Saturday, December 5, 2020

အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ

အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ




#ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
#ရေးသားသူ Ye Myo Myat

အမျိုးသားလိင်အင်္ဂါရဲ့ အရေပြားဆိုတာ အရမ်းမနူးညံ့တဲ့တိုင်အောင် ထိခိုက်ပွန်းပဲ့ဖို့ အရမ်းလွယ်ကူပါတယ်။ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတာ၊ တစ်ကိုယ်ရေ အာသာဖြေတဲ့ အကြိမ်ရေအရမ်းများလွန်းတာ၊ ကျပ်သိပ်လွန်းတဲ့ ဘောင်းဘီ၊ အတွင်းခံေတွ ဝတ်တာ၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာတွေကြောင့် အမျိုးသားလိင်တံရဲ့ ထိပ်ဖူး၊ ကိုယ်ထည်နဲ့ ထိပ်ဖုံးအရေပြားမှာ ပွန်းပဲ့ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။

သက်တောင့်သက်သာ မဖြစ်ဘူးဆိုပေမဲ့ ကိုယ်သာ သေချာဂရုစိုက်ပေးမယ်ဆိုရင် ပျောက်ဖို့လွယ်ကူတာကြောင့် အရမ်းတော့ စိတ်ပူစရာမလိုပါဘူး။ ကိုယ့်ဘော်ဒါတွေထဲမှာ မကြာခဏ ငယ်ပါကို ထိခိုက်မိတဲ့သူတွေ ရှိရင် ဒါမှမဟုတ် ကိုယ်တိုင်လည်း ဒီလိုဖြစ်လာခဲ့ရင် ဘာတွေဆောင်ရ၊ ရှောင်ရမလဲဆိုတာကို ဒီဆောင်းပါးဖတ်ကြည့်ရင်း လေ့လာကြရအောင်လား။

လိင်တံအရေပြားကို ထိခိုက်ပွန်းပဲ့စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။
၁။ အရေပြား ပွတ်တိုက်ခံရခြင်းကြောင့် ဖြစ်ခြင်း (Friction Injuries)
ချည်သားမဝတ်ဘဲ နိုင်လွန်သား ဘောင်းဘီတွေ၊ အတွင်းခံတွေ ဝတ်တဲ့အခါ အဝတ်စနဲ့ လိင်တံအရေပြား ထိခိုက်မိပြီး အရေပြားခြောက်သွေ့ကာ ပွန်းပဲ့ခြင်းဖြစ်စေပါတယ်။ လိင်ဆက်ဆံတဲ့အခါ ချောဆီအသုံးမပြုတာ၊ အကြမ်းပတမ်း ထိုးသွင်းဆက်ဆံတာ၊ တစ်ကိုယ်ရေအာသာဖြေတဲ့အချိန် လက်နဲ့ လိင်တံကို အတင်းညှစ်ထားတာ၊ ဘောင်းဘီအကျပ်ဝတ်ပြီး ပြေးတာ၊ စက်ဘီးစီးတာ၊ အားကစားလုပ်တာတွေကြောင့်လည်း ပွန်းပဲ့နိုင်ပါတယ်။

၂။ လိင်တံထိပ်ဖူး ရောင်ရမ်းခြင်း (Balanitis)
လိင်တံထိပ်အရေပြား ဖြတ်မထားတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အကြောင်းရင်းကတော့ ရေချိုးတဲ့အခါ အရေပြားကို နောက်လှန်ဆွဲပြီး ဆေးကြောသန့်ရှင်းမှုမလုပ်တဲ့အတွက် အဖြူရောင်အရိအချွဲတွေ အောင်းနေပြီး ပိုးတွေပွားလာကာ ရောင်ရမ်းခြင်းဖြစ်စေပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံတာ၊ လိင်တံအရေပြားမှာ ဖြစ်တဲ့ အရေပြားပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီရောဂါဖြစ်နေချိန်မှာ လိင်တံရဲ့ ထိပ်ဖူးသည် နီရဲပြီးရောင်ရမ်းနေမယ်၊ ယားယံနေမယ်၊ ဆီးသွားနေစဉ် နာကျင်ခြင်းဖြစ်မယ်၊ အရေပြားက ပုံမှန်ထက်ပိုပြီး ခြောက်သွေ့နေတဲ့အတွက် နည်းနည်းထိခိုက်မိရုံနဲ့ ပွန်းပဲ့စေနိုင်ပါတယ်။

၃။ လိင်တံအရေပြား မှိုစွဲခြင်း (Yeast Infection)
လိင်အင်္ဂါကို သေချာသန့်ရှင်းမှုမလုပ်တဲ့အခါ၊ ပေါင်ခြံတစ်ဝိုက် ချွေးအလွန်အကျွံထွက်တာ၊ မိန်းမကိုယ်မှိုစွဲနေတဲ့ အမျိုးသမီးနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတဲ့အခါ အရေပြားက မှိုစွဲနိုင်ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ လိင်တံအရေပြားပေါ်မှာ အဖြူရောင်အကွက်တွေ ပေါ်လာတာ၊ မှိုစွဲတဲ့နေရာက ယားပြီး ပြောင်လက်လက်၊ စိုလက်လက် ဖြစ်နေတာ၊ နီရဲနေတာ၊ ပူစပ်ပူလောင်ဖြစ်တာတွေကို တွေ့နိုင်ပါတယ်။ မှိုစွဲနေတဲ့ အရေပြားကို ပွတ်တိုက်မိတဲ့အခါ၊ ကုတ်မိတဲ့အခါ၊ ပစ္စည်းတစ်ခုခုနဲ့ ထိခိုက်မိတဲ့အခါမှာလည်း ပွန်းပဲ့ဒဏ်ရာဖြစ်နိုင်ပါတယ်။

၄။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ (STDs)
လိင်အင်္ဂါရေယုန်၊ လိင်အင်္ဂါကြွက်နို့၊ ကာလသားရောဂါ၊ HIV ကူးစက်ခံရတဲ့အခါ လိင်အင်္ဂါရဲ့ အရေပြားက ပွန်းပဲ့ထားသလိုမျိုး နီပြီးယားယံတာမျိုး၊ အင်ပျဉ်ထတာမျိုး တွေ့ရပါတယ်။ လက္ခဏာအရမ်းပြင်းထန်လာတဲ့အခါမှာ လိင်တံရဲ့ အရေပြားက ဟပြီး ပြဲသွားတတ်ပါတယ်။ ပုံမှန်ပွန်းပဲ့ဒဏ်ရာလိုမဟုတ်ဘဲ လိင်မှတစ်ဆင့်ကူးစက်ရောဂါကြောင့် ဖြစ်တဲ့ဒဏ်ရာတွေက အောက်သိုးသိုး အနံ့ထွက်တာ၊ အလွန်အမင်းနာကျင်ပြီး ရောင်ရမ်းနေတာ၊ အဖျားတက်ပြီး ခေါင်းကိုက်တာ၊ အဖုအပိမ့်တွေ ထတာမျိုးတွေပါ တွေ့ရတတ်ပါတယ်။

ဆရာဝန်ပြဖို့လိုအပ်လား။ ဘာလုပ်သင့်လဲ။
ပုံမှန်ပွန်းပဲ့ထိခိုက်တာလောက်နဲ့တော့ ဆရာဝန်နဲ့ပြဖို့ မလိုအပ်ပါဘူး။ အနာဖြစ်ကာစအချိန်ကနေ ပျောက်သွားတဲ့အချိန်ထိ သေချာဂရုစိုက်ပေးမယ်ဆိုရင် ပျောက်ဖို့လည်း လွယ်သလို အနာမရင်းအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

အရင်ဆုံး လက်ကိုဆပ်ပြာနဲ့ သန့်စင်အောင်ဆေးကြောပါ။
ပြီးသွားရင် လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက်ကို ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ပြီး ရေအေးနဲ့ လောင်းချလိုက်ပါ။
ခြောက်အောင် သုတ်ပါ။ သုတ်ပြီးသွားမှ ပိုးသတ်လိမ်းဆေး တစ်မျိုးမျိုး လိမ်းထားပါ။
ဒဏ်ရာနည်းနည်းကြီးရင် ပလာစတာကပ်ပါ။ အနာသေးရင် မကပ်လည်းရပါတယ်။
ပလာစတာ ကပ်ထားရင် တစ်နေ့တစ်ကြိမ် သို့မဟုတ် ရေချိုးပြီးတိုင်း အသစ်တစ်ခုလဲပါ။
လက်နဲ့ အနာနဲ့ မထိအောင်၊ မကုတ်မိအောင် ဂရုစိုက်ပါ။
လက်နဲ့အာသာဖြေတာ၊ အကာအကွယ်မဲ့လိင်ဆက်ဆံတာကို တတ်နိုင်သလောက် ရှောင်ပါ။
ပုံမှန်အားဖြင့် ဒီလိုပွန်းပဲ့ဒဏ်ရာမျိုးက တစ်ပတ် ၂ပတ်အတွင်း သေချာဂရုစိုက်ပေးမယ်ဆိုရင် ပျောက်တာမြန်ပါတယ်။ လုံးဝမသက်သာတာ၊ အနာကနေ ပြည်တွေထွက်ပြီး တဆစ်ဆစ်နဲ့ ကိုက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာသွားပြကြည့်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။


(Zawgyi)

အမ်ိဳးသားမ်ား လိင္အဂၤါတြင္ ပြန္းပဲ့ထိခိုက္မိတဲ့အခါ




#ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

#ေရးသားသူ Ye Myo Myat


အမ်ိဳးသားလိင္အဂၤါရဲ႕ အေရျပားဆိုတာ အရမ္းမႏူးညံ့တဲ့တိုင္ေအာင္ ထိခိုက္ပြန္းပဲ့ဖို႔ အရမ္းလြယ္ကူပါတယ္။ ၾကမ္းၾကမ္းတမ္းတမ္း လိင္ဆက္ဆံတာ၊ တစ္ကိုယ္ေရ အာသာေျဖတဲ့ အႀကိမ္ေရအရမ္းမ်ားလြန္းတာ၊ က်ပ္သိပ္လြန္းတဲ့ ေဘာင္းဘီ၊ အတြင္းခံေတြ ဝတ္တာ၊ ေလ့က်င့္ခန္း အျပင္းအထန္လုပ္တာေတြေၾကာင့္ အမ်ိဳးသားလိင္တံရဲ႕ ထိပ္ဖူး၊ ကိုယ္ထည္နဲ႔ ထိပ္ဖုံးအေရျပားမွာ ပြန္းပဲ့ထိခိုက္ဒဏ္ရာ ရႏိုင္ပါတယ္။


သက္ေတာင့္သက္သာ မျဖစ္ဘူးဆိုေပမဲ့ ကိုယ္သာ ေသခ်ာဂ႐ုစိုက္ေပးမယ္ဆိုရင္ ေပ်ာက္ဖို႔လြယ္ကူတာေၾကာင့္ အရမ္းေတာ့ စိတ္ပူစရာမလိုပါဘူး။ ကိုယ့္ေဘာ္ဒါေတြထဲမွာ မၾကာခဏ ငယ္ပါကို ထိခိုက္မိတဲ့သူေတြ ရွိရင္ ဒါမွမဟုတ္ ကိုယ္တိုင္လည္း ဒီလိုျဖစ္လာခဲ့ရင္ ဘာေတြေဆာင္ရ၊ ေရွာင္ရမလဲဆိုတာကို ဒီေဆာင္းပါးဖတ္ၾကည့္ရင္း ေလ့လာၾကရေအာင္လား။


လိင္တံအေရျပားကို ထိခိုက္ပြန္းပဲ့ေစတဲ့ အေၾကာင္းရင္းေတြက ဘာေတြလဲ။

၁။ အေရျပား ပြတ္တိုက္ခံရျခင္းေၾကာင့္ ျဖစ္ျခင္း (Friction Injuries)

ခ်ည္သားမဝတ္ဘဲ ႏိုင္လြန္သား ေဘာင္းဘီေတြ၊ အတြင္းခံေတြ ဝတ္တဲ့အခါ အဝတ္စနဲ႔ လိင္တံအေရျပား ထိခိုက္မိၿပီး အေရျပားေျခာက္ေသြ႕ကာ ပြန္းပဲ့ျခင္းျဖစ္ေစပါတယ္။ လိင္ဆက္ဆံတဲ့အခါ ေခ်ာဆီအသုံးမျပဳတာ၊ အၾကမ္းပတမ္း ထိုးသြင္းဆက္ဆံတာ၊ တစ္ကိုယ္ေရအာသာေျဖတဲ့အခ်ိန္ လက္နဲ႔ လိင္တံကို အတင္းညႇစ္ထားတာ၊ ေဘာင္းဘီအက်ပ္ဝတ္ၿပီး ေျပးတာ၊ စက္ဘီးစီးတာ၊ အားကစားလုပ္တာေတြေၾကာင့္လည္း ပြန္းပဲ့ႏိုင္ပါတယ္။


၂။ လိင္တံထိပ္ဖူး ေရာင္ရမ္းျခင္း (Balanitis)

လိင္တံထိပ္အေရျပား ျဖတ္မထားတဲ့ အမ်ိဳးသားေတြမွာ ပိုအျဖစ္မ်ားပါတယ္။ အေၾကာင္းရင္းကေတာ့ ေရခ်ိဳးတဲ့အခါ အေရျပားကို ေနာက္လွန္ဆြဲၿပီး ေဆးေၾကာသန႔္ရွင္းမႈမလုပ္တဲ့အတြက္ အျဖဴေရာင္အရိအခြၽဲေတြ ေအာင္းေနၿပီး ပိုးေတြပြားလာကာ ေရာင္ရမ္းျခင္းျဖစ္ေစပါတယ္။ အကာအကြယ္မဲ့လိင္ဆက္ဆံတာ၊ လိင္တံအေရျပားမွာ ျဖစ္တဲ့ အေရျပားျပႆနာေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒီေရာဂါျဖစ္ေနခ်ိန္မွာ လိင္တံရဲ႕ ထိပ္ဖူးသည္ နီရဲၿပီးေရာင္ရမ္းေနမယ္၊ ယားယံေနမယ္၊ ဆီးသြားေနစဥ္ နာက်င္ျခင္းျဖစ္မယ္၊ အေရျပားက ပုံမွန္ထက္ပိုၿပီး ေျခာက္ေသြ႕ေနတဲ့အတြက္ နည္းနည္းထိခိုက္မိ႐ုံနဲ႔ ပြန္းပဲ့ေစႏိုင္ပါတယ္။


၃။ လိင္တံအေရျပား မႈိစြဲျခင္း (Yeast Infection)

လိင္အဂၤါကို ေသခ်ာသန႔္ရွင္းမႈမလုပ္တဲ့အခါ၊ ေပါင္ၿခံတစ္ဝိုက္ ေခြၽးအလြန္အကြၽံထြက္တာ၊ မိန္းမကိုယ္မႈိစြဲေနတဲ့ အမ်ိဳးသမီးနဲ႔ အကာအကြယ္မပါဘဲ လိင္ဆက္ဆံတဲ့အခါ အေရျပားက မႈိစြဲႏိုင္ပါတယ္။ ေရာဂါလကၡဏာအေနနဲ႔ လိင္တံအေရျပားေပၚမွာ အျဖဴေရာင္အကြက္ေတြ ေပၚလာတာ၊ မႈိစြဲတဲ့ေနရာက ယားၿပီး ေျပာင္လက္လက္၊ စိုလက္လက္ ျဖစ္ေနတာ၊ နီရဲေနတာ၊ ပူစပ္ပူေလာင္ျဖစ္တာေတြကို ေတြ႕ႏိုင္ပါတယ္။ မႈိစြဲေနတဲ့ အေရျပားကို ပြတ္တိုက္မိတဲ့အခါ၊ ကုတ္မိတဲ့အခါ၊ ပစၥည္းတစ္ခုခုနဲ႔ ထိခိုက္မိတဲ့အခါမွာလည္း ပြန္းပဲ့ဒဏ္ရာျဖစ္ႏိုင္ပါတယ္။


၄။ လိင္မွတစ္ဆင့္ ကူးစက္ေရာဂါေတြ (STDs)

လိင္အဂၤါေရယုန္၊ လိင္အဂၤါႂကြက္ႏို႔၊ ကာလသားေရာဂါ၊ HIV ကူးစက္ခံရတဲ့အခါ လိင္အဂၤါရဲ႕ အေရျပားက ပြန္းပဲ့ထားသလိုမ်ိဳး နီၿပီးယားယံတာမ်ိဳး၊ အင္ပ်ဥ္ထတာမ်ိဳး ေတြ႕ရပါတယ္။ လကၡဏာအရမ္းျပင္းထန္လာတဲ့အခါမွာ လိင္တံရဲ႕ အေရျပားက ဟၿပီး ၿပဲသြားတတ္ပါတယ္။ ပုံမွန္ပြန္းပဲ့ဒဏ္ရာလိုမဟုတ္ဘဲ လိင္မွတစ္ဆင့္ကူးစက္ေရာဂါေၾကာင့္ ျဖစ္တဲ့ဒဏ္ရာေတြက ေအာက္သိုးသိုး အနံ႔ထြက္တာ၊ အလြန္အမင္းနာက်င္ၿပီး ေရာင္ရမ္းေနတာ၊ အဖ်ားတက္ၿပီး ေခါင္းကိုက္တာ၊ အဖုအပိမ့္ေတြ ထတာမ်ိဳးေတြပါ ေတြ႕ရတတ္ပါတယ္။


ဆရာဝန္ျပဖို႔လိုအပ္လား။ ဘာလုပ္သင့္လဲ။

ပုံမွန္ပြန္းပဲ့ထိခိုက္တာေလာက္နဲ႔ေတာ့ ဆရာဝန္နဲ႔ျပဖို႔ မလိုအပ္ပါဘူး။ အနာျဖစ္ကာစအခ်ိန္ကေန ေပ်ာက္သြားတဲ့အခ်ိန္ထိ ေသခ်ာဂ႐ုစိုက္ေပးမယ္ဆိုရင္ ေပ်ာက္ဖို႔လည္း လြယ္သလို အနာမရင္းေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။


အရင္ဆုံး လက္ကိုဆပ္ျပာနဲ႔ သန႔္စင္ေအာင္ေဆးေၾကာပါ။

ၿပီးသြားရင္ လိင္အဂၤါနဲ႔ ေပါင္ၿခံတစ္ဝိုက္ကို ဆပ္ျပာနဲ႔ ေသခ်ာတိုက္ခြၽတ္ၿပီး ေရေအးနဲ႔ ေလာင္းခ်လိုက္ပါ။

ေျခာက္ေအာင္ သုတ္ပါ။ သုတ္ၿပီးသြားမွ ပိုးသတ္လိမ္းေဆး တစ္မ်ိဳးမ်ိဳး လိမ္းထားပါ။

ဒဏ္ရာနည္းနည္းႀကီးရင္ ပလာစတာကပ္ပါ။ အနာေသးရင္ မကပ္လည္းရပါတယ္။

ပလာစတာ ကပ္ထားရင္ တစ္ေန႔တစ္ႀကိမ္ သို႔မဟုတ္ ေရခ်ိဳးၿပီးတိုင္း အသစ္တစ္ခုလဲပါ။

လက္နဲ႔ အနာနဲ႔ မထိေအာင္၊ မကုတ္မိေအာင္ ဂ႐ုစိုက္ပါ။

လက္နဲ႔အာသာေျဖတာ၊ အကာအကြယ္မဲ့လိင္ဆက္ဆံတာကို တတ္ႏိုင္သေလာက္ ေရွာင္ပါ။

ပုံမွန္အားျဖင့္ ဒီလိုပြန္းပဲ့ဒဏ္ရာမ်ိဳးက တစ္ပတ္ ၂ပတ္အတြင္း ေသခ်ာဂ႐ုစိုက္ေပးမယ္ဆိုရင္ ေပ်ာက္တာျမန္ပါတယ္။ လုံးဝမသက္သာတာ၊ အနာကေန ျပည္ေတြထြက္ၿပီး တဆစ္ဆစ္နဲ႔ ကိုက္ေနတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ ေသခ်ာသြားျပၾကည့္သင့္ပါတယ္။


Hello Health Group သည္ ေဆးပညာဆိုင္ရာ အႀကံေပးခ်က္မ်ား၊ ေရာဂါရွာေဖြျခင္းႏွင့္ ကုသျခင္းမ်ား မျပဳလုပ္ပါ။


2 comments:

Unknown said...

လိမ်းဆေးနာမည်လေးပြောပြပေးပါခင်ဗျာ

Alex Aung said...

Kalbe Pharmaceutical ကထုတ်တဲ့ Bioplacenton (Placenta extract, Neomycin Sulphate) Jelly လိမ်းဆေးလေးပါ။ ထိခိုက်ရှနာ၊ မီးပူဆီပူလောင်လည်း လိမ်းလို့ရပါတယ်။