Monday, June 3, 2013

ဟိုမိုဘ၀နဲ့ ဟိုမိုလောကကြီး သာယာပျော်ရွှင်စေချင်

MHS ကတို့ရေ...

ဒီဆိုဒ်က ဘလော့ဂ်မှာတစ်မျိုး၊ ဖိုရမ်တွေမှာတစ်ဖုံ၊ အချင်းချင်း ပြောဆိုနေကြတာတစ်ဆင့် အမြဲတမ်း ကြားနေရတာမို့ နည်းနည်းလောက် ပြောဆို ဆွေးနွေးချင်ပါတယ်။

တစ်ခြား မဟုတ်ပါဘူး။ ကျွန်တော်တို့ ဟိုမိုတွေ ဘာလို့ Straight တွေကိုမှ တမ်းတမ်းစွဲ လိုက်ရှာပြီး ချစ်ချင်လို့၊ ချစ်မိလို့  အမ်းကြ၊ ဒုက္ခရောက်ကြ ဖြစ်နေကြတာ ဆိုတာပါပဲ။ (မိန်းမလို ၀တ်စားဆင်ယဉ်ပြီး မိန်းမလို နေထိုင်သူတွေကိုတော့ မပြောလိုပါ.)

သူတို့က ဘာတွေများ ဟိုမိုတွေထက် ပိုပြီး စွမ်းနေလို့လဲ။ ကျွန်တော့်အမြင်မှာတော့ ဘာမှ ပိုမသာပါဘူး။
အခုနောက်ပိုင်း မြန်မာပြည်မှာလည်း ပွင့်လင်းလာတဲ့ ဂေးတွေ ပိုများလာပြီး မပုန်းတပုန်းတွေရော၊ အပုန်းတွေပါ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်း ဆုံတွေ့နိုင်တဲ့ နေရာတွေ၊ ဆိုဒ်တွေ (ဥပမာ MHS လို) ရှိလာတဲ့နောက် Sex အတွက်သော်လည်းကောင်း၊ Love အတွက်သော်လည်းကောင်း ဟိုမို အချင်းချင်း ရှာဖွေ ရရှိနိုင်ပါလျှက် မရှာဖွေကြပဲ ဘာလို့ Straight မှ Straight လိုက်ရှာနေကြတာလဲ။

ဂေးလည်း ယောက်ျားပါပဲ။ ကိုယ့်ကို တမင်သက်သက် ဒုက္ခပေးမယ့်သူလည်း မဟုတ်သလို ငွေကြေး ရယူလိုတဲ့ စိတ်နဲ့ ချဉ်းကပ်တာလည်း မဟုတ်တော့ ကိုယ်လို မျိုးတူ ဟိုမိုအချင်းချင်းပဲ ရှာဖွေ ချစ်ကြိုက် ပျော်စေချင်ပါတယ်။ ကံအကြောင်းမလှလို့ ချစ်ကြိုက်ကြပြီး နာကျင်ကြတာတော့ တစ်ပိုင်းပေါ့။ Straight ကို တကူးတက ရှာဖွေတာတွေကို တတ်နိုင်သမျှ မလုပ်စေချင်ဘူး။ မတော်တဆ အနေနီးစပ်တဲ့ သူငယ်ချင်း ဘာညာတွေကို ချစ်မိတာတော့ မတတ်နိုင်ဘူးလေ။ စိတ်ဝင်စားမိပြီဆိုရင်လည်း ရောဂါမရင့်ခင် အတတ်နိုင်ဆုံး ကိုယ့်ဒုက္ခ ကိုယ်မရှာပဲ ရှောင်တာ အကောင်းဆုံးပါ။

ဘာလို့ဆိုတော့ Straight က ဟိုမိုတစ်ယောက်ကို တစ်ကယ့် မေတ္တာစစ်နဲ့ ချစ်တယ်ဆိုတာ တစ်ထောင်မှာ တစ်ယောက် တွေ့ဖို့ အင်မတန် ခဲယဉ်းပါတယ်။
ချစ်ခဲ့တယ်ဆိုရင်လည်း အချိန်တန်ရင် သူတို့လမ်း သူတို့ လျှောက်မှာမို့ ကိုယ်နဲ့ ပျော်ရွှင်ရမယ့်အချိန်ကာလဟာ ကြေကွဲရမယ့် အချိန်ကာလနဲ့ ယှဉ်ရင် အင်မတန် တိုတောင်းလှပါတယ်။ အများအားဖြင့် ကိုယ့်ကို သူတို့ အာသာဆန္ဒ ပြည့်ဖို့ သစ်မရခင် ၀ါးဘောင်ကွပ်တဲ့ သဘောမျိုးနဲ့ အစားထိုးကြတာချည်းပါပဲ။ ဒါကြောင့် မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ၊ အချစ်တွေ၊ ဂုဏ်သိက္ခာတွေကို သူတို့တွေအတွက် အဆုံးရှုံးခံမယ့်အစား ကိုယ့်လို ဟိုမိုတွေအပေါ်မှာ အသုံးချရင် ပိုပြီး အကျိုးရှိမှာပါ။

နောက်စ်ခုက ဟိုမို အများစုက အချစ်ဆိုတာ မယုံကြည်ကြတာရယ်။ လူတွေ့တာနဲ့ sex ကိစ္စတွေပဲ မေးတာတို့၊ တွေ့တဲ့သူနဲ့ sex လုပ်တာတို့ပါ။
တခြားသူတွေတော့ မသိဘူး။ ကျွန်တော်ကတော့ ကိုယ် Single ဖြစ်ချိန်မှာ ကိုယ်ကြိုက်တဲ့သူ၊ သဘောကျတဲ့သူ ဖြစ်ရင် ONS လည်း ပြဿနာ မရှိဘူး။ နှစ်ဦးသဘောတူရင် ပျော်ပျော်ပါးပါးပေါ့။ Safe Sex ဖြစ်ဖို့တော့ အမြဲတမ်း သတိရှိပါ။ ကိုယ်က အချိန်မရွေး လူမရွေး ဖြစ်တတ်တဲ့သူဆိုရင် ဘယ်သွားသွား ကွန်ဒွန်နဲ့ တစ်ခါသုံး ချောဆီထုတ်တွေ ဆောင်ထားပေါ့။ တစ်ချို့ရှိတယ်။ ငါ့မှာ ဒီရောဂါရမယ့် ကံပါရင် ဘယ်လိုပဲ ဖြစ်ဖြစ် ရမှာပဲဆိုတဲ့အတွေးပါ။

ဘယ်တော့မှ ကံကို ယုံပြီး ဆူးပုံ မနင်းပါနဲ့။ မိမိကိုယ်ကို ကာကွယ်ရန် မိမိမှာသာ တာဝန် အရှိဆုံး ဖြစ်တယ်။
Dating လုပ်လို့ တွေ့ရင်လည်း မတွေ့ခင်မှာ ကြိုတင်ပြီး သဘောတူညီမှု ယူထားသင့်တယ်။ မိတ်ဖြစ်ဆွေဖြစ် ကော်ဖီသောက်ရင်း၊ ညစာစားရင်းတွေ့ဆုံတဲ့အခါ အကယ်၍ နှစ်ဦးစား သဘောကျရင် ONS ဖြစ်ဖြစ်၊ Regular Sex Buddy ဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် ပိုမို နှစ်သက်မြတ်နိုးရင် ချစ်သူအဖြစ် လေ့လာဖို့ဖြစ်ဖြစ် သဘောတူကြပြီး တစ်ဖက်ဖက်က မနှစ်သက်ရင်လည်း သူငယ်ချင်းအဖြစ် နေကြဖို့ပါ။ ကိုယ် မနှစ်သက်ရင်လည်း အမူအယာ မပျက်စေဘဲ ခင်မင်ရင်းနှီးစွာ ပြောဆိုဆက်ဆံပေးကြပါ။
ကျွန်တော်တို့ ဟိုမိုတွေအနေနဲ့ စိတ်သဘောထား ရင့်ကျက်အောင်၊ ကြီးမြတ်အောင် ကျင့်ယူကြဖို့တော့ လိုပါတယ်။ ဟိုမိုရယ်လို့ ဖြစ်လာရင် ဘယ်လောက် ချောမော ဆွဲဆောင်မှု ရှိပါစေ၊ ကိုယ့်အပေါ် Feeling မလာလို့ ငြင်းဆိုခံရတာ အနည်းနဲ့အများ ရှိမှာပဲ။ လူအမျိုးမျိုး ကြိုက်နှစ်သက်မှု အမျိုးမျိုးကိုး။

ဒါကြောင့် ငြင်းဆိုခံရခြင်းကို အပြုံးမပျက် ခံယူနားလည်တတ်ဖို့ ကျင့်ယူကြပါ။ Straight တွေလည်း ဘ၀မှာ မိန်းကလေးတစ်ယောက်ရဲ့ ချစ်သူဖြစ်ဖို့ မိန်းကလေး အများကြီးရဲ့ ငြင်းဆိုခြင်း ခံရတာကို မမေ့ပါနဲ့။


နောက်တစ်ခုက ချစ်သူတွေ ဖြစ်ကြရင်လည်း ကိုယ့်အပေါ်ကို ကောင်းစေချင်ရင်၊ လေးစားစေချင်ရင်၊ အမြဲ သစ္စာရှိရှိ ချစ်စေချင်ရင် ကိုယ်ကလည်း သူ့အပေါ်မှာ ကိုယ်ဖြစ်ချင်၊ ရချင်တာတွေ အပြည့်အ၀ ပေးရဲ့လား မလိမ်မညာမေးပြီး ဆန်းစစ်ပါ။ ပြီးရင် ကိုယ့်ဘက်က ပြုပြင်သင့်တာတွေ ပြုပြင်ပါ။ လူမပြောနဲ့ တိရိစ္ဆာန်တောင် မေတ္တာတရားကို ခံစားနားလည်ပြီး ရောင်ပြန်တတ်ပါတယ်။

တစ်ခုတော့ ရှိတာပေါ့။ ပိုချစ်တဲ့သူကတော့ ပိုပြီး နားလည်ပေးရ၊ အနစ်နာခံရတတ်တဲ့ သဘောပါ။ ဒါပေမယ့် ကိုယ့်ချစ်ရတဲ့သူအပေါ် လုပ်ပေးသမျှဟာ ရိုးသားတဲ့ စိတ်အရင်း ခံရင် ကိုယ့်အနေနဲ့ ကိုယ်က ပေးဆပ် အနစ်နာ ခံသလောက် သူ့ဖက်က ပြန်မရဘူးဆိုတဲ့ စိတ်ဆင်းရဲမှု ခံစားရတာ အများကြီး လျှော့နည်းမှာပါ။ သူကလည်း ကိုယ့်အပေါ် သဘောကျလို့ ချစ်သူ ဖြစ်ခဲ့ကြတာပဲ။ ကိုယ်က မေတ္တာ စေတနာ မပျက်ရင် သူ့အလိုလို ကိုယ့်အပေါ် ကောင်းလာမှာပါ။ ဒါပေမယ့် တစ်ချို့တစ်လေသော ချွင်းချက်ရှိတဲ့ သူတွေတော့ ရှိပါပေါ့။ ဒါကတော့ နေရာတိုင်းမှာ ရှိတာမို့ စိတ်မပျက်ပါနဲ့။ ဒီတစ်ယောက် မကောင်းတော့ နောက်တစ်ယောက်ပေါ့။ ကိုယ့်မေတ္တာ စေတနာမှန်ရင် တစ်နေ့ ကိုယ်နဲ့ ထိုက်တန်တဲ့ ချစ်သူနဲ့ ဆုံမယ်ဆိုတာ ယုံကြည်ထားပါ။

ကျွန်တော် စလုံးမှာ ပေါင်းနေတဲ့ စလုံးသူငယ်ချင်းတွေဆိုရင် ချစ်သူကအဖြစ်ကနေ တစ်ယောက်နဲ့တစ်ယောက် Sex Dsire မရှိတော့တဲ့အခါ သူငယ်ချင်း အဖြစ် ချစ်ချစ်ခင်ခင် နေနေကြတာ မျက်မြင်ရော၊ ကြားတာတွေရော အများကြီးပဲ။ တစ်ချို့ဆို သူငယ်ချင်းဂရုပ်ထဲမှာ ex-bf နှစ်ယောက်၊ သုံးယောက်နဲ့ အတူတစ်ကွ သူငယ်ချင်းတွေ ဖြစ်လို့။ မြင်ရတာ စိတ်ကြည်နှုးစရာ ကောင်းပါတယ်။

ဆိုလိုတာက ဟိုမို အချင်းချင်း sex သက်သက်တွေ့ဆုံတာက အမြဲရှိနေမှာပဲ။ ချစ်သူအဖြစ် သတ်မှတ်ကြရင်တော့ တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိရှိနေကြ။ ကဲချင်ရင်လည်း နှစ်ဦးသဘောတူ 3Some ကြပေါ့။ တစ်ကယ်လို့ တစ်ယောာက်ယောက် (သို့) နှစ်ယောက်စလုံးက ချစ်သူအဖြစ် Feeling မရှိတော့ရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပြီး သူငယ်ချင်းကောင်းတွေအဖြစ် နားလည်စွာ နေပေးကြရင် မလိုလားအပ်တဲ့ အမုန်းတွေ၊ အာဃာတတွေ၊ စိတ်နာကျင်မှုတွေ လျှော့ပါးသွားကြမယ် ထင်ပါတယ်။

ကိုယ့်အပေါ် ဆန္ဒမရှိတော့လို့၊ မချစ်တော့လို့ (သို့) အကြောင်းကြောင်းကြောင့် လက်မတွဲနိုင်တော့လို့ ပွင့်ပွင့်လင်းလင်း ပြောပြီး လမ်းခွဲတာဟာ ကိုယ့်နောက်ကွယ်မှာ ဖောက်ပြန်တာထက်စာရင် အများကြီး ဂုဏ်သိက္ခာရှိသလို နာကျင်ခံစား ရတာလည်း အများကြီး သက်သာပါတယ်။



ပြီးတော့ ကျွန်တော်တို့ ဟိုမိုတွေ အနေနဲ့ အများစုက အိမ်ထောင်ပြုကြမှာလည်း မဟုတ်တော့ အသက်ကြီးလာရင် ခင်မင်ရာ မိတ်ဆွေကောင်းတွေနဲ့ တစ်ယောက်ကို တစ်ယောက် အဖေါ်ပြုကြရမှာဆိုတော့ ခုကတည်းက ချစ်ချစ်ခင်ခင် နေထိုင်နိုင်အောင် ကျင့်ကြံနေထိုင်ကြရင် ပိုကောင်းမယ်လို့ ယုံကြည်ပါတယ်။

ကျွန်တော့်အနေနဲ့ ကောင်းစေချင်တဲ့စိတ်ပဓါနနဲ့ ပြောဆို ဆွေးနွေး အကြုံပြုခြင်းပါ။ Straight များကို တကူးတက လိုက်ရှာ ချစ်ကြိုက် ဒုက္ခရောက်ရခြင်းမှ ကင်းစေးကြသလို ဟိုမို အချင်းချင်း မယုံကြည်ခြင်းမှလည်း ကင်းဝေးကြပြီး သာယာလှပသော ပျော်ရွှင်စရာ ဟိုမိုဘ၀နဲ့ ဟိုမိုလောကကြီးကို အားလုံး ညီညီညွတ်ညွတ် တည်ဆောက်ကြပါစို့။  

လေးစားခင်မင်စွာဖြင့်
ကိုလူဖြူချော

Credit: www.mlgbts.com

No comments: