Saturday, May 22, 2021

အကာအကွယ်မပါဘဲ အတူတူနေမိပြီးရင် ဘယ်အချိန်မှာ ဘာတွေစစ်ဆေးရမလဲ

အကာအကွယ်မပါဘဲ အတူတူနေမိပြီးရင် ဘယ်အချိန်မှာ ဘာတွေစစ်ဆေးရမလဲ


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Dr. Thiha Phyo Myint




အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်တဲ့ရောဂါများစွာ ရှိပါတယ်။ လူသိများတာကတော့ HIV ပိုး နဲ့ ကာလသားရောဂါပိုးတွေ ကူးနိုင်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ ဒါတွေတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အသည်းရောင် အသားဝါ Bပိုး၊ Cပိုး တွေဟာလည်း လိင်ဆက်ဆံရာကတဆင့် ကူးစက်တတ်တာကို မေ့ထားလို့မရပါဘူး။


ရောဂါပိုးတွေရဲ့ သဘာဝ နဲ့ ဗီဇလက္ခဏာ တွေဟာ တစ်ခုနဲ့တစ်ခု မတူညီကြတဲ့ အလျောက် incubation period လို့ခေါ်တဲ့ ကူးစက်မှုအစပျိုးချိန်တွေဟာလည်း တစ်ခုနဲ့ တစ်ခု မတူညီကြပါ။ ဆိုလိုတာကတော့ သင်စိုးရိမ်လို့ စစ်‌ဆေးချင်ရင်‌တောင် တစ်နေ့တည်း တစ်ချိန်တည်းမှာ စစ်ဆေးကြည့်လို့ အဆင်မပြေနိုင်ပါဘူး။ ဘယ်ရောဂါပိုးတွေ က ဘယ်အချိန်တွေမှာ စစ်ဆေးမှ အဖြေမှန်ပေါ်နိုင်မလဲဆိုတဲ့ အသေးစိတ်ကို အောက်မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။


Bacterial infections (ဘက်တီးရီးယားပိုးမွှားများ)ဖြစ်တဲ့ Chalamydia, Gonorrhoea(ဆီးပူညောင်းကျ), Mycoplasma, Ureplasma တို့ အတွက် incubation period ကတော့ ၇ ရက် ဖြစ်ပါတယ်။


Syphilis (ဆစ်ဖလစ်ပိုး)၊ အသည်းရောင်အသားဝါ B ပိုး နဲ့ Herpes simplex (ရေယုန်) ပိုးတွေကတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတဲ့ အချိန်ကစပြီး ၆ ပတ် အတွင်းဟာ incubation period ဖြစ်ပါတယ်။ ဆိုလိုတာက သင်ဟာ ရောဂါပိုးကူးစက်ခံရခြင်းရှိမရှိကို ၆ပတ်ကျော်တွင်စစ်တဲ့အခါမှာ အဖြေမှန်ရရှိမှာ ဖြစ်ပါတယ်။


အသည်းရောင်အသားဝါ C ပိုး ကတော့ ၉ပတ်ခန့် ကြာမြင့်ပါတယ်။


HIV ရောဂါပိုး ကတော့ စစ်ဆေးနည်းပေါ်မူတည်ပြီး နှစ်မျိုးကွဲပါတယ်။


ELISA test – ယခုလက်ရှိမှာ တွင်တွင်ကျယ်ကျယ် လွယ်လွယ်ကူကူ အသုံးပြုနေတဲ့ နည်းဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ပြီးနောက် ခန္ဓာကိုယ်မှာထွက်လာတဲ့ antibodies (ပဋိပစ္စည်း) ကို စစ်ဆေးတဲ့နည်းပါ။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၃လ ကနေ ၆လ အတွင်းမှာ စစ်ဆေးနိုင်ပါတယ်။


PCR test (polymerase chain reaction test)- သွေးထဲမှာ ဗိုင်းရပ်စ်ပိုးရှိမရှိကို တိုက်ရိုက်စစ်တဲ့နည်းဖြစ်တဲ့အတွက် အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီး ၉ရက်ကနေ ၁၁ရက်‌လောက်ဆို စစ်ဆေးလို့ရပါပြီ။ အဆင့်မြင့်ဓာတ်ခွဲခန်းတွေမှာပဲ စစ်ဆေးလို့ရမှာဖြစ်ပြီး ပထမနည်းနဲ့ ယှဉ်ရင် ငွေကုန်ကြေးကျပိုများပါတယ်။


လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတော်တော်များများဟာ ‌‌ရောဂါလက္ခဏာမပြတတ်ကြတဲ့အတွက် စစ်ဆေးစရာမလိုဘူး စိုးရိမ်စရာမလိုဘူးလို့ ထင်နိုင်စရာရှိပါတယ်။ အလွန်မှားတဲ့ အတွေးအခေါ်ပါပဲ။ အကယ်၍ သင်ဟာ STI ရောဂါရာဇ၀င် ရှိမရှိ သေချာမသိတဲ့သူတစ်ယောက်နဲ့ အကာအကွယ် မပါဘဲ အတူတူနေမိခဲ့တယ်ဆိုရင် ရောဂါလက္ခဏာပြတဲ့ အထိမစောင့်ဘဲ အမြန်ဆုံးစစ်ဆေးမှု ခံယူဖို့ အရမ်းအရေးကြီးပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာကတော့ အတူတူနေစဉ် အခါတိုင်း ကွန်ဒုံးကို စနစ်တကျ အသုံးပြုပြီး ကာကွယ်ဖို့ပါပဲလို့ တိုက်တွန်းရင်း ဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။


ရေးသားသူ – Dr. Saint


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

(Zawgyi) 

အကာအကြယ္မပါဘဲ အတူတူေနမိၿပီးရင္ ဘယ္အခ်ိန္မွာ ဘာေတြစစ္ေဆးရမလဲ


ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

ေရးသားသူ Dr. Thiha Phyo Myint




အကာအကြယ္မပါဘဲ လိင္ဆက္ဆံျခင္းကေန ကူးစက္ႏိုင္တဲ့ေရာဂါမ်ားစြာ ရွိပါတယ္။ လူသိမ်ားတာကေတာ့ HIV ပိုး နဲ႔ ကာလသားေရာဂါပိုးေတြ ကူးႏိုင္တယ္ဆိုတာပါပဲ။ ဒါေပမဲ့ ဒါေတြတင္ပဲလားဆိုေတာ့ မဟုတ္ပါဘူး။ အသည္းေရာင္ အသားဝါ Bပိုး၊ Cပိုး ေတြဟာလည္း လိင္ဆက္ဆံရာကတဆင့္ ကူးစက္တတ္တာကို ေမ့ထားလို႔မရပါဘူး။


ေရာဂါပိုးေတြရဲ႕ သဘာဝ နဲ႔ ဗီဇလကၡဏာ ေတြဟာ တစ္ခုနဲ႔တစ္ခု မတူညီၾကတဲ့ အေလ်ာက္ incubation period လို႔ေခၚတဲ့ ကူးစက္မႈအစပ်ိဳးခ်ိန္ေတြဟာလည္း တစ္ခုနဲ႔ တစ္ခု မတူညီၾကပါ။ ဆိုလိုတာကေတာ့ သင္စိုးရိမ္လို႔ စစ္‌ေဆးခ်င္ရင္‌ေတာင္ တစ္ေန႔တည္း တစ္ခ်ိန္တည္းမွာ စစ္ေဆးၾကည့္လို႔ အဆင္မေျပႏိုင္ပါဘူး။ ဘယ္ေရာဂါပိုးေတြ က ဘယ္အခ်ိန္ေတြမွာ စစ္ေဆးမွ အေျဖမွန္ေပၚႏိုင္မလဲဆိုတဲ့ အေသးစိတ္ကို ေအာက္မွာ ဆက္လက္ေဖာ္ျပေပးသြားပါမယ္။


Bacterial infections (ဘက္တီးရီးယားပိုးမႊားမ်ား)ျဖစ္တဲ့ Chalamydia, Gonorrhoea(ဆီးပူေညာင္းက်), Mycoplasma, Ureplasma တို႔ အတြက္ incubation period ကေတာ့ ၇ ရက္ ျဖစ္ပါတယ္။


Syphilis (ဆစ္ဖလစ္ပိုး)၊ အသည္းေရာင္အသားဝါ B ပိုး နဲ႔ Herpes simplex (ေရယုန္) ပိုးေတြကေတာ့ အကာအကြယ္မဲ့ လိင္ဆက္ဆံမိတဲ့ အခ်ိန္ကစၿပီး ၆ ပတ္ အတြင္းဟာ incubation period ျဖစ္ပါတယ္။ ဆိုလိုတာက သင္ဟာ ေရာဂါပိုးကူးစက္ခံရျခင္းရွိမရွိကို ၆ပတ္ေက်ာ္တြင္စစ္တဲ့အခါမွာ အေျဖမွန္ရရွိမွာ ျဖစ္ပါတယ္။


အသည္းေရာင္အသားဝါ C ပိုး ကေတာ့ ၉ပတ္ခန႔္ ၾကာျမင့္ပါတယ္။


HIV ေရာဂါပိုး ကေတာ့ စစ္ေဆးနည္းေပၚမူတည္ၿပီး ႏွစ္မ်ိဳးကြဲပါတယ္။


ELISA test – ယခုလက္ရွိမွာ တြင္တြင္က်ယ္က်ယ္ လြယ္လြယ္ကူကူ အသုံးျပဳေနတဲ့ နည္းျဖစ္ပါတယ္။ ဗိုင္းရပ္စ္ပိုးဝင္ၿပီးေနာက္ ခႏၶာကိုယ္မွာထြက္လာတဲ့ antibodies (ပဋိပစၥည္း) ကို စစ္ေဆးတဲ့နည္းပါ။ အကာအကြယ္မဲ့ လိင္ဆက္ဆံၿပီး ၃လ ကေန ၆လ အတြင္းမွာ စစ္ေဆးႏိုင္ပါတယ္။


PCR test (polymerase chain reaction test)- ေသြးထဲမွာ ဗိုင္းရပ္စ္ပိုးရွိမရွိကို တိုက္႐ိုက္စစ္တဲ့နည္းျဖစ္တဲ့အတြက္ အကာအကြယ္မဲ့ လိင္ဆက္ဆံမိၿပီး ၉ရက္ကေန ၁၁ရက္‌ေလာက္ဆို စစ္ေဆးလို႔ရပါၿပီ။ အဆင့္ျမင့္ဓာတ္ခြဲခန္းေတြမွာပဲ စစ္ေဆးလို႔ရမွာျဖစ္ၿပီး ပထမနည္းနဲ႔ ယွဥ္ရင္ ေငြကုန္ေၾကးက်ပိုမ်ားပါတယ္။


လိင္မွတစ္ဆင့္ကူးစက္တဲ့ ေရာဂါေတာ္ေတာ္မ်ားမ်ားဟာ ‌‌ေရာဂါလကၡဏာမျပတတ္ၾကတဲ့အတြက္ စစ္ေဆးစရာမလိုဘူး စိုးရိမ္စရာမလိုဘူးလို႔ ထင္ႏိုင္စရာရွိပါတယ္။ အလြန္မွားတဲ့ အေတြးအေခၚပါပဲ။ အကယ္၍ သင္ဟာ STI ေရာဂါရာဇ၀င္ ရွိမရွိ ေသခ်ာမသိတဲ့သူတစ္ေယာက္နဲ႔ အကာအကြယ္ မပါဘဲ အတူတူေနမိခဲ့တယ္ဆိုရင္ ေရာဂါလကၡဏာျပတဲ့ အထိမေစာင့္ဘဲ အျမန္ဆုံးစစ္ေဆးမႈ ခံယူဖို႔ အရမ္းအေရးႀကီးပါတယ္။ ဒီထက္ပိုၿပီး အေရးႀကီးတာကေတာ့ အတူတူေနစဥ္ အခါတိုင္း ကြန္ဒုံးကို စနစ္တက် အသုံးျပဳၿပီး ကာကြယ္ဖို႔ပါပဲလို႔ တိုက္တြန္းရင္း ေဆာင္းပါးေလးကို အဆုံးသတ္ပါရေစ။


ေရးသားသူ – Dr. Saint


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: