Monday, May 10, 2021

ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား




ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Ye Zon Aung



အမျိုးသားတိုင်းမှာ စွမ်းဆောင်ရည်ပြည့်ဝပြီး အရွယ်အစားလည်း မသေးငယ်လှတဲ့ လိင်အင်္ဂါမျိုးကို ပိုင်ဆိုင်လိုကြတဲ့ ဆန္ဒအာသီသ ရှိတတ်ကြပါတယ်။ အိပ်ယာပေါ်မှာ စွမ်းဆောင်ရည်ကောင်းတာ၊ စွဲမက်ဖွယ်လို့ သူတို့ဟာ သူတို့ ထင်မြင်ယူဆကြတဲ့ ကျားအင်္ဂါမျိုးကို ပိုင်ဆိုင်ထားတာမျိုးကို သိပ်ကို ဂုဏ်ယူတတ်ကြသူတွေဆိုပါတော့။


ဒီတော့ သူတို့ရဲ့ ဖွားဘက်တော်လေးကို ရှိနေတဲ့အခြေအနေထက် ပိုပြီးကြီးထွားအောင် အချိန်ကြာကြာစွမ်းဆောင်နိုင်စေအောင် ကူညီပေးနိုင်မယ့် နည်းလမ်းမျိုးတွေဆိုရင် အမြဲစိတ်ဝင်စားတတ်ကြပါတယ်။ ဒီလိုဖြစ်အောင် လုပ်ပေးနိုင်တယ်ဆိုတဲ့ ဆေးဝါးတွေ ဓာတ်စာတွေ ဆေးမြီးတိုတွေကလည်း ဒီခေတ်မှာ ပေါ်ပေါက်လာကြတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ သမိုင်းဦးခေတ်တွေကတည်းက ဒီလို နည်းလမ်းတွေ ရှိခဲ့ကြတာပါ။


ဒီကနေ့ခေတ် ခေတ်မှီဆေးဝါးတွေ ပေါ်ထွက်လာတဲ့ ခေတ်မှာလည်း အမျိုးသားအင်္ဂါကြီးဆေးတွေ၊ ကြာဆေးတွေက အမျိုးမျိုး ပေါ်ထွက်လာနေဆဲပါပဲ။ ရောင်းအားတွေလည်း ကောင်းနေဆဲပါပဲ။


နည်းလမ်းပေါင်းမြောက်များစွာထဲမှာ ဒီဘက်ပိုင်းနှစ်အနည်းငယ်အတွင်းမှာ လူသိများလာပြီး အသုံးလည်းများလာတာက P-Shot လို့ခေါ်တဲ့ ဆေးထိုးတဲ့ နည်းလမ်းဖြစ်ပါတယ်။ P-Shot ဆိုတာက သွေးတွင်းက platelet-rich plasma (PRP) ကိုရယူပြီး လိင်အင်္ဂါဆီ ထိုးသွင်းတာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အမျိုးသားတွေရဲ့ လိင်အင်္ဂါပိုမိုဖွံ့ထွားစေနိုင်ပြီး စွမ်းဆောင်ရည်လည်း မြင့်တက်စေတယ်လို့ ဆိုပါတယ်။


P-Shot ကုထုံးဆိုတာ ဘာလဲ

P-Shot Treatment တွေဟာ နိုင်ငံတကာမှာတော့ အရမ်းကို ခေတ်စားနေတဲ့ ကုထုံးတစ်မျိုးပါ။ ဆီလီကွန်တွေ ဟော်မုန်းဆေးတွေထိုးပေးတာမျိုးတော့ မဟုတ်ပါဘူး။


လူနာရဲ့ သွေးကိုထုတ်ယူပေါင်းခံပြီး သွေးရည်ကြည်ထုတ်ယူကာ Stem Cell နဲ့ ပေါင်းစပ်ပြီး ထိုးနှံပေးတာဖြစ်ပါတယ်။ အကျိုးကျေးဇူးအနေနဲ့တော့


လိင်အင်္ဂါ တုတ်ခိုင်ကြီးထွားပြီး ရှည်လာမယ်

လိင်ဆက်ဆံတဲ့အခါ တောင်မတ်နိုင်တဲ့စွမ်း မြင့်မားလာမယ်

လိင်အင်္ဂါမှာ သွေးလည်ပတ်မှုအား ပိုကောင်းလာတာကြောင့် လိင်ဆက်ဆံတဲ့အခါ ခံစားမှုအား အရမ်းကောင်းလာမယ်

ပန်းသေပန်းညှိုးဖြစ်နေမယ်ဆိုရင် ပြန်လည်သန်စွမ်းလာစေနိုင်မယ်

Lichen sclerosus၊ Peyronie’s disease တွေလိုမျိုး လိင်အင်္ဂါနဲ့သက်ဆိုင်တဲ့ ရောဂါတွေကို ကုစားပေးနိုင်တယ်

Rejuvenation Effect ပါပါတဲ့အတွက် လိင်အင်္ဂါအရောင်အဆင်း ကြည့်ကောင်းလာစေမယ် လို့ ဆိုပါတယ်။

ဒါတွေကတော့ P-Shot ရဲ့ ကောင်းကျိုးတွေဆိုပါတော့။ အဓိက အကျိုးကျေးဇူးက ကြီးထွားပြီး တောင်မတ်နိုင်စွမ်း အားကောင်းလာတာလို့ ပညာရှင်တွေကတော့ ဆိုထားပါတယ်။


ဆေးထိုးတာက မြန်သလို ချက်ခြင်းသာမန်လူလိုနေထိုင်သွားလာလို့ ရတယ်ဆိုတာပါပဲ။ ဆေးထိုးကြရာမှာလည်း အပ်သေးသေးနဲ့ထိုးတာမို့ သိသိသာသာနာကျင်တာမျိုး ဖြစ်တာနည်းပါတယ်။


ကနဦး ရလဒ်ကို ၂၄ နာရီတွင်း မြင်နိုင်သလို ၃ ကြိမ်ကနေ ၆ ကြိမ်လောက်အထိ ထိုးနှံပြီးချိန်မှာတော့ သိသာထင်ရှားတဲ့ရလဒ်တွေ ရလာမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။ ၁ လ ဒါမှမဟုတ် ၂ လ ဝန်းကျင်အကြာမှာ အကောင်းဆုံး အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်လာမှာပါတဲ့။


P-Shot မှာ ဘေးထွက်ဆိုးကျိုးရှိသလား

P-Shot ဟာ ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ ဆိုကြပေမယ့် တကယ်တမ်းတော့ ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိတာထက် နည်းပါးတာသာဖြစ်ပါတယ်။ P-Shot Treatment ခံယူကြသူတွေမှာ အနည်းအကျဉ်းအားဖြင့် ဘေးထွက်ဆိုးကျိုး ခံစားကြရတာမျိုး ကြုံရတတ်ပါတယ်။ လူတိုင်းမဟုတ်ပေမယ့် တချို့တွေမှာ ခံစားကြရတာပါ။


Treatment ယူပြီး ၄ ရက်နဲ့ ၆ ရက်ဝန်းကျင်လောက်အထိ ဘေးထွက်ဆိုးကျိုးတချို့ကို ခံစားရတတ်ပါတယ်။ အများဆုံးဖြစ်တာကတော့


လိင်အင်္ဂါမှာ အနီစက်တွေ အနီကွက်တွေ ထွက်လာတာ၊

ဆေးထိုးထားတဲ့နေရာမှာ အညိုအမဲတွေစွဲလာတာ၊

ဖွားဘက်တော် ဖောရောင်တာ၊

ပိုးဝင်တာ၊

အမာရွတ်ကြီး ကျန်ခဲ့တာ၊

ရေယုန်ရောဂါပိုး (Herpes simplex virus) ရှိရင် သို့ ရေယုန်ပေါက်ဖူးရင် ပိုဆိုးစေတာတွေပါပဲ။

P-Shot Treatment ယူသင့်/မယူသင့်

P-Shot Treatment ယူမယ်ဆိုရင် စဉ်းစားသင့်တာတွေ ရှိပါတယ်။ အထက်မှာပြောခဲ့သလို ရေယုန်ပေါက်ဖူးတယ်ဆိုရင် သတိထားဖို့ လိုတယ်ဆိုတာမျိုးပေါ့။ ဒါကြောင့် ကျန်းမာရေးစစ်ဆေးမှုကို တိတိကျကျလုပ်ဖို့လည်း လိုအပ်ပါတယ်။ သွေး၊ ပလက်စမာနဲ့ Platelets တို့ကို အဓိက စစ်ဆေးရမှာပါ။


အဓိကအားဖြင့် ဆရာဝန်တွေက ညွှန်ကြားတာကတော့ P-Shot မထိုးခင် ဆန်းစစ်ရမှာက ကိုယ်တိုင်သာမက ကိုယ်ဆေးထိုးမယ့် ဆေးခန်း၊ လုပ်ငန်းဌာနရဲ့ စိတ်ချရမှုပါတဲ့။ စိတ်ချရမှုမရှိရင် ကိုယ့်အတွက် အန္တရာယ်အလွန်များပါတယ်တဲ့။ ဘာကြောင့်လဲဆိုရင်တော့ စနစ်တကျမလုပ်ဆောင်ရင် ပိုးကူးစက်မှုတွေ အများဆုံးဖြစ်တတ်လို့ပါပဲ။


P-Shot နဲ့ ပတ်သက်ပြီး ကျန်းမာရေးအသိုင်းအဝိုင်းက ထောက်ပြနေတာက ပိုပြီးတိကျခိုင်မာတဲ့ အထောက်အထားတွေ လိုအပ်နေသေးတယ်ဆိုတဲ့ အချက်ပါ။

ဒါနဲ့ပတ်သတ်လို့ သုတေသနတွေလည်း တော်တော်နည်းပါးနေပါသေးတယ်။


စိတ်ဝင်စားမှုရှိတယ်ဆိုရင် စမ်းသပ်နိုင်ပေမယ့် ကျွမ်းကျင်သူတွေနဲ့ ကနဦးတိုင်ပင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် သီးခြားလွတ်လပ်ပြီး ကိုယ်ဆေးထိုးမယ့် နေရာကမဟုတ်တဲ့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။


နောက်တစ်ချက်ကတော့ လိင်အင်္ဂါတောင်မတ်မှုနဲ့ လိင်စိတ်ခံစားချက်ဟာ ဟိုမုန်း၊ သွေးစီးဆင်းမှု၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ၊ စိတ်ကျန်းမာရေးနဲ့ စိတ်ခံစားချက်တွေနဲ့ တိုက်ရိုက်ပတ်သက်နေတတ်တာဖြစ်တာမို့ တစ်ခါတစ်ရံမှာ မလိုအပ်ပဲ ထိုးနှံတာမျိုးမဖြစ်စေဖို့ ဖြစ်ပါတယ်။


တကယ်လို့ P-Shot ထိုးပြီးတာတောင်မှာ သင့်မှာ ဘာအကျိုးရလဒ်မှမပြဘူးဆိုရင်တော့ လိင်ဆေးပညာကျွမ်းကျင်သူတွေ၊ စိတ်ပညာရှင်တွေနဲ့ တိုင်ပင်နှီးနှောဖို့ မဖြစ်မနေလိုအပ်နေပြီဆိုတာကိုလည်း သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

(Zawgyi)


ဖြားဘက္ေတာ္ေလး ထြားဖို႔ သန္ဖို႔ P-Shot ေဆးထိုးသင့္သလား



ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Phyo Wai Lynn
ေရးသားသူ Ye Zon Aung


အမ်ိဳးသားတိုင္းမွာ စြမ္းေဆာင္ရည္ျပည့္ဝၿပီး အ႐ြယ္အစားလည္း မေသးငယ္လွတဲ့ လိင္အဂၤါမ်ိဳးကို ပိုင္ဆိုင္လိုၾကတဲ့ ဆႏၵအာသီသ ရွိတတ္ၾကပါတယ္။ အိပ္ယာေပၚမွာ စြမ္းေဆာင္ရည္ေကာင္းတာ၊ စြဲမက္ဖြယ္လို႔ သူတို႔ဟာ သူတို႔ ထင္ျမင္ယူဆၾကတဲ့ က်ားအဂၤါမ်ိဳးကို ပိုင္ဆိုင္ထားတာမ်ိဳးကို သိပ္ကို ဂုဏ္ယူတတ္ၾကသူေတြဆိုပါေတာ့။

ဒီေတာ့ သူတို႔ရဲ႕ ဖြားဘက္ေတာ္ေလးကို ရွိေနတဲ့အေျခအေနထက္ ပိုၿပီးႀကီးထြားေအာင္ အခ်ိန္ၾကာၾကာစြမ္းေဆာင္ႏိုင္ေစေအာင္ ကူညီေပးႏိုင္မယ့္ နည္းလမ္းမ်ိဳးေတြဆိုရင္ အၿမဲစိတ္ဝင္စားတတ္ၾကပါတယ္။ ဒီလိုျဖစ္ေအာင္ လုပ္ေပးႏိုင္တယ္ဆိုတဲ့ ေဆးဝါးေတြ ဓာတ္စာေတြ ေဆးၿမီးတိုေတြကလည္း ဒီေခတ္မွာ ေပၚေပါက္လာၾကတာမဟုတ္ပါဘူး။ လြန္ခဲ့တဲ့ သမိုင္းဦးေခတ္ေတြကတည္းက ဒီလို နည္းလမ္းေတြ ရွိခဲ့ၾကတာပါ။

ဒီကေန႔ေခတ္ ေခတ္မွီေဆးဝါးေတြ ေပၚထြက္လာတဲ့ ေခတ္မွာလည္း အမ်ိဳးသားအဂၤါႀကီးေဆးေတြ၊ ၾကာေဆးေတြက အမ်ိဳးမ်ိဳး ေပၚထြက္လာေနဆဲပါပဲ။ ေရာင္းအားေတြလည္း ေကာင္းေနဆဲပါပဲ။

နည္းလမ္းေပါင္းေျမာက္မ်ားစြာထဲမွာ ဒီဘက္ပိုင္းႏွစ္အနည္းငယ္အတြင္းမွာ လူသိမ်ားလာၿပီး အသုံးလည္းမ်ားလာတာက P-Shot လို႔ေခၚတဲ့ ေဆးထိုးတဲ့ နည္းလမ္းျဖစ္ပါတယ္။ P-Shot ဆိုတာက ေသြးတြင္းက platelet-rich plasma (PRP) ကိုရယူၿပီး လိင္အဂၤါဆီ ထိုးသြင္းတာျဖစ္ပါတယ္။ ဒီနည္းလမ္းဟာ အမ်ိဳးသားေတြရဲ႕ လိင္အဂၤါပိုမိုဖြံ႕ထြားေစႏိုင္ၿပီး စြမ္းေဆာင္ရည္လည္း ျမင့္တက္ေစတယ္လို႔ ဆိုပါတယ္။

P-Shot ကုထုံးဆိုတာ ဘာလဲ
P-Shot Treatment ေတြဟာ ႏိုင္ငံတကာမွာေတာ့ အရမ္းကို ေခတ္စားေနတဲ့ ကုထုံးတစ္မ်ိဳးပါ။ ဆီလီကြန္ေတြ ေဟာ္မုန္းေဆးေတြထိုးေပးတာမ်ိဳးေတာ့ မဟုတ္ပါဘူး။

လူနာရဲ႕ ေသြးကိုထုတ္ယူေပါင္းခံၿပီး ေသြးရည္ၾကည္ထုတ္ယူကာ Stem Cell နဲ႔ ေပါင္းစပ္ၿပီး ထိုးႏွံေပးတာျဖစ္ပါတယ္။ အက်ိဳးေက်းဇူးအေနနဲ႔ေတာ့

လိင္အဂၤါ တုတ္ခိုင္ႀကီးထြားၿပီး ရွည္လာမယ္
လိင္ဆက္ဆံတဲ့အခါ ေတာင္မတ္ႏိုင္တဲ့စြမ္း ျမင့္မားလာမယ္
လိင္အဂၤါမွာ ေသြးလည္ပတ္မႈအား ပိုေကာင္းလာတာေၾကာင့္ လိင္ဆက္ဆံတဲ့အခါ ခံစားမႈအား အရမ္းေကာင္းလာမယ္
ပန္းေသပန္းညႇိဳးျဖစ္ေနမယ္ဆိုရင္ ျပန္လည္သန္စြမ္းလာေစႏိုင္မယ္
Lichen sclerosus၊ Peyronie’s disease ေတြလိုမ်ိဳး လိင္အဂၤါနဲ႔သက္ဆိုင္တဲ့ ေရာဂါေတြကို ကုစားေပးႏိုင္တယ္
Rejuvenation Effect ပါပါတဲ့အတြက္ လိင္အဂၤါအေရာင္အဆင္း ၾကည့္ေကာင္းလာေစမယ္ လို႔ ဆိုပါတယ္။
ဒါေတြကေတာ့ P-Shot ရဲ႕ ေကာင္းက်ိဳးေတြဆိုပါေတာ့။ အဓိက အက်ိဳးေက်းဇူးက ႀကီးထြားၿပီး ေတာင္မတ္ႏိုင္စြမ္း အားေကာင္းလာတာလို႔ ပညာရွင္ေတြကေတာ့ ဆိုထားပါတယ္။

ေဆးထိုးတာက ျမန္သလို ခ်က္ျခင္းသာမန္လူလိုေနထိုင္သြားလာလို႔ ရတယ္ဆိုတာပါပဲ။ ေဆးထိုးၾကရာမွာလည္း အပ္ေသးေသးနဲ႔ထိုးတာမို႔ သိသိသာသာနာက်င္တာမ်ိဳး ျဖစ္တာနည္းပါတယ္။

ကနဦး ရလဒ္ကို ၂၄ နာရီတြင္း ျမင္ႏိုင္သလို ၃ ႀကိမ္ကေန ၆ ႀကိမ္ေလာက္အထိ ထိုးႏွံၿပီးခ်ိန္မွာေတာ့ သိသာထင္ရွားတဲ့ရလဒ္ေတြ ရလာမွာျဖစ္ပါတယ္လို႔ ဆိုပါတယ္။ ၁ လ ဒါမွမဟုတ္ ၂ လ ဝန္းက်င္အၾကာမွာ အေကာင္းဆုံး အေျခအေနတစ္ရပ္ကို ပိုင္ဆိုင္လာမွာပါတဲ့။

P-Shot မွာ ေဘးထြက္ဆိုးက်ိဳးရွိသလား
P-Shot ဟာ ေဘးထြက္ဆိုးက်ိဳးမရွိဘူးလို႔ ဆိုၾကေပမယ့္ တကယ္တမ္းေတာ့ ရွိပါတယ္။ ေဘးထြက္ဆိုးက်ိဳးမရွိတာထက္ နည္းပါးတာသာျဖစ္ပါတယ္။ P-Shot Treatment ခံယူၾကသူေတြမွာ အနည္းအက်ဥ္းအားျဖင့္ ေဘးထြက္ဆိုးက်ိဳး ခံစားၾကရတာမ်ိဳး ႀကဳံရတတ္ပါတယ္။ လူတိုင္းမဟုတ္ေပမယ့္ တခ်ိဳ႕ေတြမွာ ခံစားၾကရတာပါ။

Treatment ယူၿပီး ၄ ရက္နဲ႔ ၆ ရက္ဝန္းက်င္ေလာက္အထိ ေဘးထြက္ဆိုးက်ိဳးတခ်ိဳ႕ကို ခံစားရတတ္ပါတယ္။ အမ်ားဆုံးျဖစ္တာကေတာ့

လိင္အဂၤါမွာ အနီစက္ေတြ အနီကြက္ေတြ ထြက္လာတာ၊
ေဆးထိုးထားတဲ့ေနရာမွာ အညိဳအမဲေတြစြဲလာတာ၊
ဖြားဘက္ေတာ္ ေဖာေရာင္တာ၊
ပိုးဝင္တာ၊
အမာ႐ြတ္ႀကီး က်န္ခဲ့တာ၊
ေရယုန္ေရာဂါပိုး (Herpes simplex virus) ရွိရင္ သို႔ ေရယုန္ေပါက္ဖူးရင္ ပိုဆိုးေစတာေတြပါပဲ။
P-Shot Treatment ယူသင့္/မယူသင့္
P-Shot Treatment ယူမယ္ဆိုရင္ စဥ္းစားသင့္တာေတြ ရွိပါတယ္။ အထက္မွာေျပာခဲ့သလို ေရယုန္ေပါက္ဖူးတယ္ဆိုရင္ သတိထားဖို႔ လိုတယ္ဆိုတာမ်ိဳးေပါ့။ ဒါေၾကာင့္ က်န္းမာေရးစစ္ေဆးမႈကို တိတိက်က်လုပ္ဖို႔လည္း လိုအပ္ပါတယ္။ ေသြး၊ ပလက္စမာနဲ႔ Platelets တို႔ကို အဓိက စစ္ေဆးရမွာပါ။

အဓိကအားျဖင့္ ဆရာဝန္ေတြက ၫႊန္ၾကားတာကေတာ့ P-Shot မထိုးခင္ ဆန္းစစ္ရမွာက ကိုယ္တိုင္သာမက ကိုယ္ေဆးထိုးမယ့္ ေဆးခန္း၊ လုပ္ငန္းဌာနရဲ႕ စိတ္ခ်ရမႈပါတဲ့။ စိတ္ခ်ရမႈမရွိရင္ ကိုယ့္အတြက္ အႏၲရာယ္အလြန္မ်ားပါတယ္တဲ့။ ဘာေၾကာင့္လဲဆိုရင္ေတာ့ စနစ္တက်မလုပ္ေဆာင္ရင္ ပိုးကူးစက္မႈေတြ အမ်ားဆုံးျဖစ္တတ္လို႔ပါပဲ။

P-Shot နဲ႔ ပတ္သက္ၿပီး က်န္းမာေရးအသိုင္းအဝိုင္းက ေထာက္ျပေနတာက ပိုၿပီးတိက်ခိုင္မာတဲ့ အေထာက္အထားေတြ လိုအပ္ေနေသးတယ္ဆိုတဲ့ အခ်က္ပါ။
ဒါနဲ႔ပတ္သတ္လို႔ သုေတသနေတြလည္း ေတာ္ေတာ္နည္းပါးေနပါေသးတယ္။

စိတ္ဝင္စားမႈရွိတယ္ဆိုရင္ စမ္းသပ္ႏိုင္ေပမယ့္ ကြၽမ္းက်င္သူေတြနဲ႔ ကနဦးတိုင္ပင္ဖို႔ လိုအပ္ပါတယ္။ အထူးသျဖင့္ သီးျခားလြတ္လပ္ၿပီး ကိုယ္ေဆးထိုးမယ့္ ေနရာကမဟုတ္တဲ့ ကြၽမ္းက်င္သူေတြနဲ႔ တိုင္ပင္ဖို႔ လိုအပ္ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ လိင္အဂၤါေတာင္မတ္မႈနဲ႔ လိင္စိတ္ခံစားခ်က္ဟာ ဟိုမုန္း၊ ေသြးစီးဆင္းမႈ၊ ႐ုပ္ပိုင္းဆိုင္ရာ အေျခအေန၊ စိတ္က်န္းမာေရးနဲ႔ စိတ္ခံစားခ်က္ေတြနဲ႔ တိုက္႐ိုက္ပတ္သက္ေနတတ္တာျဖစ္တာမို႔ တစ္ခါတစ္ရံမွာ မလိုအပ္ပဲ ထိုးႏွံတာမ်ိဳးမျဖစ္ေစဖို႔ ျဖစ္ပါတယ္။

တကယ္လို႔ P-Shot ထိုးၿပီးတာေတာင္မွာ သင့္မွာ ဘာအက်ိဳးရလဒ္မွမျပဘူးဆိုရင္ေတာ့ လိင္ေဆးပညာကြၽမ္းက်င္သူေတြ၊ စိတ္ပညာရွင္ေတြနဲ႔ တိုင္ပင္ႏွီးေႏွာဖို႔ မျဖစ္မေနလိုအပ္ေနၿပီဆိုတာကိုလည္း သိထားဖို႔ လိုအပ္မွာျဖစ္ပါတယ္။

Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: