Wednesday, January 9, 2013

Vereor Valentine


တစ်ခါတုန်းကပေါ့..ယှဉ်ပြိုင်မှု အားထုတ်မှုမရှိတဲ့ လူသားတစ်ယောက်ရှိတယ်၊

အဲဒီလူရှိတဲ့နေရာဟာ မြွေတွေမရှိ၊ ကင်းမြီှးကောက်ကြီးတွေမရှိ၊

တောခွေးအ လည်းမရှိ၊ ခြင်္သေ့လည်းမရှိ၊

အလွန်ဆိုးသွမ်းတဲ့ ခွေးဆိုးတွေလည်းမရှိ၊ ၀ံပုလွေလည်းမရှိ၊

ပြီးတော့….ကြောက်ရွံ့ခြင်း ထိန့်လန့်ခြင်းလည်းမရှိပါ။              

X          x           x

Heater ကိုပိတ်ပစ်လိုက်တယ်။ တစ်ခါတည်းစက်ပါ ပိတ်ပစ်တာ။ အခန်းသော့တွဲကိုလည်း ထည့်နေကျခွက်ကလေးထဲမထည့် အ၀တ် ခြင်းထဲကို ပစ်ထည့်….မ၀င်လဲ အ၀တ်တစ်ထည်ပေါ်ငြိနေပေမဲ့ ဒီအတိုင်းထားတာပါပဲ။ ခပ်ပြားပြား ဘူးလေးထဲက စီးကရက် တစ်လိပ်ရဲ့ ဖင်စီခံကို ဆွဲကိုင်မိချိန် ဒါဟာ ကျန်းမာရေးနဲ့ မကိုက်ညီဘူးဆိုတာ သတိထားမိခဲ့ပါတယ်။ဒါပေမဲ့ စီးကရက်ကို နှုတ်ခမ်းဖျားမှာ တပ်လိုက် တယ်။ ခြောက်သွေ့နေသော နှုတ်ခမ်းသားများဟာ စီးကပ်ကပ် စက္ကူသားလေးကို ကပ်ငြိသွားတာ နှုတ်ခွန်းဆက်စကားတောင် မပြော နိုင်တဲ့ လူနှစ်ယောက်ရဲ့ ပွေ့ဖက်မှုအတိုင်းပါပဲ။ မျက်ဝန်းများကိုမှိတ် စီးကရက်ကိုဖွာရှိုက်လိုက်ပါရဲ့။

မှောင်လည်းမှောင်နေပြီ အပြင်မှာ မှောင်ကာနီးပါပြီ။ နှုတ်ခမ်းသားတစ်ဝိုက် လေတွေကို စုပ်ထုတ်လိုက် မှုတ်ထုတ်လိုက် မူးယစ်ဆေး မဟုတ်တဲ့ မူးယစ်ရီဝေစေတဲ့ ဆေးကအနံ့တွေ ရှူရှိုက်လိုက်ပေါ့။ နီကိုတင်းသရဲတွေကို ခပ်ပြင်းပြင်းရှိုက်သွင်း ဒဏ္ဍာရီပြဇာတ်တွေကို ဆက်လက်ရှိုက်ဖွာရင်း အပြာရောင်မီးလုံးလေး လင်းလက်လာတာကို မြင်တဲ့အထိထိုင်နေမိတယ်။ cell phone လေးရဲ့ အင်တာနာက အပြာရောင်နီယွန်မီးလေး ပိုမိုလင်းလက်လာသလို The Fight of the Bumble Bee က စမြည်လာပြီ။ အမှောင်တွေကို ခွင်းပြီး ခပ်ပြင်း ပြင်း ထရပ်ကားတစ်စင်းမောင်းထွက်သွားသလိုမို့ ဆက်မြည်နေစေလိုက်တယ် မကိုင်မိ။

နှုတ်ခမ်းမှာ တပ်ထားတဲ့ စီးကရက်ကို ဖယ်လိုက်တော့ နှုတ်ခမ်းအတွင်းသားလေးက စိုစွတ်နေရဲ့။ ပြီးတော့ နှုတ်ခမ်းတစ်ဝိုက်ဝေ့၀ဲနေတဲ့ စီးကရက်ငွေ့တစ်ဆုပ်ကို စုပ်မျိုလိုက်တယ်။ လျှာလေးကို ဝေ့၀ိုက်ကာ ဘာမှန်းမသိ အရသာခံလိုက်သေးတာပါ။ ဖုန်းမြည်သံရပ်သွားပြီ။

နုနုညံ့ညံ့ သားရေဆိုဖာနှင့် ကပ်နေတဲ့ နွေးထွေးနုညံ့တဲ့ ဂျင်းဘောင်းဘီဝတ်ထားတဲ့ တင်ပါးတွေက ကပ်နေတာ ဖိထိုင်နေတာကြာတော့ နည်းနည်းပူလာပြီမို့ အနေအထားပြောင်းလိုက်တယ်။ ဂျင်းဘောင်းဘီက ခပ်ကြပ်ကြပ်မဟုတ်တော့ နေရထိုင်ရ အဆင်ပြေသားပါပဲ။

The Flight of the Bumble Bee က အပြာရောင်မီးပွင့်လေးနှင့်အတူ ပြန်လည်လင်းလက်လာပြန်တယ်။ ဆိုဖာထောင့်စွန်းက အပြာ ရောင် မွှေးပွအရုပ်လေးကို ဘာရယ်မဟုတ်ဆွဲကိုင်ပြီး နားရွက်လေးတွေကိုပွတ်သပ်နေလိုက်တာ သူ့ခြေသည်းလေးတွေက ပလတ်စတစ် လေးတွေလို့ သတိပြုမိတဲ့အချိန်မှ ရပ်တန့်လိုက်တယ်။

ခပ်ပွပွဆံပင်ဘုတ်သိုက်ထဲ လက်နဲ့ထိုးဖွလိုက်တော့လည်း ရှင်းရှင်းလင်းလင်းမရှိဟိုငြိသည်ငြိ။ ဒူးတွေကိုကွေးပြီး လက်နှစ်ဖက်နှင့်ပွေ့ ပိုက်ကာ မျက်နှာကိုမှောက်ချပြီး ငြိမ်သက်မိပြန်တော့ လေ၀င်ပေါက်နှင့် မလှမ်းမကမ်းမှာချိတ်ဆွဲထားတဲ့ ဆည်းလည်းသံလေးရဲ့ တချွင် ချွင်ကို ကြားရပါရော။ ဗိုက်ထဲကလည်း စကားပြောသံတွေကြားရပြန်တာက “ဟယ်လို၊ အထဲမှာ အစာတွေသိုလှောင်ဖို့ နေရာလွတ် တွေရှိနေပြီ…..အားလုံးရှင်းတယ်….လမ်းကြောင်းအားလုံးရှင်းတယ်” ဆိုပါလား။ ခေါင်းထဲမှာ မနေ့ညက မသောက်ချင် သောက်ချင် လည်ချောင်းထဲလောင်းထည့်ခဲ့ရသော စူးရှရှအရည်တွေကြောင့်ထင့် ကိုက်ခဲနေဆဲပါ။ “အိုး…တရိပ်ရိပ်နဲ့မူးလိုက်တာ” ဘယ်သူမပြု မိမိမှုပါလားဗျာ။ ဆံစပ်တွေမှာတော့ ချွေးတွေစို့လို့ ဒီဆံပင်တွေ ညှပ်ပစ်လိုက်ရကောင်းမှာ။ ဒါပေမဲ့ 

ဆံပင်နက်နက် ခွေလိပ်လိပ် တွေကြားက ဖြူဝင်းနေတဲ့မျက်နှာလေးကိုကြည့်ချင်တာဆိုတဲ့စကားသံကြောင့်….ဟူး။
“အာ….” လည်ပင်းကို သတ္ထုဓားထက်ထက်နှင့် လှီးဖြတ်ခံရသလို အေးဆက်နာကျင်လိုက်တာ၊ ဦးခေါင်းခွံတစ်ခုလုံးလည်း စိမ့်ကနဲဝင် လာတဲ့ အအေးဒဏ်ကြောင့် တိုးပြီးလှုပ်ရမ်းသွားလိုက်တဲ့ ပြတင်းတံခါးဟလိုက်မိတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ရမလိုပါပဲလေ။ မှန်ချပ် တွေကို လက်နဲ့တို့ထိတော့ ဟူး….ဆောင်းလက်ကျန်ရာသီဥတုကို ခံစားလိုက်ရပါတယ်။ မလှမ်းမကမ်းက သစ်ရွက်တွေကလည်း နီညိုရောင်ကနေ ရွှေဝါရောင်ဘက်သန်းနေပြီး ကြွေကျဖို့အသင့်ဖြစ်နေပြီ။ နှာခေါင်းဖျားမှတစ်ဆင့် အမြန်ပြေးထွက်နေတဲ့ ဆေးလိပ်မီးခိုး ငွေ့တွေကို ကြည့်ရင်း လူပျိုပေါက်လေးရဲ့အပြုံးမျိုးပြုံးလိုက်မိပါရဲ့ သွားတွေပေါ်တဲ့အထိ။ ဒါပေမဲ့ အဓိပ္ပာယ်ပြည့်နေတဲ့ အပြုံးကို နှုတ်ခမ်း သားတွေနှင့် ဆွဲစိလိုက်ပါတယ်။

အင်း…တွေးတော့တွေးမိပါတယ်လေ….cell phoneကို ပိတ်လိုက်ကတည်းက ငါဘယ်လောက်ထိကြာအောင် ထိန်းပြီးနေနိုင်မလည်းလို့ ပါ။ ကားတံခါး ဒက်ရှ်ဘုတ်ပေါ်က နာရီကိုမကြည့်ပဲ ကားပေါ်တက် ကိုယ့်ခန္ဓာကိုယ်က ဘယ်အချိန်ရှိပြီလို့ပြောမယ့်အချိန်ကို ငြိမ်သက် ကာစောင့်တယ်ဗျာ။ ကြွက်သားတွေရဲ့သေချာတဲ့ မှတ်ဥာဏ်များက ဘယ်တော့မှ အဝေးကိုမသွားလောက်ပါ။ ကြောက်ရွံ့မှု….. တကယ့် ကိုပြည့်စုံလွန်းတဲ့ ကြောက်ရွံ့ရမှု….စိတ်တွေကကြောက်ရွံ့နေမိသော်လည်း ခန္ဓာကိုယ်ကြွက်သားတွေထဲက တဖျဉ်းဖျဉ်းနေအောင် ကြိုက် နှစ်သက်မိရတဲ့ ကြောက်ရွံ့နာကျင်မှု…အိုး..။ ပိုးသားလို ဆံနွယ်တွေပိုင်ဆိုင်တဲ့ သန်မာပြင်းထန်တဲ လက်ဖ၀ါး ရိုက်ချက်တွေနှင့် ရိုက်ခတ် တတ်တဲ့ ရယ်ပြုံးလိုက်တိုင်း သွားစွယ်တွေပေါ်လာတတ်တဲ့ သကောင့်သားရှိရာ ချောင်းကြည့်လိုက်တော့ ခပ်မြင့်မြင့်အပေါ်ထပ်ခန်း ပြတင်းဝက မီးရောင်လဲ့လဲ့လင်းလို့။

နှလုံးသားရှိရာ ဘယ်ဘက်ရင်အုံက တဒိန်းဒိန်းနှင့် သွေးတွေ ဆူပွက်လာတယ်။ ကားတံခါးလက်ကိုင်ကို လှမ်းကိုင်လိုက်တဲ့ လက်တွေများ တုန်ခါနေသလိုပဲ။ ဆင်းမယ်ဆိုပြီး ခြေအစုံကိုမြေပြင်ပေါ်ချလိုက် ကားပေါ်ပြန်တင်လိုက်နှင့် အကြိမ်ကြိမ်အခါခါရယ်။
ကားပါကင်မှာ နေသားတကျထိုးကာရပ် ကားတံခါးလက်ကိုင် အေးစက်စက်ကို ကိုင်ကာဖွင့် စီးကရက်ဗူး၊ လက်ကိုင်ဖုန်း၊ ပိုက်ဆံအိပ်တွေ ကိုလှမ်းယူလိုက်ရင်း အပြင်ဘက်မြေပြင်ပေါ်ကို ခြေချဖို့အသင့်ပြင်လိုက်တယ်။ ကျောထဲက စိမ့်တက်လာအောင် ခံစားရမိတဲ့ ဖီးလ်က မီးရောင်လဲ့လဲ့ကို ပြန်ကြည့်မိလိုက်တဲ့ခဏမှာပဲ အလိုလိုရရှိနေမိတယ်ဆိုရမှာပါ။ တွေ့ကြုံရမယ့်ကိစ္စကို ရင်မဆိုင်ရဲဘူးလို့ဆိုရင်လည်း အချိန်လွန်သွားပါပြီဗျာ။

ကားတံခါးဘောင်ကို တွန်းဖွင့်ကာ မြေပြင်ကို ခြေအစုံပစ်တင်လိုက်တယ်။ နွေးနေတဲ့ ဂျင်းဘောင်းဘီခမျာ အေးခဲမတတ်ရာသီဥတုကြောင့် အေးစက်သွားရပါပြီ။ ကားတံခါးကို သော့ခတ် အိမ်တံခါးကို ခေါက်ပြုအသံမပေးမိဘဲ သတ္ထုလက်ကိုင်ဘုကိုလှည့်ကာ အတွင်းထဲ တိတ် တိတ်ဆိတ်ဆိတ်ဝင်တာပါနော်။

အိမ်ထဲမှ ဖြူဖွေးသန်မာသော သွားဖြူများပိုင်ရှင်၊ ဖြူသွယ်လက်ချောင်းများဖြင့် ဖွဲ့စည်းထားသော ရိုက်ခတ်တတ်သည့်လက်အစုံပိုင်ရှင်၊ ပွေ့ဖက်ဖျစ်ညှစ်သော လက်မောင်းတွေ ရင်အုပ်တွေရဲ့ပိုင်ရှင်ဟာ အသင့်အနေအထားနှင့် ခုတင်စောင်းဝယ် တင်ပလွှဲထိုင်နေပါတယ်။ ဒီတော့လည်း ၀တ်ထားတဲ့ ဂျင်းဘောင်းဘီကို ခါးပေါ်ကနေ လျောချပစ်လိုက်ရတယ် စက္ကန့်အနည်းငယ်အတွင်းပေါ့။ ဘာကြောင့်ဆို ပေါင်ခွဆုံက တတိယခြေထောက်က အစွမ်းကုန်မာတောင့်လာသောကြောင့်လေ။ ခါးပတ်ခေါင်းကို ဖြုတ်ရာမှသည် ခြေဖျားကနေ ဂျင်းဘောင်းဘီကို ကော်ဇောပေါ် ကန်ထုတ်လိုက်သည်အထိ အသိစိတ်မဲ့နေသူလို လုပ်ဆောင်ရင်း အခန်းတံခါးကို လော့ခ်ျချပစ်လိုက် ပါတယ်။

အခန်းအတွင်းရောက်ရောက်ခြင်းမြင်နိုင်တာက နွေးထွေးတဲ့အပြုံးတစ်ခု။ပြီးတော့ ဘောင်းဘီအပေါ်ကနေ ခပ်ဖောင်းဖောင်းအရာတစ်ခု ကို ပွတ်သပ်နေခြင်းဆိုတဲ့ အပြုအမူတစ်ခုကိုပေါ့။

မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရင်ခုန်သံတွေပိုမိုပွင့်လန်းလာရရင်း မျက်စိကို ခဏမှေးမှိတ်လိုက်ပါတယ်။ တစ်ကိုယ်လုံးရှိကြွက်သားဆိုင် များဟာလည်း အစာတွေ့တဲ့ကျားလို အာသာငမ်းငမ်း ဖြစ်လာတာအလိုလို။ ဒါဟာပြင်းပြတပ်မက်တဲ့ ပြင်းပြင်းပျပျရခဲ့ဖူးတဲ့ အနမ်း ကြောင့်။

“ဆောရီး…”

ဗလုံးဗထွေး စကားသံနှင့်အတူ ကိုယ်ခန္ဓာကို ဆွဲယူခြင်းခံရသလို နှုတ်ခမ်းဖျားမှာလည်း ခပ်ပြင်းပြင်းအနမ်းတစ်ခုကို လက်ခံရဲရပါသည်။ 

“Baby, I’m sorry”

သူ့ဂျင်းဘောင်းဘီကြယ်သီးများရှိရာကို လက်ကဆွဲကိုင်တင်ပေးတော့ တစ်လုံးခြင်းပွတ်သပ်ကာဖြုတ်ပေးလိုက်တယ်။ တကယ့်ကို ဖြည်းဖြည်းလေး ဘောင်းဘီကိုခွာပေးလိုက်တာ မာတောင့်ပြီး ဘောင်းဘီတစ်ခြမ်းမှာခေါက်ထည့်ထားတဲ့ သူ့ငပဲဟာ ဖြောင့်တန်းစွာ ထွက်လာပါတော့တယ်။

ခုတင်ပေါ်ကို သူ့တွန်းအားကြောင့် လဲပြုကျရပါတယ်။သူ့စိတ်ကြိုက်ပွတ်သပ်ဖျစ်ညှစ်သလို နှုတ်ခမ်းတွေလည်ဂုတ်တွေ ပခုံးသား တွေကိုလည်း ခပ်ဖွဖွကိုက်ခဲတာများ မွတ်မွတ်သိပ်သိပ်၊ ကားအင်ဂျင်ကို သူစမောင်းပြီ။

“အား…”

ကြီးမားကျယ်ပြန့်တဲ့လက်အစုံနှင့် ခေါင်းကိုထိန်းကိုင်ပြီး သူ့လျှာကိုပါးစပ်ထဲထည့်မွှေခံရတာ၊ နှုတ်ခမ်းသားတွေကို သွားနှင့် အကိုက်ခံရ တာက ….အ….အာ..ပြီးတော့ သူ့ငပဲကြီးကို အာခေါင်ထဲထိတိုင် အကာအကွယ်မပါတစ်ဆုံးထည့်သွင်းလိုက်တာ အာခေါင်ထဲ…သတိ သတိရစေပါတယ်…

ဒီအပြုအမူက ကျန်းမာရေးနဲ့ မညီညွတ်ဖူး….ဆိုတာ…။  

X          x           x

တစ်ခါတုန်းကပေါ့..ယှဉ်ပြိုင်မှု အားထုတ်မှုမရှိတဲ့ လူသားတစ်ယောက်ရှိတယ်၊

အဲဒီလူရှိတဲ့နေရာဟာ မြွေတွေမရှိ၊ ကင်းမြီှးကောက်ကြီးတွေမရှိ၊

တောခွေးအ လည်းမရှိ၊ ခြင်္သေ့လည်းမရှိ၊

အလွန်ဆိုးသွမ်းတဲ့ ခွေးဆိုးတွေလည်းမရှိ၊ ၀ံပုလွေလည်းမရှိ၊

ပြီးတော့….ကြောက်ရွံ့ခြင်း ထိန့်လန့်ခြင်းလည်းမရှိပါ။              


Alex Aung (8 Jan 2013)

No comments: