Saturday, March 5, 2016

သူမ ဘာကြောင့် သင်နဲ့ တူတူအိပ်သလဲ




သူမ သင့်ရင်ခွင်ထဲကို ဘာကြောင့် ဝင်ချင်တာလဲ
မိန်းမတိုင်းကို ဆွဲဆောင်နိုင်တဲ့ နည်းလမ်းဆိုတာ မရှိပါဘူး။ ဒါပေမယ့် သင့်ကိုယ်သင် လိင်ဆွဲဆောင်မှုအား ပိုကောင်းလာအောင် ပြုပြင်နေထိုင်နိုင်တဲ့ အချက်လေးတွေတော့ ရှိပါတယ်။ ကျွန်တော်တို့ မိန်းကလေး အမြောက်အများကို စစ်တမ်း ကောက်ခဲ့ပြီး သူတို့ ဘာကြောင့် သင်နဲ့ တူတူအိပ်ရလဲဆိုတဲ့ ရိုးရိုးရှင်းရှင်းအချက်လေးတွေကို သိရှိခဲ့ရပါတယ်။ အဲဒါတွေကတော့

. ကြင်ကြင်နာနာ ပြုမူတတ်ပါတယ်
Date တစ်ခုပြီးနောက်မှာ အိမ်ဝထိ လိုက်ပို့ပေးပါတယ်။ သူမ ဖိတ်ခေါ်လို့ အိပ်ခန်းထဲရောက်သွားရပြီး နောက်နေ့မနက်မှာ သူမ ကြိုက်တဲ့ သတင်းစာနဲ့ ပြန်ပေါ်လာပါတယ်။ သူမ ဓာတ်မတည့်တဲ့ အစားအသောက်လေးတွေကို မှတ်ထားပြီး စားသောက်ဆိုင်မှာပါ သူမအကြိုက် ပြုမူတတ်ပါတယ်။ အဲလိုလူမျိုးအနားမှာ မိန်းကလေးတွေ နေပျော်ပြီး အဲလိုလူနဲ့ အိပ်ရာဇာတ်လမ်း ခင်းချင်တတ်ကြပါတယ်။

. စကားပြောကောင်းပါတယ်
Date အချို့ ပြီးပြီးနောက်မှာ ဇာတ်လမ်းစခဲ့ပါတယ်။ အိပ်ရာပေါ်မှာ အစပျိုးတုန်းမှာ ကောင်မလေးရဲ့ မျက်လုံးကို တည့်တည့် ကြည့်ပြီး လည်ပင်းကို နမ်းပါတယ်။ ပြီးတော့ သူမရဲ့ နားနား ကပ်ပြီးအရမ်းလှတာပဲလို့ ပြောပါတယ်။ အဲလို ယောက်ျားမျိုး၊ အပြုအမူမျိုးကို မိန်းကလေးတွေ ကြိုက်တတ်ပါတယ်။

. စွန့်စားရတာ တန်နေပါတယ်
ဒါကတော့ မိန်းကလေးက ခံစားရတာပါ။ ငါးရက်လောက်ပဲ သိကြသေးတဲ့ လူနှစ်ယောက်မှာ ကောင်မလေးကို ကောင်လေးက သံလိုက်နဲ့ ဆွဲငင်ထားသလို ခံစားရတယ်လို့ ပြောပါတယ်။ ကောင်မလေး သူ့အနားရောက်ရင်ကို အလိုလို လိင်ဆွဲဆောင်မှူ ခံစားနေရတာပါ။ ဒါကြောင့် ကောင်မလေးက စွန့်စားပြီး ဆက်ဆံလိုက်ပါတယ်။ ဒါကတော့ အချစ်ဆိုတာပါ။ ဖန်တီးယူလို့ မရပါဘူး။

. လက်ဖဝါးများ
ကျွန်မ သူငယ်ချင်းနဲ့ ကျွန်မဟာ သူငယ်ချင်း စည်းမကျော်ခင် လအနည်းငယ် နေခဲ့ပါတယ်။ တကယ် တွဲတဲ့အခါမှာတော့ ကျွန်မကို သူ့လက်တွေက အရမ်းဆွဲဆောင်နေပါတယ်။ ဖက်ထားရင် ကျောကုန်းမှာ၊ နမ်းရင် မျက်နှာကို ကိုင်ထားတဲ့ လက်တွေ၊ ဆံပင်ထဲကို ထိုးသွင်းထားတဲ့ လက်တွေကို ကျွန်မအရမ်းသဘောကျပါတယ်။ ခုထိ နှစ်နှစ်ကြာတဲ့ တိုင်အောင် သူ့လက်တွေ ကျွန်မတစ်ကိုယ်လုံး သွားနေတာ နှစ်သက်ဆဲပါလို့ အသက် ၂၈ အရွယ် Laura က ပြောခဲ့ပါတယ်။

. နားလည်ခြင်း
ယောက်ျားပေါင်းများစွာနဲ့ တွဲဖူးတဲ့ မိန်းကလေးတွေဟာ အချစ်သစ်ကို ရှာရင် တွန့်ဆုတ်တတ်ပါတယ်။ အဲဒိလို အခါမျိုးမှာ လိင်ကိစ္စကို တန်းမသွားပဲ သူမအတွက် ဂရုစိုက်ပြီး အစပျိုးပေးရပါမယ်။ သူမ ဘာကြိုက်တတ်လဲဆိုတာ အရင်ဆုံး သိအောင် လုပ်ထားရပါမယ်။ ပြီးမှ သေချာကာမှ နှစ်ယောက်တူတူ ဆက်ဆံရင် နှစ်ယောက်လုံး မကြုံဖူးတဲ့ ခံစားချက်မျိုး ရမှာပါ။

၆. ကိုယ့်ဘာသာ ယုံကြည်ချက် မြင့်ခြင်း
“ကျွန်မဟာ လန်ဒန်ရောက်တုန်းက ဘားတစ်ခုမှာ သောက်နေတုန်းမှာ ကောင်လေးတစ်ယောက်က ကျွန်မအတွက် မှာပေးပါတယ်။ ကျွန်မတို့နှစ်ယောက် မျက်လုံးခြင်းဆုံမိတာနဲ့ ဆက်သွယ်မိသွားကြပြီး စကားတွေ ပြောဖြစ်ခဲ့ကြပါတယ်။ အပြန်မှာ သူ့အိမ် လိုက်သွားပြီး တစ်ညလုံး မနက်တိုင်အောင် ဆက်ဆံခဲ့ကြပါတယ်။ သူက ယုံကြည်ချက် အရမ်းမြင့်ပါတယ်။ သူ့အသံ၊ လှုပ်ရှုားမှု၊ ဆက်ဆံပုံတွေ၊ အားလုံးဟာ ယုံကြည်ချက် မြင့်နေပါတယ်။” လို့ ၂၇ နှစ်ရွယ် Sarah က ပြောပြခဲ့ပါတယ်။

No comments: