Tuesday, November 4, 2014

Vampire Halloween



အဝေးပြေးကားလမ်းမနဲ့ဝေးရာ မြို့အစွန်တစ်နေရာရဲ့ ဂိုထောင်ပျက်တစ်လုံးမှာ အခုနှစ် Halloween အချိန်သမယလေးကိုဖြတ်သန်း နေခဲ့ပါတယ်။ အစဉ်အလိုက်ပုံစံမျိုးမကျတဲ့ တိမ်တိုက်တွေကြားက ဖြတ်သန်းကာ ကောင်ကင်ပေါ်မှထိုးကျနေသော အလင်းတန်းများဟာ ဂိုထောင်အမိုးပေါက်တွေကတစ်ဆင့် ထိုးကျနေပုံကိုက သည်နေရာပါဆိုတာကိုညွှန်ပြနေသလိုပါပဲ။

ဂီတသံတွေဟာ လျှပ်စီးလက်သလိုပဲ မြန်ဆန်သော တီးလုံးသံတွေ ခပ်ပြင်းပြင်း ဘေ့စ်သံတွေနဲ့ ဂိုထောင်ကြမ်းပြင်ကိုတောင် တုန်ခါနေစေသလိုတောင်ဖြစ်ရော။

ပါတီပွဲသွားသူအများစုဟာ သွေးစုပ်ဖုပ်ကောင်တွေရဲ့အစွယ်တွေလိုဖြစ်အောင် ပလစ်စတစ်သွားစွယ်တုတွေကိုစွပ်လို့ပြင်ဆင်ထား ကြသလို အချို့သော ပါတီပွဲသွားသူတွေကတော့ မျက်နှာကိုဖြူရော်ရော်ဖြစ်အောင် မိတ်ကပ်တွေနဲ့ပြင်ပြီး tuxedo ၀တ်စုံတွေ ဦးထုပ်တွေကိုဆောင်းလို့ဗျ။ တခြားသော လက်နက်ပုံစံတွေတန်ဆာမဆင်ထားပေမယ့် ဂိုထောင်နံရံအချို့မှာတော့ ထက်မြနေသော ဓားအစုံစုံကလှပနေပါတယ်။ တကယ့် Vampire အစစ်တွေဒီလူအုပ်ထဲရောနေမယ်ဆိုရင်တောင် မသိသာလောက်ဘူး။ အတူရောနှော ပါတီပွဲနွှဲပြီးမှ သူတို့အစာတွေကိုအသာမသွားလို့ရလောက်တယ်။ သူတို့အတွက် ဥပဒေဆိုတာမလိုအပ်ဘူးဆိုတဲ့အချက်အပေါ် မနာလို တော့ဖြစ်မိပါရဲ့။ 

တကယ့်အစစ်တစ်ယောက်ယောက်ကို ခွဲခြားကြည့်ဖို့လွယ်ကူပါတယ် သိနိုင်တယ်ဆိုပါတော့။ ဆလိုက်မီးတွေ မီးရောင်အချို့ဖျက်ကနဲ လက်သွားလင်းသွားချိန်ဝယ် သူတို့မျက်ဝန်းတွေဟာ ငွေရောင် သို့မဟုတ် ရွှေရောင်တောက်နေကြသလို စကားပြောတိုင်း ပြုံးပြလိုက်တဲ့ အချိန်တွေဆိုရင် ချွန်ထက်သောသွားစွယ်တွေကမဖုံးမဖိနိုင်ပေါ်လာတတ်ကြတယ်။ သူတို့အသားအရေဟာ ခြွင်းချက်မရှိ အပြစ် အနာအဆာမဲ့နေတတ်ကြသလို သူတို့ရပ်တည်နေထိုင်ပုံတွေက တော်ဝင်ဆန်တယ်လို့ပြောရမယ်။ အခြားသော ပါတီများ နဲ့ အခြား ကလပ်တွေမှာ တွေ့ခဲ့ဖူးသော gay တစ်ယောက် နှစ်ယောက်လောက်ဟာ vampire အဖြစ်မပြောင်းလဲခင်ကတည်းက စတိုင်လ်ကျ လိုက်တာလို့ ကျွန်တော်သတိထားမိခဲ့ပြီးသားပါ။ အခုသူတို့ဒီပါတီမှာကောရှိလား ကျွန်တော်ရှာကြည့်ရမယ် ကျွန်တော်လည်း သူတို့ထဲက တစ်ယောက်ဖြစ်ချင်လို့လေ။ တိရစ္ဆာန်တစ်ကောင် သူ့သားကောင်ရှိရာ အစာရှိရာကို အနီးကပ်စူးစမ်းတဲ့ဟန်နဲ့ကျွန်တော့် မှာ လိုက်ကြည့်နေရတယ်။ လူတွေကိုလိုက်ကြည့်လိုက် စူးစမ်းလိုက်တိုင်း စူးရှတောက်ပသော မျက်ဝန်းတစ်စုံက ကျွန်တော့်ကို ထပ်ချပ် မကွာကြည့်နေသလားလို့။ အေးစက်စူးရှလိုက်တာများ ကျောရိုးထဲကစိမ့်ပြီး အခုပဲ လည်တိုင်မှာ အကိုက်ခံရတော့မယ့်အတိုင်း ခံစားရပါ တယ်။

ထိုင်ဖို့ခင်းကျင်းထားတဲ့ သားရေထိုင်ခုံတွေ ရှန်ပိန်ပုလင်းတွေ ခွက်တွေ ပြီးတော့ စားမြိန်စဖွယ် အစားအသောက်တွေကို platinum ပန်းကန်ပြားတွေနဲ့ တည်ခင်းထားပါတယ်။ အိုး….ပတ်ဝန်းကျင်က လေထု စိုစွတ်ထိုင်းမှိုင်းလာသလို အလင်းရောင်တွေကလည်း သိပ်မလင်းတော့ဘဲ ဟိုသည်ကွက်ကြားလှည့်ပတ်ကစားနေပါတယ်။ အလင်းသိပ်မများတော့ နံရံအချို့မှာအလှဆင်ထားတဲ့ ကြေးမုံပြင် တွေကနေ အလင်းပြန်တာသိပ်မရှိတော့ဘူး။ သွေးစုပ်ဖုပ်ကောင်တွေရဲ့ ပုံရိပ်တွေဟာ ကြေးမုံပြင်မှာ ပုံရိပ်မထင်ဘူးဗျ။ ကိုယ်တွေ့နေကျ လူတွေ ရင်းနီးပြီးသားလူတွေထဲက လူအချို့ဟာ သွေးစုပ်ဖုပ်ကောင်ဖြစ်နေကြမှန်း အရက်မူးနေသောက်စားပျော်မြူးနေသူတွေတောင်မှ သတိမထားမိကြဘူးထင်တယ်။ သားကောင်ဖြစ်ကြဖို့ဆိုတာ သတိမူမိပါရဲ့လား။

ငါတို့လမ်းခွဲပြီးဟိုသည်ကြည့်ရအောင်ကွာ၊ ထူးထူးခြားခြားဘာရှိလည်းစူးစမ်းခဲ့နော်၊ လူချင်းပြန်စုံဖို့ခက်ရင် ငါပြောထားတဲ့ ကားရပ်ထား တဲ့နေရာမှာပဲပြန်ဆုံကြမယ်၊ ဒီပါတီပွဲကိုဘယ်သူဦးဆောင်လုပ်လဲ သိချင်လို့ကွ..နော်’ ကျွန်တော် ပိုင်ပိုင့်ကို ဂီတသံတွေကြားက သူကြား အောင် အော်ပြီးပြောရတယ်။

‘သတိလဲထားဦး’

‘မင်းလည်း သတိထားဦးဟ….ငါ့ကိုမတွေ့ရတော့ဘူးဆိုရင် Plan B အတိုင်းလုပ်နော် ငါ့လူ’

ပိုင်ပိုင်ဝတ်စားထားတာက ထသွားထလာပုံမှန်စတိုင်လ်၊ မျက်နှာကိုဖြူဖျော့ဖျော့ နှုတ်ခမ်းဖျားမှာ သွေးရောင်စို့လို့ vampire တစ်ယောက် အသွင် တုပပြင်ဆင်ထားတဲ့အခြယ်အသနဲ့ပေါ့။ ကျွန်တော် တီလုံးတွေနဲ့လူးလှိမ့်နေတဲ့ လူလှိုင်းတွေကြား ပိုင်ပိုင်ပြောက်သွားတာကို ကြည့်ပြီး ကိုယ်လုပ်စရာရှိတာကိုလုပ်ဖို့ကြံရွယ်လိုက်ပါတယ်။

ဟိုသည်စူးစမ်းရင်းမှ တစ်ယောက်ယောက်များ ကျွန်တော့်ကိုကြည့်နေသလားလို့ခံစားရတာကြောင့် မသိစိတ်ခေါ်ဆောင်ရာဘက် လှည့် ကြည့်လိုက်တာမှ ဥက္ကာရဲ့ တည်ငြိမ်အေးစက်လွန်းတဲ့မျက်နှာကိုမြင်လိုက်ရပါတယ်။ ပြောင်းလဲခြင်း ခေါက်ရိုးကျိုးခြင်းမရှိတဲ့ မူလပထမ မျက်နှာပိုင်ရှင်ပါပဲ။ သူ့မျက်ဝန်းများဟာလည်း စိန်ပွင့်များအတိုင်းပါပဲ ဆလိုက်မီးများကြားမှာလေ။ စင်မြင့်သဘောလုပ်ထားတဲ့ သီးသန့် စားသောက်ဝိုင်းတွေဘက်က သတ္ထုထိုင်ခုံတစ်ခုမှာ သူထိုင်နေတာပါ။ အဲ့နေရာကိုကြည့်မြင်ရတာ ဂိုထောင်အဟောင်းထဲမှာလုပ်နေတဲ့ပွဲ လို့မထင်ရအောင် အသွင်ပြောင်းထားပါတယ်။ သူ့ရဲ့နာမည်ကျော် လေးကိုင်းသဏ္ဌာန်နှုတ်ခမ်းအစုံက လှမ်းပြီးနှုတ်ဆက်ကြိုဆိုနေသ ယောင် ပြုံးပြပါရဲ့။ လှစ်ခနဲ ပေါ်သွားတဲ့ သွားစွယ်ချွန်ချွန်တွေဟာ ကျွန်တော်တို့ချစ်သူရည်းစားဖြစ်စဉ်တုန်းကထက် ပိုမိုချွန်မြနေသလား။ ကျွန်တော်သူ့စီလှမ်းလာခဲ့ဖို့ လက်ဟန်ခြေဟန်နဲ့ ခေါ်လိုက်ပြီးတဲ့နောက် ရုတ်တရက်သူပျောက်သွားပါတယ်။

ဒီအထဲမှာရှိတဲ့ လူတွေအကုန်လုံးဟာ ဥက္ကာရဲ့လူတွေလားလို့တွေးမိပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ မေ့ပျောက်လို့မရတဲ့ အချစ်ဦး ex-boyfriend လေးပါ။

စင်မြင့်လေးရဲ့ထောင့်ချိုးအကွယ်လေးမှာ လှေကားလေးတစ်ခုရှိပြီး အပေါ်ထပ်ခိုးအခန်းတွေစီတက်သွားဖို့စွဲဆောင်နေပါတယ်။ တစ်လှမ်းခြင်း တစ်ထစ်ခြင်းတက်သွားလို့အပေါ်လည်းရောက်ရော VIP lounge ပုံစံခင်းကျင်းပြင်ဆင်ထားတာကိုတွေ့ရပါရော။ တစ်ဒါဇင်လောက်ရှိတဲ့ vampire တွေဟာ ပုံစံမတူအ၀တ်မဲ့သဏ္ဌာန်အဆင့်ဆင့်နဲ့တွေ့ရပါတယ်။ အ၀တ်အစားတွေကင်းမဲ့သွားအောင် နပန်းလုံးထားလို့မောပန်းနေတဲ့ဟန်ဖြင့် ငနဲသုံးပွေဟာ ဆိုဖာပေါ်မှာ ၀စ်လစ်စလစ် ခပ်လျော့လျော့လှဲလျောင်းနေကြပါရဲ့။ ခပ်ချောချော ကောင်လေးနှစ်ယောက်ကတော့ သူတို့လည်တိုင်နဲ့ လက်ကောက်ဝတ်တွေကို သူတို့ရဲ့ vampire သူငယ်ချင်းတွေအတွက် အသင့်ပြင် ပေးနေကြတယ်။ ဘာကြောင့်ပြောနိုင်တာလဲဆိုရင် သူတို့လည်တိုင်တွေ သွေးကြောဆုံတဲ့နေရာတွေကို လက်တွေနဲ့ပွတ်သပ် စူးစမ်းနေတဲ့ ဆာလောင်နေသော လူအချို့ကိုတွေ့ရတာကြောင့်ပါဗျာ။

ကောင်ငယ်လေးထဲက တစ်ယောက်ကတော့ သွေးကြောဆုံတစ်နေရာက သွေးကိုအားရပါရစုပ်မျိုနေတာများ သူ့နထင်ကသွေးကြော ကြီးတောင်မှ လှုပ်နေသလားထင်ရပါတယ်။

‘မင်း ဒါကိုလုပ်လိုက်နိုင်တာကို ငါဝမ်းသာပါတယ်’ ကျွန်တော် ဥက္ကာကိုမျက်နှာချင်းဆိုင်ဖို့ သူ့ဘက်ကိုလှည့်လိုက်ရင်းပြောလိုက်ပါတယ်။

‘မင်းလိုချင်တာ မင်းဖြစ်ချင်တာကိုရှာဖွေဖို့ ငါ့ကိုမင်းထားရစ်တယ်။ မင်းဖြစ်ချင်တာ ရှာနေတာတွေ့ပြီပေါ့နော်…အဲဒါက vampire တစ်ယောက် အဖြစ်လား?’

ဥက္ကာ ဟက်ဟက်ပက်ပက်ရယ်မောပါတယ်။ သူ့ရယ်မောသံက လှိုဏ်သံပေါက်နေသလားပဲ။ အရင်က ဒီလိုရယ်မောပုံမျိုးကျွန်တော် မကြားခဲ့ဘူးပါ။ “အများကြီးပေါ့ ဘိုဘို။ မင်းနဲ့အတူ အများကြီး ငါမျှဝေခံစားချင်ပါတယ်”

ကျွန်တော် သူ့စကားသံထဲမှာ ဒေါသအရိပ်အငွေ့တွေယှက်သမ်းနေသလိုခံစားရပါတယ်။

‘မင်းက မင်းတစ်ယောက်တည်းကြိတ်ခံစားတယ် မင်းလိုချင်တဲ့ပုံစံမင်းဖာသာပြောင်းလဲပစ်တတ်တယ်လေ။ ငါ့ဇာတိ ဒီမြို့မှာ မြင်ဖူးသမျှ အကြီးဆုံး vampire အုပ်စုကို မင်းစုစည်းနိုင်ခဲ့တယ်မဟုတ်လား။ ငါ့မှာတော့ မင်းကိုဝေမျှပေးစရာဆိုလို့ ချစ်တတ်တဲ့ ငါ့ရင်ဘတ်ထဲမှာ တဆတ်ဆတ်ခုန်နေဆဲ နှလုံးသည်းပွတ်ပဲရှိခဲ့တာပါ’

အတွေးတစ်ခုတွေးလိုက်သလို လျှင်မြန်မှုမျိုးနဲ့ ကျွန်တော်လက်ကောက်ဝတ်တွေကိုနောက်ဖက်ကနေ ဆုပ်ကိုင်ခံလိုက်ရပါတယ်။ ဥက္ကာရဲ့ သန်မာတဲ့ ညာဘက်လက်မောင်းဟာ ကျွန်တော့်ခါးအစုံကိုရစ်ပတ်ပစ်လိုက်ရော။ အိုး….သံကြိုးကြီးနဲ့တွဲချိတ်ခံလိုက်ရသလို သန်မာခိုင်မြဲတာ လန့်တောင်သွားရပါတယ်။

‘ဘယ်လောက်တောင် တက်မက်စရာကောင်းလိုက်သလဲ’ ဥက္ကာရဲ့စကားသံက ဟိုးအဝေးကြီးကလာသလိုခံစားရပြီး သူ့အသက်ရှူငွေ့ ဟာ ကျွန်တော့်လည်တိုင်မွှေးညှင်းတွေကို အသည်းယားစေရော။ လေးကိုင်းသဏ္ဌာန် သူ့နှုတ်ခမ်းသားတွေဟာ ကျွန်တော့်လည်တိုင်အနှံ့ ကခုန်နေကြတယ်။ ရင်းနှီးခဲ့တဲ့ အပွေ့အဖက် အနမ်းအရှိုက်တွေကို ဘယ်လိုမှမငြင်းနိုင်သလို ရုန်းကန်ဖို့လည်းမစွမ်းတော့သလား ဒူးတွေ တောင် တဆတ်ဆတ်ခါကုန်ရပါရဲ့။ ‘ငါတို့အုပ်စုကိုမင်းလိုက်နေတာက ငါတို့အုပ်စုဝင်ဖြစ်ချင်ခဲ့လို့ပေါ့ ဟုတ်လား။ မင်းခြေပုန်းခုတ်နေတဲ့ ကိစ္စ မင်းဖျက်လိုက်တော့မလို့ပေါ့လေ။ ငါအခုသိပြီ….မင်းလိုချင်တာ ဖြစ်ချင်နေတာကို ငါလုပ်ပေးနိုင်တယ်။ ငါတို့အတူတူ ထာဝရရှိနိုင် နေနိုင်ကြမှာကွ’

ကျွန်တော့် ဗိုက်ကြွက်သားတွေ ခါးပတ်ခေါင်းမှတစ်ဆင့် ကျွန်တော့်အတွင်းခံဘောင်းဘီထဲတိုင် လျှောကျဝင်ရောက်နေသော ဥက္ကာရဲ့ အေးစက်နေသောလက်ကို ကျွန်တော်မရုန်းကန်နိုင်ခဲ့ပါဘူး။

‘မင်းမလိုချင်ဘူးဆိုရင်လည်းပြော…ငါဆက်မလုပ်တော့ဘူး’ ဥက္ကာက ခပ်တိုးတိုး အနားကပ်ပြောပါတယ်။

ကျွန်တော် တံတွေးများကို ခက်ခက်ခဲခဲမျိုချရပါပြီ။ အာ….ဥက္ကာရဲ့သွားအစွယ်များဟာ ကျွန်တော့်လည်တိုင်တလျောက်ခြစ်ပြုနေတာက တကယ့်ကို ကြက်သီးထလောက်အောင်ရင်ခုန်စေပါတယ်။ ပိုင်ပိုင်တစ်ယောက် ပြတင်းပေါက်ကနေ တစ်ဆင့် မျက်လုံးများဝိုင်းစက်နေ အောင်ပြူးကျယ်ပြီး အထိတ်တလန့် အပေါ်ထပ်မှာဖြစ်ပျက်နေတာတွေကို ကြည့်နေတာကို ကျွန်တော်မြင်တော့မြင်လိုက်ရသေးသလိုပဲ။

‘အခြားဘယ်သူမှ ငါမြင်သလိုမမြင်နိုင်သလို…..ငါ မင်းကိုတို့ထိသလိုမျိုးဘယ်သူမှ မတို့ထိနိုင်ဘူး’ သူ့လက်များဟာ တစ်စစနဲ့ နွေးစ ပြုလာပါတယ်။

ဥက္ကာတစ်ယောက် မာတောင့်စပြုလာတဲ့ ကျွန်တော့်ညီဘွားကိုဘောင်းဘီထဲလက်လျှိုကစားနေဆဲဖြစ်သလို ကျွန်တော့်လည်တိုင်ကို လည်း သူ့နှုတ်ခမ်းသားအစုံနဲ့ တပ်မက်စွာအနမ်းပေးနေခဲ့ပါတယ်။ ဟိုးအရင်က အချိန်များစွာ ဖြုန်းတီးခဲ့တဲ့ အိပ်ရာထဲက အဖြစ်အပျက် များစွာဟာ အာရုံထဲမှာ အခုပဲဖြစ်ပျက်နေရသလိုမျိုးထင်မြင်ခံစားရလာတာက ဥက္ကာတစ်ယောက် သူ့သွားစွယ်ချွန်တွေကို ကျွန်တော့် လည်တိုင်ထဲ နစ်မြုပ်ခွင့်အသာတကြည်ပေးနေသလိုပဲ။ အို….မိန့်မူးသာယာဖွယ် အနမ်းတွေ…အမြင့်ဆုံးခံစားချက်တွေစီကို ခေါ်ဆောင် သွားတတ်တဲ့ ဥက္ကာရဲ့ ကျွမ်းကျင်တဲ့လှုပ်ရှားမှုတွေ ခုတင်စောင်းမှာ ဧည့်ခန်းကကြမ်းပြင်ထက်မှာ ရေချိုးခန်းထဲက ရေပန်းအောက်မှာ …. အာ….ကျွန်တော့် ရင်ဘတ်ပေါ်မှာ ပါးပြင်ပေါ်မှာ တင်သားဆိုင်တွေပေါ်မှာ ဖွေးကနဲ ဖွေးကနဲ သုက်ရည်တွေ စိုရွှဲသွားကြတာတွေက… ကျွတ်ကနဲ ညည်းတွားမိရတဲ့အထိ ပြန်ခံစားရပါတယ်။ နေခြည်နွေးနွေးရဲ့အောက်မှာ အတူယှဉ်တွဲပျော်ရွှင်ခဲ့ပုံတွေ….တစ်ယောက်ရင်ခွင် ထဲ တစ်ယောက် နားခိုမှေးစက်ခဲ့တာလေးတွေ….ရင်ခုန်သံစည်းချက်နဲ့အညီအိပ်ပျော်သွားခဲ့တာတွေကိုအခုလား အရင်ကလားေ၀၀ါးမိ သလိုဖြစ်နေရပါရော။ ဥက္ကာနဲ့ ကျွန်တော်လိင်ဆက်ဆံဖြစ်တိုင်း အသံတိုးတိုးတိတ်တိတ်ဆိုတာမရှိခဲ့စဖူး ချွေးတွေစိုရွှဲ ခြေမတွေ ကုတ်ကွေးမိတဲ့အထိ အိပ်ရာခင်းတွေ တွန့်ကြေကုန်တဲ့အထိ အသံကျယ်ကျယ်ထွက်ခဲ့ကြပါတယ်။

အခုအကြိမ်ဟာလည်း သိပ်တော့မကွာခြားပါဘူး။ ကပွဲကြမ်းပြင်က တီးလုံးသံတွေ ဘေ့စ်သံတွေကြောင့် ကျွန်တော်တို့ရှိနေတဲ့အခန်းဟာ တုန်ခါနေသလို ဆာလောင်မွတ်သိပ်နေသော အော်ညည်းသံတွေဟာလည်း ကျွန်တော်တို့နောက်ပါးစီမှ မပြတ်ကြားနေရပါတယ်။ ‘အာ…အ’ အစွမ်းကုန်မာတောင့်နေတဲ့ ကျွန်တော့်ငပဲကို ဥက္ကာဘယ်လိုများဆော့ကစားနေတယ်မသိ ရင်ထဲဟိုက်ကနဲ ဟိုက်ကနဲဖြစ် အောင် ခံစားနေရတာပါ။ နားရွက်နားကိုကပ်ပြီး ‘မင်းမလုပ်ချင်တော့ဘူးဆိုရင် ….ငါ့ကိုပြောနော်…ရပ်လိုက်မယ်’ တဲ့။

ကျွန်တော် စကားပြန်မပြောနိုင်ခဲ့ပါဘူး။ မျက်ဝန်းများကိုအသာမှေးမှိတ်ထားရင်း အဆုံးသတ်ချင်လောက်အောင်ဖြစ်လာတဲ့ စိတ်ဆန္ဒကို အသာချိုးနှိမ်ရင်း ဥက္ကာရဲ့ပြောင်းလဲနေတဲ့အထိအတွေ့ရင်ခွင်ကို အထူးတဆန်းခံစားနေမိပါတယ်။ ချွန်မြနေသော သွားစွယ်များဟာ ကျွန်တော့်လည်တိုင်အနှံ့ဟိုသည်ထိုးစိုက်ပြီး ကလိနေပေမယ့် အခုအချိန်ထိဖောက်မ၀င်သေးပါဘူး။ အေးစက်သော မာတောင့်တောင့် အရာတစ်ခုကလည်း ကျွန်တော့်တင်သားဆိုင်တွေအနှံ့ဟိုသည်ထိုးပြီး ကလိနေပါရဲ့။

ရုတ်တရက်ဆိုသလိုပါပဲ ဥက္ကာရဲ့လက်အစုံနဲ့အတူ ဘောင်းဘီအတွင်းမှာပဲ ကျွန်တော်သုက်ရည်တွေကို အားကုန်ပန်းပစ်လိုက်ပါတယ်။ ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ တစ်ပြိုင်တည်းလိုလိုမှာပဲ ဥက္ကာ သူ့ပါးစပ်ကို ခပ်ကျယ်ကျယ်ဟ သူ့သွားစွယ်တွေကို တဆတ်ဆတ်ခုန် နေတဲ့ ကျွန်တော့် လည်တိုင်က သွေးကြောမှာ နစ်မြုပ်ဖို့စတင်လိုက်ပါတယ်။

အဲ့ဒီအခိုက်အတန့်မှာပဲ မီးထိတ်လန့်မှု ဘဲလ်တီးသံနဲ့အတူ ခရာမှုတ်သံအချို့ပေါ်ထွက်လာသလို အလိုအလျောက်ရေဖြန်းစနစ်က ပွင့်ထွက်လာခဲ့ပါတယ်။ ခဏနေကသာယာနေသောအချိန်က ကောက်ပင်တွေကိုရိတ်သိမ်းလိုက်သလို ထိတ်ထိတ်ပျာပျာပြောင်းလဲ ကုန်ပါပြီ။ အပေါ်ထပ်ကရှိနေသော သူတွေအကုန်ဟာ ခြေဦးတည့်ရာထွက်ပြေးခြင်းအခြေအနေတစ်ခုစီပြောင်းလဲကုန်ပါတယ်။

Vampire တွေအတွက် အထိတ်တလန့်ကြောက်ရွံ့တာထက်ပိုသော မချိမဆံ့ခံစားချက်မျိုးဖြစ်ပေါ်ကြပါပြီ။ ဥက္ကာနဲ့ သူ့သူငယ်ချင်း တွေအကုန်ဟာ အသားကုန်အော်ဟစ်ကြပြီး လောင်ကျွမ်းနေသော သူတို့မျက်ဝန်းတွေ သူတို့အရေပြားတွေကိုပွတ်သပ်လိုက်ကြတာ အတုံးအတစ်အဖြစ် ကြမ်းပြင်ပေါ်ကို ပြုတ်ကျကုန်ပါတယ်။

ပိုင်ပိုင် အခန်းထဲဝင်လာချိန်မှာတော့ vampire တွေဟာ တငွေ့ငွေ့လောင်ကျွမ်းနေသော အ၀တ်ပုံများအသွင်ဖြစ်နေကြပါပြီ။ ကျွန်တော်နဲ့ ပိုင်ပိုင်တို့နှစ်ယောက် အပေါ်ကအခန်းအနှံ့ရော ကပွဲကြမ်းပြင်ပေါ်က vampire များသွေးအိုင်ထဲမှာလူးလွန့်နေပြီး အမြှုပ်ပုံစံ ပြောင်းလဲပျောက်ကွယ်နေကြတာကို ငြိမ်သက်ပြီးစောင့်ကြည့်နေကြတယ် ခဏတော့။

‘ငါ မင်းကိုလိုက်ရှာတာ လုံးဝမတွေ့တော့ အရမ်းလန့်သွားပြီး မင်းပြောခဲ့တဲ့ Plan B အတိုင်းလုပ်လိုက်တာလေ’တဲ့ ပိုင်ပိုင်က သက်ပြင်းချ ရင်းပြောတယ်ဗျ။ ‘ကြက်သွန်ဖြူအဆီတွေကို ရေဖြန်းပိုက်ထဲရောက်မယ့် ရေလှောင်ကန်ထဲအကုန်လောင်းထည့်ပစ်ခဲ့တာကွ၊ ပြီးတော့ ခပ်မြန်မြန်ပဲ တခြားလုပ်စရာရှိတာတွေကိုလုပ်လိုက်တာ။’ ပိုင်ပိုင် ကျွန်တော့်လည်တိုင်က သွားခြစ်ရာအချို့ကိုသတိထားမိဟန်နဲ့ ကြက်သွန်ဖြူရေအချို့နဲ့ဆေးကြောပေးတယ်။ နှစ်ယောက်သားရဲ့ ရင်ခုန်စိတ်လှုပ်ရှားနေတာတွေ လုံးဝပျောက်မသွားသေးပါဘူး။ ကြက်သွန်ဖြူရေတွေဖြန်းပက်နေဆဲ မျက်နှာကြက်ကို ငေးကြည့်ကြရင်း ကပွဲကြမ်းပြင်ထက်က အဖြစ်အပျက်တွေကို မယုံနိုင်သလို ဖြစ်နေကြပါတယ်။

‘ခေါင်းဆောင်ဘယ်သူဆိုတာ မင်းရှာတွေ့ခဲ့လား?’

‘အေးကွ, ငါစဉ်းစားမိခဲ့တဲ့တစ်ယောက်ကို အဆုံးသတ်နိုင်လိုက်ပြီထင်ပါရဲ့’ ပိုင်ပိုင့်အမေးကို ကျွန်တော် ဇဝေဇ၀ါအဖြေပေးလိုက်ပါတယ်။

‘သူ့အပေါ် မင်းအပြတ်ဖြတ်နိုင်ပြီပေါ့ ဟုတ်လား?’ ပိုင်ပိုင် ကြမ်းပြင်ပေါ်က စေးကပ်ကပ်အ၀တ်ပုံတစ်ပုံအား ကန်ထုတ်လိုက်ရင်း ကျွန်တော့်ကို စူးစမ်းသလိုမေးတော့ ကျွန်တော်သူ့အမေးကိုသိကြောင်းအကြည့်နဲ့အဖြေပေးလိုက်ပါတယ်။

‘လုံးဝပဲ….ကဲအခု ငါတို့ ဒီနေရာက သွားကြစို့….ပြီးတော့ တစ်ခုခုစားကြရအောင်…တစ်ခုခုပေါ့ကွာ ကြက်သွန်ဖြူခပ်များများပါတဲ့ အစားအစာတစ်ခုခု’

‘OK baby…Let’s go’
Alex Aung (4 Nov 2014)

No comments: