Sunday, October 21, 2012

ကျား-လိင်အင်္ဂါ သန်မာစေတဲ့ဆေးများ (၂)


I am a man, age 52 years old and service on board as a (့). I like to request you about my problem regarding my sexual power which is very weak. Please give me advice to which specialist to see and take treatment or some medicine to take regularly. At this age, most of the men need something. If Prostate problem and Erectile Dysfunction are excluded, there are very effective medicines. You may be aware of Viagra and etc. Don’t try injections.

Erectile dysfunction (ED) ပန်းသေ-ပန်း ညှိုးအတွက် သောက်ဆေးတွေ
• Sildenafil (Viagra), Vardenafil (Levitra or Staxyn) နဲ့ Tadalafil (Cialis) ဆိုတဲ့ ဆေးနာမည်တွေနဲ့ အမေရိကားမှာ ဝယ်လို့ရတယ်။ တခြားနာမည်တွေနဲ့ တခြားနိုင်ငံတွေမှာ ထုတ်လုပ်တယ်။ နာမည်ရှိတဲ့ ဆေး ကုမ္ပဏီတွေက ထုတ်တာကိုသာ သုံးသင့်တယ်။
• Avanafil (Stendra) ဆေးကို FDA ကနေ ၂ဝ၁၂ ဧပြီလမှာ ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်တယ်။
• ဆေးတွေအားလုံး ထိရောက်တယ်၊ ဘေးထွက်-ဆိုးကျိုးလဲ နည်းတယ်။ လူသုံးများလှနေပြီ။
• အလုပ်လုပ်ပုံ ခပ်ဆင်ဆင်တူတယ်။
• Viagra နဲ့ Levitra ကပိုတူတယ်။ အစာနဲ့ တွဲမသောက်ရဘူး။ ကိုယ်လိုအပ်မဲ့အချိန်ထက် ၃ဝ-၆ဝ မိနစ် ကြိုသောက်ထားပါ။ ၅ နာရီအထိ ဆေးအစွမ်းရှိတယ်။
• Cialis ကို အစာနဲ့ နီးနီးဝေးဝေး သောက်နိုင်တယ်။ ချက်ချင်းလို သက်ရောက်လို့ ကြိုသောက်စရာ မလိုဘူး။ တရက်ခံတယ်။
• Cialis (36-hour) ဆိုရင်တော့ မိနစ် ၃ဝ ကြိုတင်သောက်ပါ။ ၃၆ နာရီခံတယ်။
• ဆေး ၃ မျိုးလုံးကို တနေ့မှာ တခါသာသောက်ပါ။ Viagra ဆိုရင် 50mg နဲ့လဲရတဲ့သူ များတယ်။ အဲလိုလူတွေက တနေ့ ၂ ခါအထိ သောက်နိုင်တယ်။
• Vardenafil (Levitra) ဆေးကို လျှာအောက်ငုံရတဲ့ Staxyn ဆေးပြားလဲ လာတယ်။


• သတိထားစရာတွေ -
- Heart problems (aortic stenosis or left ventricular outflow obstruction, angina, abnormal arrhythmia or a recent heart attack, stroke) နှလုံးရောဂါရှိသူတွေ၊ High or low blood pressure ထိန်းဘို့ခက်ခဲတဲ့သွေးတိုးရောဂါ၊ Eye problems (retinitis pigmentosa) မျက်စိရောဂါရှိသူ၊ Severe liver disease ဆိုးဝါးတဲ့ အသဲရောဂါရှိသူ၊ Kidney disease ဆိုးဝါးတဲ့ ကျောက်ကပ်ရောဂါ ရှိသူတွေ ဒီဆေးကို မသုံးသင့်ဘူး။
- Nitroglycerin (Nitro-Bid, Minitran), Isosorbide (Dilatrate-SR, Isordil, Monoket) နဲ့ Poppers ခေါ်တဲ့ တရားမဝင်ဆေးသုံးသူတွေ ဒီဆေးနဲ့ တွဲ မသောက်သင့်ဘူး။
- Alpha blockers, Antibiotics, Anti-seizure medications, Blood thinners နဲ့ Anti-arrhythmic heart medications ဆေးတွေသောက်နေရသူဆိုရင် ဆရာဝန်ကိုအရင်ပြောပါ။


• ဘေးထွက်-ဆိုးကျိုးတွေ -
- Headache ခေါင်းကိုက်တာ အများဆုံးဖြစ်တယ်။ Indigestion အစာမကျေဖြစ်တယ်။
- Stuffy or runny nose နှာခေါင်းက နှာစေးသလိုဖြစ်မယ်။
- Dizziness ခေါင်းမူးတာနဲ့ fainting သတိလက်လွတ်ဖြစ်ချင်တာ အတော်ရှားရှားပါးပါးဖြစ်မယ်။
- Cialis ကြောင့်ဆိုရင် ခါးနာ၊ ကြွက်သားနာတာဖြစ်နိုင်တယ်။
- Viagra and Levitra တွေကနေ Flushing မျက်နှာနီမြန်းတာဖြစ်မယ်။ ခဏတာ မျက်စိ ကြည့်မကောင်းတာ ဖြစ်နိုင်တယ်။


Viagra in Heart Disease နှလုံးရောဂါ နဲ့ (ဗိုင်ယာဂရာ) http://dts-medicaleducation-adult.blogspot.in/2012/03/viagra-in-heart-disease.html
Viagra သန်မာစေတဲ့ဆေး http://dts-medicaleducation-adult.blogspot.in/2012/04/viagra.html
Erectile Dysfunction 10 Things ယောက်ျားတွေကို ဒုက္ခပေးနိုင်တဲ့ အချက် (၁ဝ) ချက် http://dts-medicaleducation-adult.blogspot.in/2012/03/10-things-that-can-deflate-your.html Erectile Dysfunction ပန်းသေ-ပန်းညှိုး http://dts-medicaleducation-adult.blogspot.in/2012/03/erectile-dysfunction-ed.html
Erectile Dysfunction Medicines (1) ကျား-လိင်အင်္ဂါ မသန်မာစေတဲ့ဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/ed-medicines.html
Erectile Dysfunction Risk ပန်းသေ-ပန်းညှိုး သာက်ဆေး သတိပေးချက် http://dts-medicaleducation-adult.blogspot.in/2012/03/erectile-dysfunction-risk.html


ဒေါက်တာတင့်ဆွေ (၁၁-၈-၂ဝ၁၂ )
ဒေါက်တာတင့်ဆွေကျား-လိင်အင်္ဂါ သန်မာစေတဲ့ဆေးများ (၂)

No comments: