Tuesday, March 15, 2022

သုက်လွှတ်မြန်တာကို ဆေးမလိုဘဲ ဒီလိုဖြေရှင်းနိုင်ပါတယ်။

 သုက်လွှတ်မြန်တာကို ဆေးမလိုဘဲ ဒီလိုဖြေရှင်းနိုင်ပါတယ်။




စာရေးသူ Dr. Htet Htet Zaw Win မှ ရေးသားသည်။ 

Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။


#သုက်လွှတ်မြန်ခြင်း

#လိင်မှုရေးရာကိစ္စ

#Sexual_Health


(လူပျိုလေးတွေ သို့မဟုတ် လိင်မဆက်ဆံတဲ့ကာလကြာပြီးမှ ပြန်လည်စတင်ဆက်ဆံချိန်များမှာ သုက်လွှတ်မြန်တဲ့ကိစ္စအဖြစ်များ ပါတယ်။ ရောဂါတစ်ခုခုအတွက် ဆေးဝါးမှီဝဲနေလို့ဖြစ်စေ ကိုယ်အင်္ဂါအစိတ်အပိုင်း အမှန်တကယ်ချို့ယွင်းနေလို့ဖြစ်စေ သည်လို လိင်မှုကိစ္စ အဆင်မပြေချိန်များလာပြီဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ကုသနိုင်ပါတယ်။ အဲသည်လိုမဟုတ်ဘူးဆိုရင် အောက်မှာဖော်ပြထားတဲ့ နည်းလမ်းများနဲ့ မိမိအလေ့အကျင့် အမူအကျင့်တွေကို ဆန်းစစ်ကာ ဖြေရှင်းကြည့် ပါဦးလို့။)


သုက်လွှတ်မြန်တာ ကို ဆေးမလိုဘဲ ဒီလိုဖြေရှင်းနိုင်ပါတယ်။

 သုက်လွှတ်မြန်တယ်ဆိုတာက အမျိုးသားတွေ အိပ်ရာပေါ်မှာ စိုးရိမ်ရတဲ့ ပြဿနာတစ်ခုပါ။ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် ပြစ်မျိုးမှဲ့မထင်ဖြစ်ချင်တဲ့ အမျိုးသားတွေအတွက် သုက်လွှတ်မြန်တာ က အားနည်းချက်တစ်ခုလို ခံစားရမှာပါ။ ပိုဆိုးတာက အမျိုးသားတွေရဲ့ ထုံးစံအတိုင်း ဆေးခန်းပြရမှာ၊ ဒါကို တစ်ယောက်ယောက်ကို ဖွင့်ပြောရမှာ ရှက်ကြပါတယ်။


 ဒီတော့ သုက်လွှတ်မြန်တာက မသက်သာဘဲ လိင်မှုကိစ္စမှာ ထိခိုက်လာတာ၊ မှားယွင်းတဲ့ နည်းလမ်းတွေနဲ့ ကုသမိတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် သိပ္ပံနည်းကျ စမ်းသပ်ထားပြီး ကိုယ်တိုင်လိုက်လုပ်လို့ရတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုပါတယ်။


#သုက်လွှတ်မြန်တာ ဘယ်လိုမျိုးလဲ


 ဆေးပညာမှာတော့ သုက်လွှတ်မြန်တယ်ဆိုတာကို

ထိုးသွင်းပြီး တစ်မိနစ်အတွင်းမှာ သုက်လွှတ်တာ၊

၆လအတွင်း လိင်ဆက်ဆံတဲ့ အကြိမ်တော်တော်များများမှာ သုက်ထိန်းလို့မရတာ၊

သုက်လွှတ်မြန်တာကြောင့် စိတ်ဖိစီးတာ၊ မိမိကိုယ်ကို အားမလိုအားမရ ဖြစ်ပြီး လိင်ဆက်ဆံဖို့ စိတ်မပါတော့တာ စတဲ့ အချက်တွေနဲ့ သတ်မှတ်ပါတယ်။

 သုက်လွှတ်မြန်တာက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် (ဥပမာ အလုပ်ပင်ပန်းတာ၊ စိုးရိမ်ပူပန်စိတ်များတာ) ဖြစ်နိုင်သလို ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။


#သုက်လွှတ်မြန်တာကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့


 အရေးကြီးဆုံးက မိမိအဖော်ကို ပြောပြပါ။ သူ့ရဲ့ နားလည်ပေးမှုနဲ့ ကူညီမှုက ကုသမှုအတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။


 #လွယ်ကူတဲ့ နည်းလမ်းတွေကတော့


အာသာဖြေပါ။

 အတူမနေခင် ၁-၂ နာရီအလိုမှာ အာသာဖြေနိုင်ပါတယ်။ တစ်ခါလောက် ပြီးသွားရင် နောက်ထပ် လိင်တံထောင်မတ်ဖို့နဲ့ ပြီးမြောက်ဖို့ ပိုပြီး အချိန်ယူရမှာ ဖြစ်တာကြောင့် ကြာကြာနေနိုင်မှာ ဖြစ်ပါတယ်။


ကွန်ဒုံးသုံးပါ။

 ကွန်ဒုံးအထူ (နှစ်ထပ်စွပ်တာမဟုတ်) သုံးတာကလည်း လိင်တံမှာ ခံစားချက်ကို နည်းစေတာကြောင့် ပြီးမြောက်ဖို့ ဆွဲဆန့်ထားနိုင်ပါတယ်။ အလွှာခြားရင် ကမ္ဘာခြားတယ်ဆိုတာကို ဒီမှာ အသုံးချလို့ရပါတယ်။


အသက်အောင့်ပါ။

 အတူနေနေတုန်း သုက်လွှတ်ချင်လာပြီဆိုရင် အသက်ပြင်းပြင်း ရှူသွင်းပြီး အောင့်ချလိုက်ပါ။ ဒါက သုက်လွှတ်တာကို ထိန်းချုပ်တဲ့ အာရုံကြောစနစ်ကို ခဏရပ်လိုက်သလို ဖြစ်စေပါတယ်။


အဖော်ကို အပေါ်က နေခိုင်းပါ။

 အတူနေတဲ့အခါ အဖော်ကို အပေါ်က နေခိုင်းပြီး သုက်လွှတ်ချင်လာပြီဆိုရင် ဖယ်ခိုင်းလို့ရပါတယ်။


အာရုံလွှဲပါ။

 အတူနေတဲ့အခါ ဆက်တိုက် မနေဘဲ ကြားထဲမှာ နားနားပေးပါ။ သုက်လွှတ်ချင်စိတ်ပေါ်လာပြီဆို ခဏရပ်ပြီး တခြားအကြောင်းအရာတစ်ခု တွေးတာ၊ ပြောတာ လုပ်နိုင်ပါတယ်။


အချိန်ပေးပြီး နှိုးဆွပါ။

 သင့်ရဲ့ လိင်တံကို အထိ မခံဘဲ သင့်အဖော်ကို စိတ်ကြွလာအောင် နှိုးဆွပါ။ သူပြီးမြောက်ဖို့ နီးလာတော့မှ အတူနေလိုက်ပါ။ ဒါက နှစ်ယောက်သား အတူတူပြီးမြောက်ဖို့ အကူအညီပေးနိုင်ပါတယ်။


 #လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေကတော့




#The squeeze technique

 ဒါက သုက်မလွှတ်အောင် လက်နဲ့ ထိန်းလိုက်တဲ့ နည်းလမ်းပါ။ ဘယ်အချိန်မှာ သုက်လွှတ်တော့မှာလဲဆိုတာကို ကြိုပြီး သိနိုင်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒီနည်းလမ်းက လိင်တံကို သုက်လွှတ်ချင်လာအောင် လှုံ့ဆော်ပြီး ပြီးမြောက်တော့မယ်ဆိုရင် လိင်တံကို ညှစ်လိုက်တာ ဖြစ်ပါတယ်။


 ဒီလိုလုပ်လိုက်တာက လိင်တံထောင်မတ်တာကို အနည်းငယ်ကျသွားစေပြီး ပြီးချင်စိတ် လျော့သွားပါတယ်။


 ဒီနည်းလမ်းက ဘယ်တော့ပြီးမလဲဆိုတာကို ကြိုသိနိုင်သလို ဒီလိုသိခြင်းကလည်း သုက်လွှတ်မမြန်အောင် ချုပ်ထိန်းစေနိုင်ပါတယ်။


#The stop-start method

 ဒါက နောက်ထပ် နည်းလမ်းတစ်ခုပါ။ အမျိုးသား လိင်တံကို စိတ်ကြွပြီး ပြီးမြောက်ခါနီးအထိ နှိုးဆွပေးလိုက်ပါ။ ပြီးတော့မယ်ဆိုရင် ရပ်ပြီး သုက်လွှတ်ချိန်စိတ်ကို လုံးဝပျောက်သွားတဲ့အထိ စောင့်လိုက်ပါ။


 ပြီးရင် ပြန်ဆွ၊ ပြီးခါနီးရင် ရပ်ပြီး ထပ်စောင့်ပါ။ ၃ကြိမ်လောက်ထိ လုပ်ပြီး ၄ကြိမ်မြောက်မှာ သုက်လွှတ်လိုက်ပါ။


#Kegel exercises

 တင်ပဆုံကွင်းထဲမှာ ရှိနေတဲ့ ကြွက်သားတွေကို သန်မာအောင် လုပ်တဲ့ လေ့ကျင့်ခန်းပါ။ ဒီကြွက်သားတွေ သန်မာနေရင် သုက်လွှတ်တာကို ပိုပြီး ထိန်းရတာ လွယ်ပါတယ်။


 လေ့လာချက်တစ်ခုမှာ အမျိုးသားတွေကို ၁၂ပတ်ကြာအောင် တင်ပဆုံလေ့ကျင့်ခန်း လုပ်ခိုင်းပြီးတဲ့နောက်မှာ အမျိုးသားတွေက သူတို့ရဲ့ သုက်လွှတ်တဲ့ အာရုံကြောကို ပိုထိန်းနိုင်ပြီး ပြီးမြောက်ဖို့ အချိန်ပိုကြာတာ တွေ့ရပါတယ်။


 Kegel exercises ကို လုပ်မယ်ဆိုရင် အရင်ဆုံး ကြွက်သားတွေကို သိဖို့ လိုပါတယ်။ ကြွက်သားတွေကို သိဖို့ဆိုရင် ဆီးသွားရင်း အားနဲ့ အောက်ပိုင်းကြွက်သားတွေကို ညှစ်ကြည့်လိုက်ပါ။ ဆီးရပ်သွားရင် ကိုယ်လေ့ကျင့်ချင်တဲ့ ကြွက်သားတွေကို ညှစ်မိနေလို့ပါ။ (ဒါပေမယ့် ဒီလေ့ကျင့်ခန်းကို ဆီးသွားရင်းနဲ့ မလုပ်ရပါဘူး)


 ကြွက်သားတွေကို သိသွားပြီဆိုရင် ကြမ်းပြင်မှာလှဲပြီး ခုနက ကြွက်သားတွေကို အားနဲ့ ညှစ်ကြည့်ပါ။ ၅စက္ကန့်လောက်ကြာအောင် ညှစ်ပြီး ပြန်လျှော့ပါ။ ညှစ်လိုက် လျှော့လိုက်နဲ့ ၁၀ကြိမ် ၂ကျော့လုပ်ပါ။


 ဆေးမလိုဘဲ သုက်လွှတ်မြန်တာ ကို ဒီလိုဖြေရှင်းနိုင်ပါတယ်။


 အားဆေးများ


ဇင့်

 ဇင့်ဓာတ်က သုက်လွှတ်မြန်တာကို တိုက်ရိုက်သက်သာစေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဇင့်ပါတဲ့ အားဆေးတွေက လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေပြီး သွေးထဲက တက်စတိုစတီရုန်း ပမာဏကို တက်စေပါတယ်။ လိင်စိတ်ကို တက်စေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တက်စေပါတယ်။ ဒါက သွယ်ဝိုက်နဲ့ နည်းလမ်းနဲ့ သုက်လွှတ်မြန်တာကို သက်သာစေမှာပါ။


မဂ္ဂနီဆီယမ်

 မဂ္ဂနီဆီယမ်က သုက်ကောင်တွေ ထုတ်လုပ်မှုကို ကောင်းစေပါတယ်။ လေ့လာချက်တစ်ခုမှာ မဂ္ဂနီဆီယမ်နည်းတာက သုက်လွှတ်စောတာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အကြောင်းက မဂ္ဂနီဆီယမ်က ပြီးမြောက်ဖို့ လိုအပ်တဲ့ ကြွက်သားတွေ ကျုံ့ဆန့်တာကို ထိန်းချုပ်ပေးလို့ပဲ ဖြစ်ပါတယ်။


တခြား

 တခြားလိုအပ်တဲ့ ဓာတ်တွေကတော့ ကယ်ဆီယမ်၊ ကော့ပါး၊ မဂ္ဂနိစ်နဲ့ ဆီလီနီယမ်တို့ပဲ ဖြစ်ပါတယ်။


 ဒီအားဆေးတွေက သုက်လွှတ်မြန်တာကို ကုသပေးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တချို့အမျိုးသားတွေမှာ သက်သာလာတာကိုတော့ တွေ့ရပါတယ်။


ဆေးဝါးများ

 ဆေးဝါးတွေမှာ သောက်ဆေးနဲ့ လိမ်းဆေးဆိုပြီး ရှိပါတယ်။


 လိမ်းဆေးအနေနဲ့ကတော့ lidocaine, prilocaine, benzocaine စတာတွေကို သုံးနိုင်ပါတယ်။ အတူမနေခင် နာရီဝက်အလိုမှာ လိင်တံထိပ်မှာ လိမ်းထားနိုင်ပါတယ်။ အတူနေဖို့ ၅မိနစ်အလိုလောက်ဆိုရင် ရေဆေးချပြီး နေနိုင်ပါတယ်။ သူက ထုံဆေးတွေ ဖြစ်တာကြောင့် လိင်တံကို ခံစားမှု လျော့နည်းစေပါတယ်။ ဒါက ယာယီပဲ ဖြစ်ပါတယ်။


 သောက်ဆေးတွေကတော့ စိတ်ကျရောဂါတွေမှာ ကုသတဲ့ ဆေးတွေပဲ ဖြစ်ပြီး ဆရာဝန်ညွှန်ကြားနဲ့မှ မှီဝဲသင့်ပါတယ်။


 သုက်လွှတ်မြန်တာကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့

 သုက်လွှတ်မြန်တာကို ကိုယ်တိုင်ဖြေရှင်း ကြည့်ချင်တယ်ဆိုရင်  

သုက်ထိန်းနိုင်တဲ့ နည်းလမ်းတွေ

လေ့ကျင့်ခန်းတွေ

အားဆေးတွေ

လိမ်းဆေးတွေ အသုံးပြုနိုင်ပါတယ်။

 ဒါတွေနဲ့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်ပြကြည့်ပါ။ ရောဂါအခံတစ်ခုခုကြောင့် သုက်လွှတ်မြန်နေတာ ဖြစ်နိုင်ပါတယ်။  

***Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi) 

သုက္လႊတ္ျမန္တာကို ေဆးမလိုဘဲ ဒီလိုေျဖရွင္းႏိုင္ပါတယ္။




စာေရးသူ Dr. Htet Htet Zaw Win မွ ေရးသားသည္။ 

Hello Sayarwon Panel မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


#သုက္လႊတ္ျမန္ျခင္း

#လိင္မႈေရးရာကိစၥ

#Sexual_Health


(လူပ်ိဳေလးေတြ သို႔မဟုတ္ လိင္မဆက္ဆံတဲ့ကာလၾကာၿပီးမွ ျပန္လည္စတင္ဆက္ဆံခ်ိန္မ်ားမွာ သုက္လႊတ္ျမန္တဲ့ကိစၥအျဖစ္မ်ား ပါတယ္။ ေရာဂါတစ္ခုခုအတြက္ ေဆးဝါးမွီဝဲေနလို႔ျဖစ္ေစ ကိုယ္အဂၤါအစိတ္အပိုင္း အမွန္တကယ္ခ်ိဳ႕ယြင္းေနလို႔ျဖစ္ေစ သည္လို လိင္မႈကိစၥ အဆင္မေျပခ်ိန္မ်ားလာၿပီဆိုရင္ေတာ့ တတ္ကြၽမ္းနားလည္တဲ့ သက္ဆိုင္ရာဆရာဝန္နဲ႔တိုင္ပင္ကုသႏိုင္ပါတယ္။ အဲသည္လိုမဟုတ္ဘူးဆိုရင္ ေအာက္မွာေဖာ္ျပထားတဲ့ နည္းလမ္းမ်ားနဲ႔ မိမိအေလ့အက်င့္ အမူအက်င့္ေတြကို ဆန္းစစ္ကာ ေျဖရွင္းၾကည့္ ပါဦးလို႔။)


သုက္လႊတ္ျမန္တာ ကို ေဆးမလိုဘဲ ဒီလိုေျဖရွင္းႏိုင္ပါတယ္။

 သုက္လႊတ္ျမန္တယ္ဆိုတာက အမ်ိဳးသားေတြ အိပ္ရာေပၚမွာ စိုးရိမ္ရတဲ့ ျပႆနာတစ္ခုပါ။ လိင္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္ရင္ ျပစ္မ်ိဳးမွဲ႔မထင္ျဖစ္ခ်င္တဲ့ အမ်ိဳးသားေတြအတြက္ သုက္လႊတ္ျမန္တာ က အားနည္းခ်က္တစ္ခုလို ခံစားရမွာပါ။ ပိုဆိုးတာက အမ်ိဳးသားေတြရဲ႕ ထုံးစံအတိုင္း ေဆးခန္းျပရမွာ၊ ဒါကို တစ္ေယာက္ေယာက္ကို ဖြင့္ေျပာရမွာ ရွက္ၾကပါတယ္။


 ဒီေတာ့ သုက္လႊတ္ျမန္တာက မသက္သာဘဲ လိင္မႈကိစၥမွာ ထိခိုက္လာတာ၊ မွားယြင္းတဲ့ နည္းလမ္းေတြနဲ႔ ကုသမိတာေတြ ျဖစ္တတ္ပါတယ္။ ဒီလိုမျဖစ္ရေအာင္ သိပၸံနည္းက် စမ္းသပ္ထားၿပီး ကိုယ္တိုင္လိုက္လုပ္လို႔ရတဲ့ နည္းလမ္းေလးေတြကို မွ်ေဝေပးလိုပါတယ္။


#သုက္လႊတ္ျမန္တာ ဘယ္လိုမ်ိဳးလဲ


 ေဆးပညာမွာေတာ့ သုက္လႊတ္ျမန္တယ္ဆိုတာကို

ထိုးသြင္းၿပီး တစ္မိနစ္အတြင္းမွာ သုက္လႊတ္တာ၊

၆လအတြင္း လိင္ဆက္ဆံတဲ့ အႀကိမ္ေတာ္ေတာ္မ်ားမ်ားမွာ သုက္ထိန္းလို႔မရတာ၊

သုက္လႊတ္ျမန္တာေၾကာင့္ စိတ္ဖိစီးတာ၊ မိမိကိုယ္ကို အားမလိုအားမရ ျဖစ္ၿပီး လိင္ဆက္ဆံဖို႔ စိတ္မပါေတာ့တာ စတဲ့ အခ်က္ေတြနဲ႔ သတ္မွတ္ပါတယ္။

 သုက္လႊတ္ျမန္တာက စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြေၾကာင့္ (ဥပမာ အလုပ္ပင္ပန္းတာ၊ စိုးရိမ္ပူပန္စိတ္မ်ားတာ) ျဖစ္ႏိုင္သလို ေရာဂါေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။


#သုက္လႊတ္ျမန္တာကို ကိုယ္တိုင္ေျဖရွင္းႏိုင္ဖို႔


 အေရးႀကီးဆုံးက မိမိအေဖာ္ကို ေျပာျပပါ။ သူ႔ရဲ႕ နားလည္ေပးမႈနဲ႔ ကူညီမႈက ကုသမႈအတြက္ အမ်ားႀကီး အေထာက္အကူ ျဖစ္ပါတယ္။


 #လြယ္ကူတဲ့ နည္းလမ္းေတြကေတာ့


အာသာေျဖပါ။

 အတူမေနခင္ ၁-၂ နာရီအလိုမွာ အာသာေျဖႏိုင္ပါတယ္။ တစ္ခါေလာက္ ၿပီးသြားရင္ ေနာက္ထပ္ လိင္တံေထာင္မတ္ဖို႔နဲ႔ ၿပီးေျမာက္ဖို႔ ပိုၿပီး အခ်ိန္ယူရမွာ ျဖစ္တာေၾကာင့္ ၾကာၾကာေနႏိုင္မွာ ျဖစ္ပါတယ္။


ကြန္ဒုံးသုံးပါ။

 ကြန္ဒုံးအထူ (ႏွစ္ထပ္စြပ္တာမဟုတ္) သုံးတာကလည္း လိင္တံမွာ ခံစားခ်က္ကို နည္းေစတာေၾကာင့္ ၿပီးေျမာက္ဖို႔ ဆြဲဆန႔္ထားႏိုင္ပါတယ္။ အလႊာျခားရင္ ကမာၻျခားတယ္ဆိုတာကို ဒီမွာ အသုံးခ်လို႔ရပါတယ္။


အသက္ေအာင့္ပါ။

 အတူေနေနတုန္း သုက္လႊတ္ခ်င္လာၿပီဆိုရင္ အသက္ျပင္းျပင္း ရႉသြင္းၿပီး ေအာင့္ခ်လိုက္ပါ။ ဒါက သုက္လႊတ္တာကို ထိန္းခ်ဳပ္တဲ့ အာ႐ုံေၾကာစနစ္ကို ခဏရပ္လိုက္သလို ျဖစ္ေစပါတယ္။


အေဖာ္ကို အေပၚက ေနခိုင္းပါ။

 အတူေနတဲ့အခါ အေဖာ္ကို အေပၚက ေနခိုင္းၿပီး သုက္လႊတ္ခ်င္လာၿပီဆိုရင္ ဖယ္ခိုင္းလို႔ရပါတယ္။


အာ႐ုံလႊဲပါ။

 အတူေနတဲ့အခါ ဆက္တိုက္ မေနဘဲ ၾကားထဲမွာ နားနားေပးပါ။ သုက္လႊတ္ခ်င္စိတ္ေပၚလာၿပီဆို ခဏရပ္ၿပီး တျခားအေၾကာင္းအရာတစ္ခု ေတြးတာ၊ ေျပာတာ လုပ္ႏိုင္ပါတယ္။


အခ်ိန္ေပးၿပီး ႏႈိးဆြပါ။

 သင့္ရဲ႕ လိင္တံကို အထိ မခံဘဲ သင့္အေဖာ္ကို စိတ္ႂကြလာေအာင္ ႏႈိးဆြပါ။ သူၿပီးေျမာက္ဖို႔ နီးလာေတာ့မွ အတူေနလိုက္ပါ။ ဒါက ႏွစ္ေယာက္သား အတူတူၿပီးေျမာက္ဖို႔ အကူအညီေပးႏိုင္ပါတယ္။


 #လုပ္ႏိုင္တဲ့ ေလ့က်င့္ခန္းေတြကေတာ့


#The squeeze technique

 ဒါက သုက္မလႊတ္ေအာင္ လက္နဲ႔ ထိန္းလိုက္တဲ့ နည္းလမ္းပါ။ ဘယ္အခ်ိန္မွာ သုက္လႊတ္ေတာ့မွာလဲဆိုတာကို ႀကိဳၿပီး သိႏိုင္တဲ့ နည္းလမ္းလည္း ျဖစ္ပါတယ္။ ဒီနည္းလမ္းက လိင္တံကို သုက္လႊတ္ခ်င္လာေအာင္ လႈံ႕ေဆာ္ၿပီး ၿပီးေျမာက္ေတာ့မယ္ဆိုရင္ လိင္တံကို ညႇစ္လိုက္တာ ျဖစ္ပါတယ္။


 ဒီလိုလုပ္လိုက္တာက လိင္တံေထာင္မတ္တာကို အနည္းငယ္က်သြားေစၿပီး ၿပီးခ်င္စိတ္ ေလ်ာ့သြားပါတယ္။


 ဒီနည္းလမ္းက ဘယ္ေတာ့ၿပီးမလဲဆိုတာကို ႀကိဳသိႏိုင္သလို ဒီလိုသိျခင္းကလည္း သုက္လႊတ္မျမန္ေအာင္ ခ်ဳပ္ထိန္းေစႏိုင္ပါတယ္။


#The stop-start method

 ဒါက ေနာက္ထပ္ နည္းလမ္းတစ္ခုပါ။ အမ်ိဳးသား လိင္တံကို စိတ္ႂကြၿပီး ၿပီးေျမာက္ခါနီးအထိ ႏႈိးဆြေပးလိုက္ပါ။ ၿပီးေတာ့မယ္ဆိုရင္ ရပ္ၿပီး သုက္လႊတ္ခ်ိန္စိတ္ကို လုံးဝေပ်ာက္သြားတဲ့အထိ ေစာင့္လိုက္ပါ။


 ၿပီးရင္ ျပန္ဆြ၊ ၿပီးခါနီးရင္ ရပ္ၿပီး ထပ္ေစာင့္ပါ။ ၃ႀကိမ္ေလာက္ထိ လုပ္ၿပီး ၄ႀကိမ္ေျမာက္မွာ သုက္လႊတ္လိုက္ပါ။


#Kegel exercises

 တင္ပဆုံကြင္းထဲမွာ ရွိေနတဲ့ ႂကြက္သားေတြကို သန္မာေအာင္ လုပ္တဲ့ ေလ့က်င့္ခန္းပါ။ ဒီႂကြက္သားေတြ သန္မာေနရင္ သုက္လႊတ္တာကို ပိုၿပီး ထိန္းရတာ လြယ္ပါတယ္။


 ေလ့လာခ်က္တစ္ခုမွာ အမ်ိဳးသားေတြကို ၁၂ပတ္ၾကာေအာင္ တင္ပဆုံေလ့က်င့္ခန္း လုပ္ခိုင္းၿပီးတဲ့ေနာက္မွာ အမ်ိဳးသားေတြက သူတို႔ရဲ႕ သုက္လႊတ္တဲ့ အာ႐ုံေၾကာကို ပိုထိန္းႏိုင္ၿပီး ၿပီးေျမာက္ဖို႔ အခ်ိန္ပိုၾကာတာ ေတြ႕ရပါတယ္။


 Kegel exercises ကို လုပ္မယ္ဆိုရင္ အရင္ဆုံး ႂကြက္သားေတြကို သိဖို႔ လိုပါတယ္။ ႂကြက္သားေတြကို သိဖို႔ဆိုရင္ ဆီးသြားရင္း အားနဲ႔ ေအာက္ပိုင္းႂကြက္သားေတြကို ညႇစ္ၾကည့္လိုက္ပါ။ ဆီးရပ္သြားရင္ ကိုယ္ေလ့က်င့္ခ်င္တဲ့ ႂကြက္သားေတြကို ညႇစ္မိေနလို႔ပါ။ (ဒါေပမယ့္ ဒီေလ့က်င့္ခန္းကို ဆီးသြားရင္းနဲ႔ မလုပ္ရပါဘူး)


 ႂကြက္သားေတြကို သိသြားၿပီဆိုရင္ ၾကမ္းျပင္မွာလွဲၿပီး ခုနက ႂကြက္သားေတြကို အားနဲ႔ ညႇစ္ၾကည့္ပါ။ ၅စကၠန႔္ေလာက္ၾကာေအာင္ ညႇစ္ၿပီး ျပန္ေလွ်ာ့ပါ။ ညႇစ္လိုက္ ေလွ်ာ့လိုက္နဲ႔ ၁၀ႀကိမ္ ၂ေက်ာ့လုပ္ပါ။


 ေဆးမလိုဘဲ သုက္လႊတ္ျမန္တာ ကို ဒီလိုေျဖရွင္းႏိုင္ပါတယ္။


 အားေဆးမ်ား




ဇင့္

 ဇင့္ဓာတ္က သုက္လႊတ္ျမန္တာကို တိုက္႐ိုက္သက္သာေစတာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ဇင့္ပါတဲ့ အားေဆးေတြက လိင္ပိုင္းဆိုင္ရာ ျပႆနာေတြကို သက္သာေစၿပီး ေသြးထဲက တက္စတိုစတီ႐ုန္း ပမာဏကို တက္ေစပါတယ္။ လိင္စိတ္ကို တက္ေစၿပီး လိင္ပိုင္းဆိုင္ရာ စြမ္းေဆာင္ရည္ကို တက္ေစပါတယ္။ ဒါက သြယ္ဝိုက္နဲ႔ နည္းလမ္းနဲ႔ သုက္လႊတ္ျမန္တာကို သက္သာေစမွာပါ။


မဂၢနီဆီယမ္

 မဂၢနီဆီယမ္က သုက္ေကာင္ေတြ ထုတ္လုပ္မႈကို ေကာင္းေစပါတယ္။ ေလ့လာခ်က္တစ္ခုမွာ မဂၢနီဆီယမ္နည္းတာက သုက္လႊတ္ေစာတာနဲ႔ ဆက္စပ္ေနတယ္လို႔ ဆိုပါတယ္။ အေၾကာင္းက မဂၢနီဆီယမ္က ၿပီးေျမာက္ဖို႔ လိုအပ္တဲ့ ႂကြက္သားေတြ က်ဳံ႕ဆန႔္တာကို ထိန္းခ်ဳပ္ေပးလို႔ပဲ ျဖစ္ပါတယ္။


တျခား

 တျခားလိုအပ္တဲ့ ဓာတ္ေတြကေတာ့ ကယ္ဆီယမ္၊ ေကာ့ပါး၊ မဂၢနိစ္နဲ႔ ဆီလီနီယမ္တို႔ပဲ ျဖစ္ပါတယ္။


 ဒီအားေဆးေတြက သုက္လႊတ္ျမန္တာကို ကုသေပးတာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ တခ်ိဳ႕အမ်ိဳးသားေတြမွာ သက္သာလာတာကိုေတာ့ ေတြ႕ရပါတယ္။


ေဆးဝါးမ်ား

 ေဆးဝါးေတြမွာ ေသာက္ေဆးနဲ႔ လိမ္းေဆးဆိုၿပီး ရွိပါတယ္။


 လိမ္းေဆးအေနနဲ႔ကေတာ့ lidocaine, prilocaine, benzocaine စတာေတြကို သုံးႏိုင္ပါတယ္။ အတူမေနခင္ နာရီဝက္အလိုမွာ လိင္တံထိပ္မွာ လိမ္းထားႏိုင္ပါတယ္။ အတူေနဖို႔ ၅မိနစ္အလိုေလာက္ဆိုရင္ ေရေဆးခ်ၿပီး ေနႏိုင္ပါတယ္။ သူက ထုံေဆးေတြ ျဖစ္တာေၾကာင့္ လိင္တံကို ခံစားမႈ ေလ်ာ့နည္းေစပါတယ္။ ဒါက ယာယီပဲ ျဖစ္ပါတယ္။


 ေသာက္ေဆးေတြကေတာ့ စိတ္က်ေရာဂါေတြမွာ ကုသတဲ့ ေဆးေတြပဲ ျဖစ္ၿပီး ဆရာဝန္ၫႊန္ၾကားနဲ႔မွ မွီဝဲသင့္ပါတယ္။


 သုက္လႊတ္ျမန္တာကို ကိုယ္တိုင္ေျဖရွင္းႏိုင္ဖို႔

 သုက္လႊတ္ျမန္တာကို ကိုယ္တိုင္ေျဖရွင္း ၾကည့္ခ်င္တယ္ဆိုရင္  

သုက္ထိန္းႏိုင္တဲ့ နည္းလမ္းေတြ

ေလ့က်င့္ခန္းေတြ

အားေဆးေတြ

လိမ္းေဆးေတြ အသုံးျပဳႏိုင္ပါတယ္။

 ဒါေတြနဲ႔ မသက္သာဘူးဆိုရင္ေတာ့ ဆရာဝန္ျပၾကည့္ပါ။ ေရာဂါအခံတစ္ခုခုေၾကာင့္ သုက္လႊတ္ျမန္ေနတာ ျဖစ္ႏိုင္ပါတယ္။  


***Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: