Saturday, August 15, 2020

Haunted (Ending)

*** 05. And Closure

သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့တိုက်တွန်းလှုံ့ဆော်မှုကြောင့် နောက်ဆုံးတော့ ကျွန်တော့်ဘဝမှာ အပြောင်းအလဲတစ်ခု စတင်လာပါ ပြီ။ သူက ဘဝကိုအေးဆေးဖြတ်သန်းနေတာအပြစ်မဆိုသာပေမယ့် တစ်စုံတစ်ခုဖြစ်လာအောင် မိမိဘက်ကလည်းကြိုးစားသင့်ကြောင်း ပြောခဲ့တာပါ။ 


သူနဲ့အတူ မိတ်ဆုံစားပွဲ…အဲ…ပါတီတစ်ခုလိုက်ချင်သလားလို့ ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်။


‘ဟင့်အင်…..မလိုက်ချင်ဘူးကွာ….မင်းခေါ်တာကိုတော့ ကျေးဇူးတင်ပါတယ်’ လို့ကျွန်တော်ပြောလိုက်တယ်။


‘သော်ဇင်….သူငယ်ချင်း…..မင်းက ငြီးငွေ့စရာကောင်းတဲ့လူတစ်ယောက်ဖြစ်လာပြီဆိုတာသိလား၊ မင်းမှာ ကိုယ်ပိုင်ဘဝတစ်ခုရနေပြီပဲ၊ သူ့ကိုမေ့ပစ်လိုက်သင့်ပြီကွာ၊ ကိုယ့်ဘာသာကိုယ် ပိတ်ပင်တားဆီးနေရတာ ဘာကောင်းလို့လဲ’ သူ့လေသံက စိတ်ဆိုးသံနည်းနည်း ပါနေလေရဲ့။


ဒိုဒိုအကြောင်းကို သိသလို အစဦးတုန်းကတော့ ကိုယ်ချင်းစာသနားတတ်ခဲ့တဲ့ သူငယ်ချင်းဟာ ယခုတော့ ကျွန်တော့်အပေါ် ပိုပိုပြီး စိတ်မရှည်တတ်တော့ပါဘူး။ ဘုရားသခင်အသိပါ သူမှန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဘောင်ခတ်ပြီးနေရာမှ တစ်ခါတလေတော့ ကျွန်တော် လွတ်ထွက်သင့်တယ်လေ။ ဖြစ်ပျက်ခဲ့သမျှကိုတမ်းတပြီး ရှေ့ဆက်နေလျှင်လည်း ကျွန်တော့်မှာ ဝမ်းနည်းမှု၊ အထီးကျန်ဆန်မှု၊ ကြောင် တစ်ဒါဇင်လောက်နဲ့ လူအိုကြီးတစ်ယောက်အဖြစ် ဘဝကိုခါးသက်စွာဖြတ်သန်းရမှာ။


အဖော်မဲ့အထီးကျန်ပြီး မျှော်လင့်ချက်ကင်းမဲ့သော ကျွန်တော့်ဘဝဟန်ပန်အချို့ကနေ ခြေလှမ်းအနည်းငယ်လှမ်းထွက်ဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဖြေရှင်းနည်းကတော့ ခပ်ရိုးရိုးလေးပါ။ ယခင်ကဘယ်လိုမှမတွေးဖြစ်ခဲ့တဲ့အတွက် ကျွန်တော်အံ့အားတသင့် တော့ဖြစ်ရတာပေါ့။  ဘယ်သူဘယ်သူ့ကိုမှ မပြောပြအကြောင်းမကြားဘဲ  စနေ၊တနင်္ဂနွေမှာ စလုပ်ခဲ့တယ်။ ကားပါကင်ကနေ ကားကိုယူ မောင်းထွက်လိုက်ပြီ ရေကန်ကြီးရှိရာကိုမောင်းထွက်ခဲ့တာပါ။ ကျွန်တော်တို့မိသားစုစတည်းချခဲ့ရာ Cabin ကိုရောက်တော့ အထုတ်အပိုး တွေကိုချပြီး သက်သောင့်သက်သာ အနားယူလိုက်တယ်။


ကျွန်တော့်အတွေးက မကြာခဏသွားလည်ခဲ့သော ဒိုဒိုတို့တည်းခဲ့တဲ့နေရာကိုလည်းသွားမယ် goodbye လို့ပြောမယ်။ နှစ်ကာလများစွာ မကျော်ဖြတ်နိုင်ခဲ့တဲ့ သူ့အပေါ်ခံစားချက်အား သည်လိုပြုလုပ်ဖြေဖျောက်ခြင်းဖြင့် အကူအညီဖြစ်လိမ့်မယ်လို့ ကျွန်တော်မျှော့်လင့်တာ။ အမှတ်တရများစွာကြောင့် ခက်ခဲမှာကိုတော့ ကျွန်တော်လည်းသိပါတယ် သို့သော်လည်း လှုပ်လေမြုပ်လေဖြစ်နေတဲ့ နွံအိုင်ထဲက ခြေတစ်ဖက်ကို နည်းမှန်လမ်းမှန်ဆွဲထုတ်ဖို့ ကိုယ်ကိုယ်တိုင်ကြိုးစားရမှာလေ။


အလည်အပတ်လုပ်ဖို့ စာရင်းတို့ထားတဲ့နေရာတွေထဲမှာ Haunted (Ending)

*** 05. And Closure

သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရဲ့တိုက်တွန်းလှုံ့ဆော်မှုကြောင့် နောက်ဆုံးတော့ ကျွန်တော့်ဘဝမှာ အပြောင်းအလဲတစ်ခု စတင်လာပါ ပြီ။ သူက ဘဝကိုအေးဆေးဖြတ်သန်းနေတာအပြစ်မဆိုသာပေမယ့် တစ်စုံတစ်ခုဖြစ်လာအောင် မိမိဘက်ကလည်းကြိုးစားသင့်ကြောင်း ပြောခဲ့တာပါ။ 

သူနဲ့အတူ မိတ်ဆုံစားပွဲ…အဲ…ပါတီတစ်ခုလိုက်ချင်သလားလို့ ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်။


‘ဟင့်အင်…..မလိုက်ချင်ဘူးကွာ….မင်းခေါ်တာကိုတော့ ကျေးဇူးတင်ပါတယ်’ လို့ကျွန်တော်ပြောလိုက်တယ်။


‘သော်ဇင်….သူငယ်ချင်း…..မင်းက ငြီးငွေ့စရာကောင်းတဲ့လူတစ်ယောက်ဖြစ်လာပြီဆိုတာသိလား၊ မင်းမှာ ကိုယ်ပိုင်ဘဝတစ်ခုရနေပြီပဲ၊ သူ့ကိုမေ့ပစ်လိုက်သင့်ပြီကွာ၊ ကိုယ့်ဘာသာကိုယ် ပိတ်ပင်တားဆီးနေရတာ ဘာကောင်းလို့လဲ’ သူ့လေသံက စိတ်ဆိုးသံနည်းနည်း ပါနေလေရဲ့။


ဒိုဒိုအကြောင်းကို သိသလို အစဦးတုန်းကတော့ ကိုယ်ချင်းစာသနားတတ်ခဲ့တဲ့ သူငယ်ချင်းဟာ ယခုတော့ ကျွန်တော့်အပေါ် ပိုပိုပြီး စိတ်မရှည်တတ်တော့ပါဘူး။ ဘုရားသခင်အသိပါ သူမှန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဘောင်ခတ်ပြီးနေရာမှ တစ်ခါတလေတော့ ကျွန်တော် လွတ်ထွက်သင့်တယ်လေ။ ဖြစ်ပျက်ခဲ့သမျှကိုတမ်းတပြီး ရှေ့ဆက်နေလျှင်လည်း ကျွန်တော့်မှာ ဝမ်းနည်းမှု၊ အထီးကျန်ဆန်မှု၊ ကြောင် တစ်ဒါဇင်လောက်နဲ့ လူအိုကြီးတစ်ယောက်အဖြစ် ဘဝကိုခါးသက်စွာဖြတ်သန်းရမှာ။


အဖော်မဲ့အထီးကျန်ပြီး မျှော်လင့်ချက်ကင်းမဲ့သော ကျွန်တော့်ဘဝဟန်ပန်အချို့ကနေ ခြေလှမ်းအနည်းငယ်လှမ်းထွက်ဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဖြေရှင်းနည်းကတော့ ခပ်ရိုးရိုးလေးပါ။ ယခင်ကဘယ်လိုမှမတွေးဖြစ်ခဲ့တဲ့အတွက် ကျွန်တော်အံ့အားတသင့် တော့ဖြစ်ရတာပေါ့။ ဘယ်သူဘယ်သူ့ကိုမှ မပြောပြအကြောင်းမကြားဘဲ စနေ၊တနင်္ဂနွေမှာ စလုပ်ခဲ့တယ်။ ကားပါကင်ကနေ ကားကိုယူ မောင်းထွက်လိုက်ပြီ ရေကန်ကြီးရှိရာကိုမောင်းထွက်ခဲ့တာပါ။ ကျွန်တော်တို့မိသားစုစတည်းချခဲ့ရာ Cabin ကိုရောက်တော့ အထုတ်အပိုး တွေကိုချပြီး သက်သောင့်သက်သာ အနားယူလိုက်တယ်။


ကျွန်တော့်အတွေးက မကြာခဏသွားလည်ခဲ့သော ဒိုဒိုတို့တည်းခဲ့တဲ့နေရာကိုလည်းသွားမယ် goodbye လို့ပြောမယ်။ နှစ်ကာလများစွာ မကျော်ဖြတ်နိုင်ခဲ့တဲ့ သူ့အပေါ်ခံစားချက်အား သည်လိုပြုလုပ်ဖြေဖျောက်ခြင်းဖြင့် အကူအညီဖြစ်လိမ့်မယ်လို့ ကျွန်တော်မျှော့်လင့်တာ။ အမှတ်တရများစွာကြောင့် ခက်ခဲမှာကိုတော့ ကျွန်တော်လည်းသိပါတယ် သို့သော်လည်း လှုပ်လေမြုပ်လေဖြစ်နေတဲ့ နွံအိုင်ထဲက ခြေတစ်ဖက်ကို နည်းမှန်လမ်းမှန်ဆွဲထုတ်ဖို့ ကိုယ်ကိုယ်တိုင်ကြိုးစားရမှာလေ။


အလည်အပတ်လုပ်ဖို့ စာရင်းတို့ထားတဲ့နေရာတွေထဲမှာ အဦးဆုံးက လှေထားရုံ ‘the boathouse’ ပါ။

ကျွန်တော် ကမ်းခြေအနားသတ်လမ်းတလျှောက် မာန်တင်းကာ ခပ်ဖြေးဖြေးလှမ်းသွားလိုက်တာ မကြာခင်မှာပဲ လှေထားရုံက မြင်ကွင်းထဲ ရောက်လာပါတယ်။ ကျွန်တော် ခဏရပ်တန့်လိုက်ပြီး သေသေချာချာ စူးစမ်းစေ့ငုခဲ့တယ်။ ရင်ဘတ်ထဲမယ် တစ်ဆို့ဆို့ဖြစ်လာသော်ငြား ကိုယ့်ဘာသာကိုယ် တွန်းအားပေးကာ ရှေ့ဆက်လျှောက်လိုက်ပါတယ်။ တံခါးရွက်ကိုဖွင့်လိုက်ပြီးခဏ ပထမဆုံးသတိပြုမိတာကတော့ ရေကန်ကြီးဘက်ကို ဦးတည်ထားတဲ့ ရေတံခါးနှစ်ဖက်ဟာ ပွင့်နေတာပါ။ နောက်ပြီး လှေထားရုံထဲရှိနေတတ်သော လှေတစ်စင်းမှ မရှိတာကိုလည်း ကျွန်တော်တွေ့ခဲ့ရတယ်။

တစ်ယောက်ယောက်တော့ ရေကန်ကြီးထဲရောက်နေပြီပေါ့။ ကျွန်တော် ပလက်ဖောင်းအစွန်းဘက်ကနေတစ်ဆင့် ခပ်မှောင်မှောင်ဖြစ် နေဆဲ ရေပြင်ကျယ်ဘက်ကို ငေးကြည့်ပါတယ်။ နောက်တော့ ဖြေးလေးစွာပဲ နောက်ပြန်လှည့်ရင်း ဒိုဒိုနဲ့ ကျွန်တော် ပထမဆုံးအကြိမ် ချစ်ရည်လူးတဲ့နေရာလေးကို ဘာမှမရှိသော်လည်းစိုက်ကြည့်မိပြန်ရော။ ဘာကိုမျှော်လင့်ပြီး ကြည့်မိမှန်းလည်း ကျွန်တော်မသိပါဘူး။ ကြမ်းပြင်ထက် ခပ်ကြမ်းကြမ်းမယ် ဘယ်လို ဘယ်အကြောင်းအရာဖြစ်ပျက်ခဲ့တယ်ဆိုတာပြတဲ့ အရိပ်လက္ခဏာတစ်ခုမှမရှိတာလည်း အသေအချာပါ။

‘မင်းက အရူးတစ်ယောက်ပဲ….ဘာတွေကိုမျှော်လင့်နေတာလဲ” လို့ ကိုယ့်ဘာသာကိုယ် ခပ်တိုးတိုးအပြစ်တင်စကားဆိုမိတယ်။


မကြာခင်အချိန်မှာ အသံတစ်သံကို ကျွန်တော်ကြားလိုက်ရပါတယ်။ လှေချည်တိုင်ဘက်ကို တိုးတက်လှော်ခတ်လာတဲ့အသံပါ။ ကျွန်တော် လှည့်ကြည့်လိုက်တော့ လှေထားရုံဘက် အဝင်လမ်းစီ လှေတစ်စီးလှော်ခတ်လာပုံ မြင်ကွင်းထဲပေါ်လာပါတယ်။ သည်ဘက်ကို ကျောပေး ပြီး လှော်ခတ်လာတဲ့ အမျိုးသားတစ်ယောက်ကိုမြင်ရပြီး ကျွန်တော်မတ်တပ်ရပ်နေတဲ့ နေရာရဲ့ ဟိုဘက် သစ်သား ပလက်ဖောင်းမယ် ကျွမ်းကျွမ်းကျင်ကျင်ထိုးဆိုက်လိုက်တာတွေ့ရတယ်။ လှေသေချာချည်နှောင်ပြီးတာနဲ့ လှေထဲကနေခုန်ထွက်ဖို့ အဆင်သင့်ဖြစ်ဟန်တူ သဗျ။ ရုတ်ခြည်းဆိုသလို သူ့ကိုကျွန်တော်မှတ်မိလိုက်တယ်။ ဆံပင်မတိုမရှည်ကို pony tail ခပ်လျော့လျော့ စီးနှောင်ထားပြီး ဘေ့စ်ဘော ဦးထုပ်ဆောင်းထားတဲ့ဟန် ဘယ်လိုမှမမှားနိုင်တဲ့ပုံစံပါ။ ကျွန်တော့်ကိုအမြဲတစေ စောင့်ကြည့်နေတတ်တဲ့ လူပေပဲ။  နေရာမှာ သတိမေ့ မတတ်ဖြစ်သွားရပါတယ်။ ရှေ့ကိုခြေသံမကြားရအောင် တိုးကပ်သွားပြီး လှေထဲကနေထရပ်ကာ ထွက်လာမယ့် သူ့ကိုစောင့်နေလိုက် တယ်။ သူ့ရှေ့မှာလူတစ်ယောက်ရောက်နေတာကို သိဟန်မတူတာကြောင့် ကျွန်တေ်ာ့အတွက် တပမ်းသာနေပါရဲ့။

‘ခင်ဗျား….ဘာကြောင့် ကျုပ်နောက်ကိုလိုက်နေတာလဲ’ ကျွန်တော် ရုတ်တရက်ဆိုသလို ခပ်ကျယ်ကျယ်ပဲအော်ပြောလိုက်တယ်။

အော်ပြောသံကြောင့် အဲဒီလူ အလန့်တကြားခုန်လိုက်ပြီး ကျွန်တော့်ဘက်ကိုလှည့်ကာ ကြည့်ပါတယ်။ အံ့အားသင့်မှုကြောင့် သူ့မျက်ဝန်း တွေ ပျူးကျယ်နေသလို ပါးစပ်ကြီးလည်းဟလို့ နောက်ပြန်ဆုတ်သွားတယ်လေ။ သည်မျက်ဝန်းနက်နက်တွေက ဘယ်လို မှားနိုင်မှာလဲ။ ဘာစကားမှမဆိုဘဲ အဝေးကိုထွက်ပြေးဖို့ဟန်ပြင်ပါတယ်။

‘ဒိုဒို…’ ကျွန်တော်ခပ်တိုးတိုးပဲ ခေါ်လိုက်တယ်။

‘မင်းထုတ်ဝေတဲ့ စာအုပ်တစ်အုပ်မှာ မင်းဓာတ်ပုံကို ငါတွေ့ခဲ့တယ်။ အဲဒါကြောင့် တစ်ခါလောက်မင်းကိုမြင်ချင်နေခဲ့တာ။ မင်း သည်နေရာမှာ ဘာလုပ်နေတာလဲ” ခပ်အေးအေးပဲ သူပြန်ဖြေတယ်။


ကျွန်တော့်ကိုကြည့်နေတဲ့ သူ့မျက်ဝန်းများဟာ ဝမ်းနည်းရိပ်တွေဆင်နေသလိုပဲ။ သူ့မျက်နှာမယ် မုတ်ဆိတ်မွှေးတွေပေါက်နေတာ အပြည့်ဆိုတော့ ကျွန်တော့်ဆိုင်အပြင်ဘက်မှာ ပထမဆုံးအကြိမ်မြင်ခဲ့ရစဉ်က ဘယ်လိုမှ သူ့ကိုမမှတ်မိခဲ့တာ။

‘သည်မေးခွန်းကို ငါတို့ ကိုယ့်ကိုယ်ကိုယ်မေးသင့်တယ်လို့ ထင်တယ်ကွ။ မင်း သည်မှာဘာလုပ်နေတာလဲ’ ကျွန်တော် နုနုည့ံညံ့ပဲ ပြောလိုက်တယ်။

‘ငါ အခုသည်မှာနေတယ်။ တစ်ခါတလေ သည်လှေထားရုံကိုလာတယ်။’ လှေဘောင်ပေါ်မှာ သူထိုင်ချလိုက်ရင်း ပြန်ဖြေပါတယ်။ သည်ပျင်းရိစရာပတ်ဝန်းကျင်ကနေ ထွက်ခွာဖို့သူဘာကြောင့်မကြိုးစားသလဲဆိုတာ ကျွန်တော်သိချင်တယ်ဗျ။ 

‘သည်မှာ မင်းနေတယ်…ဘယ်နေရာလဲ’ ကျွန်တော်အံ့အားတသင့်မေးမိတယ်။

‘ငါတို့အရင်ကတွေ့ခဲ့တဲ့ cabin မှာပဲလေ။ အဲသည်နေရာက ငါ့အဖေပိုင်တာကို မင်းသိပါတယ်။ အခုတော့ ငါပိုင်တာပေါ့’ သူပြန်ပြောတယ်။ 

ကျွန်တေ်ာတို့ တစ်ယောက်ကိုတစ်ယောက် အချိန်အတော်ကြာ အသံမဲ့စိုက်ကြည့်နေကြတယ်။  ကျွန်တော့်အထင် အတွေးတွေထဲ ပိတ်မိနေကြတယ်ထင်ရဲ့။

‘မြို့ကိုပြန်ရောက်ရောက်ခြင်း မင်းဆီငါဖုန်းခေါ်တယ် သိလားအဲ့တာ…..ငါဖုန်းခေါ်လိုက်တိုင်း ဆက်သွယ်လို့မရနိုင်ပါဆိုတာကြီးပဲလေ’ ကျွန်တော် လေသံတိုးတိုးနဲ့ စကားဆိုမိတယ်။

‘ငါသိတယ်….သိပါတယ်….မတော်တဆ….ငါ့မိဘတွေမတော်တဆဖြစ်လို့…’ သူခေါင်းငြိမ့်ပြရင်း ခပ်ယိုင်ယိုင်လေသံနဲ့ပြန်ပြောတယ်။

‘ဘယ်လို မတော်တဆလဲ’ ကျွန်တော်မေးတယ်။

အသက်ပြင်းပြင်းသူရှိုက်လိုက်ရင်း ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော့်ကိုပြောပြပါတယ်။

တစ်ယောက်အပေါ်တစ်ယောက် ချစ်ခင်စိတ်ဝင်နေကြတယ်ဆိုတာ မဟုတ်ပါဘူးလို့ ကျွန်တော်တို့ငြင်းဆန်နေကြချိန် ရေကန်ကမ်းစပ်မှာ နောက်ဆုံးတွေ့ကြပြီးနောက် သူတို့မိသားစု မြို့ကိုပြန်သွားကြပါတယ်။ သူ့အဖေက မြို့ကိုအမြန်ပြန်ရောက်ချင်တာကြောင့် ကားကို ခပ်မြန်မြန်မောင်းတယ်လေ။ အဝေးပြေးလမ်းမပေါ်ကို ချိုးကွေ့တက်လိုက်တဲ့ခဏ ဆယ့်ခြောက်ဘီးကားကြီးရုတ်တရက်ဆိုသလို မြင်ရတာကြောင့် မောင်းလာတဲ့ကားကိုတဘက်ဆွဲလိုက်တာမှာ မတော်တဆမှုဖြစ်တော့တာပါပဲ။ ဒိုဒိုရဲ့ မိဘနှစ်ပါးစလုံး ကားမှောက်မှု ကြောင့်သေဆုံးသလို သူသည်လည်း ဒဏ်ရာရခဲ့တယ်။ မတော်တဆမှုဖြစ်ပျက်ပြီး ရက်သတ္တပါတ် နှစ်ပတ်အကြာမှာ သူ့ဖခင်ရဲ့ ရှေ့နေ အမိန့်အရ အိမ်တံခါးကိုပိတ်ကာ ရောင်းချရပါရော။ အဲသည်အချိန်အတောအတွင်းမှာ ကျွန်တော်မြို့ပြန်ရောက်ပြီး သူ့ကိုဆက်သွယ်ချိန် နဲ့တိုက်ဆိုင်နေပါတယ်တဲ့လေ။

‘I’m so sorry ဒိုဒို….ငါ တကယ်မသိခဲ့ဘူး’ 

သူ ခေါင်းငြိမ့်ပြရင်း လှေပေါ်ကနေ ကျွန်တော့်ကိုကြည့်နေတယ်။


‘ကြည့်လေ….မင်း သိပ်ပြီးမပြောင်းလဲသေးဘူးပဲ သော်ဇင်’ ခပ်ယဲ့ယဲ့ပြုံးရင်းသူပြောတယ်ဗျ။



‘အသက်တော့ကြီးပါပြီ…..ငါတို့နှစ်ယောက်စလုံး။ ငါမှတ်မိသလောက် မင်းဆံပင်တွေကတော်တော်ရှည်နေပြီ’ ကျွန်တော်လည်း ရယ်သွမ်းသွေးရင်း စကားအစသတ်လိုက်ပါတယ်။

‘အင်း….ဟုတ်တယ်….ငါ အပျင်းထူနေတာ’ သူ့ပါးရိုးတဝိုက်က မုတ်ဆိတ်မွှေးတွေကို လက်နဲ့သရပ်လိုက်ရင်းပြောတယ်။

သူ ကျွန်တော့်ကို အတန်ကြာကြည့်နေပြီးမှ အခြားဘက်ကိုလှည့်သွားပါတယ်။

‘ငါ မင်းကို အတော်လွမ်းနေခဲ့တာ။ မင်းကိုနောက်ထပ် မတွေ့ရတော့ဘူးလို့ ထင်နေခဲ့တာ’ ကျွန်တော် လေသံတိုးတိုးနဲ့ပြောလိုက်တယ်။

ကျွန်တော့်ဘက်ကိုပြန်လှည့်ကြည့်တဲ့ သူ့မျက်နှာမယ် အပြုံးအရယ်ပေါ်လာပါရဲ့။

‘ဒါ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာပြသင့်တာပဲလေ ငါအစီအစဉ်ချခဲ့သလိုပေါ့။ သည်နေရာကို မင်းမလာသင့်ဘူး။ အိမ်ပြန်တော့ သော်ဇင်’

‘မင်းဘယ်လိုအစီအစဉ်စွဲခဲ့တာ၊ မင်း ဘာအကြောင်းတွေပြောနေတာလဲ၊ ငါလုံးဝနားမလည်ဘူး’ ကျွန်တော် မူးဝေသွားမတတ် ခေါင်းခဲစွာ သူ့ကိုမေးမြန်းလိုက်ပါတယ်။


‘ မင်းမကြားဘူးလား ….မင်းအခုထွက်သွားလိုက်တာအကောင်းဆုံးပဲ….အခုသွားတော့ကွာ’


‘ဘာလို့လဲ….အခုမှာ ငါရောက်တာလေ….မင်းကိုတွေ့ရတာ ငါအလွန်ဝမ်းသာတာပဲကွာ….မင်းလည်း ငါ့လိုပဲဝမ်းသာမယ်လို့ ငါထင်နေတာ’


သူ ကျွန်တော့်အတွေးမျှင်ကို ဖြတ်ချပစ်ပါတယ်။ ‘မင်းတွေးနေတာမှားတယ်လို့ မထင်ဘူးလား။ အခုပြန်ပါတော့ကွာ…. ငါတစ်ယောက်တည်း နေပါရစေ’ သူပြောလည်းပြော အဝေးကိုလည်း အကြည့်လွှဲပစ်ပါတယ်။


ရုတ်ခြည်းဆိုသလို ကျွန်တော် ဒေါပွလာပါတယ်။ သူပြောလိုက်တဲ့စကားကို ကျွန်တော်ယုံတောင်မယုံနိုင်ဘူး။ ကျွန်တော်သိသလောက် သူ့ကို ကျွန်တော်ချစ်ခဲ့သလို သူကလည်း ကျွန်တော့်ကို အလွန်တရာချစ်ခဲ့သူပါ။


‘မင်းဘာတွေဖြစ်နေတာလဲ သည်မှာ….မင်းပျောက်သွားတာ ….မင်းကိုရှာလို့မရတာ ဆယ်နှစ်ကျော်နော်။ ဘာစကားမှကို မကြားရတာ။ ဆယ်နှစ်….ပြီးတော့ ငါ့ပတ်ဝန်းကျင်ကိုရောက်လာတယ် ငါ့နောက်တကောက်ကောက်လိုက်ကြည့်တယ်။ သည်ဆယ်နှစ်လုံးလုံး မင်းကလွဲလို့ ဘယ်သူ့အကြောင်းကိုမှ ငါမတွေးခဲ့ဖူးဘူး။ ငါ့ဘဝတစ်လျှောက်လုံး မင်းပဲအပိုင်ယူခဲ့တာ။ အခုတော့ မင်းက အဝေးကိုထွက် သွားတဲ့။ ကောင်းပြီ….မင်းဆီက ရိုးရိုးသားသားအဖြေတစ်ခုမကြားရမခြင်း ငါမပြန်ဘူး။ ဘာကြောင့်ငါ့ကိုသည်လိုဆက်ဆံတာလဲ’ ကျွန်တော် ဒေါသထွက်စွာ စကားအဆက်မပြတ်ပြောဆိုပစ်ပါတယ်။

‘ဘာကြောင့်လဲ….ဘာကြောင့်လဲ...ကောင်းပြီ ငါပြောပြမယ် ဘာကြောင့်လဲဆိုတာ။ တော်ပြီ ဘာကြောင့်ဆိုတာ လက်တွေ့ပြမယ်။ Enjoy the show’

သူ လှေဘောင်ပေါ်မှာထိုင်နေရာမှ ဆိုက်ကပ်ထားတဲ့ သစ်သားဒေါက်တိုင်ကို အားပြုကာ သူ့ကိုယ်သူအပေါ်ဆွဲတင်လိုက်တယ်။ ကြမ်းပြင်ပေါ်ကို အသာလှိမ့်ဒူးထောက်လိုက်ပြီးမှ ဖြည်းဖြည်းလေးထရပ်ပါတယ်။ နောက်တော့ ကျွန်တော်ရှိရာဘက်ကို ခြေလှမ်း အနည်းငယ်လှမ်းလာချိန်မှာတော့ ကျွန်တော့်အသဲနှလုံးတွေ ကဆုန်ပေါက်ခုန်ထွက်ကုန်ရော။ သူ့ရဲ့ဘယ်ဘက်ခြေထောက်ဟာ ပြည့်ပြည့်ဝ၀ အသုံးပြုလို့မရရှာတော့ဘူး။ ကျွန်တော်ရှိရာကို ခြေတရွတ်ဆွဲကာ လေးလေးပင်ပင်လျှောက်လာခဲ့တာလေ။ သူ့မိဘတွေကို သေဆုံးစေခဲ့တဲ့ ကားမတော်တဆမှုဟာ သူ့ဘဝကိုလည်း သေဆုံးစေခဲ့ပါလား။ မလှမ်းမကမ်းမှာထောင်ထားတဲ့ လမ်းလျှောက်တုတ် ကောက်ကို ဆွဲယူအားပြုပြီးနောက်မှ ကျွန်တော့်ဆီကို အိန္ဒြေမပျက်လှမ်းလာနိုင်တော့တယ်။ 

‘ငါ့ကိုကြည့် သော်ဇင်…..မကြည့်ချင်ဘူးမလုပ်နဲ့….ငါ့ကို အနီးကပ်သေချာကြည့်။ ဒါက မင်းလိုချင်တဲ့ ဒိုဒိုဆိုတဲ့ကောင်ဟုတ်သေးလား။ မင်းထွေးဖက်ချင်ပါတယ်ဆိုတဲ့ ကောင်ဟုတ်သေးလား။ ကိုယ်လက်အင်္ဂါမသန်စွန်းသူတစ်ယောက်လေ။ ငါတော့မထင်ပါဘူးကွာ’ စိတ်လှုပ်ရှားခံပြင်းနေတဲ့ လေသံနဲ့ ကျွန်တော့်ကိုပြောပါတယ်။

‘အို….ဒိုဒို….ဒိုဒိုရယ်….ငါတောင်းပန်ပါတယ်ကွာ….ငါမသိဘူး’ ကျွန်တေ်ာ့အသံတွေ ကတုန်ကယင်ဖြစ်စပြုပြီ။

‘မင်း….မင်း အခြားစကားလုံးမသုံးရဲဘူးလား သော်ဇင်….သွားတော့ကွာ….ပြန်တော့…ငါတစ်ယောက်တည်းထားခဲ့တော့…မင်းသနားတာ ငါမလိုချင်ဘူး’ ငေါက်ငမ်းသံနဲ့ သူအော်ပြောပါတယ်။

‘ငါ မင်းကို သနားတာမဟုတ်ဘူး။ ငါ အဲသလိုလုပ်ဖို့ အသဲနှလုံးမရှိတဲ့သူ မဟုတ်ဘူးကွ။ မင်းအပေါ် အကြင်နာစိတ်လေး ငါဘယ်လို ခံစားထားမိတယ်ဆိုတာပဲ။ တော်တော် ကွဲပြားတဲ့ကိစ္စကွာ….မင်းသိရဲ့လား’ ကျွန်တော်ဒေါသထွက်စွာအော်ပြောမိတယ်။

‘သနား၊ ကရုဏာ၊အကြင်နာ အကုန်လုံးက ငါ့အတွက် အတူတူပါပဲကွာ။ ဝေါဟာရသက်သက်ပါ’ သူ အခံရခက်သံနဲ့ ပြောပါတယ်။

သူ့မျက်ဝန်းတွေဟာ ငြီးငွေ့မှု၊ အမျက်ဒေါသ၊ မျှော်လင့်ချက်မဲ့မှုတွေနဲ့ ကျွန်တော့်ကိုစိုက်ကြည့်နေတာ။ ကျွန်တော်ဘာမှမပြော ဘယ်လိုမှမလုပ်ဆောင်ပေမယ့် သူ့ကိုယ်သူယုံကြည်ချက် ကင်းမဲ့ နေပြီဆိုတာတော့ ကျွန်တော်မြင်နေရတယ်။ 

‘ကောင်းပြီ….မင်းအဲသလိုခံစားနေရတယ်ဆိုရင် ….မင်းတစ်ယောက်တည်းထားခဲ့ပါ့မယ်’ ကျွန်တော် လေသံခပ်အေးအေးနဲ့ ပြောလိုက်တယ်။

ကျွန်တော် တံခါးပေါက်ရှိရာဘက်လှမ်းထွက်လိုက်ပြီးမှ သူ့ဘက်ကိုမျက်နှာချင်းဆိုင်ရန် ပြန်လှည့်လိုက်ပါတယ်။

‘နေပါဦး….ငါမသွားခင် နောက်ဆုံးတစ်ခုသိချင်တာရှိတယ်။ ဘာကြောင့် သည်နေရာကို ငါလာသလဲဆိုတာ မင်းသိချင်ရဲ့လား။’

‘နောက်ဆုံးအနေနဲ့ ငါပြောမယ်….ဆယ်နှစ်ကျော်ကြာ မမေ့ပျောက်နိုင်သေးတဲ့ မင်းအရိပ်အယောင်ကိုတွေ့လို့တွေ့ငြားလာခဲ့ရုံပဲ။ သည့်ထက်မပိုဘူး။ အခုတော့….မင်းကိုကျေးဇူးတင်ပါတယ်။ မင်းစိတ်သဘောထားကို သိလိုက်ရတာ ငါ့ဘဝသစ်စနိုင်တော့မှာပေါ့။ အိုး….မင်းကို ငါကသနားစိတ်ဝင်နေတယ်လို့ ထင်တယ်ပေါ့။ ကောင်းပြီ ငါမသနားတော့ဘူး နောက်တစ်ခါ လုံးဝပဲ။ မှန်တစ်ချပ်ကို ကြည့်မိလို့ မင်းရှိနေရင်တောင် ငါမကြည့်တော့မှသေချာတယ်။ မင်း ကိုယ့်ဘာသာကိုယ် ကရုဏာတရားထားပါဦး။ တာ့တာ…. Have a good life’



ကျွန်တော် ဒေါမာန်ပါပါ ပြန်လှည့်လိုက်ပြီး တံခါးမကြီးစီ လျှောက်လှမ်းမိပါတယ်။ လှေထားရုံရဲ့ ကမ်းအစပ်မယ် ကျွန်တော်မုန်တိုင်းဆင် ပစ်ခဲ့တာပါ။ ရုတ်ခြည်းဆိုသလို ကျွန်တော် မထိန်းမသိမ်း ဇွတ်တရွတ် တောတိုးလာတဲ့ သစ်တောအစွန်းတစ်ဖက်မယ် ထိခတ်သံပြင်းပြင်း ကို ကြားခဲ့ရပါတယ်။ ကျွန်တော့်မျက်ဝန်းအစုံက မျက်ရည်တွေ ကဆုန်ပေါက်ခုန်ဆင်းလာပြီး စတင်ငိုရှိုက်မိတော့တာ။ ငိုသံမထွက်ပေမယ့် နှလုံးခုန်သံနဲ့အတူ ရှိုက်ငိုတာပါပဲ။ သူ့ကို ကျွန်တော်ဘယ်လောက်ထိချစ်ခဲ့ရသလဲ အဝေးကိုတွန်းထုတ်ရက်တယ်။ လှေထားရုံရဲ့ တံခါးရွက် ရိုက်ခတ်သံပြင်းပြင်းကို ကြားခဲ့ရတာမို့ ကျွန်တော်လှမ်းကြည့်လိုက်တယ်။ သစ်ပင်တွေနဲ့ ကွယ်နေတာကြောင့် ခပ်ဖြေးဖြေး ပြန်တိုးသွားရင်း ကြည့်တာမှာ ဒိုဒိုတစ်ယောက် ကန်အစပ်လမ်းအတိုင်း သူနေထိုင်ရာ cabin ကို ခြေလှမ်းခပ်လေးလေးဖြင့် ထွက်သွား မြင်ရပါရဲ့။ နောက်တော့ သူ ယိမ်းယိုင်သွားပြီး မထိန်းနိုင်စွာ မြေပြင်ပေါ်လဲကျသွားတယ်။ ခပ်ပြင်းပြင်းကျသွားတာကြောင့် သူရုတ်ခြည်း မထနိုင်ဘဲ ဘေးစောင်းကာ အသာလှဲနေတဲ့ပုံပါ။


‘Fuck!’ သူအလန့်တကြားအော်လိုက်ပြီးနောက် စတင်ငိုကြွေးပါတော့တယ်။ ရှိုက်ကြီးတငင်ငိုကြွေးသံတွေဟာ လေတိုးသံကြောင့် လှုပ်ရမ်းနေတဲ့ သစ်ပင်တွေက မြည်ဟည်းနေသလိုထင်စေသလားပဲ။ သူ့ရဲ့မသန်စွမ်းခြင်းအပေါ် အကြီးအကျယ်ဒုက္ခတွေ့နေရသလို အထီးကျန်စွာ ကူကယ်ရာမဲ့နေပုံက ကျွန်တော်အသည်းခိုက်အောင် ခံစားလိုက်ရပါတယ်။ ကျွန်တော် လေအလျင်လိုပြေးထွက်သွားပြီး ကူညီချင်တယ်၊ နှစ်သိမ့်ပေးချင်တယ်သူ့ကိုပေါ့။ ဒါပေမဲ့ သည်လိုလုပ်လိုက်ရင် သူမုန်းမှာသေချာတာ ကျွန်တော်သိတယ်။ အဲဒါကြောင့် တဆတ်ဆတ်တုန်ရီနေတဲ့ ကိုယ့်ခြေထောက်ကိုကိုယ် မြေပြင်ပေါ် မတ်မတ်ရပ်စေရင်း သစ်ပင်အကွယ်မှာ ရပ်မြဲငြိမ်နေလိုက်ပါတယ်။


လဲလျောင်းမြဲဆက်လှဲနေပြီး နံဘေးက သဲမြေတွေကို သူ့လက်သီးအစုံနဲ့ ဆက်တိုက်ထိုးနေတယ်။ သူ့ရှိုက်ငိုသံဟာ ဆက်လက် ထွက်ပေါ်နေပြီး အတားအဆီးမဲ့ပျံ့လွင့်နေတာ ကျွန်တော်ကြည့်နေဆဲမှာ အကူအညီကင်းနေပါရဲ့။ ကျွန်တော့်ပါးပြင်ပေါ်မှာလည်း မျက်ရည်မြစ်နှစ်စင်းဟာ ရွှဲရွှဲစိုနေပါပြီ။ နောက်ဆုံး သူငိုသံ တဖြေးဖြေးလျော့လာကာ သူ့ကိုယ်ခန္ဓာကိုယ်ကိုသူ ခြေထောက်ပေါ်ရပ်နိုင် သည်အထိ ဆွဲထူရင်း နေထိုင်ရာ သစ်သားအိမ်ငယ်လေးဆီဆက်သွားပါတော့တယ်။ ကျွန်တော် နေရာမှာပဲ တွေဝေမှု၊ ဝမ်းနည်းမှု နဲ့ အသည်းကွဲမှုတွေ ရောထွေးခံစားရင်း ရပ်တန့်နေခဲ့ပါတယ်။


သူမလိုချင်တဲ့ မလိုလားတဲ့ကိစ္စဖြစ်သလို ကျွန်တော့်မာန၊ ရင်ဆိုင်ကြားနာခဲ့ရ သော အဆုံးအဖြတ်များကို ဆန့်ကျင်ပြီး နောက်တစ်ကြိမ် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သည်လိုပုံစံ သည်လိုအနေအထားနဲ့ သူ့ကို တစ်ယောက်တည်း ကျွန်တော်မထားခဲ့နိုင်ဘူး။ နှစ်ယောက်သားရဲ့ ဦးခေါင်းထက်မယ် ရိပ်မိုးနေတဲ့ အမဲရောင်တိမ်တိုက်တစ်ခုကို ချိတ်ဆွဲပြီး ကျွန်တော်ပစ်မထားနိုင်ဘူးဗျာ။ သစ်သားအိမ်သွားရာလမ်းတလျှောက်က သူ့ခြေရာအတိုင်း ခြေရာခံပြီး ကျွန်တော်တဖြေးဖြေးလိုက်သွားခဲ့ပါတယ်။ တံခါးမကြီးက တလဟောပွင့်နေတာကြောင့် သတိရှိရှိနဲ့ လှမ်းဝင်ရတာပေါ့။ ပိတ်ကားတစ်ချပ်ကို ပန်းချီကားထောင်တဲ့သစ်သားဘောင်မှာတင်လျက် ခုံရှေ့ချထိုင်ကာ ပန်းချီစုတ်တံတစ်ချောင်းလက်ကကိုင်ထားတယ်။


ကျွန်တော်ဝင်လာသံကို သူမကြားတာက ပန်းချီဆွဲရင်း ဆက်လက်ငိုရှိုက်နေဆဲဖြစ်တာကြောင့်ပါ။ သည်လောက်ကျယ်တဲ့အခန်းကြီးထဲ ဖရိုဖရဲဖြစ်နေတဲ့အတွက် ကျွန်တော် ဝန်းကျင်အနှံ့မျက်စိကစားရာ အကြီးအကျယ် အံ့သြသွားပါတယ်။ ဆွဲပြီးသော ကင်းဘတ်စတွေ နံရံပေါ်ဝယ် ပုံထပ်ချိတ်ဆွဲလျက်၊ ကြမ်းပြင်အနှံ့ လဲလျောင်းလျက်၊ နေရာလွတ်သည်ဆိုသော သစ်သားဘောင်အကုန်ပေါ် နေရာအနှံ့မှာ ရှိနေကြတယ်။ ဘာမှမပြောနိုင် မလှုပ်နိုင်စွာ ကျွန်တော်မတ်တပ်ရပ်နေခဲ့တယ်။ ပန်းချီကားချပ်တိုင်းမှာ အသက်အရွယ် တစ်ဆယ့်ရှစ်နှစ် အချိန်က ကျွန်တော့်အသွင်အပြင်တွေကို ရှုထောင့်မျိုးစုံ၊ ပုံတူ၊ ခေါင်းနဲ့ ပခုံးတွေ၊ ပြီးတော့ တကိုယ်လုံးပါတဲ့ ပုံရိပ်အချို့နဲ့ပြည့်နေတယ်။


သူ့စိတ်ထဲ သူ့မှတ်ဉာဏ်ထဲက ပုံရိပ်တွေကို မကြာခဏသူဆေးခြယ်ခဲ့တယ်ပေါ့။ ကျွန်တော့်အသက်အရွယ် ကြီးရင့်မသွားခဲ့ဘူး။ အခန်းအလယ်ကို ကျွန်တော် ခပ်ဖြေးဖြေးလမ်းလျှောက်သွားလိုက်တယ်။ သူလုပ်နေတဲ့အလုပ်အပေါ် အာရုံအပြည့်စူးစိုက်နေပြီး ကျွန်တော် ဝင်ရောက်လာတာကို ကြားဟန်မရှိသေးပါဘူး။ သူ့ပခုံးပေါ်ကနေ ကျော်ကြည့်လိုက်တော့ နောက်တစ်မျိုးသော ကျွန်တော့် ပုံတူကို သေချာဆွဲနေတယ်။ ဒါပေမယ့် သည်တစ်ခါတော့ အခုအသက်အရွယ်ပုံကိုဆွဲတာကြောင့် ယခင်ထက်တော့ အသက်အနည်းငယ် ကြီးလာပါပြီ။ စုတ်ချက်တွေ သူဆွဲတိုင်းလှုပ်ခတ်နေသော သူ့ကျောပြင်ကို ကျွန်တော်ငေးနေမိပါတယ်။

 ‘မင်းနဲ့အတူ ငါ အတူနေချင်လား မနေချင်ဘူးလားဆိုတဲ့အခြေအနေကို မင်းသေချာစူးစမ်းသင့်တယ် ဒိုဒို။ မင်းသဘောကြီးပဲ မဖြစ်သင့်ဘူးလေ ငါ့စိတ်ဆန္ဒကိုလည်း ဦးစားပေးဦးမှပေါ့ကွာ။ ငါ့မေးဖို့လေးကိုပဲ စိတ်အနှောင့်အယှက်ဖြစ်မနေသင့်ဘူးပေါ့’ ကျွန်တော် တိုးတိုးငြင်သာစွာပြောလိုက်ပါတယ်။

သူ့လက်ထဲမှာကိုင်ထားတဲ့ စုတ်တံလွတ်ကျသွားပြီး ထိုင်နေတဲ့ခုံကို ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ရအောင် လှည့်လာပါတယ် အံအားသင့်စွာ စကားလုံးမဲ့စွာဖြင့်ပေါ့နော်။

‘မင်းအဲဒီအကြောင်းငါ့ကိုမေးပြီးပြီလို့ ဟန်လုပ်ပြီး ငါပြန်ဖြေမယ် အခု’ ကျွန်တော် စကားဆက်ပြောတယ်။


မျက်ရည်တွေတွေကျနေဆဲ ညို့မှိုင်းနေတဲ့ သူ့မျက်ဝန်းတွေက ကျွန်တော့်ကို ငေးကြည့်နေပြီး ပါးစပ်ကတော့ အသံတိတ်နေပါတယ်။ မျက်ရည်တွေဟာ သူ့ပါးပြင်တလျောက်နဲ့ မုတ်ဆိတ်မွှေးတွေဆီ တသွင်သွင်စီးဆင်းနေရော။


‘ပြီးတော့ မင်းကိုအော်ပြီးစကားပြောမယ်….ငါပြောတဲ့စကားလုံးတိုင်းကိုကြားစေချင်လို့။ ဒါမှ နားလည်မှုလွဲတာမဖြစ်မှာ’ ကျွန်တော် စကားပြောတာကိုခဏရပ်လိုက်ရင်း အသက်ပြင်းပြင်းရှူရှိုက်လိုက်ပါတယ်။ ‘မင်းဘာသာခြေထောက်နှစ်ဖက်စလုံးရှိရှိ မရှိရှိ မင်းနဲ့အတူတူ ငါရှိနေချင်တယ်။ မင်းနဲ့အတူရှိချင်တယ်ကွာ….ဘာကြောင့်လဲဆိုတော့ မင်းကိုချစ်လို့ကွ။ မင်းခြေထောက်တွေ ဒါမှမဟုတ် လက်တွေ ဒါမှမဟုတ် မင်းမျက်နှာပေါ်မှာ မုတ်ဆိတ်မွှေးပေါက်နေနေ ဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ်ကွာ။’ ကျွန်တော် အော်ပစ်ခဲ့တယ်။ ‘မင်းကိုငါချစ်တယ် ဒိုဒို။ ငါ့ကောင်….မင်းရဲ့စိတ်၊ မင်းရဲ့ပွင့်ပွင့်လင်းလင်းသဘောထား၊ မင်းရဲ့ခွန်အားဗလ၊ မင်းရဲ့နွေးထွေးကြင်နာမှု၊ ပြီးတော့ မစဉ်းစားဘဲ မိုက်မိုက်ကမ်းကမ်းဦးဆောင်မှုတွေကော ငါကြိုက်တယ် သဘောကျတယ်ကွာ။’


‘အဲတာ မင်းရဲ့ကိုယ်ပိုင်အနက်အဓိပ္ပာယ်ပဲ။ ကျိုးသွားတဲ့မင်းခြေထောက် မဟုတ်ဘူး၊ ကြည့်ကောင်းလှတဲ့ရုပ်ရည်မဟုတ်ဘူး၊ ထွားလှတဲ့ မင်း-ီးလည်းမဟုတ်ဘူးကွာ။ အခု ငါ့ကို လှေထားရုံထဲမှာပဲ မေးမလား၊ နောက်တစ်နှစ်ကြာရင်၊ နောက်ငါးနှစ်ကြာရင် ဒါမှမဟုတ် ဆယ်နှစ် လောက်ကြာမှမေးမလား။ ငါ့အဖြေက တစ်ခုထဲပဲရှိတယ်။ မင်းကိုနောက်ဆုံးအကြိမ်မြင်ခဲ့တွေ့ခဲ့တဲ့အချိန်ကတည်းကလို မင်းနဲ့အတူတူ ထိုင်ချင်တယ်၊ လမ်းလျှောက်ချင်တယ်၊ လဲလျောင်းချင်တယ်။’ သည်စကားကြားချိန်မှာတော့ ဒိုဒိုတစ်ယောက်ရဲ့ မျက်နှာပေါ်မယ် အပြုံး ယဲ့ယဲ့တစ်ချက်လက်သွားပါတယ်။ ‘မင်း ခြေဆာနေလို့ ငါက မင်းကို မလိုလားတော့ဘူး ဒါမှမဟုတ် ငါက မင်းကိုချစ်တော့မှာမဟုတ်ဘူးလို့ တွေးထင်မိသလား ရိုးရိုးသားသားဖြေကွာ’ ကျွန်တော် ခပ်ကျယ်ကျယ်အော်ပြီး စကားအဆုံးသတ်လိုက်တယ်။


သူ ခပ်ဖြေးဖြေးထရပ်လိုက်ကာ ကျွန်တော်ရှိရာသို့ ခြေနှစ်လှမ်းလောက်တိုးလာပါတယ်။


‘မင်းအော်လို့ပြီးပြီလား’ သူကပြောတယ်။

‘အေး….ငါပြီးပြီ’ ကျွန်တော်အော်ပြောလိုက်တယ်။ သူ ကျွန်တော့်ကိုစိုက်ကြည့်နေပြီးမှ ခပ်လေးလေးပြုံးပါတယ်။

‘Oh God…..ငါမင်းကို တကယ့်ကို အလွန်အကျူးလွမ်းနေခဲ့တာ’ သူ နုနုည့ံညံ့ပြောပါရော။


ကျွန်တော် ဝန်းကျင်အနှံ့ကို တစ်ချက်လှည့်ကြည့်ရင်းမှ နှစ်နှစ်ခြိုက်ခြိုက်ပြုံးခဲ့တယ်။


‘အင်း…..ငါ မြင်နိုင်ပါတယ်’ ကျွန်တော် လှုပ်ခါတဲ့ အဖြေစကားတစ်ခုဖြေလိုက်တယ်။ ရင်ခုန်နေတာကိုးနော်။


သူ ခေါင်းငြိမ့်ပြပြီး ဝန်းကျင်ကို တစ်ချက်ငဲ့ကြည့်ပါတယ်။


‘ငါ့ဘဝ ငါ့အသက်မွေးဝမ်းကျောင်းက ဒါပဲ’ သူ စကားခပ်တိုတိုပြောကာ အခန်းတဝိုက်က ပန်းချီလက်ရာတွေကို လက်နှစ်ဖက်နဲ့ ဝေ့ယမ်းပြတယ်။


‘အစွဲအလမ်းကြီးလွန်းတယ်။ နည်းနည်းတော့ ထပ်တလဲလဲဆွဲဟန်ပေါ်တယ်….စိတ်ထဲစွဲမြဲစေသလိုပဲ။ သေချာတာကတော့ အစွဲအလမ်းကြီးပုံပေါ်နေတာအသေချာဆုံး။’


အပြုံးတွေက သူ့မျက်နှာပေါ်မယ် ခပ်ထင်းထင်းပေါ်လာခဲ့ပြီး အေးစက်စက် မှိုင်းညို့နေတဲ့ သူ့မျက်နှာပြင်ကဝင်းပလာတယ်ဗျ။ ကျွန်တော် သိခဲ့ဖူးတဲ့ ချစ်ခဲ့ဖူးတဲ့ ဒိုဒိုကိုမြင်နိုင်ခဲ့ပါပြီ။ ကျွန်တော်သူ့အနားကိုတိုးကပ်သွားလိုက်ပါတယ်။


‘ငါတစ်ခုလောက်ထပ်ပြောလို့ရမလား’ ကျွန်တော်စကားပျိုးလိုက်တော့ သူခေါင်းငြိမ့်ပြတယ်။ ‘ငါအပြင်ထွက်တဲ့အခါ လျှောက်သွားတဲ့အခါ မင်းနဲ့အတူသွားချင်တယ်။ ဒါပေမဲ့ မင်းမုတ်ဆိတ်မွှေးတွေရိတ်ရမယ်နော်။ ငါမုတ်ဆိတ်မွှေးတွေကို ဘယ်လိုမှသည်းမခံနိုင်ဘူးရယ်’


သူ ကျွန်တော့်ကို ခဏတော့ ငြိမ်ကြည့်နေပြီးမှ သည်းသည်းလှုပ်ရယ်မောပါတော့တယ်။ စိတ်ပါလက်ပါ ရယ်မောနေတဲ့ သူ့ရယ်သံနွေး နွေးကြောင့် ကျွန်တော့်စိတ်ဘဝင်အနယ်ကျသွားရသလို ရွှင်မြူးလာရပါတယ်။ သူ့ဆီ ခပ်သွက်သွက်လေးသွားလိုက်ကာ ကျွန်တော့် လက်မောင်းအစုံနဲ့ သူ့ကိုယ်လုံးကိုထွေးဖက်ပစ်တယ် ဘယ်သူတစ်ဦးတစ်ယောက်မှကြားဝင်တိုးလို့မရအောင် ခပ်ကျစ်ကျစ်၊ ခပ်တင်းတင်းပေါ့ဗျာ။ 


ကျွန်တော်သိတယ် ယခုအချိန်ကစပြီး အရာရာဟာ ကောင်းမွန်လှပလာတော့မှာ။


Alex Aung (14 August 2020)


(Zawgyi


*** 05. And Closure


သူငယ္ခ်င္းမိတ္ေဆြတစ္ေယာက္ရဲ႕တိုက္တြန္းလႈံ႕ေဆာ္မႈေၾကာင့္ ေနာက္ဆံုးေတာ့ ကၽြန္ေတာ့္ဘ၀မွာ အေျပာင္းအလဲတစ္ခု စတင္လာပါ ျပီ။ သူက ဘ၀ကိုေအးေဆးျဖတ္သန္းေနတာအျပစ္မဆိုသာေပမယ့္ တစ္စံုတစ္ခုျဖစ္လာေအာင္ မိမိဘက္ကလည္းၾကိဳးစားသင့္ေၾကာင္း ေျပာခဲ့တာပါ။ 


သူနဲ႕အတူ မိတ္ဆံုစားပြဲ…အဲ…ပါတီတစ္ခုလိုက္ခ်င္သလားလို႔ ကၽြန္ေတာ့္ဆီ ဖုန္းဆက္လာတယ္။


‘ဟင့္အင္…..မလိုက္ခ်င္ဘူးကြာ….မင္းေခၚတာကိုေတာ့ ေက်းဇူးတင္ပါတယ္’ လို႔ကၽြန္ေတာ္ေျပာလိုက္တယ္။


‘ေသာ္ဇင္….သူငယ္ခ်င္း…..မင္းက ျငီးေငြ႕စရာေကာင္းတဲ့လူတစ္ေယာက္ျဖစ္လာျပီဆိုတာသိလား၊ မင္းမွာ ကိုယ္ပိုင္ဘ၀တစ္ခုရေနျပီပဲ၊ သူ႕ကိုေမ႕ပစ္လိုက္သင့္ျပီကြာ၊ ကိုယ့္ဘာသာကိုယ္ ပိတ္ပင္တားဆီးေနရတာ ဘာေကာင္းလို႔လဲ’ သူ႕ေလသံက စိတ္ဆိုးသံနည္းနည္း ပါေနေလရဲ႕။


ဒိုဒိုအေၾကာင္းကို သိသလို အစဦးတုန္းကေတာ့ ကိုယ္ခ်င္းစာသနားတတ္ခဲ့တဲ့ သူငယ္ခ်င္းဟာ ယခုေတာ့ ကၽြန္ေတာ့္အေပၚ ပိုပိုျပီး စိတ္မရွည္တတ္ေတာ့ပါဘူး။ ဘုရားသခင္အသိပါ သူမွန္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ေဘာင္ခတ္ျပီးေနရာမွ တစ္ခါတေလေတာ့ ကၽြန္ေတာ္ လြတ္ထြက္သင့္တယ္ေလ။ ျဖစ္ပ်က္ခဲ့သမွ်ကိုတမ္းတျပီး ေရွ႕ဆက္ေနလွ်င္လည္း ကၽြန္ေတာ့္မွာ ၀မ္းနည္းမႈ၊ အထီးက်န္ဆန္မႈ၊ ေၾကာင္ တစ္ဒါဇင္ေလာက္နဲ႔ လူအိုၾကီးတစ္ေယာက္အျဖစ္ ဘ၀ကိုခါးသက္စြာျဖတ္သန္းရမွာ။


အေဖာ္မဲ့အထီးက်န္ျပီး ေမွ်ာ္လင့္ခ်က္ကင္းမဲ့ေသာ ကၽြန္ေတာ့္ဘ၀ဟန္ပန္အခ်ိဳ႕ကေန ေျခလွမ္းအနည္းငယ္လွမ္းထြက္ဖို႔ ကၽြန္ေတာ္ ဆံုးျဖတ္ခ်က္ခ်လိုက္ပါတယ္။ ေျဖရွင္းနည္းကေတာ့ ခပ္ရိုးရိုးေလးပါ။ ယခင္ကဘယ္လိုမွမေတြးျဖစ္ခဲ့တဲ့အတြက္ ကၽြန္ေတာ္အံ့အားတသင့္ ေတာ့ျဖစ္ရတာေပါ့။  ဘယ္သူဘယ္သူ႕ကိုမွ မေျပာျပအေၾကာင္းမၾကားဘဲ  စေန၊တနဂၤေႏြမွာ စလုပ္ခဲ့တယ္။ ကားပါကင္ကေန ကားကိုယူ ေမာင္းထြက္လိုက္ျပီ ေရကန္ၾကီးရွိရာကိုေမာင္းထြက္ခဲ့တာပါ။ ကၽြန္ေတာ္တို႔မိသားစုစတည္းခ်ခဲ့ရာ Cabin ကိုေရာက္ေတာ့ အထုတ္အပိုး ေတြကိုခ်ျပီး သက္ေသာင့္သက္သာ အနားယူလိုက္တယ္။


ကၽြန္ေတာ့္အေတြးက မၾကာခဏသြားလည္ခဲ့ေသာ ဒိုဒိုတို႔တည္းခဲ့တဲ့ေနရာကိုလည္းသြားမယ္ goodbye လို႔ေျပာမယ္။ ႏွစ္ကာလမ်ားစြာ မေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ သူ႕အေပၚခံစားခ်က္အား သည္လိုျပဳလုပ္ေျဖေဖ်ာက္ျခင္းျဖင့္ အကူအညီျဖစ္လိမ့္မယ္လို႔ ကၽြန္ေတာ္ေမွ်ာ့္လင့္တာ။ အမွတ္တရမ်ားစြာေၾကာင့္ ခက္ခဲမွာကိုေတာ့ ကၽြန္ေတာ္လည္းသိပါတယ္ သို႕ေသာ္လည္း လႈပ္ေလျမဳပ္ေလျဖစ္ေနတဲ့ ႏြံအိုင္ထဲက ေျခတစ္ဖက္ကို နည္းမွန္လမ္းမွန္ဆြဲထုတ္ဖို႔ ကိုယ္ကိုယ္တိုင္ၾကိဳးစားရမွာေလ။


အလည္အပတ္လုပ္ဖို႔ စာရင္းတို႕ထားတဲ့ေနရာေတြထဲမွာ အဦးဆံုးက ေလွထားရံု ‘the boathouse’ ပါ။


ကၽြန္ေတာ္ ကမ္းေျခအနားသတ္လမ္းတေလွ်ာက္ မာန္တင္းကာ ခပ္ေျဖးေျဖးလွမ္းသြားလိုက္တာ မၾကာခင္မွာပဲ ေလွထားရံုက ျမင္ကြင္းထဲ ေရာက္လာပါတယ္။ ကၽြန္ေတာ္ ခဏရပ္တန္႔လိုက္ျပီး ေသေသခ်ာခ်ာ စူးစမ္းေစ့ငုခဲ့တယ္။ ရင္ဘတ္ထဲမယ္ တစ္ဆို႔ဆို႔ျဖစ္လာေသာ္ျငား ကိုယ့္ဘာသာကိုယ္ တြန္းအားေပးကာ ေရွ႕ဆက္ေလွ်ာက္လိုက္ပါတယ္။ တံခါးရြက္ကိုဖြင့္လိုက္ျပီးခဏ ပထမဆံုးသတိျပဳမိတာကေတာ့ ေရကန္ၾကီးဘက္ကို ဦးတည္ထားတဲ့ ေရတံခါးႏွစ္ဖက္ဟာ ပြင့္ေနတာပါ။ ေနာက္ျပီး ေလွထားရံုထဲရွိေနတတ္ေသာ ေလွတစ္စင္းမွ မရွိတာကိုလည္း ကၽြန္ေတာ္ေတြ႕ခဲ့ရတယ္။


တစ္ေယာက္ေယာက္ေတာ့ ေရကန္ၾကီးထဲေရာက္ေနျပီေပါ့။ ကၽြန္ေတာ္ ပလက္ေဖာင္းအစြန္းဘက္ကေနတစ္ဆင့္ ခပ္ေမွာင္ေမွာင္ျဖစ္ ေနဆဲ ေရျပင္က်ယ္ဘက္ကို ေငးၾကည့္ပါတယ္။ ေနာက္ေတာ့ ေျဖးေလးစြာပဲ ေနာက္ျပန္လွည့္ရင္း ဒိုဒိုနဲ႔ ကၽြန္ေတာ္ ပထမဆံုးအၾကိမ္ ခ်စ္ရည္လူးတဲ့ေနရာေလးကို ဘာမွမရွိေသာ္လည္းစိုက္ၾကည့္မိျပန္ေရာ။ ဘာကိုေမွ်ာ္လင့္ျပီး ၾကည့္မိမွန္းလည္း ကၽြန္ေတာ္မသိပါဘူး။ ၾကမ္းျပင္ထက္ ခပ္ၾကမ္းၾကမ္းမယ္ ဘယ္လို ဘယ္အေၾကာင္းအရာျဖစ္ပ်က္ခဲ့တယ္ဆိုတာျပတဲ့ အရိပ္လကၡဏာတစ္ခုမွမရွိတာလည္း အေသအခ်ာပါ။


‘မင္းက အရူးတစ္ေယာက္ပဲ….ဘာေတြကိုေမွ်ာ္လင့္ေနတာလဲ” လို႔ ကိုယ့္ဘာသာကိုယ္ ခပ္တိုးတိုးအျပစ္တင္စကားဆိုမိတယ္။


မၾကာခင္အခ်ိန္မွာ အသံတစ္သံကို ကၽြန္ေတာ္ၾကားလိုက္ရပါတယ္။ ေလွခ်ည္တိုင္ဘက္ကို တိုးတက္ေလွာ္ခတ္လာတဲ့အသံပါ။ ကၽြန္ေတာ္ လွည့္ၾကည့္လိုက္ေတာ့ ေလွထားရံုဘက္ အ၀င္လမ္းစီ ေလွတစ္စီးေလွာ္ခတ္လာပံု ျမင္ကြင္းထဲေပၚလာပါတယ္။ သည္ဘက္ကို ေက်ာေပး ျပီး ေလွာ္ခတ္လာတဲ့ အမ်ိဳးသားတစ္ေယာက္ကိုျမင္ရျပီး ကၽြန္ေတာ္မတ္တပ္ရပ္ေနတဲ့ ေနရာရဲ႕ ဟိုဘက္ သစ္သား ပလက္ေဖာင္းမယ္ ကၽြမ္းကၽြမ္းက်င္က်င္ထိုးဆိုက္လိုက္တာေတြ႕ရတယ္။ ေလွေသခ်ာခ်ည္ေႏွာင္ျပီးတာနဲ႔ ေလွထဲကေနခုန္ထြက္ဖို႔ အဆင္သင့္ျဖစ္ဟန္တူ သဗ်။ ရုတ္ျခည္းဆိုသလို သူ႕ကိုကၽြန္ေတာ္မွတ္မိလိုက္တယ္။ ဆံပင္မတိုမရွည္ကို pony tail ခပ္ေလ်ာ့ေလ်ာ့ စီးေႏွာင္ထားျပီး ေဘ့စ္ေဘာ ဦးထုပ္ေဆာင္းထားတဲ့ဟန္ ဘယ္လိုမွမမွားႏိုင္တဲ့ပံုစံပါ။ ကၽြန္ေတာ့္ကိုအျမဲတေစ ေစာင့္ၾကည့္ေနတတ္တဲ့ လူေပပဲ။  ေနရာမွာ သတိေမ့ မတတ္ျဖစ္သြားရပါတယ္။  တေရွ႕ကိုေျခသံမၾကားရေအာင္တိုးကပ္သြားျပီး

 ေလွထဲကေနထရပ္ကာ ထြက္လာမယ့္ သူ႕ကိုေစာင့္ေနလိုက္ တယ္။ သူ႕ေရွ႕မွာလူတစ္ေယာက္ေရာက္ေနတာကို သိဟန္မတူတာေၾကာင့္ ကၽြန္ေတ္ာ့အတြက္ တပမ္းသာေနပါရဲ႕။

‘ခင္ဗ်ား….ဘာေၾကာင့္ က်ဳပ္ေနာက္ကိုလိုက္ေနတာလဲ’ ကၽြန္ေတာ္ ရုတ္တရက္ဆိုသလို ခပ္က်ယ္က်ယ္ပဲေအာ္ေျပာလိုက္တယ္။


ေအာ္ေျပာသံေၾကာင့္ အဲဒီလူ အလန္႔တၾကားခုန္လိုက္ျပီး ကၽြန္ေတာ့္ဘက္ကိုလွည့္ကာ ၾကည့္ပါတယ္။ အံ့အားသင့္မႈေၾကာင့္ သူ႕မ်က္၀န္း ေတြ ပ်ဴးက်ယ္ေနသလို ပါးစပ္ၾကီးလည္းဟလို႔ ေနာက္ျပန္ဆုတ္သြားတယ္ေလ။ သည္မ်က္၀န္းနက္နက္ေတြက ဘယ္လို မွားႏိုင္မွာလဲ။ ဘာစကားမွမဆိုဘဲ အေ၀းကိုထြက္ေျပးဖို႔ဟန္ျပင္ပါတယ္။


‘ဒိုဒို…’ ကၽြန္ေတာ္ခပ္တိုးတိုးပဲ ေခၚလိုက္တယ္။


‘မင္းထုတ္ေ၀တဲ့ စာအုပ္တစ္အုပ္မွာ မင္းဓာတ္ပံုကို ငါေတြ႕ခဲ့တယ္။ အဲဒါေၾကာင့္ တစ္ခါေလာက္မင္းကိုျမင္ခ်င္ေနခဲ့တာ။ မင္း သည္ေနရာမွာ ဘာလုပ္ေနတာလဲ” ခပ္ေအးေအးပဲ သူျပန္ေျဖတယ္။


ကၽြန္ေတာ့္ကိုၾကည့္ေနတဲ့ သူ႕မ်က္၀န္းမ်ားဟာ ၀မ္းနည္းရိပ္ေတြဆင္ေနသလိုပဲ။ သူ႕မ်က္ႏွာမယ္ မုတ္ဆိတ္ေမႊးေတြေပါက္ေနတာ အျပည့္ဆိုေတာ့ ကၽြန္ေတာ့္ဆိုင္အျပင္ဘက္မွာ ပထမဆံုးအၾကိမ္ျမင္ခဲ့ရစဥ္က ဘယ္လိုမွ သူ႕ကိုမမွတ္မိခဲ့တာ။


‘သည္ေမးခြန္းကို ငါတို႔ ကိုယ့္ကိုယ္ကိုယ္ေမးသင့္တယ္လို႔ ထင္တယ္ကြ။ မင္း သည္မွာဘာလုပ္ေနတာလဲ’ ကၽြန္ေတာ္ ႏုႏုည့ံညံ့ပဲ ေျပာလိုက္တယ္။


‘ငါ အခုသည္မွာေနတယ္။ တစ္ခါတေလ သည္ေလွထားရံုကိုလာတယ္။’ ေလွေဘာင္ေပၚမွာ သူထိုင္ခ်လိုက္ရင္း ျပန္ေျဖပါတယ္။ သည္ပ်င္းရိစရာပတ္၀န္းက်င္ကေန ထြက္ခြာဖို႔သူဘာေၾကာင့္မၾကိဳးစားသလဲဆိုတာ ကၽြန္ေတာ္သိခ်င္တယ္ဗ်။ 


‘သည္မွာ မင္းေနတယ္…ဘယ္ေနရာလဲ’ ကၽြန္ေတာ္အံ့အားတသင့္ေမးမိတယ္။


‘ငါတို႔အရင္ကေတြ႕ခဲ့တဲ့ cabin မွာပဲေလ။ အဲသည္ေနရာက ငါ့အေဖပိုင္တာကို မင္းသိပါတယ္။ အခုေတာ့ ငါပိုင္တာေပါ့’ သူျပန္ေျပာတယ္။ 


ကၽြန္ေတ္ာတို႔ တစ္ေယာက္ကိုတစ္ေယာက္ အခ်ိန္အေတာ္ၾကာ အသံမဲ့စိုက္ၾကည့္ေနၾကတယ္။  ကၽြန္ေတာ့္အထင္ အေတြးေတြထဲ ပိတ္မိေနၾကတယ္ထင္ရဲ႕။


‘ျမိဳ႕ကိုျပန္ေရာက္ေရာက္ျခင္း မင္းဆီငါဖုန္းေခၚတယ္ သိလားအဲ့တာ…..ငါဖုန္းေခၚလိုက္တိုင္း ဆက္သြယ္လို႔မရႏိုင္ပါဆိုတာၾကီးပဲေလ’ ကၽြန္ေတာ္ ေလသံတိုးတိုးနဲ႔ စကားဆိုမိတယ္။


‘ငါသိတယ္….သိပါတယ္….မေတာ္တဆ….ငါ့မိဘေတြမေတာ္တဆျဖစ္လို႔…’ သူေခါင္းျငိမ့္ျပရင္း ခပ္ယိုင္ယိုင္ေလသံနဲ႔ျပန္ေျပာတယ္။


‘ဘယ္လို မေတာ္တဆလဲ’ ကၽြန္ေတာ္ေမးတယ္။


အသက္ျပင္းျပင္းသူရႈိက္လိုက္ရင္း ဘာေတြျဖစ္ခဲ့တယ္ဆိုတာ ကၽြန္ေတာ့္ကိုေျပာျပပါတယ္။

တစ္ေယာက္အေပၚတစ္ေယာက္ ခ်စ္ခင္စိတ္၀င္ေနၾကတယ္ဆိုတာ မဟုတ္ပါဘူးလို႔ ကၽြန္ေတာ္တို႔ျငင္းဆန္ေနၾကခ်ိန္ ေရကန္ကမ္းစပ္မွာ ေနာက္ဆံုးေတြ႕ၾကျပီးေနာက္ သူတို႔မိသားစု ျမိဳ႕ကိုျပန္သြားၾကပါတယ္။ သူ႕အေဖက ျမိဳ႕ကိုအျမန္ျပန္ေရာက္ခ်င္တာေၾကာင့္ ကားကို ခပ္ျမန္ျမန္ေမာင္းတယ္ေလ။ အေ၀းေျပးလမ္းမေပၚကို ခ်ိဳးေကြ႕တက္လိုက္တဲ့ခဏ ဆယ့္ေျခာက္ဘီးကားၾကီးရုတ္တရက္ဆိုသလို ျမင္ရတာေၾကာင့္ ေမာင္းလာတဲ့ကားကိုတဘက္ဆြဲလိုက္တာမွာ မေတာ္တဆမႈျဖစ္ေတာ့တာပါပဲ။ ဒိုဒိုရဲ႕ မိဘႏွစ္ပါးစလံုး ကားေမွာက္မႈ ေၾကာင့္ေသဆံုးသလို သူသည္လည္း ဒဏ္ရာရခဲ့တယ္။ မေတာ္တဆမႈျဖစ္ပ်က္ျပီး ရက္သတၱပါတ္ ႏွစ္ပတ္အၾကာမွာ သူ႕ဖခင္ရဲ႕ ေရွ႕ေန အမိန္႔အရ အိမ္တံခါးကိုပိတ္ကာ ေရာင္းခ်ရပါေရာ။ အဲသည္အခ်ိန္အေတာအတြင္းမွာ ကၽြန္ေတာ္ျမိဳ႕ျပန္ေရာက္ျပီး သူ႕ကိုဆက္သြယ္ခ်ိန္ နဲ႔တိုက္ဆိုင္ေနပါတယ္တဲ့ေလ။


‘I’m so sorry ဒိုဒို….ငါ တကယ္မသိခဲ့ဘူး’ 

သူ ေခါင္းျငိမ့္ျပရင္း ေလွေပၚကေန ကၽြန္ေတာ့္ကိုၾကည့္ေနတယ္။


‘ၾကည့္ေလ….မင္း သိပ္ျပီးမေျပာင္းလဲေသးဘူးပဲ ေသာ္ဇင္’ ခပ္ယဲ့ယဲ့ျပံဳးရင္းသူေျပာတယ္ဗ်။


‘အသက္ေတာ့ၾကီးပါျပီ…..ငါတို႔ႏွစ္ေယာက္စလံုး။ ငါမွတ္မိသေလာက္ မင္းဆံပင္ေတြကေတာ္ေတာ္ရွည္ေနျပီ’ ကၽြန္ေတာ္လည္း ရယ္သြမ္းေသြးရင္း စကားအစသတ္လိုက္ပါတယ္။


‘အင္း….ဟုတ္တယ္….ငါ အပ်င္းထူေနတာ’ သူ႕ပါးရိုးတ၀ိုက္က မုတ္ဆိတ္ေမႊးေတြကို လက္နဲ႕သရပ္လိုက္ရင္းေျပာတယ္။

သူ ကၽြန္ေတာ့္ကို အတန္ၾကာၾကည့္ေနျပီးမွ အျခားဘက္ကိုလွည့္သြားပါတယ္။


‘ငါ မင္းကို အေတာ္လြမ္းေနခဲ့တာ။ မင္းကိုေနာက္ထပ္ မေတြ႕ရေတာ့ဘူးလို႔ ထင္ေနခဲ့တာ’ ကၽြန္ေတာ္ ေလသံတိုးတိုးနဲ႔ေျပာလိုက္တယ္။


ကၽြန္ေတာ့္ဘက္ကိုျပန္လွည့္ၾကည့္တဲ့ သူ႕မ်က္ႏွာမယ္ အျပံဳးအရယ္ေပၚလာပါရဲ႕။

‘ဒါ ဘယ္လိုျဖစ္ပ်က္ခဲ့တယ္ဆိုတာျပသင့္တာပဲေလ ငါအစီအစဥ္ခ်ခဲ့သလိုေပါ့။ သည္ေနရာကို မင္းမလာသင့္ဘူး။ အိမ္ျပန္ေတာ့ ေသာ္ဇင္’


‘မင္းဘယ္လိုအစီအစဥ္စြဲခဲ့တာ၊ မင္း ဘာအေၾကာင္းေတြေျပာေနတာလဲ၊ ငါလံုး၀နားမလည္ဘူး’ ကၽြန္ေတာ္ မူးေ၀သြားမတတ္ ေခါင္းခဲစြာ သူ႕ကိုေမးျမန္းလိုက္ပါတယ္။


‘ မင္းမၾကားဘူးလား ….မင္းအခုထြက္သြားလိုက္တာအေကာင္းဆံုးပဲ….အခုသြားေတာ့ကြာ’


‘ဘာလို႔လဲ….အခုမွာ ငါေရာက္တာေလ….မင္းကိုေတြ႕ရတာ ငါအလြန္၀မ္းသာတာပဲကြာ….မင္းလည္း ငါ့လိုပဲ၀မ္းသာမယ္လို႔ ငါထင္ေနတာ’


သူ ကၽြန္ေတာ့္အေတြးမွ်င္ကို ျဖတ္ခ်ပစ္ပါတယ္။ ‘မင္းေတြးေနတာမွားတယ္လို႔ မထင္ဘူးလား။ အခုျပန္ပါေတာ့ကြာ…. ငါတစ္ေယာက္တည္း ေနပါရေစ’ သူေျပာလည္းေျပာ အေ၀းကိုလည္း အၾကည့္လႊဲပစ္ပါတယ္။


ရုတ္ျခည္းဆိုသလို ကၽြန္ေတာ္ ေဒါပြလာပါတယ္။ သူေျပာလိုက္တဲ့စကားကို ကၽြန္ေတာ္ယံုေတာင္မယံုႏိုင္ဘူး။ ကၽြန္ေတာ္သိသေလာက္ သူ႕ကို ကၽြန္ေတာ္ခ်စ္ခဲ့သလို သူကလည္း ကၽြန္ေတာ့္ကို အလြန္တရာခ်စ္ခဲ့သူပါ။


‘မင္းဘာေတြျဖစ္ေနတာလဲ သည္မွာ….မင္းေပ်ာက္သြားတာ ….မင္းကိုရွာလို႔မရတာ ဆယ္ႏွစ္ေက်ာ္ေနာ္။ ဘာစကားမွကို မၾကားရတာ။ ဆယ္ႏွစ္….ျပီးေတာ့ ငါ့ပတ္၀န္းက်င္ကိုေရာက္လာတယ္ ငါ့ေနာက္တေကာက္ေကာက္လိုက္ၾကည့္တယ္။ သည္ဆယ္ႏွစ္လံုးလံုး မင္းကလြဲလို႔ ဘယ္သူ႕အေၾကာင္းကိုမွ ငါမေတြးခဲ့ဖူးဘူး။ ငါ့ဘ၀တစ္ေလွ်ာက္လံုး မင္းပဲအပိုင္ယူခဲ့တာ။ အခုေတာ့ မင္းက အေ၀းကိုထြက္ သြားတဲ့။ ေကာင္းျပီ….မင္းဆီက ရိုးရိုးသားသားအေျဖတစ္ခုမၾကားရမျခင္း ငါမျပန္ဘူး။ ဘာေၾကာင့္ငါ့ကိုသည္လုိဆက္ဆံတာလဲ’ ကၽြန္ေတာ္ ေဒါသထြက္စြာ စကားအဆက္မျပတ္ေျပာဆိုပစ္ပါတယ္။


‘ဘာေၾကာင့္လဲ….ဘာေၾကာင့္လဲ...ေကာင္းျပီ ငါေျပာျပမယ္ ဘာေၾကာင့္လဲဆိုတာ။ ေတာ္ျပီ ဘာေၾကာင့္ဆိုတာ လက္ေတြ႕ျပမယ္။ Enjoy the show’


သူ ေလွေဘာင္ေပၚမွာထိုင္ေနရာမွ ဆိုက္ကပ္ထားတဲ့ သစ္သားေဒါက္တိုင္ကို အားျပဳကာ သူ႕ကိုယ္သူအေပၚဆြဲတင္လိုက္တယ္။ ၾကမ္းျပင္ေပၚကို အသာလွိမ့္ဒူးေထာက္လိုက္ျပီးမွ ျဖည္းျဖည္းေလးထရပ္ပါတယ္။ ေနာက္ေတာ့ ကၽြန္ေတာ္ရွိရာဘက္ကို ေျခလွမ္း အနည္းငယ္လွမ္းလာခ်ိန္မွာေတာ့ ကၽြန္ေတာ့္အသဲႏွလံုးေတြ ကဆုန္ေပါက္ခုန္ထြက္ကုန္ေရာ။ သူ႕ရဲ႕ဘယ္ဘက္ေျခေထာက္ဟာ ျပည့္ျပည့္၀၀ အသံုးျပဳလို႔မရရွာေတာ့ဘူး။ ကၽြန္ေတာ္ရွိရာကို ေျခတရြတ္ဆြဲကာ ေလးေလးပင္ပင္ေလွ်ာက္လာခဲ့တာေလ။ သူ႕မိဘေတြကို ေသဆံုးေစခဲ့တဲ့ ကားမေတာ္တဆမႈဟာ သူ႕ဘ၀ကိုလည္း ေသဆံုးေစခဲ့ပါလား။ မလွမ္းမကမ္းမွာေထာင္ထားတဲ့ လမ္းေလွ်ာက္တုတ္ ေကာက္ကို ဆြဲယူအားျပဳျပီးေနာက္မွ ကၽြန္ေတာ့္ဆီကို အိေျႏၵမပ်က္လွမ္းလာႏိုင္ေတာ့တယ္။ 


‘ငါ့ကိုၾကည့္ ေသာ္ဇင္…..မၾကည့္ခ်င္ဘူးမလုပ္နဲ႔….ငါ့ကို အနီးကပ္ေသခ်ာၾကည့္။ ဒါက မင္းလိုခ်င္တဲ့ ဒိုဒိုဆိုတဲ့ေကာင္ဟုတ္ေသးလား။ မင္းေထြးဖက္ခ်င္ပါတယ္ဆိုတဲ့ ေကာင္ဟုတ္ေသးလား။ ကိုယ္လက္အဂၤါမသန္စြန္းသူတစ္ေယာက္ေလ။

 ငါေတာ့မထင္ပါဘူးကြာ’ စိတ္လႈပ္ရွားခံျပင္းေနတဲ့ ေလသံနဲ႔ ကၽြန္ေတာ့္ကိုေျပာပါတယ္။


‘အို….ဒိုဒို….ဒိုဒိုရယ္….ငါေတာင္းပန္ပါတယ္ကြာ….ငါမသိဘူး’ ကၽြန္ေတ္ာ့အသံေတြ ကတုန္ကယင္ျဖစ္စျပဳျပီ။


‘မင္း….မင္း အျခားစကားလံုးမသံုးရဲဘူးလား ေသာ္ဇင္….သြားေတာ့ကြာ….ျပန္ေတာ့…ငါတစ္ေယာက္တည္းထားခဲ့ေတာ့…မင္းသနားတာ ငါမလိုခ်င္ဘူး’ ေငါက္ငမ္းသံနဲ႔ သူေအာ္ေျပာပါတယ္။


‘ငါ မင္းကို သနားတာမဟုတ္ဘူး။ ငါ အဲသလိုလုပ္ဖို႔ အသဲႏွလံုးမရွိတဲ့သူ မဟုတ္ဘူးကြ။ မင္းအေပၚ အၾကင္နာစိတ္ေလး ငါဘယ္လို ခံစားထားမိတယ္ဆိုတာပဲ။ ေတာ္ေတာ္ ကြဲျပားတဲ့ကိစၥကြာ….မင္းသိရဲ႕လား’ ကၽြန္ေတာ္ေဒါသထြက္စြာေအာ္ေျပာမိတယ္။


‘သနား၊ ကရုဏာ၊အၾကင္နာ အကုန္လံုးက ငါ့အတြက္ အတူတူပါပဲကြာ။ ေ၀ါဟာရသက္သက္ပါ’ သူ အခံရခက္သံနဲ႔ ေျပာပါတယ္။


သူ႕မ်က္၀န္းေတြဟာ ျငီးေငြ႕မႈ၊ အမ်က္ေဒါသ၊ ေမွ်ာ္လင့္ခ်က္မဲ့မႈေတြနဲ႔ ကၽြန္ေတာ့္ကိုစိုက္ၾကည့္ေနတာ။ ကၽြန္ေတာ္ဘာမွမေျပာ ဘယ္လိုမွမလုပ္ေဆာင္ေပမယ့္ သူ႕ကိုယ္သူယံုၾကည္ခ်က္ ကင္းမဲ့ ေနျပီဆိုတာေတာ့ ကၽြန္ေတာ္ျမင္ေနရတယ္။ 


‘ေကာင္းျပီ….မင္းအဲသလိုခံစားေနရတယ္ဆိုရင္ ….မင္းတစ္ေယာက္တည္းထားခဲ့ပါ့မယ္’ ကၽြန္ေတာ္ ေလသံခပ္ေအးေအးနဲ႔ ေျပာလိုက္တယ္။


ကၽြန္ေတာ္ တံခါးေပါက္ရွိရာဘက္လွမ္းထြက္လိုက္ျပီးမွ သူ႕ဘက္ကိုမ်က္ႏွာခ်င္းဆိုင္ရန္ ျပန္လွည့္လိုက္ပါတယ္။


‘ေနပါဦး….ငါမသြားခင္ ေနာက္ဆံုးတစ္ခုသိခ်င္တာရွိတယ္။ ဘာေၾကာင့္ သည္ေနရာကို ငါလာသလဲဆိုတာ မင္းသိခ်င္ရဲ႕လား။’


‘ေနာက္ဆံုးအေနနဲ႔ ငါေျပာမယ္….ဆယ္ႏွစ္ေက်ာ္ၾကာ မေမ့ေပ်ာက္ႏိုင္ေသးတဲ့ မင္းအရိပ္အေယာင္ကိုေတြ႕လို႔ေတြ႕ျငားလာခဲ့ရံုပဲ။ သည့္ထက္မပိုဘူး။ အခုေတာ့….မင္းကိုေက်းဇူးတင္ပါတယ္။ မင္းစိတ္သေဘာထားကို သိလိုက္ရတာ ငါ့ဘ၀သစ္စႏိုင္ေတာ့မွာေပါ့။ အိုး….မင္းကို ငါကသနားစိတ္၀င္ေနတယ္လို႔ ထင္တယ္ေပါ့။ ေကာင္းျပီ ငါမသနားေတာ့ဘူး ေနာက္တစ္ခါ လံုး၀ပဲ။ မွန္တစ္ခ်ပ္ကို ၾကည့္မိလို႔ မင္းရွိေနရင္ေတာင္ ငါမၾကည့္ေတာ့မွေသခ်ာတယ္။ မင္း ကိုယ့္ဘာသာကိုယ္ ကရုဏာတရားထားပါဦး။ တာ့တာ…. Have a good life’



ကၽြန္ေတာ္ ေဒါမာန္ပါပါ ျပန္လွည့္လိုက္ျပီး တံခါးမၾကီးစီ ေလွ်ာက္လွမ္းမိပါတယ္။ ေလွထားရံုရဲ႕ ကမ္းအစပ္မယ္ ကၽြန္ေတာ္မုန္တိုင္းဆင္ ပစ္ခဲ့တာပါ။ ရုတ္ျခည္းဆိုသလို ကၽြန္ေတာ္ မထိန္းမသိမ္း ဇြတ္တရြတ္ ေတာတိုးလာတဲ့ သစ္ေတာအစြန္းတစ္ဖက္မယ္ ထိခတ္သံျပင္းျပင္း ကို ၾကားခဲ့ရပါတယ္။ ကၽြန္ေတာ့္မ်က္၀န္းအစံုက မ်က္ရည္ေတြ ကဆုန္ေပါက္ခုန္ဆင္းလာျပီး စတင္ငိုရႈိက္မိေတာ့တာ။ ငိုသံမထြက္ေပမယ့္ ႏွလံုးခုန္သံနဲ႔အတူ ရႈိက္ငိုတာပါပဲ။ သူ႕ကို ကၽြန္ေတာ္ဘယ္ေလာက္ထိခ်စ္ခဲ့ရသလဲ အေ၀းကိုတြန္းထုတ္ရက္တယ္။


 ေလွထားရံုရဲ႕တံခါးရြက္ ရိုက္ခတ္သံျပင္းျပင္းကို ၾကားခဲ့ရတာမို႔ ကၽြန္ေတာ္လွမ္းၾကည့္လိုက္တယ္။ သစ္ပင္ေတြနဲ႔ ကြယ္ေနတာေၾကာင့္ ခပ္ေျဖးေျဖး ျပန္တိုးသြားရင္း ၾကည့္တာမွာ ဒိုဒိုတစ္ေယာက္ ကန္အစပ္လမ္းအတိုင္း သူေနထိုင္ရာ cabin ကို ေျခလွမ္းခပ္ေလးေလးျဖင့္ ထြက္သြား ျမင္ရပါရဲ႕။ ေနာက္ေတာ့ သူ ယိမ္းယိုင္သြားျပီး မထိန္းႏိုင္စြာ ေျမျပင္ေပၚလဲက်သြားတယ္။ ခပ္ျပင္းျပင္းက်သြားတာေၾကာင့္ သူရုတ္ျခည္း မထႏိုင္ဘဲ ေဘးေစာင္းကာ အသာလွဲေနတဲ့ပံုပါ။


‘Fuck!’ သူအလန္႔တၾကားေအာ္လိုက္ျပီးေနာက္ စတင္ငိုေၾကြးပါေတာ့တယ္။ ရႈိက္ၾကီးတငင္ငိုေၾကြးသံေတြဟာ ေလတိုးသံေၾကာင့္ လႈပ္ရမ္းေနတဲ့ သစ္ပင္ေတြက ျမည္ဟည္းေနသလိုထင္ေစသလားပဲ။  


သူ႕ရဲ႕မသန္စြမ္းျခင္းအေပၚအၾကီးအက်ယ္ဒုကၡေတြ႕ေနရသလို အထီးက်န္စြာ ကူကယ္ရာမဲ့ေနပံုက ကၽြန္ေတာ္အသည္းခိုက္ေအာင္ ခံစားလိုက္ရပါတယ္။ ကၽြန္ေတာ္ ေလအလ်င္လိုေျပးထြက္သြားျပီး ကူညီခ်င္တယ္၊ ႏွစ္သိမ့္ေပးခ်င္တယ္သူ႕ကိုေပါ့။ ဒါေပမဲ့ သည္လိုလုပ္လိုက္ရင္ သူမုန္းမွာေသခ်ာတာ ကၽြန္ေတာ္သိတယ္။ အဲဒါေၾကာင့္ တဆတ္ဆတ္တုန္ရီေနတဲ့ ကိုယ့္ေျခေထာက္ကိုကိုယ္ ေျမျပင္ေပၚ မတ္မတ္ရပ္ေစရင္း သစ္ပင္အကြယ္မွာ ရပ္ျမဲျငိမ္ေနလိုက္ပါတယ္။


လဲေလ်ာင္းျမဲဆက္လွဲေနျပီး နံေဘးက သဲေျမေတြကို သူ႕လက္သီးအစံုနဲ႔ ဆက္တိုက္ထိုးေနတယ္။ သူ႕ရိႈက္ငိုသံဟာ ဆက္လက္ ထြက္ေပၚေနျပီး အတားအဆီးမဲ့ပ်ံ႕လြင့္ေနတာ ကၽြန္ေတာ္ၾကည့္ေနဆဲမွာ အကူအညီကင္းေနပါရဲ႕။ ကၽြန္ေတာ့္ပါးျပင္ေပၚမွာလည္း မ်က္ရည္ျမစ္ႏွစ္စင္းဟာ ရႊဲရႊဲစိုေနပါျပီ။ ေနာက္ဆံုး သူငိုသံ တေျဖးေျဖးေလ်ာ့လာကာ သူ႕ကိုယ္ခႏၶာကိုယ္ကိုသူ ေျခေထာက္ေပၚရပ္ႏိုင္ သည္အထိ ဆြဲထူရင္း ေနထိုင္ရာ သစ္သားအိမ္ငယ္ေလးဆီဆက္သြားပါေတာ့တယ္။ ကၽြန္ေတာ္ ေနရာမွာပဲ ေတြေ၀မႈ၊ ၀မ္းနည္းမႈ နဲ႔ အသည္းကြဲမႈေတြ ေရာေထြးခံစားရင္း ရပ္တန္႔ေနခဲ့ပါတယ္။


သူမလိုခ်င္တဲ့ မလိုလားတဲ့ကိစၥျဖစ္သလို ကၽြန္ေတာ့္မာန၊ ရင္ဆိုင္ၾကားနာခဲ့ရ ေသာ အဆံုးအျဖတ္မ်ားကို ဆန္႔က်င္ျပီး ေနာက္တစ္ၾကိမ္ ၾကိဳးစားၾကည့္ဖို႔ ဆံုးျဖတ္လိုက္ပါတယ္။ သည္လိုပံုစံ သည္လိုအေနအထားနဲ႔ သူ႕ကို တစ္ေယာက္တည္း ကၽြန္ေတာ္မထားခဲ့ႏိုင္ဘူး။ ႏွစ္ေယာက္သားရဲ႕ ဦးေခါင္းထက္မယ္ ရိပ္မိုးေနတဲ့ အမဲေရာင္တိမ္တိုက္တစ္ခုကို ခ်ိတ္ဆြဲျပီး ကၽြန္ေတာ္ပစ္မထားႏိုင္ဘူးဗ်ာ။  


သစ္သားအိမ္သြားရာလမ္းတေလွ်ာက္ကသူ႔ေျခရာအတိုင္း ေျခရာခံျပီး ကၽြန္ေတာ္တေျဖးေျဖးလိုက္သြားခဲ့ပါတယ္။ တံခါးမၾကီးက တလေဟာပြင့္ေနတာေၾကာင့္ သတိရွိရွိနဲ႔ လွမ္း၀င္ရတာေပါ့။ ပိတ္ကားတစ္ခ်ပ္ကို ပန္းခ်ီကားေထာင္တဲ့သစ္သားေဘာင္မွာတင္လ်က္ ခံုေရွ႕ခ်ထိုင္ကာ ပန္းခ်ီစုတ္တံတစ္ေခ်ာင္းလက္ကကိုင္ထားတယ္။


ကၽြန္ေတာ္၀င္လာသံကို သူမၾကားတာက ပန္းခ်ီဆြဲရင္း ဆက္လက္ငိုရႈိက္ေနဆဲျဖစ္တာေၾကာင့္ပါ။ သည္ေလာက္က်ယ္တဲ့အခန္းၾကီးထဲ ဖရိုဖရဲျဖစ္ေနတဲ့အတြက္ ကၽြန္ေတာ္ ၀န္းက်င္အႏွံ႔မ်က္စိကစားရာ အၾကီးအက်ယ္ အံ့ၾသသြားပါတယ္။ ဆြဲျပီးေသာ ကင္းဘတ္စေတြ နံရံေပၚ၀ယ္ ပံုထပ္ခ်ိတ္ဆြဲလ်က္၊ ၾကမ္းျပင္အႏွံ႔ လဲေလ်ာင္းလ်က္၊ ေနရာလြတ္သည္ဆိုေသာ သစ္သားေဘာင္အကုန္ေပၚ ေနရာအႏွံ႔မွာ ရွိေနၾကတယ္။ ဘာမွမေျပာႏိုင္ မလႈပ္ႏိုင္စြာ ကၽြန္ေတာ္မတ္တပ္ရပ္ေနခဲ့တယ္။ ပန္းခ်ီကားခ်ပ္တိုင္းမွာ အသက္အရြယ္ တစ္ဆယ့္ရွစ္ႏွစ္ အခ်ိန္က ကၽြန္ေတာ့္အသြင္အျပင္ေတြကို ရႈေထာင့္မ်ိဳးစံု၊ ပံုတူ၊ ေခါင္းနဲ႔ ပခံုးေတြ၊ ျပီးေတာ့ တကိုယ္လံုးပါတဲ့ ပံုရိပ္အခ်ိဳ႕နဲ႔ျပည့္ေနတယ္။


သူ႕စိတ္ထဲ သူ႕မွတ္ဉာဏ္ထဲက ပံုရိပ္ေတြကို မၾကာခဏသူေဆးျခယ္ခဲ့တယ္ေပါ့။ ကၽြန္ေတာ့္အသက္အရြယ္ ၾကီးရင့္မသြားခဲ့ဘူး။ အခန္းအလယ္ကို ကၽြန္ေတာ္ ခပ္ေျဖးေျဖးလမ္းေလွ်ာက္သြားလိုက္တယ္။ သူလုပ္ေနတဲ့အလုပ္အေပၚ အာရံုအျပည့္စူးစိုက္ေနျပီး ကၽြန္ေတာ္ ၀င္ေရာက္လာတာကို ၾကားဟန္မရွိေသးပါဘူး။ သူ႕ပခံုးေပၚကေန ေက်ာ္ၾကည့္လိုက္ေတာ့ ေနာက္တစ္မ်ိဳးေသာ ကၽြန္ေတာ့္ ပံုတူကို ေသခ်ာဆြဲေနတယ္။ ဒါေပမယ့္ သည္တစ္ခါေတာ့ အခုအသက္အရြယ္ပံုကိုဆြဲတာေၾကာင့္ ယခင္ထက္ေတာ့ အသက္အနည္းငယ္ ၾကီးလာပါျပီ။ စုတ္ခ်က္ေတြ သူဆြဲတိုင္းလႈပ္ခတ္ေနေသာ သူ႕ေက်ာျပင္ကို ကၽြန္ေတာ္ေငးေနမိပါတယ္။


 ‘မင္းနဲ႔အတူ ငါ အတူေနခ်င္လား မေနခ်င္ဘူးလားဆိုတဲ့အေျခအေနကို မင္းေသခ်ာစူးစမ္းသင့္တယ္ ဒိုဒို။ မင္းသေဘာၾကီးပဲ မျဖစ္သင့္ဘူးေလ ငါ့စိတ္ဆႏၵကိုလည္း ဦးစားေပးဦးမွေပါ့ကြာ။ ငါ့ေမးဖို႔ေလးကိုပဲ စိတ္အေႏွာင့္အယွက္ျဖစ္မေနသင့္ဘူးေပါ့’ ကၽြန္ေတာ္ တိုးတိုးျငင္သာစြာေျပာလိုက္ပါတယ္။


သူ႕လက္ထဲမွာကိုင္ထားတဲ့ စုတ္တံလြတ္က်သြားျပီး ထိုင္ေနတဲ့ခုံကို ကၽြန္ေတာ္နဲ႔မ်က္ႏွာခ်င္းဆိုင္ရေအာင္ လွည့္လာပါတယ္ အံအားသင့္စြာ စကားလံုးမဲ့စြာျဖင့္ေပါ့ေနာ္။


‘မင္းအဲဒီအေၾကာင္းငါ့ကိုေမးျပီးျပီလို႔ ဟန္လုပ္ျပီး ငါျပန္ေျဖမယ္ အခု’ ကၽြန္ေတာ္ စကားဆက္ေျပာတယ္။


မ်က္ရည္ေတြေတြက်ေနဆဲ ညိဳ႕မႈိင္းေနတဲ့ သူ႕မ်က္၀န္းေတြက ကၽြန္ေတာ့္ကို ေငးၾကည့္ေနျပီး ပါးစပ္ကေတာ့ အသံတိတ္ေနပါတယ္။ မ်က္ရည္ေတြဟာ သူ႕ပါးျပင္တေလ်ာက္နဲ႔ မုတ္ဆိတ္ေမႊးေတြဆီ တသြင္သြင္စီးဆင္းေနေရာ။


‘ျပီးေတာ့ မင္းကိုေအာ္ျပီးစကားေျပာမယ္….ငါေျပာတဲ့စကားလံုးတိုင္းကိုၾကားေစခ်င္လို႔။ ဒါမွ နားလည္မႈလြဲတာမျဖစ္မွာ’ ကၽြန္ေတာ္ စကားေျပာတာကိုခဏရပ္လိုက္ရင္း အသက္ျပင္းျပင္းရွဴရႈိက္လိုက္ပါတယ္။ 


‘မင္းဘာသာေျခေထာက္ႏွစ္ဖက္စလံုးရွိရွိ

 မရွိရွိ မင္းနဲ႔အတူတူ ငါရွိေနခ်င္တယ္။ မင္းနဲ႔အတူရွိခ်င္တယ္ကြာ….ဘာေၾကာင့္လဲဆိုေတာ့ မင္းကိုခ်စ္လို႔ကြ။ မင္းေျခေထာက္ေတြ ဒါမွမဟုတ္ လက္ေတြ ဒါမွမဟုတ္ မင္းမ်က္ႏွာေပၚမွာ မုတ္ဆိတ္ေမႊးေပါက္ေနေန ဘယ္လိုအေၾကာင္းအရာပဲျဖစ္ျဖစ္ကြာ။’ ကၽြန္ေတာ္ ေအာ္ပစ္ခဲ့တယ္။ ‘မင္းကိုငါခ်စ္တယ္ ဒိုဒို။ ငါ့ေကာင္….မင္းရဲ႕စိတ္၊ မင္းရဲ႕ပြင့္ပြင့္လင္းလင္းသေဘာထား၊ မင္းရဲ႕ခြန္အားဗလ၊ မင္းရဲ႕ေႏြးေထြးၾကင္နာမႈ၊ ျပီးေတာ့ မစဥ္းစားဘဲ မိုက္မိုက္ကမ္းကမ္းဦးေဆာင္မႈေတြေကာ ငါၾကိဳက္တယ္ သေဘာက်တယ္ကြာ။’


‘အဲတာ မင္းရဲ႕ကိုယ္ပိုင္အနက္အဓိပၸာယ္ပဲ။ က်ိဳးသြားတဲ့မင္းေျခေထာက္ မဟုတ္ဘူး၊ ၾကည့္ေကာင္းလွတဲ့ရုပ္ရည္မဟုတ္ဘူး၊ ထြားလွတဲ့ မင္း-ီးလည္းမဟုတ္ဘူးကြာ။ အခု ငါ့ကို ေလွထားရံုထဲမွာပဲ ေမးမလား၊ ေနာက္တစ္ႏွစ္ၾကာရင္၊ ေနာက္ငါးႏွစ္ၾကာရင္ ဒါမွမဟုတ္ ဆယ္ႏွစ္ ေလာက္ၾကာမွေမးမလား။ ငါ့အေျဖက တစ္ခုထဲပဲရွိတယ္။ 


မင္းကိုေနာက္ဆံုးအၾကိမ္ျမင္ခဲ့ေတြ႕ခဲ့တဲ့အခ်ိန္ကတည္းကလို

မင္းနဲ႔အတူတူ ထိုင္ခ်င္တယ္၊ လမ္းေလွ်ာက္ခ်င္တယ္၊ လဲေလ်ာင္းခ်င္တယ္။’ သည္စကားၾကားခ်ိန္မွာေတာ့ ဒိုဒိုတစ္ေယာက္ရဲ႕ မ်က္ႏွာေပၚမယ္ အျပံဳး ယဲ့ယဲ့တစ္ခ်က္လက္သြားပါတယ္။ ‘မင္း ေျခဆာေနလို႔ ငါက မင္းကို မလိုလားေတာ့ဘူး ဒါမွမဟုတ္ ငါက မင္းကိုခ်စ္ေတာ့မွာမဟုတ္ဘူးလို႔ ေတြးထင္မိသလား ရိုးရိုးသားသားေျဖကြာ’ ကၽြန္ေတာ္ ခပ္က်ယ္က်ယ္ေအာ္ျပီး စကားအဆံုးသတ္လိုက္တယ္။


သူ ခပ္ေျဖးေျဖးထရပ္လိုက္ကာ ကၽြန္ေတာ္ရွိရာသို႕ ေျခႏွစ္လွမ္းေလာက္တိုးလာပါတယ္။


‘မင္းေအာ္လို႔ျပီးျပီလား’ သူကေျပာတယ္။


‘ေအး….ငါျပီးျပီ’ ကၽြန္ေတာ္ေအာ္ေျပာလိုက္တယ္။ သူ ကၽြန္ေတာ့္ကိုစိုက္ၾကည့္ေနျပီးမွ ခပ္ေလးေလးျပံဳးပါတယ္။


‘Oh God…..ငါမင္းကို တကယ့္ကို အလြန္အက်ဴးလြမ္းေနခဲ့တာ’ သူ ႏုႏုည့ံညံ့ေျပာပါေရာ။


ကၽြန္ေတာ္ ၀န္းက်င္အႏွံ႔ကို တစ္ခ်က္လွည့္ၾကည့္ရင္းမွ ႏွစ္ႏွစ္ျခိဳက္ျခိဳက္ျပံဳးခဲ့တယ္။


‘အင္း…..ငါ ျမင္ႏိုင္ပါတယ္’ ကၽြန္ေတာ္ လႈပ္ခါတဲ့ အေျဖစကားတစ္ခုေျဖလိုက္တယ္။ ရင္ခုန္ေနတာကိုးေနာ္။


သူ ေခါင္းျငိမ့္ျပျပီး ၀န္းက်င္ကို တစ္ခ်က္ငဲ့ၾကည့္ပါတယ္။


‘ငါ့ဘ၀ ငါ့အသက္ေမြး၀မ္းေက်ာင္းက ဒါပဲ’ သူ စကားခပ္တိုတိုေျပာကာ အခန္းတ၀ိုက္က ပန္းခ်ီလက္ရာေတြကို လက္ႏွစ္ဖက္နဲ႔ ေ၀့ယမ္းျပတယ္။


‘အစြဲအလမ္းၾကီးလြန္းတယ္။ နည္းနည္းေတာ့ ထပ္တလဲလဲဆြဲဟန္ေပၚတယ္….စိတ္ထဲစြဲျမဲေစသလိုပဲ။ ေသခ်ာတာကေတာ့ အစြဲအလမ္းၾကီးပံုေပၚေနတာအေသခ်ာဆံုး။’


အျပံဳးေတြက သူ႕မ်က္ႏွာေပၚမယ္ ခပ္ထင္းထင္းေပၚလာခဲ့ျပီး ေအးစက္စက္ မႈိင္းညိဳ႕ေနတဲ့ သူ႕မ်က္ႏွာျပင္က၀င္းပလာတယ္ဗ်။ ကၽြန္ေတာ္ သိခဲ့ဖူးတဲ့ ခ်စ္ခဲ့ဖူးတဲ့ ဒိုဒိုကိုျမင္ႏိုင္ခဲ့ပါျပီ။ 


ကၽြန္ေတာ္သူ႕အနားကိုတိုးကပ္သြားလိုက္ပါတယ္။


‘ငါတစ္ခုေလာက္ထပ္ေျပာလို႔ရမလား’ ကၽြန္ေတာ္စကားပ်ိဳးလိုက္ေတာ့ သူေခါင္းျငိမ့္ျပတယ္။ ‘ငါအျပင္ထြက္တဲ့အခါ ေလွ်ာက္သြားတဲ့အခါ မင္းနဲ႔အတူသြားခ်င္တယ္။ ဒါေပမဲ့ မင္းမုတ္ဆိတ္ေမႊးေတြရိတ္ရမယ္ေနာ္။ ငါမုတ္ဆိတ္ေမႊးေတြကို ဘယ္လိုမွသည္းမခံႏိုင္ဘူးရယ္’


သူ ကၽြန္ေတာ့္ကို ခဏေတာ့ ျငိမ္ၾကည့္ေနျပီးမွ သည္းသည္းလႈပ္ရယ္ေမာပါေတာ့တယ္။ စိတ္ပါလက္ပါ ရယ္ေမာေနတဲ့ သူ႕ရယ္သံေႏြး ေႏြးေၾကာင့္ ကၽြန္ေတာ့္စိတ္ဘ၀င္အနယ္က်သြားရသလို ရႊင္ျမဴးလာရပါတယ္။ သူ႕ဆီ ခပ္သြက္သြက္ေလးသြားလိုက္ကာ ကၽြန္ေတာ့္ လက္ေမာင္းအစံုနဲ႔ သူ႕ကိုယ္လံုးကိုေထြးဖက္ပစ္တယ္ ဘယ္သူတစ္ဦးတစ္ေယာက္မွၾကား၀င္တိုးလို႔မရေအာင္ ခပ္က်စ္က်စ္၊ ခပ္တင္းတင္းေပါ့ဗ်ာ။ 


ကၽြန္ေတာ္သိတယ္ ယခုအခ်ိန္ကစျပီး အရာရာဟာ ေကာင္းမြန္လွပလာေတာ့မွာ။


Alex Aung (14 August 2020)

No comments: