမှုက စာဖတ်သူ သင်ကိုယ်တိုင်ပြုလုပ်ကြည့်ဖို့ပါ။ အသားတကျဖြစ်ဖို့ကတော့ အချိန်အနည်းငယ်ယူ ရပါမယ်။ အဲလိုပြုမူရတာ ကိုယ့်အတွက် သက်သောင့်သက်သာမဖြစ်သေးဘူးလို့ခံစားရရင်လည်း အတင်းအကျပ်ဖိအားတစ်ခုအဖြစ် မခံယူမိဖို့လိုပါတယ်။

(ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို ပြောနေကျစကားတစ်ခွန်းရှိပါတယ် လိင်ဆက်ဆံတယ်ဆိုတာမှာလည်း မေတ္တာသာမပါရင် ရွံ့စရာကြီးပါလို့လေ။ မေတ္တာပါအောင်လည်း တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အမွှေးရနံ့ကအရေးပါပြန်ပါတယ်နော် ဟဲဟဲ။)

Alex Aung (14 October 2012)

ဆက်ရန်ရှိသေးသည်………

No comments: