Tuesday, November 1, 2022

Second Chance (Part I)

 



*** Message from the author


စာဖတ်သူ တနည်းပြောရရင် ကျွန်တော်ရေးတဲ့ စာလေးတွေကို အဆက်မပြတ်ဖတ်ချင်ကြတဲ့ သူငယ်ချင်းတွေကို အမြဲစောင့်ဆိုင်းပြီးမှ ဖတ် ရခြင်းအတွက် အနည်းငယ်တောင်းပန်ချင်ပါတယ်။ ဝတ္ထုတိုမဟုတ် ဝတ္ထုရှည်မမည်သလို အချစ်ဝတ္ထု ၊ ဖြစ်ရပ်မှန်၊ ထူးခြား ဆန်းကြယ်၊ လိင်ဝတ္ထုစစ်စစ် အမည်တတ်လို့မစွမ်းသာတဲ့စာတွေကို ဇာတ်လမ်း ဇာတ်ကောင် ထူးခြားအောင် အဆက်မပြတ် ဖန်တီးရေးသားဖို့ ကျွန်တော့်အတွက် မဖြစ်နိုင်လို့ပါ။ စိတ်ကူး စိတ်သန်း ဖြစ်တည်ဖို့ဆိုတာကလည်း စာရေးဆရာတွေလို မြင်တွေ့သမျှ စာအဖြစ်ရေးသား ဖန်တီးနိုင်တဲ့အစွမ်းအစနည်းတာကြောင့်ဖြစ်မယ်။ ဒါကြောင့် လ တစ်လကို အပိုင်းနှစ်ပိုင်း သို့မဟုတ် တစ်ပုဒ်လောက် ပုံမှန်ရေးသားနိုင် အောင် ကြိုးစားပါ့မယ်။ စောင့်ဖတ်ပြီး အားပေးကြပါဦးလို့။


နောက်တစ်ခါ လိင်ဝတ္ထု စစ်စစ်ကြီးလို လိင်စကားလုံးနိုင်းချင်းထည့်ရေးတာကို ဖတ်ချင်ကြသူများရှိသလို၊ ကျေးလက်တောရွာ သို့မဟုတ် မြန်မာဆန်တဲ့ ဇာတ်လမ်းတွေ ဖန်တီးရေးသားစေချင် ဖတ်စေချင်သူများလည်း ရှိကြတာ ကျွန်တော်သိပါတယ်။ ဟုတ်တယ် လိင်အသား ပေးဝတ္ထု ၊ လိင်ဆက်ဆံတဲ့အကြောင်းအရာ ဇာတ်လမ်းဇာတ်ကွက်တွေပါတယ်။ သို့သော်လည်း ရေးတဲ့ဇာတ်လမ်း၊ ပါဝင်တဲ့ဇာတ်ကောင်အရ အချိန်ကိုက် လိင်ကိစ္စ ပတ်သက်ပါဝင်တဲ့ပုံစံမျိုးပဲ ကျွန်တော် ထည့်သွင်းရေးသားချင်တာပါ။ ပြီးတော့ ဇာတ်လမ်းတွေကလည်း ကျွန်တော် သဘောကျ နေထိုင်ချင်တဲ့ ပတ်ဝန်းကျင် သို့မဟုတ် ဒေသတွေကိုပဲ စိတ်ကူးယဉ်ထည့်သွင်းတာကြောင့် မြန်မာမဆန်သလို ဖြစ်နေခြင်းပါပဲ။ မြို့ပြမှာနေတာ အသားကျပြီးသားဖြစ်သလို မကြာသောကာလအတွင်း မြို့ပြနဲ့ကျေးလက်ကွာခြားမှု ရှိမှာမဟုတ်တော့ဘူးလို့ ထင်မြင်မိလို့ ဖြစ်ပါတယ်။


ဒါ့အပြင် အခြားအခြားသော complain ဆန်ဆန် ထင်မြင်ချက်မျိုးစုံတွေလည်း ကြားရ ဖတ်ရပါတယ်။ ကျွန်တော်ရေးတဲ့စာများဟာ Fiction များဖြစ်ပါတယ်။ သတင်းဆောင်းပါးမဟုတ်သလို ဖြစ်ရပ်မှန်အကြောင်းအရာများလည်း မဟုတ်ပါဘူး။ အချို့သော ဇာတ်လမ်း ဇာတ်ကွက် များကတော့ ပြင်ပဖြစ်ရပ်များနဲ့ တိုက်ဆိုင်တူညီနိုင်ပါတယ်။ စာရေးချိန်မှာ မြင်ရကြားရတာတွေကိုလည်း ထည့်ရေးတတ်တာ မျိုးကြောင့်ပါပဲ။ ဒါကြောင့် ဝတ္ထုကိုဖတ်ရင် ဝတ္ထုအသွားအလာအတိုင်း တစ်ကြောင်းခြင်းဖတ်၊ သတင်းဖတ်ရင် သတင်းဖတ်သလို အချက် အလက်ကြည့်ပြီးယုံ၊ အပြာရုပ်ရှင်ကြည့်ရင် အပြာကားကြည့်သလိုကြည့်လိုက်တာ အဆင်ပြေပါတယ်။ ဝေဖန်ဆန်းစစ်ဖို့ အချိန်တွေ အပို မပေးကြပါနဲ့လား။ ထင်မြင်ချက်ပေးမှာကိုတော့ မျှော်လင့်တာပေါ့လေ။


Again, thanks for reading, feedback is appreciated!


***

ဟင်း….အကြောင်းအရာစုံ သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုရင် အနည်းဆုံး ကျွန်တော့်အကြောင်းနည်းနည်းလောက်ပြောပြမှဖြစ်မယ်။ မွေးသမိခင် အမေဟာ ကျွန်တော့်အသက် ခုနှစ်နှစ်အရွယ်မှ လူသတ်ခံခဲ့ရပါတယ်။ 

ကျွန်တော်တို့ ငွေဖောဖောသီသီ သုံးစွဲပြီး နေထိုင် နိုင်တာက အဖေရဲ့ မူးယစ်ဆေးဝါးဖြန့်ချိရောင်းချတဲ့လုပ်ငန်းကြောင့်ဆိုတာ လူတိုင်း သိကြတယ်။ အဲသည့်လုပ်ငန်းရဲ့ ငွေအရှုပ်အရှင်းကြောင့် အထူးသဖြင့် အဖေနဲ့  မကျေလည်တဲ့ လူတစ်ယောက်ယောက်နဲ့ အမေအသတ်ခံ ရတဲ့ကိစ္စ သက်ဆိုင်မယ်လို့ ပတ်ဝန်းကျင်က ဆုံးဖြတ်ပြောဆိုကြတယ်ဗျ။ အဖေ့အနေနဲ့သူလုပ်ကိုင်နေတဲ့အလုပ်ရယ် အမေ့ကိုဆုံးရှုံးလိုက် ရတဲ့ကိစ္စရယ် ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူသိပေမယ့် ရဲအရေးပိုင်တဲ့အမှုများဖြစ်တာကြောင့် အချိန်အတော်ကြာ ဘာမှမလုပ်နိုင်ခဲ့ ဘူးပြောရပါမယ်။ 

များမကြာခင်မှာပဲ မူးယစ်ဆေး အရောင်းအဝယ်ကိစ္စနဲ့ပတ်သက်ဆက်နွယ်မှုတစ်ခုကြောင့် အဖေဟာ နရသိန်ထဲကို လိုက်ပါသွားရရော။ အမေအသတ်ခံရတဲ့အမှုကို တိုင်ကြားဖွင့်ဟဖို့ ဘယ်သူတစ်ဦးတယောက်မှ မကြိုးစားခဲ့တာ ဆယ်နှစ်ကျော်ကြာလောက်ပြီဆိုသော်ငြား ကျွန်တော်ကတော့ ကြိုးစားကြည့်ဖို့ ဆုံးဖြတ်ထားဆဲပါ။ 


ကျွန်တော့် အသက် တစ်ဆယ့်ရှစ်နှစ်ပြည့်ပါပြီ။ အညိုရင့်ရောင် ဆံပင်ခပ်တိုတိုနဲ့အတူ ကြည်လင်ပြာလဲ့သော မျက်ဝန်းတွေပိုင်ဆိုင်ပါတယ်။ မာရသွန်အပြေးသမားတစ်ယောက် သို့မဟုတ် ကာယဗလသမားတစ်ယောက်အဖြစ် မဖြတ်သန်းခဲ့သော်လည်း ကြည့်ကောင်း ပြည့်စုံတဲ့ ကိုယ်ခန္ဓာတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်။ ပြီးတော့ အမေ အသက်ရှင်သန်စဉ်ကာလတုန်းကရော ယခုထိတိုင် သွားဆေးခန်းသွားပြခဲ့တာမျိုး မရှိသော်ငြား ဖြူဝင်းကြံ့ခိုင်တဲ့ သွားအစုံကို ပိုင်ဆိုင်ထားတာ အံ့သြဖို့တော့ကောင်းပါတယ်။ အဖေ အနားမှမရှိတာကြောင့် ဘဝအခြေပျက် မသွားဘဲ ကံကောင်းစွာ အထက်တန်းကျောင်းကို ကောင်းကောင်းမွန်မွန်တက်ရောက်ခွင့်လည်းရတယ်လေ။အရင်လို သူဌေးသားအသွင်တော့ မဟုတ်ဘူးပေါ့။ နေထိုင် ကျင်လည်ရာ ပတ်ဝန်းကျင်က ခပ်ပွေပွေကျောင်းသားတွေကြားထဲမှာ ကျွန်တော် တစ်ယောက်ပဲ ဝင်ခွင့်စာမေးပွဲကို တော်တော်မြင့်တဲ့ ရမှတ်နဲ့ အောင်မြင်ပြီး တက်ရောက်နိုင်ခဲ့တာ။ ကျွန်တော် နေထိုင်ရာ ပတ်ဝန်းကျင်ထဲမှာ သားနားကြော့မော့သူ တစ်ယောက်ဖြစ်ဖို့ မရည်စူးပေမဲ့ အခြားသော ရွယ်တူလူငယ်တွေကြားမယ် ထူးထူးခြားခြားတော့ဖြစ်နေပါတယ်။ ဟိုသွား သည်သွား ဂိမ်းဆိုင်ဝင် ရန်ဖြစ် စတာတွေနဲ့ အချိန်မဖြုန်းဘဲ အလယ်တန်းကျောင်းတက်စဉ်ကတည်းက အတန်းဖော် ကျောင်းသားများထက် စာပိုလုပ် စာပိုကြိုးစားခဲ့တာပါ။ အထက်တန်းကျောင်းတက်ရတော့လည်း ထို့အတူပါပဲ။ အဖေ အခြေချနေထိုင်ပြီး ကျင်လည်ခဲ့တဲ့ သည်ပတ်ဝန်းကျင်မှာ တစ်သက်လုံး မနေချင်သလို အဖေမှားခဲ့တဲ့အမှားမျိုးလည်း ကျွန်တော်ထပ်မံ မကျူးလွန်ချင်ဘူးဗျာ။  


သိပ်မကြာသေးချိန်က ယစ်ထုတ်တစ်ယောက်အသွင်မျိုးနဲ့ အဖေ အိမ်ပြန်ရောက်လာခဲ့ပါပြီ။


သည်လ ဟုတ်တယ် အသုံးစရိတ်တွေကို လုံလောက်အောင်ကာမိဖို့ မသုံးစွဲနိုင်ခဲ့ပါဘူး။ အဖေဟာ အကြီးမားဆုံး ငွေယိုပေါက်တစ်ခု ဖြစ်လာနေတယ်လေ။ ချေးငှားထားတဲ့ ပိုက်ဆံအချို့ကို ကျွန်တော်စီးနေကြ ရှူးဖိနပ်တစ်ဖက်ထဲ ဝှက်ထားတာမျိုးလုပ်ပါတယ်။ ယိုင်နဲ့နဲ့ တိုက်ခန်းတစ်ခုမှာ နေထိုင်ရချိန်ကစပြီး ငွေကြေးပမာဏများသည်ဖြစ်စေ နည်းသည်ဖြစ်စေ သိုဝှက်ပြီးထားရတဲ့အကျင့်ရလာတယ်။ သို့သော် အဖေ တွေ့သွားတာနဲ့ ကိုကင်းနည်းနည်း ဒါမှမဟုတ် အခြားတစ်ခုခုဝယ်ပစ်ဖို့ ကျွန်တော်တို့အတွက် အသုံးစရိတ်ဆိုတာ မစဉ်းစားဘဲ သုံးစွဲ ပစ်တတ်ပါတယ်။ သူ ဆေးသုံးထားလို့ High နေချိန် ပိုက်ဆံဖွက်ထားတာများသိသွားလို့ကတော့ ကျွန်တော်ရိုက်ခံထိပြီပဲ။ ကိုယ်ထိလက် ရောက် ရိုက်နှက်ဖို့ပဲ သူဆုံးဖြတ်ခဲ့တာအမြဲပါ။ တကယ်လို့ မခံမရပ်နိုင် ပြန်လည် တွန်းထိုးမိချိန်ဆို အခန်းထဲမှာ ရှိသမျှပစ္စည်းကွဲရှကုန်တာ ကြောင့် နောက်ဆုံး ကျွန်တော်ပဲရှင်းလင်းရပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အဖေကို ပြန်မလုပ်မိဖို့ အမြဲ သတိပေးတာ မကြာခဏပေါ့။ ကျွန်တော့်မှာ အခြားရွေးချယ်စရာမရှိဘူးလေ။ ချေးငွေယူပြန်တော့လည်း မကြာခဏပြန်ပေးရတာနဲ့ မကာမိပါဘူး။ သည်လိုမလုပ်ရင်လည်း အသက်ရှင်သန်ဖို့ ကျောင်းတက်စဉ်အဆင်ပြေဖို့ ဘာလုပ်ရမယ်မှန်း မပြောတတ်ဘူး မဟုတ်လား။


သည်တော့ ကျွန်တော်ဟာ သူခိုးလေးတစ်ယောက်ဖြစ်လာပါတယ်။ ခိုးဝှက်ဖို့ကြိုးစားခဲ့တာကြောင့် အလန့်တကြား ပြေးလွှားရတာ ထိုးနှက်တိုက်ခိုက်ခံရတာတွေ ခံရပါတယ်။ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ရဲ့ ဘဝမှာ ရင်တထိတ်ထိတ်ခံစားချက်မျိုးကို ရည်းစားမထားဘဲ ရခဲ့တယ်ပေါ့ဗျာ။


***

ကျွန်တော် မျက်လုံးတွေကို ဖြေးညှင်းစွာ ဖွင့်လိုက်ပါတယ်။ 

ခုတင်ခပ်သေးသေးတစ်ခုမှာ အိပ်မိနေတာပဲ။ အံ့သြစရာတော့ မရှိပါဘူး။ တိုက်ခန်း ကျဉ်းကျဉ်းလေးမှာ တစ်ခုတည်းသော အိပ်ရာကို အဖေနဲ့ မျှသုံးနေရတာမို့ တစ်ခါတလေ ခုံတန်းလျားမှာပဲဖြစ်ဖြစ် စာကြည့်စားပွဲမှာ မှောက်ပြီးပဲဖြစ်ဖြစ် အိပ်ဖြစ်တာကြောင့်ပါ။ အခုတော့ ပုံမှန်အိပ်နေ ကျနေရာထက် သက်သောင့်သက်သာရှိနေပါတယ်။ ပတ်ဝန်းကျင်ကို ဟိုသည်ကြည့်လိုက်တော့ ကျွန်တော်တို့တိုက်ခန်းမဟုတ်ဘူးဘဲ။ အခန်းနံရံတွေကို သုတ်ဆေးကောင်းကောင်းသုတ်ထားတယ်။ နံရံကပ်စက္ကူတွေကိုလည်း သပ်သပ်ရပ်ရပ် ကပ်ထားတယ်လေ။ မှိုနံ့နဲ့အတူ အဖေ့ရဲ့ စီးကရက်အနံ့တွေ အခြားသောရနေကြ အဟောင်းအမြင်း အနံ့တွေမရဘဲ သန့်ရှင်းမွှေးပျံ့နေရော။ သည်မြင်ကွင်းနဲ့ ရတဲ့အနံ့ ကြောင့် ကျွန်တော် အချိန် နည်းနည်းကြာတဲ့အထိ ကြောင်သွားတယ်။ အခန်းထောင့်က ကုလားထိုင်တစ်ခုမှာထိုင်နေတဲ့ လူတစ်ယောက်က တော့ ကျွန်တော်လုပ်သမျှ လိုက်ကြည့်နေသလားပဲ။ သူ့မြင်မှ ကျွန်တော့်စိတ်ထဲ တစ်စုံတစ်ယောက်ကို အမှတ်ရသွားတယ်။ ဒါပေမယ့် တစ်ဘဝတာ ကြုံဆုံခဲ့ရသူများထဲမယ် ဘယ်သူမှန်းတော့ သေချာတပ်အပ် ကျွန်တော်မပြောနိုင်ဘူးရယ်။ သူ့ကြည့်ရတာ တစ္ဆေသရဲ တစ်ကောင်ကို မြင်နေတွေ့နေရတဲ့လူရဲ့ပုံစံမျိုး။ ရုတ်ခြည်းနိုးထလာပြီး ထထိုင်လိုက်တဲ့ ကျွန်တော့်ကြောင့် သူငိုက်မြည်းနေရက နိုးသွားပုံရ တယ်။ သည်လူ့အသက် ၂၂နှစ်လောက်တော့ ရှိလောက်မယ်။ အော်….သည်လူ ရိုက်လိုက်တာကြောင့် ကျွန်တော့် ဦးခေါင်းမှာ ဘုကြီးတစ်ခု ထနေသလို အဲ့တာကြောင့် သတိလစ်သွားပုံပါပဲ။ ကျွန်တော် သူ့ဆီက လုယက်ဖို့ကြိုးစားခဲ့တယ်လေ။ ခိုးဝှက်တဲ့ကိစ္စမှာ ကျွန်တော်ကောင်း ကောင်း မကျွမ်းဘူးဆိုတာ သိသာတာကိုး။


သည်နှစ်အစောပိုင်းက ရှိနေဖူးသော ရှပ်အင်္ကျီအောက်မှ အမာရွတ်ကို ကျွန်တော်ငုံ့ကြည့်လိုက်တော့ တဖြည်းဖြည်းမှိန်ဖျော့လာပါပြီ။ လွန်ခဲ့သော သုံးနှစ်လောက်က ဒေါင်းနဲ့ ကျွန်တော့်ကို အဖေဖမ်းမိသွားတဲ့ ညကို အမှတ်ရမိတယ်။ ကျွန်တော့် bf ဒေါင်းနဲ့ ခုံတန်းလျားမှာ အတူထိုင်ရင်း အနမ်းခြွေနေကြချိန်မှာပေါ့။ 


ဒေါင်းနဲ့ ကျွန်တော်တွေ့ဆုံကြပုံကလည်း ဆန်းတယ်။ ကျောင်းကိစ္စပြီးချိန်တိုင်း အချိန်ပိုင်းအလုပ်လုပ်နေတတ်တဲ့ McDonalds ဆိုင်က နေ ကျွန်တော်လမ်းလျှောက်ပြန်လာခဲ့တဲ့တစ်နေ့မှာပေါ့။ စကားမစပ်ပြောရရင် အချိန်ပိုင်းအလုပ်လုပ်ရတာကို မမုန်းပေမဲ့ McDonalds မှာလုပ်ရ တာကိုတော့ မုန်းတယ်ဗျ။ ကျွန်တော်နေတဲ့ တိုက်ခန်းရှိရာနဲ့ အနီးဆုံး မြေအောက်ရထားမှတ်တိုင်က four blocks လောက်ဝေးသေးတော့ အလင်းရောင်သိပ်မရတဲ့ လမ်းအတိုင်း လမ်းလျှောက်ပြန်ရတာမို့ပါ။ ဘာမဆိုဖြစ်သွားနိုင်စေတဲ့ အမှောင်ဆိုတာ ဒုစရိုက်သမားတွေ အကြိုက် မဟုတ်လား။ တတ်နိုင်သလောက် ကျွန်တော်ရှောင်တတ်တဲ့လမ်းကြောင်းဆိုသော်လည်း သုံးရခြင်းက ညဘက်အလုပ်ပြန်ချိန်မှာ သည်မှတ် တိုင်ကပဲ အိမ်အမြန်ရောက်တာကြောင့်ဖြစ်ပါတယ်။ မှတ်တိုင်ကနေ ခပ်သွက်သွက် လမ်းလျှောက်လာတာ လမ်းတစ်ဝက်လောက်အရောက် ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်တည့်တည့်ကနေ သူလျှောက်လာတာကို မြင်ခဲ့ရတယ်။ ပုဂ္ဂိလိကကျောင်း ဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ထားပြီး ပခုံးထက်မှာလည်း သားရေကြိုးသိုင်းအိတ်ကိုလွယ်ထားတယ်။ ကျွန်တော့်အနီးပတ်ဝန်းကျင်က လူတွေဆိုတာ သည်လို အဆင့်အတန်းရှိရှိ သပ်သပ်ရပ်ရပ်ဝတ်ဖို့ စိတ်မဝင်စားသလို သိလည်းမသိကြဘူး။ သူကတော့ သွားတဲ့ ဦးတည်ရာကို မမှိတ်မသုန်ကြည့်ပြီး ခြေလှမ်းတွေကို လှမ်းနေပါတယ်။ အရပ်အမြင့် ၆ပေ ဝန်းကျင်လောက်မြင့်သလို ခပ်တိုတိုညှပ်ထားတဲ့ အညိုရင့်ရောင်ဆံပင်ပုံနဲ့ သားနားသပ်ရပ်တဲ့သူဟာ အပြုံးအချို့လည်းမျက်နှာမှာ ခိုတွယ်ထားစေသူပါ။ သူ့နောက်ပါး တစ်ဘလောက် အကွာမှာ ငနဲသုံးပွေ အပြေးတစ်ပိုင်းလိုက်လာတာကို ကျွန်တော်မြင်ရတယ်။ သည်လူတွေကြည့်ရတာ ရှေ့ကလျှောက်လာတဲ့ ကောင်လေးဆီက တစ်ခုခုကို လုယက်မလို့လားဘဲ။ သည်နေရာ သည်ပတ်ဝန်းကျင်က ဒါတွေဖြစ်နေကြ မြင်နေကြမို့ အခြားအထင်အမြင်မျိုး ကျွန်တော်မတွေးမထင်မိတာပါ။ ပုံမှန်ဆိုရင် လူချမ်းသာသား သမီးတွေကို မပတ်သက်မိဖို့ ကျွန်တော်ရှောင်ကြဉ်သော်လည်း သည်ကောင်လေးကို ကယ်ထုတ်သွားဖို့ အလျင်အမြန်ပဲ ဆုံးဖြတ်ခဲ့တယ်။ သူ့လက်ကိုဆွဲယူပြီး ကျွန်တော့်နောက်ကိုလိုက်ခဲ့ဖို့ခေါ်ယူတာမျိုးပါ။ အစပထမတော့ ဘာမသိညာမသိမို့ သူလည်းငြင်းတာပေါ့။ ပြေးရင်း လွှားရင်း ခပ်လှမ်းလှမ်းက လူသုံးယောက်စီ လက်ညှိုးထိုးပြလိုက်မှ သူသဘောပေါက်ပြီး ကျွန်တော့်နောက်လိုက်လာတယ်။ နှစ်ဘလောက်စာ ကျွန်တော်တို့ပြေးလွှားလိုက်ရင်း Bus car မှတ်တိုင် မှာ အသင့်ဆိုက်ထားတဲ့ ဘတ်စ်ကားပေါ်ကိုပြေးအတက်နဲ့ အံကိုက်ဖြစ်သွားတယ်။ ကျွန်တော်တို့လည်း ကားပေါ်အတက် တံခါးရွက်လည်း ဖျပ်ကနဲအပိတ်လေ။ သူစိမ်းတွေစီကနေ အချိန်မှီခေါ်ဆောင်သွားတဲ့ ဘတ်စ်ကားကြီး ကို မဆီမဆိုင် ကျေးဇူးတင်စကား ပြောမိရပါတယ်။


‘ဟေး….ငါ့တိုက်ခန်းကို ပြန်လိုက်ခဲ့ပါလား။ မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ တစ်ခုခုပေးချင်လို့ပါ’

"ရပါတယ်ကွာ…သိပ်ပြီးကြီးကျယ်တဲ့ကိစ္စလည်း မဟုတ်ဘဲနဲ့’

‘ကိစ္စအကြီးကြီးပေါ့ကွ….မင်းကို ငါတကယ်ကျေးဇူးတင်လို့ပါ….လိုက်ခဲ့နော်’ 

‘ဟုတ်ပါပြီကွာ…..ဒါထက်….မင်းက မြို့ရဲ့ဘယ်အပိုင်းမှာနေတာလဲ’ အခု ဘတ်စ်ကားက မြို့ဆင်ခြေဖုန်းကနေ သူဌေးရပ်ကွက်တွေ ဘက်ကို ဦးတည်နေတာကြောင့် ကျွန်တော် သိချင်သလို စိုးရိမ်စိတ်ကဲပြီး မေးလိုက်ပါတယ်။

‘ငါ့ အစ်ကိုက ဖော်တော်ဦးကျောင်းသားတစ်ယောက်ကွ။ ငါသူ့စီလာလည်ရင်း ဘတ်စ်ကားမှတ်တိုင်ဘယ်နားမှာဆိုတာ မေ့သွားပြီး ယောင် လည်လည်ဖြစ်နေတာ။ စကားမစပ် ငါ့နာမည်က ဒေါင်း’ 

ဖောင်တော်ဦးဆိုတာ ကျွန်တော့်အတွက် ပဟေဠိပါပဲ။ စိမ်းစိုတဲ့သစ်ပင်တွေ၊ အားကစားကွင်းတွေ၊ ရေကူးကန်တွေနဲ့ လှပတဲ့ကျောင်းဝန်း ကြီးဟာ ဖောင်တော်ဦးပါ။ ဧရိယာအကျယ်က မြို့ထဲမှာ အတော်ကြီးကျယ်တဲ့အထဲ ပါပါတယ်။ 

‘ငါက ဟိန်းမင်းပါ’


ကျွန်တော်တို့ မတ်တပ်ရပ်ပြီးစကားပြောနေတဲ့အနားရှိ ခုံတန်းက ခပ်၀၀လူတစ်ယောက် ထထွက်သွားတာကြောင့် ထိုင်ခုံနေရာလွတ် သွားတယ်။ ခုံက တစ်ယောက်တည်းထိုင်ဖို့အတွက်အဆင်ပြေသော်လည်း နှစ်ယောက်အတူထိုင်ရင် ကြပ်ကြပ်သိပ်သိပ်ဖြစ်နေမှာပါ။ 

‘ဒေါင်း….မင်းထိုင်လိုက်လေ’ ဟုတ်တယ် ကျွန်တော့်အတွက် မတ်တပ်ရပ်စီးရတာ ပိုအဆင်ပြေတယ်။ 

သူထိုင်ချလိုက်ပြီး ကျွန်တော့်ကိုလည်း နံဘေးမှာအတူထိုင်ဖို့လက်ဟန်ခြေဟန်ပြလာတယ်။

‘ငါ နည်းနည်းမောနေလို့ ခဏလောက်မျက်လုံးမှိတ်ပြီးမှေးချင်တယ်ကွာ….တစ်မိနစ် နှစ်မိနစ်ပါပဲ။ မင်းစိတ်မရှိပါဘူးနော်’ သူက ကျွန်တော့် ပခုံးပေါ်ကို ဦးခေါင်းမှေးတင်ရင်း ပြောတာပါ။ ကျွန်တော်သိပ်အများကြီး မတွေးမိပါဘူး။

‘ရတယ်…Sure’

"OK, ၇၇လမ်းမှတ်တိုင်ရောက်တာနဲ့ ငါ့ကိုနှိုးနော်’


သူ့တိုက်ခန်းက တကယ်ကောင်းတာပဲ။ ပန်းခြံရိပ်သာထဲက တိုက်တန်းကြီးထဲက တစ်ခုသောအခန်းပါ။ ဓာတ်လှေကားပျက်နေတာကြောင့် လှေကားသုံးပြီး ကျွန်တော်တို့ အသုံးပြုတက်ခဲ့ရပါတယ်။ ကျွန်တော့်ဘာသာသတိထားမိတာ တချိန်လုံးလိုလို လုံးကျစ်တင်းရင်းနေတဲ့ ဒေါင်းရဲ့တင်သားဆိုင်တွေကို စိုက်ကြည့်နေခဲ့တာပဲ။ မျှော်လင်ခဲ့တာက ငွေသား သို့မဟုတ် တစ်စုံတစ်ခုပေးလိမ့်မယ်လို့လေ။ ဒါပေမယ့် တိုက်ခန်းထဲရောက်တာနဲ့ ကျွန်တော့်လက်ကိုဆွဲကိုင်ပြီး သူ့မိဘတွေရဲ့အခန်း၊ သူ့အစ်ကိုရဲ့အခန်းတွေကို ကျော်ဖြတ်ပြီး သူ့အခန်းထဲ ခေါ်သွားတယ်။ အခန်းတံခါးကို ကန့်လန့်ထိုးချလိုက်ကာ ကျွန်တော့်နှုတ်ခမ်းကိုနမ်းပါရောလား။

‘မင်း…ဘာလုပ်တာလဲ’ ကျွန်တော် အံ့အားသင့်သွားတယ်။ သည်လိုအတွေ့အကြုံကို မမျှော်လင့်ထားသည်မို့ မနှစ်မြို့ဖွယ်အပြုအမူ တစ်ခုလို တုန့်ပြန်မိတာပါ။

‘ငါ မင်းကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ဆုချတာလေ…။ မင်းကြိုက်တယ် မဟုတ်လား’


ကျွန်တော့်နှုတ်ကအဖြေပြန်မပေးဘဲ သူ့ခန္ဓာကိုယ်ကို အိပ်ရာပေါ်တွန်းလှဲလိုက်ကာ သူ့အပေါ်တွားတက်လိုက်ရင်း နှုတ်ခမ်းတွေကို မွတ်မွတ် သိပ်သိပ် နမ်းပစ်ခဲ့ပါတယ်။ ‘ကဲ….မင်းဘယ်လိုထင်လဲ ဒေါင်း’ သည်စကားပဲ သူကြားချင်နေတာဆိုတော့ ကျွန်တော့်ကို အိပ်ရာပေါ် ဆွဲလွှဲ ပက်လက်အိပ်စေကာ ရင်ခွင်ထဲကို သူလှိမ့်တက်လာတယ်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ ကျွန်တော်တို့နှစ်ဦးစလုံး ဝတ်ဆင်ထားတဲ့ ရှပ်အင်္ကျီတွေကို သူချွတ်ပစ်လိုက်ကာ ကျွန်တော့်လည်တိုင်အနှံ့ကို နမ်းပါတယ်။ တဖြည်းဖြည်းနဲ့သူ့အနမ်းဟာ ကျွန်တော့် နို့သီးခေါင်းတွေစီ လျှောဆင်းသွားပြီး လျှာကိုထုတ်ရင်း အကြိမ်ကြိမ်ရစ်ဝိုက်ကစားသလို ခပ်ဖွဖွလည်း ကိုက်ခဲပါတယ်။ ကျွန်တော်လည်း တိုးတိုးညှင်းညှင်း ညည်းညူမိရတာပေါ့။ နောက်တော့ ကျွန်တော့်ခန္ဓာကိုယ်အောက်ပိုင်းစီ အနမ်းရွှေ့သွားပြီး ဘောင်းဘီ အပေါ်ကနေ ငပဲကို နှုတ်ခမ်းသားတွေ နဲ့ပွတ်ဆွဲပါတယ်။ လက်ကလည်းသွက်သလားမမေးနဲ့ ဘာမှမပြောရသေးဘူး ဆွဲချွတ်ပြီးပြီ။ အရည်ကြည်အနည်းငယ်စို့ထွက်စပြုတဲ့ ကျွန်တော့်ငပဲကို အတွင်းခံဘောင်းဘီပေါ်ကနေ တရှိုက်မက်မက်အနမ်းပေးပြန်တယ်။ 


အိမ်ရှေ့တံခါးဖွင့်သံကြားရတယ်။

ဝင်ပေါက်နားကနေလှမ်းပြောလိုက်တဲ့ အမျိုးသမီးတစ်ဦးရဲ့အသံကိုကြားရပါရော "သားငယ်….ဒေါင်း….မင်း အိမ်ပြန်ရောက်နေပြီလား"

‘ကျွတ်….အဲဒါ ငါ့မာမီကွ။ မင်းအဝတ်အစားတွေ အမြန်ပြန်ဝတ်လိုက်’

"ဟုတ်ကဲ့ မာမီ….သားအခန်းထဲမှာ။ သားသူငယ်ချင်းတစ်ယောက်လည်းပါလာတယ်"

 "ဘယ်သူကြီးလဲ’ 

"သူ့နာမည်က ဟိန်းမင်း။ မာမီ သူ့ကို မသိလောက်ဘူး’


ကျွန်တော်တို့ အဝတ်အစားခပ်မြန်မြန်ဝတ်ပြီး ဒေါင်းရဲ့ကွန်ပျူတာစားပွဲရှေ့မှာ သွက်သွက်ထိုင်နေလိုက်ပါတယ်။ သိပ်တော့ အံသြစရာမရှိ သူမကိုကြည့်မြင်ရုံနဲ့ ချမ်းသာပြည့်စုံသူဆိုတာ သိနိုင်တယ်။ မျက်နှာမှာ မိတ်ကပ်ပါးပါးလိမ်းထားတယ်၊ ဒီဇိုင်နာချုပ်ဝတ်စုံကို ကိုယ်မှာ ဝတ်ဆင်ထားသလို Prada အိတ်တစ်လုံးကို ပခုံးတစ်ဘက်မှာလွယ်ထားပါတယ်။ ကျွန်တော်နေထိုင်ရာ ပတ်ဝန်းကျင်ရှိ အမျိုးသမီးများနဲ့ လုံးဝမတူ ကွဲပြားနေတာ အရှင်းကြီးပါပဲ။ သူမဝတ်ထားတဲ့ လက်ထပ်လက်စွပ်တစ်ကွင်းရဲ့တန်ဖိုးဟာ တော်တန်ရုံကားတွေရဲ့တန်ဖိုးထက် ပိုများလောက်တယ်။ သူမလည်တိုင်ကျော့ကျော့မှာ ဝတ်ဆင်ထားတဲ့ လည်ဆွဲနဲ့ နားကပ်အစုံဟာလည်း ဈေးပေါမယ်မထင်ပါဘူး။ 


‘ဟိန်းမင်း….ဒါ ငါ့မာမီ ဒေါ်ဒေစီလင်း။ မာမီ သူက ဟိန်းမင်း’

"တွေ့ရတာဝမ်းသာပါတယ် အန်တီ" ကျွန်တော် မတ်တပ်ထရပ်လိုက်ပြီး သူမလက်ကို ဆွဲကိုင်လှုပ်ရမ်းကာ နှုတ်ဆက်လိုက်ပါတယ်။ အသတ်ခံလိုက်ရတဲ့ ကျွန်တော့် အမေရဲ့ မွန်ရည် ယဉ်ကျေးတဲ့ အပြုအမူ အမူအကျင့်တွေကို ကျွန်တော် အတုယူမိတဲ့အချိန်အခါပါ။ အဖေရဲ့ သွေးထဲကဗီဇမျိုးတွေမဟုတ်တာတော့ သေချာတယ်။ အဖေသာဆို သူမကို ယဉ်ယဉ်ကျေးကျေးဆက်ဆံပြောဆိုတာမလုပ်ဘဲ ရိုင်းစိုင်းတဲ့ အမူအယာခပ်ကြမ်းကြမ်းနဲ့တုန့်ပြန်ခဲ့မယ်ထင်တယ်။


‘အို…အန်တီ ဒေစီလို့ခေါ်ပါ သားရယ်’

"စိတ်မရှိနဲ့နော် သား….သားက ဒေါင်းတို့ကျောင်းကပဲလား…အန်တီမမှတ်မိလို့’

"တကယ်တော့….သူ သားကို (xx) ရပ်ကွက်ထဲက  လူရမ်းကားတွေလက်ကနေ ကယ်ခဲ့တာ။ သူသာ မကူညီခဲ့ရင် သားဘာဖြစ်မလဲ မပြောနိုင် ဘူး" သူ ကျွန်တော့်မျက်နှာအနားကို ငုံ့ကိုင်းပြီး ပါးပြင်ကို တစ်ချက်နမ်းပါတယ်။ သူ့မာမီရှေ့မှာ သည်လိုပြုမူတာကြောင့် ကျွန်တော် အံ့အား သင့်လျက် နှုတ်ဆိတ်နေမိတယ်။ သည်ပုံစံ သည်အချိုးမျိုး ကျွန်တော့်အဖေသာ မြင်ရင် ထသတ်မှာ။ ကျွန်တော်ဟာ လိင်တူချင်းကြိုက်နှစ် သက်သူ တစ်ယောက်ဖြစ်တယ်ဆိုတဲ့ အပြုအမူ အပြောအဆို အကုန်လုံးရှောင်ကြဉ် သတိထားနေရတာပါ။ ဒေါင်းရဲ့ မာမီကတော့ ပြုံးရုံပဲပြုံးနေခဲ့တယ်။

‘ကောင်းပါပြီကွယ်….သည်အိမ်က သားကို အချိန်မရွေးကြိုဆိုတယ်နော် ကြိုက်တဲ့အချိန်လာပါ။ သည်ည သည်မှာအိပ်မယ်ပေါ့’

"ကျွန်တော် အိပ်ရမလား မသေချာသေးဘူး အန်တီ"

ဒေါင်း ကျွန်တော့်ကို မျက်စိတ်တဖက်မှိတ်ပြပြီး သူ့မာမီကို စားပွဲပေါ်က တစ်စုံတစ်ခုအား ညွှန်ပြကာ စကားတိုးတိုးပြောလေရဲ့။ 

‘လုပ်စမ်းပါကွာ….သည်ညအိပ်သွားလိုက်’

"သည်တော့ အန်တီလည်း ဘာမှမပြောတော့ပါဘူးကွယ်…သား အဆင်ပြေတယ် မဟုတ်လား’


သူ့ဒယ်ဒီကတော့ ည ၈နာရီဝန်းကျင်မှာပြန်လာတာမို့ ကျွန်တော်တို့အတူတကွ ထမင်းထိုင်စားခဲ့ကြပါတယ်။ ကောင်းကောင်းမွန်မွန် အဆင့်အတန်းရှိရှိ ပြင်ဆင်စားသောက်တဲ့ ညစာကို သည်တစ်ကြိမ်ပဲ စားသုံးဖူးတယ်လို့ပြောရင်မမှားဘူး။ အမဲကင် (Roast beef) ၊ အာလူးထောင်း (mashed potatoes) နဲ့အတူ ပေါ့ပေါ့ပါးပါးသုပ်ထားတဲ့ အသုပ် (a tossed salad) တို့ပြင်ဆင်ထားတာပါ။ ခရစ်စ်မတ်မှာ ဖွားဖွားပြင်ဆင်ပေးခဲ့တဲ့ အမဲကင်ကလည်း အခုစားနေတဲ့ဟာရဲ့ အရသာတစ်ဝက်ကိုမမှီသလို အရွယ်အစားကလည်း သုံးပုံ တစ်ပုံလောက် သာရှိမယ်ထင်တယ်။ ကျွန်တော့်ဘဝအကြောင်းနဲ့ မိသားစုအကြောင်းကို တတ်နိုင်သမျှထည့်မပြောဘဲ သပ်သပ်ရပ်ရပ် စားသောက်ဖို့ပဲ ကြိုးစားခဲ့ပါတယ်။ အိမ်အကူ ဟုတ်တယ် သူတို့မှာ အိမ်အကူရှိတယ်။ သန့်သန့်ရှင်းရှင်း ဝတ်စားထားပြီး အချက်အပြုတ် ကျွမ်းကျင်ပုံရတာ မို့ ထည့်ပြောရတာပါ။ အစားအသောက်တွေ အကုန်လက်စသပ်ပြီးနောက်မှာတော့ အန်ကယ်ဝင်းက စကားစလာတယ်။  


‘သားတို့ မိသားစုဝင်တွေ နေကောင်းရဲ့လား၊ အဆင်ပြေတယ် ဟုတ်’ ဒုက္ခပါပဲ ရှုပ်ထွေးပွေလီတဲ့အကြောင်းအရာတွေကို မေးလာပြီ။ သူတို့ကို ကျွန်တော့် မိသားစုအကြောင်း အကျဉ်းချုပ်လောက်ပဲ ပြောပြခဲ့တယ်ဗျ။ ကျွန်တော် အသက်အရွယ် သုံးနှစ်သားလောက်မှာ မိသားစုတစ်စုလုံး ကားမတော်တဆနဲ့ သေဆုံးကုန်ပြီဖြစ်ကြောင်း၊ စိတ်သဘောထားမကောင်းတဲ့ အဒေါ်တစ်ယောက်နဲ့အတူနေရကြောင်း၊ ကားဂိုထောင်ထဲက အခန်းကျဉ်းလေးမှာနေပြီး အဒေါ်ပိုင်တဲ့ ဥယျာဉ်ထဲမှာ အလုပ်လုပ်ရကြောင်း အလိမ္မာသုံးပြီးပြောပြတာပေါ့။ တကယ်တန်း တော့ သူတို့ဘဝအကြောင်းတွေ ကျွန်တော့်ဘဝအကြောင်းတွေ စိတ်မဝင်စားဘဲ ဒေါင်းရဲ့ လှပပြည့်တင်းနေတဲ့ Peach ကို တို့ထိဖို့သာ အာရုံရောက်ပါတယ်။ ညစာ စားသောက်ပြီးတော့လည်း ဧည့်ခန်းမှာထိုင်ပြီး အေးဆေးသက်သာ စကားစမြည်ပြောကြ၊ တနေ့တာ အလုပ် အကိုင်အကြောင်း အသိပေးကြနဲ့ အတော်သက်သောင့်သက်သာနေကြတဲ့ မိသားစုပါပဲ။ သည်လိုနဲ့ ည ဆယ်နာရီ ထိုးသွားတယ်။ ဒေါင်းရဲ့ မိဘနှစ်ပါးကြည့်ရတာ ခပ်စောစောအိပ်စက်ပုံရတယ် ည ဆယ်နာရီက သူတို့အတွက်ထန်ကုန်ထင်ပါရဲ့။ 


ကျွန်တော်နဲ့ ဒေါင်း သူ့အခန်းထဲပြန်ရောက်တော့ သူ့ခုတင်အစွန်းမှာ ထိုင်လိုက်ပါတယ်။ အိပ်ရာတစ်ခုကို မျှဝေသုံးရတယ်ဆိုတာ ကျွန်တော့် အတွက်တော့ ရိုးနေပါပြီ။ အဖေနဲ့ အတူမျှအိပ်ရတာ အကျင့်ကိုဖြစ်လို့။ ကျွန်တော့်နှုတ်ခမ်းအစုံကို ဒေါင်းက အနမ်းတစ်ပွင့် ပေးတယ်လေ။ ‘မာမီ အခန်းထဲဝင်လာတုန်းက ငါတို့တွေ ဘယ်အဆင့်ရောက်နေပြီလဲ’ ကျွန်တော့်ရှပ်အင်္ကျီကို ခေါင်းပေါ်ကနေ ဆွဲချွတ်ပေးရင်း မေးလာတာ ပါ။ စက္ကန့်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ဝတ်ထားတဲ့ ဘောင်းဘီတွေကို ချွတ်လိုက်ကြတယ်။ ကျွန်တော့်ခါးကို သူ့လက်အစုံနဲ့ထွေး ဖက်လာပြီး နှုတ်ခမ်းတွေကို နမ်းလာရော။ ပေါင်ကြားက ကျွန်တော့်ညီဘွားက ရာနှုန်းပြည့်မာတောင့်နေသလို အရည်ကြည်အချို့တောင် စိမ့်ထွက်လာတယ်ထင်ရဲ့။ 

‘လူဆိုးတွေလက်က ငါ့ကိုကယ်ခဲ့တဲ့ သူရဲကောင်းကြီးကို ဆုအဖြစ်ဘာပေးရမလဲ’ မျက်စပစ်ပြပြီး ကျွန်တော့်ကို ပြုံးစစနဲ့ပြောသေးတာ။


***


ကျွန်တော် လက်ရှိအချိန်ကာလကို အမြန်အာရုံကပ်ရပါတယ်။ ခုံတန်းလျား၊ ကုလားထိုင်၊ မရင်းနှီးတဲ့သူစိမ်း၊ အခန်းတစ်ခန်း….အား… တဖန်ပြန်ပြီး သတိလစ်သွားခဲ့တယ်။


ဒေါင်းကို ရပ်ကွက်အမှိုက်တွေလက်ထဲက ကယ်တင်ပေးတာ တစ်လလောက်ကြာသွားပါပြီ။ မဟုတ်ရင် အသတ်အဖြတ်တောင်ခံရနိုင်တယ် မဟုတ်လား။ ကျွန်တော်ဟာ သူ့တိုက်ခန်းကို ပုံမှန်လာရောက် လည်ပတ်သူတစ်ယောက်ဖြစ်လာခဲ့သလို သူ့မိဘတွေ အိမ်ပြန်လာတဲ့အချိန် တိုင်း ရှိနေသလိုလိုကို ဖြစ်ခဲ့ပါတယ်။


သူ့အစ်ကိုကို ဖြတ်သွားဖြတ်လာ တစ်ကြိမ်လားပဲ ကျွန်တော်ဆုံဖူးတယ်။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တိုင်း အိမ်ပြန်လာတတ်သူမို့ ကျွန်တော် ဒေါင်းကို သွားတွေ့ချိန်မှာ ဆုံတာလေ။ အစ်ကိုဖြစ်သူက ဒေါင်းထက်ပိုပြီးကြည့်ကောင်းပါတယ်။ တဘက်ပါးလေးတစ်ထည်ခါး မှာပတ်ပြီး ကျွန်တော်ရှိနေတာကို သတိမထားဘဲ အခန်းထဲကထွက်ထွက်လာတတ်တယ်။ ကြာလာတော့ ကျွန်တော်ဟာ သူ့ရဲ့ ညှို့ယူဖမ်း စားခြင်းကို ခံရပါရော။ သူ့အရပ်ကလည်း ၆ ပေ ၂လက်မလောက်မြင့်သလို ခန္ဓာကိုယ်က ရေကူးအားကစားသမားတစ်ယောက်လို တည်ဆောက်ထားပြီး ဆံပင်ကတော့ သေချာပုံသွင်းထားတဲ့ ခပ်တိုတိုပုံစံနဲ့ပါ။ တကယ်လို့များ သူ့ကို Abercrombie & Fitch ရဲ့ billboard ပေါ်မှာတွေ့ရရင် အံ့သြမိမယ်မထင်တော့ဘူး။ 

‘မင်းက ငါ့ထက်ပိုချော ပိုကြည့်ကောင်းတယ်ဆိုတာ ပြချင်လို့လား ကိုကြီးရ’

"ဟုတ်တယ်လေ…ငါက ပိုချောတယ်….အမှန်တရားကိုလက်ခံလိုက်စမ်းပါ ညီလေးရာ."

"သားရဲ့ Boyfriend ရှိနေတယ်လေဗျာ။ ကိုကြီးက အမြဲအဲသလိုလုပ်တာပဲ’ အိုး သည်ဘဲလဲ gay ပဲပေါ့။

"ဟုတ်တယ်ကွာ….မင်းစီကနေ မင်းရဲ့boyfriend ကိုတိုမလို့သျှိုမလို့ကွာ။ ငါ့ထက် အသက်လေးနှစ်လောက်ငယ်တဲ့သူကို ရှာနေတာနဲ့ အတော်ပဲဥစ္စာ’

"ရှာရှာဗျာ…သည်တစ်ယောက်ကိုတော့ မပေးနိုင်ပါဘူး’ ဒေါင်းက ကျွန်တော့်ခါးကိုဖက်ကာ အနမ်းတစ်ချက်ပေးရင်း ပြန်ပြောတယ်။ သူတို့ နှစ်ဦးကြားပြောနေတဲ့ စကားတွေဟာ ဟာသဆန်သော်လည်း ညီအစ်ကိုကြား ဖုံးကွယ်ထားတာမရှိ ပွင့်လင်းမြင်သာဆက်ဆံတတ်ကြ တယ်ဆိုတာ များမကြာခင် ကျွန်တော်သိလာပါတယ်။ ဒေါင်းရဲ့ပြောစကားများအရ သူနဲ့သူ့အစ်ကိုဟာ အလွန့်ကို နီးကပ်တဲ့ဆက်ဆံရေး ရှိကြတယ်၊ တစ်ယောက်ကို တစ်ယောက် အကြောင်းအရာအလုံးစုံကို ပြောပြတယ်ဆိုတော့ ကျွန်တော့်အကြောင်းတွေကို အခြေခံ လောက် သူသိထားပြီပဲ။ အပြင်မှာမတွေ့ဖူးခင်ကတည်းက ကျွန်တော်နဲ့ဒေါင်းရဲ့အတွင်းကျကျဓာတ်ပုံပေါင်း ငါးဆယ်လောက်ကို သူ့ညီ ဖုန်းက တစ်ဆင့်ကြည့်ရှုပြီးခဲ့ပြီ။ အသက်နှစ်နှစ်သာ ပိုကြီးတဲ့ အစ်ကိုဖြစ်သူက ကျွန်တော့်ကို သူ့လက်ထဲက အမှန်တကယ် လုယူမသွားဘူးဆိုတာ ယုံကြည်တွေးထင်ထားပုံရတယ်။ ဒေါင်းရဲ့ပြန်ပြောတဲ့စကားများအရ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ကပျက်ကချော်မဟုတ် အတည်အတံ့ ပွင့်ပွင့်လင်းလင်းဖြစ်ကြောင်း သတိပြုမိပါတယ်။ 


တစ်ရက်သား ဒေါင်းက ကျွန်တော်နေထိုင်ရာတိုက်ခန်းကို လိုက်ကြည့်ချင်ပါသတဲ့။ တိုက်ခန်းက စုတ်ပြတ်နေပြီး အဖိုးတန်ပစ္စည်းဘာမှမရှိ ဖြစ်နိုင်လို့ရှိရင် ဘဝမှာ ပြန်မရချင်တဲ့အခန်းမျိုးပဲလို့ သူ့ကို ကျွန်တော်ပြောပြခဲ့တယ်။

‘အို…လာစမ်းပါကွာ….မင်းနေတဲ့အခန်းကို ကြည့်မြင်ချင်ယုံလေးပါ။ ငါ့ဆီက မင်းပြန်သွားတဲ့အခါ ဘယ်ကိုသွားသလဲဆိုတာကြည့်ချင် တယ်ကွာ’

‘မင်း ငါ့ရပ်ကွက်အနားကို လာတဲ့နောက်ဆုံးတစ်ခေါက်က ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ မမှတ်မိဘူးပေါ့ ဟုတ်လား’

"မစိုးရိမ်ပါနဲ့ကွာ။ အဲ့ရပ်ကွက်ကလူတွေ ဝတ်စားတတ်သလိုမျိုး ငါဝတ်စားခဲ့မယ်လေ။ ပြီးတော့ နံဘေးမှာ ငါ့ရဲ့သူရဲကောင်းကြီးပါတာပဲ ကာကွယ်ပေးမယ် မဟုတ်လား" ဒေါင်းက ကျွန်တော့်ပါးကိုအနမ်းတစ်ချက်ပေးပြီး သူလိုချင်တာကိုပြောတယ်။ သူလိုချင်တဲ့ ဖြစ်ချင်တဲ့ဆန္ဒကို ကျွန်တော့်စီက ဘယ်လိုတောင်းခံရမယ်ဆိုတာ အသိသား။

‘ကောင်းပြီကွာ….မနက်ဖြန် နံနက်ကျမှ ငါတို့သွားကြတာပေါ့။ သည်ညတော့ မင်းနဲ့အတူ ငါအချိန်ဖြုန်းချင်သေးတယ်’ မနက်ဖြန်ဆိုရင် အခြားမြို့ကို အဖေခရီးထွက်ဖိုရှိတာသိတာကြောင့် ဒေါင်းကို သည်လိုအကြံပြုပြောလိုက်ခြင်းပါ။ အဖေက အခုတော့ မြို့တကာလှည့်ပြီး ကစားတဲ့ လောင်းကစားသမားဖြစ်နေပြီ။


နောက်တစ်နေ့ နံနက်မှာတော့ ကျွန်တော်တို့ထပြီး မြေအောက်ရထားဘူတာရုံကိုသွားကာ အမှတ် (၆) အစုန်ရထားကို စီးခဲ့ကြရင်း မှတ်တိုင် မမှားအောင်ဆင်းလျက် တိုက်ခန်းရှိရာလမ်းလျှောက်သွားကြပါတယ်။ ကျွန်တော်တို့တွေ ဘာအမှားအယွင်းပြဿနာမှမရှိဘဲ ရောက်သွား တယ်ပေါ့။ အခန်းတံခါးသော့ဖွင့် တံခါးရွက်ကို နှစ်ချက်လောက်ကန်ပြီးမှအတွင်းကိုဝင်လို့ရတယ်။ ၇ စက္ကန့်အတွင်းမှာပဲ ကျွန်တော့်အခန်းနဲ့ ပိုင်ဆိုင်သမျှ သူ့ကိုရှင်းလင်းပြသလို့ပြီးသွားပါတယ်။ 

တစ်ခုတည်းသော ဖျော်ဖြေရေးပစ္စည်းဖြစ်တဲ့ ၁၄ လက်မ TV Screen ရဲ့ရှေ့က ခုံတန်းလျားမှာ ကျွန်တော်တို့ထိုင်လိုက်ကြတယ်။ ရွေးချယ် ကြည့်စရာ တီဗီလိုင်းကလည်း အခု ၂၀လောက်သာ အခမဲ့ ရသည်မို့ လူငယ်ကြိုက်အစီအစဉ်တွေ နည်းပါတယ်။ ဒေါင်းက လက်တစ်ဖက်ကို ကျွန်တော့်ပေါင်ခွဆုံထဲ လျှိုသွင်းသလို သူ့ဦးခေါင်းအား ကျွန်တော့်ပခုံးထက် မှေးမှီစေခဲ့တယ်လေ။ ကျွန်တော့်ခန္ဓာကိုယ်နဲ့ သူ့ကိုယ်လုံး ပူးကပ်နေရတဲ့ ခံစားချက်ကို တကယ်ကြိုက်ပါတယ်။ တီဗီက ကြည့်နေတဲ့ အစီအစဉ်တစ်ခုပြီးဆုံးသွားသော်လည်း လိုင်းမပြောင်းဘဲ ကျွန်တော်တို့သည်အတိုင်းဆက်ထိုင်နေခဲ့ကြတယ်ဗျ။ ပျင်းစရာ ကောင်းတဲ့အနေအထားမှန်းသိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက်တော့ ပျင်းစရာကောင်းတယ်လို့ မခံစားရဘူးလေ။ သူနဲ့ ခန္ဓာကိုယ်ချင်း ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကလည်း ရင်ဖိုရသော ပျော်စရာကောင်းသော ခံစားချက်ကိုရပါတယ်။ 

သူ့လက်ကို ကျွန်တော် ကိုင်ကာ ပါးစပ်အနီးကို ယူလိုက်ပြီး လက်ချောင်းထိပ်လေးတွေကို အနမ်းဖွဖွပေးကာ တစ်ချက်ချင်း ငုံစုပ်ပစ်တယ်။ အရိပ်ပြရင်အကောင်ထင်တဲ့ ဒေါင်းက ကျွန်တော့်ကို ရုတ်ခြည်းတွန်းလှဲလိုက်ကာ အပေါ်ကမိုးပြီး အနမ်းပေးပါတယ်။ ပြီးတော့ သူဝတ်ထားတဲ့ ရှပ်အင်္ကျီကို ချွတ်တယ်။ ကျွန်တော်တို့နှစ်ဦးရဲ့ အချိန်ကိုက်လှုပ်ရှားမှုဟာ ဆိုးရွားတဲ့အခြေအနေတစ်ရပ်စီ အံကိုက်ဆိုက်ရောက်သွားပါရော။ ဒေါင်းရဲ့ အင်္ကျီ အခန်းကြမ်းပြင်ပေါ် လျောကျသံနဲ့အတူ အခန်းတံခါးဝုန်းကနဲပွင့်သွားသံက ထပ်တူမြည်သွားတယ်။ ကျွန်တော့်အဖေဟာ အခန်းဝမှာ မားမားကြီးရပ်နေပါတယ်။ မြင်ရုံနဲ့တင် အဖေ ဆေးချိန် high နေမှန်းသိသာသလို ကာစီနိုလောင်းကစားဝိုင်းမှာ အရှုံးပေါ်ခဲ့တဲ့ ပြဿဒါးရက်ဖြစ်ခဲ့လို အိမ်ပြန်လာပုံရတယ်။ အဆိုးရွားဆုံးက သူ့အပြုအမူ အမူအယာတွေက အောက်တန်းကျတာ ထင်ထင်ရှားရှားပါ။ ဒေါင်းကို ကြည့်လိုက် ပက်လက်ကလေးလှဲနေတဲ့ ကျွန်တော့်ကိုကြည့်လိုက် အကြည့်တွေ စုန်ဆန်ပြေးနေပါတယ်။ ထိတ်လန့်မိမှုကြောင့် ကျွန်တော် အော့အံမိတော့မလိုဖြစ်သွားတယ်။ စက္ကန့်မဆိုင်း အဖေ ကျွန်တော်တို့ရှိရာ စလှမ်းလာပါပြီ။ အဖေနဲ့ ဒေါင်း နှစ်ယောက် အကြား ကျွန်တော် မတ်တပ်ရပ်လျက်က ဒေါင်းကိုထွက်ပြေးဖို့ပြောခဲ့ပါတယ်။ ဒေါင်းက သူနဲ့အတူ ကျွန်တော်ပါလိုက်ဖို့ ဆွဲလွဲနေသေးတာပါ။ ကျွန်တော်လည်း လိုက်ပြေးချင်ပေမယ့် အဖေက အခန်းထောင့်ရောက်အောင် တွန်းထိုးလိုက်တာကြောင့် လွင့်ကနဲမြောက်သွားရတယ်။ နှစ်ထပ်ကွမ်း နာကျင်မှုကို ကျွန်တော်ခံစားခဲ့ရပါပြီ။


ယောက်ျားချင်းနမ်းတာ နောက်တစ်ခါမြင်ရင် ကျွန်တော့်ကိုသတ်မယ်၊ ပြီးတော့ ဒေါင်းနဲ့ပတ်သက်တဲ့အကြောင်း စကားလုံးတစ်လုံးမှမဟ ရဘူး ဒါမှမဟုတ် ဒေါင်းကို နောက်တစ်ကြိမ်မမြင်ချင်ဘူး၊ ရှေ့ဆက်တိုးရင် ဒေါင်းနောက်ကြောင်းလိုက်ပြီး သူ့ကိုသတ်ပစ်မယ်လို့ အဖေ ဒေါသတကြီးပြောပါတယ်။ စကားဆုံးတာနဲ့တပြိုင်နက် ကျွန်တော့်ကိုယ်ခန္ဓာအနှံ့ ရိုက်နှက်ကန်ကျောက်ပါတော့တယ်။ ဒေါင်းကို ယုံတယ်…. စိတ်မပျက်သွားလောက်ဘူးလို့ သူ့ကိုကျွန်တော်ယုံပါတယ်။


***


‘ဒါဆို မင်းနာမည်က ဘယ်သူလဲ’ မလှမ်းမကမ်းမှာထိုင်နေတဲ့လူစီက စကားပြောသံကြောင့် အတွေးထဲမျောနေတဲ့ ကျွန်တော် သတိပြန်ကပ်မိ လာတယ်။ အခန်းမျက်နှာကျက်ကိုသာ ကျွန်တော်စိုက်ကြည့်နေခဲ့တာကိုး။ 

‘တကယ်တော့ ငါ့ကို မင်းနာမည်ပြောပြစရာမလိုပါဘူး သိပြီးသားပါ။ ဟိန်းမင်း မဟုတ်လား’ ကျွတ်…. ကျောပိုးအိတ်ထဲ ကျွန်တော် ပိုက်ဆံအိပ်ထည့်လာခဲ့မိတယ်ထင်တယ်။ မှတ်ပုံတင်ကဒ်ကို ပိုက်ဆံအိပ်ထဲထည်းထားခဲ့တာလားပဲ။

"ငါ့နာမည် မင်းအောင်" သူ့ကိုမှတ်မိလေမလားဆိုပြီး ပြုံးပြဟန်ပဲ။ ကျွန်တော်ကတော့ ဘာမှမတုန့်ပြန်မိပါ။

‘မင်းလက်မောင်းက အတွင်းကြေဒဏ်ရာတွေကို ငါမြင်နိုင်တာပဲလေကွာ။ ပြီးတော့ မဲနက်နေတဲ့ မင်းမျက်လုံးတွေက လူမှားစရာကိုမရှိဘူး’

သည်အချက်တွေကို သတိမထား ဂရုမစိုက်မိခဲ့တာ အတော်ဆိုးတယ်။ ကန်ကျောက်ခံ ရိုက်နှက်ခံရတာကိုတော့ ကျွန်တော်သိတယ်။ ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်မှာ ပုံမှန်ရှိနေတတ်တဲ့ ဒဏ်ရာဒဏ်ချက် အနာရွတ်တွေဘယ်လိုပုံဖြစ်နေတယ်ဆိုတာကို သတိမထားမိခဲ့ဘူး။

‘ကြည့်ရတာ အကန်ခံထားရ့ပုံရတယ်။ မင်း အဖေကန်တာလား’ လူတွေအတော်များများက အမြဲလိုလို သည်လိုဒဏ်ရာဒဏ်ချက်တွေ တွေ့ရင် အိမ်တွင်းအကြမ်းဖက်မှု အများဆုံးလုပ်တတ်တဲ့ ဖခင်ကိုတန်းပြီးမြင်တတ်ကြတာကိုး။ ဟုတ်တော့လည်း ဟုတ်နေတယ်။ 


‘အဲတာတွေက ပြဿနာတစ်ခုမဟုတ်ပါဘူးဗျာ’ ဂရုမစိုက်ဘူးရယ်တော့ ဘယ်ဟုတ်မလဲ။ ဖခင်ဖြစ်သူရဲ့ရိုက်နှက်ခြင်းကိုခံရတယ်ဆိုတဲ့ ကိစ္စက ကျွန်တော်အမုန်းဆုံးမို့ပါ။ ဘယ်လောက် သနားစရာကောင်းလဲ။


"ကြည့်လေ….မင်းကို ရဲဖမ်းသွားမှာမျိုးကို ငါတကယ်မလိုလားဘူး။ မင်းမှာ ရွေးချယ်စရာသိပ်မရှိဘူးဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ငါ့ကို ဖြစ်ပျက်သမျှ အကုန်ပြောပြစေချင်တယ်’ သူပြောတဲ့စကားဟန်ပန်တွေအရ တကယ်အကူအညီပေးလိုပုံရပါရဲ့။ တစ်စုံတစ်ယောက် အရိုက်အနှက်ခံရတာကို မြင်ရချိန် လူတွေပြောနေကျ တာဝန်ရှိလို့ တာဝန်မကင်းလို့ဆိုတဲ့ ပြောစကားမျိုး မဟုတ်ပါဘူး။ သူ့ကြည့်ရတာ ကျွန်တော့်ကို အမှန်တကယ် အကူအညီပေးချင်ပုံပါ။


‘ကျွန်တော် ….ကျွန်တော်….ကျွန်တော်’ ဘာပြောရမှန်းမသိ ကျွန်တော်ငိုချခဲ့ပါတယ်။ ကျွန်တော် မျက်ရည်မကျအောင် မျက်ရည်ထွက် အောင် မငိုရှိုက်ခဲ့တာနှစ်အတော်ကြာပါပြီ။ နေစရာတိုက်ခန်း လုပ်စရာအလုပ် သုံးစရာငွေကြေး လိုလေသေးမရှိ ပေးထားခြင်းခံရတဲ့ သူဌေး သားသမီးတွေရှေ့မှာ ငိုကြွေးခြင်းဟာ အတော်ဆိုးရွားတဲ့လုပ်ရပ်လို့ ကျွန်တော်ခံစားရပါတယ်။


သူထိုင်နေရာခုံမှ ထရပ်ပြီး ကျွန်တော်လှဲလျောင်းနေတဲ့ ကုတင်လေးရဲ့အစွန်မှာ လာထိုင်ပါတယ်။

‘မင်း ဘာဖြစ်လို့လဲ’

နောက်ထပ် ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာ ကျွန်တော် တကယ်မမှတ်မိဘူး။ နည်းနည်းသေချာတာက ကျွန်တော် သတိလစ်သွားခဲ့တာ။


***


ကျွန်တော် ဆေးရုံမှာ နိုးလာခဲ့တယ်။ လက်တစ်ဖက်နဲ့ ကုတင်သံတိုင်ကို လက်ထိပ်တွဲခတ်လျက်ပေါ့။ မင်းအောင်က ခုတင်ဘေးက ကုလား ထိုင်တစ်ခုမှာ ထိုင်နေခဲ့တယ်။ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ သတိရဖို့ ကျွန်တော် အတန်ကြာစဉ်းစားရပါတယ်။ 

‘Sorry ကွာ….သူနာတင်ယာဉ်ကို အလောတကြီးခေါ်လိုက်ချိန်က ဘာဖြစ်ခဲ့တယ်ဆိုတာ ငါမရှင်းပြလိုက်မိဘူး။ အထူးအထွေတိုင်တော တာလည်း မလုပ်ပေမဲ့ မင်းလက်တစ်ဖက်ကို သူတို့ သည်လိုခတ်ထားခဲ့ကြတာပဲ။’

"မင်းက ကိုယ်တွင်းပိုင်းသွေးယိုစီးမှုဖြစ်ပြီး နံရိုးနှစ်ချောင်းကြိုးသွားတယ်။ မင်းကောင်းကောင်း နလံထူဖို့ အချိန်ယူရမယ့်အပြင် မင်းကို သေသေချာချာစမ်းသပ်စစ်ဆေးကြည့်ချင်သေးလို့ ဆေးရုံမှာခဏထားချင်သေးတယ်တဲ့"

"ရပါတယ်ဗျာ…ကျွန်တော်ကောင်းသွားမှာပါ။ ကျွန်တော်ပြန်သင့်ပြီထင်တယ် အဖေ စိတ်ပူနေလိမ့်မယ်။” သည်စကားက အလိမ်အညာပါ။ ကျွန်တော် ပျောက်ကွယ်သွားရင်တောင် အဖေ သတိထားမိမှာမဟုတ်ဘူး။ အနည်းဆုံးတော့ အိမ်ငှားခ လာမတောင်းခင်အချိန်ထိပေါ့။ အထိအခိုက်အတွက် ကျွန်တော့်မှာ အာမခံကြေးမထားသလို အဲသည့်အတွက် ပိုက်ဆံလည်းမရှိဘူး။ ပြီးတော့ ဆေးရုံတက်တဲ့စရိတ်ကို ပေးဖို့ ကျွန်တော်မတတ်နိုင်ဘူးလေ။

"ဆရာဝန်က နည်းနည်းစိုးရိမ်နေခဲ့တာကွ။ မင်းအဖေစီ ဖုန်းဆက်ချင်ရင် ငါ့ဖုန်းခဏငှားပါ့မယ်ကွာ…ဆက်မလား" 

ကျွန်တော် အခန်းမျက်နှာကျက်ကိုပဲ စိုက်ကြည့်နေခဲ့တယ်။


‘မင်းပြောတဲ့ အကြောင်းပြချက်တွေက သေချာလား’

အခုတော့ အဖေ ကျွန်တော့်အပေါ် ဘယ်လိုသဘောထားတယ်၊ ဂရုတစိုက်ရှိတယ်ဆိုတဲ့ အပြုအမူကို အရှက်သည်းမိပါတယ်။

‘သူလုံး၀ ဂရုမစိုက်ပါဘူးဗျာ။ စိုးရိမ်မှာလည်းမဟုတ်ဘူး။ ကျွန်တော်သေသွားရင်တောင် သိမယ့်ပုံမပေါ်ဘူး။ အခန်းငှားခအတွက် ငွေလာ တောင်းတဲ့ အချိန်ထိ ကျွန်တော်ပျောက်နေမှန်း တွေးမိမယ်မထင်ဘူး။ မူးယစ်ဆေး တစ်မျိုးမျိုးသုံးပြီး အချိန်ပြည့် high နေမှာတော့ သေချာ တယ်။ နောက်တစ်ကြိမ် ထိန်းမရသိမ်းမရဖြစ်ရင်လည်း သူ့ကိုလိုက်ဆွဲမယ့်သူ တစ်ယောက်မှ မရှိဘူးရယ်။ ကြားရင် ခင်ဗျား အတွက် ထူးဆန်းနေမလားဘဲ၊ တစ်ခါတလေတွေးမိတယ် သည်လောက် စုတ်ပြတ်နေတဲ့ တိုက်ခန်းကို ဘာမက်လို့ဆက်နေဖြစ်သလဲ လမ်းပေါ်မှာနေ တာကမှ အကောင်းသားလို့။ အနည်းဆုံးတော့ အဖေနဲ့ စကားအငြင်းအခုန်လုပ်မနေရတော့ဘူးဗျာ’ မျက်ရည်တစ်စက် ပါးပြင်ပေါ် လှိမ့်ကျ သွားပါတယ်။


‘Shit’ မင်းအောင်ရဲ့နှုတ်ဖျားက အဲ့စကားလုံးတစ်လုံးပဲထွက်လာနိုင်တယ်။ အခြားမသိမသာဆိုးရွားတဲ့အကြောင်းအရာတွေကို သူမျှော် လင့်ထားပေမယ့် အဲ့သလိုမဟုတ်ဘူးလေ။ သူ့ပတ်ဝန်းကျင်မှာ မကြားဖူးတဲ့ စကားလုံးမျိုးကိုး။ ‘ငါ မင်းအတွက် စိတ်မကောင်းဘူး’ ဆိုးရွား တဲ့အဖြစ်အပျက်ကို မြင်တွေ့ရသူတွေ ပြောနေကြစကားပါ။ ဒါပေမယ့် မင်းအောင်ကတော့ ကူညီလိုတဲ့စိတ်ဆန္ဒတစ်ခုကနေ ပေါ်လာဟန်ပါ။


ကျွန်တော် နောက်တစ်ကြိမ် မိန်းမောသွားခဲ့ပြန်တယ်။


ကျွန်တော် သတိပြန်ကပ်ချိန်မှာတော့ မင်းအောင် မရှိတော့ဘူး။ ကျွန်တော် စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်ကြုံဆုံ ဖူးသော သူတွေကြားမယ် စိတ်ရင်းနဲ့ စိုးရိမ်ပူပန်ပေးတဲ့ ပထမဆုံးလူတစ်ယောက်ဖြစ်ခဲ့လို့ပါ။ သည်ထက်ပိုပြီး ဘာမျှော်လင့်ရဦးမှာလဲ။ သူနဲ့ ကျွန်တော် ဘယ်လိုကြုံ ဘယ်လိုဆုံခဲ့တာလဲ မမေ့သင့်ဘူး။ သူ့စီက ကျွန်တော် လုယက်ဖို့ကြိုးစားခဲ့တာပဲ။ ကျွန်တော် ဆေးရုံတက် ရ လောက်တဲ့အထိ သူတိုက်ခိုက် ထိုးနှက်ခဲ့မိလို့ စိတ်မကောင်းဖြစ်ချင်လည်း ဖြစ်လိမ့်မပေါ့။ ကျွန်တော့်လုပ်ရပ်အတွက် ထိုက်တန်တဲ့ ရလဒ် ပဲဟာ။ ဘယ်ဘက်လက်ကိုလှုပ်ကြည့်တော့ ခုတင်တိုင်နဲ့တွဲခတ်ထားတဲ့ လက်ထိပ်မရှိတော့မှန်း သတိထားမိတယ်။ ကျွန်တော် ခုတင် အစွန်းမှာ ထိုင်လိုက်ပါတယ်။ သည်နေရာက ကျွန်တော်ထွက်သွားသင့်ပြီ။ 

ကျွန်တော်ဝတ်လာတဲ့ အဝတ်အစားတွေ ဘယ်နေရာမှာရှိသလဲ ဝေ့ဝိုက်ကြည့်မိစဉ်မှာ အခန်းတံခါးခေါက်သံကိုကြားရတယ်။ သူနာပြု အမျိုးသမီးတစ်ယောက် ဝင်လာပြီး ကျွန်တော့်ကို ကြည့်ရှု စစ်ဆေးတာပါပဲ။ သူ့ကြည့်ရတာ အသက်က နှစ်ဆယ်ကျော် သုံးဆယ်ဝန်းကျင် လောက်ရှိပြီး တော်တော်စွဲဆောင်မှုရှိတယ်ဗျ။


‘မင်းကို ဆရာမတို့ဆေးရုံမှာ နောက်ထပ် ၂၄နာရီထားပြီး အခြေအနေထပ်ကြည့်၊စမ်သပ်လိမ့်ဦးမယ်’

"Umm….ကျွန်တော် ကျွန်တော် အဲသည့်အတွက် စရိတ်မတတ်နိုင်ဘူးဗျ။ အာမခံ ဒါမှမဟုတ် လက်ငင်းငွေသားလည်း ကျွန်တော်မရှိဘူး"

"မင်းနဲ့အတူပါလာတဲ့ ကောင်လေးက ကုန်ကျစရိတ်အကုန်ပေးမယ်လို့ပြောတယ်" ကျွန်တော်လန့်သွားတယ်။ သည်လို သည်ပုံ အာမခံ ပေးမယ့်သူ မရှိဖူးဘူးလေ။

"သူဘယ်သွားတာလဲဆိုတာ ဆရာမသိလား" 

"မင်းကို ရဲစခန်းမှာ တိုင်ကြားမှုမလုပ်ဘူး၊ ပြီးတော့ တစ်စုံတရာဖြစ်ရင် တာဝန်ယူပါတယ်ဆိုတဲ့အကြောင်းပြောဖို့ ထုံးစံအတိုင်းဖြည့်စွက်ရတဲ့ form တွေ ရဲအရှိနဲ့လိုက်ဖြည့်နေတယ်။ မင်းတို့နှစ်ယောက် ချစ်သူကိစ္စနဲ့ ရန်ဖြစ်ကြတာ ဒါမှမဟုတ် တစ်ခုခုဖြစ်ခဲ့တာလား"

"ဘာတွေပြောနေတာလဲ ဆရာမရယ်’

"မင်း ဘာမှဖုံးကွယ်ထားစရာမလိုပါဘူးကွာ။ အဲကောင်လေး မင်းအနားမှာပဲ အမြဲထိုင်နေတာ’

"သူက ကျွန်တော့် ချစ်သူမဟုတ်ဘူးဗျ" သူနဲ့ချစ်သူမဖြစ်ချင်ဘူးလို့တော့ မဆိုလိုပါဘူး။ အနည်းအပါးကြည့်ရှု သိရတာလောက်နဲ့တင် သူဟာ အကုန်ပြည့်စုံလွန်းသူမှန်း သိသာတယ်။

"သူဖမ်းချုပ်ထားတာကြောင့် မင်းထွက်ပြေးလာတာလား။ သူကတော့ မင်းအကြောင်းအကောင်းချည်းပဲပြောပါတယ်’ 

‘ကျွန်တော် သည်ဆေးရုံရောက်တာ ဘယ်လောက်ကြာပြီလဲ’

"သုံးရက်" ကျွန်တော် အံ့သြမှုကြောင့် ပါးစပ်တွေ ဝလုံးဖြစ်သွားပါတယ်။ ကျွန်တော် သတိရတာ နိုးထတာ အလွန်ဆုံးကြာ ဆယ်မိနစ် လောက်ပဲကိုနော်။

‘မင်းကို နောက်တစ်ကြိမ်စစ်ဆေးဖို့ မကြာခင် ဆရာမပြန်လာခဲ့မယ်။ ခုတင်နံဘေးမှာ ခလုပ်လေးရှိတယ်တွေ့လား။ တစ်ခုခုအရေးပေါ် လိုအပ်ရင် နှိပ်လိုက် သူနာပြုတစ်ယောက်မဟုတ် တစ်ယောက် အမြန်ရောက်လာလိမ့်မယ်နော်’

သူမ အခန်းတံခါးကနေ ညင်ညင်သာသာထွက်သွားပါတယ်။ မင်းအောင် တစ်ယောက်ပြန်လာဦးမှာဆိုတော့ သည်အတိုင်းသာ ကျွန်တော် ပျောက်ကွယ်သွားချင်မိတယ်။ 

ခုတင်ပေါ် ပြန်လှဲလျောင်းလိုက်ပြီး မျက်ဝန်းတွေကို ပိတ်ထားလိုက်ပါတယ်။ 

မိနစ်အနည်းငယ်အကြာမှာ အခန်းတံခါးပြန်ပွင့်လာပါတယ်။ သည်တစ်ခါတော့ မင်းအောင်ပါ။ သူ အခန်းထဲဝင်လာပြီး အခန်းတံခါးကို ငြင်ငြင်သာသာ ပြန်ပိတ်တယ်လေ။ 


"Welcome back."

"နေလို့ကောင်းတယ်မဟုတ်လား”

"ကျွန်တော့် ဦးခေါင်းအတော်နာကျင်နေတယ်ဗျ။ ဒါပေမဲ့ သက်သာတယ်ပြောရမယ်’

"ကျွန်တော့်အပေါ် ခင်ဗျားဘာကြောင့် သည်လိုကောင်းပေးနေတာလဲ။ ကျွန်တော်လုပ်ခဲ့တာက ခင်ဗျားဆီက လုယက်ဖို့ အလစ်သုတ်ဖို့ ပဲလေ”

‘ငါ နောက်တော့ ရှင်းပြပါ့မယ်။ မင်း အနားယူသင့်ပြီ’

သူ့ပြောစကားများကြောင့် ဘာရယ်မသိ ရင်ထဲယုံကြည်သလိုလိုနဲ့ ဘဝင်ကျသွားတယ်ဗျ။ အခန်းမီးကို ပိတ်လိုက်သလိုမျိုး မကြာခင် ကျွန်တော်လည်း လောကနဲ့အဆက်ပြတ်သွားပါတယ်။


စမ်းသပ်ကြည့်ရှုစစ်ဆေးစောင့်ကြည့်တဲ့အချိန် ပြီးဆုံးသွားချိန်မှာ ကျွန်တော့်ကိုဆေးရုံဆင်းခွင့်ပေးလိုက်တယ်။ မင်းအောင်က စာရွက် စာတမ်းအချို့မှာ လက်မှတ်ထိုးပြီး ကုန်ကျစရိတ်တွေကို သူပေးမည့်အကြောင်း အတည်ပြုခဲ့ရတာတွေ့ပါတယ်။ သူ တက္ကဆီ တစ်စင်းကို ငှားရမ်းခဲ့တယ်။ သူနေထိုင်ရာ တိုက်ခန်းရှိရာအဆောက်အအုံဝင်လမ်းကြီးက တိတ်ဆိတ်နေပါရဲ့။ အခန်းထဲ ကျွန်တော်တို့ ရောက်ချိန်မှာ ခုံတစ်ခုမှာ ထိုင်ဖို့သူပြောတယ်။ ကျွန်တော်လည်း မငြင်းပါဘူး။ သူ အဝတ်ဘီရိုရှိရာဘက်လှမ်းသွားပြီး cell phone တစ်လုံးကို ဆွဲထုတ် လိုက်တယ်လေ။ အဲသည် အဲသည့်ဖုန်းဟာ ဒေါင်းရဲ့ဖုန်းမှန်း ကျွန်တော် ရုတ်ခြည်းသတိထားမိသွားတယ်။ စားပွဲခုံအစွန်းက မိသားစုဓာတ်ပုံ တစ်ပုံကိုလည်း ကျွန်တော်သေချာစိုက်ကြည့်ဖြစ်တာပေါ့။ သူတို့ သူတို့က ဒေါင်းရယ်၊ မင်းအောင်ရယ် သူတို့ မိဘနှစ်ပါးဖြစ်တဲ့ အန်တီနဲ့ အန်ကယ်လ်ဝင်းတို့ပါပဲလား။ အခုမှ မင်းအောင်ဟာ ဘယ်သူလဲဆိုတာ အာရုံပြန်ကပ်တယ်။ သူဟာ ဒေါင်းရဲ့ အစ်ကိုကြီးပဲဗျ။ သူ့ကို ခပ်မြန်မြန် သတိမထားမိ မသိတဲ့အတွက် ကျွန်တော်နည်းနည်းတော့ ရှက်မိပါတယ်။ သူ့မိဘတွေနေတဲ့ တိုက်ခန်းမှာ သူ့ကိုမကြာခဏ တွေ့ဖူးခဲ့တာပဲဟာ။ ဒါပေမဲ့ သူ့ကိုလုံးဝမတွေ့ဖူးသူတစ်ယောက်လို ဖြစ်နေလိုက်တာ။ ခဏသော အခိုက်အတန့်မှာပဲ ဒေါင်းကို တဖန်ပြန် တွေ့ချင်စိတ် ဖြစ်မိတယ်။ နောက်တော့ မင်းအောင်ရဲ့ ဝမ်းနည်းရိပ်သန်းနေတဲ့ မျက်နှာကို မြင်ရပါတယ်။ 


‘ဘာဖြစ်လို့လဲဗျာ’

သည်တစ်ကြိမ်တော့ မင်းအောင် ငိုတဲ့အလှည့်ပါပဲ။

‘ဘာဖြစ်လို့လဲ….ဘာဖြစ်လို့ငိုတာလဲဗျာ’

"ဒေါင်း နဲ့ ငါတို့မိဘနှစ်ပါးစလုံး…သေဆုံးသွားတာ တစ်နှစ်ကြာပြီကွ"


တစ်စုံတစ်ယောက်က ကျွန်တော့်နှလုံးသားကို လက်နဲ့နှိုက်ထုတ်လိုက်သလို ရင်ထဲဟာကနဲခံစားရပါတယ်။ ယခုအချိန်ထိ ချစ်ဆဲ၊ အချစ်ဆုံး ဒေါင်းရယ် စိတ်သဘောအလွန်ပြည့်ဝတဲ့ သူ့မိဘနှစ်ပါးရယ် သုံးယောက်စလုံးဆုံးပြီတဲ့။ ကျွန်တော့် အဖေက အတန်တန်တားမြစ်တဲ့ကြားက တတ်နိုင်သမျှ ဒေါင်းကို ရှာဖို့ကြံစည်နေဆဲ ကျွန်တော်ရယ်ပါ။ ကျောင်း၊အချိန်ပိုင်းအလုပ်၊မကောင်းတဲ့အလုပ် ဘယ်လိုပဲ အချိန်ကိုက် လုပ်ကိုင်နေရပါစေ ဒေါင်းကိုတွေ့ချင်ခဲ့တယ်။ သို့သော်လည်း အဖေရဲ့စရိုက်ကို သိသည်မို့ ဒေါင်းတစ်ယောက် သူ့ဘ၀ လေးနဲ့သူ ပျော်ရွှင်ပါစေ၊ ပိုမိုကောင်းမွန်သာလွန်တဲ့ ချစ်သူတစ်ယောက်နဲ့တွေ့ဆုံနိုင်ပြီး အချိန်ကောင်းတွေမျှဝေနိုင်ပါစေ၊ အနည်းဆုံး ကလေးတစ်ယောက် မွေးစားပြီး ချစ်ခြင်းမေတ္တောနဲ့ မဝေးပါစေနဲ့ဆိုတဲ့ ဆုတောင်းများဖြင့် သိသိသာသာကြီးသွားမတွေ့ခဲ့တာပါ။ သူသေဆုံး သွားတာထက် တပါးသူနဲ့ပျော်ရွှင်နေတာက ပိုကောင်းတယ်မဟုတ်လား။


‘ဘာဖြစ်သွားတာလဲ….ဘာတွေဖြစ်ခဲ့တာလဲဗျာ’ ကျွန်တော့်မျက်ဝန်းတွေမှာ မိုးတွေရွာပါပြီ။

‘လက်ပံတန်းအိမ်ကနေ မင်းနဲ့တွေ့ခဲ့တဲ့အိမ်ကို သူတို့သုံးယောက် ကားမောင်းပြန်လာကြတယ်။ ရေဆင်းဆည်နားအရောက် အရက်မူး သမားတစ်ယောက်မောင်းလာတဲ့ကားက နံဘေးကနေ ကန့်လန့်ဖြတ်တိုက်ချလိုက်တာ။ မာမီနဲ့ ဒယ်ဒီကတော့ သူနာတင်ယာဉ် ရောက်လာချိန်မှာ ဆုံးသွားကြတယ်။ ဒေါင်း အဲလေ မင်းဝေကိုတော့ ဆေးရုံမှာ နှစ်ရက်လောက်ထိ ကြိုးစားကုသကြပေမဲ့ ဆုံးသွားတယ်။ ဆေးရုံမှာ သတိလည်လာတဲ့အချိန်တိုင်း ဒေါင်းက မင်းအကြောင်း မေးနေတော့တာပဲ။ မင်းကို ရှာဖွေဖို့ ငါကြိုးစားပါသေးတယ်။ မင်း ဖုန်းနံပါတ် ဒါမှမဟုတ် တိုက်ခန်းလိပ်စာကို ဘယ်လိုမှမမှတ်မိဘူး ရှာလို့မတွေ့ခဲ့ဘူးရယ်။ ကားတိုက်မှုကြောင့် သူနောက်ဆုံး ဦးနှောက်ထိ သွားတယ်။’ 

ကျွန်တော့် တကိုယ်လုံး ဘောလုံးတစ်လုံးလို လိမ့်ဆင်းကျသွားရပါတယ်။ ဒေါင်းရဲ့ နောက်ဆုံးအချိန် သူ့နံဘေးမှာ ကျွန်တော် ရှိမပေးနိုင် ခဲ့ဘူး။ 


"မင်းအကြောင်းတွေပြောတာကို သူမရပ်တော့ဘူး။ သုံးရက်စလုံး ဆေးရုံကုတင်ပေါ်မှာ လှဲလျောင်းနေခဲ့ရပေမယ့် ဟိန်းမင်း၊ ဟိန်းမင်း၊ ဟိန်းမင်းလို့ပဲ ရေရွတ်နေခဲ့တာ။ အဆုံးသတ်မှာ ငါ့ကို မင်းလို့ထင်ပြီး သူပြောဆိုဆက်ဆံတယ်။ ငါ ဘယ်လိုမှ အမှန်ပြင်ပေးလို့မရ နိုင်ခဲ့ဘူးကွာ’ 

‘Stop…..ကျေးဇူးပြုပြီး မပြောပါနဲ့တော့ဗျာ။ ကျွန်တော်ဆက်ပြီး နားမထောင်နိုင်တော့ဘူး။ သူ သည်လိုဆုံးသွားမယ်လို့ ကျွန်တော် မတွေးထားတာအမှန်ပဲ’ ဒေါင်းက ကျွန်တော့်ကို တမ်းတတဲ့အကြောင်း၊ မင်းအောင် ငိုကြွေးရင်းပြောလာချိန်မှာ ကျွန်တော်သည်လည်း ကသောင်းကနင်း ငိုကြွေးနေမိပါတယ်။ ခဏတာအခိုက်အတန့်လေး ကျွန်တော်တို့နှစ်ယောက်သား ထိုင်ပြီးငိုကြွေးကြတဲ့အဖြစ်ပါ။ 


"သူက မင်းသိထားတာထက် မင်းကိုပိုချစ်တယ်….သိလား ဟိန်းမင်း" နောက်ပိုင်းမှ မင်းအောင်က သူ့ကိုယ်သူထိန်းရင်း စကားဆက်ပါတယ်။

"သူ့အတွက် ဘာကြောင့်အနားမှာ မရှိနိုင်ခဲ့ရတာလဲဗျာ၊ သူ့ကို သည်လိုခွဲခွာရမယ်မှန်း ကျွန်တော် မစဉ်းစားထားဘူးရယ်’  

‘မင်းဘယ်သိနိုင်မလဲလေ။ မင်းတို့ စကားမပြော မဆက်သွယ်ကြတာ လအတော်ကြာတာပဲ’

"အဲသလိုနေရင် ပိုပြီးအဆင်ပြေမလားတွေးခဲ့တာဗျ။ ကျွန်တော့်အဖေကို ကြောက်ရတာကြောင့် ကျွန်တော်တို့စကားမပြောဖြစ်ကြတာ။ ဒေါင်းရဲ့ နောက်ဆုံးအချိန်ကာလလောက်က ကျွန်တော့်အဖေ ဆေးသမား အပြင်ထွက်မှာကိုချောင်းနေရတာကြောင့် မလာနိုင် မတွေ့နိုင် ခဲ့တာပါဗျာ။ အစ်ကို့မိဘတွေက ဒေါင်းနဲ့အတူလာနေဖို့ ပြောပေမယ့် ငယ်ကတည်းက ရွံကြောက်ဖြစ်နေခဲ့တဲ့ အဖေ့ကို လန့်စိတ်မကုန် တာမို့ ပြောင်းမလာတာ။" အသက်ရှူမှားမတတ် စကားလုံးတွေအမျှင်မပြတ်အောင် ကျွန်တော် တရစပ်ပြောမိတယ်။ ဝမ်းနည်းပူဆွေးမှု၊ လိပ်ပြာမသန့်မှု နဲ့ အစီအစဉ်မကျမှုတွေကြား စကားလုံးတွေကို သေချာပီပြင်ကျနအောင် မပြောနိုင်ခဲ့တာသေချာပါတယ်။


‘ကျွန်တော် သူ့ကိုသတ်မိတော့မယ်’ ကျွန်တော့်နှုတ်ဖျားက နောက်ဆုံးပြောနိုင်တဲ့စကားက အဲတာပဲ။ တကယ်လည်း သတ်ဖြတ်ချင်စိတ် ဖြစ်တယ်။

‘ဘာ..ဘယ်လို’

‘သည်ဆေးသမားကို ကျွန်တော်သတ်ပစ်တော့မယ်’

"မင်းအဖေကိုလား”

‘ဟုတ်တယ်….သူ့ကြောင့် ဒေါင်းကို နောက်တစ်ကြိမ်မတွေ့နိုင်တော့ဘူး။ သူ ဆေးသုံးနေတာ၊ လောင်းကစားလုပ်တာ၊ အရက်သောက် တာ၊ ဆေးလိပ်သောက်တာ၊ ဆဲရေးတိုင်းတွာအနိုင်ကျင့်တာ၊ လူမှုရေးနားမလည်တာတွေကို ကျွန်တော် စိတ်ကုန်မိနေတာကြာပြီ။ သုံးစွဲသမျှ အကြွေးတွေကိုလည်း နည်းနည်းလေးမှ ဆပ်ဖို့ မကြိုးစားဘူး။ သူမရှိမှ ကျွန်တော့်ကမ္ဘာကြီး ပိုကောင်းသွားမယ်’

‘မင်း သူ့ကို မသတ်နိုင်ပါဘူး’

‘စောင့်ကြည့်လေဗျာ’

‘ဒေါင်းက မင်းကိုသည်လို လုပ်စေချင်မှာလား’ ဟုတ်တယ် မင်းအောင်ပြောတာမှန်တယ်။ ဒေါင်းက ကျွန်တော့်ကို ဆိုးသွမ်းမဲညစ်တဲ့ အရာတွေကို ဘယ်တော့မှ မလုပ်စေချင်ဘူး။

‘ကျွန်တော်သူနဲ့မနေနိုင်ဘူး။ သူ့အနီးဝန်းကျင်မှာလည်း မကျင်လည်ချင်ဘူး။ သူ့ကိုလည်း စကားမပြောချင်ဘူး။ သူ့အကြောင်း ကျွန်တော် ထပ်ပြီးကိုမတွေးချင်တာပဲဗျာ’

‘Ok, အဲတာတွေအတွက် အဆင်ပြေမယ့်နည်းရှိတယ်။ မင်းသည်အခန်းမှာ နေချင်ရင်နေလို့ရတယ်။ ဒေါင်းကလည်း မင်းကို ငါ့အနား ခေါ်ထားစေချင်မှာပါပဲ’

‘ကျွန်တော် မနေနိုင်ဘူးလေဗျာ။ အခန်းငှားခ ဘာညာ ကျွန်တော်မပေးနိုင်ဘူးဗျ’

‘အဆင်ပြေပါတယ်။ ငါ့ညီ့သဘောဆန္ဒအတိုင်း လိုက်နာတဲ့သဘောပါ။ အခန်းငှားခ မင်းပေးချင်သပဆိုရင် ပေးချေလို့ရမယ့်နည်းလမ်းကို ငါစဉ်းစားပေးမယ်’


‘ဆုံးသွားတဲ့ ကျွန်တော့် boyfriend ရဲ့ အစ်ကိုနဲ့တော့ မအိပ်နိုင်ဘူးနော်’

"အခန်းသန့်ရှင်းရေးလုပ်ပေးတာ၊ အဝတ်အစားလျှော်ဖွတ်ပေးတာ၊ အလုပ်ကိစ္စနဲ့ပတ်သက်တာကူလုပ်ပေးတာမျိုးတွေ လုပ်ပေးဖို့ ငါဆိုလို တာပါကွ။ သည်တိုက်ခန်းက အကျယ်ကြီး။ အခန်းပိုတွေရှိပါတယ်။ အခြားတစ်ယောက်ယောက် လာနေချင်နေလို့ရအောင် စဉ်းစားပြီး ဝယ်ထားတာပါကွာ"

‘အစ်ကိုသည် တိုက်ခန်းကို ဘယ်အချိန်လောက်က ပြောင်းလာတာလဲ။ အရင်တိုက်ခန်းမှာ ဘာကြောင့်မနေတာလဲဗျ’

‘မိသားစုနဲ့ပတ်သက်ပြီး အမှတ်ရစရာအများကြီးရှိနေတဲ့ နေရာလေ။ အဲသည့်အခန်းထဲဝင်လိုက်တာနဲ့ ဘာမှမလုပ် မပြောနိုင်ဘူး ငါ ငိုပဲ ငိုနေမိတာရယ်’ ကျွန်တော်လည်းပဲ အဲသည့်နေရာရောက်ရင် ငိုမိမှာသေချာတယ်။ 


‘လာ…မင်းပစ္စည်းတွေ သွားသယ်ရအောင်’

နှစ်ယောက်သား ကျွန်တော်နေတဲ့တိုက်ခန်းကို suitcase တစ်ခုဆွဲလို့ ရှိသမျှပစ္စည်းလေးတွေ သွားသယ်ဖို့ ည ၈နာရီ ဝန်းကျင်မှာ လိမ့်ကြပါတယ်။ အဖေ အပြင်ထွက်သွားပါစေလို့ ကျွန်တော်ဆုတောင်းမိတယ်။ တိုက်ခန်းကနေ ကျွန်တော်နှင့် အဖေတို့ မကြာခင် တရားဥပဒေအရ နှင်ထုတ်ခံရတော့မယ့် အခြေအနေမှာ မင်းအောင်နဲ့လိုက်လံနေရမယ့်ကိစ္စဟာ ဘုရားအလိုတော်ကျ ဘုရားသခင် ကျေးဇူးပါပဲ။ အခန်းရှိရာ ခြောက်လွှာကို ကျွန်တော် ရှေ့ကနေ ခပ်သွက်သွက်တက်သွားသလို နောက်ပါးကနေ မင်းအောင်က suitcaseကို သယ်ပြီး ခပ်မြန်မြန်လိုက်လာတယ်။ 

အခန်းတံခါးရှေ့ရောက်တော့ တံခါးသော့ဖွင့်ဖို့ကို ကျွန်တော် ချိတုံချတုံဖြစ်နေသေးတာပါ။ အဖေရှိနေရင် ဘယ်လိုလုပ်မလဲ၊ ကျွန်တော် ဘယ်လို အကြောင်းပြချက်ပေး ပြောရမလဲ၊ ပြီးတော့ ဘာလုပ်သင့်သလဲ။ 


"အခန်းတံခါးဖွင့်ပါဟ ဟိန်းမင်းရ’’

တံခါးသော့ကို ထိုးထည့်ပြီး ကျွန်တော်လှည့်ဖွင့်လိုက်တယ်။ နောက်တော့ သုံးလေးချက်မက ကန်လိုက်မှ အခန်းတံခါး ပွင့်သွားပါတယ်။ 

‘အဲသည် ခုံတန်းလျားမှာ ခဏထိုင်စောင့်ဦးနော် အစ်ကို။ ကျွန်တော့်အဝတ်တွေက အိပ်ခန်းထဲမှာ။ ကျွန်တော်ပြန်လာခဲ့မယ်။ ထည့်စရာ ထုပ်ပိုးစရာ သိပ်မရှိပါဘူး ကျွန်တော့်ပစ္စည်းတွေက” 


မင်းအောင်က အဆင်သင့်တွေ့ရတဲ့ တီဗီခလုပ်ကို ဖွင့်လိုက်ပါတယ်။


Alex Aung (30 October 2022)


To be continued……


*** Remember, Porn is Fantasy. In real life you can protect yourself by having safer sex.


No comments: