Thursday, November 10, 2022

ရာဇဝင်ထဲက ပုဂံ (အခန်း ၆)

 



"ဟင်....အကို...."

ပူးနေရာက ခွာလိုက်တော့ ဘာလဲပေါ့။


"ဘာလုပ်နေကြတာလဲ..."


"ဒီကောင်လေ လဖက်ရည်ဆိုင် အတင်းခေါ်နေလို့ မလိုက်ဘူးဆိုတာ....."


လက်ဖက်ရည်ဆိုင်ခေါ်တယ်ဆိုသူက တခြားလူးမဟုတ်ပါဘူး ကျွန်တော်နဲ့ မိတ်ဆက်ပေးခဲ့ဘူးတဲ့ သူ့ညီကိုတဝမ်းကွဲပါပဲ။

ကျွန်တော်မျက်နှာကိုတည်လိုက်ပါတယ်။


"အင်္ကျီတွေတွေ့ခဲ့တယ် တစ်ခါတည်းယူသွားမယ် ထက်ထက်....." သူရယ်နေတယ်။


"နောက်နေ့မှယူလေ။ ခု ဘယ်သွားမလို့လဲ....ကားပါတယ်မဟုတ်လား...." ရောသောပေါသော ပြောတဲ့စကားကို သတိပြုမိသော်လည်း ကျွန်တော်ကပဲ ထပ်မေးလိုက်တယ်။

"သူငယ်ချင်းလာလို့ လက်ဖက်ရည်ဆိုင်သွားတယ်ဆို ဘယ်သူလာတာလဲ...."


အဲ့သည်အမေးစကားကြောင့် နှစ်ယောက်စလုံး ကျွန်တော့်ကို စေ့စေ့ကြည့်လာသလို ‘ကိုအောင်အောင် လာတာလား’ ဟု သူ့ညီအစ်ကိုဆိုသူက ထက်ထက်ကို တဆက်တည်း ပြန်မေးပါရော။ သူ့ညီအစ်ကိုဆိုသူရဲ့ အမေးကြောင့် ရွှေတိဂုံဘုရားလမ်းက guide ဆရာပေါက်စ ဖြစ်သလို အလာတုန်းကတွေ့ခဲ့တဲ့ အောင်အောင်များလားလို့ ကျွန်တော့်အတွေးရောက်သွားပါတယ်။


"အင်း ဟုတ်တယ်...."ကျွန်တော် အထင်က မလွဲပါလား....။

"ထက်ထက်နဲ့ ဘယ်လိုသိတာလဲ..."

"ကြာပြီလေ...."

ရယ်ကျဲကျဲ အပြောနဲ့ သူ့ညီဝမ်းကွဲကိုကြည့်ရင်းပြောလို့ စိတ်ထဲက မတင်မကျနဲ့ ကျွန်တော်စိတ်တိုလိုက်မိတယ်။ စိတ်ကောက်စိတ်ဆိုး ပြပြီး သူတို့နှစ်ယောက် ဘယ်လိုပတ်သက်လဲ အတိအကျသိချင်တာလည်းပါပါတယ်။

သိရုံ သိချင်တာထက် ကိုယ့်ချစ်သူ ထက်ထက်ကိုအပြစ်မမြင်လို အောင်အောင်ကိုသာ ဒေါသတွေပရပွ နှင့် ရန်တွေ့ချင်နေမိတယ်။


အင်္ကျီတွေ ပြန်ယူဖို့လဲသတိမရတော့ပါ။

စိတ်ထဲကဒေါသတွေကြောင့် ပူပူလောင်လောင်နဲ့သာ ဘာစကားတစ်ခွန်းမှ မပြောတော့ဘဲ တိုက်အောက်ဆင်းလာခဲ့တယ်လေ။


"ငါမလိုက်တော့ဘူး လှေကားကစောင့်နေမယ် မင်းမြန်မြန် ပြန်လာခဲ့...."

ကိုယ့်ထက် စိတ်တိုဒေါကန်သလိုမျက်နှာထားနှင့် ခပ်မာမာပြောလိုက်တဲ့ ထက်ထက်ညီဝမ်းကွဲကိုလဲ နားမလည်နိုင်စွာ ကျွန်တော်ကြည့်လိုက်မိတယ်။ သူက ဘာဖြစ်နေရတာလဲ။


"အကို ပြန်တော့နော်။ မနက်ဖြန်ဖုန်းဆက်လိုက်မယ်။ ဟိုကောင်နဲ့ ပြသနာရှင်းစရာရှိလို့...."

ကျွန်တော့်စိတ်က guide ဆရာအောင်အောင်ကိုသာ စိတ်ထဲရောက်နေတာကြောင့် ကားပေါ်တက် စက်နှိုးမောင်းထွက်လာခဲ့ပါတယ်။

ကားမောင်းလို့ ဘီလိမ့်ရုံရှိသေး ထက်ထက်က တိုက်လှေကားမှ ကရောသောပါးပြေးတက်သွားတာမြြင်ပီး စိတ်ထဲ သင်္ကာမကင်း ဖြစ်သွားတယ်။

ကားရပ်ပြီး တိုက်ဆီပြန်လာလိုက်ပါတယ်။

လှေကားအတက် ပထမဆုံး လှေကားအကွေ့မှာဘဲ စကားသံတစ်ချို့ ကြားရတယ်။


"ထက်ထက်! အဲ့ဒီ ကိုအောင် နဲ့ ရှုပ်တာ ငါတော့ သဘောမကျဘူး။ မင်းက ဘယ်သူမှအလွတ်မပေးဘူးနော် ဟေ့ကောင်။ ငါကြည့်နေတာ အကောင်းမထင်နဲ့...."

"အေးပါ မင်းကလဲ။ ဘယ်လိုဘဲဖြစ်ဖြစ် အချိန်တန်ရင်မင်းနဲ့ ငါက အတူနေတာပဲ မဟုတ်လား ...."

"အတူနေတာမလုပ်နဲ့ ငါ့အမေက မင်းအိမ်ဝင်ဝင်လာတာသိပ်မကြိုက်တော့ဘူး။ မင်းကိုလဲခြောက်နေတာလားလို့မေးနေတယ်။ တစ်တိုက်ထဲမို့ ခင်တာပါပြောထားရတယ်။ ကျုရှင်ဆရာကို မင်းလုပ်တာရော ဟုတ်ရဲ့လား။ မဟုတ်လို့ကတော့ ငါမင်းကိုထိုးမှာနော် ထက်ထက်...."


အမ်…ဘာကြီးတုံး သူတို့က။ တစ်အိမ်ထဲအတူနေတယ်လဲပြောသေး။ သူ့အမေက အိမ်ဝင်ဝင်လာတာမကြိုက်တော့ဘူးတဲ့။ ခြောက်နေတာ လားလို့လဲမေးတယ်တဲ့။

ဗုဒ္ဓေါ။

ညီအကိုမို့ စိုးရိမ်လို့ပြောနေတာထင်ပါတယ် လေ။ ကြည့်စမ်း အောင်အောင်မ ငါ့ချစ်သူ ထက်ထက်ကို ဘယ်လိုတွေ့၊ ဘယ်လိုစည်းရုံးလိုက် လဲ မသိဘူး။ ထက်ထက်က ခြောက်စရာလား။ စိတ်တွေက အောင်အောင်အပေါ်ပုံကျသွားပြီး မနက်ဖြန် ဒင်း ငါ့မကြောင်းသိမယ် ပဲခူးဘူတာမလို့ ကြိမ်းဝါးပြီး တိုက်ပေါ်ကပြန်ဆင်းလာလိုက်တယ်။


နောက်နေ့တော့ မိုးလင်းကတည်းက ထက်ထက်ဖုန်းမျော်ရတာ ပေါ်မလာတဲ့ အဆုံး နေ့လယ်သုံးနာရီလောက် ဖုန်းပြေးဆက်ရပါတယ်။


"ဘယ်သူလဲ...ထက်ထက်မရှိဘူး...."

သူ့အမေအသံကြီးနားထဲကြားသလို “ထက်ထက်မရှိတော့ ဘယ်သွားလဲ အန်တီ”လို့မေးရတယ်။ မိုးမချုပ်သေးဘဲ ပုဂံတံတား သွားစရာအကြောင်းလဲမရှိ။

"မင်္ဂလာဒုံဘက် ကျုရှင်သင်ဖို့ လိုက်သွားတယ်။ ညအိပ်မယ်ပြောတယ်...." စကားမဆုံးခင် ဖုန်းချသွားတော့ ဒေါသတွေ အစုလိုက်အပြုံလိုက်နဲ့ ဒင်းကိုမြေလှန်ရှာမည်။


ကံကောင်းချင်တော့ ကားဝိုင်းကအဖေစောစောရောက်တာကြောင့် ရေပြေးချိုး ၊ အဝတ်အစားလဲလှယ်၊ ကားယူ ပါစပ်ထဲရှိတဲ့ သူငယ်ချင်းမွေးနေ့လို့ပြောကာ ပုဂံတံတားကို မိုးချုပ်စမှာ ခြေချရပြီ။


"မိုက်ကယ်ရယ် ထက်ထက်ကို စနှိုက်ကြော်သွားတာ ငါမကျေနပ်ဘူး .." ရင်းနှီးရတဲ့ သူငယ်ချင်းမိုက်ကယ်ကို မျက်ရည်စမ်းစမ်းနဲ့ ရင်ဖွင့် ပြောရပြီ။

"သူငယ်ချင်းရယ် ဒီလိုပါဘဲဟယ် စိတ်လျော့ပါ။ သူက နင့်ထက် သူ့ကို ချစ်လို့နေမှာပေါ့...."

"ချစ်စရာလား ငါက သူ့ကို ဘယ်သွားသွား လိုက်ပို့တယ်။ သူရုပ်ရှင်ရိုက်တော့ အင်္ကျီတွေပေးထားတာတောင်ပြန်မယူရသေးဘူး။ ငါဘယ်လောက်သူ့ချစ်တာ နင်လဲသိတာပဲ။ ငါမပြတ်နိုင်ဘူးထက်ထက်ကို..."


ကြေကွဲပက်လက်ပြောနေချိန် ဆင်မလိုက်မှာနေတဲ့ ဖိုးဆိုးမ ပုဂံတံတားတက်လာသည်။

"ဟဲ့ ကောင်မ ဘာဖြစ်နေတာလဲ..."

အကျိုးအကြောင်းဖောက်သည်ချလိုက်တော့....

"ဟယ် ညနေက ကန်ဘောင်မှာ အောင်အောင်မ နဲ့ နင်အခုပြောတဲ့ ထက်ထက်ကိုတွေ့ခဲ့တယ်။ အောင်မလေး ရှလူး နေလိုက်ကြတာ။ ငါမေးတော့ နွယ်ခွေပြန်မလို့တဲ့။ နွယ်ခွေမှာကျူရှင်ဖွင့်ထားတယ်လေ အောင်အောင်မက...."


သတင်းက ခိုင်လုံပြီ။

"နင် လိုက်ချင်လား ..."

"အေး ငါ သူတို့ကို အမိဖမ်းချင်တယ်... "

"ဝေးတော့ ဝေးတယ်နော် ကောင်မ..."

လက်က နာရီကိုကြည့်ပြီး ‘ရှစ်နာရီပဲရှိသေးတာ ဝေးဝေးဟယ်.. လာ သွားမယ်...."

လင်တရူးတဲ့ ခင်မြဦးဘဝ မြို့လယ်ကောင်ကနေ မင်္ဂလာဒုံ နွယ်ခွေကို အလံထူ လိုက်လေသည်ပဲ။


နွယ်ခွေဆိုတာက ရွာသာသာ အိမ်ခြေနည်းတော့ သိပ်မမေးလိုက်ရခင် ဆောက်လက်စ ပျဉ်ထောင် နှစ်ထပ်အိမ်ကြီးကို ရောက်ပါလေရော။

အောက်ထပ်က စာသင်တဲ့ ခုံတွေ နဲ့ စာသင်ခန်းပေါ့။ ဒီကလည်း အသံမပေးဘာမပေး အပေါ်ထပ်သေချာမလွဲ ရှိကို ရှိရမယ်ဆိုတဲ့ အသိနဲ့ တက်သွားလိုက်တာ စေ့ရုံ စေ့ထားတဲ့ အိပ်ခန်းထဲက ထောင်ထားတဲ့ ခြင်တောင်ကို မချ လိုက်တာပေါ့ ဘာရမလဲ။


ကိစ္စပြီးလို့ အမောဖြေနေသလား  ဒါမှ မဟုတ် အစပျိုးဖို့ လှုံ့ဆော်နေသလား အသေမချာမသိခင် ဘွားကနဲ့ ကိုယ့်မျက်နှာကြီးလဲ မြင်ရော အလန့်တကြား ငုတ်တုတ်ထထိုင်ကြပါတယ်။ ရင်တွေပူ ဒေါသတွေ အလိပ်လိပ်နဲ့ နှုတ်ခမ်းတွေတုန်ရီနေလို့ ဘာဆို ဘာမှပြောမထွက်ဘဲ ရင်ထဲ စို့နင့်နေလိုက်တာများ အချိန်အတော်ကြာတယ်။

စနှိုက်ကြော်မလို့ ကိုယ်စွပ်စွဲထားတဲ့ အောင်အောင်မကတော့ သူနှင့် ဘာမှ လားလားမှ မသက်ဆိုင်သလို ခပ်အေးအေး နဲ့ အနိုင်ရတဲ့ အပြုံးကြီးပြုံး လျက် အခန်းကထွက် အပြင်မှာ စကားပြောဖို့ ဧည့်ခံ ထွက်ပါရော.....။


"နင် ရမ်းသမ်းလဲပြောဆို မနေနဲ့နော်။ နင့် အကောင်က လိုက်လာတာဆို ကိုယ်အရှက် ကိုယ်ခွဲသလိုဖြစ်ပြီး ရန်ဖြစ်နေရမယ်။

သေချာမေးဦး။ နင်က မပြတ်နိုင်ဘူးဆိုရင် ကိုယ့်လူကိုယ်ချော့ခေါ်မှနော်...."


ဟုတ်တယ်။

အတည်အတံ့ချစ်သူလေး စထားဘူးတာအခုမှ။

ဘယ်ပြတ်နိုင်လိမ့်မတုံး။

ဒါနဲ့ပဲ ထက်ထက်ရဲ့ အမြူအချော့၊ တွတ်တီးတွတ်တာ၊ အလိမ်အညာ စမာကလာထဲ နစ်မျောရ ပြန်ရော....။

ဘာတဲ့ အလုပ်မရှိတော့ စာပြပေးဖို့ ဆရာလိုတယ်ဆိုလို့ အငယ်တန်းတွေစာပြပေးဖို့လိုက်လာတာတဲ့။ အောင်အောင်နဲ့ ဘာမှ မပတ်သက်သလို သူနဲ့လဲ ဘာမှ ခုထိမဖြစ်ပါဘူးတဲ့။

ကျွန်တော် ငတုံးက ယုံတော့တာပါပဲ။

ခြင်တောင်ထဲ ပူးတွဲတွေ့တာတောင် ဒီကောင်မ ခင်မြဦးက ဘာမှ မပတ်သက်ဘူးဆိုတာ ဖြစ်နိုင်တယ်ပေါ့။

အဲ့လို ကိုယ့်လူကိုယုံကြည်တာပါဆို။


အဲ့ညက ပြန်မလိုက်တဲ့ ထက်ထက်ကို မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ နွယ်ခွေ မှာ ထားခဲ့တာပေါ့။ မပြောင်းလဲတဲ့ ဆက်ဆံရေးက အောင်အောင်ပါပဲ။

သူက ထက်ထက် နဲ့ ကျွန်တော် စကားပြောရအောင် ဝရံတာမှာဧည်ခံနေတာ။

ကျွန်တော်ကတော့ ငိုတစ်ခါ ရယ်တစ်လှည့် အကြမ်းအနု နဲ့ ထက်ထက်ရင်ခွင်ထဲတိုးလိုက်၊ ဖက်လိုက်နဲ့ အချစ်အရူးမကြီးကို ဖြစ်လို့....။

နောက်မှတွေးကြည့်မိတာ ကျွန်တော့်များ ဘယ်လောက်တောင် ရယ်စရာဟာသများ လုပ်ကျန်ခဲ့ကြမလဲမသိနော်။


သုံးရက်လောက်တော့ စိတ်ထဲက ပြတ်ရနိုးနိုး လိုက်ရနိုးနိုးထားလိုက်သေးတာ။

မနေနိုင်ပေါင်။

ညနေစောင်း ရေကျော်လမ်းကို ဖုန်းမဆက် ဘာမဆက် လိုက်လာခဲ့ပြန်ပါပြီ။ ဒီတစ်ခါတော့ ကျွန်တော်အင်းကျီတွေ အပါယူပြန်မယ်ပေါ့။


ည ခုနှစ်နာရီထိုးခါနီးပြီ။

လှေကားတံခါးဖွင့်ထားလို့ ရှစ်ထပ်ကို လျှာထွက်အောင်တက်မယ်ပေါ့။

ဒုတိယအထပ် ရောက်ခါနီးမှာဘဲ အခန်းတစ်ခုက တံခါးဖွင့်ထွက်လာတာ ထက်ထက်နဲ့ သူ့ညီဝမ်းကွဲဆိုသူ။

ဟိုတလောက လှေကားအကွေ့ပူးနေတဲ့ အခန်းလှေကားပေါ့။


"ထက်ထက်...."


"အော် အကို..."


"အတော်ဘဲ အကိုလာတာနဲ့ လိုက်ခဲ့အကို...."လို့ပြောပြီး ထက်ထက်ညီအကိုဝမ်းကွဲဆိုသူက အရှေ့ကနေဆင်းသွားလို့ လိုက်ရမလို မလိုက်ရမလို ကျန်ခဲ့တော့...."မလိုက်နဲ့ အကို တံတားပေါ်က စောင့်နေ ကျွန်တော်လာခဲ့မယ်...."လို့ ထက်ထက်ကပြောလာတယ်။

ထက်ထက်ပုံစံမူမမှန်သလို မျက်နှာလဲ မကောင်းဘူး။


"ဟေ့ကောင် ကြာတယ်လာကွာ...."

ပြေးဆင်းလိုက်သွားတဲ့ ထက်ထက် အနောက်က ကျွန်တော်သိချင်စိတ်နဲ့ ခပ်ခွာခွာလေးလိုက်သွားပါတယ်။ ခပ်သုတ်သုတ် မပြေးရုံတမယ် YMBA ဘေးနားက ပန်းခြံအရောက် သစ်ပင်ကြီးရဲ့အကွယ်နားမယ် ထက်ထက်က သူ့ညီကိုဝမ်းကွဲဆိုသူကို ခါးဖက် ငိုကြီးချက်မအသံ “ငါမင်းလောက် ဘယ်သူ့ကိုမှ မချစ်ပါဘူး။ တစ်ကယ်ပြောတာပါညီညီရ။ ကိုအောင်ရော ကိုသုရော ငါ့ကို ရေကျမလားလို့ တွဲတာ မင်းလဲသိရက်နဲ့...."

ကျွန်တော် အပင်တစ်ဖက်ကနေ မျက်လုံးတွေပြူးအောင်နားထောင်နေမိပါတယ်။


"ငါရေကျတာ မကျတာမသိဘူး။ မင်းဘာလို့ ကိုအောင် နဲ့ -င်-ံ တာလဲ ငါမျက်စိနဲ့ မြင်တာနော်မလိမ်နဲ့...."

‘ညက ပထမဆုံးပါ ညီညီရ။ မင်းမကြိုက်ရင် ငါတောင်းပန်ပါတယ်။ ငါစာလိုက်မသင်တော့ဘူး။ နွယ်ခွေ လဲ မသွားတော့ဘူး။ ကတိပေးပါတယ် "


သူကိုယ်တိုင်ပြောတဲ့ ပထမဆုံး ဆိုတဲ့ စကားလုံးက သံရည်ပူတွေ ကျွန်တော်နားထဲ ကျဆင်းသွားသလို ခံစားရတယ်။


"တော်ပါကွာ မင်းက ငါ့လင်ပါပြောပြီး လင်ကိုခေါ် -င်_ံ ပြရဲတာ အံ့ဩတယ်။ မင်းကသာ -ံ တာ မနက်က ငါ့ကို -ီး လာကိုင်တာ မင်းမသိချင် ယောင်ဆောင်နေတယ်မဟုတ်လား။ မင်းကိုအောင်က မင်းနဲ့ ယောင်္ကျား၊ တခြားလူနဲ့ အပုန်းကြီး။ တော်ပြီကွာ ငါ ယောင်္ကျားချင်းမတွဲ ချင်တော့ဘူး။ သုံးဖက်ချွန်တွေ နှစ်ဖက်ချွန်တွေ။ မင်းကိုတောင် ယောင်္ကျားလေးထင်လို့ ပေါင်းရင်း မင်းအတင်းလုပ်လို့ ဖြစ်သွားတာ။ ငါ့အမေကမကြိုက်ဘူး။ မင်းကိုလဲ အခြောက်မှန်းသိနေပြီ။ မင်း လှေကားမှာ တခြားလူတွေနဲ့ ဖြစ်တာတွေလည်း တစ်ချို့ အခန်းတွေက သိနေပြီ...."


ကျွန်တော် အားလုံးကို သဘောပေါက် စွာ ဒေါသပုန်ထလျက် သူတို့မသိအောင် ပြန်လာခဲ့ပါတယ်။ အညာခံရလို့ စိတ်လဲနာတယ်။

ချစ်လိုက်ရတာတုန်လို့။

နောက်ဆုံးတော့ လှေကားပါမချန်ကုန်းတဲ့ ခြူကုန်းမ။


ခံစားရသလို နာကျည်းရတာပေါ့။ တစ်ပတ်လောက်ထိ သည်အကြောင်းတွေ ဘယ်သူငယ်ချင်းမှမပြောဘူး။ ရှက်သလို ကိုယ်နွားဖြစ်တာ လူသိမှာဆိုးလို့လေ။


ပုဂံတံတားလဲ မသွားဘူး။


သည်ကြားထဲ ထက်ထက်ဖုန်းလာရင် လာလာခေါ်ပေးတဲ့အိမ်ကို ‘ဘယ်သူလဲမေးလို့ ထက်ထက်ဆိုရင် ကျွန်တော်နယ်သွားတယ် မရှိဘူး ပြောပေးပါ အစ်မ’ လို့မှာထားလိုက်ပါတယ်။


တစ်လနည်းပါးကြာတော့ ကိစ္စတစ်ခုနဲ့ လမ်း ၅၀ ဘက်အရောက်မှာ ထက်ထက် ရဲ့ တိတ်တိတ်ပုန်းလင် ညီဝမ်းကွဲပါဆိုတဲ့ ညီညီဆိုသူနဲ့ မျက်နှာချင်းဆိုင်တွေ့ပါရော။


စကားရောဖောရောနဲ့ ‘ညကျ ပုဂံတံတားလာခဲ့ ပြောစရာရှိတယ် ထက်ထက် ကိုမပြောနဲ့ ညီညီ ဘဲ လာခဲ့’ ဆိုတော့ ‘ကျွန်တော် ပုဂံတံတား မလာချင်ဘူး။ ထက်ထက်တို့လဲ စာချုပ်ပြည့်လို့ပြောင်းသွားပြီ အဆက်အသွယ်လဲ မရှိဘူး’တဲ့။


အဲ့တော့ ‘ညကျ တိုက်အောက်ကစောင့်နေပါ။ အကိုလာခေါ်မယ် တခုခု စားရင်း စကားပြောရအောင်ဆိုပြီး....


အတိုချုံးပြောရရင် ထက်ထက်ရဲ့ တိတ်တိတ်ပုန်းလင် ညီညီက အထန်အကိတ်၊ အကြင်နာ တစ်ဆင်စာ၊ အဲ့ညက ကားပေါ်မှာ ဝုန်းဒိုင်းကျဲ လိုက်တာများ.....


ရေးသားသူ - သုတလုလင်

To be continued….


(၁၉၉၀ နှစ်ဝန်းကျင်လောက်က ယခုခေတ်လို တည်းခိုခန်းတွေ၊ SPA တွေ၊ Offer တွေ မရှိသလောက်ရှားပါးတာကြောင့် လိင်တူနှစ်သက် သူအများစုဟာ မိန်းမလိုဝတ်ဆင်သူလောက်သာ လိင်တူကြိုက်နှစ်သက်သူအဖြစ် အသိရှိကြတဲ့အချိန်မှာ အခုဖော်ပြမယ့် ‘ရာဇဝင်ထဲက ပုဂံ’ လိုပဲ ဖြစ်တည်နေခဲ့ကြတာပါ။ လိင်တူကြိုက်တော့ လိင်တူကြိုက်သူစုတဲ့နေရာရှာပြီးသွားရတာပေါ့။ LGBTs ဆိုတဲ့ အသုံးအနှုန်း တောင် ၂၀၁၀ခုနှစ်နောက်ပိုင်းမှ သုံးစွဲလာတာပါ။ စိတ်ကူးထဲကတော့ မင်းသားတစ်ယောက်ကိုပဲ လင်တော်ချင်တာဆိုပေမယ့် ကိုယ့်ရုပ်ရည်က မင်းသားတစ်လက်ကိုရနိုင်တဲ့ ရုပ်ရည်အနေအထားမရှိသူမို့ ရတဲ့လူ ဆွဲယူပြီး သစ္စာရှိရှိပေါင်းသင်းမယ်ဆိုပါတော့။ အဲသည်လူမရှိတုန်း ကိုယ်ကြိုက်နေတဲ့ မင်းသားက အိမ်ရောက်လာရင် အဲ့အချိန် သစ္စာဆိုတာကြီးကို စောင်နဲ့အုပ်ပစ်လိုက်မယ်ထင်ပါရဲ့။ ဥပမာ ပြောပြတာပါ။။ လူတကာနဲ့ဖြစ်တယ်၊ တွေ့ရာလူကိုဆွဲကြိုက်လိုက်တာပဲလို့တော့ တစ်ထစ်ချ မသတ်မှတ်သင့်ပါဘူးနော်။)

No comments: