Monday, January 10, 2022

ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ရဲ့ အကောင်းအဆိုးများ

 ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ရဲ့ အကောင်းအဆိုးများ




စာရေးသူ Dr. Phio Thiha မှ ရေးသားသည်။ 16/02/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။


ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ရဲ့ အကောင်းအဆိုးများ


 ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ဆိုတာကို အတော်များများ ကြားဖူးကြမှာပါ။


 ဒီဆောင်းပါးလေးမှာတော့ သူ့ရဲ့ အကျိုးအပြစ် .. အားသာချက်နဲ့ အားနည်းချက်လေးတွေကို ပြောပြချင်ပါတယ်။ ဘယ်အရာမဆို ကောင်းခြင်းဆိုးခြင်းဆိုတာ ဒွန်တွဲနေတတ်စမြဲမို့ မိမိနဲ့ မိမိချစ်သူကို အကျိုးများစေနိုင်လား ဘယ်လိုကျန်းမာရေးပြဿနာတွေ ပေးနိုင်မလဲဆိုတာ သေချာလေ့လာကြည့်ရအောင်နော်။


 ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ဆိုတာ ဘာလဲ


 လိင်တံ၊ ဒါမှမဟုတ် မိန်းမကိုယ်ကို ပါးစပ်အသုံးပြုပြီး လိင်စိတ်နှိုးဆွခြင်းကို ခေါ်တာပါ။

 လိင်တံကို ပါးစပ်နဲ့ ဆက်ဆံပေးခြင်းကို Fellatio လို့ခေါ်ပြီး မိန်းမကိုယ်ကို ဆက်ဆံပေးခြင်းကိုတော့ Cunnilingus လို့ခေါ်ပါတယ်။

 ပါးစပ်နဲ့ ဆက်ဆံခြင်းဟာ ကိုယ့်အဖော်နဲ့ ရင်းနှီးချစ်ခင်မှုကို ပိုစေပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းမှာလည်း မကောင်းတဲ့အချက်များလည်း ရှိပါတယ်။


 ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ရဲ့ အားသာချက်များ


 ဆက်ဆံရေးနှင့် ရင်းနှီးမှုကို ပိုကောင်းစေခြင်း


 ပါးစပ်နဲ့ ဆက်ဆံတာကို စိတ်ကျေနပ်မှုရဖို့ဆိုရင် ကိုယ်နဲ့ ကိုယ့်အဖော်ကြားမှာ စစ်မှန်ပြီး ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေးမျိုး လိုအပ်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းက လိင်မှုဘဝနဲ့ ဆက်ဆံရေးကို တိုးတက်စေပါတယ်။


 စိတ်ခံစားမှုနှင့် စိတ်ဖိစီးမှု ခံနိုင်ရည်ကို တိုးတက်စေခြင်း


 သုက်ရည်ထဲမှာ Cortisol လို့ခေါ်တဲ့ ဟော်မုန်းတွေ ပါဝင်ပြီး အဲဒီဟော်မုန်းက ဦးခေါင်းဆီ အောက်ဆီဂျင် ပိုရောက်အောင် လုပ်ပေးနိုင်တာမို့ စိတ်ခံစားမှုတွေ ပိုကောင်းစေတယ်၊ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။


 နာကျင်မှုကို လျော့နည်းစေခြင်း


 ပါးစပ်နဲ့ ဆက်ဆံနေစဉ်နဲ့ ဆန္ဒပြီးမြောက်သွားတဲ့အချိန်တွေမှာ ခန္ဓါကိုယ်ထဲမှာ Oxytoin ၊ Endorphin စတဲ့ ဟော်မုန်းတွေ ထွက်ပါတယ်။ ဒါတွေကို နာကျင်မှုတွေကို လျော့နည်းသက်သာစေပါတယ်။


 စိတ်ကျရောဂါကို ကုသပေးနိုင်ခြင်း


 ခုပြောခဲ့တဲ့ အကျိုးကျေးဇူးများကြောင့် ကျန်းမာရေးကို အထောက်အကူပြုသလို၊ စိတ်ကျရောဂါရှိနေရင်လည်း သက်သာစေပါတယ်။


 ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ရဲ့ အားနည်းချက်များ


 ပါးစပ်နဲ့လိင်ဆက်ဆံခြင်းရဲ့ အဓိက အားနည်းချက်တွေကတော့ ရောဂါတွေဖြစ်ပွားနိုင်တာပဲဖြစ်ပါတယ်။ ကူးစက်ရောဂါတချို့ဖြစ်နိုင်သလို တချို့ကင်ဆာရောဂါတွေဖြစ်ပွားနိုင်ခြေကိုလည်း ပိုများစေတယ်လို့ သိရပါတယ်။ မိမိလက်တွဲဖော်အပေါ် သစ္စာရှိဖို့ ပြင်ပမှာ အပျော်အပါးမလိုက်စားမိစေဖို့တော့ သတိထားဖို့လိုပါလိမ့်မယ်။


 ကဲ ဘယ်လို အားနည်းချက်တွေလည်း သေချာကြည့်လိုက်ရအောင်။



 လည်ချောင်းကင်ဆာ ဖြစ်နိုင်ချေရှိခြင်း


 ပါးစပ်နဲ့ ပုံမှန်လိင်ဆက်ဆံမှုပြုမယ်ဆိုရင် HPV ပိုး ကူးစက်ခံရနိုင်ချေပိုများပြီး လည်ချောင်းကင်ဆာ ဖြစ်နိုင်ချေ ပိုရှိပါတယ်။


 လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ


 HIV ပိုး၊ ရေယုန်၊ ဆစ်ဖလစ်၊ ဆီးပူညောင်းကျ၊ အသည်းရောင်အသားဝါပိုး၊ HPV ပိုးများလည်း ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကတစ်ဆင့် ကူးစက်ခံရနိုင်ပါတယ်။


 ဆစ်ဖလစ် ရောဂါ


 ဆစ်ဖလစ်လက္ခဏာများဟာ လိင်အင်္ဂါနဲ့ စအိုတို့မှာ တွေ့ရလေ့ရှိပြီး ရှားရှားပါးပါးအနေနဲ့ နို့သီးမှာလည်း တွေ့ရတတ်ပါတယ်။ နောက်ပြီး လျှာနဲ့နှုတ်ခမ်းတို့မှလည်း တွေ့ရတတ်သလို၊ ရောဂါပိုးရှိသူရဲ့ ပါးစပ်က တစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။


 ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရှိနေချိန်လို တချို့သောအချိန်တွေမှာတော့ စုံတွဲတွေအတွက် အကျိုးရှိပါတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တွေလည်း ရှိနေဆဲပါ။


 သဘာဝမဟုတ်တဲ့ ဆက်ဆံနည်းထဲမှာ ပါဝင်တဲ့အတွက် သန့်ရှင်းမှုမရှိရင် ဒါမှမဟုတ် ကူးစက်ရောဂါတစ်ခုခုဖြစ်နိုင်ခြေရှိရင် .. ဒါမှမဟုတ် အပေါ်မှာ ပြောခဲ့သလို ကူးစက်ရောဂါ တစ်ခုခု ရှိနေရင်တော့ မလုပ်တာ အကောင်းဆုံးပါပဲ။


 ဒါကြောင့် ပါးစပ်နဲ့ ဆက်ဆံခြင်း ကနေ ရောဂါပိုးတခုခု ကူးစက်ခံရတယ်ထင်ရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းပြပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး အကြံပြုချက်တွေရယူနိုင်ပါတယ်။


(Zawgyi) 

ပါးစပ္နဲ႕ လိင္ဆက္ဆံျခင္း ရဲ႕ အေကာင္းအဆိုးမ်ား




စာေရးသူ Dr. Phio Thiha မွ ေရးသားသည္။ 16/02/2021 တြင္ ျပန္လည္ျပင္ဆင္ခဲ့သည္။


ပါးစပ္နဲ႕ လိင္ဆက္ဆံျခင္း ရဲ႕ အေကာင္းအဆိုးမ်ား


 ပါးစပ္နဲ႕ လိင္ဆက္ဆံျခင္း ဆိုတာကို အေတာ္မ်ားမ်ား ၾကားဖူးၾကမွာပါ။


 ဒီေဆာင္းပါးေလးမွာေတာ့ သူ႕ရဲ႕ အက်ိဳးအျပစ္ .. အားသာခ်က္နဲ႕ အားနည္းခ်က္ေလးေတြကို ေျပာျပခ်င္ပါတယ္။ ဘယ္အရာမဆို ေကာင္းျခင္းဆိုးျခင္းဆိုတာ ဒြန္တြဲေနတတ္စၿမဲမို႔ မိမိနဲ႕ မိမိခ်စ္သူကို အက်ိဳးမ်ားေစနိုင္လား ဘယ္လိုက်န္းမာေရးျပႆနာေတြ ေပးနိုင္မလဲဆိုတာ ေသခ်ာေလ့လာၾကည့္ရေအာင္ေနာ္။


 ပါးစပ္နဲ႕ လိင္ဆက္ဆံျခင္း ဆိုတာ ဘာလဲ


 လိင္တံ၊ ဒါမွမဟုတ္ မိန္းမကိုယ္ကို ပါးစပ္အသုံးျပဳၿပီး လိင္စိတ္ႏွိုးဆြျခင္းကို ေခၚတာပါ။

 လိင္တံကို ပါးစပ္နဲ႕ ဆက္ဆံေပးျခင္းကို Fellatio လို႔ေခၚၿပီး မိန္းမကိုယ္ကို ဆက္ဆံေပးျခင္းကိုေတာ့ Cunnilingus လို႔ေခၚပါတယ္။

 ပါးစပ္နဲ႕ ဆက္ဆံျခင္းဟာ ကိုယ့္အေဖာ္နဲ႕ ရင္းႏွီးခ်စ္ခင္မႈကို ပိုေစပါတယ္။ ဒါေပမယ့္ ဒီနည္းလမ္းမွာလည္း မေကာင္းတဲ့အခ်က္မ်ားလည္း ရွိပါတယ္။


 ပါးစပ္နဲ႕ လိင္ဆက္ဆံျခင္း ရဲ႕ အားသာခ်က္မ်ား


 ဆက္ဆံေရးႏွင့္ ရင္းႏွီးမႈကို ပိုေကာင္းေစျခင္း


 ပါးစပ္နဲ႕ ဆက္ဆံတာကို စိတ္ေက်နပ္မႈရဖို႔ဆိုရင္ ကိုယ္နဲ႕ ကိုယ့္အေဖာ္ၾကားမွာ စစ္မွန္ၿပီး ရိုးသားပြင့္လင္းတဲ့ ဆက္ဆံေရးမ်ိဳး လိုအပ္ပါတယ္။ ဒါေၾကာင့္ ဒီနည္းလမ္းက လိင္မႈဘဝနဲ႕ ဆက္ဆံေရးကို တိုးတက္ေစပါတယ္။


 စိတ္ခံစားမႈႏွင့္ စိတ္ဖိစီးမႈ ခံနိုင္ရည္ကို တိုးတက္ေစျခင္း


 သုက္ရည္ထဲမွာ Cortisol လို႔ေခၚတဲ့ ေဟာ္မုန္းေတြ ပါဝင္ၿပီး အဲဒီေဟာ္မုန္းက ဦးေခါင္းဆီ ေအာက္ဆီဂ်င္ ပိုေရာက္ေအာင္ လုပ္ေပးနိုင္တာမို႔ စိတ္ခံစားမႈေတြ ပိုေကာင္းေစတယ္၊ စိတ္ဖိစီးမႈေတြကိုလည္း ေလ်ာ့က်ေစပါတယ္။


 နာက်င္မႈကို ေလ်ာ့နည္းေစျခင္း


 ပါးစပ္နဲ႕ ဆက္ဆံေနစဥ္နဲ႕ ဆႏၵၿပီးေျမာက္သြားတဲ့အခ်ိန္ေတြမွာ ခန္ဓါကိုယ်ထဲမှာ Oxytoin ၊ Endorphin စတဲ့ ေဟာ္မုန္းေတြ ထြက္ပါတယ္။ ဒါေတြကို နာက်င္မႈေတြကို ေလ်ာ့နည္းသက္သာေစပါတယ္။


 စိတ္က်ေရာဂါကို ကုသေပးနိုင္ျခင္း


 ခုေျပာခဲ့တဲ့ အက်ိဳးေက်းဇူးမ်ားေၾကာင့္ က်န္းမာေရးကို အေထာက္အကူျပဳသလို၊ စိတ္က်ေရာဂါရွိေနရင္လည္း သက္သာေစပါတယ္။


 ပါးစပ္နဲ႕ လိင္ဆက္ဆံျခင္း ရဲ႕ အားနည္းခ်က္မ်ား


 ပါးစပ္နဲ႕လိင္ဆက္ဆံျခင္းရဲ႕ အဓိက အားနည္းခ်က္ေတြကေတာ့ ေရာဂါေတြျဖစ္ပြားနိုင္တာပဲျဖစ္ပါတယ္။ ကူးစက္ေရာဂါတခ်ိဳ႕ျဖစ္နိုင္သလို တခ်ိဳ႕ကင္ဆာေရာဂါေတြျဖစ္ပြားနိုင္ေျခကိုလည္း ပိုမ်ားေစတယ္လို႔ သိရပါတယ္။ မိမိလက္တြဲေဖာ္အေပၚ သစၥာရွိဖို႔ ျပင္ပမွာ အေပ်ာ္အပါးမလိုက္စားမိေစဖို႔ေတာ့ သတိထားဖို႔လိုပါလိမ့္မယ္။


 ကဲ ဘယ္လို အားနည္းခ်က္ေတြလည္း ေသခ်ာၾကည့္လိုက္ရေအာင္။



 လည္ေခ်ာင္းကင္ဆာ ျဖစ္နိုင္ေခ်ရွိျခင္း


 ပါးစပ္နဲ႕ ပုံမွန္လိင္ဆက္ဆံမႈျပဳမယ္ဆိုရင္ HPV ပိုး ကူးစက္ခံရနိုင္ေခ်ပိဳမ်ားၿပီး လည္ေခ်ာင္းကင္ဆာ ျဖစ္နိုင္ေခ် ပိုရွိပါတယ္။


 လိင္မွတစ္ဆင့္ ကူးစက္ေသာ ေရာဂါမ်ား


 HIV ပိုး၊ ေရယုန္၊ ဆစ္ဖလစ္၊ ဆီးပူေညာင္းက်၊ အသည္းေရာင္အသားဝါပိုး၊ HPV ပိုးမ်ားလည္း ပါးစပ္နဲ႕ လိင္ဆက္ဆံျခင္းကတစ္ဆင့္ ကူးစက္ခံရနိုင္ပါတယ္။


 ဆစ္ဖလစ္ ေရာဂါ


 ဆစ္ဖလစ္လကၡဏာမ်ားဟာ လိင္အဂၤါနဲ႕ စအိုတို႔မွာ ေတြ႕ရေလ့ရွိၿပီး ရွားရွားပါးပါးအေနနဲ႕ နို႔သီးမွာလည္း ေတြ႕ရတတ္ပါတယ္။ ေနာက္ၿပီး လွ်ာနဲ႕ႏႈတ္ခမ္းတို႔မွလည္း ေတြ႕ရတတ္သလို၊ ေရာဂါပိုးရွိသူရဲ႕ ပါးစပ္က တစ္ဆင့္လည္း ကူးစက္နိုင္ပါတယ္။


 ပါးစပ္နဲ႕ လိင္ဆက္ဆံျခင္းဟာ ကိုယ္ဝန္ရွိေနခ်ိန္လို တခ်ိဳ႕ေသာအခ်ိန္ေတြမွာေတာ့ စုံတြဲေတြအတြက္ အက်ိဳးရွိပါတယ္။ ဒါေပမယ့္လည္း က်န္းမာေရးကို ထိခိုက္ေစတဲ့ အခ်က္ေတြလည္း ရွိေနဆဲပါ။


 သဘာဝမဟုတ္တဲ့ ဆက္ဆံနည္းထဲမွာ ပါဝင္တဲ့အတြက္ သန႔္ရွင္းမႈမရွိရင္ ဒါမွမဟုတ္ ကူးစက္ေရာဂါတစ္ခုခုျဖစ္နိုင္ေျခရွိရင္ .. ဒါမွမဟုတ္ အေပၚမွာ ေျပာခဲ့သလို ကူးစက္ေရာဂါ တစ္ခုခု ရွိေနရင္ေတာ့ မလုပ္တာ အေကာင္းဆုံးပါပဲ။


 ဒါေၾကာင့္ ပါးစပ္နဲ႕ ဆက္ဆံျခင္း ကေန ေရာဂါပိုးတခုခု ကူးစက္ခံရတယ္ထင္ရင္ေတာ့ နီးစပ္ရာေဆး႐ုံေဆးခန္းျပၿပီး ဆရာဝန္နဲ႕ တိုင္ပင္ေဆြးႏြေး အႀကံျပဳခ်က္ေတြရယူနိုင္ပါတယ္။



No comments: