Friday, June 14, 2013

အိပ်နေတုံးမှာ သုက်ထွက်တာ (၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)



ကျွန်တော် ညအိပ်တဲ့ အချိန် သုက်ထွက်တာနဲ့ ပါတ်သတ်ပြီးတော့ မြန်မာနိုင်ငံကနေ လိင်ကျွမ်းကျင် ဆရာဝန်နဲ့ရော စိတ်ရောဂါ ဆရာဝန်တွေနဲ့ပါ ပြသပြီး သွားပါပြီး။ တစ်ကိုယ်လုံးလဲ စစ်ပြီးပါပြီး။ ဘာရောဂါမှ မရှိ ဘူးလို့ ပြောပါတယ်။ ဆရာဝန်တွေက ပထမ အိပ်ဆေးတွေနဲ့ အားဆေးတွေပေးတယ်။ ဒါပေမယ့် အိပ်ဆေးသောက်လဲ ထွက်တာပါပဲ။ အကြိမ်တော့ နည်းနည်းလျှော့ သွားပေမယ့် ဆေးဖြတ် လိုက်တာနဲ့ ပြန် များလာ ပါတယ်။ နောက်ဆုံး ဆရာဝန်တွေက Masturbation သုံးရက်တစ်ကြိမ် လုပ်ခိုင်းပါတယ်။ အဲ့လိုလုပ်နေတော့ စစချင်း မထွက်ပေမယ့် နောက်နားတဲ့ရက်မှာ အိပ်စဉ် သုတ်ပြန်ထွက်ပါတယ်။ အဲ့လိုထွက်ပြီးရင် ပိုလို့တောင် မထူနိုင် မထနိုင် ဖြစ်ရပါတယ်။ နောက် Masturbation နဲ့ အိပ်တဲ့ အချိန် သုတ်ထွက်တာနဲ့က မတူပါဘူး။ အိပ်တဲ့ အချိန်သုတ်ထွက်တာက ကျွန်တော့်အတွက် အရမ်းကို စိတ်ကျပြီး မနက်ကျရင် မထနိုင်သလို ဖြစ်ပါတယ်။ အခုဆို ညဘက် သုံးရက်တစ်ကြိမ်လောက် ထွက်တာ ၅ နှစ်လောက်ရှိပါပြီ။ ဆရာဝန်တွေက နောက်ဆုံး နိုင်ငံခြားမှာသွား ခွဲစိတ်မှရမယ်လို့ ပြောပါတယ်။ အကောင်းဆုံး နည်းလမ်းကို စဉ်းစားပေးပါအုံး ဆရာ။

အိပ်နေတုံးမှာ ယောက်ျားလေး၊ ယောက်ျားကြီးတွေ သုက်အလိုလိုလို ထွက်တာကို Sexual dreams အိပ်မက်ပြာ၊ Wet dream အိပ်မက်အတွင်းစွပ်စိုခြင်း၊ Nocturnal emission အကာလမှာ သုက်ထွက်တာစသဖြင့် ခေါ်တယ်။

အိပ်မက်ဆိုတဲ့ သဘောက Intense activity တခုခု လုပ်ခြင်ဇောကြီးလို့လဲ ဖြစ်နိုင်တယ်လို့ ယေဘုယျပြောနိုင်တယ်။ အိပ်မက်တိုင်းက အဲလိုမျိုး အမြဲတန်း မှန်တာတော့ မဟုတ်ပါ။ Subconscious minds မသိစိတ်မှာ ကိန်းအောင်းနေတာလို့ ယူဆချက်လဲရှိတယ်။ သိစိတ်ကနေ ကိုယ့်ကိုယ်ကို (ဆင်ဆာ) မလုပ်နိုင်ပါဆိုတဲ့ အယူအဆနဲ့ လုပ်နိုင်တယ်အယူအဆမှာ မတူတာ ရှိပါတယ်။ အတိတ်နိမိတ်ကောက်ကြတာကလဲ အရပ်စကား လူပြောများတယ်။

လိင်ပိုင်းဆိုင်ရာမှာ ပိုပိုပြီး ပွင့်လင်းမှုရှိလာတဲ့ အခုခေတ် အခြေအနေမှာတောင်မှ လူ့စိတ်သဘာဝကို ခေတ်ယဉ်ကျေးမှုက မကျော်နိုင်ပါ။ ငါ့ဘာမှ ဖုံးစရာ မလိုဘူးလို့ ယူဆသူတွေဟာ တကယ်တော့ စိုးရိမ်သောက ရှိနေတာ သူကိုယ်တိုင်မသိပါ။
လိင်စိတ်ဆိုတာ Human drives လူ့စိတ်စေ့ဆော်မှုတွေထဲမှာ အင်အားအကြီးဆုံးလို့ မှတ်ယူတာမို့ အိပ်မက်ထဲမှာ ပါတာ သဘာဝ ကျတယ်လို့ဆိုပါတယ်။ လိင်အိပ် မက်ကို ယောက်ျား၊ မိန်းမ မက်ကြပါတယ်။ Dr. David Delvin နဲ့ Christine Webber တို့တွဲရေးခဲ့တဲ့ The Big 'O' - Understanding and Improving Your Orgasm and Your Partner's စာအုပ်ထဲမှာ မိန်းမတွေမှာ Orgasms လိင်ဆန္ဒပြည့်ဝတဲ့ အထိ မရောက်ကြဘူးလို့ ပါခဲ့တယ်။ ဒါပေမဲ့ စာရေးသူတွေဆီကို တုံ့ပြန်စာရေးတဲ့ အမျိုး သမီးတွေက သူတို့ရဲ့ ပထမဆုံး (အော်ဂဇင်)ကို အိပ်မက်မက်ရင်း ရတယ်လို့ ဆိုပါတယ်။ Dr Alfred Kinsey ရဲ့ သုတေသနအရ ၂၁ နှစ်ကနေ ၂၅ နှစ်ကြား ယောက်ျားတွေမှာ ၇ဝ% ကျော်မှာ အိပ်မက်ထဲမှာ လိင်နဲ့ဆိုင်တာ မက်ပြီး သုက်လွှတ်ကြတယ်လို့ ဆိုပါတယ်။ အသက်ရလာရင် နည်းလာတယ်။ လုံးဝ မဖြစ်တော့တာလဲ မဟုတ်ပြန်ပါ။

မြန်မာနိုင်ငံက ယောက်ျားလေးတချို့မှာ အဲလိုဖြစ်နေလို့ စိတ်ရှုပ်သူ၊ စိတ်ပျက်သူ၊ စိတ်ထိခိုက်သူတွေ ရှိတယ် ဆိုတာကို ဒီ (ဘလော့ခ်)အမေးအဖြေတွေ အရ သိရပါတယ်။ ဖါသိဖါသာနေ သူတွေက မေးစရာလို့ ထင်ကြပါ။ သူတို့လိုနေတတ်တာ မှန်ပါတယ်။ စိတ်ဓါတ် ကျနေသူတွေ အတွက်တော့ သတင်းကောင်း မဟုတ်တာ ရေးပါရစေ။ 

အဲလိုဖြစ်နေတာကို ပျောက်စေဆိုတဲ့ဆေး မရှိသေးပါ။ ဆောရီး။ ညဝတ် အဝတ် အစားတွေ ပေကျံနေလို့ စိတ်ပျက်တယ်ဆိုသူကို မညှာမတာပြောတဲ့ ဆရာဝန်ကတော့ အတွင်းခံ တိုတိုလေးသာ ဝတ်ပါလို့ ဆိုပါတယ်။

အားငယ်စရာကို ပြောပြီးနောက် ဒီလိုဖြစ်နေလို့ ကျန်းမာရေး ထိခိုက်စရာမရှိပါဆိုတာ ပြောပါရစေ။ အာရှတိုက်က ယောက်ျားလေးတွေက ပိုးရိမ်တတ်ကြတယ်လို့ ဆိုပါတယ်။ အားနည်းသွားတယ်လို့ ထင်ကြလို့ဖြစ်တယ်။ သူငယ်ချင်းချင်းလဲ အဲလိုပြောလေ့ ရှိကြတယ်။ လိင်ပိုင်းဆိုင်ရာ ဆေးပညာသုတ ဖြန့်တာတွေက နည်းတာရော၊ မထိရောက်တာရော၊ မမှန်တာတွေရောကြောင့် အထင်မှား၊ အပြောမှား၊ အလုပ်မှားနေကြတာ စိတ် မကောင်းပါ။

ယောက်ျားတယောက် သုက်ရည်ထွက်ရင် ချက်ချင်း ဘာဆိုဘာမှ မလုပ်ချင်အောင် ပုံကျသွားတယ်။ တခါတည်း ဘာကလေး တခုမှတောင် တွေးမနေချင်အောင် လူအလုပ်-စိတ်အလုပ်မှန်သမျှ နားလိုက်ချင်တော့တယ်။ အားအင်မှန်သမျှ တစက်ကလေးမှ မကျန်အောင် ကုန်ခမ်းသွားသလိုနဲ့ တူတယ်။ အဲ့ ဒီလိုအမြဲ မဖြစ်ပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲလိုအချိန်မှာ ထပြေးစရာ၊ ခုန်ချစရာ စတာမျိုးကြုံလာရင် ထပြေးနိုင်၊ ခုန်နိုင်ပါတယ်။ အဲ့ မနားရရင်တော့ နားဘို့လိုပါတယ်။ နားလိုက်ရင်လဲ အားပြန်ပြည့်ပါတယ်။ ဆေးသိပ္ပံနည်းကျ ပြောရရင် ဒီလို အလိုလို သုက်လွှတ်ခြင်းဟာ Body's natural response to its hormones ဟော်မုန်း ဓါတ်တွေကို ခန္ဓာကိုယ် ကနေ အလိုအလျှောက်တုံ့ပြန်မှုလုပ်ငန်းကို ဆောင်ရွက်တာသာဖြစ်ပါတယ်။ မိန်းကလေးတွေ လစဉ်ရာသီဆင်းသလိုသဘောနဲ့ ဆင်ပါတယ်။ အိပ်နေချိန်မှာ သုက်လွှတ် တာကြောင့် (၁) ကျန်းမာရေးနဲ့ (၃) နောင်တချိန်မှာ သားသမီးရနိုင်ရေး မထိခိုက်ပါ။ ဘာသာရေးကနေ လိင်မှု ဆက်ဆံရေး အပေါ်မှာ အယူအဆတွေ မတူကြပါ။ မွတ်ဆလင် အဆုံးအမမှာ ဒီလိုဖြစ်တာကို Satan ကလုပ်တာ အကုသိုလ်ပါလို့ ဆိုထားပါတယ်။

ဘာလုပ်ရမလဲ
• တချို့က သဘောကျပြီး ရယ်ရတယ်လို့ထင်ပါတယ်။

• Kegel exercises (ကီဂယ်လ်) လေ့ကျင့်ခန်း နေ့စဉ်လုပ်ပါ။

• Antidepressants စိကျရောဂါဆေးကနေ ကောင်းသွားနိုင်ပါတယ်။

• တကယ်လို့ အဲလိုဖြစ်နေတာကို ရောဂါကြီးလို့ ထင်နေတာ မဟုတ်ပါဘူးပြောလဲ စွဲထင်နေသူတွေကတော့ စိတ်အထူးကုဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ Therapists စိတ်ကုရာဝန်၊ Hypnotherapists အိပ်မွေ့ချဆရာဝန်တွေ ကုသပေးနည်းတွေက မတူကြပါ။

• အိက်မက်ထဲမှာ ကိုယ်ချစ်ခင် စွဲမက်သူတွေကို မက်ရာကနေဖြစ်တာကို Dreams of love လို့ခေါ်တယ်။ ဒါပေမဲ့ တခါမှ မတခါဘူးသူ တယောက်ယောက်ကို အိပ်မက်ထဲ လာပေါ်တာမျိုးလဲ ရှိပါတယ်။ လိုအပ်ရင် Relationship therapist ကုသပေးတဲ့ ဆရာဝန်နဲ့ ကုရပါမယ်။

Wet dream အိပ်နေတုံးမှာ သုက်ထွက်တာ http://dts-medicaleducation-adult.blogspot.in/2012/03/wet-dream.html

ဒေါက်တာတင့်ဆွေ (၉-၆-၂ဝ၁၃ )

No comments: