Thursday, February 17, 2022

ကျားလိင်အင်္ဂါကို ကြီးဆေးထိုးခြင်းရဲ့ ကြောက်စရာဆိုးကျိုးများ

 ကျားလိင်အင်္ဂါကို ကြီးဆေးထိုးခြင်းရဲ့ ကြောက်စရာဆိုးကျိုးများ




စာရေးသူ Ye Myo Myat မှ ရေးသားသည်။ 

Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။


#ကျားလိင်အင်္ဂါကို ကြီးဆေးထိုးခြင်းရဲ့ ကြောက်စရာဆိုးကျိုးများ


 လိင်ကျန်းမာရေးနဲ့ ပတ်သက်လာရင် ယောက်ျားအများစု ခဏဏ လာလာမေးတတ်တဲ့ မေးခွန်းတွေထဲမှာ လိင်တံ ကြီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း တစ်ခုအပါအဝင်ပါ။ အမှန်အတိုင်းပြောရရင် အမျိုးသား တစ်ယောက်ရဲ့ လိင်တံသည် အသက် ၁၈ ပြည့်ပြီးတာနဲ့ ဘယ်လိုမှ ဆက်ပြီး မကြီးနိုင်တော့ပါဘူး။ အဲ့တော့ ကြီးဆေးတွေသောက်ရင် မရဘူးလား၊ သူများတွေ ဆေးထိုး၊ ဂေါ်လီထည့်နေတာ ကျွန်တော်လုပ်ရင်ရော ကြီးလာမှာလားတဲ့။ ဟုတ်ကဲ့ အချိန်တစ်ခဏတာအတွက် ကြီးလာတယ်လို့ ထင်ရနိုင်ပါတယ်။


 တကယ့် ပြဿနာက အဲ့ဒီနောက်မှာ စတာပါ။ သဘာဝ မဟုတ်တဲ့ ပစ္စည်းတွေကို လိင်အင်္ဂါထဲ ထိုးသွင်းထားပြီးနောက် ကြာလာတဲ့အခါ ခန္ဓာကိုယ်က ဒီပစ္စည်းတွေကို ဓာတ်တိုးဆန့်ကျင်တတ်ပြီး ပြည်တည်တာ၊ လိင်တံပုပ်တာ၊ အနံ့ဆိုးထွက်တာ၊ မထောင်မတ်နိုင်တာအပြင် လိင်တံတစ်ချောင်းလုံး ဖြတ်ပစ်လိုက်ရတဲ့အထိ ဘေးထွက်ဆိုးကျိုးတွေက များလွန်းပါတယ်။ ဒါတွေအကုန် ရင်ဆိုင်ဖို့ ကိုယ်တိုင်ရော အဆင်သင့်ဖြစ်ပြီလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်ပါတယ်။


 #ကြီးဆေးထိုးခြင်း ပြဿနာ


 မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများမှာ ကျန်းမာရေးအသိပညာ အရမ်းနည်းလွန်းတာကြောင့် ဒီလိုကိစ္စမျိုးတွေကို ကြောက်ရကောင်းမှန်းလည်း မသိတော့သလို ဘာတွေ နောက်ဆက်တွဲ ဆက်ဖြစ်လာနိုင်လဲဆိုတာ ဂရုလည်း မစိုက်နိုင်တော့ပါဘူး။ အဲဒီတော့ ကိုယ့်ရဲ့ လိင်တံကြီးစေဖို့ သဘာဝမဟုတ်တဲ့ စီလီကွန်၊ ဗက်စလင်း၊ အုန်းဆီ စတာတွေကို ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ကိုယ့်ဘာသာ အသိတွေနဲ့ ဆေးမြီးတိုသဘော ထိုးကြတော့တာပါပဲ။


 အဲ့လိုထိုးပြီးသွားတော့ ဘာဖြစ်သွားလဲ၊ အချိန်အတိုင်းအတာတစ်ခုထိ ဒီပစ္စည်းတွေဟာ လိင်အင်္ဂါကို ကြီးထွားစေပါတယ်။ သဘာဝမဟုတ်တဲ့ ပစ္စည်းတွေကို ထိုးသွင်းထားတာဖြစ်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ လိင်တံအတွင်းမှာရှိတဲ့ တစ်ရှူးတွေဟာ ဒီပစ္စည်းတွေနဲ့ ဓာတ်ပြုပြီး ထင်မထားတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေပါတယ်။


 #ကြီးဆေးထိုးပြီးနောက် ကြုံလာရမယ့် ပြဿနာတွေ


 လူငယ်သဘာဝ၊ ယောက်ျားလေးလည်း ဖြစ်ပြန်တော့ လက်ရဲဇက်ရဲရှိကြတယ်။ ကြီးရင်ပြီးရောဆိုတဲ့ စိတ်နဲ့ အချင်းချင်းပူးပေါင်းပြီးထိုးကြတယ်။ အဲ့ဒါတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့


 • လိင်တံအရေပြားနောက်လှန်ဆွဲလို့မရတော့တာ

 • ဆီးသွားရခက်သွားတာ၊ ဆီးလမ်းကြောင်းပိတ်သွားတာ

 • ဆေးထိုးထားတဲ့နေရာက ဓာတ်မတည့်ဖြစ်ပြီး ဖောရောင်လာတာ

 • အနာဖြစ်ပြီး ပြည်တွေ ယိုစိမ့်လာတာ

 • မှိုတက်ပြီးတော့ အကွက်တွေ ထလာတာ

 • လိင်အင်္ဂါက ပုပ်စော်နံလာတာ

 • လိင်တံရဲ့ ပုံမှန်လုံးပတ်လို မဟုတ်တော့ဘဲ ကွက်ကြီး၊ ကွက်သေးဖြစ်လာတာ

 • လိင်တံက အထဲကို တိုဝင်ပြီး ကျုံ့သွားတာ

 • ဆေးထိုးထားတဲ့နေရာမှာ ခဲပြီး မာမာအကျိတ်လိုဖြစ်တာ အစရှိတာတွေ ဖြစ်လာနိုင်ပါတယ်။


 ဒီအခြေအနေတွေဟာ စိုးရိမ်ရလား။


 ကံကောင်းတဲ့အခြေအနေမှာ ပြောရမယ်ဆိုရင် လက္ခဏာပြကာစအချိန်မျိုးမှာ သိသိချင်း ဆရာဝန်နဲ့ သွားပြမယ်ဆိုရင် ကိုယ့်လိင်အင်္ဂါထဲ ထိုးထည့်ထားတဲ့ ပစ္စည်းကို ခြစ်ထုတ်လိုက်ရုံနဲ့ ပျောက်သွားနိုင်ပါတယ်။ ကံမကောင်းတဲ့အခြေအနေမျိုးမှာ လိင်တံတစ်ခုလုံး အရင်းကနေ ဖြတ်ထုတ်ပစ်လိုက်ရတဲ့အထိ ဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ကြီးဆေးထိုးတာမျိုးတွေ မလုပ်ရင်တော့ အကောင်းဆုံးပါပဲ။


 ဂေါ်လီထည့်တယ်ဆိုတာလည်း ထိုနည်းတူပါပဲ။ သဘာဝ မဟုတ်တဲ့ သတ္တုပစ္စည်းတွေသည် လိင်အင်္ဂါထဲမှာ အချိန်အကြာကြီး ရှိနေတဲ့အခါ ဒါတွေက အဆိပ်အတောက်ဖြစ်စေပြီး လိင်အင်္ဂါရဲ့ လုပ်ဆောင်ရည်ကို သွားပြီး ထိခိုက်စေပါတယ်။ ဥပမာ ကောင်းစွာ မထောင်မတ်နိုင်တော့တာ၊ တစ်နေရာထဲမှာ ရောင်ပြီး သွေးခဲသလို ဖြစ်နေတာ၊ သွေးကောင်းစွာ လည်ပတ်နိုင်ခြင်း မရှိတော့တာတွေ ဖြစ်နိုင်ပါတယ်။


 လိင်ဆက်ဆံဖော်အတွက် လိင်တံအရွယ်အစားက ဘယ်လောက်အရေးပါလဲ။


 မိန်းကလေး အများစုအတွက်တော့ အရွယ်အစားသည် အဓိကမကျပါဘူး။ ဒါဟာ အမျိုးသားတွေမှာ ကိုယ့်ဘာသာ ဖြစ်နေတဲ့ စိတ်မလုံခြုံမှု တစ်မျိုးပါပဲ။ ယောက်ျား တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ထောင်မတ်နိုင်စွမ်းကို ထိန်းထားနိုင်တယ်၊ သက်လုံကောင်းတယ်၊ သုက်လွှတ်မမြန်အောင် အာရုံစုစည်းထားနိုင်တယ်၊


 ကိုယ့်အဖော်ရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တယ်။ နှစ်ဦးလုံးကာမဆန္ဒအထွတ်အထိပ်ရောက်စေဖို့ စွမ်းဆောင်နိုင်တယ်ဆိုရင် လိင်မှုကိစ္စမှာ စွမ်းဆောင်နိုင်တဲ့ ယောက်ျားတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။ အကယ်လို့သာ ထောင်မတ်နေချိန်မှာ ၃လက်မ အောက်ရောက်နေမယ်ဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် ကြီးဆေးတွေ လျှောက်ထိုးတာထက် ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။


 ဒီတော့ အပေါင်းအသင်းစကား နားယောင်ပြီး ကြီးဆေးတွေ လျှောက်ထိုးတာမျိုး မလုပ်ဖို့ နောက်ဆုံးအနေနဲ့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။ တခြားလူတိုင်း လုပ်တိုင်း လိုက်လုပ်ရင် ဒုက္ခဖြစ်လာတဲ့အခါ အားလုံးအတူတူ ရင်ဆီးခံရတော့မှာပါပဲ။ ဖွားဖက်တော်ဆိုတာ မွေးရာပါ သဘာဝအတိုင်း ထားတာက အကောင်းဆုံးပါပဲ။ တစ်ခဏ သာယာဖို့အတွက် တစ်ဘဝလုံး အဆုံးရှုံးခံလိုက်တော့မယ့် အဖြစ်ကို ရွေးချယ်မလား၊ ရှောင်ကြဉ်မလားဆိုတာကတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့သာ ဆိုင်သွားပါပြီ။


 Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။


(Zawgyi) 

က်ားလိင္အဂၤါကို ႀကီးေဆးထိုးျခင္းရဲ႕ ေၾကာက္စရာဆိုးက်ိဳးမ်ား




စာေရးသူ Ye Myo Myat မွ ေရးသားသည္။ 

Dr. Thurein Hlaing Win မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


#က်ားလိင္အဂၤါကို ႀကီးေဆးထိုးျခင္းရဲ႕ ေၾကာက္စရာဆိုးက်ိဳးမ်ား


 လိင္က်န္းမာေရးနဲ႕ ပတ္သက္လာရင္ ေယာက္်ားအမ်ားစု ခဏဏ လာလာေမးတတ္တဲ့ ေမးခြန္းေတြထဲမွာ လိင္တံ ႀကီးေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာလည္း တစ္ခုအပါအဝင္ပါ။ အမွန္အတိုင္းေျပာရရင္ အမ်ိဳးသား တစ္ေယာက္ရဲ႕ လိင္တံသည္ အသက္ ၁၈ ျပည့္ၿပီးတာနဲ႕ ဘယ္လိုမွ ဆက္ၿပီး မႀကီးနိုင္ေတာ့ပါဘူး။ အဲ့ေတာ့ ႀကီးေဆးေတြေသာက္ရင္ မရဘူးလား၊ သူမ်ားေတြ ေဆးထိုး၊ ေဂၚလီထည့္ေနတာ ကြၽန္ေတာ္လုပ္ရင္ေရာ ႀကီးလာမွာလားတဲ့။ ဟုတ္ကဲ့ အခ်ိန္တစ္ခဏတာအတြက္ ႀကီးလာတယ္လို႔ ထင္ရနိုင္ပါတယ္။


 တကယ့္ ျပႆနာက အဲ့ဒီေနာက္မွာ စတာပါ။ သဘာဝ မဟုတ္တဲ့ ပစၥည္းေတြကို လိင္အဂၤါထဲ ထိုးသြင္းထားၿပီးေနာက္ ၾကာလာတဲ့အခါ ခႏၶာကိုယ္က ဒီပစၥည္းေတြကို ဓာတ္တိုးဆန႔္က်င္တတ္ၿပီး ျပည္တည္တာ၊ လိင္တံပုပ္တာ၊ အနံ႕ဆိုးထြက္တာ၊ မေထာင္မတ္နိုင္တာအျပင္ လိင္တံတစ္ေခ်ာင္းလုံး ျဖတ္ပစ္လိုက္ရတဲ့အထိ ေဘးထြက္ဆိုးက်ိဳးေတြက မ်ားလြန္းပါတယ္။ ဒါေတြအကုန္ ရင္ဆိုင္ဖို႔ ကိုယ္တိုင္ေရာ အဆင္သင့္ျဖစ္ၿပီလားဆိုတာ ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးသင့္ပါတယ္။


 #ႀကီးေဆးထိုးျခင္း ျပႆနာ


 ျမန္မာနိုင္ငံအပါအဝင္ အာရွနိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ က်န္းမာေရးအသိပညာ အရမ္းနည္းလြန္းတာေၾကာင့္ ဒီလိုကိစၥမ်ိဳးေတြကို ေၾကာက္ရေကာင္းမွန္းလည္း မသိေတာ့သလို ဘာေတြ ေနာက္ဆက္တြဲ ဆက္ျဖစ္လာနိုင္လဲဆိုတာ ဂ႐ုလည္း မစိုက္နိုင္ေတာ့ပါဘူး။ အဲဒီေတာ့ ကိုယ့္ရဲ႕ လိင္တံႀကီးေစဖို႔ သဘာဝမဟုတ္တဲ့ စီလီကြန္၊ ဗက္စလင္း၊ အုန္းဆီ စတာေတြကို ဆရာဝန္နဲ႕ မတိုင္ပင္ဘဲ ကိုယ့္ဘာသာ အသိေတြနဲ႕ ေဆးၿမီးတိုသေဘာ ထိုးၾကေတာ့တာပါပဲ။


 အဲ့လိုထိုးၿပီးသြားေတာ့ ဘာျဖစ္သြားလဲ၊ အခ်ိန္အတိုင္းအတာတစ္ခုထိ ဒီပစၥည္းေတြဟာ လိင္အဂၤါကို ႀကီးထြားေစပါတယ္။ သဘာဝမဟုတ္တဲ့ ပစၥည္းေတြကို ထိုးသြင္းထားတာျဖစ္တဲ့အတြက္ အခ်ိန္ၾကာလာတာနဲ႕အမွ် လိင္တံအတြင္းမွာရွိတဲ့ တစ္ရႉးေတြဟာ ဒီပစၥည္းေတြနဲ႕ ဓာတ္ျပဳၿပီး ထင္မထားတဲ့ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို ျဖစ္ေပၚလာေစပါတယ္။


 #ႀကီးေဆးထိုးၿပီးေနာက္ ႀကဳံလာရမယ့္ ျပႆနာေတြ


 လူငယ္သဘာဝ၊ ေယာက္်ားေလးလည္း ျဖစ္ျပန္ေတာ့ လက္ရဲဇက္ရဲရွိၾကတယ္။ ႀကီးရင္ၿပီးေရာဆိုတဲ့ စိတ္နဲ႕ အခ်င္းခ်င္းပူးေပါင္းၿပီးထိုးၾကတယ္။ အဲ့ဒါေတြရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးကေတာ့


  လိင္တံအေရျပားေနာက္လွန္ဆြဲလို႔မရေတာ့တာ

  ဆီးသြားရခက္သြားတာ၊ ဆီးလမ္းေၾကာင္းပိတ္သြားတာ

  ေဆးထိုးထားတဲ့ေနရာက ဓာတ္မတည့္ျဖစ္ၿပီး ေဖာေရာင္လာတာ

  အနာျဖစ္ၿပီး ျပည္ေတြ ယိုစိမ့္လာတာ

  မွိုတက္ၿပီးေတာ့ အကြက္ေတြ ထလာတာ

  လိင္အဂၤါက ပုပ္ေစာ္နံလာတာ

  လိင္တံရဲ႕ ပုံမွန္လုံးပတ္လို မဟုတ္ေတာ့ဘဲ ကြက္ႀကီး၊ ကြက္ေသးျဖစ္လာတာ

  လိင္တံက အထဲကို တိုဝင္ၿပီး က်ဳံ႕သြားတာ

  ေဆးထိုးထားတဲ့ေနရာမွာ ခဲၿပီး မာမာအက်ိတ္လိုျဖစ္တာ အစရွိတာေတြ ျဖစ္လာနိုင္ပါတယ္။


#ဒီအေျခအေနေတြဟာ စိုးရိမ္ရလား။


 ကံေကာင္းတဲ့အေျခအေနမွာ ေျပာရမယ္ဆိုရင္ လကၡဏာျပကာစအခ်ိန္မ်ိဳးမွာ သိသိခ်င္း ဆရာဝန္နဲ႕ သြားျပမယ္ဆိုရင္ ကိုယ့္လိင္အဂၤါထဲ ထိုးထည့္ထားတဲ့ ပစၥည္းကို ျခစ္ထုတ္လိုက္႐ုံနဲ႕ ေပ်ာက္သြားနိုင္ပါတယ္။ ကံမေကာင္းတဲ့အေျခအေနမ်ိဳးမွာ လိင္တံတစ္ခုလုံး အရင္းကေန ျဖတ္ထုတ္ပစ္လိုက္ရတဲ့အထိ ဆိုးသြားနိုင္ပါတယ္။ ဒါေၾကာင့္ ႀကီးေဆးထိုးတာမ်ိဳးေတြ မလုပ္ရင္ေတာ့ အေကာင္းဆုံးပါပဲ။


 ေဂၚလီထည့္တယ္ဆိုတာလည္း ထိုနည္းတူပါပဲ။ သဘာဝ မဟုတ္တဲ့ သတၱဳပစၥည္းေတြသည္ လိင္အဂၤါထဲမွာ အခ်ိန္အၾကာႀကီး ရွိေနတဲ့အခါ ဒါေတြက အဆိပ္အေတာက္ျဖစ္ေစၿပီး လိင္အဂၤါရဲ႕ လုပ္ေဆာင္ရည္ကို သြားၿပီး ထိခိုက္ေစပါတယ္။ ဥပမာ ေကာင္းစြာ မေထာင္မတ္နိုင္ေတာ့တာ၊ တစ္ေနရာထဲမွာ ေရာင္ၿပီး ေသြးခဲသလို ျဖစ္ေနတာ၊ ေသြးေကာင္းစြာ လည္ပတ္နိုင္ျခင္း မရွိေတာ့တာေတြ ျဖစ္နိုင္ပါတယ္။


#လိင္ဆက္ဆံေဖာ္အတြက္ လိင္တံအ႐ြယ္အစားက ဘယ္ေလာက္အေရးပါလဲ။


 မိန္းကေလး အမ်ားစုအတြက္ေတာ့ အ႐ြယ္အစားသည္ အဓိကမက်ပါဘူး။ ဒါဟာ အမ်ိဳးသားေတြမွာ ကိုယ့္ဘာသာ ျဖစ္ေနတဲ့ စိတ္မလုံၿခဳံမႈ တစ္မ်ိဳးပါပဲ။ ေယာက္်ား တစ္ေယာက္အေနနဲ႕ ကိုယ့္ရဲ႕ ေထာင္မတ္နိုင္စြမ္းကို ထိန္းထားနိုင္တယ္၊ သက္လုံေကာင္းတယ္၊ သုက္လႊတ္မျမန္ေအာင္ အာ႐ုံစုစည္းထားနိုင္တယ္၊


 ကိုယ့္အေဖာ္ရဲ႕ လိုအင္ဆႏၵကို ျဖည့္ဆည္းေပးနိုင္တယ္။ ႏွစ္ဦးလုံးကာမဆႏၵအထြတ္အထိပ္ေရာက္ေစဖို႔ စြမ္းေဆာင္နိုင္တယ္ဆိုရင္ လိင္မႈကိစၥမွာ စြမ္းေဆာင္နိုင္တဲ့ ေယာက္်ားတစ္ေယာက္လို႔ သတ္မွတ္လို႔ရပါတယ္။ အကယ္လို႔သာ ေထာင္မတ္ေနခ်ိန္မွာ ၃လက္မ ေအာက္ေရာက္ေနမယ္ဆိုရင္ေတာ့ ကိုယ့္သေဘာနဲ႕ကိုယ္ ႀကီးေဆးေတြ ေလွ်ာက္ထိုးတာထက္ ဆရာဝန္နဲ႕ ေသခ်ာတိုင္ပင္ေဆြးႏြေးၾကည့္သင့္ပါတယ္။


 ဒီေတာ့ အေပါင္းအသင္းစကား နားေယာင္ၿပီး ႀကီးေဆးေတြ ေလွ်ာက္ထိုးတာမ်ိဳး မလုပ္ဖို႔ ေနာက္ဆုံးအေနနဲ႕ ထပ္ၿပီး အႀကံေပးလိုက္ခ်င္ပါတယ္။ တျခားလူတိုင္း လုပ္တိုင္း လိုက္လုပ္ရင္ ဒုကၡျဖစ္လာတဲ့အခါ အားလုံးအတူတူ ရင္ဆီးခံရေတာ့မွာပါပဲ။ ဖြားဖက္ေတာ္ဆိုတာ ေမြးရာပါ သဘာဝအတိုင္း ထားတာက အေကာင္းဆုံးပါပဲ။ တစ္ခဏ သာယာဖို႔အတြက္ တစ္ဘဝလုံး အဆုံးရႈံးခံလိုက္ေတာ့မယ့္ အျဖစ္ကို ေ႐ြးခ်ယ္မလား၊ ေရွာင္ၾကဥ္မလားဆိုတာကေတာ့ ကိုယ့္ဆုံးျဖတ္ခ်က္နဲ႕သာ ဆိုင္သြားပါၿပီ။


 Hello ဆရာဝန္ ပရိတ္သတ္ႀကီးလည္း က်န္းမာေပ်ာ္႐ႊင္ၿပီး စိတ္ခ်မ္းသာစရာ ေကာင္းတဲ့ ဘဝေန႕ရက္ေတြကို ပိုင္ဆိုင္ရပါေစလို႔ ဆုေတာင္းေပးရင္း ဒီမွာပဲ နိဂုံးခ်ဳပ္လိုက္ပါတယ္။

No comments: