Thursday, February 3, 2022

Homophobic များပြောလေ့ရှိသော စကားများ

 Homophobic လို့အခေါ်ခံရတာ မကြိုက်တဲ့ Homophobic များပြောလေ့ရှိသော စကားများနှင့် ရှင်းလင်းချက်




၁။ ဒီကောင် ငယ်ငယ်တုန်းက ကျားကျားလျားလျားပါ။ ကြီးမှ လိင်တူချင်းပဲ စိတ်ဝင်စားသလိုလို၊ ဘာလိုလိုနဲ့ ဘယ်လိုဖြစ်သွားသလဲမသိဘူး။ နှမြောလိုက်တာ။


လူတစ်ယောက်နဲ့တစ်ယောက် ကိုယ့်ရဲ့လိင်စိတ်တိမ်းညွှတ်မှု ကိုနားလည်မိကြတဲ့ အချိန်ချင်းမတူပါဘူး။ တချို့က ဆယ်ကျော်သက်အရွယ်တည်းက သတိထားမိကြပေမဲ့ တချို့ကလည်း အသက်နည်းနည်းကြီးမှ သတိထားမိကြတာရှိပါတယ်။ ဒါဟာ ရောဂါလက္ခဏာစွဲကပ်သလိုမဟုတ်ဘဲ ကိုယ့်အကြောင်းကိုယ်ပိုနားလည်လာတာပဲ ဖြစ်လို့ နှမြောစရာမရှိသလို ရှက်စရာလည်းမလိုပါဘူး။ ပြောင်းလဲသွားတာလည်း မဟုတ်ပါဘူး။ အရင်ကတည်းက ကိုယ့်မှာရှိနေတာကို အချိန်တစ်ခုကြာမှရှာဖွေတွေ့မိတာပါ။


၂။ အနုအရွ Kpop တွေ BL တွေခေတ်စားလာပြီး ဇာတ်လမ်းတွေမှာ LGBT အကြောင်းတွေ အရမ်းပါလာကြတော့ လူတွေက ကိုယ့်ကိုယ်ကိုယုန်ထင်ကြောင်နဲ့ psycho ဝင်လာကြတာ။ ကြမ်းကြမ်းတမ်းတမ်း စစ်ကားတွေကြည့် Rock တွေဘာတွေနားထောင်။


Media မှာ LGBT အကြောင်းတွေပါလို့ လူတွေ LGBT ဖြစ်လာကြကြေးဆိုရင် ဒီနှစ်ပိုင်းမတိုင် နှစ်ပေါင်း ရာ၊ထောင်ချီအောင် Straight တွေအကြောင်းပဲ Media မှာ ထပ်ခါတစ်လဲလဲမြင်နေရတာကြောင့် LGBT တွေပျောက်ကွယ်သွားခဲ့ပြီးသား ဖြစ်နေရမှာပါ။ တကယ်တော့ မြောက်များလှစွာသော Straight Content တွေကြောင့် LGBT တွေအနေနဲ့ ကိုယ့်ကိုကိုယ်နားမလည်နိုင်ဖြစ်ခဲ့ကြတာ ပိုများပါတယ်။ Media ကြောင့် လိင်စိတ်တိမ်းညွှတ်မှုဇဝေဇဝါဖြစ်မှာ တကယ်စိုးရိမ်တယ်ဆိုရင် ရာခိုင်နှုန်းအားဖြင့် အလွန့်အလွန်များပြားနေတဲ့ Straight Contents တွေကိုသာ လျှော့ချဖို့ဆော်ဩကြပါ။ ကြမ်းကြမ်းတမ်းတမ်းလုပ်တာဘာညာဆိုတာက sexuality ကို Stereotyping လုပ်နေတာပါ။ ကြမ်းကြမ်းတမ်းတမ်းလုပ်လို့လည်း ပြောင်းလဲလာပါတယ်လို့ သက်သေပြထားတာမျိုးမရှိတဲ့အပြင် အဆိပ်အတောက်ယောက်ျားဆန်မှုကိုပဲ တွန်းပို့နေတာဖြစ်တဲ့အတွက်ကြောင့် လူ့အဖွဲ့အစည်းအတွက်ပါ အန္တရာယ်ရှိပါတယ်။ 


၃။ ဂေးနေပေမဲ့ စိတ်ဆုံးဖြတ်ထားရင် ပြောင်ချင်ပြောင်းလို့ရတယ်။ မိန်းမနဲ့ကလေးနဲ့ ဖြစ်နေကြတဲ့သူတွေမှ အများကြီးပဲ။


LGBT တွေဟာ ပြောင်းလဲလို့ရတယ်ဆိုပြီး ဘယ် သုတေသနမှာမှ ဖော်ပြမထားဖူးပါဘူး။ အထင်ရှားဆုံး ဥပမာကိုပြရရင် အခုသုံးနေတဲ့ လက်ထဲကဖုန်း ဒါမှမဟုတ် ကြည့်နေတဲ့ ကွန်ပျူတာရဲ့ ဖခင်ကြီး Alan Turing က straight ဖြစ်အောင်ပြောင်းဖို့ ဟော်မုန်းဆေးတွေအကျွေးခံရတာကနေ မခံစားနိုင်တော့ဘဲသတ်သေသွားခဲ့တာပါ။ LGBT တွေကလည်း ပုံမှန်လူတွေပါပဲ။ လိင်ကွဲနဲ့ဆက်ဆံရင် ကလေးရမှာပါပဲ။ ဒါကဘာကိုမှ သက်သေမပြနိုင်ပါဘူး။ အပြင်ကအမြင်နဲ့တင် ဒီလူတွေရဲ့ စိတ်ထဲက မွန်းကျပ်မှုတွေကို ဘာမှမသိနိုင်ပါဘူး။ အခုဆိုရင် အမေရိကန်မှာပါ Gay conversion therapy တွေကို တရားဝင်ပိတ်ချပစ်နေကြပါပြီ။ Europe နိုင်ငံတွေမှာဆို ပိုတောင်စောပါသေးတယ်။


၄။ ဘေးကမြှောက်ပေးလို့ ဂေး ကုန်တာ။ ဘေးကလိုက် ညှောင့်နေကြလို့လေ။


အစားအသောက်တောင်မှ ကြိုက်တဲ့သူနဲ့ မကြိုက်တဲ့သူရှိပါတယ်။ ဒူးရင်းသီးကြိုက်တဲ့သူကို မကြိုက်တဲ့သူတွေက မကောင်းဘူးပြောတာနဲ့ မကြိုက်ကြတော့ဘူးလား။ ဒီလိုပဲ ကြိုက်တဲ့သူတွေက ဘယ်လိုပဲအတင်းကြွေးကြွေး အနံ့တောင်မခံနိုင်တဲ့သူဆိုရင် လုံးဝစားမှာမဟုတ်ပါဘူး။ sexuality ကလည်း ဒီလိုပါပဲ။ အတင်းကျွေးလည်း ကိုယ်ကြိုက်မှ စားမှာပါ။ ဘေးကပြောလို့ စမ်းစားကြည့်ရင်း ကြိုက်သွားတာလည်း ရှိနိုင်ပါတယ်။ ဒါဟာ ဘေးဂယောဂဆိုတာထက် ကိုယ်ကြိုက်တာကိုကိုယ်ရှာဖွေတွေ့တာမို့ ပျော်စရာတောင်ကောင်းပါသေးတယ်။ ဘေးက ပြောတိုင်းသာ ကြိုက်ကြမယ်ဆိုရင် ဆရာဝန်တွေခဏခဏပြောတဲ့ မုန်လာဥနီတို့ ဂေါ်ဖီစိမ်းတို့ ရောင်းလို့လောက်မှာတောင် မဟုတ်ဘူး။


၅။ Straight အမျိုးသားတွေဆီက အကြံဉာဏ်ယူပါ။ LGBT တွေ အမျိုးသမီးတွေဆီက အကြံမတောင်းပါနဲ့။ သူတို့က တွန်းပို့နေကြတာ။


ဒါက ဘာနဲ့တူလဲဆိုတော့ အမျိုးသမီးရာသီလာတဲ့ကိစ္စကို အမျိုးသားတစ်ယောက်ဆီမေးခိုင်းနေသလိုပဲ။ အထူးသဖြင့် Toxic masculinity နဲ့ အသားကျနေပြီး သူတို့ကိုယ်တိုင် အမျိုးသမီးတွေကို sexualize လုပ်သလိုမျိုး LGBT တွေဆီကနေ ပြန်အလုပ်ခံရမှာကြောက်တဲ့ အမျိုးသားအများစုက အပြုသဘောဆောင်တဲ့ ဘာအကြံဉာဏ်မှပေးနိုင်မှာ မဟုတ်ပါဘူး။ သူတို့နဲ့မရင်းနှီးတဲ့ကိစ္စတစ်ခုကို အကြံဉာဏ်ပေးရလောက်အောင်လည်း အများစုက ignorant ဖြစ်လွန်းပါတယ်။ ဒါကြောင့် ဒီအကြံအစည်ဟာ တော်တော်ကိုဆိုးဆိုးဝါးဝါး အထောက်အကူမဖြစ်တဲ့ အကြံအစည်တစ်ခုပါ။ တကယ်တွန်းပို့နေတဲ့သူတွေက ဒီလိုအကြံမျိုးပေးတဲ့သူတွေပါ။


၆။ LGBT supporters တွေက အတင်းလိုက် 

ပေးစားနေကြတာ စိတ်ပျက်ဖို့ကောင်းတယ်။


ဒီနေရာမှာ LGBT supporters နဲ့ Yaoi/BL fangirls/boys တွေ မတူဘူးဆိုတာ ခဏခဏပြောပါတယ်။ Fangirls/boys တွေလည်း ကိုယ့်ကိုယ်ကို LGBT supporters လို့မခေါ်စေချင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်ကိုက internalized homophobia ရှိနေတတ်ကြတဲ့အပြင် LGBT community အတွက်လည်း အကောင်းထက် အဆိုးဖြစ်စေတတ်လို့ပါ။ LGBT supporters တွေဟာ LGBT rights အတွက် တိုက်ခိုက်နေကြတဲ့သူတွေဖြစ်လို့ သိထားသမျှ supporters တစ်ယောက်မှ ဒီလိုအပြုအမူမျိုးလုပ်လေ့ရှိတာ မတွေ့ဖူးပါဘူး။


၇။ နွဲ့နေရင် gay။ ယောက်ျားဆိုတာ ကျားကျားလျားလျားရှိမှ။


Gay ဆိုတာ လိင်စိတ်တိမ်းညွှတ်မှုပါ။ သူဘယ်လို နေထိုင်ချင်တယ် ဆိုတာပေါ်မမူတည်တဲ့အတွက် Gay တိုင်းဟာ နွဲ့နေတာ မဟုတ်သလို။ ကျားကျားလျားလျားဖြစ်နေတိုင်းလည်း Gay မဟုတ်တာ မဟုတ်ပါဘူး။ တချို့တွေက အမျိုးသမီးလိုနေပေမဲ့ အမျိုးသမီးကိုပဲ ပြန်လက်ထပ်ထားတဲ့သူတွေလည်းရှိပါတယ်။ ကျားလျားလှပါတယ်ဆိုတဲ့ ဖိုက်တင်ခန်းတွေနဲ့ အပြိုင်ကြဲထားတဲ့ Matrix ကိုဖန်တီးခဲ့တဲ့ ညီအကိုနှစ်ယောက်က အခုအချိန်မှာတော့ transgender အမျိုးသမီးတွေ ဖြစ်နေကြပါပြီ။ ဒါပေမဲ့ နှစ်ယောက်လုံး အမျိုးသမီးတွေကိုပဲ လက်ထပ်ထားဆဲပါပဲ။


၈။ ကိုယ့်ကိုယ်ကို LGBT များလားလို့ သံသယဝင်ပြီးမှ စိတ်ဓါတ်ကျသလိုဖြစ်နေသလိုပဲ။ တကယ်မ gay ပဲ စိတ်ရောဂါဖြစ်နေတာများလား။


LBGT Celebrities တွေကို ကြည့်ပြီး LGBT တွေရဲ့ပုံမှန်နေ့စဉ်ဘဝက လွယ်ကူနေတယ်ထင်ရင်တော့ အဲ့လိုထင်တဲ့သူကို သူ့အစား စာရေးသူက ကြားထဲကရှက်ပါတယ်။ ဒီလောက်တောင် ignorant ဖြစ်ရသလား ဆိုပြီး။ LGBT အရေအတွက်က လူဦးရေရဲ့ ၁၀ရာခိုင်နှုန်းတောင်မရှိပါဘူး။ ဒါပေမဲ့ LGBT teenage suicide rate က straight တွေထက် ၅ဆပိုများပါတယ်။ ပါတ်ဝန်းကျင်က မကောင်းတဲ့သူတွေ၊ အသိဉာဏ်မပွင့်လင်းသေးတဲ့ မိသားစုဝင်တွေတင်မကဘူး စနစ်ကိုယ်တိုင်ကိုက LGBT တွေကို ဖိနှိပ်ထားတာပါ။ ရွေးလို့ရရင် နေရထိုင်ရလွယ်တဲ့အပြင် စနစ်ရဲ့ privilege တွေကို အလွယ်တကူရနိုင်တဲ့ straight တွေပဲဖြစ်ချင်ကြမှာပါ။ လက်ထပ်တာကအစ privilege တစ်ခုဆိုတာ သိစေချင်ပါတယ်။ အခုလက်ရှိအချိန်ထိကို နိုင်ငံ ၇ နိုင်ငံမှာ LGBT တွေကို သေဒါဏ်ပေးလို့ရပါတယ်။ ဒီလိုဘဝကြီးကို ရင်ဆိုင်ရမယ့်ဘယ်သူမလို တုန်လှုပ်မိကြမှာပါပဲ။ ဒါဟာ LGBT ဖြစ်တာကြောင့် စိတ်ဖောက်တာမဟုတ်ဘဲ LGBT သာဆိုရင် ရင်ဆိုင်လာရမယ့် အခက်အခဲတွေအတွက် စိတ်ဖိစီးတာဖြစ်ပါတယ်။ 


၉။ မိန်းမတွေလည်း ကြိုက်တာပဲကို ယောက်ျားတွေပါ ကြိုက်ချင်သလိုလိုဖြစ်နေတယ်။ အဲဒီစိတ်ကြီးကို မေ့ခိုင်းပြီး မိန်းမတွေပဲ အတင်းကြိုက်ခိုင်းကြည့်ရင် အဆင်ပြေမယ်ထင်တယ်။


Sexuality ဟာ Spectrum ပါ။ ယောက်ျားပဲကြိုက်ရမယ်၊ မိန်းမပဲကြိုက်ရမယ် မဟုတ်ပါဘူး။ ရာနှုန်းပြည့် hetrosexual ကနေ ရာနှုန်းပြည့် homosexual ကြားမှာ အဆင့်ဆင့်ခွဲထားလို့ရပါသေးတယ်။ အထင်ရှားဆုံးကတော့ အဆင့် ၇ ဆင့်ပါတဲ့ Kinsey Scale နဲ့ ဆုံးဖြတ်တာပါ။ တစ်ဖက်ဖက်ကို အတင်းလုပ်ယူလိုက်ရင် ကိုယ့်ရဲ့အစိတ်အပိုင်းတစ်ခုခုကိုပဲ ဆုံးရှုံးသွားရမယ့်အပြင် သံသယကြီးက အမြဲနှောက်ယှက်နေပါလိမ့်မယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်နားလည်အောင် explore လုပ်ကြည့်စေချင်ပါတယ်။


၁၀။ ကောင်မလေး ထားခိုင်းလိုက်။


ဒါကတော့ တစ်ဖက် မိန်းကလေးအပေါ်မစဉ်းစားဘဲ အလွယ်ပြောတဲ့စကားပါ။ ဒီစကားကို အမျိုးသမီးအများစုက ပြောနေကြတာကတော့ ထူးဆန်းပါတယ်။ တချို့က စမ်းသပ်ချင်စိတ်နဲ့ ပွင့်ပွင့်လင်းလင်းပြောပြီး အတူတူစမ်းသပ်ကြတာ အပြစ်မရှိပေမဲ့ ကိုယ့်ကိုယ်ကိုလိမ်ညာဖို့အတွက် လူတစ်ဖက်သားထိခိုက်အောင်တော့ မစဉ်းစားဘဲ မလုပ်သင့်ပါဘူး။


တခြား အသားကျနေတဲ့ homophobia တွေလည်း ရှိပေမဲ့ ဒီတစ်ခါတော့ ဒီလောက်ပဲပြောပါတော့မယ်။ အဆုံးသတ်ကိုတော့ သိပ္ပံနည်းကျတွေ့ရှိချက်တွေကို လျစ်လျူရှုပြီး မှားနေတာကြီးက ရှင်းရှင်းလင်းလင်းကြီးဖြစ်နေရင်တောင် အဲဒီအမှားကိုပဲ စွတ်ယုံနေကြတဲ့ စောက်ရူးတွေ ဘာလို့ဒီလောက်တောင်များနေရသလဲဆိုတာကို အတွေးအခေါ်ပညာရှင် Charles Sanders Peirce ရဲ့အဆိုအတိုင်း ပြောပြလိုက်ပါတယ်။ သူ့အဆိုအရ ဒီလူတွေဟာ သူတို့ဘာကိုယုံကြမလဲဆိုတာ အဓိကအားဖြင့်နည်းလမ်း ၃ခုနဲ့ ဆုံးဖြတ်ကြပါတယ်တဲ့။


၁။ ဘယ်လို သက်သေပြချက်တွေပဲ ရှိရှိ သူတို့မှန်စေချင်တဲ့အရာ၊ သူတို့ စိတ်ထဲမှာယုံချင်နေတာကို ဇွတ်မှိတ်ယုံပြီး စိတ်ခံစားချက်အတိုင်း ဆုံးဖြတ်ပစ်လိုက်တာ။


၂။ ကိုယ့်ထက် အတွေးအခေါ်၊ ဉာဏ်ရည်၊ လူဝင်ဆံ့မှုတွေမှာ သာတဲ့လူတွေဆုံးဖြတ်တဲ့ အတိုင်း လိုက်ဆုံးဖြတ်ကြတာ။ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းမရှိလို့ သူတို့ယုံကြည်ထားတဲ့ သြဇာရှိတဲ့သူတွေ ပြောတဲ့အတိုင်း နောက်ကလိုက်ပြီး သံယောင်လိုက်ကြတာ။ (ဒီနိုင်ငံမှာ ဂေါက်သီးတွေနာမည်ကြီးတာနဲ့တော့ အံကိုက်ပဲ။)


၃။ အကြောင်းအရာတစ်ခုက မမှန်တော့ဘူးဆိုရင်တောင်  လူအများစုလက်ခံထားပြီးသားဆိုရင် အဲဒါကိုပဲ လက်ကိုင်စွဲပြီး မှန်ပါတယ်ပဲ အတင်းငြင်းကြတာ။ ဘာလို့ဒီလိုအတင်းငြင်းလဲဆိုတော့ သူတို့မှားပါတယ်လို့ဝန်ခံလိုက်ရင် သူတို့တွေ စောက်ရူးတွေဖြစ်ကုန်မှာ ကြောက်လို့ပါတဲ့။ (တကယ်တော့ အဲဒီလိုငြင်းမှ ဖြစ်တာ။)


ကျွန်တော်ပြန်ရေးထားတဲ့ ဒီ ၃ချက်က အတိအကျတော့ မှန်ချင်မှမှန်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုမျိုးပုံစံ ၃ခုမှာပဲ ပါတ်နေပြီး သိပ္ပံနည်းကျအချက်အလက်တွေပြောင်းလဲသွားရင်တောင် လိုက်မပြောင်းလဲရဲဘဲ (Gen Lee ဆိုတာမျိုးတွေ) ပိတ်မိနေရာကနေ စောက်ရူးတွေ အလုံးနဲ့အရင်းနဲ့ မွေးဖွားပေးနေကြတာပါပဲ။ အခုအချိန်ဟာ လူ့အဖွဲ့အစည်းရဲ့ နားလည်မှုကို တောင်းဆိုရတော့မယ့်အချိန်မဟုတ်တော့ပါဘူး။ demand လုပ်ရမယ့် အချိန်ရောက်နေပါပြီ။ homophobic တွေကို နားချရမယ့်အစား သူတို့ဟာ educated မဖြစ်သေးတဲ့သူတွေဆိုတာ သိအောင်ပြောပြရတော့မယ့် အချိန်ရောက်နေပါပြီ။ ဒီ post ကြောင့်စပ်သွားတယ်ဆိုရင်တော့ သင်ဟာ homophobic တစ်ယောက်ဖြစ်နေနိုင်ပါတယ်။ ဒီလို သိမ်ဖျင်းတဲ့ဘဝကြီးကနေ အမြန်ဆုံး ရုန်းထွက်နိုင်ပါစေလို့လည်း စိတ်ရင်းနဲ့ဆုတောင်းပေးလိုက်ပါတယ်။



(Zawgyi) 

Homophobic လို႔အေခၚခံရတာ မႀကိဳက္တဲ့ Homophobic မ်ားေျပာေလ့ရွိေသာ စကားမ်ားႏွင့္ ရွင္းလင္းခ်က္




#Homophobic

#LGBTQs

#Hate


(လိင္တူျခင္းၾကိဳက္ႏွစ္သက္သူမ်ား သို႕မဟုတ္ လိင္တူျခင္းၾကိဳက္ႏွစ္သက္တယ္ဆိုတဲ့အေပၚ အျမင္မၾကည္ မုန္းတီးစိတ္နဲ႔ ခြဲျခားဆက္ဆံ လိုသူမ်ားရဲ႕ လက္သံုးစကားမ်ားကဘယ္လိုရွိတယ္၊ ဘယ္လိုဆိုလိုတယ္ဆိုတာ ရွင္းလင္းထားတဲ့ ေဆာင္းပါးတစ္ေစာင္ကို ဗဟုသုတ အျဖစ္ဖတ္ရေအာင္ ေ၀ငွလိုက္ပါတယ္။)


၁။ ဒီေကာင္ ငယ္ငယ္တုန္းက က်ားက်ားလ်ားလ်ားပါ။ ႀကီးမွ လိင္တူခ်င္းပဲ စိတ္ဝင္စားသလိုလို၊ ဘာလိုလိုနဲ႕ ဘယ္လိုျဖစ္သြားသလဲမသိဘူး။ ႏွေျမာလိုက္တာ။


လူတစ္ေယာက္နဲ႕တစ္ေယာက္ ကိုယ့္ရဲ႕လိင္စိတ္တိမ္းၫႊတ္မႈ ကိုနားလည္မိၾကတဲ့ အခ်ိန္ခ်င္းမတူပါဘူး။ တခ်ိဳ႕က ဆယ္ေက်ာ္သက္အ႐ြယ္တည္းက သတိထားမိၾကေပမဲ့ တခ်ိဳ႕ကလည္း အသက္နည္းနည္းႀကီးမွ သတိထားမိၾကတာရွိပါတယ္။ ဒါဟာ ေရာဂါလကၡဏာစြဲကပ္သလိုမဟုတ္ဘဲ ကိုယ့္အေၾကာင္းကိုယ္ပိုနားလည္လာတာပဲ ျဖစ္လို႔ ႏွေျမာစရာမရွိသလို ရွက္စရာလည္းမလိုပါဘူး။ ေျပာင္းလဲသြားတာလည္း မဟုတ္ပါဘူး။ အရင္ကတည္းက ကိုယ့္မွာရွိေနတာကို အခ်ိန္တစ္ခုၾကာမွရွာေဖြေတြ႕မိတာပါ။


၂။ အႏုအ႐ြ Kpop ေတြ BL ေတြေခတ္စားလာၿပီး ဇာတ္လမ္းေတြမွာ LGBT အေၾကာင္းေတြ အရမ္းပါလာၾကေတာ့ လူေတြက ကိုယ့္ကိုယ္ကိုယုန္ထင္ေၾကာင္နဲ႕ psycho ဝင္လာၾကတာ။ ၾကမ္းၾကမ္းတမ္းတမ္း စစ္ကားေတြၾကည့္ Rock ေတြဘာေတြနားေထာင္။


Media မွာ LGBT အေၾကာင္းေတြပါလို႔ လူေတြ LGBT ျဖစ္လာၾကေၾကးဆိုရင္ ဒီႏွစ္ပိုင္းမတိုင္ ႏွစ္ေပါင္း ရာ၊ေထာင္ခ်ီေအာင္ Straight ေတြအေၾကာင္းပဲ Media မွာ ထပ္ခါတစ္လဲလဲျမင္ေနရတာေၾကာင့္ LGBT ေတြေပ်ာက္ကြယ္သြားခဲ့ၿပီးသား ျဖစ္ေနရမွာပါ။ တကယ္ေတာ့ ေျမာက္မ်ားလွစြာေသာ Straight Content ေတြေၾကာင့္ LGBT ေတြအေနနဲ႕ ကိုယ့္ကိုကိုယ္နားမလည္နိုင္ျဖစ္ခဲ့ၾကတာ ပိုမ်ားပါတယ္။ Media ေၾကာင့္ လိင္စိတ္တိမ္းၫႊတ္မႈဇေဝဇဝါျဖစ္မွာ တကယ္စိုးရိမ္တယ္ဆိုရင္ ရာခိုင္ႏႈန္းအားျဖင့္ အလြန႔္အလြန္မ်ားျပားေနတဲ့ Straight Contents ေတြကိုသာ ေလွ်ာ့ခ်ဖိဳ႕ေဆာ္ဩၾကပါ။ ၾကမ္းၾကမ္းတမ္းတမ္းလုပ္တာဘာညာဆိုတာက sexuality ကို Stereotyping လုပ္ေနတာပါ။ ၾကမ္းၾကမ္းတမ္းတမ္းလုပ္လို႔လည္း ေျပာင္းလဲလာပါတယ္လို႔ သက္ေသျပထားတာမ်ိဳးမရွိတဲ့အျပင္ အဆိပ္အေတာက္ေယာက္်ားဆန္မႈကိုပဲ တြန္းပို႔ေနတာျဖစ္တဲ့အတြက္ေၾကာင့္ လူ႕အဖြဲ႕အစည္းအတြက္ပါ အႏၱရာယ္ရွိပါတယ္။ 


၃။ ေဂးေနေပမဲ့ စိတ္ဆုံးျဖတ္ထားရင္ ေျပာင္ခ်င္ေျပာင္းလို႔ရတယ္။ မိန္းမနဲ႕ကေလးနဲ႕ ျဖစ္ေနၾကတဲ့သူေတြမွ အမ်ားႀကီးပဲ။


LGBT ေတြဟာ ေျပာင္းလဲလို႔ရတယ္ဆိုၿပီး ဘယ္ သုေတသနမွာမွ ေဖာ္ျပမထားဖူးပါဘူး။ အထင္ရွားဆုံး ဥပမာကိုျပရရင္ အခုသုံးေနတဲ့ လက္ထဲကဖုန္း ဒါမွမဟုတ္ ၾကည့္ေနတဲ့ ကြန္ပ်ဴတာရဲ႕ ဖခင္ႀကီး Alan Turing က straight ျဖစ္ေအာင္ေျပာင္းဖို႔ ေဟာ္မုန္းေဆးေတြအေကြၽးခံရတာကေန မခံစားနိုင္ေတာ့ဘဲသတ္ေသသြားခဲ့တာပါ။ LGBT ေတြကလည္း ပုံမွန္လူေတြပါပဲ။ လိင္ကြဲနဲ႕ဆက္ဆံရင္ ကေလးရမွာပါပဲ။ ဒါကဘာကိုမွ သက္ေသမျပနိုင္ပါဘူး။ အျပင္ကအျမင္နဲ႕တင္ ဒီလူေတြရဲ႕ စိတ္ထဲက မြန္းက်ပ္မႈေတြကို ဘာမွမသိနိုင္ပါဘူး။ အခုဆိုရင္ အေမရိကန္မွာပါ Gay conversion therapy ေတြကို တရားဝင္ပိတ္ခ်ပစ္ေနၾကပါၿပီ။ Europe နိုင္ငံေတြမွာဆို ပိုေတာင္ေစာပါေသးတယ္။


၄။ ေဘးကေျမွာက္ေပးလို႔ ေဂး ကုန္တာ။ ေဘးကလိုက္ ေညွာင့္ေနၾကလို႔ေလ။


အစားအေသာက္ေတာင္မွ ႀကိဳက္တဲ့သူနဲ႕ မႀကိဳက္တဲ့သူရွိပါတယ္။ ဒူးရင္းသီးႀကိဳက္တဲ့သူကို မႀကိဳက္တဲ့သူေတြက မေကာင္းဘူးေျပာ တာနဲ႕ မႀကိဳက္ၾကေတာ့ဘူးလား။ ဒီလိုပဲ ႀကိဳက္တဲ့သူေတြက ဘယ္လိုပဲအတင္းေႂကြးေႂကြး အနံ႕ေတာင္မခံနိုင္တဲ့သူဆိုရင္ လုံးဝစားမွာ မဟုတ္ပါဘူး။ sexuality ကလည္း ဒီလိုပါပဲ။ အတင္းေကြၽးလည္း ကိုယ္ႀကိဳက္မွ စားမွာပါ။ ေဘးကေျပာလို႔ စမ္းစားၾကည့္ရင္း ႀကိဳက္ သြားတာလည္း ရွိနိုင္ပါတယ္။ ဒါဟာ ေဘးဂေယာဂဆိုတာထက္ ကိုယ္ႀကိဳက္တာကိုကိုယ္ရွာေဖြေတြ႕တာမို႔ ေပ်ာ္စရာေတာင္ေကာင္း ပါေသးတယ္။ ေဘးက ေျပာတိုင္းသာ ႀကိဳက္ၾကမယ္ဆိုရင္ ဆရာဝန္ေတြခဏခဏေျပာတဲ့ မုန္လာဥနီတို႔ ေဂၚဖီစိမ္းတို႔ ေရာင္းလို႔ေလာက္ မွာေတာင္ မဟုတ္ဘူး။


၅။ Straight အမ်ိဳးသားေတြဆီက အႀကံဉာဏ္ယူပါ။ LGBT ေတြ အမ်ိဳးသမီးေတြဆီက အႀကံမေတာင္းပါနဲ႕။ သူတို႔က တြန္းပို႔ေနၾကတာ။


ဒါက ဘာနဲ႕တူလဲဆိုေတာ့ အမ်ိဳးသမီးရာသီလာတဲ့ကိစၥကို အမ်ိဳးသားတစ္ေယာက္ဆီေမးခိုင္းေနသလိုပဲ။ အထူးသျဖင့္ Toxic masculinity နဲ႕ အသားက်ေနၿပီး သူတို႔ကိုယ္တိုင္ အမ်ိဳးသမီးေတြကို sexualize လုပ္သလိုမ်ိဳး LGBT ေတြဆီကေန ျပန္အလုပ္ခံရ မွာေၾကာက္တဲ့ အမ်ိဳးသားအမ်ားစုက အျပဳသေဘာေဆာင္တဲ့ ဘာအႀကံဉာဏ္မွေပးနိုင္မွာ မဟုတ္ပါဘူး။ သူတို႔နဲ႕မရင္းႏွီးတဲ့ကိစၥတစ္ခုကို အႀကံဉာဏ္ေပးရေလာက္ေအာင္လည္း အမ်ားစုက ignorant ျဖစ္လြန္းပါတယ္။ ဒါေၾကာင့္ ဒီအႀကံအစည္ဟာ ေတာ္ေတာ္ကိုဆိုးဆိုးဝါးဝါး အေထာက္အကူမျဖစ္တဲ့ အႀကံအစည္တစ္ခုပါ။ တကယ္တြန္းပို႔ေနတဲ့သူေတြက ဒီလိုအႀကံမ်ိဳးေပးတဲ့သူေတြပါ။


၆။ LGBT supporters ေတြက အတင္းလိုက္ ေပးစားေနၾကတာ စိတ္ပ်က္ဖို႔ေကာင္းတယ္။


ဒီေနရာမွာ LGBT supporters နဲ႕ Yaoi/BL fangirls/boys ေတြ မတူဘူးဆိုတာ ခဏခဏေျပာပါတယ္။ Fangirls/boys ေတြလည္း ကိုယ့္ကိုယ္ကို LGBT supporters လို႔မေခၚေစခ်င္ဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ကိုယ္တိုင္ကိုက internalized homophobia ရွိေနတတ္ၾကတဲ့အျပင္ LGBT community အတြက္လည္း အေကာင္းထက္ အဆိုးျဖစ္ေစတတ္လို႔ပါ။ LGBT supporters ေတြဟာ LGBT rights အတြက္ တိုက္ခိုက္ေနၾကတဲ့သူေတြျဖစ္လို႔ သိထားသမွ် supporters တစ္ေယာက္မွ ဒီလိုအျပဳအမူမ်ိဳးလုပ္ေလ့ရွိတာ မေတြ႕ဖူးပါဘူး။


၇။ ႏြဲ႕ေနရင္ gay။ ေယာက္်ားဆိုတာ က်ားက်ားလ်ားလ်ားရွိမွ။


Gay ဆိုတာ လိင္စိတ္တိမ္းၫႊတ္မႈပါ။ သူဘယ္လို ေနထိုင္ခ်င္တယ္ ဆိုတာေပၚမမူတည္တဲ့အတြက္ Gay တိုင္းဟာ ႏြဲ႕ေနတာ မဟုတ္သလို။ က်ားက်ားလ်ားလ်ားျဖစ္ေနတိုင္းလည္း Gay မဟုတ္တာ မဟုတ္ပါဘူး။ တခ်ိဳ႕ေတြက အမ်ိဳးသမီးလိုေနေပမဲ့ အမ်ိဳးသမီးကိုပဲ ျပန္လက္ထပ္ထားတဲ့သူေတြလည္းရွိပါတယ္။ က်ားလ်ားလွပါတယ္ဆိုတဲ့ ဖိုက္တင္ခန္းေတြနဲ႕ အၿပိဳင္ႀကဲထားတဲ့ Matrix ကိုဖန္တီးခဲ့တဲ့ ညီအကိုႏွစ္ေယာက္က အခုအခ်ိန္မွာေတာ့ transgender အမ်ိဳးသမီးေတြ ျဖစ္ေနၾကပါၿပီ။ ဒါေပမဲ့ ႏွစ္ေယာက္လုံး အမ်ိဳးသမီးေတြကိုပဲ လက္ထပ္ထားဆဲပါပဲ။


၈။ ကိုယ့္ကိုယ္ကို LGBT မ်ားလားလို႔ သံသယဝင္ၿပီးမွ စိတ္ဓါတ္က်သလိုျဖစ္ေနသလိုပဲ။ တကယ္မ gay ပဲ စိတ္ေရာဂါျဖစ္ေန တာမ်ားလား။


LBGT Celebrities ေတြကို ၾကည့္ၿပီး LGBT ေတြရဲ႕ပုံမွန္ေန႕စဥ္ဘဝက လြယ္ကူေနတယ္ထင္ရင္ေတာ့ အဲ့လိုထင္တဲ့သူကို သူ႕အစား စာေရးသူက ၾကားထဲကရွက္ပါတယ္။ ဒီေလာက္ေတာင္ ignorant ျဖစ္ရသလား ဆိုၿပီး။ LGBT အေရအတြက္က လူဦးေရရဲ႕ ၁၀ရာခိုင္ႏႈန္း ေတာင္မရွိပါဘူး။ ဒါေပမဲ့ LGBT teenage suicide rate က straight ေတြထက္ ၅ဆပိုမ်ားပါတယ္။ ပါတ္ဝန္းက်င္က မေကာင္းတဲ့ သူေတြ၊ အသိဉာဏ္မပြင့္လင္းေသးတဲ့ မိသားစုဝင္ေတြတင္မကဘူး စနစ္ကိုယ္တိုင္ကိုက LGBT ေတြကို ဖိႏွိပ္ထားတာပါ။ ေ႐ြးလို႔ရရင္ ေနရထိုင္ရလြယ္တဲ့အျပင္ စနစ္ရဲ႕ privilege ေတြကို အလြယ္တကူရနိုင္တဲ့ straight ေတြပဲျဖစ္ခ်င္ၾကမွာပါ။ လက္ထပ္တာကအစ privilege တစ္ခုဆိုတာ သိေစခ်င္ပါတယ္။ အခုလက္ရွိအခ်ိန္ထိကို နိုင္ငံ ၇ နိုင္ငံမွာ LGBT ေတြကို ေသဒါဏ္ေပးလို႔ရပါတယ္။ ဒီလိုဘဝႀကီးကို ရင္ဆိုင္ရမယ့္ဘယ္သူမလို တုန္လႈပ္မိၾကမွာပါပဲ။ ဒါဟာ LGBT ျဖစ္တာေၾကာင့္ စိတ္ေဖာက္တာမဟုတ္ဘဲ LGBT သာဆိုရင္ ရင္ဆိုင္လာရမယ့္ အခက္အခဲေတြအတြက္ စိတ္ဖိစီးတာျဖစ္ပါတယ္။ 


၉။ မိန္းမေတြလည္း ႀကိဳက္တာပဲကို ေယာက္်ားေတြပါ ႀကိဳက္ခ်င္သလိုလိုျဖစ္ေနတယ္။ အဲဒီစိတ္ႀကီးကို ေမ့ခိုင္းၿပီး မိန္းမေတြပဲ အတင္းႀကိဳက္ခိုင္းၾကည့္ရင္ အဆင္ေျပမယ္ထင္တယ္။


Sexuality ဟာ Spectrum ပါ။ ေယာက္်ားပဲႀကိဳက္ရမယ္၊ မိန္းမပဲႀကိဳက္ရမယ္ မဟုတ္ပါဘူး။ ရာႏႈန္းျပည့္ hetrosexual ကေန ရာႏႈန္းျပည့္ homosexual ၾကားမွာ အဆင့္ဆင့္ခြဲထားလို႔ရပါေသးတယ္။ အထင္ရွားဆုံးကေတာ့ အဆင့္ ၇ ဆင့္ပါတဲ့ Kinsey Scale နဲ႕ ဆုံးျဖတ္တာပါ။ တစ္ဖက္ဖက္ကို အတင္းလုပ္ယူလိုက္ရင္ ကိုယ့္ရဲ႕အစိတ္အပိုင္းတစ္ခုခုကိုပဲ ဆုံးရႈံးသြားရမယ့္အျပင္ သံသယႀကီးက အၿမဲႏွောက္ယွက္ေနပါလိမ့္မယ္။ အဲဒါေၾကာင့္ ကိုယ့္ကိုယ္နားလည္ေအာင္ explore လုပ္ၾကည့္ေစခ်င္ပါတယ္။


၁၀။ ေကာင္မေလး ထားခိုင္းလိုက္။


ဒါကေတာ့ တစ္ဖက္ မိန္းကေလးအေပၚမစဥ္းစားဘဲ အလြယ္ေျပာတဲ့စကားပါ။ ဒီစကားကို အမ်ိဳးသမီးအမ်ားစုက ေျပာေနၾကတာကေတာ့ ထူးဆန္းပါတယ္။ တခ်ိဳ႕က စမ္းသပ္ခ်င္စိတ္နဲ႕ ပြင့္ပြင့္လင္းလင္းေျပာၿပီး အတူတူစမ္းသပ္ၾကတာ အျပစ္မရွိေပမဲ့ ကိုယ့္ကိုယ္ကိုလိမ္ညာဖို႔အတြက္ လူတစ္ဖက္သားထိခိုက္ေအာင္ေတာ့ မစဥ္းစားဘဲ မလုပ္သင့္ပါဘူး။


တျခား အသားက်ေနတဲ့ homophobia ေတြလည္း ရွိေပမဲ့ ဒီတစ္ခါေတာ့ ဒီေလာက္ပဲေျပာပါေတာ့မယ္။ အဆုံးသတ္ကိုေတာ့ သိပၸံနည္းက်ေတြ႕ရွိခ်က္ေတြကို လ်စ္လ်ဴရႈၿပီး မွားေနတာႀကီးက ရွင္းရွင္းလင္းလင္းႀကီးျဖစ္ေနရင္ေတာင္ အဲဒီအမွားကိုပဲ စြတ္ယုံေနၾကတဲ့ ေစာက္႐ူးေတြ ဘာလို႔ဒီေလာက္ေတာင္မ်ားေနရသလဲဆိုတာကို အေတြးအေခၚပညာရွင္ Charles Sanders Peirce ရဲ႕အဆိုအတိုင္း ေျပာျပလိုက္ပါတယ္။ သူ႕အဆိုအရ ဒီလူေတြဟာ သူတို႔ဘာကိုယုံၾကမလဲဆိုတာ အဓိကအားျဖင့္နည္းလမ္း ၃ခုနဲ႕ ဆုံးျဖတ္ၾကပါတယ္တဲ့။


၁။ ဘယ္လို သက္ေသျပခ်က္ေတြပဲ ရွိရွိ သူတို႔မွန္ေစခ်င္တဲ့အရာ၊ သူတို႔ စိတ္ထဲမွာယုံခ်င္ေနတာကို ဇြတ္မွိတ္ယုံၿပီး စိတ္ခံစားခ်က္အတိုင္း ဆုံးျဖတ္ပစ္လိုက္တာ။


၂။ ကိုယ့္ထက္ အေတြးအေခၚ၊ ဉာဏ္ရည္၊ လူဝင္ဆံ့မႈေတြမွာ သာတဲ့လူေတြဆုံးျဖတ္တဲ့ အတိုင္း လိုက္ဆုံးျဖတ္ၾကတာ။ ကိုယ္ပိုင္ဆုံးျဖတ္နိုင္စြမ္းမရွိလို႔ သူတို႔ယုံၾကည္ထားတဲ့ ၾသဇာရွိတဲ့သူေတြ ေျပာတဲ့အတိုင္း ေနာက္ကလိုက္ၿပီး သံေယာင္လိုက္ၾကတာ။ (ဒီနိုင္ငံမွာ ေဂါက္သီးေတြနာမည္ႀကီးတာနဲ႕ေတာ့ အံကိုက္ပဲ။)


၃။ အေၾကာင္းအရာတစ္ခုက မမွန္ေတာ့ဘူးဆိုရင္ေတာင္  လူအမ်ားစုလက္ခံထားၿပီးသားဆိုရင္ အဲဒါကိုပဲ လက္ကိုင္စြဲၿပီး မွန္ပါတယ္ပဲ အတင္းျငင္းၾကတာ။ ဘာလို႔ဒီလိုအတင္းျငင္းလဲဆိုေတာ့ သူတို႔မွားပါတယ္လို႔ဝန္ခံလိုက္ရင္ သူတို႔ေတြ ေစာက္႐ူးေတြျဖစ္ကုန္မွာ ေၾကာက္လို႔ပါတဲ့။ (တကယ္ေတာ့ အဲဒီလိုျငင္းမွ ျဖစ္တာ။)


ကြၽန္ေတာ္ျပန္ေရးထားတဲ့ ဒီ ၃ခ်က္က အတိအက်ေတာ့ မွန္ခ်င္မွမွန္ပါလိမ့္မယ္။ ဒါေပမဲ့ ဒီလိုမ်ိဳးပုံစံ ၃ခုမွာပဲ ပါတ္ေနၿပီး သိပၸံနည္းက် အခ်က္အလက္ေတြေျပာင္းလဲသြားရင္ေတာင္ လိုက္မေျပာင္းလဲရဲဘဲ (Gen Lee ဆိုတာမ်ိဳးေတြ) ပိတ္မိေနရာကေန ေစာက္႐ူးေတြ အလုံးနဲ႕အရင္းနဲ႕ ေမြးဖြားေပးေနၾကတာပါပဲ။ အခုအခ်ိန္ဟာ လူ႕အဖြဲ႕အစည္းရဲ႕ နားလည္မႈကို ေတာင္းဆိုရေတာ့မယ့္အခ်ိန္ မဟုတ္ေတာ့ပါဘူး။ demand လုပ္ရမယ့္ အခ်ိန္ေရာက္ေနပါၿပီ။ homophobic ေတြကို နားခ်ရမယ့္အစား သူတို႔ဟာ educated မျဖစ္ေသးတဲ့သူေတြဆိုတာ သိေအာင္ေျပာျပရေတာ့မယ့္ အခ်ိန္ေရာက္ေနပါၿပီ။ ဒီ post ေၾကာင့္စပ္သြားတယ္ဆိုရင္ေတာ့ သင္ဟာ homophobic တစ္ေယာက္ျဖစ္ေနနိုင္ပါတယ္။ ဒီလို သိမ္ဖ်င္းတဲ့ဘဝႀကီးကေန အျမန္ဆုံး ႐ုန္းထြက္နိုင္ပါေစလို႔လည္း စိတ္ရင္းနဲ႕ ဆုေတာင္းေပးလိုက္ပါတယ္။

မူလေရးသားမွ်ေ၀သူ - Double Life of a Writer

No comments: