Sunday, August 9, 2020

ဖွားဖက်တော် သေးနေလို့ သင့်အဖော် စိတ်မကျေနပ်လောက်ဘူးလို့ ထင်နေပါသလား

 (Unicode) 

ဖွားဖက်တော် သေးနေလို့ သင့်အဖော် စိတ်မကျေနပ်လောက်ဘူးလို့ ထင်နေပါသလား




#ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
#ရေးသားသူ Ye Myo Myat

အမျိုးသားထုတွေကြားမှာ မကြာခဏ အမေးများတဲ့ မေးခွန်းကတော့ သူတို့ ငယ်ပါ အရွယ်အစား သေးလားဆိုတာပါပဲ။ အရွယ်အစား ပုံမှန်ရှိတဲ့သူကလည်း ထပ်ပြီး ကြီးချင်ကြတယ်။ ပုံမှန်ထက် အနည်းငယ်ကြီးနေတဲ့ အမျိုးသားတွေကလည်း ထပ်ပြီး ကြီးဖို့ ကြိုးစားကြတယ်။ အပြာရုပ်ရှင်တွေနဲ့ မကြာခဏ နှိုင်းယှဉ်ပြီး ကိုယ့်အရွယ်အစားကို သေးတယ်လို့ မြင်လာကြတယ်။ သိမ်ငယ်စိတ်တွေ ဝင်လာတယ်။ မိန်းကလေးတွေကလည်း လိင်တံအရွယ်ကြီးမှ စိတ်ကျေနပ်မှု အပြည့်အဝရနိုင်မယ်ဆိုပြီး စိတ်ထဲမှာ ယုံကြည်လက်ခံလိုက်ကြတာပေါ့။

ပုံမှန်လိင်တံအရွယ်အစားဆိုတာ ဘယ်လိုမျိုးလဲ။
အရှည်ဟာ ပျော့နေတဲ့အချိန်မှာ ၂.၈လက်မ မှ ၃.၉လက်မ (၇-၁၀ စင်တီမီတာ) ရှိပြီး မာနေတဲ့အချိန်မှာ ၄.၇လက်မ မှ ၆.၃လက်မ (၁၂-၁၆ စင်တီမီတာ) ရှိပြီး၊

လုံးပတ်အနေနဲ့ ပျော့နေရင် ၃.၅လက်မ မှ ၃.၉လက်မ (၉-၁၀ စင်တီမီတာ) ရှိပြီး ထောင်မတ်နေချိန်မှာ ၄.၇လက်မ (၁၂ စင်တီမီတာ) လုံးပတ်အရွယ်အစား ဆိုရင် ပုံမှန်အရွယ်အစားလို့ သတ်မှတ်နိုင်ပါတယ်။

လိင်တံအရွယ်အစား ပျော့နေချိန်နဲ့ ထောင်မတ်နေချိန်ဟာ တိုက်ရိုက်အချိုးမကျဘူးလို့လည်း ဆိုထားပါတယ်။ ပြောရမယ်ဆိုရင် ပျော့နေချိန်မှာ တော်တော်လေး သေးတယ်လို့ ထင်မှတ်ရတဲ့ လိင်တံဟာ ထောင်မတ်လာချိန်မှာ ပုံမှန်ထက် ပိုပြီး ကြီးလာနိုင်တာမျိုးလည်း ရှိပါတယ်။

ဘယ်လိုအရွယ်ကို သေးငယ်တယ်လို့ ယူဆလို့ ရလဲ။
ပျော့ခွေနေတဲ့အချိန်မှာ အရှည်ဟာ ၁.၆လက်မ (၄ စင်တီမီတာ) ထက်နည်းနေပြီး ထောင်မတ်နေချိန်မှာ ၃လက်မ (၇.၅ စင်တီမီတာ) ထက် တိုနေရင် လိင်တံအရွယ်အစား သေးတယ်လို့ ယူဆလို့ ရပါတယ်။

လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ ဘယ်လောက်ထိ အလေးအနက်ထားလဲ။
အမျိုးသားတွေ ထင်နေသလို အမျိုးသမီးတွေဟာ လိင်တံအရွယ်အစား ကြီးမှ ကြိုက်နှစ်သက်တယ်ဆိုတာ မဟုတ်ပါဘူး။ စစ်တမ်းကောက်ယူချက်အရ ၈၅ ရာခိုင်နှုန်းသော မိန်းကလေးတွေဟာ ကိုယ့်ချစ်သူ၊ ခင်ပွန်းရဲ့ လိင်တံအရွယ်အစား မည်မျှပင်ရှိနေကာမူ စိတ်တိုင်းကျတယ်လို့ ဆိုထားပါတယ်။

အံ့သြစရာကောင်းတာက လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်စိတ် အဖြစ်အများဆုံးသူတွေဟာ အမျိုးသားတွေကိုယ်တိုင် ဖြစ်နေတာပါပဲ။ ပုံမှန်အရွယ်အစား ရှိတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ ဖွားဖက်တော်ကို သေးငယ်တယ်လို့ ထင်မှတ်ထားကြပါတယ်။ တကယ်တော့ အပေါ်က မိမိရဲ့ လိင်တံကို ငုံ့ကြည့်တာနဲ့ ဘေးဘက်၊ အရှေ့ကနေ ကြည့်တဲ့ ရှုထောင့်အမြင်ဟာ ကွာခြားနိုင်ပါတယ်။

အမျိုးသမီးတွေဟာ အရွယ်အစားထက် လုံးပတ်ကိုတော့ ပိုသဘောကျတတ်ပြီး ကိုယ့်ချစ်သူရဲ့ ငယ်ပါ အရွယ်သေးငယ်မှုဆိုတာ သူတို့အတွက်တော့ သိပ်ပြီး မပြောပလောက်တဲ့ အသေးအဖွဲပြဿနာလို့ ဆိုထားပါတယ်။

အမျိုးသားတွေရဲ့ သိမ်ငယ်စိတ်ကို ဘယ်လိုအရာတွေက နှိုးဆွပေးနေလဲ။
အပြာရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်းကြည့်ခြင်းဟာ အမျိုးသားတွေရဲ့ ကိုယ့်ရဲ့ ဖွားဖက်တော်အရွယ်အစားနဲ့ ပတ်သက်ပြီး သိမ်ငယ်စိတ်တွေ ဝင်လာစေနိုင်တဲ့အပြင် ရံဖန်ရံခါမှာ လိင်မှုကိစ္စ၊ အိမ်ထောင်ရေးမှာပါ ထိခိုက်လာနိုင်ပါတယ်။ ပတ်ဝန်းကျင်၊ လူတွေအမြင်မှာကလည်း လိင်တံကြီးမှ ယောက်ျားပီသတယ်ဆိုတဲ့ ခေတ်အလွဲတွေ ရှိနေတော့ ပုံမှန်အရွယ်အစား ရှိရင်တောင် သေးသလိုလို၊ ယောက်ျားမပီသတော့သလိုလို၊ ကိုယ်ကပဲ လူစဉ်မမီတော့သလို သိမ်ငယ်စိတ်တွေ၊ စိတ်မလုံခြုံမှုတွေ ဖြစ်လာမယ်။

ဈေးကွက်ထဲမှာကလည်း မကြာခဏဆိုသလို လိင်တံကြီးဆေး၊ ထွားဆေးဆိုပြီး ရောင်းတဲ့အခါ ပစ္စည်းရောက်ထွက်ဖို့ကို ဦးတည်ပြီး လိင်တံကြီးမှ အလုပ်ဖြစ်မယ်ဆိုတဲ့ သတင်းတွေ ပေးပို့နေတာဆိုတော့ ပုရိသတွေအနေနဲ့ ကိုယ့်ရဲ့ မွေးရာပါ ဖွားဖက်တော်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်လာမှာပေါ့။

ပုရိသတွေအနေနဲ့ သိထားသင့်တဲ့အရာတွေ
တကယ်တော့ လိင်တံအရွယ်အစားဆိုတာ မွေးလာကတည်းက ဘုရားပေးတဲ့ ဆုပါပဲ။ ဈေးကွက်ထဲက ကြီးဆေး၊ ထွားဆေးတွေ၊ လိင်တံ ထောင်မတ်စေတဲ့ စက်ကိရိယာတွေ အမှန်တကယ်အလုပ်ဖြစ်တယ်ဆိုတာ ဘယ်ဆေးပညာဌာနမှလည်း အာမခံချက်မျိုး မရှိပါဘူး။

နောက်ထပ်တစ်ချက်ကတော့ ဘဝဟာ ရုပ်ရှင်ထဲကလို ပုံပြင်ဇာတ်လမ်း မဆန်ဘူးဆိုတာပါပဲ။ အပြာရုပ်ရှင်တွေထဲမှာ မင်းသမီးတွေက လိင်တံကြီးတာကိုမှ သာယာတယ်၊ စိတ်တိုင်းကျတယ်ဆိုပြီး လိင်စိတ်ကို ထကြွစေဖို့ သက်သက် အမြင်ကို ဖြစ်စေပေမယ့် တကယ့်လက်တွေ့ဘဝ ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ကတော့ ဒီလို ထင်ချင်မှ ထင်မှာပါ။ လိင်မှုကိစ္စမှာ ၂ဦး ၂ဖက် အပြည့်အဝ စိတ်တိုင်းကျဖို့၊ လိင်စိတ်ဆန္ဒ ပြီးမြောက်မှု ဖြစ်စေဖို့ ဒီ အရွယ်အစားဆိုတာကြီးက ထင်ထားသလောက် အရေးမပါပါဘူးဆိုတာကို ပုရိသတိုင်း သိထားသင့်တယ်နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

(Zawgyi)

ဖြားဖက္ေတာ္ ေသးေနလို့ သင့္အေဖာ္ စိတ္မေက်နပ္ေလာက္ဘူးလို့ ထင္ေနပါသလား


#ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

#ေရးသားသူ Ye Myo Myat


အမ်ိဳးသားထုေတြၾကားမွာ မၾကာခဏ အေမးမ်ားတဲ့ ေမးခြန္းကေတာ့ သူတို့ ငယ္ပါ အရြယ္အစား ေသးလားဆိုတာပါပဲ။ အရြယ္အစား ပုံမွန္ရွိတဲ့သူကလည္း ထပ္ၿပီး ႀကီးခ်င္ၾကတယ္။ ပုံမွန္ထက္ အနည္းငယ္ႀကီးေနတဲ့ အမ်ိဳးသားေတြကလည္း ထပ္ၿပီး ႀကီးဖို့ ႀကိဳးစားၾကတယ္။ အျပာ႐ုပ္ရွင္ေတြနဲ႔ မၾကာခဏ ႏွိုင္းယွဥ္ၿပီး ကိုယ့္အရြယ္အစားကို ေသးတယ္လို့ ျမင္လာၾကတယ္။ သိမ္ငယ္စိတ္ေတြ ဝင္လာတယ္။ မိန္းကေလးေတြကလည္း လိင္တံအရြယ္ႀကီးမွ စိတ္ေက်နပ္မွု အျပည့္အဝရနိုင္မယ္ဆိုၿပီး စိတ္ထဲမွာ ယုံၾကည္လက္ခံလိုက္ၾကတာေပါ့။


ပုံမွန္လိင္တံအရြယ္အစားဆိုတာ ဘယ္လိုမ်ိဳးလဲ။

အရွည္ဟာ ေပ်ာ့ေနတဲ့အခ်ိန္မွာ ၂.၈လက္မ မွ ၃.၉လက္မ (၇-၁၀ စင္တီမီတာ) ရွိၿပီး မာေနတဲ့အခ်ိန္မွာ ၄.၇လက္မ မွ ၆.၃လက္မ (၁၂-၁၆ စင္တီမီတာ) ရွိၿပီး၊


လုံးပတ္အေနနဲ႔ ေပ်ာ့ေနရင္ ၃.၅လက္မ မွ ၃.၉လက္မ (၉-၁၀ စင္တီမီတာ) ရွိၿပီး ေထာင္မတ္ေနခ်ိန္မွာ ၄.၇လက္မ (၁၂ စင္တီမီတာ) လုံးပတ္အရြယ္အစား ဆိုရင္ ပုံမွန္အရြယ္အစားလို့ သတ္မွတ္နိုင္ပါတယ္။


လိင္တံအရြယ္အစား ေပ်ာ့ေနခ်ိန္နဲ႔ ေထာင္မတ္ေနခ်ိန္ဟာ တိုက္ရိုက္အခ်ိဳးမက်ဘူးလို့လည္း ဆိုထားပါတယ္။ ေျပာရမယ္ဆိုရင္ ေပ်ာ့ေနခ်ိန္မွာ ေတာ္ေတာ္ေလး ေသးတယ္လို့ ထင္မွတ္ရတဲ့ လိင္တံဟာ ေထာင္မတ္လာခ်ိန္မွာ ပုံမွန္ထက္ ပိုၿပီး ႀကီးလာနိုင္တာမ်ိဳးလည္း ရွိပါတယ္။


ဘယ္လိုအရြယ္ကို ေသးငယ္တယ္လို့ ယူဆလို့ ရလဲ။

ေပ်ာ့ေခြေနတဲ့အခ်ိန္မွာ အရွည္ဟာ ၁.၆လက္မ (၄ စင္တီမီတာ) ထက္နည္းေနၿပီး ေထာင္မတ္ေနခ်ိန္မွာ ၃လက္မ (၇.၅ စင္တီမီတာ) ထက္ တိုေနရင္ လိင္တံအရြယ္အစား ေသးတယ္လို့ ယူဆလို့ ရပါတယ္။


လိင္တံအရြယ္အစားနဲ႔ ပတ္သက္ၿပီး အမ်ိဳးသမီးေတြ ဘယ္ေလာက္ထိ အေလးအနက္ထားလဲ။

အမ်ိဳးသားေတြ ထင္ေနသလို အမ်ိဳးသမီးေတြဟာ လိင္တံအရြယ္အစား ႀကီးမွ ႀကိဳက္ႏွစ္သက္တယ္ဆိုတာ မဟုတ္ပါဘူး။ စစ္တမ္းေကာက္ယူခ်က္အရ ၈၅ ရာခိုင္ႏွုန္းေသာ မိန္းကေလးေတြဟာ ကိုယ့္ခ်စ္သူ၊ ခင္ပြန္းရဲ့ လိင္တံအရြယ္အစား မည္မၽွပင္ရွိေနကာမူ စိတ္တိုင္းက်တယ္လို့ ဆိုထားပါတယ္။


အံ့ၾသစရာေကာင္းတာက လိင္တံအရြယ္အစားနဲ႔ ပတ္သက္ၿပီး စိုးရိမ္ပူပန္စိတ္ အျဖစ္အမ်ားဆုံးသူေတြဟာ အမ်ိဳးသားေတြကိုယ္တိုင္ ျဖစ္ေနတာပါပဲ။ ပုံမွန္အရြယ္အစား ရွိတဲ့ အမ်ိဳးသားေတြဟာ သူတို့ရဲ့ ဖြားဖက္ေတာ္ကို ေသးငယ္တယ္လို့ ထင္မွတ္ထားၾကပါတယ္။ တကယ္ေတာ့ အေပၚက မိမိရဲ့ လိင္တံကို ငုံ႔ၾကည့္တာနဲ႔ ေဘးဘက္၊ အေရွ႕ကေန ၾကည့္တဲ့ ရွုေထာင့္အျမင္ဟာ ကြာျခားနိုင္ပါတယ္။


အမ်ိဳးသမီးေတြဟာ အရြယ္အစားထက္ လုံးပတ္ကိုေတာ့ ပိုသေဘာက်တတ္ၿပီး ကိုယ့္ခ်စ္သူရဲ့ ငယ္ပါ အရြယ္ေသးငယ္မွုဆိုတာ သူတို့အတြက္ေတာ့ သိပ္ၿပီး မေျပာပေလာက္တဲ့ အေသးအဖြဲျပႆနာလို့ ဆိုထားပါတယ္။


အမ်ိဳးသားေတြရဲ့ သိမ္ငယ္စိတ္ကို ဘယ္လိုအရာေတြက ႏွိုးဆြေပးေနလဲ။

အျပာ႐ုပ္ရွင္ေတြကို စြဲစြဲလမ္းလမ္းၾကည့္ျခင္းဟာ အမ်ိဳးသားေတြရဲ့ ကိုယ့္ရဲ့ ဖြားဖက္ေတာ္အရြယ္အစားနဲ႔ ပတ္သက္ၿပီး သိမ္ငယ္စိတ္ေတြ ဝင္လာေစနိုင္တဲ့အျပင္ ရံဖန္ရံခါမွာ လိင္မွုကိစၥ၊ အိမ္ေထာင္ေရးမွာပါ ထိခိုက္လာနိုင္ပါတယ္။ ပတ္ဝန္းက်င္၊ လူေတြအျမင္မွာကလည္း လိင္တံႀကီးမွ ေယာက္်ားပီသတယ္ဆိုတဲ့ ေခတ္အလြဲေတြ ရွိေနေတာ့ ပုံမွန္အရြယ္အစား ရွိရင္ေတာင္ ေသးသလိုလို၊ ေယာက္်ားမပီသေတာ့သလိုလို၊ ကိုယ္ကပဲ လူစဥ္မမီေတာ့သလို သိမ္ငယ္စိတ္ေတြ၊ စိတ္မလုံျခဳံမွုေတြ ျဖစ္လာမယ္။


ေဈးကြက္ထဲမွာကလည္း မၾကာခဏဆိုသလို လိင္တံႀကီးေဆး၊ ထြားေဆးဆိုၿပီး ေရာင္းတဲ့အခါ ပစၥည္းေရာက္ထြက္ဖို့ကို ဦးတည္ၿပီး လိင္တံႀကီးမွ အလုပ္ျဖစ္မယ္ဆိုတဲ့ သတင္းေတြ ေပးပို့ေနတာဆိုေတာ့ ပုရိသေတြအေနနဲ႔ ကိုယ့္ရဲ့ ေမြးရာပါ ဖြားဖက္ေတာ္နဲ႔ ပတ္သက္ၿပီး စိုးရိမ္ပူပန္မွုေတြ ျဖစ္လာမွာေပါ့။


ပုရိသေတြအေနနဲ႔ သိထားသင့္တဲ့အရာေတြ

တကယ္ေတာ့ လိင္တံအရြယ္အစားဆိုတာ ေမြးလာကတည္းက ဘုရားေပးတဲ့ ဆုပါပဲ။ ေဈးကြက္ထဲက ႀကီးေဆး၊ ထြားေဆးေတြ၊ လိင္တံ ေထာင္မတ္ေစတဲ့ စက္ကိရိယာေတြ အမွန္တကယ္အလုပ္ျဖစ္တယ္ဆိုတာ ဘယ္ေဆးပညာဌာနမွလည္း အာမခံခ်က္မ်ိဳး မရွိပါဘူး။


ေနာက္ထပ္တစ္ခ်က္ကေတာ့ ဘဝဟာ ႐ုပ္ရွင္ထဲကလို ပုံျပင္ဇာတ္လမ္း မဆန္ဘူးဆိုတာပါပဲ။ အျပာ႐ုပ္ရွင္ေတြထဲမွာ မင္းသမီးေတြက လိင္တံႀကီးတာကိုမွ သာယာတယ္၊ စိတ္တိုင္းက်တယ္ဆိုၿပီး လိင္စိတ္ကို ထႂကြေစဖို့ သက္သက္ အျမင္ကို ျဖစ္ေစေပမယ့္ တကယ့္လက္ေတြ႕ဘဝ ကိုယ့္ရဲ့ ခ်စ္သူ၊ အိမ္ေထာင္ဖက္ကေတာ့ ဒီလို ထင္ခ်င္မွ ထင္မွာပါ။ လိင္မွုကိစၥမွာ ၂ဦး ၂ဖက္ အျပည့္အဝ စိတ္တိုင္းက်ဖို့၊ လိင္စိတ္ဆႏၵ ၿပီးေျမာက္မွု ျဖစ္ေစဖို့ ဒီ အရြယ္အစားဆိုတာႀကီးက ထင္ထားသေလာက္ အေရးမပါပါဘူးဆိုတာကို ပုရိသတိုင္း သိထားသင့္တယ္ေနာ္။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမွုမ်ားႏွင့္ ကုသမွုမ်ား မျပဳလုပ္ေပးပါ။

No comments: