Monday, March 28, 2022

စအိုမှ လိင်ဆက်ဆံ ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ

 စအိုမှ လိင်ဆက်ဆံ ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ




စာရေးသူ Dr. Phio Thiha မှ ရေးသားသည်။


#လိင်မှုဘဝလမ်းညွှန်

#Sexual_behavior

#Anal_Sex


#စအိုမှ လိင်ဆက်ဆံ ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ


စအိုမှ လိင်ဆက်ဆံ ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ ဆိုတာလည်း အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေ အတွက်ပါ သိထားသင့်တဲ့ အချက်တွေပါပဲ။


လေ့လာချက်တစ်ခုအရ အမျိုးသားချင်း လိင်ဆက်ဆံသူများရဲ့ ၉၀ ရာခိုင်နှုန်းနှင့် လိင်စိတ်နိုးကြွတဲ့ အမျိုးသမီးများရဲ့ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိဟာ စအိုကတစ်ဆင့် လိင်ဆက်ဆံခံရတာကို ကြိုက်နှစ်သက်ကြပါတယ်။


#စအိုမှ လိင်ဆက်ဆံ ခြင်းဆိုတာ ဘာလဲ

အမျိုးသားရဲ့ လိင်တံကို စအိုထဲ ထိုးသွင်းပြီး ဆက်ဆံတာကို ခေါ်တာပါ။ စအိုဆိုတာ အာရုံကြောများ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်လို့ ဒီလိုဆက်ဆံမှုပုံစံဟာ ကျန်းမာရေးအရ ထိခိုက်စေနိုင်တာတွေ ရှိပါတယ်။ စအိုဟာ အဆက်ဆံခံရသူအတွက် လိင်မှုဆိုင်ရာ ခံစားမှုတွေ ပေးနိုင်တဲ့နေရာဖြစ်သလို၊ ထိုးသွင်းဆက်ဆံသူအတွက်လည်း တင်းကြပ်မှုကို ပေးစွမ်းနိုင်ပါတယ်။ တချို့သောလူတွေအတွက် စအိုကတစ်ဆင့် ဆက်ဆံခြင်းဟာ အဆင်ပြေတယ်ဆိုပေမယ့် သေသေချာချာ ဂရုစိုက်ရမယ့်အချက်တွေလည်း ရှိပါတယ်။


#စအိုမှ လိင်ဆက်ဆံ ခြင်းဟာ ဘေးကင်းရဲ့လား

စအိုကတစ်ဆင့် ဆက်ဆံခြင်းဟာ လိင်ဆက်ဆံနည်းအားလုံးထဲမှာ ကျန်းမာရေးအရ အန္တရာယ်အများဆုံး ဖြစ်ပါတယ်။


၁။ မိန်းမကိုယ်လို မဟုတ်ဘဲ စအိုမှာ သဘာဝအရ ထွက်တဲ့ ချောဆီမရှိပါဘူး။ ဒါကြောင့် ထိုးသွင်းဆက်ဆံမယ်ဆိုရင် စအိုမှာ ထိခိုက်ဒဏ်ရာတွေ ရနိုင်ပြီး အဲဒီကတစ်ဆင့် ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ ဝင်လာနိုင်ပါတယ်။ HIV ပိုးလို လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေလည်း ကူးစက်နိုင်ပါတယ်။ စအိုကတစ်ဆင့် လိင်ဆက်ဆံခံရသူဟာ မိန်းမကိုယ်ကတစ်ဆင့် ဆက်ဆံခံရသူထက် HIV ပိုးကူးစက်ခံရနိုင်ချေ အဆ(၃၀) ပိုများတယ်လို့ တွေ့ရှိချက်တွေက ဆိုထားပါတယ်။ ချောဆီတစ်မျိုးမျိုး သုံးမယ်ဆိုရင်တော့ အထိုက်အလျောက် အဆင်ပြေနိုင်ပြီး ရာနှုန်းပြည့်တော့ ထိခိုက်ဒဏ်ရာတွေကို ကာကွယ်နိုင်မယ် မဟုတ်ပါဘူး။


၂။ အဲဒီအပြင် စအိုအတွင်းနေရာတွေဟာ ပြင်ပအရေပြားထက်စာရင် ပိုပြီး နူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် စုတ်ပြဲနိုင်ချေ၊ ရောဂါပိုးဝင်နိုင်ချေ ပိုများပါတယ်။


၃။ စအိုနေရာဟာ မစင်များနဲ့ ထိတွေ့နေရတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ စအိုနေရာမှာ ကြွက်သားတစ်ခု ရှိပြီး အဲဒီကြွက်သားကို ကျုံ့ထားလိုက်ရင် မစင်တွေအပြင်ထွက်မသွားအောင် ထိန်းထားလို့ရပါတယ်။ အဲဒီကြွက်သား ကျုံ့ထားတဲ့အချိန်ဆို စအိုကတစ်ဆင့် ဆက်ဆံရတာဟာ အဆင်မပြေပါဘူး။ ထပ်ကာထပ်ကာ စအိုကတစ်ဆင့် ဆက်ဆံမှုပြုတဲ့အခါမှာတော့ အဲဒီကြွက်သားဟာ တဖြည်းဖြည်း အားနည်းလာပြီး အထဲက မစင်တွေကို ထိန်းထားနိုင်စွမ်း လျော့လာတတ်ပါတယ်။ ဒီအခါ မစင်စွန့်ဖို့ မထိန်းနိုင်တော့တာတွေ၊ ထွက်ကျတာတွေ ရှိလာနိုင်ပါတယ်။ Kegel exercise လို့ခေါ်တဲ့ လေ့ကျင့်ခန်းမျိုးတွေ လုပ်ပြီး ကြွက်သားတွေ ပြန်သန်စွမ်းလာအောင်တော့ လေ့ကျင့်လို့ ရပါတယ်။


၄။ စအိုဟာ ဘက်တီးရီးယားပိုးတွေနဲ့ ပြည့်နေပါတယ်။ ဒါကြောင့် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ မကူးပါဘူးဆိုရင်တောင် စအိုထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးတွေတော့ ကူးစက်ခံရနိုင်ပါတယ်။ စအိုနဲ့ ဆက်ဆံပြီးမှ မိန်းမကိုယ်ကတစ်ဆင့် ဆက်ဆံမယ်ဆိုရင်တော့ အဲဒီရောဂါပိုးတွေဟာ မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းကိုပါ ကူးစက်သွားနိုင်ပါတယ်။


#တခြားသော အန္တရာယ်များ

စအိုကတစ်ဆင့် လိင်ဆက်ဆံခြင်းကြောင့် တခြားပြဿနာတွေလည်း ရှိနိုင်ပါတယ်။ စအိုနဲ့ဆက်ဆံပြီး ပါးစပ်နဲ့ ထပ်ဆက်ဆံမယ်ဆိုရင် အသားရောင်အသားဝါပိုးတွေ၊ ရေယုန်တွေ၊ HPV ပိုးတွေနဲ့ တခြားသောပိုးတွေ ကူးစက်ခံရနိုင်ပါတယ်။


သိပ်အဖြစ်များပေမယ့်လည်း စအိုကတစ်ဆင့် ဆက်ဆံခြင်းကြောင့် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေလည်း ရနိုင်ပါတယ်။ စအိုကွဲသွားတာ၊ လိပ်ခေါင်းကို ထိမိတာတွေကြောင့် သွေးတွေအလွန်အကျွံ ထွက်လာရင်တော့ အရေးပေါ်အခြေအနေအဖြစ် ဆေးရုံဆေးခန်း သွားသင့်ပါတယ်။ ခွဲစိတ်တာ၊ ပိုးသတ်ဆေးသောက်တာ၊ စတဲ့ ကုသမှုများနဲ့ ဆေးရုံတက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။


အဲဒီလိုပြဿနာတွေ မဖြစ်အောင် ဘယ်လိုလုပ်မလဲ

အကောင်းဆုံးနည်းလမ်းကတော့ စအိုကတစ်ဆင့် လိင်ဆက်ဆံခြင်း မပြုကြဖို့ပါပဲ။ ဘယ်လိုမှ ရှောင်လို့မဖြစ်ပါဘူးဆိုတောင် ကွန်ဒုံးသုံးပြီး ဆက်ဆံခြင်းက ရောဂါကူးစက်မှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။


#လုပ်ဆောင်သင့်တဲ့ အချက်အချို့ကတော့


၁။ စအိုထဲ ထိုးသွင်းပြီးပြီဆိုရင် နောက်ကွန်ဒုံးအသစ် မလဲဘဲ ပါးစပ် ဒါမှမဟုတ် မိန်းမကိုယ်ထဲ ထိုးသွင်းဆက်ဆံခြင်း မပြုပါနဲ့။


၂။ ချောဆီအသုံးပြုခြင်းက စုတ်ပြဲမှုများကို လျော့နည်းစေပါတယ်။ Latex နဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးတွေမှာတော့ ရေပါဝင်တဲ့ ချောဆီအမျိုးအစားများကို အသုံးပြုဖို့ လိုပါတယ်။


၃။ စအိုကတစ်ဆင့် ဆက်ဆံခြင်းမပြုမီ အနားယူခြင်းက စုတ်ပြဲမှုများကို သက်သာစေပါတယ်။ မဆက်ဆံခင် ရေနွေးနဲ့ ရေချိုးတာ၊ မှောက်လျက်အနေအထားနဲ့ ဆက်ဆံတာက ထိုးသွင်းမှုကို ပိုပြီး လွယ်ကူစေပါတယ်။


၄။ ဘယ်လိုမှ သက်သောင့်သက်သာ မရှိဘူးဆိုရင် စအိုနဲ့ဆက်ဆံမှုကို ရပ်လိုက်ပါ။


၅။ စအိုကတစ်ဆင့် ဆက်ဆံပြီးလို့ သွေးထွက်လာတယ်၊ စအိုနားတစ်ဝိုက်မှာ အသားလုံးလို ခံစားမိတယ်၊ တခုခု မူမမှန်တာ ထွက်လာတယ်လို့ စိတ်ထဲသံသယရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi) 

စအိုမွ လိင္ဆက္ဆံ ျခင္းေၾကာင့္ ဘာေတြျဖစ္ႏိုင္သလဲ




စာေရးသူ Dr. Phio Thiha မွ ေရးသားသည္။


#လိင္မႈဘဝလမ္းၫႊန္

#Sexual_behavior

#Anal_Sex


#စအိုမွ လိင္ဆက္ဆံ ျခင္းေၾကာင့္ ဘာေတြျဖစ္ႏိုင္သလဲ


စအိုမွ လိင္ဆက္ဆံ ျခင္းေၾကာင့္ ဘာေတြျဖစ္ႏိုင္သလဲ ဆိုတာလည္း အမ်ိဳးသားေတြအတြက္ေရာ အမ်ိဳးသမီးေတြ အတြက္ပါ သိထားသင့္တဲ့ အခ်က္ေတြပါပဲ။


ေလ့လာခ်က္တစ္ခုအရ အမ်ိဳးသားခ်င္း လိင္ဆက္ဆံသူမ်ားရဲ႕ ၉၀ ရာခိုင္ႏႈန္းႏွင့္ လိင္စိတ္ႏိုးႂကြတဲ့ အမ်ိဳးသမီးမ်ားရဲ႕ ၅ ရာခိုင္ႏႈန္းမွ ၁၀ ရာခိုင္ႏႈန္းအထိဟာ စအိုကတစ္ဆင့္ လိင္ဆက္ဆံခံရတာကို ႀကိဳက္ႏွစ္သက္ၾကပါတယ္။


#စအိုမွ လိင္ဆက္ဆံ ျခင္းဆိုတာ ဘာလဲ

အမ်ိဳးသားရဲ႕ လိင္တံကို စအိုထဲ ထိုးသြင္းၿပီး ဆက္ဆံတာကို ေခၚတာပါ။ စအိုဆိုတာ အာ႐ုံေၾကာမ်ား ျပည့္ႏွက္ေနတဲ့ ေနရာတစ္ခုျဖစ္လို႔ ဒီလိုဆက္ဆံမႈပုံစံဟာ က်န္းမာေရးအရ ထိခိုက္ေစႏိုင္တာေတြ ရွိပါတယ္။ စအိုဟာ အဆက္ဆံခံရသူအတြက္ လိင္မႈဆိုင္ရာ ခံစားမႈေတြ ေပးႏိုင္တဲ့ေနရာျဖစ္သလို၊ ထိုးသြင္းဆက္ဆံသူအတြက္လည္း တင္းၾကပ္မႈကို ေပးစြမ္းႏိုင္ပါတယ္။ တခ်ိဳ႕ေသာလူေတြအတြက္ စအိုကတစ္ဆင့္ ဆက္ဆံျခင္းဟာ အဆင္ေျပတယ္ဆိုေပမယ့္ ေသေသခ်ာခ်ာ ဂ႐ုစိုက္ရမယ့္အခ်က္ေတြလည္း ရွိပါတယ္။


#စအိုမွ လိင္ဆက္ဆံ ျခင္းဟာ ေဘးကင္းရဲ႕လား

စအိုကတစ္ဆင့္ ဆက္ဆံျခင္းဟာ လိင္ဆက္ဆံနည္းအားလုံးထဲမွာ က်န္းမာေရးအရ အႏၲရာယ္အမ်ားဆုံး ျဖစ္ပါတယ္။


၁။ မိန္းမကိုယ္လို မဟုတ္ဘဲ စအိုမွာ သဘာဝအရ ထြက္တဲ့ ေခ်ာဆီမရွိပါဘူး။ ဒါေၾကာင့္ ထိုးသြင္းဆက္ဆံမယ္ဆိုရင္ စအိုမွာ ထိခိုက္ဒဏ္ရာေတြ ရႏိုင္ၿပီး အဲဒီကတစ္ဆင့္ ဘက္တီးရီးယားေတြ၊ ဗိုင္းရပ္စ္ေတြ ဝင္လာႏိုင္ပါတယ္။ HIV ပိုးလို လိင္ကတစ္ဆင့္ ကူးစက္တဲ့ ေရာဂါပိုးေတြလည္း ကူးစက္ႏိုင္ပါတယ္။ စအိုကတစ္ဆင့္ လိင္ဆက္ဆံခံရသူဟာ မိန္းမကိုယ္ကတစ္ဆင့္ ဆက္ဆံခံရသူထက္ HIV ပိုးကူးစက္ခံရႏိုင္ေခ် အဆ(၃၀) ပိုမ်ားတယ္လို႔ ေတြ႕ရွိခ်က္ေတြက ဆိုထားပါတယ္။ ေခ်ာဆီတစ္မ်ိဳးမ်ိဳး သုံးမယ္ဆိုရင္ေတာ့ အထိုက္အေလ်ာက္ အဆင္ေျပႏိုင္ၿပီး ရာႏႈန္းျပည့္ေတာ့ ထိခိုက္ဒဏ္ရာေတြကို ကာကြယ္ႏိုင္မယ္ မဟုတ္ပါဘူး။


၂။ အဲဒီအျပင္ စအိုအတြင္းေနရာေတြဟာ ျပင္ပအေရျပားထက္စာရင္ ပိုၿပီး ႏူးညံ့ၿပီး ထိခိုက္လြယ္တာေၾကာင့္ စုတ္ၿပဲႏိုင္ေခ်၊ ေရာဂါပိုးဝင္ႏိုင္ေခ် ပိုမ်ားပါတယ္။


၃။ စအိုေနရာဟာ မစင္မ်ားနဲ႔ ထိေတြ႕ေနရတဲ့ေနရာတစ္ခု ျဖစ္ပါတယ္။ စအိုေနရာမွာ ႂကြက္သားတစ္ခု ရွိၿပီး အဲဒီႂကြက္သားကို က်ဳံ႕ထားလိုက္ရင္ မစင္ေတြအျပင္ထြက္မသြားေအာင္ ထိန္းထားလို႔ရပါတယ္။ အဲဒီႂကြက္သား က်ဳံ႕ထားတဲ့အခ်ိန္ဆို စအိုကတစ္ဆင့္ ဆက္ဆံရတာဟာ အဆင္မေျပပါဘူး။ ထပ္ကာထပ္ကာ စအိုကတစ္ဆင့္ ဆက္ဆံမႈျပဳတဲ့အခါမွာေတာ့ အဲဒီႂကြက္သားဟာ တျဖည္းျဖည္း အားနည္းလာၿပီး အထဲက မစင္ေတြကို ထိန္းထားႏိုင္စြမ္း ေလ်ာ့လာတတ္ပါတယ္။ ဒီအခါ မစင္စြန႔္ဖို႔ မထိန္းႏိုင္ေတာ့တာေတြ၊ ထြက္က်တာေတြ ရွိလာႏိုင္ပါတယ္။ Kegel exercise လို႔ေခၚတဲ့ ေလ့က်င့္ခန္းမ်ိဳးေတြ လုပ္ၿပီး ႂကြက္သားေတြ ျပန္သန္စြမ္းလာေအာင္ေတာ့ ေလ့က်င့္လို႔ ရပါတယ္။


၄။ စအိုဟာ ဘက္တီးရီးယားပိုးေတြနဲ႔ ျပည့္ေနပါတယ္။ ဒါေၾကာင့္ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြ မကူးပါဘူးဆိုရင္ေတာင္ စအိုထဲမွာ ရွိေနတဲ့ ဘက္တီးရီးယားပိုးေတြေတာ့ ကူးစက္ခံရႏိုင္ပါတယ္။ စအိုနဲ႔ ဆက္ဆံၿပီးမွ မိန္းမကိုယ္ကတစ္ဆင့္ ဆက္ဆံမယ္ဆိုရင္ေတာ့ အဲဒီေရာဂါပိုးေတြဟာ မိန္းမကိုယ္နဲ႔ ဆီးလမ္းေၾကာင္းကိုပါ ကူးစက္သြားႏိုင္ပါတယ္။


#တျခားေသာ အႏၲရာယ္မ်ား

စအိုကတစ္ဆင့္ လိင္ဆက္ဆံျခင္းေၾကာင့္ တျခားျပႆနာေတြလည္း ရွိႏိုင္ပါတယ္။ စအိုနဲ႔ဆက္ဆံၿပီး ပါးစပ္နဲ႔ ထပ္ဆက္ဆံမယ္ဆိုရင္ အသားေရာင္အသားဝါပိုးေတြ၊ ေရယုန္ေတြ၊ HPV ပိုးေတြနဲ႔ တျခားေသာပိုးေတြ ကူးစက္ခံရႏိုင္ပါတယ္။


သိပ္အျဖစ္မ်ားေပမယ့္လည္း စအိုကတစ္ဆင့္ ဆက္ဆံျခင္းေၾကာင့္ ျပင္းထန္တဲ့ ထိခိုက္ဒဏ္ရာေတြလည္း ရႏိုင္ပါတယ္။ စအိုကြဲသြားတာ၊ လိပ္ေခါင္းကို ထိမိတာေတြေၾကာင့္ ေသြးေတြအလြန္အကြၽံ ထြက္လာရင္ေတာ့ အေရးေပၚအေျခအေနအျဖစ္ ေဆး႐ုံေဆးခန္း သြားသင့္ပါတယ္။ ခြဲစိတ္တာ၊ ပိုးသတ္ေဆးေသာက္တာ၊ စတဲ့ ကုသမႈမ်ားနဲ႔ ေဆး႐ုံတက္ဖို႔ လိုေကာင္းလိုႏိုင္ပါတယ္။


အဲဒီလိုျပႆနာေတြ မျဖစ္ေအာင္ ဘယ္လိုလုပ္မလဲ

အေကာင္းဆုံးနည္းလမ္းကေတာ့ စအိုကတစ္ဆင့္ လိင္ဆက္ဆံျခင္း မျပဳၾကဖို႔ပါပဲ။ ဘယ္လိုမွ ေရွာင္လို႔မျဖစ္ပါဘူးဆိုေတာင္ ကြန္ဒုံးသုံးၿပီး ဆက္ဆံျခင္းက ေရာဂါကူးစက္မႈေတြကေန ကာကြယ္ေပးႏိုင္ပါတယ္။


#လုပ္ေဆာင္သင့္တဲ့ အခ်က္အခ်ိဳ႕ကေတာ့


၁။ စအိုထဲ ထိုးသြင္းၿပီးၿပီဆိုရင္ ေနာက္ကြန္ဒုံးအသစ္ မလဲဘဲ ပါးစပ္ ဒါမွမဟုတ္ မိန္းမကိုယ္ထဲ ထိုးသြင္းဆက္ဆံျခင္း မျပဳပါနဲ႔။


၂။ ေခ်ာဆီအသုံးျပဳျခင္းက စုတ္ၿပဲမႈမ်ားကို ေလ်ာ့နည္းေစပါတယ္။ Latex နဲ႔ ျပဳလုပ္ထားတဲ့ ကြန္ဒုံးေတြမွာေတာ့ ေရပါဝင္တဲ့ ေခ်ာဆီအမ်ိဳးအစားမ်ားကို အသုံးျပဳဖို႔ လိုပါတယ္။


၃။ စအိုကတစ္ဆင့္ ဆက္ဆံျခင္းမျပဳမီ အနားယူျခင္းက စုတ္ၿပဲမႈမ်ားကို သက္သာေစပါတယ္။ မဆက္ဆံခင္ ေရေႏြးနဲ႔ ေရခ်ိဳးတာ၊ ေမွာက္လ်က္အေနအထားနဲ႔ ဆက္ဆံတာက ထိုးသြင္းမႈကို ပိုၿပီး လြယ္ကူေစပါတယ္။


၄။ ဘယ္လိုမွ သက္ေသာင့္သက္သာ မရွိဘူးဆိုရင္ စအိုနဲ႔ဆက္ဆံမႈကို ရပ္လိုက္ပါ။


၅။ စအိုကတစ္ဆင့္ ဆက္ဆံၿပီးလို႔ ေသြးထြက္လာတယ္၊ စအိုနားတစ္ဝိုက္မွာ အသားလုံးလို ခံစားမိတယ္၊ တခုခု မူမမွန္တာ ထြက္လာတယ္လို႔ စိတ္ထဲသံသယရွိတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ အျမန္ဆုံး ျပသဖို႔ လိုပါတယ္။




Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။


No comments: