Saturday, January 1, 2022

လိင်တူဆက်ဆံခြင်းအကျိုးအကြောင်းအဆိုးအကောင်း

လိင်တူဆက်ဆံခြင်းအကျိုးအကြောင်းအဆိုးအကောင်း




#LGBTQတိုင်းဖတ်သင့်ပါတယ်အားလုံးတွက်တကယ်အရေးပါသောကြောင့်


သေချာဖတ်ရန်ရှက်စရာမဟုတ်ပါ


ကျနော်တို့ လူတိုင်းလူတိုင်းဟာ ဘဝမှာ တွေဝေစရာအကြောင်းအရာတွေကို ကြုံရစမြဲပါ။ ဘဝဆိုတာ မသိရင်ရှာဖွေ၊ စမ်းသပ် သို့မဟုတ် လေ့လာရင်းနှင့်မှ တဖြည်းဖြည်း ရင့်ကျက်လာတဲ့ သင်ယူမှုဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။


ဒါပေမယ့် ကျနော်တို့ လိင်တူချစ်သူတွေအဖို့ တခါတရံ ကိုယ်သိနေတဲ့ အကြောင်းအရာတွေကို မသေချာမရေရာ ဟုတ်လားမဟုတ်လား ဖြစ်နေတာမျိုးရှိတဲ့အခါ အဖြေရှာဖွေဖို့နေရာ ရှာမတွေ့တာဖြစ်တတ်ပါတယ်။ 


ဘယ်နားကစရမလဲမသိဖြစ်ကြတတ်ပါတယ်။ ရှားပါးတဲ့စာအုပ်တွေလိုက်ရှာဖတ်လိုက်ရ သို့မဟုတ် အင်တာနက်မှာပြေးရှာဖို့ဆိုတာကလည်း လိင်တူချစ်သူတွေအကြောင်းကို မြန်မာလိုရှင်းပြတာမျိုက တော်တော်ရှာရခက်မှာပါ။

 မရှိသလောက်လည်း ရှားနေပါသေးတယ်။ 

 အဲ့တော့ ပတ်ဝန်းကျင်က ကိုယ့်ထက်တွေ့အကြုံများတဲ့သူတွေကို မေးရင်မေး၊ ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းတွေစီက ကြားဖူးနားဝတွေနဲ့လေ့လာကြပါတယ်။ အဲ့တော့ ဘဝအကြောင်းအပြင် လိင်ကိစ္စအကြောင်းဆိုရင် ပိုပြီးမေးရမှာခက်၊ ရှာဖွေရမှာလည်းခက်တဲ့ အဖြစ်ပါ။ 

 

အဲ့တော့နောက်ဆုံး ကျနော်တို့ အများဆုံးလေ့လာခဲ့တဲ့နေရာကတော့ လိင်ရုပ်ရှင်တွေကပါ။ ဒါပေမယ့် လိင်ရုပ်ရှင်ဆိုတာ ဖန်တီးမှုပါ။ အမြင်အာရုံကို ကြေနပ်အားရဖို့ကို လုပ်ကြံထားတာပါ။ အပြင်တကယ့်ဘဝမှာ အဲ့ဒီအတိုင်းအမြဲတမ်းမဖြစ်ပါဘူး။ ပြီးတော့ အရပ်ထဲမှာ လျှောက်ပြောတတ်ကြတဲ့ အယူမှားတွေကို ယုံကြည်မိမှ ကိုယ့်အတွက် ထိခိုက်စရာဖြစ်နေပါမယ်။


ဒါ့ကြောင့်ကျနော်တို့ လိင်တူချစ်သူများအဖို့ဟာ ဗဟုသုတအမှန်ရဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စပါ။ ကျောင်းမှာ ဒါတွေကို လေ့လာရဖို့ဆိုတာကလည်း မဖြစ်နိုင်သေးပါ။ အဲ့ဒါကြောင့် လိင်တူဆက်ဆံခြင်းနှင့် ပက်သက်တဲ့ ကျနော်တို့ သိသင့်သိထိုက်တာတွေ၊ အကြံပေးချက်တွေနဲ့ အယူမှားများကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။


အကြံပြုချက်များ


၁ ။ လိင်ဆက်ဆံဖို့အတွက် အန္တရာယ်များတဲ့ အလုပ်တွေမလုပ်ပါနဲ့။


သင်ငယ်ရွယ်တဲ့ အချိန်မှာဆိုရင် လိင်ဆက်ဆံဖို့ဆိုတာ ဘဝရဲ့ အရေးကြီးဆုံးအရာလို့ ထင်တတ်ကြပါတယ်။ တချိန်တည်းမှာပဲ လိင်ဆက်ဆံရဖို့ အခွင့်အလမ်းဟာ ရှားပါးတယ်လို့ ထင်ကြပါတယ်။ အမှန်တော့ လိင်ဆက်ဆံဖို့ဆိုတာ မရှားပါဘူး။ အချိန်တန်တဲ့အခါ မှန်ကန်တဲ့သူနဲ့ သင်ကြိုက်သလောက် လိင်ဆက်ဆံလို့ရပါတယ်။ ဒါပေမဲ့ လိင်ဆက်ဆံဖို့အတွက်တော့ သင့်ကိုယ်သင် အန္တရာယ်များတဲ့အဖြစ်ကို ဘယ်တော့မှ မရောက်စေပါနဲ့။


၂ ။ အလုံခြုံဆုံးလိင်ဆက်ဆံမှုဟာ အကောင်းဆုံးလိင်ဆက်ဆံမှုပါ။


လိင်မှတဆင့်ကူးဆက်တဲ့ရောဂါတွေဟာ အလျှံအပယ်ပါ။ လိင်ဆက်ဆံတယ်ဆိုတာက လူနှစ်ဦး ခန္ဓာကိုယ်ကို အနီးကပ်ဆုံးဖလှယ်ခြင်းဖြစ်တာကြောင့် တစ်ခုမှမတွေ့ဖူးသေးတဲ့သူ (သို့) ကောင်းကောင်းမသိတဲ့သူနဲ့ဆိုရင် သူ့ဆီမှာ ဘာရောဂါရှိလဲ၊ ကိုယ့်ဆီကို အဲ့ရောဂါက ဘယ်လိုကူးဆက်လာမလဲ မသိနိုင်ပါဘူး။ ကွန်ဒုံးသုံးပြီး ဘေးကင်းစွာပြုမူမှသာ ကိုယ့်အတွက် လုံခြုံအောင်ကာကွယ်နိုင်ပါမယ်။

 လိင်ပညာပေးတွေဟာ ကျွန်တော်တို့ကို ရောဂါကူးစက်ပုံအကြောင်းတွေကို အထိကထားပြီးပြောလေ့ရှိပါတယ်။ ဒါပေမယ့် ကွန်ဒုံးသုံးခြင်းမသုံးခြင်းက ကျွန်တော်တို့၏ စိတ်အနေအထားပေါ်ကို ဘယ်လိုသက်ရောက်မှုရှိနိုင်တယ်ဆိုတာကို ပြောပြလေ့မရှိပါဘူး။

  ကျွန်တော်တို့ဟာ အထူးသဖြင့် ကွန်ဒုံးမသုံးပဲ ဆက်ဆံတဲ့အခါ ကိုယ့်ကို HIV နဲ့ အခြား လိင်မှတဆင့်ကူးဆက်တဲ့ရောဂါ တွေ ဘယ်လိုဝင်လာမလဲဆိုတာကို ပူပန်နေရပါမယ်။ အဲ့လို ပူပန်ပြီး လိင်ဆက်ဆံရတာ မတန်ပါဘူး။ 

  လိင်ဆက်ဆံနေတုန်း ကြောက်စိတ်ပူပန်စိတ်တွေဖြစ်နေတာမျိုး မလိုချင်ပါဘူး။ ဒါကြောင့် လုံခြုံအောင်လုပ်ပြီး စိတ်ချလက်ချ လိင်ဆက်ဆံရတာကသာ ပျော်စရာအကောင်းဆုံးပါ။😊😊


၃ ။ လိင်ဆက်ဆံချိန် ချောဆီထည့်ဖို့ မနှမြောပါနဲ့။#ရှိကိုရှိရမယ်


လိင်ဆက်ဆံချိန်မှာ ချောမွေ့မှုမရှိရင် နာကျင်ပြီး ပွန်းကာ ခန္ဓာကိုယ်ထိခိုက်နိုင်ပါတယ်။ ချောဆီဘယ်တော့မှများတယ်ဆိုတာမရှိပါဘူး။ ကိုယ့်အတွက် အကိုက်ဆုံးဖြစ်မယ့် ချောဆီ(lube)ကို တစ်ခုပြီးတစ်ခု စမ်းသပ်ပါ။ ပြီးလျှင်အဲ့တစ်ခုကို ကိုယ့်အတွက် ဖူဖူလုံလုံဝယ်ထားပါ။


၄ ။ ကွန်ဒုံးဝယ်ဖို့ မနှမြောပါနဲ့။


ကိုယ်မသိတဲ့သူနဲ့ လိင်ဆက်ဆံမယ်ဆိုရင် ကွန်ဒုံးဟာ ကိုယ့်ရဲ့ အသက်ကာကွယ်ပေးတဲ့အရာတစ်ခု လိုပါပဲ။ 

တချို့ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ အဖွဲ့အစည်းတွေက ကွန်ဒုံးအလကားပေးတာတွေ ရှိပါတယ်။ တကယ်လို့ သင်ပိုက်ဆံတတ်နိုင်ဆိုရင်တော့ ကိုယ့်အတွက်အကိုက်ဆုံးဖြစ်မယ့် ကှနျဒုံးကောာငျးကောငျး ဝယ်သုံးသင့်ပါတယ်။#Topcenter


၅။ ဆီးကျိတ်ဟာ ယောက်ျားချင်းလိင်တူဆက်ဆံခြင်းရဲ့ အဓိကသော့ချက်ပါ။ 😊


ယောက်ျားတွေမှာရှိတဲ့ သုတ်ရည်ထုတ်လုပ်ပေးတဲ့ ဆီးကျိတ်အကြောင်းကို လေ့လာသိထားသင့်ပါတယ်။ 

စအိုအတွင်း ၃ လက်မလောက်မှာရှိတဲ့ ဇီးစေ့အရွယ်ဆီးကျိတ်ကို ပွတ်တိုက်နှိပ်နှုယ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လှုံဆော်မှုဟာ သုခကို ဖြစ်ပေါ်စေပါတယ်။ လိင်ဆက်ဆံတဲ့အခါမှာ သင့်အတွက် ဘယ်လိုမျိုး အနေအထားမျိုးက ဆီးကျိတ်ကိုအကောင်းဆုံးလှုံ့ဆော်မှုဖြစ်စေသလဲဆိုတာကို စမ်းသပ်ရမှာပဲဖြစ်ပါတယ်။


၆ ။ လိင်ဆက်ဆံရာတွင် သန့်ရှင်းရေးလုပ်ဖို့ အဝတ်၊ တံပတ် (သို့) စက္ကူချော အမြဲဆောင်ထားပါ။ 


ရုတ်တရက် ရှုပ်ပွသွားလို့ ဖတ်ခနဲ ရှင်းစရာတစ်တစ်ခု ရှာမတွေ့တာက စိတ်ရှုပ်စရာကြီးပါ။


 အကယ်၍ ဘေးနားမှာ တံပတ်ဖြစ်ဖြစ် အသင့်ရှိနေရင် ပိုနေတဲ့ ချောဆီတွေပဲ့ဖြစ်ဖြစ် ဘာတွေထွက်လာတာပဲ့ဖြစ်ဖြစ် မြန်မြန် သန့်ရှင်းအောင်လုပ်လိုက်လို့ရပါတယ်။ 

 အဲ့တော့ ဆက်ပြီးသန့်သန့်ရှင်းရှင်းလိင်ဆက်ဆံလို့ရပါတယ်။


 ၇ ။ လက်သည်းညှပ်ပါ။လက်သည်းနဲ့ မထိုးမိစေနဲ့ 


 သင့်လက်ချောင်းတွေကို ကိုယ့်ခန္ဓာထဲပဲဖြစ်ဖြစ် သူများခန္ဓာကိုယ်ထဲပဲဖြစ်ဖြစ် မထည့်ခင် လက်သည်းတွေကို တိုနိုင်သမျှတိုအောင်ညှပ်ထားပါ။ 

 လက်သည်းများမှ ခန္ဓာကိုယ်တွင်း နူးညံ့သောအသားများကို ပွန်းပဲ့မှုဖြစ်စေနိုင်ပါသည်။


 ၈ ။ လေ့ကျင့်မှု နှင့် အတွေ့အကြုံ

 

သူ့ကြောင့်သာ သင့်လိင်မှုကျွမ်းကျင်မှု တိုးတက်လာနိုင်ပါတယ်။

 ပထမဆုံး လိင်ဆက်ဆံမှုဆိုတာ ကြှနျုပျတို့ အများစုအတွက်တော့ ထင်ထားသလို အလွန်တရာကောင်းမွန်တဲ့ မမေ့နိုင်စရာ ညတစ်ညဖြစ်တယ်ဆိုတာရှားပါတယ်။ 

 အကယ်လို့ သင်အဲ့လို ကောင်းမွန်တဲ့ အတွေ့အကြုံရခဲ့ရ သင်ဟာအလွန်ကံကောင်းသူပါပဲ။

  ပထမဆုံးလိင်ဆက်ဆံမှုဆိုတာ ကြှနျုပျတို့ အများစုအတွက်တော့ အဆင်မပြေမှုတွေကြုံကြတာများပါတယ်။ အဲ့အတွက်တော့ စိတ်မပျက်ပါတဲ့။

   ဒါကဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ နောက်တစ်ကြိမ်ပြန်ကျိုးစားကြည့်ပါ။ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာပါလိမ့်မယ်။


 ၉ ။ ကိုယ့်အတွက် ဘယ်လိင်ဆက်ဆံတဲ့အနေအထားက အကောင်းဆုံးလဲကိုရှာဖွေပါ။


 စမ်းသပ်ပါ။ ကိုယ့်အတွက် ဘယ်လိုအနေအထားမျိုးက နာကျင်မှုမရှိစေပဲ ထိမိအောင်ခံစားနိုင်သလဲဆိုတာကို ရှာဖွေပါ။ 

 

အဖြည်းဖြည်းနဲ့ ကိုယ့်ကိုခံစားမှုကောင်းကောင်းပေးနိုင်မယ့် ကိုယ်အကြိုက်ဆုံးလိင်ဆက်ဆံတဲ့အနေအထားတွေ ကောင်းကောင်းနားလည်လာပါမယ်။


 ၁၀ ။ ပါးစပ်နှင့် လိင်ဆက်ဆံမှုကို ကျွမ်းကျင်အောင်လုပ်ပါ။#BJတင်ပေးထားတယ်ဟေ့


 လေ့ကျင့်ပါ။ အင်တာနက်ပေါ်မှာ နည်းလမ်းကောင်းတွေလိုက်ရှာဖတ်ကြည့်ပါ။ 

 သင့်ရဲ့ချစ်သူကို အိပ်ရာထဲမှာ အရူးအမူးဖြစ်သွားစေရပါမယ်။

  နှစ်ဦးနှစ်ဖက် အပြန်အလှန် သာလွန်တဲ့လိင်မှုသုခပေးတာကြောင့် ဘာမှာနစ်နာစရာလည်းမရှိပါဘူး။ 

  လူနှစ်ဦးကြား ခိုင်မာတဲ့မေတ္တာရေးထဲမှာ ကောင်းမွန်တဲ့ လိင်မှုဘဝဆိုတာကလည်း သော့ချက်တစ်ခုဖြစ်နိုင်ပါတယ်။


 ၁၁ ။ လိင်မဆက်ဆံခင်နဲ့ ဆက်ဆံပြီး ဆီးသွားပါ။

 

 ဆီးအောင့်နေလျှင် ကာမပြီးမြောက်ဖို့ ခက်ခဲသလို လိင်ဆက်ပြီးဆီးသွားပါက လိင်တံပြွန်ထဲမှာကျန်နေသမျှ ရှင်းထုတ်ပေးသလိုဖြစ်ပါတယ်။


 ၁၂ ။ သင် စအိုနဲ့ လိင်ဆက်ဆံချင်တယ်ဆိုရင် ၂ရက်၂နာရီ စည်းကမ်းလေးကို မှတ်ထားပါ။


 ကျွန်တော်တို့ ခန္ဓာကိုယ်ကို ထိန်းချုပ်လို့မရတဲ အပိုင်းတွေများကြီးရှိပါတယ်။ 

 ကျွန်တော်တို့ လိင်တူချစ်သူတွေဖို့ ကိုယ်ထဲက အညစ်အကြေးတွေကို ကိုယ်စိတ်ကြိုက်ရှင်းချင်တဲ့အချိန်ရှင်းလို့ရရင် သိပ်ကောင်းမှာပဲ။ 

 ဒါပေမယ့် မဖြစ်နိုင်ပါ။ 

 အဲ့တော့ စအိုနဲ့လိင်ဆက်ဆံချင်ရင် လိင်မဆက်ဆံခင် ၂ ရက်အတွင်း အိမ်သာမတက်ရသေးရင် ဒါမှမဟုတ် လိင်မဆက်ဆံခင် ၂ နာရီအလိုမှာ အိမ်သာတက်ထားရင် စအိုနဲ့ထိုးသွင်းလိင်မဆက်ဆံသင့်ပါဘူး။ ရှုပ်ပွတဲ့ အဖြစ်မျိုးကြုံနိုင်ပါတယ်။#အဓိကကျပါတယ်


 ၁၃ ။ သင့်လိင်ဆက်ဆံဖော်ကို အာရုံစိုက်ပါ။



 လိင်ဆက်ဆံနေစဉ် သင်ကောင်းမွန်စေဖို့ သင့်ကိုယ်သင်ပဲ အာရုံစိုက်မနေပါနဲ့။ 

 အကောင်းအကြံပြုချင်တာကတော့ လိင်ဆက်ဆံနေစဉ် သင့်အဖော်ကို ဘယ်လိုအကောင်းအောင်လုပ်ပေးရမလဲဆိုတာပါ။

 

 သင့်အဖော် သင့်ကြောင့် ဘယ်လောက်ထိ ရင်ခုန်လာသလဲကို ကြည့်ခြင်းဖြင့် သင်ကိုယ်တိုင် အားရကျေနပ်တာလောက်ကောင်းတဲ လိင်ဆက်ဆံမှုမျိုးမရှိပါဘူး။


 ၁၄ ။ သင့် လိင်ဆက်ဆံဖော်ကို သင်ဘာကြိုက်တတ်လဲပြောပြပါ။


 သင့် လိင်ဆက်ဆံဖော်နှင့် ပွင့်ပွင့်လင်းလင်း တစ်ယောက်အကြိုက်တစ်ယောက် ဆွေးနွေးပြောပြသင့်ပါတယ်။ 

 စိတ်ကိုဖတ်ပြီး နားလည်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ ပြောပြမှ သိမှမို့ ပိုမိုနားလည်နေတဲ့အခါ ပိုမိုကောင်းမွန်တဲ့ လိင်ဆက်ဆံမှုကို ရရှိမှာဖြစ်ပါတယ်။


 ၁၅ ။ အကြင်နာပေးခြင်းက လိင်ဆက်ဆံမှုရေး အရေးကြီးဆုံး နှင့် စိတ်လှုပ်ရှားမှု အဖြစ်စေနိုင်ဆုံးအပိုင်းပါ။😘😘😘

 


 လိင်ဆက်ဆံနေစဉ် နှစ်ယောက်နှတ်ခမ်းချင်းနမ်းခြင်းက လိင်ဆက်ဆံမှုမှာ စိတ်တက်ကြွမှုကို အားကောင်းစေနိုင်တာ အာလုံးသိပါတယ်။

  အဲ့တော့ လိင်ဆက်ဆံနေစဉ် ကိုယ့်ချစ်သူကို အားမနာတမ်းသာနမ်းလို့ရပါတယ်။ 

  ဒါနဲ့စကားမစပ် နမ်းရာမှာ တစ်ယောက်နှင့်တစ်ယောက် မတူနိုင်ပါ။ 

  တချို့က ပါးစပ်ဖွင့်ရတာပိုအားသန်သလို တချို့က ပါးစပ်ပိတ် နမ်းရတာကို သဘောကျပါတယ်။ အဲ့တော့ နှစ်ယောက် အဆင်ပြေအောင် ညှိနှိုင်းလို့ရပါတယ်။ 

  အင်တာနက်ပေါ်မှာ ပိုကောင်းအောင် ဘယ်လို နမ်းရမလဲဆိုတာသင်ပေးထားတာတွေ ရှာဖတ်ကြည့်လို့ရပါတယ်။ ဒါပေမယ့် လူတွေ ကိုယ့်အကျင့်နဲ့ကိုယ်ပါ။ စမ်းသပ်ပြီး ညှိညှိနှိုင်းနှိုင်းလုပ်ပေါ့။

  

သိသင့်သိထိုက်စရာများ


၁ ။ လိင်တူဆက်ဆံမှုဆိုတာ စအိုနှင့်ထိုးသွင်းဆက်ဆံမှသာ လိင်ဆက်ဆံခြင်းဖြစ်တယ်လို့မဆိုလိုပါဘူး။


လိင်တူချစ်သူယောက်ျားနှစ်ဦးအကြား ခန္ဓာရင်းနှီးမှုပြုလုပ်ပြီး ကာမသုခခံစားတယ်ဆိုတာ လိင်ရုပ်ရှင်ထဲကလို ထိုးသွင်းဆက်ဆံမှဖြစ်ရမယ်လို့မဟုတ်ပါ။ လူနှစ်ဦးနီးကပ်မှုရရှိအောင် (သို့) မေတ္တာမျှဝေခြင်းကို ပြုလုပ်ဖို့ နည်းလမ်းမျိုးစုံဖြစ်နိုင်ပါတယ်။ ကိုယ့်အတွက် ဘယ်ဟာအကောင်းဆုံးလဲဆိုတာကို ကိုယ့်ဖာသာကိုယ် ရှာဖွေရမှာဖြစ်ပါတယ်။


၂ ။ သင် top (သို့) bottom ဖြစ်တယ်ဆိုတာက သင့်ကို ဘယ်လိုလူစားလဲလို့ မသတ်မှတ်ပါဘူး။


လိင်ဆက်ဆံရာမှာ သင်ဘယ်လိုနှစ်သက်တယ်ဆိုတာ သင်ဘဝနဲ့ ဘာမှမဆိုင်ပါဘူး။ သင် Top (သို့) Bottom ဖြစ်ချင်တယ်ဆိုတာက သင်ဘယ်လိုလိင်ဆက်ဆံရတာကို ကြိုက်တယ်ဆိုတာကိုသာ ပြောတာပါ။ ဒါကိုထောက်ပြီး လူတွေက သင့်ကို နှိမ့်ချတာ၊ အနိုင်ကျင့်တာ၊ အသုံးချတာ သို့မဟုတ် သင့်ဘဝယုံကြည်မှုကို သေးသိမ်အောင်လုပ်တာတွေ လုပ်စရာအကြောင်းမရှိပါဘူး။


၃ ။ လိင်စိတ်တိမ်းညွှတ်မှုဆိုတာ နှစ်မျိုးသာ တသတ်မှတ်တည်းရှိတာမဟုတ်ပါဘူး။


လိင်တူပဲစိတ်ဝင်စားရမယ်၊ လိင်ကွဲပဲစိတ်ဝင်စားရမယ်ဆိုပြီး အသေသတ်မှတ်ရမယ် ဆိုတာမျိုးမရှိပါဘူး။ လိင်စိတ်တိမ်းညွှတ်မှုဟာ နယ်ပယ်တလျှောက်လုံး ဘယ်နေရာမဆို ရှိနိုင်ပါတယ်။ ကိုယ်က ဘယ်ဘက်ကိုပိုတိမ်းညွှတ်တယ်ဆိုတာမျိုးပါပဲ။ အလယ်မှာ လိင်တူကော၊လိင်ကွဲကော စိတ်ဝင်စားတာမျိုးက လုံးဝပုံမှန်ပါပဲ။


၄ ။ လိင်ဆက်ဆံဖော်ရှာဖွေရာမှာ လူမျိုးခွဲခြားတယ်ဆိုတာ တကယ်ကြီးမားတဲ့ ပြဿနာပါ။


လိင်တူချစ်သူအသိုင်းအဝိုင်းမှာ လူမျိုးခွဲခြားခြင်းဆိုတာ တကယ်ရှိပြီး လူတွေကိုထိခိုက်နာကျင်စေတဲ့ ဆိုးရွားတဲ့ အပြုမှုနဲ့ စိတ်ဓာတ်ပဲဖြစ်ပါတယ်။


 တခါတရံ တချို့သူတွေက ဆက်ဆံဖော်ရွေးချယ်ရာမှာ ကိုယ်ပိုသဘောကျတဲ့ လက္ခဏာရှိတဲ့'လူမျိုး'ကိုသာအလိုရှိတယ်လို့ဆိုပြီး ခွဲခြားရွေးချယ်တာဟာ ကိုယ့်ရဲ့ရွေးချယ်ပိုင်ခွင့်လို့ သတ်မှတ်တတ်ကြပါတယ်။ 

 ဒါပေမယ့် သူရဲ့'လူမျိုး'လက္ခဏာတွေကိုအခြေခံပြီး တဖက်သားကို နာကျင်အောင် ငြင်းပယ်တာ၊ ခွဲခြားတာ၊ ပယ်ကျင်တာ၊ နှိမ့်ချခေါ်ဆိုတာတွေဟာ လူမျိုးခွဲခြားတဲ့ အမူအကျင့်တွေပါ။

 

 ထိုနည်းအတူ အဲ့လိုပယ်ကျင်တဲ့အပြင် သူရဲ့'လူမျိုး'လက္ခဏာတွေကိုအခြေခံပြီး သူ့ကို အသားယူပြောဆိုတာ၊ ကိုယ့်ရဲ့လိင်ဆက်ဆံမှုလိုအပ်ချက်အတွက်အသုံးချတာ(sexual objectification) စတာတွေဟာလည်း ထပ်တူညီတဲ့ လူမျိုးခွဲခြားတာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့လိုပြုမူခြင်းဟာ တဖက်သားလူအများကို နာကျင်ထိခိုက်စေနိုင်တဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။😘😘


၅ ။ နွဲ့တဲ့သူတွေကိုမုန်းတီးတာဟာ လိင်တူချစ်သူတွေအသိုင်းအဝိုင်းမှာ တကယ်ကြီးမားတဲ့ ပြဿနာပါ။


နွဲ့တဲ့သူတွေကို မုန်းတီးတာ၊ ကျားမပြောင်းသူတွေကို မုန်းတီးတာ၊ လှောင်တာ၊ နှိမ့်ချတာဟာ တကိုယ်ကောင်းဆန်တဲ့ အပြုမှုနဲ့စိတ်ဓာတ်ပါ။ 


ဒီလိုပြုမူခြင်းဟာ လူအများကို နာကျင်ထိခိုက်စေနိုင်တဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။ 


လူတစ်ဦးနဲ့တစ်ဦးကိုယ့်အကြိုက်ကိုယ်ရှိကြပေမဲ့ လိင်ဆက်ဆံဖော်ရှာဖွေတဲ့အခါမှာ နွဲ့တဲ့သူ၊ ပိန်/ဝတဲ့သူတွေ၊ အရပ်ပု/ရှည်တဲ့သူစသဖြင့် သူတို့ရဲ့ကာယလက္ခဏာတွေပေါ်အခြေခံပြီး တဖက်သားကို နာကျင်အောင် ငြင်းပယ်တာ၊ ခွဲခြားတာ၊ ပယ်ကျင်တာ၊ နှိမ့်ချခေါ်ဆိုတာတွေဟာ ခွဲခြားဆက်ဆံတဲ့ အမူအကျင့်တွေပါ။ 

လူအများကလက်မခံတဲ့အပြုအမူပါ။ အဆိုးဆုံးက dating app တွေမှာ နွဲ့တဲ့သူ၊ဝတဲ့သူတွေ လာမပြောနဲ့ (not fat/no fem)လို့ရေးတာဟာ ရှက်စရာကောင်းတဲ့ အပြုမူပါ။


၆ ။ အသက်ကြီးတယ်ဆိုတာ ကိန်းဂဏန်းတစ်ခုတိုးသွားတာသာပါပဲ။


သင့်ကိုယ်သင် အသက်ကြီးပြီဆိုပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုကို ဘာမှသက်ရောက်မှုမရှိသင့်ပါဘူး။ 


ကိုယ့်အတွက်တော့ အတွေ့ကြုံများပြီး ပိုရင့်ကျက်လာတယ်ဆိုတဲ့ သဘောပါ။ အထူးသဖြင့် ကိုယ့်ထက်အသက်ကြီးတဲ့သူနဲ လိင်ဆက်ဆံတာကလည်း ကိုယ့်အတွက် အကျိုးကျေးဇူးရနိုင်တဲ့ အတွေ့ကြုံမျိုးပါ။ 


သူတို့က ကိုယ့်ထက်ပို ကျွမ်းကျင်မှုရှိတဲ့သူတွေဖြစ်တဲ့အတွက် ကိုယ်ပညာရပါတယ်။ ဒါကြောင့် ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကို ခွဲခြားမဆက်ဆံပါနဲ့။😘😘😘


၇ ။ ကိုယ့်ရဲ့ HIV အခြေနေကို သိထားသင့်ပါတယ်။


ဒီခေတ်မှာ HIV ရှိတိုင်း AIDS ဖြစ်တဲ့အဆင့်ကို မရောက်တော့ပါဘူး။ စောစောစီးစီးသိရှိပြီး ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ခြင်းဖြင့် ပိုးအရေအတွက်ကို မရှိသလောက်ဖြစ်အောင် ထိန်းထားနိုင်ပြီး သက်တန်းစေ့နေထိုင်သွားနိုင်ပါပြီ။


 ဒါကြောင့် ကိုယ်ဟာ လိင်ဆက်ဆံဖော်များပြီး HIV ပိုးကူးနိုင်တဲ့ အပြုအမူနေထိုင်မှုလုပ်နေသူတစ်ဦးဆိုရင် မသိကျိုးကျွန်လုပ်ပြီး မစစ်ပဲနေတာထက် စောစီးစွာသိရှိပြီး ပိုးသတ်နိုင်ရင် ကိုယ့်အသက်အန္တရာယ်ကို ကာကွယ်သလိုပါပဲ။ 

 

ဒါ့ကြောင့် ကိုယ့်လိင်ဆက်ဆံဖော်ရဲ့ HIV အခြေအနေကိုလည်း အမြဲတမ်း အားမနာပဲ မေးသင့်သလို ကိုယ့်ရဲ့ အခြေအနေကိုလည်း တာဝန်သိသိ စစ်ထားသင့်ပါတယ်။ ဘာပဲပြောပြော ကွန်ဒုံးသုံးဖို့ ဘယ်တော့မှ မမေ့ပါနဲ့။


၈ ။ လိင်တံတောင့်တင်းမှု မရခြင်းသည် လူငယ်လူလတ်ရွယ်များတွင်လည်း ဖြစ်တတ်လေ့ရှိတယ်။


ကျန်းမာပြီး ငယ်ရွယ်တဲ့ ယောက်ျားတွေအကြားမှာလည်း လိင်တံတောင့်တင်းမရခြင်းဖြစ်နိုင်ပါတယ်။ 

အဖြစ်များစေတဲ့ အကြောင်းတွေကတော့ အရက်အလွန်အကျွံသောက်သုံးခြင်း နှင့် စိတ်ဖိစီးခြင်းတို့ကြောင့် အဖြစ်များတတ်ကြပါတယ်။


 စိုးရိမ်ကြောင့်ကြမှုကြောင့်လည်း တခါတရံ လိင်ဆက်ဆံချိန်မှာ တောင့်တင်းမှုမရနိုင်လည်းဖြစ်နိုင်ပါတယ်။ 

 

တခါတရံ လူသားတိုင်းကြုံရပြဿနာမျိုးမို့လို့ ကိုယ့်ကိုယ်ကို ဘာမှ စိတ်ဓာတ်ကျစရာမလိုပါ။ ဒါပေမယ့် ရေရှည်ကြာမြင့်လာရင် ဆို့တော့ ဆရာဝန်နဲ့ စစ်ဆေးမှုပြုလုပ်ဖို့လိုပါမယ်။


၉ ။ လိင်တူဆက်ဆံစဉ် အနံဆိုးများထွက်လာနိုင်တယ်။


တခါတရံ အနံ့အာရုံများကောင်းမွန်အောင်ပြုလုပ်ထားနိုင်သကဲ့သသို့ တခါတရံလည်း လိင်ဆက်ဆံနေစဉ် အနံဆိုးများထွက်လာနိုင်ပါတယ်။ ဒါက ဘာမှမဆန်းတဲ့အရာမို့ စိတ်ပျက်မသွားပါနဲ့။


၁၀ ။ လိင်ဆက်ဆံနေစဉ် အညစ်အကြေးများထွက်လာတတ်တာ မဆန်းပါ။


ဒါက သဘာဝသာဖြစ်ပါတယ်။ ဘာမှပူစရာ အရေးတယူလုပ်စရာမလိုပါ။ နှစ်ယောက်လုံး ပြုံပြီးသာ ရှင်းလင်းလိုက်ပါ။ 


၁၁ ။ လက်တွေ့လိင်ဆက်ဆံမှုမှာ သင်လိင်တံတင်းမာဖို့ ခက်ခဲနေလျှင် သင်လိင်ရုပ်ရှင်တွေကြည့်တာတွေရပ်ပါတော့။


လက်တွေ့ဘဝမှာ တခြားယောက်ျားတယောက်အတွက် ရင်မခုန်ပဲလိင်တံတောင့်တင်းဖို့ ခက်ခဲနေရင် သင့်လိင်ရုပ်ရှင်တွေထဲက ယောကျ်ားတွေရဲ့ ပြီးပြည့်စုံတဲ့ အမြင်အာရုံကို သင့်ဦးနှောက်က အရမ်းစွဲလမ်းနေလို့ပါ။


 ဒါ့ကြောင့်လက်တွေ့မှာ ကိုယ့်အဖော်က ကိုယ်မျှော်လင့်နေသလို သူတို့ကဲ့သို့ပြီးမပြည့်စုံတဲ့အခါ လိင်စိတ်တက်ကြွမှု မရှိတာဖြစ်ပါတယ်။

  ဒါ့ကြောင့် လိင်ရုပ်ရှင်တွေကို ခဏရှောင်ပြီး သင့်အာရုံတွေကို အစက ပြန်စဖို့လိုပါမယ်။


၁၂ ။ သူ့လိင်တံမတောင့်တင်းနိုင်တာ သင့်အမှားမဟုတ်ပါဘူး။ 


သူ့အမှားလည်းမဟုတ်ပါဘူး။

ဘာမှ အပြစ်ပြောစရာမလိုပါ။ တခါတရံ စိုးရိမ်တာများပြီး သူမတောင့်တင်းနိုင်တာဟာ သင်မလှလို့လည်းမဟုတ်ဘူး။ 

သူမကောင်းလို့လည်းမဟုတ်ပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါ။ ခဏနားပြီး ပြန်ကျိုးစားကြည့်ပေါ့။


၁၃ ။ မကြာမဏ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပါ။


သင် လိင်ဆက်ဆံဖော်များများနှင့် အမြဲတမ်းထိတွေ့နေသူဖြစ်လျှင် ကိုယ့်ကျန်းမာရေးအတွက် ခန္ဓာကိုယ်ကို အမြဲတမ်း ဆေးစစ်ဆေးမှုတွေပြုလုပ်သင့်ပါတယ်။


၁၄ ။ ဘဝတချိန်ချိန်မှာ တော်တော်ဆိုးဝါးတဲ့ လိင်ဆက်ဆံမှုကို တွေ့ကြုံရတာ မဆန်းပါ။


အကောင်းဆုံးအချိန်တွေရှိနေသလို ဆိုးတဲ့အချိန်လေးတွေရှိတာလည်း မဆန်းပါ။ မကောင်းတဲ့ လိင်ဆက်ဆံတာဖြစ်သွားတော့လည်း အတွေ့အကြုံရတာပေါ့။ နောက်တစ်ယောက်နဲ့ကျရင် ပိုကောင်းတာဖြစ်လာမှာပေါ့။ ဒါက ဘဝပါပဲ။


၁၅ ။ သုတ်ထုတ်လွှတ်လိုက်ပြီးတာနဲ့ လိင်ဆက်ဆံတာ ပြီးသွာတာမဟုတ်ပါဘူး။


တချို့သူတွေက သုတ်ထုတ်လွှတ်တာမြန်လို့ မြန်မြန်ပြီးသွားပြီး ကိုယ့်အဖော်ကိုအားနာနေတာမျိုး ဖြစ်နေတတ်ပါတယ်။

 ဒါပေမယ့် တစ်ကြိမ်သုတ်ထုတ်လွှတ်လိုက်တာနဲ့ လိင်ဆက်ဆံတာဆုံးသွားစရာ မလိုပါဘူး။

 

 တခြား ခန္ဓာကိုယ်အပိုင်းတွေနဲ့ အများကြီးလုပ်လို့ရတာတွေရှိပါတယ်။ လူနှစ်ဦး တရင်းတနှီး ခန္ဓာမျှဝေတဲ့နေရာမှာ နားလည်းမှု၊ ကျင်နာမှု နှင့် ယုယမှုတွေနဲ့ လိင်ဆက်ဆံလို့ရပါတယ်။


အယူမှားများ


၁ ။ ကွန်ဒုံးသုံးတိုင်း ဘာရောဂါမှမရတော့ဘူးဆိုတာ မဟုတ်ပါ။ 


ကွန်ဒုံးက ကုသရခက်ခဲပြီးဒုက္ခများတဲ့ ရောဂါကြီးတွေဖြစ်တဲ့ HIV တို့ ကာလသားရောဂါတို့ကို ကာကွယ်နိုင်ပါတယ်။ 


ဒါပေမဲ့ ကွန်ဒုံးပြင်ပနေရာတွေမှာနေကြတဲ့ ရောဂါပိုးတွေဖြစ်တဲ့ ရေယုန်၊ ဝဲ၊ သန်း၊ နှင့် HPV အစရှိတဲ့ ရောဂါပိုးတွေကတော့ ကူးနိုင်သေးပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ဆက်ဆံဖော်ရဲ့အကြောင်းကို ကောင်းကောင်းသိထားပါပဲ။


၂ ။ လိင်တံကြီးမှ ပိုကောင်းပါတယ်ဆိုတာ မဟုတ်ပါ။


မှားပါတယ်။ လိင်တံအရွယ်အစားက ဘာမှကို မဆိုင်ပါ။ bottom တွေအဖို့လည့် ဆီးကျိတ်က ခန္ဓာအတွင်းသုံးလက်မစာလောက်သာရှိတာမို့ လှုံဆော်မှုရရန် အရှည်ကြီးမလိုပါ။


 လိင်တံကြီးပါက အမြင်အာရုံအရသာကြည့်ကောင်းပေမယ့် တကယ်လက်တွေ့မှ အရွယ်သေးတွေထက် ပိုမိုစွမ်းဆောင်နိုင်တာမျိုးမရှိပါ။

 

 ကိုယ့်ကို ဂရုမစိုက်ပဲ အတင်းဆောင့်ရိုက်နေတဲ့ တကိုယ်ကောင်းဆန်တဲ့သူတွေနဲ့ တွေ့ရင် ကိုယ့်ကိုသာနာကျင်စေနိုင်တာသာ ထူးပါတယ်။


၃ ။ ကားပေါ်မှာ လိင်ဆက်ဆံရတာ မလွယ်ပါ။


ရုပ်ရှင်တွေထဲမှာ ကားပေါ်မှာလိင်ဆက်ဆံတာကို ကြည့်ရတာ ရင်ခုန်စရာကောင်းသလောက် တကယ်တမ်းတော့ မလွယ်ပါ။ နေရာအလုံအလောက်မရှိနိုင်ပါ။ ထိခိုက်နိုင်ပါသည်။ ကားမောင်းနေလျှင် အန္တရာယ်အများဆုံးမို့ ရှောင်သင့်ပါတယ်။


၄ ။ ရေထဲမှာလည်း လိင်ဆက်ဆံဖို့ မလွယ်ပါ။



ရေကန်/ရေကူးကန်ထဲ၊ ရေချိုးခန်းထဲမှာ လိင်ဆက်ဆံဖို့ တွေးကြည့်ပါက ရင်ခုန်စရာကောင်းသလောက် လက်တွေ့မှာ အမှန်တကယ်ဆက်ဆံဖို့ဆိုတာ မဖြစ်နိုင်ပါ။


 သင့်ခန္ဓာကိုယ်မှာ ချောမွေ့တဲ့ပွတ်သပ်မှုဖြစ်ဖို့ကို ရေကတားဆီးထားနိုင်ပါတယ်။ အတူတူဆော့ကစားလို့သာရပါမယ်။


၅ ။ သင့်ကိုယ်သင် လိင်ရုပ်ရှင်မင်းသားတွေနဲ့ နှိင်းယှဉ်စရာမလိုပါ။


လိင်ရုပ်ရှင်မင်းသာတွေ ဘယ်လောက်ပြီးပြည့်စုံနေပစေ၊ ခန္ဓာရူပါကို လှပအောင်ထိန်းသိမ်းထားဖို့က သူတို့အလုပ်ပါ။

 နောက်တစ်ခု လိင်ရုပ်ရှင်ဆိုတာဖန်တီးမှုပါ။ သူတို့လုပ်သမျှကို လက်တွေ့ဘဝမှာ လိုက်လုပ်စရာမလိုပါဘူး။


၆ ။ လိင်ဆက်ဆံရာမှာ အမြဲတမ်း ခပ်ကြမ်းကြမ်းသွားလာစရာ မလိုပါဘူး။


လိင်ရုပ်ရှင်တွေထဲမှာ သူတို့အားရပါးရ ခပ်ကြမ်းကြမ်း ရိုက်သွင်းနေတာမျိုးက တွေးကြည့်ရင်သာ အကောင်းတာပါ။ 

တကယ်လက်တွေ့မှ တစ်ဦးတစ်ယောက်ချင်းစီနဲ့သာဆိုင်တာပါ။

 ကိုယ်စိတ်ပါလာလို့ ခပ်ကြမ်းကြမ်းလုပ်ခိုင်းလို့ ကိုယ်ကအဆင်ပြေနေရင် ပြဿနာမရှိပါဘူး။ ဒါပေမယ့် သူများရတိုင်း ကိုယ်ရမယ်လို့ ပြောလို့မရပါ။ 

 ကိုယ့်ကို နာကျင်စေရင် လုံးဝ မလုပ်သင့်ပါ။ ပြီးတော့ လုပ်နေတဲ့ သူအနေနှင့်လည်း ကိုယ့်ကြောင့် သူများကို နာကျင်စေအောင် မလုပ်သင့်ပါဘူး။ ကိုယ်ချင်းစာတတ်ပါ။ ကျင်နာတတ်ပါ။ ကိုယ့်လိင်ဆက်ဆံဖော်ကို ယုယပါ။ ဒါမှသာ ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုကို ရရှိပါမယ်။


၇ ။ HIV ရတိုင်း ကမ္ဘာပျက်တာမျိုး မဟုတ်ပါဘူး။


ယနေ့ခေတ်မှာ ကိုယ် HIV ရှိနေမှန်းသိရင် ဆေးတွေက ပိုးကောင်ရေ မရှိသလောက်ဖြစ်အောင် ထိန်းထားလို့ရပါတယ်။ HIV ရှိလည်း သက်တန်းစေ့နေနိုင်သလို ချစ်သူနဲ့လည်း အသက်ထက်ဆုံးနေသွားလို့ရပါပြီ။

 ဒါပေမယ့် အဲ့လိုဖြစ်တိုင်း ကူးချင်ကူးပစေဆိုပြီး လုပ်ရမယ်လို့ မဆိုလိုပါ။ ဘေးကင်းတဲ့ လိင်ဆက်ဆက်မှုကို အမြဲကျင့်သုံးပါ။၊


၈ ။ လိင်ဆက်ဆံသူနှစ်ယောက်စလုံး HIV ရှိနေရင် ဘာအကာကွယ်မှမလိုတော့ဘူးလို့ လုပ်လို့မရပါဘူး။


HIV ရှိနေသူတစ်ယောက်က တခြား HIV ရှိတဲ့သူဘယ်သူနဲ့မဆို ကြိုက်သလိုလုပ်လို့ရပြီဆိုတာမျိုးက မှားပါတယ်။

 လူတစ်ယောက်နဲ့တစ်ယောက်မှာရှိတဲ့ HIV ဗီဇအမျိုးအစားမတူကြပါ။ 

 သူ့ဗီဇကိုယ့်ထဲကိုယ်ဝင်လာရင် အစက ပြန်ကုရပါလိမ့်မယ်။ ဒါ့ကြောင့် အကာအကွယ်သုံးဖို့ လိုကိုလိုပါတယ်။


၉ ။ Grindr လို app တွေပေါ်မှာ ရှိနေတဲ့လူတိုင်း တစ်ညတာအိပ်ဖို့ (one night stand) စိတ်ဝင်စားတဲ့လူတွေ မဟုတ်ကြပါဘူး။


ဒီလို app တွေက လိင်တူချစ်သူတွေကို လုံခြုံစိတ်ချစွာ တစ်ဦးကိုတစ်ဦး ချိတ်ဆက်နိုင်အောင် ပြုလုပ်ပေးနေတဲ့ နည်းပညာတွေပါ။


 လိင်တူချစ်သူများအတွက် လူမှုကွန်ရက်တစ်ခုပေါ့်။ အဲ့ဒီမှာရှိနေတဲ့လူတိုင်းက လိင်ဆက်ဆံဖို့ လူလိုက်ရှာနေမျိုး ဟုတ်ချင်မှဟုတ်မှာပါ။

 

 တချို့လူတွေကတော့ တခြားနည်းလမ်းမရှိလို့၊ မသိလို့ Grindr လို app မျိုးကို ရောက်နေတာပါလည်း ဖြစ်နိုင်တာပဲ။ လိင်ဆက်ဆံဖော်များတာမျိုးကို မကြိုက်တဲ့သူရှိသလို ဘဝလက်တွဲဖော်ရှာနေသူတွေလည်းရှိနိုင်ပါတယ်။ 

 

ဒါကြောင့် သုံးနေတဲ့သူတိုင်းကို ကိုယ်နဲ့လိင်ဆက်ဆံမယ့်သူလို့ အပိုင်မတွက်ပါနဲ့။ မေးမြန်းပါ။ သဘောတူညီမှု ရယူပါ။ 


လူတစ်ဦးနဲ့တစ်ဦး အပြင်မှာမြင်နေရတာမျိုးမဟုတ်ပေမဲ့လည်း တဖက်သားကို လေးစားမှုနဲ့ ခင်မင်ဖွယ်ကောင်းတဲ့ လိင်တူချစ်သူကွန်ရက်အသိုင်းအဝိုင်းကို တည်ထောင်ကြပါစို့။၊


၁၀ ။ မတောင်းပဲနဲ့ လိင်ပုံတွေမပို့ပါနဲ့။၊


Grindr လို app မျိုးတွေမှာ လိင်ပုံတွေပို့တာက ကြည့်ချင်တဲ့သူတွေအတွက်သာ ပျော်ဖို့ကောင်းတာပါ။ တဖက်က ကိုယ်မသိတဲ့ လူတစ်ယောက်ကို မတောင်းပဲနဲ့ ပို့တာမျိုးက ရိုင်းပါတယ်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမျိုးသာဖြစ်ပါတယ်။

နောက်ဆုံးအရေးကြီးဆုံးနှစ်ချက်ကတော့ 


 ၁။ လူနှစ်ဦးအကြား ခန္ဓာနှီးနှောသွားလာရာမှာ စိတ်ဆန္ဓဆိုသည်မှာ အလွန်အရေးကြီးပါသည်။

 တစ်ဦးက ခွင့်မပြုသည့် ကိစ္စကို နောက်တစ်ယောက်က ဘာမှရှေ့ဆက်တိုးခွင့်မရှိပါ။ သင်စိတ်မပါပဲနဲ့ မစခင်ပဲဖြစ်စေ ဘယ်အဆင့်ပဲရောက်နေပစေ သင့်မှာ ရပ်တော့ဟုပြောနိုင်ခွင့်ရှိသည်။ သင့်ခန္ဓာသင့်ဆုံးဖြတ်ခွင့်သာဖြစ်သည်။ လူနှစ်ဦးကြည်ဖြူသဘောတူမှသာ လိင်ဆက်ဆံမှုဖြစ်သင့်သည်။

 

 ၂။ လေးစားပါ။

 

 ယောက်ျားချင်းပဲဖြစ်စေ လိင်ဆက်ဆံသည်ဆိုသည်မှာ လူနှစ်ဦးကြား အရင်းနှီးဆုံး အခြေအနေကို ရောက်ရှိခြင်းဖြစ်ပြီး နှစ်ဦးအတူခန္ဓာဖြင့်သုခရှာဖွေခြင်းဖြစ်သည်။ ခန္ဓာကိုယ်ဆိုသည်မှာ ပစ္စည်းတစ်ခုလို အသုံးပြုစရာမဟုတ်ပါ၊ နှိမ့်ချစရာမဟုတ်ပါ၊ မတရားပြုလုပ်စရာလဲမဟုတ်ပါ။ မိမိသည် ကိုယ့်ခန္ဓာကိုယ်ကို ချစ်မြတ်နှိုးသလို သူတပါး၏ ခန္ဓာကိုယ်ကိုလည်း လေးစားပါ။ လူနှစ်ဦးအကြား ဆက်ဆံရေးကို လေးစားမှု၊ ရိုးသားမှု၊ ယုံကြည်မှုတို့ဖြင့် တည်ဆောက်ပါ။ သို့မှသာ နှစ်ဦးသား ပျော်ရွင်ကောင်းမွန်တဲ့ အတွေ့အကြုံကိုရရှိမည်သာဖြစ်သည်။


အားလုံးပဲ ပျော်ရွင်ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။


Like Follow Share လုပ်ပေးပါအုံး


အသိပညာမျှဝေခြင်းဖြင့်ကူညီပါ။

Men Nice Collection Facebook Page admin Y Tway Ni 😘

(Zawgyi) 

လိင္တူဆက္ဆံျခင္းအက်ိဳးအေၾကာင္းအဆိုးအေကာင္း




#LGBTQတိုင္းဖတ္သင့္ပါတယ္အားလုံးတြက္တကယ္အေရးပါေသာေၾကာင့္


ေသခ်ာဖတ္ရန္ရွက္စရာမဟုတ္ပါ


က်ေနာ္တို႔ လူတိုင္းလူတိုင္းဟာ ဘဝမွာ ေတြေဝစရာအေၾကာင္းအရာေတြကို ႀကဳံရစၿမဲပါ။ ဘဝဆိုတာ မသိရင္ရွာေဖြ၊ စမ္းသပ္ သို႔မဟုတ္ ေလ့လာရင္းႏွင့္မွ တျဖည္းျဖည္း ရင့္က်က္လာတဲ့ သင္ယူမႈျဖစ္စဥ္တစ္ခုလည္းျဖစ္ပါတယ္။


ဒါေပမယ့္ က်ေနာ္တို႔ လိင္တူခ်စ္သူေတြအဖို႔ တခါတရံ ကိုယ္သိေနတဲ့ အေၾကာင္းအရာေတြကို မေသခ်ာမေရရာ ဟုတ္လားမဟုတ္လား ျဖစ္ေနတာမ်ိဳးရွိတဲ့အခါ အေျဖရွာေဖြဖို႔ေနရာ ရွာမေတြ႕တာျဖစ္တတ္ပါတယ္။ 


ဘယ္နားကစရမလဲမသိျဖစ္ၾကတတ္ပါတယ္။ ရွားပါးတဲ့စာအုပ္ေတြလိုက္ရွာဖတ္လိုက္ရ သို႔မဟုတ္ အင္တာနက္မွာေျပးရွာဖို႔ဆိုတာကလည္း လိင္တူခ်စ္သူေတြအေၾကာင္းကို ျမန္မာလိုရွင္းျပတာမ်ိဳက ေတာ္ေတာ္ရွာရခက္မွာပါ။

 မရွိသေလာက္လည္း ရွားေနပါေသးတယ္။ 

 အဲ့ေတာ့ ပတ္ဝန္းက်င္က ကိုယ့္ထက္ေတြ႕အႀကဳံမ်ားတဲ့သူေတြကို ေမးရင္ေမး၊ ဒါမွမဟုတ္ ကိုယ့္သူငယ္ခ်င္းေတြစီက ၾကားဖူးနားဝေတြနဲ႕ေလ့လာၾကပါတယ္။ အဲ့ေတာ့ ဘဝအေၾကာင္းအျပင္ လိင္ကိစၥအေၾကာင္းဆိုရင္ ပိုၿပီးေမးရမွာခက္၊ ရွာေဖြရမွာလည္းခက္တဲ့ အျဖစ္ပါ။ 

 

အဲ့ေတာ့ေနာက္ဆုံး က်ေနာ္တို႔ အမ်ားဆုံးေလ့လာခဲ့တဲ့ေနရာကေတာ့ လိင္႐ုပ္ရွင္ေတြကပါ။ ဒါေပမယ့္ လိင္႐ုပ္ရွင္ဆိုတာ ဖန္တီးမႈပါ။ အျမင္အာ႐ုံကို ေၾကနပ္အားရဖို႔ကို လုပ္ႀကံထားတာပါ။ အျပင္တကယ့္ဘဝမွာ အဲ့ဒီအတိုင္းအၿမဲတမ္းမျဖစ္ပါဘူး။ ၿပီးေတာ့ အရပ္ထဲမွာ ေလွ်ာက္ေျပာတတ္ၾကတဲ့ အယူမွားေတြကို ယုံၾကည္မိမွ ကိုယ့္အတြက္ ထိခိုက္စရာျဖစ္ေနပါမယ္။


ဒါ့ေၾကာင့္က်ေနာ္တို႔ လိင္တူခ်စ္သူမ်ားအဖို႔ဟာ ဗဟုသုတအမွန္ရဖို႔ဆိုတာ ခက္ခဲတဲ့ကိစၥပါ။ ေက်ာင္းမွာ ဒါေတြကို ေလ့လာရဖို႔ဆိုတာကလည္း မျဖစ္နိုင္ေသးပါ။ အဲ့ဒါေၾကာင့္ လိင္တူဆက္ဆံျခင္းႏွင့္ ပက္သက္တဲ့ က်ေနာ္တို႔ သိသင့္သိထိုက္တာေတြ၊ အႀကံေပးခ်က္ေတြနဲ႕ အယူမွားမ်ားကို စုစည္းေဖာ္ျပေပးလိုက္ရပါတယ္။


အႀကံျပဳခ်က္မ်ား


၁ ။ လိင္ဆက္ဆံဖို႔အတြက္ အႏၱရာယ္မ်ားတဲ့ အလုပ္ေတြမလုပ္ပါနဲ႕။


သင္ငယ္႐ြယ္တဲ့ အခ်ိန္မွာဆိုရင္ လိင္ဆက္ဆံဖို႔ဆိုတာ ဘဝရဲ႕ အေရးႀကီးဆုံးအရာလို႔ ထင္တတ္ၾကပါတယ္။ တခ်ိန္တည္းမွာပဲ လိင္ဆက္ဆံရဖို႔ အခြင့္အလမ္းဟာ ရွားပါးတယ္လို႔ ထင္ၾကပါတယ္။ အမွန္ေတာ့ လိင္ဆက္ဆံဖို႔ဆိုတာ မရွားပါဘူး။ အခ်ိန္တန္တဲ့အခါ မွန္ကန္တဲ့သူနဲ႕ သင္ႀကိဳက္သေလာက္ လိင္ဆက္ဆံလို႔ရပါတယ္။ ဒါေပမဲ့ လိင္ဆက္ဆံဖို႔အတြက္ေတာ့ သင့္ကိုယ္သင္ အႏၱရာယ္မ်ားတဲ့အျဖစ္ကို ဘယ္ေတာ့မွ မေရာက္ေစပါနဲ႕။


၂ ။ အလုံၿခဳံဆုံးလိင္ဆက္ဆံမႈဟာ အေကာင္းဆုံးလိင္ဆက္ဆံမႈပါ။


လိင္မွတဆင့္ကူးဆက္တဲ့ေရာဂါေတြဟာ အလွ်ံအပယ္ပါ။ လိင္ဆက္ဆံတယ္ဆိုတာက လူႏွစ္ဦး ခႏၶာကိုယ္ကို အနီးကပ္ဆုံးဖလွယ္ျခင္းျဖစ္တာေၾကာင့္ တစ္ခုမွမေတြ႕ဖူးေသးတဲ့သူ (သို႔) ေကာင္းေကာင္းမသိတဲ့သူနဲ႕ဆိုရင္ သူ႕ဆီမွာ ဘာေရာဂါရွိလဲ၊ ကိုယ့္ဆီကို အဲ့ေရာဂါက ဘယ္လိုကူးဆက္လာမလဲ မသိနိုင္ပါဘူး။ ကြန္ဒုံးသုံးၿပီး ေဘးကင္းစြာျပဳမူမွသာ ကိုယ့္အတြက္ လုံၿခဳံေအာင္ကာကြယ္နိုင္ပါမယ္။

 လိင္ပညာေပးေတြဟာ ကြၽန္ေတာ္တို႔ကို ေရာဂါကူးစက္ပုံအေၾကာင္းေတြကို အထိကထားၿပီးေျပာေလ့ရွိပါတယ္။ ဒါေပမယ့္ ကြန္ဒုံးသုံးျခင္းမသုံးျခင္းက ကြၽန္ေတာ္တို႔၏ စိတ္အေနအထားေပၚကို ဘယ္လိုသက္ေရာက္မႈရွိနိုင္တယ္ဆိုတာကို ေျပာျပေလ့မရွိပါဘူး။

  ကြၽန္ေတာ္တို႔ဟာ အထူးသျဖင့္ ကြန္ဒုံးမသုံးပဲ ဆက္ဆံတဲ့အခါ ကိုယ့္ကို HIV နဲ႕ အျခား လိင္မွတဆင့္ကူးဆက္တဲ့ေရာဂါ ေတြ ဘယ္လိုဝင္လာမလဲဆိုတာကို ပူပန္ေနရပါမယ္။ အဲ့လို ပူပန္ၿပီး လိင္ဆက္ဆံရတာ မတန္ပါဘူး။ 

  လိင္ဆက္ဆံေနတုန္း ေၾကာက္စိတ္ပူပန္စိတ္ေတြျဖစ္ေနတာမ်ိဳး မလိုခ်င္ပါဘူး။ ဒါေၾကာင့္ လုံၿခဳံေအာင္လုပ္ၿပီး စိတ္ခ်လက္ခ် လိင္ဆက္ဆံရတာကသာ ေပ်ာ္စရာအေကာင္းဆုံးပါ။😊😊


၃ ။ လိင္ဆက္ဆံခ်ိန္ ေခ်ာဆီထည့္ဖို႔ မႏွေျမာပါနဲ႕။#ရွိကိုရွိရမယ္


လိင္ဆက္ဆံခ်ိန္မွာ ေခ်ာေမြ႕မႈမရွိရင္ နာက်င္ၿပီး ပြန္းကာ ခႏၶာကိုယ္ထိခိုက္နိုင္ပါတယ္။ ေခ်ာဆီဘယ္ေတာ့မွမ်ားတယ္ဆိုတာမရွိပါဘူး။ ကိုယ့္အတြက္ အကိုက္ဆုံးျဖစ္မယ့္ ေခ်ာဆီ(lube)ကို တစ္ခုၿပီးတစ္ခု စမ္းသပ္ပါ။ ၿပီးလွ်င္အဲ့တစ္ခုကို ကိုယ့္အတြက္ ဖူဖူလုံလုံဝယ္ထားပါ။


၄ ။ ကြန္ဒုံးဝယ္ဖို႔ မႏွေျမာပါနဲ႕။


ကိုယ္မသိတဲ့သူနဲ႕ လိင္ဆက္ဆံမယ္ဆိုရင္ ကြန္ဒုံးဟာ ကိုယ့္ရဲ႕ အသက္ကာကြယ္ေပးတဲ့အရာတစ္ခု လိုပါပဲ။ 

တခ်ိဳ႕က်န္းမာေရးဝန္ေဆာင္မႈေတြနဲ႕ အဖြဲ႕အစည္းေတြက ကြန္ဒုံးအလကားေပးတာေတြ ရွိပါတယ္။ တကယ္လို႔ သင္ပိုက္ဆံတတ္နိုင္ဆိုရင္ေတာ့ ကိုယ့္အတြက္အကိုက္ဆုံးျဖစ္မယ့္ ကွန်ဒုံးကောာင်းကောင်း ဝယ္သုံးသင့္ပါတယ္။#Topcenter


၅။ ဆီးက်ိတ္ဟာ ေယာက္်ားခ်င္းလိင္တူဆက္ဆံျခင္းရဲ႕ အဓိကေသာ့ခ်က္ပါ။ 😊


ေယာက္်ားေတြမွာရွိတဲ့ သုတ္ရည္ထုတ္လုပ္ေပးတဲ့ ဆီးက်ိတ္အေၾကာင္းကို ေလ့လာသိထားသင့္ပါတယ္။ 

စအိုအတြင္း ၃ လက္မေလာက္မွာရွိတဲ့ ဇီးေစ့အ႐ြယ္ဆီးက်ိတ္ကို ပြတ္တိုက္ႏွိပ္ႏႈယ္မႈေၾကာင့္ ျဖစ္ေပၚလာတဲ့ လႈံေဆာ္မႈဟာ သုခကို ျဖစ္ေပၚေစပါတယ္။ လိင္ဆက္ဆံတဲ့အခါမွာ သင့္အတြက္ ဘယ္လိုမ်ိဳး အေနအထားမ်ိဳးက ဆီးက်ိတ္ကိုအေကာင္းဆုံးလႈံ႕ေဆာ္မႈျဖစ္ေစသလဲဆိုတာကို စမ္းသပ္ရမွာပဲျဖစ္ပါတယ္။


၆ ။ လိင္ဆက္ဆံရာတြင္ သန့္ရွင္းေရးလုပ္ဖို႔ အဝတ္၊ တံပတ္ (သို႔) စကၠဴေခ်ာ အၿမဲေဆာင္ထားပါ။ 


႐ုတ္တရက္ ရႈပ္ပြသြားလို႔ ဖတ္ခနဲ ရွင္းစရာတစ္တစ္ခု ရွာမေတြ႕တာက စိတ္ရႈပ္စရာႀကီးပါ။


 အကယ္၍ ေဘးနားမွာ တံပတ္ျဖစ္ျဖစ္ အသင့္ရွိေနရင္ ပိုေနတဲ့ ေခ်ာဆီေတြပဲ့ျဖစ္ျဖစ္ ဘာေတြထြက္လာတာပဲ့ျဖစ္ျဖစ္ ျမန္ျမန္ သန့္ရွင္းေအာင္လုပ္လိုက္လို႔ရပါတယ္။ 

 အဲ့ေတာ့ ဆက္ၿပီးသန့္သန့္ရွင္းရွင္းလိင္ဆက္ဆံလို႔ရပါတယ္။


 ၇ ။ လက္သည္းညွပ္ပါ။လက္သည္းနဲ႕ မထိုးမိေစနဲ႕ 


 သင့္လက္ေခ်ာင္းေတြကို ကိုယ့္ခႏၶာထဲပဲျဖစ္ျဖစ္ သူမ်ားခႏၶာကိုယ္ထဲပဲျဖစ္ျဖစ္ မထည့္ခင္ လက္သည္းေတြကို တိုနိုင္သမွ်တိုေအာင္ညွပ္ထားပါ။ 

 လက္သည္းမ်ားမွ ခႏၶာကိုယ္တြင္း ႏူးညံ့ေသာအသားမ်ားကို ပြန္းပဲ့မႈျဖစ္ေစနိုင္ပါသည္။


 ၈ ။ ေလ့က်င့္မႈ ႏွင့္ အေတြ႕အႀကဳံ

 

သူ႕ေၾကာင့္သာ သင့္လိင္မႈကြၽမ္းက်င္မႈ တိုးတက္လာနိုင္ပါတယ္။

 ပထမဆုံး လိင္ဆက္ဆံမႈဆိုတာ ကျွန်ုပ်တို့ အမ်ားစုအတြက္ေတာ့ ထင္ထားသလို အလြန္တရာေကာင္းမြန္တဲ့ မေမ့နိုင္စရာ ညတစ္ညျဖစ္တယ္ဆိုတာရွားပါတယ္။ 

 အကယ္လို႔ သင္အဲ့လို ေကာင္းမြန္တဲ့ အေတြ႕အႀကဳံရခဲ့ရ သင္ဟာအလြန္ကံေကာင္းသူပါပဲ။

  ပထမဆုံးလိင္ဆက္ဆံမႈဆိုတာ ကျွန်ုပ်တို့ အမ်ားစုအတြက္ေတာ့ အဆင္မေျပမႈေတြႀကဳံၾကတာမ်ားပါတယ္။ အဲ့အတြက္ေတာ့ စိတ္မပ်က္ပါတဲ့။

   ဒါကျဖစ္ေလ့ျဖစ္ထရွိတဲ့ အရာတစ္ခုပါ။ ေနာက္တစ္ႀကိမ္ျပန္က်ိဳးစားၾကည့္ပါ။ တျဖည္းျဖည္း တိုးတက္ေကာင္းမြန္လာပါလိမ့္မယ္။


 ၉ ။ ကိုယ့္အတြက္ ဘယ္လိင္ဆက္ဆံတဲ့အေနအထားက အေကာင္းဆုံးလဲကိုရွာေဖြပါ။


 စမ္းသပ္ပါ။ ကိုယ့္အတြက္ ဘယ္လိုအေနအထားမ်ိဳးက နာက်င္မႈမရွိေစပဲ ထိမိေအာင္ခံစားနိုင္သလဲဆိုတာကို ရွာေဖြပါ။ 

 

အျဖည္းျဖည္းနဲ႕ ကိုယ့္ကိုခံစားမႈေကာင္းေကာင္းေပးနိုင္မယ့္ ကိုယ္အႀကိဳက္ဆုံးလိင္ဆက္ဆံတဲ့အေနအထားေတြ ေကာင္းေကာင္းနားလည္လာပါမယ္။


 ၁၀ ။ ပါးစပ္ႏွင့္ လိင္ဆက္ဆံမႈကို ကြၽမ္းက်င္ေအာင္လုပ္ပါ။#BJတင္ေပးထားတယ္ေဟ့


 ေလ့က်င့္ပါ။ အင္တာနက္ေပၚမွာ နည္းလမ္းေကာင္းေတြလိုက္ရွာဖတ္ၾကည့္ပါ။ 

 သင့္ရဲ႕ခ်စ္သူကို အိပ္ရာထဲမွာ အ႐ူးအမူးျဖစ္သြားေစရပါမယ္။

  ႏွစ္ဦးႏွစ္ဖက္ အျပန္အလွန္ သာလြန္တဲ့လိင္မႈသုခေပးတာေၾကာင့္ ဘာမွာနစ္နာစရာလည္းမရွိပါဘူး။ 

  လူႏွစ္ဦးၾကား ခိုင္မာတဲ့ေမတၱာေရးထဲမွာ ေကာင္းမြန္တဲ့ လိင္မႈဘဝဆိုတာကလည္း ေသာ့ခ်က္တစ္ခုျဖစ္နိုင္ပါတယ္။


 ၁၁ ။ လိင္မဆက္ဆံခင္နဲ႕ ဆက္ဆံၿပီး ဆီးသြားပါ။

 

 ဆီးေအာင့္ေနလွ်င္ ကာမၿပီးေျမာက္ဖို႔ ခက္ခဲသလို လိင္ဆက္ၿပီးဆီးသြားပါက လိင္တံႁပြန္ထဲမွာက်န္ေနသမွ် ရွင္းထုတ္ေပးသလိုျဖစ္ပါတယ္။


 ၁၂ ။ သင္ စအိုနဲ႕ လိင္ဆက္ဆံခ်င္တယ္ဆိုရင္ ၂ရက္၂နာရီ စည္းကမ္းေလးကို မွတ္ထားပါ။


 ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ကို ထိန္းခ်ဳပ္လို႔မရတဲ အပိုင္းေတြမ်ားႀကီးရွိပါတယ္။ 

 ကြၽန္ေတာ္တို႔ လိင္တူခ်စ္သူေတြဖို႔ ကိုယ္ထဲက အညစ္အေၾကးေတြကို ကိုယ္စိတ္ႀကိဳက္ရွင္းခ်င္တဲ့အခ်ိန္ရွင္းလို႔ရရင္ သိပ္ေကာင္းမွာပဲ။ 

 ဒါေပမယ့္ မျဖစ္နိုင္ပါ။ 

 အဲ့ေတာ့ စအိုနဲ႕လိင္ဆက္ဆံခ်င္ရင္ လိင္မဆက္ဆံခင္ ၂ ရက္အတြင္း အိမ္သာမတက္ရေသးရင္ ဒါမွမဟုတ္ လိင္မဆက္ဆံခင္ ၂ နာရီအလိုမွာ အိမ္သာတက္ထားရင္ စအိုနဲ႕ထိုးသြင္းလိင္မဆက္ဆံသင့္ပါဘူး။ ရႈပ္ပြတဲ့ အျဖစ္မ်ိဳးႀကဳံနိုင္ပါတယ္။#အဓိကက်ပါတယ္


 ၁၃ ။ သင့္လိင္ဆက္ဆံေဖာ္ကို အာ႐ုံစိုက္ပါ။



 လိင္ဆက္ဆံေနစဥ္ သင္ေကာင္းမြန္ေစဖို႔ သင့္ကိုယ္သင္ပဲ အာ႐ုံစိုက္မေနပါနဲ႕။ 

 အေကာင္းအႀကံျပဳခ်င္တာကေတာ့ လိင္ဆက္ဆံေနစဥ္ သင့္အေဖာ္ကို ဘယ္လိုအေကာင္းေအာင္လုပ္ေပးရမလဲဆိုတာပါ။

 

 သင့္အေဖာ္ သင့္ေၾကာင့္ ဘယ္ေလာက္ထိ ရင္ခုန္လာသလဲကို ၾကည့္ျခင္းျဖင့္ သင္ကိုယ္တိုင္ အားရေက်နပ္တာေလာက္ေကာင္းတဲ လိင္ဆက္ဆံမႈမ်ိဳးမရွိပါဘူး။


 ၁၄ ။ သင့္ လိင္ဆက္ဆံေဖာ္ကို သင္ဘာႀကိဳက္တတ္လဲေျပာျပပါ။


 သင့္ လိင္ဆက္ဆံေဖာ္ႏွင့္ ပြင့္ပြင့္လင္းလင္း တစ္ေယာက္အႀကိဳက္တစ္ေယာက္ ေဆြးႏြေးေျပာျပသင့္ပါတယ္။ 

 စိတ္ကိုဖတ္ၿပီး နားလည္ဖို႔ဆိုတာ မျဖစ္နိုင္ပါ။ ေျပာျပမွ သိမွမို႔ ပိုမိုနားလည္ေနတဲ့အခါ ပိုမိုေကာင္းမြန္တဲ့ လိင္ဆက္ဆံမႈကို ရရွိမွာျဖစ္ပါတယ္။


 ၁၅ ။ အၾကင္နာေပးျခင္းက လိင္ဆက္ဆံမႈေရး အေရးႀကီးဆုံး ႏွင့္ စိတ္လႈပ္ရွားမႈ အျဖစ္ေစနိုင္ဆုံးအပိုင္းပါ။😘😘😘

 


 လိင္ဆက္ဆံေနစဥ္ ႏွစ္ေယာက္ႏွတ္ခမ္းခ်င္းနမ္းျခင္းက လိင္ဆက္ဆံမႈမွာ စိတ္တက္ႂကြမႈကို အားေကာင္းေစနိုင္တာ အာလုံးသိပါတယ္။

  အဲ့ေတာ့ လိင္ဆက္ဆံေနစဥ္ ကိုယ့္ခ်စ္သူကို အားမနာတမ္းသာနမ္းလို႔ရပါတယ္။ 

  ဒါနဲ႕စကားမစပ္ နမ္းရာမွာ တစ္ေယာက္ႏွင့္တစ္ေယာက္ မတူနိုင္ပါ။ 

  တခ်ိဳ႕က ပါးစပ္ဖြင့္ရတာပိုအားသန္သလို တခ်ိဳ႕က ပါးစပ္ပိတ္ နမ္းရတာကို သေဘာက်ပါတယ္။ အဲ့ေတာ့ ႏွစ္ေယာက္ အဆင္ေျပေအာင္ ညွိႏွိုင္းလို႔ရပါတယ္။ 

  အင္တာနက္ေပၚမွာ ပိုေကာင္းေအာင္ ဘယ္လို နမ္းရမလဲဆိုတာသင္ေပးထားတာေတြ ရွာဖတ္ၾကည့္လို႔ရပါတယ္။ ဒါေပမယ့္ လူေတြ ကိုယ့္အက်င့္နဲ႕ကိုယ္ပါ။ စမ္းသပ္ၿပီး ညွိညွိႏွိုင္းႏွိုင္းလုပ္ေပါ့။

  

သိသင့္သိထိုက္စရာမ်ား


၁ ။ လိင္တူဆက္ဆံမႈဆိုတာ စအိုႏွင့္ထိုးသြင္းဆက္ဆံမွသာ လိင္ဆက္ဆံျခင္းျဖစ္တယ္လို႔မဆိုလိုပါဘူး။


လိင္တူခ်စ္သူေယာက္်ားႏွစ္ဦးအၾကား ခႏၶာရင္းႏွီးမႈျပဳလုပ္ၿပီး ကာမသုခခံစားတယ္ဆိုတာ လိင္႐ုပ္ရွင္ထဲကလို ထိုးသြင္းဆက္ဆံမွျဖစ္ရမယ္လို႔မဟုတ္ပါ။ လူႏွစ္ဦးနီးကပ္မႈရရွိေအာင္ (သို႔) ေမတၱာမွ်ေဝျခင္းကို ျပဳလုပ္ဖို႔ နည္းလမ္းမ်ိဳးစုံျဖစ္နိုင္ပါတယ္။ ကိုယ့္အတြက္ ဘယ္ဟာအေကာင္းဆုံးလဲဆိုတာကို ကိုယ့္ဖာသာကိုယ္ ရွာေဖြရမွာျဖစ္ပါတယ္။


၂ ။ သင္ top (သို႔) bottom ျဖစ္တယ္ဆိုတာက သင့္ကို ဘယ္လိုလူစားလဲလို႔ မသတ္မွတ္ပါဘူး။


လိင္ဆက္ဆံရာမွာ သင္ဘယ္လိုႏွစ္သက္တယ္ဆိုတာ သင္ဘဝနဲ႕ ဘာမွမဆိုင္ပါဘူး။ သင္ Top (သို႔) Bottom ျဖစ္ခ်င္တယ္ဆိုတာက သင္ဘယ္လိုလိင္ဆက္ဆံရတာကို ႀကိဳက္တယ္ဆိုတာကိုသာ ေျပာတာပါ။ ဒါကိုေထာက္ၿပီး လူေတြက သင့္ကို ႏွိမ့္ခ်တာ၊ အနိုင္က်င့္တာ၊ အသုံးခ်တာ သို႔မဟုတ္ သင့္ဘဝယုံၾကည္မႈကို ေသးသိမ္ေအာင္လုပ္တာေတြ လုပ္စရာအေၾကာင္းမရွိပါဘူး။


၃ ။ လိင္စိတ္တိမ္းၫႊတ္မႈဆိုတာ ႏွစ္မ်ိဳးသာ တသတ္မွတ္တည္းရွိတာမဟုတ္ပါဘူး။


လိင္တူပဲစိတ္ဝင္စားရမယ္၊ လိင္ကြဲပဲစိတ္ဝင္စားရမယ္ဆိုၿပီး အေသသတ္မွတ္ရမယ္ ဆိုတာမ်ိဳးမရွိပါဘူး။ လိင္စိတ္တိမ္းၫႊတ္မႈဟာ နယ္ပယ္တေလွ်ာက္လုံး ဘယ္ေနရာမဆို ရွိနိုင္ပါတယ္။ ကိုယ္က ဘယ္ဘက္ကိုပိုတိမ္းၫႊတ္တယ္ဆိုတာမ်ိဳးပါပဲ။ အလယ္မွာ လိင္တူေကာ၊လိင္ကြဲေကာ စိတ္ဝင္စားတာမ်ိဳးက လုံးဝပုံမွန္ပါပဲ။


၄ ။ လိင္ဆက္ဆံေဖာ္ရွာေဖြရာမွာ လူမ်ိဳးခြဲျခားတယ္ဆိုတာ တကယ္ႀကီးမားတဲ့ ျပႆနာပါ။


လိင္တူခ်စ္သူအသိုင္းအဝိုင္းမွာ လူမ်ိဳးခြဲျခားျခင္းဆိုတာ တကယ္ရွိၿပီး လူေတြကိုထိခိုက္နာက်င္ေစတဲ့ ဆိုး႐ြားတဲ့ အျပဳမႈနဲ႕ စိတ္ဓာတ္ပဲျဖစ္ပါတယ္။


 တခါတရံ တခ်ိဳ႕သူေတြက ဆက္ဆံေဖာ္ေ႐ြးခ်ယ္ရာမွာ ကိုယ္ပိုသေဘာက်တဲ့ လကၡဏာရွိတဲ့'လူမ်ိဳး'ကိုသာအလိုရွိတယ္လို႔ဆိုၿပီး ခြဲျခားေ႐ြးခ်ယ္တာဟာ ကိုယ့္ရဲ႕ေ႐ြးခ်ယ္ပိုင္ခြင့္လို႔ သတ္မွတ္တတ္ၾကပါတယ္။ 

 ဒါေပမယ့္ သူရဲ႕'လူမ်ိဳး'လကၡဏာေတြကိုအေျခခံၿပီး တဖက္သားကို နာက်င္ေအာင္ ျငင္းပယ္တာ၊ ခြဲျခားတာ၊ ပယ္က်င္တာ၊ ႏွိမ့္ခ်ေခၚဆိုတာေတြဟာ လူမ်ိဳးခြဲျခားတဲ့ အမူအက်င့္ေတြပါ။

 

 ထိုနည္းအတူ အဲ့လိုပယ္က်င္တဲ့အျပင္ သူရဲ႕'လူမ်ိဳး'လကၡဏာေတြကိုအေျခခံၿပီး သူ႕ကို အသားယူေျပာဆိုတာ၊ ကိုယ့္ရဲ႕လိင္ဆက္ဆံမႈလိုအပ္ခ်က္အတြက္အသုံးခ်တာ(sexual objectification) စတာေတြဟာလည္း ထပ္တူညီတဲ့ လူမ်ိဳးခြဲျခားတာပဲျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အဲ့လိုျပဳမူျခင္းဟာ တဖက္သားလူအမ်ားကို နာက်င္ထိခိုက္ေစနိုင္တဲ့ ျပႆနာေတြပဲျဖစ္ပါတယ္။😘😘


၅ ။ ႏြဲ႕တဲ့သူေတြကိုမုန္းတီးတာဟာ လိင္တူခ်စ္သူေတြအသိုင္းအဝိုင္းမွာ တကယ္ႀကီးမားတဲ့ ျပႆနာပါ။


ႏြဲ႕တဲ့သူေတြကို မုန္းတီးတာ၊ က်ားမေျပာင္းသူေတြကို မုန္းတီးတာ၊ ေလွာင္တာ၊ ႏွိမ့္ခ်တာဟာ တကိုယ္ေကာင္းဆန္တဲ့ အျပဳမႈနဲ႕စိတ္ဓာတ္ပါ။ 


ဒီလိုျပဳမူျခင္းဟာ လူအမ်ားကို နာက်င္ထိခိုက္ေစနိုင္တဲ့ ျပႆနာေတြပဲျဖစ္ပါတယ္။ 


လူတစ္ဦးနဲ႕တစ္ဦးကိုယ့္အႀကိဳက္ကိုယ္ရွိၾကေပမဲ့ လိင္ဆက္ဆံေဖာ္ရွာေဖြတဲ့အခါမွာ ႏြဲ႕တဲ့သူ၊ ပိန္/ဝတဲ့သူေတြ၊ အရပ္ပု/ရွည္တဲ့သူစသျဖင့္ သူတို႔ရဲ႕ကာယလကၡဏာေတြေပၚအေျခခံၿပီး တဖက္သားကို နာက်င္ေအာင္ ျငင္းပယ္တာ၊ ခြဲျခားတာ၊ ပယ္က်င္တာ၊ ႏွိမ့္ခ်ေခၚဆိုတာေတြဟာ ခြဲျခားဆက္ဆံတဲ့ အမူအက်င့္ေတြပါ။ 

လူအမ်ားကလက္မခံတဲ့အျပဳအမူပါ။ အဆိုးဆုံးက dating app ေတြမွာ ႏြဲ႕တဲ့သူ၊ဝတဲ့သူေတြ လာမေျပာနဲ႕ (not fat/no fem)လို႔ေရးတာဟာ ရွက္စရာေကာင္းတဲ့ အျပဳမူပါ။


၆ ။ အသက္ႀကီးတယ္ဆိုတာ ကိန္းဂဏန္းတစ္ခုတိုးသြားတာသာပါပဲ။


သင့္ကိုယ္သင္ အသက္ႀကီးၿပီဆိုၿပီး ကိုယ့္ကိုယ္ကိုယုံၾကည္မႈကို ဘာမွသက္ေရာက္မႈမရွိသင့္ပါဘူး။ 


ကိုယ့္အတြက္ေတာ့ အေတြ႕ႀကဳံမ်ားၿပီး ပိုရင့္က်က္လာတယ္ဆိုတဲ့ သေဘာပါ။ အထူးသျဖင့္ ကိုယ့္ထက္အသက္ႀကီးတဲ့သူနဲ လိင္ဆက္ဆံတာကလည္း ကိုယ့္အတြက္ အက်ိဳးေက်းဇူးရနိုင္တဲ့ အေတြ႕ႀကဳံမ်ိဳးပါ။ 


သူတို႔က ကိုယ့္ထက္ပို ကြၽမ္းက်င္မႈရွိတဲ့သူေတြျဖစ္တဲ့အတြက္ ကိုယ္ပညာရပါတယ္။ ဒါေၾကာင့္ ကိုယ့္ထက္အသက္ႀကီးတဲ့သူေတြကို ခြဲျခားမဆက္ဆံပါနဲ႕။😘😘😘


၇ ။ ကိုယ့္ရဲ႕ HIV အေျခေနကို သိထားသင့္ပါတယ္။


ဒီေခတ္မွာ HIV ရွိတိုင္း AIDS ျဖစ္တဲ့အဆင့္ကို မေရာက္ေတာ့ပါဘူး။ ေစာေစာစီးစီးသိရွိၿပီး ပုံမွန္က်န္းမာေရးေစာင့္ေရွာက္မႈ ျပဳလုပ္ျခင္းျဖင့္ ပိုးအေရအတြက္ကို မရွိသေလာက္ျဖစ္ေအာင္ ထိန္းထားနိုင္ၿပီး သက္တန္းေစ့ေနထိုင္သြားနိုင္ပါၿပီ။


 ဒါေၾကာင့္ ကိုယ္ဟာ လိင္ဆက္ဆံေဖာ္မ်ားၿပီး HIV ပိုးကူးနိုင္တဲ့ အျပဳအမူေနထိုင္မႈလုပ္ေနသူတစ္ဦးဆိုရင္ မသိက်ိဳးကြၽန္လုပ္ၿပီး မစစ္ပဲေနတာထက္ ေစာစီးစြာသိရွိၿပီး ပိုးသတ္နိုင္ရင္ ကိုယ့္အသက္အႏၱရာယ္ကို ကာကြယ္သလိုပါပဲ။ 

 

ဒါ့ေၾကာင့္ ကိုယ့္လိင္ဆက္ဆံေဖာ္ရဲ႕ HIV အေျခအေနကိုလည္း အၿမဲတမ္း အားမနာပဲ ေမးသင့္သလို ကိုယ့္ရဲ႕ အေျခအေနကိုလည္း တာဝန္သိသိ စစ္ထားသင့္ပါတယ္။ ဘာပဲေျပာေျပာ ကြန္ဒုံးသုံးဖို႔ ဘယ္ေတာ့မွ မေမ့ပါနဲ႕။


၈ ။ လိင္တံေတာင့္တင္းမႈ မရျခင္းသည္ လူငယ္လူလတ္႐ြယ္မ်ားတြင္လည္း ျဖစ္တတ္ေလ့ရွိတယ္။


က်န္းမာၿပီး ငယ္႐ြယ္တဲ့ ေယာက္်ားေတြအၾကားမွာလည္း လိင္တံေတာင့္တင္းမရျခင္းျဖစ္နိုင္ပါတယ္။ 

အျဖစ္မ်ားေစတဲ့ အေၾကာင္းေတြကေတာ့ အရက္အလြန္အကြၽံေသာက္သုံးျခင္း ႏွင့္ စိတ္ဖိစီးျခင္းတို႔ေၾကာင့္ အျဖစ္မ်ားတတ္ၾကပါတယ္။


 စိုးရိမ္ေၾကာင့္ၾကမႈေၾကာင့္လည္း တခါတရံ လိင္ဆက္ဆံခ်ိန္မွာ ေတာင့္တင္းမႈမရနိုင္လည္းျဖစ္နိုင္ပါတယ္။ 

 

တခါတရံ လူသားတိုင္းႀကဳံရျပႆနာမ်ိဳးမို႔လို႔ ကိုယ့္ကိုယ္ကို ဘာမွ စိတ္ဓာတ္က်စရာမလိုပါ။ ဒါေပမယ့္ ေရရွည္ၾကာျမင့္လာရင္ ဆို႔ေတာ့ ဆရာဝန္နဲ႕ စစ္ေဆးမႈျပဳလုပ္ဖို႔လိုပါမယ္။


၉ ။ လိင္တူဆက္ဆံစဥ္ အနံဆိုးမ်ားထြက္လာနိုင္တယ္။


တခါတရံ အနံ႕အာ႐ုံမ်ားေကာင္းမြန္ေအာင္ျပဳလုပ္ထားနိုင္သကဲ့သသို႔ တခါတရံလည္း လိင္ဆက္ဆံေနစဥ္ အနံဆိုးမ်ားထြက္လာနိုင္ပါတယ္။ ဒါက ဘာမွမဆန္းတဲ့အရာမို႔ စိတ္ပ်က္မသြားပါနဲ႕။


၁၀ ။ လိင္ဆက္ဆံေနစဥ္ အညစ္အေၾကးမ်ားထြက္လာတတ္တာ မဆန္းပါ။


ဒါက သဘာဝသာျဖစ္ပါတယ္။ ဘာမွပူစရာ အေရးတယူလုပ္စရာမလိုပါ။ ႏွစ္ေယာက္လုံး ၿပဳံၿပီးသာ ရွင္းလင္းလိုက္ပါ။ 


၁၁ ။ လက္ေတြ႕လိင္ဆက္ဆံမႈမွာ သင္လိင္တံတင္းမာဖို႔ ခက္ခဲေနလွ်င္ သင္လိင္႐ုပ္ရွင္ေတြၾကည့္တာေတြရပ္ပါေတာ့။


လက္ေတြ႕ဘဝမွာ တျခားေယာက္်ားတေယာက္အတြက္ ရင္မခုန္ပဲလိင္တံေတာင့္တင္းဖို႔ ခက္ခဲေနရင္ သင့္လိင္႐ုပ္ရွင္ေတြထဲက ေယာက်္ားေတြရဲ႕ ၿပီးျပည့္စုံတဲ့ အျမင္အာ႐ုံကို သင့္ဦးႏွောက္က အရမ္းစြဲလမ္းေနလို႔ပါ။


 ဒါ့ေၾကာင့္လက္ေတြ႕မွာ ကိုယ့္အေဖာ္က ကိုယ္ေမွ်ာ္လင့္ေနသလို သူတို႔ကဲ့သို႔ၿပီးမျပည့္စုံတဲ့အခါ လိင္စိတ္တက္ႂကြမႈ မရွိတာျဖစ္ပါတယ္။

  ဒါ့ေၾကာင့္ လိင္႐ုပ္ရွင္ေတြကို ခဏေရွာင္ၿပီး သင့္အာ႐ုံေတြကို အစက ျပန္စဖို႔လိုပါမယ္။


၁၂ ။ သူ႕လိင္တံမေတာင့္တင္းနိုင္တာ သင့္အမွားမဟုတ္ပါဘူး။ 


သူ႕အမွားလည္းမဟုတ္ပါဘူး။

ဘာမွ အျပစ္ေျပာစရာမလိုပါ။ တခါတရံ စိုးရိမ္တာမ်ားၿပီး သူမေတာင့္တင္းနိုင္တာဟာ သင္မလွလို႔လည္းမဟုတ္ဘူး။ 

သူမေကာင္းလို႔လည္းမဟုတ္ပါ။ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ကိစၥတစ္ခုပါ။ ခဏနားၿပီး ျပန္က်ိဳးစားၾကည့္ေပါ့။


၁၃ ။ မၾကာမဏ က်န္းမာေရးစစ္ေဆးမႈမ်ားျပဳလုပ္ပါ။


သင္ လိင္ဆက္ဆံေဖာ္မ်ားမ်ားႏွင့္ အၿမဲတမ္းထိေတြ႕ေနသူျဖစ္လွ်င္ ကိုယ့္က်န္းမာေရးအတြက္ ခႏၶာကိုယ္ကို အၿမဲတမ္း ေဆးစစ္ေဆးမႈေတြျပဳလုပ္သင့္ပါတယ္။


၁၄ ။ ဘဝတခ်ိန္ခ်ိန္မွာ ေတာ္ေတာ္ဆိုးဝါးတဲ့ လိင္ဆက္ဆံမႈကို ေတြ႕ႀကဳံရတာ မဆန္းပါ။


အေကာင္းဆုံးအခ်ိန္ေတြရွိေနသလို ဆိုးတဲ့အခ်ိန္ေလးေတြရွိတာလည္း မဆန္းပါ။ မေကာင္းတဲ့ လိင္ဆက္ဆံတာျဖစ္သြားေတာ့လည္း အေတြ႕အႀကဳံရတာေပါ့။ ေနာက္တစ္ေယာက္နဲ႕က်ရင္ ပိုေကာင္းတာျဖစ္လာမွာေပါ့။ ဒါက ဘဝပါပဲ။


၁၅ ။ သုတ္ထုတ္လႊတ္လိုက္ၿပီးတာနဲ႕ လိင္ဆက္ဆံတာ ၿပီးသြာတာမဟုတ္ပါဘူး။


တခ်ိဳ႕သူေတြက သုတ္ထုတ္လႊတ္တာျမန္လို႔ ျမန္ျမန္ၿပီးသြားၿပီး ကိုယ့္အေဖာ္ကိုအားနာေနတာမ်ိဳး ျဖစ္ေနတတ္ပါတယ္။

 ဒါေပမယ့္ တစ္ႀကိမ္သုတ္ထုတ္လႊတ္လိုက္တာနဲ႕ လိင္ဆက္ဆံတာဆုံးသြားစရာ မလိုပါဘူး။

 

 တျခား ခႏၶာကိုယ္အပိုင္းေတြနဲ႕ အမ်ားႀကီးလုပ္လို႔ရတာေတြရွိပါတယ္။ လူႏွစ္ဦး တရင္းတႏွီး ခႏၶာမွ်ေဝတဲ့ေနရာမွာ နားလည္းမႈ၊ က်င္နာမႈ ႏွင့္ ယုယမႈေတြနဲ႕ လိင္ဆက္ဆံလို႔ရပါတယ္။


အယူမွားမ်ား


၁ ။ ကြန္ဒုံးသုံးတိုင္း ဘာေရာဂါမွမရေတာ့ဘူးဆိုတာ မဟုတ္ပါ။ 


ကြန္ဒုံးက ကုသရခက္ခဲၿပီးဒုကၡမ်ားတဲ့ ေရာဂါႀကီးေတြျဖစ္တဲ့ HIV တို႔ ကာလသားေရာဂါတို႔ကို ကာကြယ္နိုင္ပါတယ္။ 


ဒါေပမဲ့ ကြန္ဒုံးျပင္ပေနရာေတြမွာေနၾကတဲ့ ေရာဂါပိုးေတြျဖစ္တဲ့ ေရယုန္၊ ဝဲ၊ သန္း၊ ႏွင့္ HPV အစရွိတဲ့ ေရာဂါပိုးေတြကေတာ့ ကူးနိုင္ေသးပါတယ္။ အေကာင္းဆုံးကေတာ့ ကိုယ့္ဆက္ဆံေဖာ္ရဲ႕အေၾကာင္းကို ေကာင္းေကာင္းသိထားပါပဲ။


၂ ။ လိင္တံႀကီးမွ ပိုေကာင္းပါတယ္ဆိုတာ မဟုတ္ပါ။


မွားပါတယ္။ လိင္တံအ႐ြယ္အစားက ဘာမွကို မဆိုင္ပါ။ bottom ေတြအဖို႔လည့္ ဆီးက်ိတ္က ခႏၶာအတြင္းသုံးလက္မစာေလာက္သာရွိတာမို႔ လႈံေဆာ္မႈရရန္ အရွည္ႀကီးမလိုပါ။


 လိင္တံႀကီးပါက အျမင္အာ႐ုံအရသာၾကည့္ေကာင္းေပမယ့္ တကယ္လက္ေတြ႕မွ အ႐ြယ္ေသးေတြထက္ ပိုမိုစြမ္းေဆာင္နိုင္တာမ်ိဳးမရွိပါ။

 

 ကိုယ့္ကို ဂ႐ုမစိုက္ပဲ အတင္းေဆာင့္ရိုက္ေနတဲ့ တကိုယ္ေကာင္းဆန္တဲ့သူေတြနဲ႕ ေတြ႕ရင္ ကိုယ့္ကိုသာနာက်င္ေစနိုင္တာသာ ထူးပါတယ္။


၃ ။ ကားေပၚမွာ လိင္ဆက္ဆံရတာ မလြယ္ပါ။


႐ုပ္ရွင္ေတြထဲမွာ ကားေပၚမွာလိင္ဆက္ဆံတာကို ၾကည့္ရတာ ရင္ခုန္စရာေကာင္းသေလာက္ တကယ္တမ္းေတာ့ မလြယ္ပါ။ ေနရာအလုံအေလာက္မရွိနိုင္ပါ။ ထိခိုက္နိုင္ပါသည္။ ကားေမာင္းေနလွ်င္ အႏၱရာယ္အမ်ားဆုံးမို႔ ေရွာင္သင့္ပါတယ္။


၄ ။ ေရထဲမွာလည္း လိင္ဆက္ဆံဖို႔ မလြယ္ပါ။



ေရကန္/ေရကူးကန္ထဲ၊ ေရခ်ိဳးခန္းထဲမွာ လိင္ဆက္ဆံဖို႔ ေတြးၾကည့္ပါက ရင္ခုန္စရာေကာင္းသေလာက္ လက္ေတြ႕မွာ အမွန္တကယ္ဆက္ဆံဖို႔ဆိုတာ မျဖစ္နိုင္ပါ။


 သင့္ခႏၶာကိုယ္မွာ ေခ်ာေမြ႕တဲ့ပြတ္သပ္မႈျဖစ္ဖို႔ကို ေရကတားဆီးထားနိုင္ပါတယ္။ အတူတူေဆာ့ကစားလို႔သာရပါမယ္။


၅ ။ သင့္ကိုယ္သင္ လိင္႐ုပ္ရွင္မင္းသားေတြနဲ႕ ႏွိင္းယွဥ္စရာမလိုပါ။


လိင္႐ုပ္ရွင္မင္းသာေတြ ဘယ္ေလာက္ၿပီးျပည့္စုံေနပေစ၊ ခႏၶာ႐ူပါကို လွပေအာင္ထိန္းသိမ္းထားဖို႔က သူတို႔အလုပ္ပါ။

 ေနာက္တစ္ခု လိင္႐ုပ္ရွင္ဆိုတာဖန္တီးမႈပါ။ သူတို႔လုပ္သမွ်ကို လက္ေတြ႕ဘဝမွာ လိုက္လုပ္စရာမလိုပါဘူး။


၆ ။ လိင္ဆက္ဆံရာမွာ အၿမဲတမ္း ခပ္ၾကမ္းၾကမ္းသြားလာစရာ မလိုပါဘူး။


လိင္႐ုပ္ရွင္ေတြထဲမွာ သူတို႔အားရပါးရ ခပ္ၾကမ္းၾကမ္း ရိုက္သြင္းေနတာမ်ိဳးက ေတြးၾကည့္ရင္သာ အေကာင္းတာပါ။ 

တကယ္လက္ေတြ႕မွ တစ္ဦးတစ္ေယာက္ခ်င္းစီနဲ႕သာဆိုင္တာပါ။

 ကိုယ္စိတ္ပါလာလို႔ ခပ္ၾကမ္းၾကမ္းလုပ္ခိုင္းလို႔ ကိုယ္ကအဆင္ေျပေနရင္ ျပႆနာမရွိပါဘူး။ ဒါေပမယ့္ သူမ်ားရတိုင္း ကိုယ္ရမယ္လို႔ ေျပာလို႔မရပါ။ 

 ကိုယ့္ကို နာက်င္ေစရင္ လုံးဝ မလုပ္သင့္ပါ။ ၿပီးေတာ့ လုပ္ေနတဲ့ သူအေနႏွင့္လည္း ကိုယ့္ေၾကာင့္ သူမ်ားကို နာက်င္ေစေအာင္ မလုပ္သင့္ပါဘူး။ ကိုယ္ခ်င္းစာတတ္ပါ။ က်င္နာတတ္ပါ။ ကိုယ့္လိင္ဆက္ဆံေဖာ္ကို ယုယပါ။ ဒါမွသာ ေကာင္းမြန္တဲ့ လိင္ဆက္ဆံမႈကို ရရွိပါမယ္။


၇ ။ HIV ရတိုင္း ကမၻာပ်က္တာမ်ိဳး မဟုတ္ပါဘူး။


ယေန႕ေခတ္မွာ ကိုယ္ HIV ရွိေနမွန္းသိရင္ ေဆးေတြက ပိုးေကာင္ေရ မရွိသေလာက္ျဖစ္ေအာင္ ထိန္းထားလို႔ရပါတယ္။ HIV ရွိလည္း သက္တန္းေစ့ေနနိုင္သလို ခ်စ္သူနဲ႕လည္း အသက္ထက္ဆုံးေနသြားလို႔ရပါၿပီ။

 ဒါေပမယ့္ အဲ့လိုျဖစ္တိုင္း ကူးခ်င္ကူးပေစဆိုၿပီး လုပ္ရမယ္လို႔ မဆိုလိုပါ။ ေဘးကင္းတဲ့ လိင္ဆက္ဆက္မႈကို အၿမဲက်င့္သုံးပါ။၊


၈ ။ လိင္ဆက္ဆံသူႏွစ္ေယာက္စလုံး HIV ရွိေနရင္ ဘာအကာကြယ္မွမလိုေတာ့ဘူးလို႔ လုပ္လို႔မရပါဘူး။


HIV ရွိေနသူတစ္ေယာက္က တျခား HIV ရွိတဲ့သူဘယ္သူနဲ႕မဆို ႀကိဳက္သလိုလုပ္လို႔ရၿပီဆိုတာမ်ိဳးက မွားပါတယ္။

 လူတစ္ေယာက္နဲ႕တစ္ေယာက္မွာရွိတဲ့ HIV ဗီဇအမ်ိဳးအစားမတူၾကပါ။ 

 သူ႕ဗီဇကိုယ့္ထဲကိုယ္ဝင္လာရင္ အစက ျပန္ကုရပါလိမ့္မယ္။ ဒါ့ေၾကာင့္ အကာအကြယ္သုံးဖို႔ လိုကိုလိုပါတယ္။


၉ ။ Grindr လို app ေတြေပၚမွာ ရွိေနတဲ့လူတိုင္း တစ္ညတာအိပ္ဖို႔ (one night stand) စိတ္ဝင္စားတဲ့လူေတြ မဟုတ္ၾကပါဘူး။


ဒီလို app ေတြက လိင္တူခ်စ္သူေတြကို လုံၿခဳံစိတ္ခ်စြာ တစ္ဦးကိုတစ္ဦး ခ်ိတ္ဆက္နိုင္ေအာင္ ျပဳလုပ္ေပးေနတဲ့ နည္းပညာေတြပါ။


 လိင္တူခ်စ္သူမ်ားအတြက္ လူမႈကြန္ရက္တစ္ခုေပၚ့။ အဲ့ဒီမွာရွိေနတဲ့လူတိုင္းက လိင္ဆက္ဆံဖို႔ လူလိုက္ရွာေနမ်ိဳး ဟုတ္ခ်င္မွဟုတ္မွာပါ။

 

 တခ်ိဳ႕လူေတြကေတာ့ တျခားနည္းလမ္းမရွိလို႔၊ မသိလို႔ Grindr လို app မ်ိဳးကို ေရာက္ေနတာပါလည္း ျဖစ္နိုင္တာပဲ။ လိင္ဆက္ဆံေဖာ္မ်ားတာမ်ိဳးကို မႀကိဳက္တဲ့သူရွိသလို ဘဝလက္တြဲေဖာ္ရွာေနသူေတြလည္းရွိနိုင္ပါတယ္။ 

 

ဒါေၾကာင့္ သုံးေနတဲ့သူတိုင္းကို ကိုယ္နဲ႕လိင္ဆက္ဆံမယ့္သူလို႔ အပိုင္မတြက္ပါနဲ႕။ ေမးျမန္းပါ။ သေဘာတူညီမႈ ရယူပါ။ 


လူတစ္ဦးနဲ႕တစ္ဦး အျပင္မွာျမင္ေနရတာမ်ိဳးမဟုတ္ေပမဲ့လည္း တဖက္သားကို ေလးစားမႈနဲ႕ ခင္မင္ဖြယ္ေကာင္းတဲ့ လိင္တူခ်စ္သူကြန္ရက္အသိုင္းအဝိုင္းကို တည္ေထာင္ၾကပါစို႔။၊


၁၀ ။ မေတာင္းပဲနဲ႕ လိင္ပုံေတြမပို႔ပါနဲ႕။၊


Grindr လို app မ်ိဳးေတြမွာ လိင္ပုံေတြပို႔တာက ၾကည့္ခ်င္တဲ့သူေတြအတြက္သာ ေပ်ာ္ဖို႔ေကာင္းတာပါ။ တဖက္က ကိုယ္မသိတဲ့ လူတစ္ေယာက္ကို မေတာင္းပဲနဲ႕ ပို႔တာမ်ိဳးက ရိုင္းပါတယ္။ လိင္ပိုင္းဆိုင္ရာႏွောင့္ယွက္မႈမ်ိဳးသာျဖစ္ပါတယ္။

ေနာက္ဆုံးအေရးႀကီးဆုံးႏွစ္ခ်က္ကေတာ့ 


 ၁။ လူႏွစ္ဦးအၾကား ခႏၶာႏွီးႏွောသြားလာရာမွာ စိတ္ဆႏၶဆိုသည္မွာ အလြန္အေရးႀကီးပါသည္။

 တစ္ဦးက ခြင့္မျပဳသည့္ ကိစၥကို ေနာက္တစ္ေယာက္က ဘာမွေရွ႕ဆက္တိုးခြင့္မရွိပါ။ သင္စိတ္မပါပဲနဲ႕ မစခင္ပဲျဖစ္ေစ ဘယ္အဆင့္ပဲေရာက္ေနပေစ သင့္မွာ ရပ္ေတာ့ဟုေျပာနိုင္ခြင့္ရွိသည္။ သင့္ခႏၶာသင့္ဆုံးျဖတ္ခြင့္သာျဖစ္သည္။ လူႏွစ္ဦးၾကည္ျဖဴသေဘာတူမွသာ လိင္ဆက္ဆံမႈျဖစ္သင့္သည္။

 

 ၂။ ေလးစားပါ။

 

 ေယာက္်ားခ်င္းပဲျဖစ္ေစ လိင္ဆက္ဆံသည္ဆိုသည္မွာ လူႏွစ္ဦးၾကား အရင္းႏွီးဆုံး အေျခအေနကို ေရာက္ရွိျခင္းျဖစ္ၿပီး ႏွစ္ဦးအတူခႏၶာျဖင့္သုခရွာေဖြျခင္းျဖစ္သည္။ ခႏၶာကိုယ္ဆိုသည္မွာ ပစၥည္းတစ္ခုလို အသုံးျပဳစရာမဟုတ္ပါ၊ ႏွိမ့္ခ်စရာမဟုတ္ပါ၊ မတရားျပဳလုပ္စရာလဲမဟုတ္ပါ။ မိမိသည္ ကိုယ့္ခႏၶာကိုယ္ကို ခ်စ္ျမတ္ႏွိုးသလို သူတပါး၏ ခႏၶာကိုယ္ကိုလည္း ေလးစားပါ။ လူႏွစ္ဦးအၾကား ဆက္ဆံေရးကို ေလးစားမႈ၊ ရိုးသားမႈ၊ ယုံၾကည္မႈတို႔ျဖင့္ တည္ေဆာက္ပါ။ သို႔မွသာ ႏွစ္ဦးသား ေပ်ာ္႐ြင္ေကာင္းမြန္တဲ့ အေတြ႕အႀကဳံကိုရရွိမည္သာျဖစ္သည္။


အားလုံးပဲ ေပ်ာ္႐ြင္က်န္းမာတဲ့ဘဝကို ပိုင္ဆိုင္နိုင္ၾကပါေစ။

Men Nice Collection Facebook Page admin Y Tway Ni 😘

No comments: