Tuesday, May 18, 2021

လိင်တူကြိုက်နှစ်သက်သူအမျိုးသမီးများအတွက်

 [Unicode]လိင်တူကြိုက်နှစ်သက်သူအမျိုးသမီးများအတွက် ကျန်းမာရေးသတိပေးချက်အချို့




(Health issues for lesbians and women who have sex with women)


#Lesbians

#Women_who_have_sex_with_women

#STDs

#Sexual_Minority_Women


(ထူးထူးခြားခြားလိင်စိတ်တိမ်းညွှတ်မှု အမျိုးအမည်ပေါင်းအများကြီးရှိတယ်ဆိုတာ သိသော်လည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှု ရင်းနှီးပြီး သား အမျိုးသမီးခြင်းကြိုက်နှစ်သက်သူ Lesbian တွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အထူးပြုရေးသားမျှဝေတဲ့ ကျန်းမာရေးဆောင်းပါး အရေအတွက် အတော်နည်းပါတယ်။ ကျွန်တော်မသိတာလည်းဖြစ်ချင်ဖြစ်မှာပေါ့လေ။ အဲသလို အမျိုးသမီးသူငယ်ချင်းများအတွက် ကျွန်တော်ဖတ်မိတဲ့ ဆောင်းပါးလေးကို ပြန်လည်မျှဝေပါရစေ။ ယောင်္ကျားလျာလို့ ခေါ်တဲ့ ယောက်ျားလေးပုံစံဝတ်ဆင်နေထိုင်သူများ အပြင် ယခုခေတ်မှာတော့ ပီဘိမိန်းကလေးအသွင်ဝတ်စားနေထိုင်ကြသော မိန်းကလေးခြင်းချစ်ခင်နှစ်သက်သူတွေလည်းရှိလာပါတယ်။ တဖန် ဆန့်ကျင်ဘက်လိင်ကို ကြိုက်နှစ်သက်သော်ငြား လိင်တူအမျိုးသမီးများနဲ့သာ ဆက်ဆံပတ်သက်နေသူများလည်းရှိပြန်တယ်။ လူထဲကလူတွေပဲမို့ ကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးကိုလည်း ဂရုမူသင့်တာပေါ့ဗျာ။)


လိင်တူခြင်းကြိုက်နှစ်သက်သူအမျိုးသမီးများ (lesbians) နဲ့ အမျိုးသမီးခြင်းလိင်တူဆက်ဆံသူ (women who have sex with women) များ အရေးတယူသိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ချက်များထဲမှာ လိင်ဆက်ဆံခြင်းကတစ်ဆင့် ကူးစက်ခံရတဲ့ရောဂါများ (Sexually Transmitted Infections _ STDs) ဖြစ်ပွားခြင်းကနေ စိတ်ကျရောဂါထိပါ ခံစားရနိုင်တယ်ဆိုတာ သိထားဖို့ပါနေပါတယ်။


ဒါကြောင့် သတိထားသင့်တဲ့အချက်အလက်အချို့ကို ခေါင်းစဉ်ခွဲလေးတွေတပ်ပြီးပြောပြအကြံဉာဏ်ပေးချင်ပါတယ်။ ဖတ်ရှု ဆင်ခြင်ကြည့်ပါဦးခင်ဗျ။


အမျိုးသမီးများအားလုံးဟာ ကျန်းမာရေးပြဿနာအစုံကို နေ့စဉ်နဲ့အမျှ မျက်နှာခြင်းဆိုင်နေကြရတာ ကျွန်တော်သိပါတယ်။ လိင်နှစ်မျိုး စလုံး ကြိုက်နှစ်သက်ပြီး အမျိုးသမီးခြင်းလိင်ဆက်ဆံပတ်သက်မှုရှိသူ(women who have sex with women) သို့မဟုတ် လိင်တူခြင်း ကြိုက်နှစ် သက်သူအမျိုးသမီး (lesbians) လို့သတ်မှတ်ဖော်ထုတ်ထားတဲ့ လိင်စိတ်တိမ်းညွှတ်မှုအခြေအနေသိပြီးအမျိုးသမီးများကို အသားပေးပြောချင် တာက ကျန်းမာရေးဆိုင်ရာ ပူပန်စရာကိစ္စအချို့ရှိနေတယ်ဆိုတာကိုပါ။


သင့်ရဲ့ မိသားစုရာဇ၀င်နဲ့ အသက်အရွယ်အပါအ၀င် လိင်စိတ်တိမ်းညွှတ်မှုနဲ့ လက်တွေ့လုပ်ဆောင်မှုများရဲ့အလွန်၊ များစွာသောအချက် အလက်များကြောင့် သင့်အတွက်တစ်သီးတခြားဘေးအန္တရယ်တွေဟာ နောက်ဆက်တွဲဖြစ်တည်လာရသော်ငြား၊အရေးတကြီး နားလည် ထားရမယ့် အမျိုးသမီးများအတွက်ယေဘုယျကျန်းမာရေးထုတ်ပြန်ချက်များက သင်ကျန်းမာစွာနေထိုင်ထိန်းသိမ်းနိုင်မယ့် ခြေလှမ်းများပဲ ဖြစ်ပါတယ်။


#စိတ်ကျန်းမာပျော်ရွှင်ရေး (Safeguard your mental health)


သာမန်လိင်ပိုင်းဆိုင်ရာကြိုက်နှစ်သက်ဆက်ဆံမှုက သွေဖယ်နေတဲ့ အမျိုးသမီးများမှာ စိတ်ဓာတ်ကျခြင်း (depression) နဲ့ စိုးရိမ် ကြောင့်ကြ သောက(anxiety) ဖြစ်ပွားမှုနှုန်းမြင့်သူများပါတယ်။ လူမှုအ၀န်းအ၀ိုင်းကနေ ကင်းကွာခြင်းအပါအ၀င် ခွဲခြားဆက်ဆံခံရခြင်း၊ ချစ်ခင်ရသူတွေ ရဲ့ ငြင်းပယ်ခြင်း၊ အလွဲသုံးစား စော်ကားခံရခြင်းနဲ့ အကြမ်းဖက်မှုခံရခြင်းအကြောင်းရင်းများက ပိုဆိုးအောင်ကူညီပေး နေတာပေါ့နော်။ ကိုယ့် မိသားစုနဲ့အတူ မိမိပတ်သက်ရာပတ်သက်ကြောင်းလူပုဂ္ဂိုလ်များအား လိင်စိတ်တိမ်းညွှတ်မှုအကြောင်း ဖွင့်ဟ၀န်ခံ ခြင်းမပြုထားသည့် အထက်ပါ အမျိုးသမီးများအနေဖြင့် ကြုံဆုံရတဲ့ပြဿနာတွေ ပြင်းထန်သလို၊ လူမှုအ၀န်းအ၀ိုင်းရဲ့ ထောက်ပံ့ကူညီ ဖေးမမှုလည်း ပိုမို လိုအပ်ပါလိမ့်မယ်။


စိတ်ဓာတ်ကျခြင်းပြဿနာကြုံနေရပြီလို့ သင်သတိထားမိတာနဲ့တစ်ပြိုင်နက် မိသားစုဆရာဝန်အားပြောဆိုတိုင်ပင်တာ ဒါမှမဟုတ် စိတ် ကျန်းမာရေးအထောက်အကူပြုနိုင်သူ တစ်စုံတစ်ယောက်ကို အကူအညီရဖို့ရှာဖွေပါ။ တိုင်ပင်ကုသမှုအတွက် ကြိုးစားရာမှာ သင့်အနေနဲ့ တွန့်ဆုတ်နေမိလျှင် သင်ချစ်ခင်ရသူတစ်ယောက် ဒါမှမဟုတ် စိတ်ချယုံကြည်ရသူ သူငယ်ချင်းတစ်ယောက်အား ချဉ်းကပ်ကြည့်ပါဗျ။ သင့် စိတ်ခံစားချက်တွေကို ဖွင့်ဟပြောဆိုခြင်းဟာ ကုသမှုဆီသို့လှမ်းလိုက်သော ပထမခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။


#ကာလသားရောဂါများ ကူးစက်မခံရအောင်ကာကွယ်ပါ (Protect yourself from sexually transmitted infections)


လိင်အင်္ဂါကြွက်နို့ဖြစ်စေတတ်သော H.P.V ပိုး (Human Papilloma Virus)၊ အမျိုးသမီးမွေးလမ်းကြောင်းပိုးဝင်တာ(Bacterial Vaginosis)နဲ့ Trichomoniasis စသော ကာလသားရောဂါ(Sexually Transmitted Infections)များဟာလည်း အမျိုးသမီးများအတွင်း ကူးစက်ပျံ့နှံ့နိုင်ဖို့ သေချာပါတယ်။ ပါးစပ်နဲ့လိင်ဆက်ဆံခြင်း (Oral Sex)၊ လက်စသောကိုယ်အင်္ဂါအစိတ်အပိုင်းကိုအသုံးပြု၍ အမျိုးသမီး အင်္ဂါ(digital-vaginal) ဒါမှမဟုတ် စအို (digital-anal contact)ကိုနှိုးဆွထိတွေ့ခြင်းအပါအ၀င် လိင်ပိုင်းဆိုင်ရာပြူမူဆောင်ရွက်ချက်များ၊ လက်တွေ့ကျကျ လိင်အင်္ဂါ အတုများ(sex toys)မျှဝေကာ ထိုးသွင်းသုံးစွဲခြင်းများဟာ ရောဂါကူးစက်ပျံ့နှံ့မှုကောင်းကောင်းဖြစ်နိုင်တယ် လေ။


အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာထိတွေ့ဆက်သွယ်မှုရှိခြင်းသည် ခုခံအားကျဆင်းမှုရောဂါကိုဖြစ်စေသည့် HIV Virus ကူးစက်ခံရဖို့ ဖြစ်နိုင် သည့် အဓိပ္ပာယ်ထွက်ပါတယ်။ HIV/AIDS ခုခံအားကျင်ဆင်းမှုရောဂါ၊ HPV နဲ့အတူ လိင်အင်္ဂါကြွက်နို့လို ကာလသားရောဂါများစွာဟာ ပျောက်ကင်းအောင်ကုသလို့ မရသေးပါဘူး။ကျန်းကျန်းမာမာနဲ့အကောင်းဆုံးနေထိုင်နိုင်မည့်နည်းလမ်းကတော့ လုံခြုံစိတ်ချရတဲ့ လိင်ကိစ္စအပြုအမူ (safe sex) ကျင့်သုံး လုပ်ဆောင်ဖို့ပါပဲ။


#ကိုယ့်ကိုယ်ကိုယ် ကာလသားရောဂါမကူးစက်အောင်ကာကွယ်ဖို့ (To protect yourself from sexually transmitted infections)


ကိုယ်ကိုယ်တိုင်ရော သင့်ပါတနာကိုရော သွေးစစ်ပါ။ အမျိုးသားတစ်ယောက် ဒါမှမဟုတ် အမျိုးသမီးတစ်ယောက်နဲ့လိင်ဆက်ဆံမယ် ဆိုပါက HIV ဒါမှမဟုတ် လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ ကာလသားရောဂါများ သင်နဲ့ သင့်ပါတနာ ကူးစက်မခံရစေဖို့အတွက် အကာ အကွယ်မဲ့ လိင်ဆက်ဆံခြင်းမပြုလုပ်ပါနဲ့။ သွေးစစ်ခြင်းလိုမျိုး စမ်းသပ်စစ်ဆေးခြင်းဟာ ဘာကြောင့်အရေးကြီးရသလည်းဆိုတော့ လူ အတော်များများ သူတို့ရောဂါအကူးစက်ခံထားရတာ မသိကြသလို၊ အချို့လူတွေကတော့ သူတို့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ရိုးသားမှုမရှိကြလို့ ဖြစ်ပါတယ်။


လုံခြုံစိတ်ချရတဲ့ လိင်အမူအကျင့်ပြုကျင့်ကြပါ။ ပါးစပ်ဖြင့်လိင်ဆက်ဆံစဉ်မှာလည်း Dental Dam လိုမျိုးပစ္စည်းခပ်သေးသေးလေးကိုပါ ထည့်ပေါင်းအသုံးပြုပေးပါ။ လိင်အင်္ဂါအတုများ(sex toys)ကို အသုံးပြုနေစဉ်အတွင်း ဆပ်ပြာရည်နွေးနွေးဖြင့် ကောင်းကောင်းသန့်စင်ပြီး သုံးခြင်း ဒါမှမဟုတ် စိတ်ချကောင်းမွန်သော ကွန်ဒုံးတစ်ခုဖုံးစွပ်အသုံးပြုခြင်းများလုပ်ရပါမယ်။ အမျိုးသမီးအင်္ဂါများ သို့မဟုတ် စအို လမ်းကြောင်းများကို လက်နဲ့ထိုးသွင်းဆက်ဆံ (digital vaginal or anal)ချိန်မှာလည်း ရာဘာလက်အိပ်တစ်ခုအသုံးပြုဖို့ဆုံးဖြတ်ပါ။


တစ်လင်တစ်မယားစနစ်ကျင့်သုံးပါ။ လိင်ကတစ်ဆင့်ကူးစက်တတ်သောရောဂါများ ကူးစက်မခံရဖို့အခြားနည်းလမ်းကတော့ ပိုးကူးစက်ခံရ မှုမရှိသောသူ  ပါတနာတစ်ဦးနဲ့ ကာလာကြာရှည် တစ်လင်တစ်မယားစနစ်ဆက်ဆံရေးမျိုးပြုကျင့်နေထိုင်တာဖြစ်ပါတယ်။


သင်သောက်သုံးနေတဲ့ အရက်သေစာပမာဏကိုကန့်သတ်ခြင်း၊ မူးယစ်ဆေးဝါးများ မသုံးစွဲ ရှောင်ကြဉ်ခြင်းများပြုလုပ်ပါ။ တကယ်လို့ သင်ဟာ အရက်နဲ့မူးယစ်ဆေးရဲ့လွှမ်းမိုးမှုအောက်ရောက်နေပါလျှင် လိင်ပိုင်းဆိုင်ရာစွန့်စားမှုများရယူပြုကျင့်ဖို့ဆိုတာ ပိုလွယ်ကူနေပါ လိမ့်မယ်။ တကယ်လို့ သင်ဟာ မူးယစ်ဆေးထိုးသွင်းသုံးစွဲနေသူဆိုပါလျှင် ဆေးထိုးအပ်တွေကိုမျှဝေသုံးစွဲခြင်းမလုပ်ပါနဲ့။


ကာကွယ်ဆေးထိုးနှံလို့ရလျှင် ကာကွယ်ဆေးထိုးပါ။ အသည်းရောင် အသားဝါ အေပိုးနဲ့ ဘီပိုး (Hepatitis A and Hepatitis B) လိုမျိုး အသည်းရောဂါကူးစက်ခြင်းများဟာ လိင်ကိစ္စအထိအတွေ့များကတစ်ဆင့် ကူးစက်ခံရဖို့သေချာလို့ဖြစ်ပါတယ်။ HPV ဆေးသည်လည်း အသက် ၂၆နှစ်အထက် အမျိုးသမီးများအတွက် ထိုးနှံလို့ရနေပါပြီ။


#ဆေးစွဲ၊ အရက်စွဲတာမျိုးဆို အကူအညီတောင်းခံပါ (Seek help for substance abuse)


လိင်တူဆက်ဆံသောအမျိုးသမီးများ (Sexual Minority Women)၏ ပြန်ပြောပြချက်အရ ဆေးလိပ်/ဆေးရွက်ကြီး သုံးစွဲမှု၊ အရက်သေစာ သောက်စားမှုနဲ့ ဆေးအပေါ် မှီတွယ်စွဲလမ်းမှုနှုန်းမြင့်ကြကြောင်းသိရသည်။


တကယ်လို့သင် ပုံမှန်မဟုတ်သော စွဲလမ်းမှုတစ်ခုခုအလွန်အကျူးဖြစ်လာပြီဆိုလျှင် အကူအညီရယူနိုင်ကြောင်း သတိရပါ။ ဒေသတွင်း LGBTs တွေရဲ့ ကျန်းမာရေး၊ စိတ်ကျန်းမာရေးများအတွက် ဒါမှမဟုတ် မူးယစ်ဆေးဝါးစွဲလမ်းမှုကုသပေးခြင်း အစီအစဉ်မျိုးအား (ရပ်ကွက်) အသင်းအဖွဲ့တွေဟာ မကြာခဏဆိုသလို ထောက်ပံ့စီစဉ်ပေးလေ့ရှိပါတယ်။ ဥပမာ အမေရိကန်နိုင်ငံမှာဆိုရင် GLMA လိုအဖွဲ့အစည်းများက အထက်ပါကိစ္စရပ်တွေကိုထဲထဲဝင်ဝင် ထောက်ပံ့ကူညီပေးပါတယ်။


သည်နိုင်ငံမှာတော့ ကျန်းမာရေးဝန်ကြီးဌာနကဖွင့်လှစ်ပေးထားသော အရက်နှင့် မူးယစ်ဆေးဖြတ်လူနာများအတွက် ဆေးခန်း၊ဆေးရုံများ ရှိနေသလို အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO/INGOs)များရဲ့ အထောက်အပံ့ပေးဆေးခန်းများရှိနေပြီမို့ သွားရောက်ပြသအကူအညီ တောင်းခံနိုင်ပါတယ်။


#အိမ်တွင်းအကြမ်းဖက်မှုအား အသိအမှတ်ပြု (Recognize domestic violence)


အိမ်တွင်းအကြမ်းဖက်ခြင်းဟာ အိမ်ထောင်တစ်ခု၊ ဆက်ဆံရေးတစ်ရပ်က လူတစ်ယောက်အပေါ် တစ်စုံတရာအကျိုးသက်ရောက်မှုရှိနိုင် ပါတယ်။ လိင်တူဆက်ဆံတဲ့အမျိုးသမီးများဟာ သည်လိုအကြမ်းဖက်မှုမျိုး ကြုံတွေ့ရတဲ့အခါ ဖွင့်ဟအကူအညီတောင်းခံတာမျိုးမလုပ်ဘဲ တိတ်တဆိတ် နေဖို့ပိုကြိုးစားတတ်ကြပါတယ်။


အကြမ်းဖက်ခံရခြင်းကြောင့် ထိတ်ထိတ်လန့်လန့်နေမယ့်အစား ရိုက်နှက်တိုးကြိတ်သူရဲ့ ခြိမ်းခြောက်မှုများအကြောင်း သင့်သူငယ်ချင်း များ၊ ချစ်ခင်ရသောသူတစ်ယောက်ယောက်၊ အလုပ်လုပ်ဖော်ကိုင်ဖက်များ ဒါမှမဟုတ် လူမှုအသင်းအဖွဲ့ဝင်များအား သင့်လိင်စိတ် တိမ်းညွှတ်မှု ကအစ အကူအညီလိုအပ်နေကြောင်းကိုပါ ဖွင့်ဟပြောဆိုပါ။


#ခွဲခြားဆက်ဆံခံရခြင်းကြောင့် ကြောက်လန့်မှု (Fear of discrimination)


တစ်ဖက်သတ်ချိုးနှိမ်ဆက်ဆံခံနေရသော ဆက်နွယ်ပတ်သက်မှုတစ်ရပ်မှာ နေထိုင်အသက်ရှင်နေရလျှင် သင့်အတွက် အမြဲတစေ စိတ်ဓာတ်ကျခြင်း၊ သောကပွေခြင်းနှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်းဆိုသောအရာတွေသာ ပိုင်ဆိုင်နေရမှာပါ။ သင့်ရဲ့ လိင်တူပေါင်းသင်း ဆက်ဆံရေး ဒါမှမဟုတ် မျိုးတူပေါင်းသင်းဆက်ဆံနေမှုကနေ ဝေးကွာလိုလျှင် သင့်အနေနဲ့ အစော်ကားခံ အနိုင်ကျင့်ခံရပြီးပြီးခြင်း အကူအညီရှာဖွေ သင့်ပါတယ်။


အိမ်တွင်းအကြမ်းဖက်မှုသံသရာကိုဖြတ်တောက်ဖို့နည်းလမ်းတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ လက်တွေ့အကောင်အထည်ဖော်ခြင်းပါပဲ။ စောစောအရေးယူဆောင်ရွက်လေကောင်းလေပါ။ သင့်အနေနဲ့ အိမ်တွင်းအကြမ်းဖက်မှုကို ပစ်မှတ်တစ်ခုအဖြစ်ထားပါက အနိုင်ကျင့် စော်ကားခြင်းအကြောင်း သူငယ်ချင်းတစ်ယောက်၊ ချစ်ခင်ရသူတစ်ယောက်၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ဒါမှမဟုတ် အခြားသော ရင်းနှီးကျွမ်းဝင်သူ တစ်ယောက်ယောက်ကိုပြောပြပါ။


အိမ်တွင်းအကြမ်းဖက်မှုတစ်ရပ်အဖြစ် ဆင်ခြင်ဆုံးဖြတ်လို့ရချိန်မှာ လူမှုဝန်ထမ်းဦးစီးဌာန အရေးပေါ်ဖုန်းနံပါတ်ကိုပဲဖြစ်ဖြစ်၊ နယ်ပိုင် ရဲစခန်း ဌာနတစ်ခုခုကိုပဲဖြစ်ဖြစ် ဖုန်းဆက်အကြောင်းကြားအကူအညီတောင်းခံပါ။ ပြီးလျှင်တော့ သင့်ကို အနိုင်ကျင့်စော်ကားသူကို စွန့်ခွာဖို့ အစီအစဉ် တစ်ခု ဖန်တီးပါတော့။


#ကျန်းမာရေးဂရုစိုက်ဖို့ (Make routine health care a priority)


အချို့သော လိင်တူဆက်ဆံသည့်အမျိုးသမီးများဟာ သူတို့သက်သောင့်သက်သာမဖြစ်သလိုခံစားရတဲ့ လိုအပ်ချက်များနဲ့ စိုးရိမ်ပူပန်မိတဲ့ ကျန်းမာရေးပြဿနာများအကြောင်း ဗဟုသုတရှိပြီး နားလည်ပေးနိုင်တဲ့ ဆရာဝန်တစ်ယောက်ကို ရှာဖွေတွေ့ဖို့အလွန်တရာခဲယဉ်းပါ တယ်။ အမေရိကန်နိုင်ငံရှိ GLMA Website လိုမျိုး အင်တာနက်စာမျက်နှာအချို့ကတော့ အဲသလိုဆရာဝန်တွေထိုင်တဲ့ ဆေးခန်းလိပ်စာ တွေကို စုစည်းဖော်ပြပေးတာမျိုးလုပ်တတ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းအချို့ NGO/INGOs တွေက တာဝန်ယူ ဖွင့်လှစ်ထားတဲ့ ဆေးခန်းအချို့ရှိပါတယ်။ (ဥပမာ - TOP Center, MAM Clinic စသည်ဖြင့်)


သင် အထူးပြုပြသကုသချင် ဒါမှမဟုတ် အထူးတလည်လိုအပ်နေတဲ့ကိစ္စတွေကို တလေးတစားနဲ့ စာနာခံစားတတ်ပြီး သိချင်စိတ်ရှိသော ဆရာဝန်တစ်ယောက်ကို ရှာဖွေပါ။ သင့်အတွက် အရာရာအထောက်အကူပေးနိုင်သူကို သင့်လိင်စိတ်တိမ်းညွှတ်မှုအကြောင်းမျှဝေပြီး နောက် သင့်အသက်အရွယ်တန်း အမျိုးသမီးများ သွေးဖိအား၊ သွေးတွင်းအဆီအခြေအနေစသည်တို့ကို စမ်းသပ်စစ်ဆေးခြင်း၊ ရင်သား ကင်ဆာ နဲ့ သားအိမ်ခေါင်းကင်ဆာများ စမ်းသပ်စစ်ဆေးခြင်းတွေကို ဘယ်လိုလုပ်ဆောင်ရမလဲ လုပ်ရိုးလုပ်စဉ် လမ်းကြောင်းများကို မေးမြန်းပါ။


တကယ်လို့ သင်ဟာ ရေရှည်ဆက်ဆံရေးတစ်ရပ်မထူထောင်ထားဘူး၊ အပြန်အလှန် တစ်လင်တစ်မယားပေါင်းသင်းဆက်ဆံရေးသဘော မထားကြဘူးဆိုရင်တော့ လိင်ဆက်ဆံမှုကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါ(Sexually Transmitted Infections)များ ကူးစက်ခံရခြင်းရှိ မရှိ ပုံမှန်စစ်ဆေးဖို့ အချိန်ဇယားဆွဲထားသင့်တယ်။ သင်စိုးရိမ်ပူပန်မိတဲ့ ကျန်းမာရေးကိစ္စများ၊ အခြေအနေများကို သင်ပြသနေကြ ဆရာဝန်အား သေချာလေးပြောပြတိုင်ပင်ပါ။ ရောဂါလက္ခာဏာများ စောစောစီးစီး နုစဉ်အဆင့်မှာစမ်းသပ်တွေ့ရှိမယ်ဆိုရင် ရေရှည် ကျန်းမာရေးအတွက် အကူအညီဖြစ်အောင် အစောတလျင်ကုသနိုင်ပါတယ်။


Alex Aung (May 4, 2021)


Ref: Health issues for lesbians and women who have sex with women by Mayo Clinic


[Zawgyi]လိင္တူႀကိဳက္ႏွစ္သက္သူအမ်ိဳးသမီးမ်ားအတြက္ က်န္းမာေရးသတိေပးခ်က္အခ်ိဳ႕




(Health issues for lesbians and women who have sex with women)


#Lesbians

#Women_who_have_sex_with_women

#STDs

#Sexual_Minority_Women


(ထူးထူးျခားျခားလိင္စိတ္တိမ္းၫႊတ္မႈ အမ်ိဳးအမည္ေပါင္းအမ်ားႀကီးရိွတယ္ဆိုတာ သိေသာ္လည္း ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္မႈ ရင္းႏွီးၿပီး သား အမ်ိဳးသမီးျခင္းႀကိဳက္ႏွစ္သက္သူ Lesbian ေတြရဲ့ က်န္းမာေရးနဲ႔ပတ္သက္ၿပီး အထူးျပဳေရးသားမ်ွေဝတဲ့ က်န္းမာေရးေဆာင္းပါး အေရအတြက္ အေတာ္နည္းပါတယ္။ ကြၽန္ေတာ္မသိတာလည္းျဖစ္ခ်င္ျဖစ္မွာေပါ့ေလ။ အဲသလို အမ်ိဳးသမီးသူငယ္ခ်င္းမ်ားအတြက္ ကြၽန္ေတာ္ဖတ္မိတဲ့ ေဆာင္းပါးေလးကို ျပန္လည္မ်ွေဝပါရေစ။ ေယာက်ၤားလ်ာလို႔ ေခၚတဲ့ ေယာက္်ားေလးပံုစံဝတ္ဆင္ေနထိုင္သူမ်ား အျပင္ ယခုေခတ္မွာေတာ့ ပီဘိမိန္းကေလးအသြင္ဝတ္စားေနထိုင္ၾကေသာ မိန္းကေလးျခင္းခ်စ္ခင္ႏွစ္သက္သူေတြလည္းရိွလာပါတယ္။ တဖန္ ဆန႔္က်င္ဘက္လိင္ကို ႀကိဳက္ႏွစ္သက္ေသာ္ျငား လိင္တူအမ်ိဳးသမီးမ်ားနဲ႔သာ ဆက္ဆံပတ္သက္ေနသူမ်ားလည္းရိျွပန္တယ္။ လူထဲကလူေတြပဲမို႔ ကိုယ္က်န္းမာေရးအျပင္ စိတ္က်န္းမာေရးကိုလည္း ဂရုမူသင့္တာေပါ့ဗ်ာ။)


လိင္တူျခင္းႀကိဳက္ႏွစ္သက္သူအမ်ိဳးသမီးမ်ား (lesbians) နဲ႔ အမ်ိဳးသမီးျခင္းလိင္တူဆက္ဆံသူ (women who have sex with women) မ်ား အေရးတယူသိထားသင့္တဲ့ က်န္းမာေရးဆိုင္ရာ ထုတ္ျပန္ခ်က္မ်ားထဲမွာ လိင္ဆက္ဆံျခင္းကတစ္ဆင့္ ကူးစက္ခံရတဲ့ေရာဂါမ်ား (Sexually Transmitted Infections _ STDs) ျဖစ္ပြားျခင္းကေန စိတ္က်ေရာဂါထိပါ ခံစားရႏိုင္တယ္ဆိုတာ သိထားဖို႔ပါေနပါတယ္။


ဒါေၾကာင့္ သတိထားသင့္တဲ့အခ်က္အလက္အခ်ိဳ႕ကို ေခါင္းစဉ္ခြဲေလးေတြတပ္ၿပီးေျပာျပအႀကံဉာဏ္ေပးခ်င္ပါတယ္။ ဖတ္ရႈ ဆင္ျခင္ၾကၫ့္ပါဦးခင္ဗ်။


အမ်ိဳးသမီးမ်ားအားလံုးဟာ က်န္းမာေရးျပႆနာအစံုကို ေန့စဉ္နဲ႔အမ်ွ မ်က္ႏွာျခင္းဆိုင္ေနၾကရတာ ကြၽန္ေတာ္သိပါတယ္။ လိင္ႏွစ္မ်ိဳး စလံုး ႀကိဳက္ႏွစ္သက္ၿပီး အမ်ိဳးသမီးျခင္းလိင္ဆက္ဆံပတ္သက္မႈရိွသူ(women who have sex with women) သို႔မဟုတ္ လိင္တူျခင္း ႀကိဳက္ႏွစ္ သက္သူအမ်ိဳးသမီး (lesbians) လို႔သတ္မွတ္ေဖာ္ထုတ္ထားတဲ့ လိင္စိတ္တိမ္းၫႊတ္မႈအေျခအေနသိၿပီးအမ်ိဳးသမီးမ်ားကို အသားေပးေျပာခ်င္ တာက က်န္းမာေရးဆိုင္ရာ ပူပန္စရာကိစၥအခ်ိဳ႕ရိွေနတယ္ဆိုတာကိုပါ။


သင့္ရဲ့ မိသားစုရာဇ၀င္နဲ႔ အသက္အရြယ္အပါအ၀င္ လိင္စိတ္တိမ္းၫႊတ္မႈနဲ႔ လက္ေတြ့လုပ္ေဆာင္မႈမ်ားရဲ့အလြန္၊ မ်ားစြာေသာအခ်က္ အလက္မ်ားေၾကာင့္ သင့္အတြက္တစ္သီးတျခားေဘးအႏၲရယ္ေတြဟာ ေနာက္ဆက္တြဲျဖစ္တည္လာရေသာ္ျငား၊အေရးတႀကီး နားလည္ ထားရမယ့္ အမ်ိဳးသမီးမ်ားအတြက္ေယဘုယ်က်န္းမာေရးထုတ္ျပန္ခ်က္မ်ားက သင္က်န္းမာစြာေနထိုင္ထိန္းသိမ္းႏိုင္မယ့္ ေျခလွမ္းမ်ားပဲ ျဖစ္ပါတယ္။


#စိတ္က်န္းမာေပ်ာ္ရႊင္ေရး (Safeguard your mental health)


သာမန္လိင္ပိုင္းဆိုင္ရာႀကိဳက္ႏွစ္သက္ဆက္ဆံမႈက ေသြဖယ္ေနတဲ့ အမ်ိဳးသမီးမ်ားမွာ စိတ္ဓာတ္က်ျခင္း (depression) နဲ႔ စိုးရိမ္ ေၾကာင့္ၾက ေသာက(anxiety) ျဖစ္ပြားမႈႏႈန္းျမင့္သူမ်ားပါတယ္။ လူမႈအ၀န္းအဝိုင္းကေန ကင္းကြာျခင္းအပါအ၀င္ ခြဲျခားဆက္ဆံခံရျခင္း၊ ခ်စ္ခင္ရသူေတြ ရဲ့ ျငင္းပယ္ျခင္း၊ အလြဲသံုးစား ေစာ္ကားခံရျခင္းနဲ႔ အၾကမ္းဖက္မႈခံရျခင္းအေၾကာင္းရင္းမ်ားက ပိုဆိုးေအာင္ကူညီေပး ေနတာေပါ့ေနာ္။ ကိုယ့္ မိသားစုနဲ႔အတူ မိမိပတ္သက္ရာပတ္သက္ေၾကာင္းလူပုဂၢိုလ္မ်ားအား လိင္စိတ္တိမ္းၫႊတ္မႈအေၾကာင္း ဖြင့္ဟ၀န္ခံ ျခင္းမျပဳထားသၫ့္ အထက္ပါ အမ်ိဳးသမီးမ်ားအေနျဖင့္ ႀကံဳဆံုရတဲ့ျပႆနာေတြ ျပင္းထန္သလို၊ လူမႈအ၀န္းအဝိုင္းရဲ့ ေထာက္ပံ့ကူညီ ေဖးမမႈလည္း ပိုမို လိုအပ္ပါလိမ့္မယ္။


စိတ္ဓာတ္က်ျခင္းျပႆနာႀကံဳေနရၿပီလို႔ သင္သတိထားမိတာနဲ႔တစ္ၿပိဳင္နက္ မိသားစုဆရာဝန္အားေျပာဆိုတိုင္ပင္တာ ဒါမွမဟုတ္ စိတ္ က်န္းမာေရးအေထာက္အကူျပဳႏိုင္သူ တစ္စံုတစ္ေယာက္ကို အကူအညီရဖို႔ရွာေဖြပါ။ တိုင္ပင္ကုသမႈအတြက္ ႀကိဳးစားရာမွာ သင့္အေနနဲ႔ တြန႔္ဆုတ္ေနမိလ်ွင္ သင္ခ်စ္ခင္ရသူတစ္ေယာက္ ဒါမွမဟုတ္ စိတ္ခ်ယံုၾကည္ရသူ သူငယ္ခ်င္းတစ္ေယာက္အား ခ်ဉ္းကပ္ၾကၫ့္ပါဗ်။ သင့္ စိတ္ခံစားခ်က္ေတြကို ဖြင့္ဟေျပာဆိုျခင္းဟာ ကုသမႈဆီသို႔လွမ္းလိုက္ေသာ ပထမေျခလွမ္းတစ္ရပ္ျဖစ္ပါတယ္။


#ကာလသားေရာဂါမ်ား ကူးစက္မခံရေအာင္ကာကြယ္ပါ (Protect yourself from sexually transmitted infections)


လိင္အဂၤါႂကြက္ႏို႔ျဖစ္ေစတတ္ေသာ H.P.V ပိုး (Human Papilloma Virus)၊ အမ်ိဳးသမီးေမြးလမ္းေၾကာင္းပိုးဝင္တာ(Bacterial Vaginosis)နဲ႔ Trichomoniasis စေသာ ကာလသားေရာဂါ(Sexually Transmitted Infections)မ်ားဟာလည္း အမ်ိဳးသမီးမ်ားအတြင္း ကူးစက္ပ်ံ့ႏွံ႔ႏိုင္ဖို႔ ေသခ်ာပါတယ္။ ပါးစပ္နဲ႔လိင္ဆက္ဆံျခင္း (Oral Sex)၊ လက္စေသာကိုယ္အဂၤါအစိတ္အပိုင္းကိုအသံုးျပဳ၍ အမ်ိဳးသမီး အဂၤါ(digital-vaginal) ဒါမွမဟုတ္ စအို (digital-anal contact)ကိုႏိႈးဆြထိေတြ့ျခင္းအပါအ၀င္ လိင္ပိုင္းဆိုင္ရာျပဴမူေဆာင္ရြက္ခ်က္မ်ား၊ လက္ေတြ့က်က် လိင္အဂၤါ အတုမ်ား(sex toys)မ်ွေဝကာ ထိုးသြင္းသံုးစြဲျခင္းမ်ားဟာ ေရာဂါကူးစက္ပ်ံ့ႏွံ႔မႈေကာင္းေကာင္းျဖစ္ႏိုင္တယ္ ေလ။


အမ်ိဳးသမီးမ်ား လိင္ပိုင္းဆိုင္ရာထိေတြ့ဆက္သြယ္မႈရိျွခင္းသည္ ခုခံအားက်ဆင္းမႈေရာဂါကိုျဖစ္ေစသၫ့္ HIV Virus ကူးစက္ခံရဖို႔ ျဖစ္ႏိုင္ သၫ့္ အဓိပၸာယ္ထြက္ပါတယ္။ HIV/AIDS ခုခံအားက်င္ဆင္းမႈေရာဂါ၊ HPV နဲ႔အတူ လိင္အဂၤါႂကြက္ႏို႔လို ကာလသားေရာဂါမ်ားစြာဟာ ေပ်ာက္ကင္းေအာင္ကုသလို႔ မရေသးပါဘူး။က်န္းက်န္းမာမာနဲ႔အေကာင္းဆံုးေနထိုင္ႏိုင္မၫ့္နည္းလမ္းကေတာ့ လံုၿခံဳစိတ္ခ်ရတဲ့ လိင္ကိစၥအျပဳအမူ (safe sex) က်င့္သံုး လုပ္ေဆာင္ဖို႔ပါပဲ။


#ကိုယ့္ကိုယ္ကိုယ္ ကာလသားေရာဂါမကူးစက္ေအာင္ကာကြယ္ဖို႔ (To protect yourself from sexually transmitted infections)


ကိုယ္ကိုယ္တိုင္ေရာ သင့္ပါတနာကိုေရာ ေသြးစစ္ပါ။ အမ်ိဳးသားတစ္ေယာက္ ဒါမွမဟုတ္ အမ်ိဳးသမီးတစ္ေယာက္နဲ႔လိင္ဆက္ဆံမယ္ ဆိုပါက HIV ဒါမွမဟုတ္ လိင္ကတစ္ဆင့္ကူးစက္တတ္တဲ့ ကာလသားေရာဂါမ်ား သင္နဲ႔ သင့္ပါတနာ ကူးစက္မခံရေစဖို႔အတြက္ အကာ အကြယ္မဲ့ လိင္ဆက္ဆံျခင္းမျပဳလုပ္ပါနဲ႔။ ေသြးစစ္ျခင္းလိုမ်ိဳး စမ္းသပ္စစ္ေဆးျခင္းဟာ ဘာေၾကာင့္အေရးႀကီးရသလည္းဆိုေတာ့ လူ အေတာ္မ်ားမ်ား သူတို႔ေရာဂါအကူးစက္ခံထားရတာ မသိၾကသလို၊ အခ်ိဳ႕လူေတြကေတာ့ သူတို႔က်န္းမာေရးအေျခအေနနဲ႔ပတ္သက္ၿပီး ရိုးသားမႈမရိွၾကလို႔ ျဖစ္ပါတယ္။


လံုၿခံဳစိတ္ခ်ရတဲ့ လိင္အမူအက်င့္ျပဳက်င့္ၾကပါ။ ပါးစပ္ျဖင့္လိင္ဆက္ဆံစဉ္မွာလည္း Dental Dam လိုမ်ိဳးပစၥည္းခပ္ေသးေသးေလးကိုပါ ထၫ့္ေပါင္းအသံုးျပဳေပးပါ။ လိင္အဂၤါအတုမ်ား(sex toys)ကို အသံုးျပဳေနစဉ္အတြင္း ဆပ္ျပာရည္ေနြးေနြးျဖင့္ ေကာင္းေကာင္းသန႔္စင္ၿပီး သံုးျခင္း ဒါမွမဟုတ္ စိတ္ခ်ေကာင္းမြန္ေသာ ကြန္ဒံုးတစ္ခုဖံုးစြပ္အသံုးျပဳျခင္းမ်ားလုပ္ရပါမယ္။ အမ်ိဳးသမီးအဂၤါမ်ား သို႔မဟုတ္ စအို လမ္းေၾကာင္းမ်ားကို လက္နဲ႔ထိုးသြင္းဆက္ဆံ (digital vaginal or anal)ခ်ိန္မွာလည္း ရာဘာလက္အိပ္တစ္ခုအသံုးျပဳဖို႔ဆံုးျဖတ္ပါ။


တစ္လင္တစ္မယားစနစ္က်င့္သံုးပါ။ လိင္ကတစ္ဆင့္ကူးစက္တတ္ေသာေရာဂါမ်ား ကူးစက္မခံရဖို႔အျခားနည္းလမ္းကေတာ့ ပိုးကူးစက္ခံရ မႈမရိွေသာသူ  ပါတနာတစ္ဦးနဲ႔ ကာလာၾကာရွည္ တစ္လင္တစ္မယားစနစ္ဆက္ဆံေရးမ်ိဳးျပဳက်င့္ေနထိုင္တာျဖစ္ပါတယ္။


သင္ေသာက္သံုးေနတဲ့ အရက္ေသစာပမာဏကိုကန႔္သတ္ျခင္း၊ မူးယစ္ေဆးဝါးမ်ား မသံုးစြဲ ေရွာင္ၾကဉ္ျခင္းမ်ားျပဳလုပ္ပါ။ တကယ္လို႔ သင္ဟာ အရက္နဲ႔မူးယစ္ေဆးရဲ့လႊမ္းမိုးမႈေအာက္ေရာက္ေနပါလ်ွင္ လိင္ပိုင္းဆိုင္ရာစြန႔္စားမႈမ်ားရယူျပဳက်င့္ဖို႔ဆိုတာ ပိုလြယ္ကူေနပါ လိမ့္မယ္။ တကယ္လို႔ သင္ဟာ မူးယစ္ေဆးထိုးသြင္းသံုးစြဲေနသူဆိုပါလ်ွင္ ေဆးထိုးအပ္ေတြကိုမ်ွေဝသံုးစြဲျခင္းမလုပ္ပါနဲ႔။


ကာကြယ္ေဆးထိုးႏွံလို႔ရလ်ွင္ ကာကြယ္ေဆးထိုးပါ။ အသည္းေရာင္ အသားဝါ ေအပိုးနဲ႔ ဘီပိုး (Hepatitis A and Hepatitis B) လိုမ်ိဳး အသည္းေရာဂါကူးစက္ျခင္းမ်ားဟာ လိင္ကိစၥအထိအေတြ့မ်ားကတစ္ဆင့္ ကူးစက္ခံရဖို႔ေသခ်ာလို႔ျဖစ္ပါတယ္။ HPV ေဆးသည္လည္း အသက္ ၂၆ႏွစ္အထက္ အမ်ိဳးသမီးမ်ားအတြက္ ထိုးႏွံလို႔ရေနပါၿပီ။


#ေဆးစြဲ၊ အရက္စြဲတာမ်ိဳးဆို အကူအညီေတာင္းခံပါ (Seek help for substance abuse)


လိင္တူဆက္ဆံေသာအမ်ိဳးသမီးမ်ား (Sexual Minority Women)၏ ျပန္ေျပာျပခ်က္အရ ေဆးလိပ္/ေဆးရြက္ႀကီး သံုးစြဲမႈ၊ အရက္ေသစာ ေသာက္စားမႈနဲ႔ ေဆးအေပၚ မွီတြယ္စြဲလမ္းမႈႏႈန္းျမင့္ၾကေၾကာင္းသိရသည္။


တကယ္လို႔သင္ ပံုမွန္မဟုတ္ေသာ စြဲလမ္းမႈတစ္ခုခုအလြန္အက်ူးျဖစ္လာၿပီဆိုလ်ွင္ အကူအညီရယူႏိုင္ေၾကာင္း သတိရပါ။ ေဒသတြင္း LGBTs ေတြရဲ့ က်န္းမာေရး၊ စိတ္က်န္းမာေရးမ်ားအတြက္ ဒါမွမဟုတ္ မူးယစ္ေဆးဝါးစြဲလမ္းမႈကုသေပးျခင္း အစီအစဉ္မ်ိဳးအား (ရပ္ကြက္) အသင္းအဖြဲ႔ေတြဟာ မၾကာခဏဆိုသလို ေထာက္ပံ့စီစဉ္ေပးေလ့ရိွပါတယ္။ ဥပမာ အေမရိကန္ႏိုင္ငံမွာဆိုရင္ GLMA လိုအဖြဲ႔အစည္းမ်ားက အထက္ပါကိစၥရပ္ေတြကိုထဲထဲဝင္ဝင္ ေထာက္ပံ့ကူညီေပးပါတယ္။


သည္ႏိုင္ငံမွာေတာ့ က်န္းမာေရးဝန္ႀကီးဌာနကဖြင့္လွစ္ေပးထားေသာ အရက္ႏွင့္ မူးယစ္ေဆးျဖတ္လူနာမ်ားအတြက္ ေဆးခန္း၊ေဆးရံုမ်ား ရိွေနသလို အစိုးရမဟုတ္ေသာ အဖြဲ႔အစည္း (NGO/INGOs)မ်ားရဲ့ အေထာက္အပံ့ေပးေဆးခန္းမ်ားရိွေနၿပီမို႔ သြားေရာက္ျပသအကူအညီ ေတာင္းခံႏိုင္ပါတယ္။


#အိမ္တြင္းအၾကမ္းဖက္မႈအား အသိအမွတ္ျပဳ (Recognize domestic violence)


အိမ္တြင္းအၾကမ္းဖက္ျခင္းဟာ အိမ္ေထာင္တစ္ခု၊ ဆက္ဆံေရးတစ္ရပ္က လူတစ္ေယာက္အေပၚ တစ္စံုတရာအက်ိဳးသက္ေရာက္မႈရိွႏိုင္ ပါတယ္။ လိင္တူဆက္ဆံတဲ့အမ်ိဳးသမီးမ်ားဟာ သည္လိုအၾကမ္းဖက္မႈမ်ိဳး ႀကံဳေတြ့ရတဲ့အခါ ဖြင့္ဟအကူအညီေတာင္းခံတာမ်ိဳးမလုပ္ဘဲ တိတ္တဆိတ္ ေနဖို႔ပိုႀကိဳးစားတတ္ၾကပါတယ္။


အၾကမ္းဖက္ခံရျခင္းေၾကာင့္ ထိတ္ထိတ္လန႔္လန႔္ေနမယ့္အစား ရိုက္ႏွက္တိုးႀကိတ္သူရဲ့ ၿခိမ္းေျခာက္မႈမ်ားအေၾကာင္း သင့္သူငယ္ခ်င္း မ်ား၊ ခ်စ္ခင္ရေသာသူတစ္ေယာက္ေယာက္၊ အလုပ္လုပ္ေဖာ္ကိုင္ဖက္မ်ား ဒါမွမဟုတ္ လူမႈအသင္းအဖြဲ႔ဝင္မ်ားအား သင့္လိင္စိတ္ တိမ္းၫႊတ္မႈ ကအစ အကူအညီလိုအပ္ေနေၾကာင္းကိုပါ ဖြင့္ဟေျပာဆိုပါ။


#ခြဲျခားဆက္ဆံခံရျခင္းေၾကာင့္ ေၾကာက္လန႔္မႈ (Fear of discrimination)


တစ္ဖက္သတ္ခ်ိဳးႏိွမ္ဆက္ဆံခံေနရေသာ ဆက္ႏြယ္ပတ္သက္မႈတစ္ရပ္မွာ ေနထိုင္အသက္ရွင္ေနရလ်ွင္ သင့္အတြက္ အၿမဲတေစ စိတ္ဓာတ္က်ျခင္း၊ ေသာကေပျြခင္းႏွင့္ ေမ်ွာ္လင့္ခ်က္ကင္းမဲ့ျခင္းဆိုေသာအရာေတြသာ ပိုင္ဆိုင္ေနရမွာပါ။ သင့္ရဲ့ လိင္တူေပါင္းသင္း ဆက္ဆံေရး ဒါမွမဟုတ္ မ်ိဳးတူေပါင္းသင္းဆက္ဆံေနမႈကေန ေဝးကြာလိုလ်ွင္ သင့္အေနနဲ႔ အေစာ္ကားခံ အႏိုင္က်င့္ခံရၿပီးၿပီးျခင္း အကူအညီရွာေဖြ သင့္ပါတယ္။


အိမ္တြင္းအၾကမ္းဖက္မႈသံသရာကိုျဖတ္ေတာက္ဖို႔နည္းလမ္းတစ္ခုပဲရိွပါတယ္။ အဲဒါကေတာ့ လက္ေတြ့အေကာင္အထည္ေဖာ္ျခင္းပါပဲ။ ေစာေစာအေရးယူေဆာင္ရြက္ေလေကာင္းေလပါ။ သင့္အေနနဲ႔ အိမ္တြင္းအၾကမ္းဖက္မႈကို ပစ္မွတ္တစ္ခုအျဖစ္ထားပါက အႏိုင္က်င့္ ေစာ္ကားျခင္းအေၾကာင္း သူငယ္ခ်င္းတစ္ေယာက္၊ ခ်စ္ခင္ရသူတစ္ေယာက္၊ က်န္းမာေရးေစာင့္ေရွာက္မႈေပးသူ ဒါမွမဟုတ္ အျခားေသာ ရင္းႏွီးကြၽမ္းဝင္သူ တစ္ေယာက္ေယာက္ကိုေျပာျပပါ။


အိမ္တြင္းအၾကမ္းဖက္မႈတစ္ရပ္အျဖစ္ ဆင္ျခင္ဆံုးျဖတ္လို႔ရခ်ိန္မွာ လူမႈဝန္ထမ္းဦးစီးဌာန အေရးေပၚဖုန္းနံပါတ္ကိုပဲျဖစ္ျဖစ္၊ နယ္ပိုင္ ရဲစခန္း ဌာနတစ္ခုခုကိုပဲျဖစ္ျဖစ္ ဖုန္းဆက္အေၾကာင္းၾကားအကူအညီေတာင္းခံပါ။ ၿပီးလ်ွင္ေတာ့ သင့္ကို အႏိုင္က်င့္ေစာ္ကားသူကို စြန႔္ခြာဖို႔ အစီအစဉ္ တစ္ခု ဖန္တီးပါေတာ့။


#က်န္းမာေရးဂရုစိုက္ဖို႔ (Make routine health care a priority)


အခ်ိဳ႕ေသာ လိင္တူဆက္ဆံသၫ့္အမ်ိဳးသမီးမ်ားဟာ သူတို႔သက္ေသာင့္သက္သာမျဖစ္သလိုခံစားရတဲ့ လိုအပ္ခ်က္မ်ားနဲ႔ စိုးရိမ္ပူပန္မိတဲ့ က်န္းမာေရးျပႆနာမ်ားအေၾကာင္း ဗဟုသုတရိွၿပီး နားလည္ေပးႏိုင္တဲ့ ဆရာဝန္တစ္ေယာက္ကို ရွာေဖြေတြ့ဖို႔အလြန္တရာခဲယဉ္းပါ တယ္။ အေမရိကန္ႏိုင္ငံရိွ GLMA Website လိုမ်ိဳး အင္တာနက္စာမ်က္ႏွာအခ်ိဳ႕ကေတာ့ အဲသလိုဆရာဝန္ေတြထိုင္တဲ့ ေဆးခန္းလိပ္စာ ေတြကို စုစည္းေဖာ္ျပေပးတာမ်ိဳးလုပ္တတ္ၾကပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ အစိုးရမဟုတ္တဲ့အဖြဲ႔အစည္းအခ်ိဳ႕ NGO/INGOs ေတြက တာဝန္ယူ ဖြင့္လွစ္ထားတဲ့ ေဆးခန္းအခ်ိဳ႕ရိွပါတယ္။ (ဥပမာ - TOP Center, MAM Clinic စသည္ျဖင့္)


သင္ အထူးျပဳျပသကုသခ်င္ ဒါမွမဟုတ္ အထူးတလည္လိုအပ္ေနတဲ့ကိစၥေတြကို တေလးတစားနဲ႔ စာနာခံစားတတ္ၿပီး သိခ်င္စိတ္ရိွေသာ ဆရာဝန္တစ္ေယာက္ကို ရွာေဖြပါ။ သင့္အတြက္ အရာရာအေထာက္အကူေပးႏိုင္သူကို သင့္လိင္စိတ္တိမ္းၫႊတ္မႈအေၾကာင္းမ်ွေဝၿပီး ေနာက္ သင့္အသက္အရြယ္တန္း အမ်ိဳးသမီးမ်ား ေသြးဖိအား၊ ေသြးတြင္းအဆီအေျခအေနစသည္တို႔ကို စမ္းသပ္စစ္ေဆးျခင္း၊ ရင္သား ကင္ဆာ နဲ႔ သားအိမ္ေခါင္းကင္ဆာမ်ား စမ္းသပ္စစ္ေဆးျခင္းေတြကို ဘယ္လိုလုပ္ေဆာင္ရမလဲ လုပ္ရိုးလုပ္စဉ္ လမ္းေၾကာင္းမ်ားကို ေမးျမန္းပါ။


တကယ္လို႔ သင္ဟာ ေရရွည္ဆက္ဆံေရးတစ္ရပ္မထူေထာင္ထားဘူး၊ အျပန္အလွန္ တစ္လင္တစ္မယားေပါင္းသင္းဆက္ဆံေရးသေဘာ မထားၾကဘူးဆိုရင္ေတာ့ လိင္ဆက္ဆံမႈကတစ္ဆင့္ကူးစက္တတ္တဲ့ေရာဂါ(Sexually Transmitted Infections)မ်ား ကူးစက္ခံရျခင္းရိွ မရိွ ပံုမွန္စစ္ေဆးဖို႔ အခ်ိန္ဇယားဆြဲထားသင့္တယ္။ သင္စိုးရိမ္ပူပန္မိတဲ့ က်န္းမာေရးကိစၥမ်ား၊ အေျခအေနမ်ားကို သင္ျပသေနၾက ဆရာဝန္အား ေသခ်ာေလးေျပာျပတိုင္ပင္ပါ။ ေရာဂါလကၡာဏာမ်ား ေစာေစာစီးစီး ႏုစဉ္အဆင့္မွာစမ္းသပ္ေတြ့ရိွမယ္ဆိုရင္ ေရရွည္ က်န္းမာေရးအတြက္ အကူအညီျဖစ္ေအာင္ အေစာတလ်င္ကုသႏိုင္ပါတယ္။


Alex Aung (May 4, 2021)


Ref: Health issues for lesbians and women who have sex with women by Mayo Clinic

No comments: