Thursday, August 13, 2020

မြော ( one short )

မြော ( one short )

----------------------

ဒီနေ့ ကျွန်မတိုက်ခန်းကို အစ်မရောက်လာတယ် ။

မောပန်းနွယ်နယ်နေတဲ့ အမူအရာနဲ့ ပလက်စတစ်အိတ်အမည်းကို လက်တစ်ဖက်က မနိုင်မနင်းဆွဲလာတယ် ။  သူမ ဘာတွေဝယ်လာတယ် မပြောပေမယ့် ထုံးစံအတိုင်း စားစရာနည်းနည်းနဲ့ ဘီယာဘူးအချို့ပဲ ပါမယ်ဆိုတာ သေချာပါတယ် ။

သူမနဲ့အတူ ပါလာတဲ့ အဲ့ဒီ့အိတ်အမည်းကို ရေခဲသေတ္တာထဲ ထည့်နေရင်း အစ်မက ပြောတယ် " အိမ်မှာလည်း ငါ့အမျိုးသား မရှိတာမို့ ငါ ဒီည ဒီမှာနေမယ်နော် "တဲ့ ။ အစ်မဟာ လက်ထပ်ပြီးသားအမျိုးသမီးတစ်ယောက်ပေမယ့် သူ့အမျိုးသား ခရီးသွားတဲ့ အချိန်တိုင်း ကျွန်မတိုက်ခန်းမှာ လာနေတတ်တယ် ။

" အစ်မ အဆင်ပြေရင် နေလေ "လို့ အစ်မကို လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်တယ် ။

ပြီးတဲ့နောက် အစ်မဟာ အနီးမှာရှိတဲ့ ကုလားထိုင်တစ်ခုံ ဆွဲပြီး ကျွန်မကုတင်ဘေးမှာ ခပ်ကျို့ကျို့လေး လာထိုင်တယ် ။

" အလုပ်တွေ ရှုပ်နေတာလား " တဲ့ အစ်မဟာ ကျွန်မဆီက attention ယူဖို့ ကြိုးစားနေပုံရတယ် ။ တကယ်တော့ ကျွန်မ အလုပ်လုပ်ချင်ယောင်ဆောင်နေခဲ့တာပါ ။ နောက်ဆုံးအခေါက် ကျွန်မတို့ စကားများပြီးကတည်းက အစ်မ မဆက်သွယ်တာ တစ်လကျော်ခဲ့ပြီမို့ ကျွန်မစိတ်ထဲ စိတ်ဆိုးချင်ချင်ဖြစ်နေတာလည်း ပါပါတယ် ။ စကားများခဲ့တဲ့အကြောင်းအရာကတော့ သိပ်လည်းအရေးမပါလှပါဘူး ။ အစ်မကို အစ်မရဲ့ ကာမပိုင်ယောကျာ်းနဲ့ သဝန်တိုမိတဲ့အကြောင်း ကျွန်မကပြောတော့ အစ်မက ကျွန်မကို ကျွန်မလက်ထပ်ခွင့်ပြုလို့သာ သူမလက်ထပ်ခဲ့ရတဲ့အကြောင်း ဒေါသတကြီးပြန်ပြောတယ် ။ ဒီကိစ္စလေးအတွက်နဲ့ ကျွန်မကို ၁လကျော်ကြီး အဆက်အသွယ်မလုပ်ဘဲ ပစ်ထားခဲ့တာ ။

" အင်း နည်းနည်း အလုပ်ရှိလို့ပါ " လို့ ပြန်ဖြေရင်း သူမကို မော့ကြည့်မိတော့ သူမမျက်နှာက ဒဏ်ရာတွေဟာ အရင်လကထက် ပိုများလာသလိုပဲ ။ လတ်လတ်ဆတ်ဆတ် သွေးစို့နေတဲ့ ဒဏ်ရာတွေရောပဲ ။ ကျွန်မရဲ့ဘေးမှာချထားတဲ့ စီးကရက်ဘူးကိုမြင်တော့

" စီးကရက် နည်းနည်း ယူသောက်မယ်နော် " တဲ့ ။ သူမကတော့ သူမမျက်နှာက ဒဏ်ရာကို အရေးတယူတောင် ဂရုစိုက်နေပုံ မရဘူး ၊သူမ နှုတ်ခမ်းမှာ ခဲထားတဲ့ စီးကရက်ကို မီးညှိဖို့ပဲ စိတ်အားသန်နေခဲ့တယ် ။ သူမဟာ စီးကရက်ငွေ့တွေကို လှိုက်လှိုက်လှဲလှဲ ရှိုက်သွင်းပြီး ပြန်မှုတ်ထုတ်တယ် ။

ကျွန်မ တစ်ခုခုကို သတိရမိပြီး ပြောတော့မယ့်အချိန်မှာ သူမက လက်ကာပြပြီး ဟက်ဟက်ပက်ပက် ရယ်တယ် ။ " နင်စိတ်ပူတာ ငါသိတယ် ၊ အခု စိတ်ပူစရာမရှိတော့ဘူးလေ ၊ ဒါကြောင့်လည်း ငါ နင့်ဆီက စီးကရက်တောင်းသောက်နိုင်တာပေါ့ " တဲ့ ။

အစ်မဟာ အိမ်ထောင်ရေးကံမကောင်းဘူး ။ သူမရဲ့ မိဘတွေ စီမံတဲ့အတိုင်း လိုက်နာခဲ့ရင် သူမ ပျော်ရွှင်နိုင်မယ်အထင်နဲ့ ကျွန်မကို ပစ်ချခွင့်ပေးပြီး အဲ့အမျိုးသားလေးနဲ့ လက်ထပ်ခိုင်းခဲ့တာ ။ ပြီးတော့ အစ်မ စိတ်ကျေနပ်အောင် ကျွန်မဟာ အစ်မရဲ့ မင်္ဂလာပွဲမှာ သတို့သမီးအရံအဖြစ် ပါဝင်ခဲ့တယ် ။ ကျွန်မချစ်ရတဲ့ အမျိုးသမီးလေးကို ကျွန်မကိုယ်တိုင် ယုံယုံကြည်ကြည် လက်ထဲထည့်ပေးလိုက်မိတဲ့ အဲ့အမျိုးသားဟာ သိုးရေခြုံသက်သက်ဆိုတာ လက်ထပ်ပြီး သိပ်မကြာခင်ပဲ သိလာခဲ့ရတယ် ။ အစ်မရဲ့ အမျိုးသားက မြာပွေတယ် ပြီးတော့ အိမ်သူဖြစ်တဲ့ အစ်မကို ကိုယ်ထိလက်ရောက် ရိုက်နှက်ရတာကို နေ့စဉ်တာဝန်လို့သတ်မှတ်ထားပုံရတယ် ။ အခု အစ်မရဲ့သွေးနုသားနုကလေးလေး ပျက်ကျတာကလည်း အဲ့အမျိုးသားရဲ့ လက်ချက်ပဲ ဖြစ်ကြောင်း အစ်မက ပြောရင်း ငိုတယ် ။

အစ်မဟာ အိမ်ထောင်ရေး အဆင်မပြေတိုင်း ကျွန်မဆီ လာငိုနေကြဖြစ်ပေမယ့် ဒီနေ့မှာတော့ သူမဟာ အရင်ကထက် ပိုသည်းထန်စွာ ငိုနေသလိုပါပဲ ။

သူမ အငိုတိတ်တဲ့အထိ နှစ်သိမ့်ပေးပြီးတဲ့အခါမှာ သူမမျက်နှာက ဒဏ်ရာတွေကို ဆေးထည့်ဖို့ ကျွန်မက ချော့ပြောရတယ် ။ အစ်မ ဟာ သိပ်ခေါင်းမာတယ် သူမကို နမ်းမှ ဆေးထည့်ခွင့်ပေးမယ် လို့ ပြောလာခဲ့တယ် ။ အစ်မဟာ အရင်ရက်တွေကလည်း ကျွန်မနဲ့ အတူအိပ်ဖို့ တောင်းဆိုလေ့ရှိပေမယ့် ဒီနေ့မှာတော့ စိတ်ဆန္ဒတွေ ပိုပြင်းထန်နေသလိုပဲ ။ ကျွန်မ လက်မောင်းတွေကို ချုပ်ပြီး နှုတ်ခမ်းတွေကို အတင်းပူးကပ်ဖို့ ကြိုးစားနေခဲ့တာ ။ ကျွန်မ လက်မခံဘဲ ရုန်းတဲ့အဆုံးမှာ အစ်မက လက်လျှော့သွားပုံရတယ် ။ ခေါင်းငိုက်စိုက်ရင်း သူမအမျိုးသားဆီက သူမ လိုချင်တာမျိုး မခံစားရတဲ့အကြောင်းရယ်  အမြဲတမ်း ကျွန်မကို တောင့်တနေခဲ့ရတာဆိုတဲ့ အကြောင်းကို ရင်ဖွင့်ရှာတယ် ။

ကျွန်မ စိတ်တွေရှုပ်ထွေးသွားပြီး အစ်မဝယ်လာတဲ့ ဘီယာဘူးကို ယူသောက်ဖို့ ရေခဲသေတ္တာဆီကို ကျွန်မလျှောက်လာခဲ့တယ် ။ အဲ့ဒီအိတ်အမည်းကို ဖွင့်ကြည့်မိတဲ့အခါ သွေးပျက်စရာတစ်ခုကို ကျွန်မမြင်လိုက်ရတယ် ။ ဆံပင်မှာ သွေးတွေခြောက်ကပ်ပေကျံနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဦးခေါင်း အတိအကျပြောရရင် အစ်မအမျိုးသားဖြစ်သူရဲ့ ဦးခေါင်းပြတ် ။

အရင်တစ်လကျော်က ကျွန်မနဲ့စကားများပြီး အိမ်ပြန်ရောက်တဲ့အခါ သူမရဲ့ အမျိူ းသားနဲ့ ကွာရှင်းဖို့ ပြောဆိုခဲ့တဲ့အကြောင်းရယ် ၊ ကလေးပျက်ကျရတဲ့ ရိုက်နှက်မှုဖြစ်ခဲ့တဲ့ အကြောင်းရယ် ၊ ကလေးပျက်ကျပြီးနောက်လည်း ကွာရှင်းဖို့ ပြောတိုင်း ထပ်ရိုက်နှက်တာမို့ ခုခံဖို့ ကြိုးစားရင်း အဲ့အမျိုးသားကို မတော်တဆသတ်လိုက်မိတဲ့အကြောင်း

အစ်မဟာ သွေးအေးအေးနဲ့ ပြောတယ် ။ ဒီလောက်ဆိုရင် နင်ငါ့ကို လက်ခံလို့ရပြီမလား တဲ့။

ကျွန်မ ဘာစကားမှ ပြန်မပြောဖြစ်ဘဲ သူမကို ပြေးဖက်မိတယ် ၊

ပြီးတော့ သူမရဲ့ နှုတ်ခမ်းတွေကို ကြမ်းကြမ်းတမ်းတမ်း စုပ်ယူနမ်းရှိုက်လိုက်တယ် ။

ဘာတွေကို စောင့်ထိန်းစရာလိုသေးလဲ ။ ကျွန်မတို့ တစ်ယောက်ဘဝထဲကို တစ်ယောက်စီးမြောနိုင်ပြီပဲ ။

 #အယ်ရာ (Era)

(Zawgyi

ေျမာ ( one short )

----------------------

ဒီေန႔ ကြၽန္မတိုက္ခန္းကို အစ္မေရာက္လာတယ္ ။

ေမာပန္းႏြယ္နယ္ေနတဲ့ အမူအရာနဲ႔ ပလက္စတစ္အိတ္အမည္းကို လက္တစ္ဖက္က မနိုင္မနင္းဆြဲလာတယ္ ။  သူမ ဘာေတြဝယ္လာတယ္ မေျပာေပမယ့္ ထံုးစံအတိုင္း စားစရာနည္းနည္းနဲ႔ ဘီယာဘူးအခ်ိဳ႕ပဲ ပါမယ္ဆိုတာ ေသခ်ာပါတယ္ ။


သူမနဲ႔အတူ ပါလာတဲ့ အဲ့ဒီ့အိတ္အမည္းကို ေရခဲေသတၱာထဲ ထည့္ေနရင္း အစ္မက ေျပာတယ္ " အိမ္မွာလည္း ငါ့အမ်ိဳးသား မရွိတာမို႔ ငါ ဒီည ဒီမွာေနမယ္ေနာ္ "တဲ့ ။ အစ္မဟာ လက္ထပ္ၿပီးသားအမ်ိဳးသမီးတစ္ေယာက္ေပမယ့္ သူ႔အမ်ိဳးသား ခရီးသြားတဲ့ အခ်ိန္တိုင္း ကြၽန္မတိုက္ခန္းမွာ လာေနတတ္တယ္ ။

" အစ္မ အဆင္ေျပရင္ ေနေလ "လို႔ အစ္မကို လွည့္မၾကည့္ဘဲ ျပန္ေျဖလိုက္တယ္ ။


ၿပီးတဲ့ေနာက္ အစ္မဟာ အနီးမွာရွိတဲ့ ကုလားထိုင္တစ္ခံု ဆြဲၿပီး ကြၽန္မကုတင္ေဘးမွာ ခပ္က်ိဳ႕က်ိဳ႕ေလး လာထိုင္တယ္ ။

" အလုပ္ေတြ ရႈပ္ေနတာလား " တဲ့ အစ္မဟာ ကြၽန္မဆီက attention ယူဖို႔ ႀကိဳးစားေနပံုရတယ္ ။ တကယ္ေတာ့ ကြၽန္မ အလုပ္လုပ္ခ်င္ေယာင္ေဆာင္ေနခဲ့တာပါ ။ ေနာက္ဆံုးအေခါက္ ကြၽန္မတို႔ စကားမ်ားၿပီးကတည္းက အစ္မ မဆက္သြယ္တာ တစ္လေက်ာ္ခဲ့ၿပီမို႔ ကြၽန္မစိတ္ထဲ စိတ္ဆိုးခ်င္ခ်င္ျဖစ္ေနတာလည္း ပါပါတယ္ ။ စကားမ်ားခဲ့တဲ့အေၾကာင္းအရာကေတာ့ သိပ္လည္းအေရးမပါလွပါဘူး ။ အစ္မကို အစ္မရဲ႕ ကာမပိုင္ေယာက်ာ္းနဲ႔ သဝန္တိုမိတဲ့အေၾကာင္း ကြၽန္မကေျပာေတာ့ အစ္မက ကြၽန္မကို ကြၽန္မလက္ထပ္ခြင့္ျပဳလို႔သာ သူမလက္ထပ္ခဲ့ရတဲ့အေၾကာင္း ေဒါသတႀကီးျပန္ေျပာတယ္ ။ ဒီကိစၥေလးအတြက္နဲ႔ ကြၽန္မကို ၁လေက်ာ္ႀကီး အဆက္အသြယ္မလုပ္ဘဲ ပစ္ထားခဲ့တာ ။

" အင္း နည္းနည္း အလုပ္ရွိလို႔ပါ " လို႔ ျပန္ေျဖရင္း သူမကို ေမာ့ၾကည့္မိေတာ့ သူမမ်က္နွာက ဒဏ္ရာေတြဟာ အရင္လကထက္ ပိုမ်ားလာသလိုပဲ ။ လတ္လတ္ဆတ္ဆတ္ ေသြးစို႔ေနတဲ့ ဒဏ္ရာေတြေရာပဲ ။ ကြၽန္မရဲ႕ေဘးမွာခ်ထားတဲ့ စီးကရက္ဘူးကိုျမင္ေတာ့

" စီးကရက္ နည္းနည္း ယူေသာက္မယ္ေနာ္ " တဲ့ ။ သူမကေတာ့ သူမမ်က္နွာက ဒဏ္ရာကို အေရးတယူေတာင္ ဂရုစိုက္ေနပံု မရဘူး ၊သူမ နႈတ္ခမ္းမွာ ခဲထားတဲ့ စီးကရက္ကို မီးညႇိဖို႔ပဲ စိတ္အားသန္ေနခဲ့တယ္ ။ သူမဟာ စီးကရက္ေငြ႕ေတြကို လိႈက္လႈိက္လွဲလွဲ ရႈိက္သြင္းၿပီး ျပန္မႈတ္ထုတ္တယ္ ။

ကြၽန္မ တစ္ခုခုကို သတိရမိၿပီး ေျပာေတာ့မယ့္အခ်ိန္မွာ သူမက လက္ကာျပၿပီး ဟက္ဟက္ပက္ပက္ ရယ္တယ္ ။ " နင္စိတ္ပူတာ ငါသိတယ္ ၊ အခု စိတ္ပူစရာမရွိေတာ့ဘူးေလ ၊ ဒါေၾကာင့္လည္း ငါ နင့္ဆီက စီးကရက္ေတာင္းေသာက္နိုင္တာေပါ့ " တဲ့ ။

အစ္မဟာ အိမ္ေထာင္ေရးကံမေကာင္းဘူး ။ သူမရဲ႕ မိဘေတြ စီမံတဲ့အတိုင္း လိုက္နာခဲ့ရင္ သူမ ေပ်ာ္႐ႊင္နိုင္မယ္အထင္နဲ႔ ကြၽန္မကို ပစ္ခ်ခြင့္ေပးျပီး အဲ့အမ်ိဳးသားေလးနဲ႔ လက္ထပ္ခိုင္းခဲ့တာ ။ ၿပီးေတာ့ အစ္မ စိတ္ေက်နပ္ေအာင္ ကြၽန္မဟာ အစ္မရဲ႕ မဂၤလာပြဲမွာ သတို႔သမီးအရံအျဖစ္ ပါဝင္ခဲ့တယ္ ။ ကြၽန္မခ်စ္ရတဲ့ အမ်ိဳးသမီးေလးကို ကြၽန္မကိုယ္တိုင္ ယံုယံုၾကည္ၾကည္ လက္ထဲထည့္ေပးလိုက္မိတဲ့ အဲ့အမ်ိဳးသားဟာ သိုးေရၿခံဳသက္သက္ဆိုတာ လက္ထပ္ၿပီး သိပ္မၾကာခင္ပဲ သိလာခဲ့ရတယ္ ။ အစ္မရဲ႕ အမ်ိဳးသားက ျမာေပြတယ္ ၿပီးေတာ့ အိမ္သူျဖစ္တဲ့ အစ္မကို ကိုယ္ထိလက္ေရာက္ ရိုက္နွက္ရတာကို ေန႔စဥ္တာဝန္လို႔သတ္မွတ္ထားပံုရတယ္ ။ အခု အစ္မရဲ႕ေသြးႏုသားႏုကေလးေလး ပ်က္က်တာကလည္း အဲ့အမ်ိဳးသားရဲ႕ လက္ခ်က္ပဲ ျဖစ္ေၾကာင္း အစ္မက ေျပာရင္း ငိုတယ္ ။

အစ္မဟာ အိမ္ေထာင္ေရး အဆင္မေျပတိုင္း ကြၽန္မဆီ လာငိုေနၾကျဖစ္ေပမယ့္ ဒီေန႔မွာေတာ့ သူမဟာ အရင္ကထက္ ပိုသည္းထန္စြာ ငိုေနသလိုပါပဲ ။

သူမ အငိုတိတ္တဲ့အထိ နွစ္သိမ့္ေပးၿပီးတဲ့အခါမွာ သူမမ်က္နွာက ဒဏ္ရာေတြကို ေဆးထည့္ဖို႔ ကြၽန္မက ေခ်ာ့ေျပာရတယ္ ။ အစ္မ ဟာ သိပ္ေခါင္းမာတယ္ သူမကို နမ္းမွ ေဆးထည့္ခြင့္ေပးမယ္ လို႔ ေျပာလာခဲ့တယ္ ။ အစ္မဟာ အရင္ရက္ေတြကလည္း ကြၽန္မနဲ႔ အတူအိပ္ဖို႔ ေတာင္းဆိုေလ့ရွိေပမယ့္ ဒီေန႔မွာေတာ့ စိတ္ဆႏၵေတြ ပိုျပင္းထန္ေနသလိုပဲ ။ ကြၽန္မ လက္ေမာင္းေတြကို ခ်ဳပ္ၿပီး နႈတ္ခမ္းေတြကို အတင္းပူးကပ္ဖို႔ ႀကိဳးစားေနခဲ့တာ ။ ကြၽန္မ လက္မခံဘဲ ရုန္းတဲ့အဆံုးမွာ အစ္မက လက္ေလွ်ာ့သြားပံုရတယ္ ။ ေခါင္းငိုက္စိုက္ရင္း သူမအမ်ိဳးသားဆီက သူမ လိုခ်င္တာမ်ိဳး မခံစားရတဲ့အေၾကာင္းရယ္  အၿမဲတမ္း ကြၽန္မကို ေတာင့္တေနခဲ့ရတာဆိုတဲ့ အေၾကာင္းကို ရင္ဖြင့္ရွာတယ္ ။

ကြၽန္မ စိတ္ေတြရႈပ္ေထြးသြားၿပီး အစ္မဝယ္လာတဲ့ ဘီယာဘူးကို ယူေသာက္ဖို႔ ေရခဲေသတၱာဆီကို ကြၽန္မေလွ်ာက္လာခဲ့တယ္ ။ အဲ့ဒီအိတ္အမည္းကို ဖြင့္ၾကည့္မိတဲ့အခါ ေသြးပ်က္စရာတစ္ခုကို ကြၽန္မျမင္လိုက္ရတယ္ ။ ဆံပင္မွာ ေသြးေတြေျခာက္ကပ္ေပက်ံေနတဲ့ အမ်ိဳးသားတစ္ေယာက္ရဲ႕ ဦးေခါင္း အတိအက်ေျပာရရင္ အစ္မအမ်ိဳးသားျဖစ္သူရဲ႕ ဦးေခါင္းျပတ္ ။

အရင္တစ္လေက်ာ္က ကြၽန္မနဲ႔စကားမ်ားၿပီး အိမ္ျပန္ေရာက္တဲ့အခါ သူမရဲ႕ အမ်ိဴ းသားနဲ႔ ကြာရွင္းဖို႔ ေျပာဆိုခဲ့တဲ့အေၾကာင္းရယ္ ၊ ကေလးပ်က္က်ရတဲ့ ရိုက္နွက္မႈျဖစ္ခဲ့တဲ့ အေၾကာင္းရယ္ ၊ ကေလးပ်က္က်ၿပီးေနာက္လည္း ကြာရွင္းဖို႔ ေျပာတိုင္း ထပ္ရိုက္နွက္တာမို႔ ခုခံဖို႔ ႀကိဳးစားရင္း အဲ့အမ်ိဳးသားကို မေတာ္တဆသတ္လိုက္မိတဲ့အေၾကာင္း

အစ္မဟာ ေသြးေအးေအးနဲ႔ ေျပာတယ္ ။ ဒီေလာက္ဆိုရင္ နင္ငါ့ကို လက္ခံလို႔ရၿပီမလား တဲ့။

ကြၽန္မ ဘာစကားမွ ျပန္မေျပာျဖစ္ဘဲ သူမကို ေျပးဖက္မိတယ္ ၊

ၿပီးေတာ့ သူမရဲ႕ နႈတ္ခမ္းေတြကို ၾကမ္းၾကမ္းတမ္းတမ္း စုပ္ယူနမ္းရႈိက္လိုက္တယ္ ။

ဘာေတြကို ေစာင့္ထိန္းစရာလိုေသးလဲ ။ ကြၽန္မတို႔ တစ္ေယာက္ဘဝထဲကို တစ္ေယာက္စီးေျမာနိုင္ၿပီပဲ ။

#အယ္ရာ (Era)

No comments: