Sunday, October 28, 2012

ကိုကြီးပြောမယ် ညီလေးနားထောင် (အပိုင်း သုံး)


ပါးစပ်ဆိုတာ အစားအသောက်စားဖို့၊ ဂါထာမန္တာန် အမွန်အမြတ်ဘုရားစာတွေရွတ်ဆိုဖို့၊ ပြီးတော့ မိမိရဲ့ဘုန်းကံသည် အာခံတွင်းမှာ တည်သည်ဆိုသူများအတွက် အထွဋ်အမြတ်ထားရာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့အစိတ်အပိုင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ နှုတ်ခမ်းသားနုနုလေး တွေ ထိခတ်ရုံလေးနမ်းတာ၊ အာသာဆန္ဒပြင်းပြစွာ နမ်းတာတွေရဲ့ ဖြစ်တည်ရာ အစိတ်အပိုင်းလို့လဲဆိုနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်လေ မိမိ ကိုယ်တွင်းကို အစားအသောက်၊ ရေ၊ဆေးတွေသာမကာ တစ်ခုခုကိုသွပ်သွင်းတဲ့နေရာဖြစ်ပါတယ်။

ဒီတစ်ခါပြောပြချင်တာက အဆိုပါ ကျွန်တော်တို့ရဲ့ ပါးစပ်အာခံတွင်းကိုအသုံးပြုပြီး လိင်မှုကိစ္စပြုလုပ်ခြင်းအကြောင်း အလေးပေးပြော လိုခြင်း ဖြစ်ပါတယ်။ စာဖတ်သူတို့ အာရုံထဲမြင်ယောင်ကြည့်ဖို့ ဥပမာလေးတစ်ခုပြောပြမယ် ရေခဲချောင်းကိုသိတယ်ဟုတ် အရသာတစ်ခု ခုထည့်သွင်းထားတဲ့ ရေခဲချောင်းကိုလေ။ အဲဒါလေးကို ငုံစုပ်ပြီး စားသောက်တဲ့ ရေခဲချောင်းစားသူတစ်ယောက်ရဲ့ ခံစားမှုကဘယ်လိုများ ပါလိမ့်။

ဘီယာကိုတော့ အမျိုးသားရော အမျိုးသမီးရော ကျွန်တော်တို့လို ဟိုမိုများရော သောက်တတ်ကြတယ်ဆိုတာ အသိပါပဲ။ ဒါပေမဲ့ မကြိုက် တတ်သူများကတော့ ဘီယာဆိုတာ နွားတစ်ကောင်ရဲ့သေးနဲ့တူပါသတဲ့။ ဘီယာကြိုက်သူ များကဘီယာသောက် မကြိုက်သူများက နွားသေးလို့ထင်ဆိုတော့ ကျွန်တော်တို့လောကမှာလဲ ပါးစပ်ကိုသုံးပြီး လိင်ဆက်ဆံကြခြင်းဟာလည်း ထိုနည်းအတိုင်းထင်မြင်စရာပါ။

အခုအချိန်ထိ ကုသနိုင်မယ့်ဆေးမရှိသေးတဲ့ အေ့စ်ရောဂါဟာ ပါးစပ်နဲ့လိင်ဆက်ဆံမှုပြုသူများမှာလည်း ကူးစက်နိုင်ခြေရှိတယ်ဆိုတာ သတိထားရပါမယ်။ သွားတိုက်တံနဲ့မသိမသာထိမိလို့ ပွန်းပဲ့နေတာလေးတွေ၊ လျှာကွဲတာ၊ အရိုးကိုက်မိလို့ပြတ်ရှထားတာ စတဲ့ တစ်ခုခုသောအခြေအနေမှာ သတိမထားမိခင်လေး HIV ပိုးရှိသူရဲ့ သုက်ရည်၊သွေးပါးစပ်ထဲရောက်ရှိမိပါက တစ်ခါဆိုတစ်ခါ ရောဂါကူးစက်နိုင်ခြေရှိပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ထဲလုံခြုံစိတ်ချရမှုအခြေအနေကိုမခံစားရတဲ့အချိန်မှာ ပါးစပ်ကိုသုံးပြုလိင်မှုကိစ္စ ပြုလုပ်မယ်ဆိုရင် ကွန်ဒုံးလေးကို စွပ်ပေးပြီးမှပြုလုပ်လိုက်ကြပါလို့ပြောချင်ပါရဲ့နော်။

စာဖတ်သူ ညီလေးတို့လည်းသိမယ်ထင်တဲ့ ဘန်းစကား(ကီး)ကိုအသုံးပြုပြီးရေးသားသွားပါ့မယ် စာရေးရာမှာမထောက်ဘဲ ဖတ်သူလည်း သိမယ်ထင်လို့ပါပဲ။

ပါးစပ်သုံးပြီးလိင်မှုကိစ္စပြုလုပ်ခြင်း (Oral Sex)
လူတစ်ယောက်ဟာ သူတစ်ပါးကိုကီးပေးတာပဲဖြစ်ဖြစ် သူတစ်ပါးက ကီးပေးတာကိုပဲဖြစ်ဖြစ် တစ်ကြိမ်လောက်တော့ ပြုလုပ်ဖို့ ကြိုးစားခဲ့ ကြဖူးတာကြီးပါပဲ။ ကီးတဲ့ကိစ္စဟာက စအိုဝကိုသုံးပြီးလိင်ဆက်ဆံတဲ့ကိစ္စလို ကြိုတင်ပြင်ဆင်တာ နေရာရွေးတာ ပုံစံအနေအထားက ဘယ်လိုမှဆိုတာတွေ သိပ်မလိုပဲ ကိစ္စပြီးမြောက်အောင်လုပ်နိုင်တာကြီးပါ။ ကျွန်တော်အလေးပေးပြောသွားမှာက အကီးခံသူများအတွက် မဟုတ်ဘဲ ကီးပေးတဲ့သူတွေအတွက် အရေးပါမယ့် အချက်သုံးချက်ပါ။ အဲဒါတွေကတော့ -

(၁) ထိန်းချုပ်ခြင်း (Control)
(၂) သက်သောင့်သက်သာရှိခြင်း (Comfort)
(၃) တုန့်ပြန်ချက် (Feedback!)

(၁) ထိန်းချုပ်ခြင်း (Control)
အားလုံးမပြောခင် ပထမဆုံးပြောချင်တာက သူတစ်ပါးကို အကောင်းမွန်ဆုံးကီးပေးနိုင်ဖို့ဆိုရင် ကိုယ့်မှာ အတွေ့အကြုံနည်းနည်းရှိပေ မယ့်လို့ ကီးပေးတဲ့ လုပ်ငန်းစဉ်မှာ သင့်အနေနဲ့ နည်းနည်းလေးထိန်းချုပ်မှုရှိဖို့လိုပါတယ်။ ကိုယ်လိုအပ်တဲ့အချိန် အသက်တစ်ချက် ရှူဖို့ ရပ်တန့်နိုင့်မယ်၊ ကိုယ် ကီးပေးတဲ့ အရှိန်ကို ထိန်းချုပ်နိုင်မယ့်ထောင့်တွေကို စဉ်းစားပြီးရင် ကိုယ့်ပါတနာကို အိပ်ယာတစ်ခုပေါ် လှဲအိပ် မလား၊ ကုလားထိုင်တစ်လုံးပေါ်မှာထိုင်မလား သို့မဟုတ် အလားတူအနေအထားတစ်ခုခုကို အဆင်ပြေမလားမေးကြည့်လိုက်ပါ။

(၂) သက်သောင့်သက်သာရှိခြင်း (Comfort)
ထိန်းထိန်းသိမ်းသိမ်းနဲ့ သက်သောင့်သက်သာအနေအထားတစ်ခုရောက်ပြီဆိုရင် ပါတနာရဲ့လိင်တံ နှင့် ကိုယ့်လည်မျိုအဆင်ပြေစေမယ့် ထောင့်အနေအထားရဖို့ကြိုးစားပါ။ တကယ်လို့ သူ့လိင်တံက အပေါ်ကို နည်းနည်းကော့တက်နေတယ်ဆိုရင် သင့်အနေနဲ့ကတော့ 69 position လေးက အဆင်ပြေမယ်ထင်ပါတယ်။ (ဒါက သူ့ပေါင်နှင့် ကိုယ့်ဦးခေါင်းရှိရာဘက်ကိုခွထားတဲ့အနေအထားဖြစ်ပြီးတော့ သူ့ဟာက ဘယ်ဘက်ကိုကောက်လား ညာဘက်ကိုယိမ်းသလား သဘောကျအထုတ်အသွင်းအဆင်ပြေစေတာကိုးနော်)

ကီးတဲ့အနေအထားမှာလည်း သူ့အတွက် အဆင်ပြေပြေသက်သောင့်သက်သာဖြစ်ဖို့ကြီးပဲမစဉ်းစားဘဲ ကိုယ့်အနေနဲ့ကော သက်သောင့် သက်သာဖြစ်ရဲ့လား ထည့်သွင်းစဉ်းစားသင့်ပါတယ်။ သင့်လက်နှင့် သူ့လိင်တံအရင်းနားကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားရ ပါမယ်။ သူ့ ပစ္စည်းက အတော်တုတ်တယ်ဆိုရင် လက်မနှင့် လက်သန်း၊လက်သူကြွယ် သုံးချောင်းနှင့်ထိန်းရုံသဘော အသာညှပ်ကိုင် ရမှာပေါ့နော်။ တစ်နည်းပြောရရင် လက်သီးဆုပ်ကိုအတင်းကြပ်ကြပ်ဖျစ်ညှစ်ကိုယ်တွယ်တာမျိုးမလုပ်ရပါဘူး။

နောက်တစ်ခါ သူ့လိင်တံကို ကိုယ့်အာခံတွင်းထဲတစ်ကြိမ်သွင်းတိုင်း သွင်းတိုင်း အသက်ပုံမှန်ရှူသွင်းရှူထုတ်လုပ်ဖြစ်ရဲ့လား သတိထား သင့်ပါတယ်။ အသက်ကိုပုံမှန် ရှူသွင်းရှူထုတ်ဖို့အဆင်မပြေဘူးဆိုရင် သင့်အတွက် ဒီကိစ္စဟာ သက်သောင့်သက်သာမဖြစ်ဘဲ ၀န်ထုပ် ၀န်ပိုးအသွင်ဖြစ်စေနိုင်ပါရဲ့။

အလားတူ သူ့အတွက်လည်း အဆင်ပြေပြေ သက်သောင့်သက်သာနှင့် ခံစားမှုအရှိန်မြင့်စေဖို့ ပြုလုပ်ရာမှာ မမေ့သင့်တဲ့ ခပ်ရိုးရိုး စည်းမျဉ်းလေးနှစ်ခု ရှိနေပါတယ်။

No teeth - နှုတ်ခမ်းတွေကို သွားတွေအပေါ်ဖုန်းထားတဲ့သဘောမျိုး မဟုတ်ဘဲ သွားတွေနှင့်ထိခတ်တဲ့အနေအထားမျိုးနှင့် ခပ်ပြင်းပြင်း စုပ်မျိုတာဟာ အကီးခံသူအတွက် သာယာမှုမဖြစ်စေဘဲ နာကျင်မှုကိုသာဖြစ်စေတတ်ပါတယ်။ ပါးစပ်ထဲကို ခပ်ပြင်းပြင်းအထုတ်အသွင်း လုပ်စုပ်မျိုတာ၊ 

လက်နှင့်အတင်းဖျစ်ညှစ်ကိုင်တွယ်ထားတာမျိုးတွေဟာလည်း ရှောင်ကြဉ်သင့်တဲ့အရာပါ။
Sensitive - လိင်တံအရေပြားတင်းကြပ်နေတဲ့သူ၊ ပွန်းရှထားသူတစ်ယောက်အတွက်တော့ အတော်ပြဿနာရှာတဲ့အချိန်ပါပဲ။ သိပ်မလိုအပ်ဘဲ ပွတ်တိုက်ကိုင်တွယ်တာမျိုးကို သူတို့ကြာကြာမခံစားနိုင်ကြပါဘူး။ ဒါကိုတော့ သတိထားကြည့်ပြီးကိုင်တွယ်ရမယ့် အရာဖြစ်ပါတယ်။

(၃) တုန့်ပြန်ချက် (Feedback!)
တုန့်ပြန်ချက် တုန့်ပြန်မှုပေးတာ လက်ခံတာက အလွယ်ကူဆုံး အစိတ်အပိုင်းလေးတစ်ခုပါ။ သင့်ပါတနာကို ပြောလိုက်တာ သို့မဟုတ် သင့်ပါတနာရဲ့ပြောကြားချက်ကိုနားထောင်လိုက်ရုံပဲမဟုတ်လား။ သင် ညည်းငွေ့လာတာ သို့မဟုတ် နွမ်းလျလာတယ်ဆိုရင် သူ့ကို သိစေလိုက်ပါ။ ပြီးတော့ သင်လုပ်ဆောင်ချက်က သူ့အတွက်ကောင်းမွန်ရဲ့လားဆိုတာကိုလည်း မေးမြန်းသင့်ပါကြောင်း။

လည်မျိုထဲထိ….. (Deep Throat……Gagging)
သင့်ပါတနာရဲ့ လိင်တံကို လည်မျိုနောက်ပိုင်းလမ်းကြောင်းထဲထိ ထည့်သွင်းခွင့်ပြုတာကို Deep Throat လုပ်နေခြင်းလို့ခေါ်ပါတယ်။ သူ့ရဲ့လိင်တံခေါင်းကို သင့် လျှာအရင်းပိုင်းနှင့် လည်မျိုနောက်ပိုင်းထဲထိ ဖိသွင်းတဲ့အားရယ် လျောသွင်းလျောဝင်တဲ့ခံစားချက်ရယ်တွေ ဟာ သူ့အတွက် လေဟာနယ်ထဲမျောစေတဲ့ခံစားမှုတွေဖြစ်တည်စေမှာပါ။ သင့်အနေနဲ့ အလေ့အကျင့်မရှိသေးဘူးဆိုရင် သည့်လည်မျို ဟာ သဘောသဘာဝအတိုင်း သင့်အဆုတ်ထဲတစ်ခုခုမ၀င်နိုင်ဖို့အတွက် ပြန်ပိတ်ဖို့အလိုလိုကြိုးစားပါလိမ့်မယ် - gagging။ သီးသလိုလို ဖြစ်တဲ့ Gagging ဆိုတာဟာ သင့်လည်မျိုထဲတစ်ခုခုပိတ်ဆို့တဲ့အခါ အသက်ရှူခွင့်ရဖို့လုပ်ဆောင်တဲ့သာမန်တုန့်ပြန်မှုလေးတစ်ခုသာ ဖြစ်တာကြောင့် သင့်အနေနဲ့သိပ်ပြီးမစွမ်းဆောင်နိုင်ဘူးဆိုရင် စိတ်ပျက်လက်ပျက်မဖြစ်ပါနဲ့။ တစ်ခြားအရာတွေလိုပါပဲ Practice makes Perfect! 

ကဲပါ…သတိရနေဖို့က သင့်အနေနဲ့ Deep Throat လုပ်ဆောင်ဖို့ ယုံကြည်မှုမရှိဘူး သို့မဟုတ် သက်သောင့်သက်သာမဖြစ်ဘူးလို့ ခံစားရရင် ငြင်းဆန်လို့ရတယ်ဆိုတာလေးပေါ့နော်။

Alex Aung (28 October 2012)

ဆက်ရန်ရှိသေးသည်………

1 comment:

Sue said...

Hi Alex,
You are really fantastic at writing and providing us a lots of knowledge related to health. Are you a doctor? If so I would like to consult with you something about HIV/AIDS if you are ok for this can you just drop a message to my gmail sueye.sueye03@gmail.com?
Thanks in advance and regards.